← Chapters

အခန်း (၄၂)

Vol. 3 Ch. 42

အခန်း (၄၂)

Vol. 3 Ch. 42

"ဟင်နရီ"

အဘိုးအိုက မျက်မှောင်ကြုတ်လိုက်သည်။ ဆူပူကြိမ်းမောင်းနေရင်းမှ ဂါရက်အား ခိုးကြည့်လိုက်မိသည်။

ဂါရက်၏ လက်သည် ပိုက်ဆံအိတ်ကြိုးကို ဖြည်နေရင်းမှ ရပ်တန့်သွားသည်။ အဘိုးအိုက သူ့ကို သံသယဝင်နေပုံရသည်။

သူ၏ ဝတ်စားဆင်ယင်မှုကြောင့် အံ့ဩစရာတော့ မဟုတ်ပေ။ မည်သည့် နေရာနှင့်မျှ မလိုက်ဖက်ဘဲ သူကောင်းမျိုးလည်း မဟုတ်သလို အစေခံနှင့်လည်း မတူပေ။ သူ့ကိုယ်ပိုင်ငွေကို သူ့အတွက် သုံးစွဲနေပုံရသည်။ သူ့အခြေအနေနှင့် ဝင်ငွေ မမျှတခြင်းက မည်သည့်နေရာတွင်မဆို သံသယဖြစ်ဖွယ်ရာပင်။

သူသည် စစ်ဆေးမှုကို ခံနိုင်ရည်ရှိသော်လည်း မလိုအပ်သော ပြဿနာကို ဖိတ်ခေါ်ရန် မလိုပေ။

ဂါရက် တိတ်ဆိတ်စွာပင် သူ့ပိုက်ဆံအိတ်ထဲမှ ဒင်္ဂါးပြားများကို ဆက်တိုက်တူးဖော်နေသည်။ ရွှေဒင်္ဂါးတစ်ပြား၊ ရွှေဒင်္ဂါးနှစ်ပြား... အဘိုးအို၏ မျက်လုံးများ ပြူးကျယ်လာပြီး ချက်ချင်းပင် သူ့ကို တားဆီးရန် ကြိုးစားသည်။

"ခင်ဗျား နောက်နေတာလား။ ကျွန်တော့်လို လုပ်ငန်းငယ်လေးက ဒီလောက်ဈေးချိုချိုနဲ့ ရောင်းရင် အရှုံးပေါ်သွားနိုင်တယ်။ ခင်ဗျား အဆင်မပြေဘူးဆိုရင် ပုလင်းသေးသေးလေး နှစ်လုံး အရင်ဝယ်ကြည့်ပါလား။"

သူသည် ရွှေဒင်္ဂါးတစ်ပြားကို ကောက်ယူကာ ဘယ်ညာလှည့်ကြည့်ပြီး မှုတ်ကြည့် ပြီးနောက် ကိုက်ကြည့်သည်။ ဂါရက် အံ့အားသင့်သွားသည်။

ဒီအသက်အရွယ်ရောက်နေတာတောင် င်္ဒဂါးကို ကိုက်နေသေးတယ်။ သူ့သွားတွေ ပျက်စီးမှာ မကြောက်ဘူးလား။

ဒါ့အပြင် ဒီဒင်္ဂါးတွေက မြေအောက်သေတ္တာထဲမှာ ဒီလောက်နှစ်တွေကြာအောင် မြှုပ်နှံထားတာ။ ကိုင်ပြီးတာနဲ့ လက်မဆေးဘဲ အစားအသောက်ကို မကိုင်သင့်ဘူး၊ ဒါကို သူက ပါးစပ်ထဲ တန်းထည့်နေတယ်။

အူလမ်းကြောင်း ပိုးဝင်ခြင်း၊ ဝမ်းလျှောခြင်း၊ အန်ခြင်း၊ ဖျားခြင်း...

ဂါရက်၏ စိတ်ထဲတွင် အတွေးများ လှည့်ပတ်နေပြီး ဒင်္ဂါးပြားများကို မယုံနိုင်စွာ ကြည့်နေသည်။ အဘိုးအို၏ မျက်နှာအမူအရာလည်း ထူးခြားလာပြီး သူ၏ခန္ဓာကိုယ်ကို ရှေ့သို့ကိုင်းကာ သူ့လက်များ ဖြန့်ကားထားပြီး သူ့မသိစိတ်က ကာကွယ်ရေး အနေအထားကို ပြနေသည်။

တင်းမာနေသော အခြေအနေကြားတွင် ရုတ်တရက် အားစိုက်ထုတ်လိုက်ပြီး အသက်ရှူကျပ်စွာဖြင့် ဒင်္ဂါးပြားတစ်ခုလုံး သူ့လည်ချောင်းထဲသို့ ဝင်သွားသည်။

အဘိုးအို၏ မျက်နှာသည် ချက်ချင်းပင် ရှုံ့မဲ့သွားသည်။ သူသည် အသက်ရှူကျပ်ကာ သူ့လည်ချောင်းကို ဆုပ်ကိုင်ထားပြီး သူ့မျက်လုံးများက ဖားတစ်ကောင်လို ပြူးကျယ်နေသည်။

ပိတ်မိသွားတာလား။

င်္ဒဂါးပြားနဲ့ ပိတ်မိသွားတာလား။

လည်ပင်းဆို့တာလား။

ဂါရက် ထိတ်လန့်သွားသည်။ ဘေးနားရှိ ငယ်ရွယ်သော လက်ထောက်သည် ကြောင်တောင်တောင် ဖြစ်နေပြီး စိုးရိမ်တကြီးဖြင့် အဘိုးအို၏ ကျောကို ပုတ်လိုက်သည်။

"ဆရာ… မစ္စတာ ဟိုဂန်"

ပုတ်ခြင်းက အရာမဝင်ပေ။ ခန္ဓာကိုယ်ထွားကြိုင်းသော အဘိုးအိုသည် ဟိုဘက်ဒီဘက် ယိမ်းထိုးကာ ရှေ့သို့ကိုင်းညွှတ်ပြီး ချောင်းအနည်းငယ် ဆိုးကာ ချက်ချင်းပင် ခရမ်းရောင်သန်းလုနီးပါး ဖြစ်သွားသည်။ ငယ်ရွယ်သော လက်ထောက်က သူ့ကို ကိုင်ထားပြီး သူ့ပါးစပ်ကို ဖွင့်ရန် ကြိုးစားကာ လည်ချောင်းကို ရှင်းပေးနေသည်။ ထိုအချိန်တွင် သူက အပြင်သို့ အော်ပြောလိုက်သည်။

"မြန်မြန်… ဆေးဆရာကို ခေါ်"

"ဟုတ်ကဲ့"

ဆိုင်တံခါးအပြင်ဘက်မှ ကောင်လေးက ပြန်ဖြေပြီး ပြေးထွက်သွားသည်။ ပုံမှန်အားဖြင့် တစ်စုံတစ်ယောက် ဖျားနာခြင်း သို့မဟုတ် ဒဏ်ရာရရှိပါက ဘုန်းတော်ကြီးကို ခေါ်သင့်သော်လည်း... ဆေးဆရာက ဘေးအိမ်မှာ မဟုတ်ဘူးလား။

ဘုန်းတော်ကြီးကို မတတ်နိုင်သောအခါ သို့မဟုတ် ဘုန်းတော်ကြီး အလုပ်များနေသောအခါ ဆေးဆရာကို ခေါ်၍ စီမံကြသည်။ ကုသမှုမှာ ပိုနှေးနိုင်ပြီး ဆေးဝါးများ သို့မဟုတ် အလားတူအရာများ ပေးကမ်းခြင်း ပါဝင်နိုင်သည်။

ငယ်ရွယ်သော လက်ထောက်သည် အော်ဟစ်နေရင်း အဘိုးအိုကို ကယ်တင်ရန် ဆက်လက်ကြိုးစားနေသည်။ မမျှော်လင့်ဘဲ ဂါရက်က ကောင်တာပေါ်မှ ခုန်ကျော်လိုက်သည်။

"ဘာလုပ်နေတာလဲ"

ငယ်ရွယ်သော လက်ထောက်က အော်ဟစ်လိုက်သည်။ သူသည် အဘိုးအိုကို ကူညီချင်သော်လည်း ဂါရက်ကိုလည်း မောင်းထုတ်လိုသဖြင့် ရှုပ်ထွေးနေသည်။ သူ၏လက်များက မအားလပ်သဖြင့် ကျယ်လောင်စွာ အော်ဟစ်နေသည်။

"ဘာလုပ်နေတာလဲ ထွက်သွား ထွက်သွားစမ်း"

သူ့ကို လျစ်လျူရှုကာ ဂါရက် ရှေ့သို့ အလျင်အမြန်ပြေးသွားပြီး ငယ်ရွယ်သော လက်ထောက်ကို ဘေးသို့ တွန်းဖယ်ကာ အဘိုးအိုကို နောက်မှ သိုင်းဖက်လိုက်သည်။

အနည်းဆုံးတော့ သူသည် ပထမအဆင့် စစ်သည်တော်တစ်ဦး ဖြစ်သည်။ သူရဲကောင်းများနှင့် နှိုင်းယှဉ်လျှင် ဆိုင်ဝန်ထမ်းများကို ဒုက္ခပေးခြင်းက သူ့အားသာချက်ဖြစ်သည်။ သူ၏ တွန်းလိုက်မှုကြောင့် ငယ်ရွယ်သော လက်ထောက်သည် အနောက်ဘက်ရှိ ဗီရိုနှင့် ဆောင့်မိပြီး ကွေးညွတ်သွားကာ အော်ဟစ်လိုက်သည်။

"သူခိုး တစ်ယောက်ယောက် ခိုးနေပြီ"

"ဘယ်သူလဲ"

"ဘယ်သူလဲ"

ခြေသံများ ပဲ့တင်ထပ်လာသည်။ သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ဖန်ပုလင်းတစ်လုံးကို လက်တစ်ဖက်ဖြင့်ကိုင်ထားပြီး သစ်သားဇွန်းတစ်ချောင်းကို အခြားတစ်ဖက်တွင် ကိုင်ဆောင်လျက် အတင်းဝင်လာသည်။ ဂါရက်က သူသည် ဆေးဆရာဖြစ်သည်ဟု ယူဆလိုက်သည်။ ချက်ချင်းဆိုသလို ကောင်လေးသည် ပြေးဝင်လာပြီး ကြမ်းပြင်ပေါ်တွင် တုတ်များ ရှာဖွေရင်း ဂါရက်ကို တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်သည်။

"ဘာလုပ်နေတာလဲ။ မစ္စတာဟိုဂန်ကို လွှတ်ပေး"

ဂါရက်သည် သူတို့ကို အာရုံမစိုက်ပေ။ ခြေထောက်တစ်ဖက်ကို ရှေ့တွင်ထားပြီး ကျန်တစ်ဖက်ကကို နောက်တွင် ထားကာ အဘိုးအိုကို သူ့လက်များဖြင့် ဖက်လိုက်ပြီး ရုတ်တရက် အောက်သို့ အားစိုက်ချလိုက်သည်။

အဘိုးအို၏ ခပ်ဝဝ ခန္ဓာကိုယ်အား ဂါရက်၏ ညာဘက်ပေါင်ပေါ်သို့ ထိုင်ချခိုင်းကာ သူ့ခါးကိုဖိနှိပ်လိုက်သည်။

"ဘာလုပ်နေတာလဲ"

ဆေးဆရာက အော်ဟစ်လိုက်သည်။ သူသည် မငယ်ရွယ်တော့သဖြင့် ဂါရက်ကဲ့သို့ ကောင်တာပေါ်မှ ခုန်ကျော်နိုင်ခြင်း မရှိပေ။ သူသည် ပြေးလာပြီး အဘိုးအိုကို အတင်းအဓမ္မ ဆေးတိုက်ရန် ကြိုးစားနေသည်။ ပြေးလာသောကြောင့် မောဟိုက်နေရင်း သူက အော်ဟစ်လိုက်သည်။

"သူ့ကို လွှတ်။ သူ အသက်ရှူကျပ်နေတုန်း ဘာလို့ သူ့ခါးကို ညှစ်နေတာလဲ"

ဂါရက် ပြင်ဆင်နေစဉ်တွင် ဒင်္ဂါးပြား လျှောကျသွားသည်။ အဝလွန်သူများကို ကုသရသည်မှာ အဆိုးဆုံးပင်။ အိပ်ရာမှ ထရန် နောက်ထပ်လူတစ်ဦး လိုအပ်ပြီး ရင်ဘတ်ဖိနှိပ်မှုများ လုပ်ဆောင်ရန် ခက်ခဲကာ ဝမ်းဗိုက်ခွဲစိတ်မှုတွင် အခြားသူများ ခွဲစိတ်ရာတွင် ကိုယ်တွင်းအင်္ဂါများကို မြင်ရသော်လည်း သူ့တွင်မူ အဆီအလွှာများသာ ရှိသည်။ မေ့ဆေးပေးရန်အတွက်ပင် ပမာဏကို လုံးဝ ပြန်လည်စစ်ဆေးရန် လိုအပ်ပြီး မေ့ဆေးဆရာဝန်က အထူးဂရုစိုက်ရန် လိုအပ်သည်။

ဆိုင်၏ စာရေးနှင့် ဆေးဆရာတို့ ဆက်လက်အော်ဟစ်နေကြသည်။ ဂါရက် ဒေါသထွက်ကာ "ပါးစပ်ပိတ်" ဟု ပိတ်အော်လိုက်တော့သည်။

"မင်း ထွက်လာခဲ့"

ကောင်လေးက ဘေးပတ်လည်ကို ကြည့်လိုက်ပြီး နောက်ဆုံးတွင် တံခါးဂျွန်းတစ်ခုကို ဆွဲကိုင်ကာ ကောင်တာအောက်သို့ ငုံ့ဝင်သွားသည်။ ဂါရက်က "ကျွန်တော် သူ့ကို ကယ်နေတာ" ဟု အော်ဟစ်လိုက်သည်။ သူ၏ ဘယ်လက်သီးက အပေါ်သို့ ရွေ့သွားပြီး ညာဘက်လက်ကလည်း လိုက်ပါလျက် ဝတုတ်သော အမျိုးသား၏ ရင်ဘတ်ကို ဖိနှိပ်လိုက်သည်။ အသက်ပြင်းပြင်း ရှူသွင်းပြီးနောက် သူ ထပ်မံ အားစိုက်ထုတ်လိုက်သည်။

တစ်ကြိမ်…

နှစ်ကြိမ်…

"ဘန်း"

တံခါးက ပြင်းထန်စွာ ရိုက်ခံလိုက်ရသည်။ ဂါရက် အချိန်မီ ရှောင်တိမ်းနိုင်ခြင်း မရှိသဖြင့် သူ့ခေါင်းကို အနည်းငယ် ဘေးသို့ စောင်းလိုက်ပြီး သူ့ဘယ်ဘက်ပခုံးပေါ်သို့ ကျရောက်သွားသည်။ နာကျင်မှုကြောင့် သူ၏ လက်မောင်းများက ရုတ်တရက် အားပြင်းလာကာ အဘိုးအို၏ ရင်ဘတ်ကို ပြင်းထန်စွာ တွန်းလိုက်သည်။

တတိယအကြိမ်…..

"အဟွတ်... အဟွတ် အဟွတ် အဟွတ်"

အဘိုးအိုသည် ရုတ်တရက် အပြင်းအထန် ချောင်းဆိုးလာသည်။ မိုးခြိမ်းသံကဲ့သို့သော ချောင်းဆိုးသံများ ထွက်ပေါ်လာပြီးနောက် ရုတ်တရက် ပါးစပ်ဖွင့်ကာ တစ်ခုခုကို ထွေးထုတ်လိုက်သည်။ "ချွင်" ကနဲ အသံနှင့်အတူ စားပွဲပေါ်သို့ ကျရောက်လာပြီး မီးအိမ်အောက်တွင် လည်ပတ်နေကာ ရွှေရောင်တောက်ပနေသည်။

ဂါရက် တစ်ကိုယ်လုံး ပြေလျော့သွားသည်။ သူ၏ လက်များကို လွှတ်ချလိုက်ပြီး သူ့ညာဘက်လက်ကို မြှောက်ကာ ဘယ်ဘက်ပခုံးကို နှိပ်နယ်လိုက်သည်။ တစ်ပြိုင်နက်တည်း ထိုကောင်လေးကို စူးစူးဝါးဝါးကြည့်လိုက်သည်။ ထိုကောင်လေး ကိုင်ဆောင်ထားသည့် ဒုတိယတုတ်သည် တစ်ဝက်တစ်ပျက်၌ပင် ရပ်တန့်သွားပြီး သူ၏ ညာဘက်လက်ကို မြှောက်ထားရင်း တောင့်ခဲသွားသည်။

"ဒီလိုလည်း ရလို့လား"

ဆေးဆရာသည် သူ့နေရာ၌ပင် တောင့်ခဲသွားသည်။ သူကိုင်ထားသည့် ဖန်ပုလင်းကို လွှတ်ချလိုက်ရာ ခလွမ်း ခနဲ အသံနှင့်အတူ ကျကွဲသွားသည်။

"အဟွတ် အဟွတ် အဟွတ်... ဟပ် ဟပ် ဟပ်..."

အဘိုးအိုသည် ခဏတာ ချောင်းဆိုးပြီးနောက် နောက်ဆုံးတွင် အသက်ရှူမှန်သွားကာ ခေါင်းလှည့်ကြည့်လိုက်သည်။ သူက ကြည့်လိုက်သောအခါ တုတ်ကိုကိုင်ထားရင်း တောင့်ခဲနေသည့် ကောင်လေးနှင့် ပခုံးကို နှိပ်နယ်နေသည့် ဂါရက်ကို မြင်လိုက်ရသည်။ သူ၏ အကြည့်သည် ထိုနေရာ၌ပင် ရပ်တန့်သွားသည်။ ဆေးဆရာကမူ ကျန်အရာအားလုံးကို လျစ်လျူရှုထားသည်။

"ဘာလို့ ဒီလိုရတာလဲ။ တစ်ယောက်ယောက် အသက်ရှူကျပ်နေရင် ရင်ဘတ်ကို ဖက်ပြီး ကယ်တင်လို့ရလား။ ကျေးဇူးပြုပြီး ပြောပြပါ။ ကျွန်တော် ပေးပါ့မယ်။ အားလုံး ပေးပါ့မယ်"

သူသည် သူ့အိတ်ကပ်များကို အသည်းအသန် ရှာဖွေလိုက်သည်။ ပိုက်ဆံအိတ်များ၊ ရွှေကြိုးများ၊ သူ၏ကုတ်အင်္ကျီမှ ကြယ်သီးများကိုပင် ဆွဲဖြုတ်ရန် ကြိုးစားသော်လည်း ဆွဲလိုက်သည့်အခါ ဘာမှ မရွေ့ပေ။ ဂါရက် ချွေးပြန်လာသည်။ သူ၏ ဘယ်ဘက်ပခုံးပေါ်တွင် ကုသရေးမှော်ပညာကို သုံးစွဲနေရင်း အလုပ်များနေသဖြင့် ဘယ်လက်ကိုသာ ဆန့်တန်းကာ ဆေးဆရာကို ဆွဲခေါ်ရန် ကြိုးစားလိုက်သည်။

"မလိုပါဘူး... ဒါက သေးသေးလေးပဲ၊ အရမ်းရိုးရှင်းပါတယ်..."

သေစမ်း။ ငါ diaphragm ကို ဖိတာ၊ ဘယ်သူက ရင်ဘတ်ကို ဖက်ခိုင်းလို့လဲ။ ဒါက မရှင်းလင်းဘူး၊ အန္တရာယ်ရှိတယ်။

သူ၏ ပခုံးနာကျင်မှုက နောက်ဆုံးတွင် သက်သာသွားသည်။ ဂါရက်သည် သူ၏ လက်ကို လွှတ်ပေးလိုက်ပြီး ဆေးဆရာအား ရှင်းပြရန် စတင်လိုက်သည်။ မီးအိမ်အောက်တွင် သူသည် သတ်လတ်ပိုင်းအရွယ် ဆေးဆရာကို ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့် ငါးဒီဂရီကနေ ဆယ်ဒီဂရီ၊ ထို့နောက် တဖြည်းဖြည်း ဆယ့်ငါးဒီဂရီအထိ ကိုင်းညွှတ်နေသည်ကို ကြည့်နေသည်။

ဝတုတ်သောအဘိုးအိုသည် သူ၏ပါးစပ်ကို ဖွင့်လိုက်သည်။ သူ၏ ထူထဲသော နဖူးပြင်တွင် ချွေးများ စို့နေသည်။

ဘာလို့ သူများပိုက်ဆံကို အစောပိုင်းက သံသယဝင်ခဲ့တာလဲ။ အဲဒီဒင်္ဂါးပြားရဲ့ မူရင်းကို ဘာလို့ သံသယဝင်ခဲ့တာလဲ။ အခုတော့ သူက တရားဝင် ကုသပေးသူတစ်ဦးကို စော်ကားမိပြီ။ ဘေးနားက ဆေးဆရာတောင် သူတို့ရဲ့ သင်ခန်းစာတွေကို လေးလေးစားစား နားထောင်နေရတာပဲ။

အခုတော့ ဟိုဘက်လူက သူ့ကို တစ်ချက်ပင် မကြည့်ဘဲ ဆေးဆရာနှင့် စကားပြောနေတော့သည်။

အဘိုးအိုက လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ ဂါရက်သည် ရှင်းပြခြင်းကို ခေတ္တရပ်လိုက်သည်နှင့် သူသည် ချက်ချင်းပင် လေးနက်စွာ ခေါင်းညိတ်အရိုအသေပြုလိုက်သည်။ သူ၏ ဗိုက်ပေါ်ရှိ အဆီများက လှိုင်းပုံသဏ္ဌာန်ကဲ့သို့ ဖြစ်ပေါ်လာသည်။

"လေးစားအပ်ပါသော ကုသသူမင်းခင်ဗျာ။ ကျွန်တော့်အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ပြီးတော့ ကျွန်တော့်ဆိုင်ငယ်လေးရဲ့ မိုက်မဲမှုကိုလည်း ခွင့်လွှတ်ပေးပါ..."

ဂါရက်သည် အဘိုးအိုကို ကူညီရန် သင်ကြားခြင်းကို လျင်မြန်စွာ ရပ်တန့်လိုက်သည်။ အဘိုးအိုသည် သူ၏ဦးဆောင်မှုအတိုင်း လိုက်ပါရင်း ဂါရက်၏ ထောက်ပံ့မှုဖြင့် ထရပ်လိုက်သည်။ သူ့လက်ဖြင့် ခါးထောက်လျက် ငယ်ရွယ်သော ဆိုင်အကူများကို ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

"ရော်ဂျာ ကုသသူအတွက် လိုအပ်တာတွေ ယူလာခဲ့။ ဖရန့် မင်းကအကောင်းဆုံး စာရွက်တစ်ဒါဇင် မဟုတ်ဘူး။ နှစ်ဒါဇင် ယူလာ။ ပြီးတော့ ငှက်တောင်ဘောပင် ဆယ်ချောင်း၊ မှင်ပုလင်းကြီး နှစ်လုံး ယူလာခဲ့။ မြန်မြန်လုပ်"

တံခါးစောင့်နှင့် ဆိုင်အကူတစ်ဦးတို့သည် သူ၏ အော်ဟစ်မှုကြောင့် ဟိုဘက်ဒီဘက် ပြေးလွှားနေကြပြီး မြေပြင်ကိုပင် မထိတထိ ဖြစ်နေသည်။ ဒီတစ်ခါ လမ်းပိတ်ပြီး ဆူပူနေသူက ဂါရက် ဖြစ်သည်။

"မလိုပါဘူး... ကျွန်တော် ဒါတွေ မတတ်နိုင်ပါဘူး..."

"ခင်ဗျားကို ဘယ်လိုလုပ် ပေးခိုင်းရမလဲ"

အဘိုးအိုသည် သူ့ရင်ဘတ်ကို ထုကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"လေးစားအပ်ပါသော ကုသသူ ခင်ဗျာ၊ ခင်ဗျားက ကျွန်တော့်ရဲ့ ကယ်တင်ရှင်ပါ၊ ကျွန်တော့် ကုသစရိတ်ကို ဘယ်လိုလုပ် မပေးဘဲ နေနိုင်မှာလဲ"

"ဒါပေမဲ့..."

ကုသစရိတ်... အင်း၊ ဒီလိုကိစ္စမျိုးမှာတော့ သိပ်မများပါဘူး၊ ဒီလိုရိုးရှင်းတဲ့ လုပ်ဆောင်မှုအတွက် အများဆုံး ဒင်္ဂါးပြား အနည်းငယ်ပဲ ကျသင့်တယ်မဟုတ်လား။

"မဘာနဲ့တော့။ ဒီဆိုင်က ငါ့ဆိုင်။ ဒီအဘိုးကြီးရဲ့အသက်ကို ကယ်တင်ပေးတာက စာရွက်နည်းနည်းနဲ့ မတန်ဘူးလား။"

"အနည်းဆုံးတော့ ရိုးရိုးစာရွက်နဲ့ လဲပေးပါ... မှော်စာရွက်က အရမ်းဈေးကြီးတယ်..."

"ဒါဆို ရိုးရိုးစာရွက် နှစ်အုပ် ထပ်ထည့်လိုက်။ ရော်ဂျာ ပစ္စည်းအားလုံးထုပ်ပြီး ကုသသူရဲ့အိမ်ကို ပို့ပေးလိုက်"

တံခါးစောင့်တစ်ဦးနှင့် ဆိုင်အကူတစ်ဦးတို့သည် သူ၏ညွှန်ကြားမှုဖြင့် ဟိုဘက်ဒီဘက် ပြေးလွှားနေကြရာ ဂါရက် သက်ပြင်းချလိုက်သည်။

"ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် ဒုက္ခမပေးပါနဲ့... ဒါက ရိုးရှင်းတဲ့ နည်းပညာလေးတစ်ခုပါ..."

All Chapters