အခန်း (၂၉)
Vol. 3 Ch. 29
"ဂါရက်"
ကပ္ပတိန်ကရင်က ခပ်တိုးတိုးရေရွတ်လိုက်သည်။ ကပ္ပတိန်ဖလင်းက ဂါရက်ကို ကာကွယ်ပေးရန် ရှေ့သို့တိုးလာသည်။ သူတို့ပတ်လည်တွင် မြို့စောင့်တပ်သားများက အံ့အားသင့်စွာ တီးတိုးပြောဆိုနေကြသည်။
ဘုန်းတော်ကြီးဂျွန်က သူ့လက်ဖြင့်ပါးစပ်ကိုအုပ်ကာ ခပ်တိုးတိုးရေရွတ်လိုက်သည်။ ဂါရက်နှင့် ထိပ်ပြောင်နေသော ဘုန်းတော်ကြီးကို တစ်လှည့်စီကြည့်ရင်း သူ၏မျက်လုံးများက ပြူးကျယ်နေသည်။ သူ၏မျက်နှာပေါ်ရှိ တင်းတိပ်တိုင်းတွင် စိုးရိမ်ပူပန်မှုများက ထင်ဟပ်နေပုံရသည်။
ဘုန်းတော်ကြီးမှာ လုံးဝအံ့အားသင့်သွားသည်။
သူက ဂါရက်ကို ခေါင်းမှခြေဆုံး သေချာစိုက်ကြည့်လိုက်သည်။ အခြားသူများကဲ့သို့ ကြမ်းတမ်းသော လျှော်တန်ဆာဝတ်ထားပုံ၊ ကြက်ရိုးတစ်ချောင်းကို ဆုပ်ကိုင်ထားသောလက်၊ ဒဏ်ရာရထားသူ၏ သွေးခုန်နှုန်းကို စမ်းသပ်နေသောလက်တို့ကို ကြည့်ပြီးနောက် ခဏမျှစဉ်းစားကာ သတိထား၍ မေးလိုက်သည်။
"ကလေးလေး မင်းဘာလုပ်နေလဲဆိုတာ သိရဲ့လား"
"သိပါတယ်ခင်ဗျာ။"
"ဒီလူရဲ့ ဒဏ်ရာအတိုင်းအတာနဲ့ ဘယ်လိုကုသမှုမျိုးလိုအပ်လဲဆိုတာရော သိရဲ့လား။"
"ပြင်းထန်တဲ့ ရင်ဘတ်ဒဏ်ရာပါ။ နံရိုးအများအပြား ကျိုးပဲ့နေပြီး အချို့က အဆုတ်ကို ထိုးဖောက်နေပါတယ်" ဟု ဂါရက်က မဆိုင်းမတွဖြေသည်။
"နံရိုးတွေကို ပြန်လည်နေရာချထားဖို့၊ ပြင်ဆင်ဖို့၊ ပျက်စီးနေတဲ့ အဆုတ်နဲ့ အဆုတ်အမြှေးပါးကို ပြန်လည်ကောင်းမွန်အောင်လုပ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော့်ရဲ့ ကုသခြင်းစာလုံးပေါင်းက ဒီလောက်မပြင်းထန်ပါဘူး။ ခင်ဗျားရဲ့အကူအညီကို တောင်းခံပါတယ်။
ပြီးတော့ သွေးပေါင်ချိန်ကို ညှိတာ၊ Mediastinum ကို ပြန်နေရာချတာ၊ အဆုတ်ကို ပြန်ရွှေ့တာ... စသဖြင့်ပေါ့။ တကယ်တော့ ကုသခြင်းစာလုံးပေါင်းကို ရွတ်ဆိုပြီးတာနဲ့ အဆုတ်တွေက သူ့အလိုလို ပြန်ကောင်းလာသင့်ပါတယ်။ Mediastinum နဲ့ အဆုတ်ကလည်း သူ့ဘာသာသူ ပြန်ညှိသွားသင့်တယ်။ ဒါတွေတော့ ခင်ဗျားကို ကျွန်တော် ဆက်မပြောတော့ပါဘူး”
(TN/ Mediastinum ဆိုတာက ရင်ဘတ်အတွင်းမှာ သံသရာတစ်ခုလုံးအတွက်အရေးကြီးတဲ့ င်္အဂါအစိတ်အပိုင်းတွေရဲ့ အလယ်ပိုင်းအခန်းတစ်ခုပြီး အဲဒီအခန်းက lung နှစ်ဖက်ကြားမှာ တည်ရှိပြီး ရင်အရိုးနဲ့ ကျောရိုးကြားမှာ ရှိတာကိုဆိုလိုချင်တာပါ ပြန်ရတာအဆင်ပြေအောင် English လိုပဲရေးသွားမယ်နော်)
"ဒီပစ္စည်းကို ဘာလို့ကိုင်ထားတာလဲ။"
ရင်ဘတ်အတွင်းဖိအား မျှတအောင် ထိန်းထားဖို့ပါပဲဟု ဂါရက်က တွေးလိုက်သည်။ သို့သော် ထိုအကြောင်းကို ရှင်းပြရန်မှာ ခန္ဓာဗေဒပုံတစ်ပုံနှင့် ဖိအားဆိုသည်မှာ ဘာကိုဆိုလိုကြောင်း ဆယ်မိနစ်ခန့် ရှင်းပြရန်လိုအပ်ပေလိမ့်မည်။ သူတို့နားမလည်ပါက Heidelberg စမ်းသပ်မှုအထိ ဦးတည်သွားနိုင်ပြီး အတော်လေးရှုပ်ထွေးနိုင်သည်။
(T/N အစာအိမ်အတွင်းရှိ အက်ဆစ်အဆင့် (pH level) ကို တိကျစွာ တိုင်းတာဖော်ထုတ်ဖို့ အသုံးပြုတဲ့ ဆေးပညာဆိုင်ရာ စမ်းသပ်နည်းတစ်ခုနည်းကို Heidelberg pH test လို့ခေါ်တာပါ)
လာပါဗျာ။ တစ်ယောက်ယောက်ကို ကယ်တင်ရဦးမယ်။
"အာ... အဲဒါက နည်းနည်းရှုပ်ပါတယ်..."
ဂါရက် မျက်တောင်တဖျပ်ဖျပ်ခတ်ရင်း အသည်းအသန်ပြောလိုက်သည်။
အရင်ဆုံး လူနာကို ကုသပေးလိုက်ပါလား။ ပြီးမှ ကျွန်တော် ဖြည်းဖြည်းချင်း ရှင်းပြပါ့မယ်။ စိတ်မပူပါနဲ့ ကျွန်တော် ဘယ်မှမသွားပါဘူးဗျာ။
"အာ... ကောင်းပြီလေ။ မင်းရှင်းပြတာကို ငါနောက်မှနားထောင်မယ်" ဟု ထိပ်ပြောင်သော ဘုန်းတော်ကြီးက ရယ်မောလိုက်သည်။ သူဆက်မမေးတော့ဘဲ သူ့လက်နှစ်ဖက်ကိုယှက်ကာ ပြုံးလျက် ရေရွတ်လိုက်သည်။
ဤဆုတောင်းသည် ဘုန်းတော်ကြီးဂျွန်၏ ကုသခြင်းစာလုံးပေါင်းထက် အချိန်ကြာမြင့်စွာယူခဲ့ရသည်။ ဂါရက်၏ခန့်မှန်းချက်အရ အနည်းဆုံး ဆယ်မိနစ်ခန့်ရှိမည်။ လူနာ၏အသက်ရှူမှုကို စောင့်ကြည့်ကာ ကြက်ရိုးပေါ်ရှိ ဖိအားကို ထိန်းညှိထားရင်း သူတွေးလိုက်သည်။
ငါ ဒီပစ္စည်းကို လက်မလွှတ်လိုက်တာ ကံကောင်းသွားတာပဲ။ မင်းတို့တွေသာ မင်းတို့ရဲ့ ကုသခြင်းစာလုံးပေါင်းနဲ့ ဝင်လုပ်လိုက်ရင် ဒီလူနာ ခုလောက်ဆို လေပြွန်ပိတ်ပြီး သေနေလောက်ပြီ။
ဘုန်းတော်ကြီး၏ ကုသမှုမှာ အမှန်ပင် ထူးခြားဆန်းကြယ်လှသည်။ ရွတ်ဆိုသံများ ပြီးဆုံးသွားသောအခါ အဖြူရောင်အလင်းတန်းဆင်းသက်လာခြင်းမဟုတ်ဘဲ နို့နှစ်ရောင်အလင်းမိုးစက်လေးများ ညင်သာစွာကျဆင်းလာသည်။ ထူးဆန်းစွာပင် ထိုအလင်းမိုးက စိတ်ကို ငြိမ်သက်စေသည်။
အလင်းမိုးကျဆင်းလာသည်နှင့်အမျှ လူနာ၏ ရင်ဘတ်ဖောင်းကြွလာပြီး ကြွက်သားများ ဆန့်ထွက်လာသည်။ နံရိုးများက ပုံမှန်နေရာသို့ ပြန်ရောက်လာသည်။ မမြင်ရသောလက်များက ဆွဲယူညှိနှိုင်းနေသကဲ့သို့ပင်။ အသက်ရှူခြင်းမှာ ပိုမိုချောမွေ့လာပြီး ခဏအကြာတွင် ရုတ်တရက် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် သွေးပါသောသလိပ်များကို ချောင်းဆိုးထုတ်လိုက်သည်။
ဂါရက်က ကြက်ရိုးကို အမြန်ဖယ်ရှားလိုက်သည်။ အလင်းမိုးစက်လေးများ ညင်သာစွာစီးကျလာပြီး လွန်ခဲ့သည့် မိနစ်ပိုင်းကမှ ဓားဖြင့်ထိုးခံထားရသော ဒဏ်ရာသည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။
ကုသခြင်းစာလုံးပေါင်းတွေက တကယ်ပဲ အဆင်ပြေတာပဲ။
ဂါရက် ချီးကျူးမိသည်။
သူ့ရဲ့အရင်ဘဝမှာသာ ဒီလိုမျိုးရှိခဲ့မယ်ဆိုရင် လူနာတွေ ပါးစပ်ထဲ အောက်ဆီဂျင်ပိုက်ထည့်ထားဖို့၊ ရေဆင်းအိတ်တွေ သူတို့ဘာသာဆွဲထားဖို့၊ ခဏခဏ စစ်ဆေးနေဖို့ လိုတော့မှာမဟုတ်ဘူး။ တစ်ခုခုမှားသွားရင်...
ဒီလိုလူနာ သုံးလေးယောက်သာဆိုရင် တစ်ညလုံး အိပ်မရဘဲ နားရဖို့ အခွင့်အရေးမရှိလောက်ဘူး။
ကုသခြင်းစာလုံးပေါင်း၏ အာနိသင်သည် ချက်ချင်းပင် ထင်ရှားသည်။ ဘုန်းတော်ကြီး ရပ်လိုက်သည်နှင့် ပြင်းထန်စွာ ဒဏ်ရာရထားခဲ့သည့် ဆာဝက်စ်လိုသည် မြေပြင်မှ ထလိုက်သည်။ လေ၏ချိုမြိန်မှုကို ခံစားရင်း အသက်ပြင်းပြင်းနှစ်ချက်ရှူလိုက်ပြီး ချက်ချင်းပင် ခါးညွတ်အရိုအသေပြုလိုက်သည်။
"ကြီးမြတ်သော စစ်နတ်ဘုရားကို ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။"
"ကြီးမြတ်သော စစ်နတ်ဘုရားကို ကျေးဇူးတင်ရှိပါတယ်"
မြို့စောင့်တပ်သားများ၊ စစ်နတ်ဘုရား၏ ဘုန်းတော်ကြီးများအားလုံး တညီတညွတ်တည်း ထပ်ပြောလိုက်သည်။
ဂါရက်သည် အလိုအလျောက်ပင် ဦးညွှတ်လိုက်ပြီး သူ့လက်နှစ်ဖက်ကို ယှက်ကာ ထိုဆုတောင်းတွင် ပါဝင်ဆုတောင်းရန် ပြင်လိုက်စဉ် သူ၏ မူလဟန်ပန်ဖြစ်သော သဘာဝနတ်ဘုရားမ၏ လမ်းညွှန်မှုကို ခံယူသူတစ်ဦးအနေဖြင့်... စစ်နတ်ဘုရားကို ကျေးဇူးတင်ခြင်းမှာ မသင့်တော်ကြောင်း ရုတ်တရက် သတိရသွားသည်။
သူ့ကိုယ်သူ ထူးဆန်းနေသလို ခံစားလိုက်ရသည်။
ဂါရက်၏ စိတ်ထဲတွင် အရှင်လတ်လတ် မီးရှို့ခံရခြင်းမှ မည်သို့ရှောင်ရှားရမည်ကို အလျင်အမြန် စဉ်းစားနေသည်။ ထိုအချိန်တွင် ထိပ်ပြောင်သော ဘုန်းတော်ကြီးသည် ဆာဝက်စ်လို၏ ကျေးဇူးတင်မှုကို လက်ခံပြီးနောက် ပြုံးလျက် ရှေ့သို့တိုးလာကာ ဂါရက်ကို မြင်းစီးသူရဲကောင်းဆီသို့ ဆွဲခေါ်သွားလိုက်သည်။
"တကယ်တော့ ခင်ဗျား ဒီလူငယ်လေးကို ပိုပြီးကျေးဇူးတင်သင့်ပါတယ်။ သူ့သာမရှိရင် ကျွန်တော်တို့ ရောက်လာတဲ့အချိန်မှာ နောက်ကျသွားလောက်ပါပြီ။"
ဆာဝက်စ်လိုက သက်ပြင်းချလိုက်သည်။ သူ အရင်က အသက်ရှူရခက်ခဲခဲ့ပြီး သတိမေ့မြောမနေခဲ့သောကြောင့် သူ့ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည်များကို သိရှိခဲ့သည်။ ဂါရက်၏ အော်ဟစ်သံများ၊ ငြင်းခုံသံများ၊ အကူအညီတောင်းသံများ အားလုံးကို သူကြားခဲ့ရသည်။ သူ့ရင်ဘတ်ကို ဓားဖြင့်ထိုးခံရပြီးနောက် သူ၏ အသက်ရှူခြင်း ချက်ချင်းတိုးတက်လာသည်မှာ ထင်ရှားသည်။
သို့သော်... စစ်နတ်ဘုရားဘုရားကျောင်းရှေ့တွင် မြို့စောင့်တပ်သားသစ်တစ်ဦးကို ကျေးဇူးတင်နေခြင်းသည် သူ၏ဂုဏ်သတင်းကို ရောထွေးမခံလိုခြင်းကြောင့်လား၊ သို့မဟုတ် ထိုကလေးငယ်က သူ၏ဂုဏ်သတင်းကို မဖျက်ဆီးစေလို၍လား။
ကံကောင်းစွာပင် ဘုန်းတော်ကြီးက ကြားဝင်ခဲ့သည်။ ဆာဝက်စ်လို လှည့်လာကာ ဂါရက်ကို ဆွဲကိုင်လိုက်သည်။
"ကျွန်တော် အခုပဲ အဲဒီလိုပြောမလို့ပဲ။ ဂါရက် မင်းကို ကျေးဇူးတင်ပါတယ်"
"ဘာမှမဟုတ်ပါဘူးဗျာ။ ကျွန်တော် လုပ်သင့်တာကို လုပ်တာပါ။"
ဂါရက်က ကျွမ်းကျင်စွာ ပြန်ဖြေလိုက်သည်။ သူ၏လေသံနှင့် အမူအရာမှာ တည်ငြိမ်လှသည်။ သူ့၏အတိတ်ဘဝက လူနာများ၏ အသက်ကို ကယ်တင်ပြီး သူတို့နှင့် သူတို့မိသားစုများထံမှ ကျေးဇူးတင်စကား ကြားရသည့် အကြိမ်ပေါင်းများစွာကဲ့သို့ပင်။ သို့သော် ဆာဝက်စ်လိုသည် အနည်းငယ် မျက်တောင်ခတ်လိုက်ပြီး ဂါရက်ကို စိုက်ကြည့်ကာ ပြန်ပြောသောအခါ သူ၏လေသံမှာ ပိုမိုတန်းတူညီမျှသော ပုံစံသို့ ပြောင်းလဲသွားသည်။
"အရမ်းကျေးဇူးတင်ပါတယ် ဂါရက်။ အာ... ဒီည ကျွန်တော့်အိမ်ကို လာလည်ပါဦး။ ကျွန်တော် ကျေးဇူးကို သေချာဖော်ပြပါရစေ"
"အာ... တကယ်မလိုပါဘူးဗျာ... ဆိုလိုတာက ဒါတွေက ကျွန်တော် လုပ်သင့်တဲ့အရာတွေပါ..."
ဂါရက် ငြင်းဆန်ရန် ကြိုးစားသော်လည်း ဆာဝက်စ်လိုက ဆက်တိုက်ကျေးဇူးတင်စကားဆိုပြီး ဖိတ်ခေါ်နေခဲ့သည်။ ထိပ်ပြောင်သော ဘုန်းတော်ကြီးက ပြုံး၍ စောင့်ကြည့်နေရင်း ရုတ်တရက်မျက်နှာတည်သွားကာ အဖွဲ့နောက်ဘက်ရှိ ဘုန်းတော်ကြီးဂျွန်ကို လှမ်းကြည့်လိုက်သည်။
"ဂျွန် ဒါ မင်းပြောခဲ့တဲ့ လူငယ်ကုသသူလား။"
ဂါရက် အေးခဲသွားပြီး ဂျွန်ကို လျင်မြန်စွာ ကြည့်လိုက်သည်။ တင်းတိပ်များရှိသော ထိုလူငယ်လေးက ပြုံးပြုံးရွှင်ရွှင်ဖြင့် သူ့ခေါင်းကိုအားရပါးရ ငြိမ့်ပြလိုက်သည်။ ထို့နောက် သူက ရယ်စရာမျက်နှာလုပ်ကာ နွေဦးနတ်ဘုရားမ ဘုရားကျောင်းဘက်သို့ နှုတ်ခမ်းကိုစူပြလိုက်သည်။
ဂါရက်၏ စိတ်နှလုံး နွေးထွေးသွားသည်။
ဒဏ်ရာပြင်းထန်စွာရရှိခဲ့သော မြင်းစီးသူရဲကောင်း ရိုမန်သည် သိသာထင်ရှားသော အမှတ်အသားတစ်ခု ချန်ထားခဲ့သည်။ သူ၏ခန္ဓာကိုယ် ထိခိုက်ပျက်စီးသွားနိုင်သော်လည်း သူ၏မိသားစုနှင့် အဆက်အသွယ်များမှာ မပျက်စီးခဲ့ပေ။ သူက ဂါရက်အပေါ် မကျေမနပ်ဖြစ်နေခြင်း ရှိမရှိ သို့မဟုတ် လက်စားချေရန် ကြိုးပမ်းမည်လားဆိုတာ မည်သူမှ မသိနိုင်ပေ။
ဂါရက်သည် သူ့ကိုသတ်ရန်နှင့် လူသေအလောင်းဖန်ဆင်းသူကို သူ့အားအဆုံးသတ်ရန် လက်နက်တစ်ခုအဖြစ် အသုံးချရန်မှာ သူလုပ်ရက်ခဲ့မည်မဟုတ်ပေ... သူသည် သူ၏ယခင်ဘဝက ဥပဒေကို လိုက်နာသော နိုင်ငံသားတစ်ဦး ဖြစ်ခဲ့သောကြောင့်ပင်...
ထို့ကြောင့် ကပ္ပတိန်ကရင်က သူ့ကို စစ်တန်းလျားကို အမြန်ခေါ်သွားပြီး အထက်ကို အစီရင်ခံတင်ပြခဲ့သည်။ လူငယ်ဂျွန်ကလည်း ထိုဖြစ်ရပ်ကို စစ်နတ်ဘုရားဘုရားကျောင်းကို အစီရင်ခံခဲ့ပြီး သူ့အတွက် အကာအကွယ်တစ်မျိုးမျိုး ရှာဖွေခဲ့ပုံရသည်။
ဂါရက်က လူငယ်ဂျွန်ကို ကျေးဇူးတင်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ ထိပ်ပြောင်သော ဘုန်းတော်ကြီးသည် သူတို့၏ အပြန်အလှန်ဆက်ဆံမှုကို စောင့်ကြည့်နေသော်လည်း ချက်ချင်းပင် ထဲထဲဝင်ဝင်မမေးမြန်းခဲ့ပေ။ ယင်းအစား သူက ဖိတ်ခေါ်လိုက်သည်။
"မင်္ဂလာပါ လူငယ်ကုသသူလေး။ မင်း ခုနက လုပ်သွားတာ စိတ်ဝင်စားစရာပဲ။ အချိန်မီ မကယ်နိုင်ခဲ့တဲ့ စစ်သည်တော်တွေ အများကြီးနဲ့ ငါတို့ ကြုံခဲ့ဖူးတယ်။ မင်းရဲ့နည်းလမ်းကို ငါတို့ သိရအောင် အသေးစိတ် ရှင်းပြပေးနိုင်မလား။"
"ဟုတ်ကဲ့ ရပါတယ်။"
ဂါရက်က ချက်ခြင်း ပြန်ဖြေလိုက်သည်။