← Chapters

အခန်း (၃၃)

Vol. 3 Ch. 33

အခန်း (၃၃)

Vol. 3 Ch. 33

မြို့စောင့်တပ်သာ ကြားမဝင်ခဲ့ပါက ဂါရက်၏ ကံကြမ္မာသည် ထောင်ထဲသို့ ရောက်ရှိပြီး ဝါးမျှစ်ကြော် သို့မဟုတ် အခြား ကွန်ဘိုထမင်းမျိုး စားရမည့် အခြေအနေမျိုး ဖြစ်သွားနိုင်သည်။ သူ မည်သည့်အခါမျှ နေရောင်ခြည် ပြန်မြင်ရမည်လားဆိုသည်မှာ ကပ္ပတိန် ကာရန်၏ သြဇာအာဏာနှင့် မြို့စောင့်တပ်ကို သူ့အား ကယ်ထုတ်ရန် မည်သည့်အချိန်တွင် ဆွဲဆောင်နိုင်မည်လားဆိုသည်ပေါ် မူတည်သည်။

စစ်နတ်ဘုရားကျောင်းက ဝင်မပါခဲ့လျှင် ဂါရက်၏ ကံကြမ္မာသည် ဝေးလံသည့် အခန်းတစ်ခန်းထဲသို့ ရောက်ရှိပြီး ဘုန်းတော်ကြီးထံမှ မေးခွန်းထုတ်မှုများစွာ ခံရမည်ဖြစ်သည်။ ကံကောင်းလျှင် ဆာရိုမန်က သူ့အား စကားတစ်ခွန်းနှစ်ခွန်း ပြောကောင်းပြောလိမ့်မည်။

ဓလေ့ထုံးတမ်းအရ တန်းတူအချင်းချင်းတွင် စာလုံးပေါင်းနိုင်သူများသည် စစ်သည်တော်များထက် ရာထူးပိုမြင့်သည်။ နွေဦးနတ်ဘုရားမကျောင်း၏ အကြီးအကဲဘုန်းတော်ကြီးသည် ဟတ်လန်းမြို့၏ သခင်နှင့် တန်းတူ ထိုင်နိုင်ပြီး မြို့စောင့်တပ်များမှာမူ သခင်၏ ကွပ်ကဲမှုအောက်တွင်သာ ရှိသည်။ အဆင့် ၇ နိုက်ဖြစ်သည့် ကပ္ပတိန် နိုလန်သည် အကြီးအကဲဘုန်းတော်ကြီး၏ ရာထူးနှင့် ကိုက်ညီသော်လည်း အဆင့်အတန်းအရမူ တကယ်ပင် နိမ့်နေသည်။

သို့သော် ယခုမူ ထိပ်ပြောင်သည့် ဘုန်းတော်ကြီးသည် ပြုံးရွှင်စွာဖြင့် အကြီးအကဲဘုန်းတော်ကြီးဘေးတွင် လျှောက်သွားနေသည်။ ရာထူးဖြစ်စေ၊ တိုက်ခိုက်ရေးစွမ်းရည်ဖြစ်စေ၊ မတူညီသည့် ဘုရားကျောင်းများ၏ ခေါင်းဆောင်များသည် အပေါ်ယံအားဖြင့် တန်းတူနေရာယူထားကြသည်။ ထိပ်ပြောင်သည့် ဘုန်းတော်ကြီးက လေ့လာလိုသောအခါ အကြီးအကဲဘုန်းတော်ကြီးသည် နှာခေါင်းရှုံ့ရင်း စိတ်မပါ့တပါဖြင့် ပင်မခန်းမဆီသို့ လိုက်ပို့ပြီး ထိုင်ခုံများ စီစဉ်ပေးရသည်။

အကြီးအကဲဘုန်းတော်ကြီးသည် တရားပလ္လင်ပေါ်တွင် မတ်မတ်ရပ်ပြီး အောက်ခြေဘုန်းတော်ကြီးများသည် သူ၏နောက်တွင် ဖြန့်ကြဲနေရာယူထားကြသည်။ နိုက် နိုလန်သည် ပင်မခန်းမ၏ ညာဘက်တွင် ထိုင်လိုက်ပြီး ထိပ်ပြောင်သည့် ဘုန်းတော်ကြီးသည် အကြိမ်ကြိမ် ငြင်းဆန်ခဲ့သော်လည်း ယုံကြည်သူများ၏ နေရာတွင် ပရိသတ်အလယ်တွင် ထိုင်လိုက်သည်။ ဂါရက်၏ နေရာကို သူ၏ဘယ်ဘက်နှင့် ညာဘက်ကို ကြည့်လိုက်သောအခါ

အိုး…တရားခံထိုင်ခုံလား…

ရာဇဝတ်မှု စစ်ဆေးရေးတွင် အသုံးပြုသည့် တရားခံထိုင်ခုံပင်။

သောက်ကျိုးနည်း ဒါက လေးစားမှုမရှိတာလား။ ငါ့ဘက်က ရှေ့နေလေးတောင် မတောင်းဆိုနိုင်ဘူးလား။

သောက်လခွမ်း…. ဒီမှာ ရှေ့နေမှမရှိတာ…….

နိုက်နိုလန်သည် ခုခံချေပသူဘက်မှ နေရာယူထားပြီး ကြောက်စရာကောင်းသော်လည်း ဥပဒေရေးရာ ကျွမ်းကျင်မှုအဆင့်မှာမူ မသိရပေ။

ဂါရက်ကို တကယ် စိတ်ဆိုးစေသည်မှာ ဘုရားကျောင်း၏ ဘယ်ဘက်ခြမ်းတွင် ထိုင်နေသည့် ဆာရိုမန်၏ နေရာပင်ဖြစ်ပြီး၊ သူ၏ ကပ္ပတိန် နိုလန်နှင့် ဝေးကွာစွာ မျက်နှာချင်းဆိုင်နေခြင်းပင်။

အဲ့ဒါက တရားလိုနေရာပဲ။ ဒါဆို သူက တရားလိုအနေနဲ့ ထိုင်နေတာပေါ့။ သောက်ကျိုးနည်း ဒါဆို ဘာလို့ ငါက တရားခံထိုင်ခုံမှာလဲ…..

ကျွန်တော် ဘာရာဇဝတ်မှုမှ မကျူးလွန်ဘူး..

ကျွန်တော် တကယ်မကျူးလွန်ထာူဘူး…

ဂါရက်သည် ဘေးခန်းမမှ ခေါ်ဆောင်လာသည့် ဆာရိုမန်၏ မျက်လုံးများမှ မီးများ တောက်လောင်နေသကဲ့သို့ ဖြစ်နေသည်ကို မြင်သောအခါ စိတ်ပျက်သွားသည်။ ဂါရက်သည် ကြောက်ရွံ့ခြင်းမရှိဘဲ တည်ငြိမ်အေးဆေးနေသည်ကို ကြည့်ပြီး ဆာရိုမန်သည် သူ့အား လှမ်းအုပ်၍ ဆွဲဖြဲပစ်ချင်စိတ်ဖြင့် တုန်ယင်နေသည်။

"မင်း မင်းပဲ.. မင်းပဲ…ငါ့လက် ငါ့လက်…"

ဂါရက် အံ့အားသင့်သွားသည်။

တစ်ရက်တာ ပျောက်ဆုံးသွားပြီးနောက် ဆာရိုမန်က လုံးဝပြောင်းလဲသွားပုံရသည်။ သူ့မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်နေပြီး ပါးပြင်များ ချိုင့်ဝင်ကာ တစ်ချိန်က ထွင်းထုထားသကဲ့သို့ မေးရိုးတစ်လျှောက် မုတ်ဆိတ်မွေးများ ပေါက်နေသည်။ တစ်ချိန်က သပ်ရပ်သော သူ့ဆံပင်တိုများမှာ အသက်မဲ့နေပြီး သူ့ဦးခေါင်းထိပ်တွင် ရှုပ်ပွနေသည်။ ဂါရက်သည် စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။

ဤကဲ့သို့ ပြောင်းလဲမှုသည် သူ့အတွက် အလွန်ရင်းနှီးနေ၏။ သူ့၏အတိတ်ဘဝဆေးရုံတွင် ဆိုးရွားစွာ ရောဂါဝေဒနာစစ်ဆေးခံရသူများ၊ သတင်းဆိုးကြားရသည့် သူတို့မိသားစုများ၊ သူတို့ကိုယ်တိုင် သို့မဟုတ် သူတို့ချစ်ရသူများအတွက် ကုသမှုစရိတ် မတတ်နိုင်သူများ...

တစ်ညတည်းနှင့်၊ သို့မဟုတ် တစ်နာရီနှစ်နာရီအတွင်းမှာပင် တစ်ဦးတစ်ယောက်၏ စိတ်ဓာတ်တစ်ခုလုံး ပြိုလဲသွားနိုင်သည်။

နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ဆာရိုမန်တွင် စိတ်ဓာတ်အချို့ ကျန်နေသေးသည်။ သို့သော် ထိုစိတ်ဓာတ်သည်လည်း လျင်မြန်စွာ မှေးမှိန်သွားခဲ့သည်။ သူ ပတ်ပတ်လည်ကို ကြည့်လိုက်ရာ သူ့မျက်နှာချင်းဆိုင် မြို့စောင့်တပ်မှူး နိုလန်နှင့် အောက်ဘက်မှ စစ်နတ်ဘုရားကျောင်း၏ ဘုန်းတော်ကြီးကို မြင်သောအခါ သူ့မျက်နှာအမူအရာက လျင်မြန်စွာ ပြောင်းလဲသွားသည်။ နာကျင်မှု၊ နာကြည်းမှု၊ မယုံကြည်မှု …. အမျိုးမျိုးသော စိတ်ခံစားမှုများ သူ့ကို ဖြတ်ကျော်သွားပြီး သူ့တစ်ကိုယ်လုံးကို အနည်းငယ် တုန်ယင်စေခဲ့သည်။

ခဏတာ ရပ်တန့်ပြီးနောက် သူ ဖြည်းဖြည်းချင်း ထိုင်ချလိုက်ပြီး သူ့နောက်ကျောကို လျှောကျအောင် လုပ်လိုက်သည်။

ဂါရက်က သူ့ကို သတိထားပြီး လေ့လာလိုက်သည်။ ပိုနီးနီးကပ်ကပ် ကြည့်လိုက်သောအခါ ဆာရိုမန်၏ ညာဘက်လက်မသည် မနေ့က သူမြင်ခဲ့တဲ့အတိုင်းပင် လုံးဝဆန့်လို့မရသလို ကွေး၍လည်း မရနိုင်ပေ။ အတွေ့အကြုံရှိသည့် ဆေးပညာသမားတစ်ယောက်ဆိုပါက ထိုပုံသဏ္ဍာန် မမှန်တာကို အလွယ်တကူ သိနိုင်၏။

အဆင့်မြင့် ကုသဆေးရည်တွေတောင် အရာရာကို ကုသပေးနိုင်တာ မဟုတ်ဘူးထင်တယ်...

ဂါရက်သည် သူ့မျက်လုံးကို အနည်းငယ် မှေးချလိုက်သည်။ အကြီးအကဲဘုန်းတော်ကြီးက ဆာရိုမန်ရဲ့ ပုံပန်းသဏ္ဍာန်ကို ကြည့်ပြီး သက်ပြင်းချကာ ခေါင်းညိတ်လိုက်သည်။ သူ့နောက်တွင် အဆင့် ၅ ဘုန်းတော်ကြီးတစ်ပါး ရှေ့သို့ တိုးလာပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

"ဂါရက် နော့ဒ်မတ်လား။"

"ဟုတ်ပါတယ်၊ ကျွန်တော်ပါ။"

"ဆာရိုမန်က မင်းကို နက်ခရိုမန်ဆာနဲ့ ပူးပေါင်းပြီး သူ့ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့တယ်လို့ စွပ်စွဲတယ်။ မင်း ဘာပြောချင်လဲ။"

ဂါရက် အံ့အားသင့်သွားသည်။ သူ မေးခွန်းထုတ်နေသည့် ဘုန်းတော်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး၊ ထို့နောက် ကျောရိုးဖယ်ထုတ်ထားသကဲ့သို့ ပြိုလဲနေပုံရသည့် ဆာရိုမန်ကို ကြည့်လိုက်သည်။ ဖြည်းဖြည်းချင်း ပါးစပ်ဖွင့်လိုက်သည်။

"အစ်ကို ခင်ဗျားရဲ့ ယုံကြည်စိတ်ချရမှုက ဒီလောက် နိမ့်ကျနေတာလား။"

ခေါင်းဆောင်ကြီးတွေ ရှိနေတဲ့ကြားက စစ်ဆေးနေတဲ့ ဘုန်းတော်ကြီးက အဲဒီလို မေးခွန်းတွေ မေးတော့ ငါ သေရမှာ မဟုတ်ဘူး။ ခင်ဗျား သေရမှာ….

ခဏတာ စဉ်းစားပြီးနောက် ဂါရက်သည် တည်ငြိမ်စွာ မတ်တပ်ရပ်နေဆဲပင်။ သူ၏အကြည့်ကို မြှင့်တင်ကာ အကြီးအကဲဘုန်းတော်ကြီးကို တည့်တည့်ကြည့်ပြီး ကျယ်လောင်စွာ ကြေညာလိုက်သည်။

"ကျွန်တော် မလုပ်ခဲ့ပါဘူး"

"ဂါရက် နော့ဒ်မတ်"

အကြီးအကဲဘုန်းတော်ကြီး ကိုယ်စား ရပ်တည်နေသည့် အဆင့် ၅ ဘုန်းတော်ကြီးက ပြင်းထန်စွာ အော်ဟစ်လိုက်သည်။

"ရိုးသားပေးပါ ဆာရိုမန်က မြင့်မြတ်သော ဘုရားကျောင်းရဲ့ နိုက်တစ်ပါးပါ။ သူ ခင်ဗျားကို မမှန်မကန် စွပ်စွဲပါ့မလား။"

ချီးပဲ…..မမှန်မကန် စွပ်စွဲတာ ဘာများ အထင်ကြီးစရာရှိလဲ။ လူနာတွေ အများကြီး ဆေးရုံက ဆင်းပြီးနောက် သူတို့ဆရာဝန်တွေကို တိုင်ကြားကြတာပဲ။

ဂါရက်က အတွင်းစိတ်ကနေ မျက်လုံးလှန်ပြီး တည်ငြိမ်စွာ ပြန်ချေပလိုက်သည်။

"ဘုန်းတော်ကြီးဒေါ်နယ်လ် ဘာပြောလဲ။"

"ဘုန်းတော်ကြီးဒေါ်နယ်လ်က ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်နေတယ်။ တခြားသူတွေကို ဆွဲမထည့်နဲ့၊ မင်းကိုယ်တိုင်အတွက် ပြော"

ဆာရိုမန်ကို ကြည့်ပြီး ဂါရက် သက်ပြင်းချလိုက်သည်။ ဘုန်းတော်ကြီးဒေါ်နယ်လ်ကို ကြိုတင်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်နေစေတာကို ကြည့်ခြင်းအားဖြင့် ဆာရိုမန်က သူ့ကို လက်တုံ့ပြန်ဖို့ အရေးပါတဲ့ ဆက်သွယ်မှုတချို့ကို အသုံးပြုခဲ့ပုံရတယ်၊ ဘာလို့ ပင်ပန်းခံနေရတာလဲ။ သူပြီးနေပြီဖြစ်တာတောင် ဘာလို့ ဒီလောက်ဒုက္ခခံနေရတာလဲ။ ဒီဆက်သွယ်မှုတွေကို သူ့ဘဝရဲ့ ကျန်တာတွေကို စီစဉ်ဖို့ ဘာလို့ မသုံးတာလဲ။

ဒါ့အပြင် ဆက်သွယ်မှုတွေ သုံးမယ်ဆိုရင်တောင် အနည်းဆုံး ထိရောက်စွာ အသုံးပြုပါလား။အရေးကြီးတဲ့အချိန်မှာ တစ်စုံတစ်ယောက်က ခင်ဗျားကို ကျောကနေ ဓားနဲ့ထိုးခဲ့တယ် မဟုတ်ဘူးလား။

သူ၏ တုံ့ပြန်မှုက ပိုပြီး ပေါ့ပေါ့ပါးပါး ဖြစ်နေသည်။

"ကျွန်တော့်အဖွဲ့နဲ့ ကျွန်တော် ပုံမှန်ကင်းလှည့်နေတုန်း ဘုရားကျောင်းအစောင့်တွေက ရှာဖွေရေးလုပ်ငန်းမှာ ပူးပေါင်းဖို့ ခေါ်ဆောင်သွားခဲ့တာပါ။ မနေ့ညက အိပ်ရာဝင်ပြီးနောက် ဘုရားကျောင်းအစောင့်တွေက အရိုးစုစစ်သားတွေကို တွေ့ခဲ့တယ်။ ကျွန်တော်တို့ စုဝေးပြီး ရဲတိုက်မြေအောက်ခန်းကို ဝင်တိုက်ခဲ့တယ်။

ဆာရိုမန်က ကျောက်ဂိုရမ်ကို အနိုင်ယူပြီး အတွင်းတံခါးကို ဖွင့်ဖို့ ပြင်ဆင်နေတုန်း နက်ခရိုမန်ဆာ ပေါ်လာပြီး ကျွန်တော်အပါအဝင် အဲ့ဒီမှာရှိတဲ့ လူတိုင်းကို အင်အားချည့်နဲ့အောင် လုပ်ခဲ့ပါတယ်။"

ဂါရက် ခဏရပ်ပြီး ပခုံးတွန့်လိုက်သည်။

“ကျွန်တော် အောက်ဆင်းသွားတုန်းက နက်ခရိုမန်ဆာ မပေါ်သေးဘူး၊ နက်ခရိုမန်ဆာ ပေါ်လာတဲ့အချိန်မှာ ကျွန်တော်က အင်အားချည့်နဲ့နေပြီ။

ကျွန်တော့်ကို ပူးပေါင်းတယ်လို့ စွပ်စွဲတာလား။ ပူးပေါင်းဖို့ အချိန်လိုဦးမှာပေါ့ မဟုတ်ဘူးလား”

သူ ပတ်ပတ်လည်ကို ကြည့်လိုက်ရာ အကြီးအကဲဘုန်းတော်ကြီးက သူ့မုတ်ဆိတ်ကို သပ်ရင်း တိတ်ဆိတ်စွာ ခေါင်းညိတ်သည်။ ကပ္ပတိန်နိုလန်က သူ့ကို လှောင်ပြုံးလေး ပြုံးပြသည်။

"မကြောက်ပါနဲ့၊ ဘယ်သူမှ မင်းကို မမှန်မကန် စွပ်စွဲလို့ မရဘူး" ဟု ပြောနေသလိုမျိုး အားပေးနေသည့် အမူအရာပင်။

ဘုန်းတော်ကြီးကတော့...

သူသည် ထိပ်ပြောင်သော ဘုန်းတော်ကြီး၏ မျက်နှာကို မမြင်ရသော်လည်း သူ့အသံကိုတော့ ကြားနေရသည်။ အရင်ကလိုပဲ ခန်းမတစ်ခုလုံးကို ပြည့်လျှံသွားစေသည့် ပဲ့တင်သံမျိုးနှင့်…

"ကျွန်တော် ဂျွန်ဆီကနေ နှစ်ဖက်စလုံးရဲ့ အကြောင်းအရာတွေကို ကြားသိခဲ့ရပါတယ်။ ဂျွန်က ဒီရှာဖွေရေးမှာ ပါဝင်ခဲ့တဲ့ အသစ်ခန့်အပ်ထားတဲ့ တပည့်ဘုန်းတော်ကြီးတစ်ပါးပါ။ ဂါရက်ပြောတာက ဒီမွန်းလွဲပိုင်းက သူ တင်ပြတဲ့ အစီရင်ခံစာနဲ့ ကိုက်ညီပါတယ်။"

ဂါရက် သက်ပြင်းရှည်ကြီး ချလိုက်သည်။

ကျေးဇူးတင်ပါတယ် ဂုဏ်သရေရှိကြီး။

ကျွန်တော့်ကို ထောက်ခံပြီး ကျွန်တော့်အပြစ်ကင်းမှုကို သက်သေပြပေးလို့ ကျေးဇူးတင်ပါတယ်။

ဂျွန် အချိန်မီ သတင်းပို့ပေးလို့ ကျေးဇူးတင်ပါတယ်။

စစ်နတ်ဘုရားကျောင်းက ကျွန်တော့်ကို ကာကွယ်ပေးထားတော့ ကျွန်တော့် ထွက်ဆိုချက်ရဲ့ ယုံကြည်ကိုးစားမှုက အရှိန်အဟုန် မြင့်တက်လာပြီ။ ကျွန်တော့် စကားလုံးတွေကို အစအဆုံး အသေးစိတ် ထောက်ပြပြီး အပြစ်ရှာမှာကို ကြောက်စရာမလိုတော့ဘူး။

ပြီးတော့ မနေ့ညက ကျွန်တော် ရေးလက်စ ဖြစ်နေတဲ့ ကွင်းဆင်း အရေးပေါ် ကုသမှု သင်ခန်းစာကို နောက်မှ အပြည့်အစုံ ရေးပေးပါ့မယ်။

All Chapters