(အစမ်းရှင်သန်မှု ထပ်မံပြုလုပ်ခြင်း)
Vol. 1 Ch. 15
ကျင့်စဉ်များစွာကို ကျင့်ကြံဖို့ကတော့ ထိုကဲ့သို့ တုံးအသည့် အလုပ်မျိုးကို သူလုပ်မည်မဟုတ်ပါ။ အရိုးသန့်စင်ခြင်း အဆင့်ကိုသာ ရောက်နိုင်သည့် ကျင့်စဉ်များမှာ ပေါ်များပေမယ့် သူ့အနေနှင့် စိတ်ဝင်စားခြင်းပင် မရှိပေ။ စိတ်ဝင်စားလျှင်တောင် ကျင့်ကြံ၍ မရပါ။
သွေးသန့်စင်ခြင်း အဆင့်သို့ မရောက်ခင်တွင် သူဟာ တောင်ခွဲဆေဘာအတတ်နှင့် သက်ရှည်ကျမ်းတို့ကိုသာ အဓိကထားနိုင်မည် ဖြစ်သည်။ အလွန်ဆုံး နောက်ထပ် ဓါးသိုင်းတစ်ခုလောက် ထပ်ပေါင်းရုံ ရှိလိမ့်မည်။
အခြား ကျင့်စဉ်များကတော့ သူ၏ ကျင့်ကြံနှုန်းကို လုံးဝ နှေးကွေးသွားစေမှာပါ။ အကျိုးအမြတ်က ရင်းရသည်နှင့် မကာမိပေ။
ပိုက်ဆံများကို သိမ်းကာ ဟန်ကျောက်တစ်ယောက် ကြေးစားအမဲလိုက်ခြင်း ဌာနမှ ထွက်ခဲ့သည်။ လူသူကင်းမဲ့သည့် တောတစ်ခုသို့ လျှောက်လှမ်းကာ မျက်နှာဖုံးနှင့် အဝတ်များကို လဲပြီး အိတ်ထဲသို့ ထည့်၏။ ရွှေ၈လျန်ကိုတော့ စနစ်သို့ တစ်ခါတည်း ထည့်လိုက်သည်။
“လက်ရှိလက်ကျန်ငွေ- ရွှေ၈လျန်”
ဟန်ကျောက်ဟာ ကျောက်နက်မြို့သို့ ပြန်ရောက်ပြီးနောက် ရှင်းချောင်ဒေသသို့ တည့်မတ်စွာ ဦးတည်လိုက်သည်။ အိမ်သို့ ရောက်ရှိပြီးနောက် တံခါးကို လုံခြုံစွာ ပိတ်ပြီး ရေရွတ်၏။
“စနစ်”
“လက်ရှိလက်ကျန်ငွေ- ရွှေ၈လျန်”
“အချက်ပေးအပိုင်းအစ ၄၀တို့အား စုဆောင်းထားသည်။ ဝင်ရောက်ခွင့်ရအောင် စုပေါင်းမည်လား”
အချက်ပေး အပိုင်းအစများဟာ လျော့ပါးလာနေ၏။ ဟန်ကျောက်၏ တမင် ထိန်းချုပ်မှုအောက်တွင် အချက်ပေးမှုများ ပေါ်လာမှုမှာ ပုံမှန်အားဖြင့် အရေးကြီးမှသာ ဖြစ်တော့ပေမယ့် သူ၏ ခံစားချက်တို့ လှုပ်ရှားချိန်တွင် ပေါ်လာမှုကို ရှောင်ကျဉ်နိုင်ခြင်း မရှိပေ။
အနက်ရောင်အလုံးကြောင့် ဟန်လင်းဟာ သေဆုံးခဲ့ရ၏။ အန္တရာယ်က အလွန်နက်ရှိုင်းမှာပါ။ ထို့ကြောင့် အရမ်းကြီး အသုံးပြုရဲခြင်း မရှိပေ။
“တစ်ကြိမ်ပေါင်းစပ်ခြင်း- အချက်ပေး အပိုင်းအစ ၂၀နှင့် ရွှေ၃လျန်တို့ကို သုံးပါ။ သင်သည် တစ်ကြိမ်သုံး အခြေခံဝင်ရောက်ခွင့်(အစမ်းရှင်သန်ခြင်း)ကို သေချာပေါက် ရရှိမည်။ အဖြူရောင် ပါရမီကို ရလာနိုင်ချေမှာ ၂%သို့ တိုးမြင့်လာသည်။ အစိမ်းရောင် ပါရမီကို ရလာနိုင်ချေမှာ ၁%သို့ တိုးမြင့်လာသည်”
“ဈေးက မြင့်သွားပြန်ပြီ”
စနစ်၏ အချက်ပေးမှုကို ကြည့်ကာ ဟန်ကျောက်ဟာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်သည်။ သက်ရှည်ကျမ်း၏ အဆင့်မြင့်တက်မှုက အစစ်အမှန်ချီကို အရိုးသန့်စင်ခြင်း အဆင့်နှင့် တူလာလုနီးပါး ဖြစ်စေခဲ့၏။ ဈေးမြင့်တက်လာမည်ဟု သူခန့်မှန်းမိသည်။ သိုရာတွင် ပါရမီကို ရလာနိုင်ချေ တိုးလာခြင်းမှာ မကောင်းသည့်အရာ မဟုတ်ပေ။
ဟန်ကျောက်ဟာ ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။
“ဒီတိုင်းသာ အမှတ်တွေထပ်ပေါင်းသွားရင်.. တောင်ခွဲဆေဘာဓါးသိုင်း ဒုတိယအဆင့်ကို ရောက်သွားပြီး အရိုးသန့်စင်ခြင်း အဆင့်ကို ချိုးဖျက်နိုင်တဲ့အခါ သက်ရှည်ကျမ်းလည်း တတိယအဆင့်ကို ရောက်လောက်မလား”
သက်ရှည်ကျမ်းဟာ ဒုတိယအဆင့်ကို ရောက်ရှိပြီးနောက် ဆက်လက်ကျင့်ကြံရာတွင် တိုးတက်မှုတို့ လျော့ကျလာခဲ့သည််။ သို့ပေမယ့် အစစ်အမှန် ချီ၏ စွမ်းအားကတော့ အမှန်တကယ်ကို တိုးလာခဲ့၏။ ကျင့်ကြံမှု နှေးကွေးခြင်းက ပြဿနာမရှိပါ။ အစစ်အမှန်ချီစွမ်းအား တိုးလာမှုနှင့်အတူ သူ၏ တိုက်ခိုက်မှု ခွန်အားလည်း တိုးလာခဲ့၏။ ပိုက်ဆံရှာရန် ပိုမိုလွယ်ကူပါသည်။
“ပေါင်းစပ်မယ်”
“သင်သည် အခြေခံဝင်ရောက်ခွင့်(အစမ်းရှင်သန်ခြင်း)ကို ရရှိသည်။ အစမ်းရှင်သန်ခြင်းကို စတင်မည်လား”
“စမယ်”
“အသက်၁၆နှစ်တွင် သင်သည် တောင်ဖြိုလက်သီး သိုင်းကျောင်းသို့ ဝင်ရောက်ကာ တောင်ခွဲဆေဘာအတတ်ကို လေ့ကျင့်ခဲ့သည။ သုံးလကြာပြီးနောက် အရေအပြား သန့်စင်ခြင်း အဆင့်သို့ ရောက်ရှိ၏”
“အသက်၁၇နှစ်တွင် သင်၏ သက်ရှည်ကျမ်းဟာ ဒုတိယဆင့်သို့ မြင့်တက်သွားပြီး တိုက်ခိုက်မှု ခွန်အားဟာ အရိုးသန့်စင်ခြင်း အဆင့်နှင့် နှိုင်းယှဉ်လာနိုင်ခဲ့သည်။ သင်သည် လင်းယုန်ပျိုးထောင်ခြင်း စံအိမ်ကို ကူညီကာ အသေးစားပြဿနာတစ်ခုကို ဖြေရှင်းပေးခဲ့၏။ သို့ပေမယ့် နောက်ဆုံးတွင် တောင်ကိုးသွယ်မှ ဓါးပြအဖွဲ့ဖြစ်သည့် နဂါးပျံအဖွဲ့ကို ထိပါးမိခဲ့သည်။ ဆက်လက်စုံစမ်းမှု ပြုပြီးနောက် ကိစ္စများဟာ မရိုးရှင်းကြောင်း တွေ့ရပြီး ထွက်ခွာရန် ရွေးချယ်ခဲ့၏”
“အသက်၂၀တွင် သင်၏ တောင်ခွဲဆေဘာအတတ်ဟာ ဒုတိယအဆင့်သို့ ရောက်ရှိခဲ့သည်။ သင်၏ အဆင့်ဟာ အရိုးသန့်စင်ခြင်းအဆင့်သို့ ချိုးဖျက်ခဲ့၏”
“သင့်ကို လူဆိုးဂိုဏ်းများနှင့် မြို့တွင်းရှိ မိသားစုများက ဝိုင်းဝန်းဖိတ််ခေါ်ကြသည်။ သင်ဟာ အသေးစားနှင့် အလတ်စား အဖွဲ့အနည်းငယ်တွင် စာရင်းပေးကာ တစ်နှစ်ကို ငွေ၄၀လျန် ရရှိ၏။ နောက်ကွယ်တွင်လည်း ကြေးစားလူဆိုးထိန်းအဖြစ် အလုပ်လုပ်သည်”
“အရိုးကျုံ့ခြင်း အတတ်ကြောင့် သင်၏ နောက်ခံကို ပြီးပြည့်စုံစွာ ဖုံးကွယ်နိုင်ခဲ့၏။ ၂နှစ်လောက်တွင် စုန့်ကြွေဟာ ကျောက်နက်မြို့၌ နာမည်ကျော်ကြားလာခဲ့သည််။ သို့ရာတွင် အနီးအနားတွင် အလိုရှိ အပြစ်သားများ ပိုမို၊ ပိုမိုကာ နည်းပါးလာ၏။ သင်၏ ဝင်ငွေဟာ စတင်လျော့ပါးလာခဲ့သည်”
“အသက်၂၂နှစ်တွင် သင်သည် တောင်ခွဲဆေဘာဓါးသိုင်း၏ ဒုတိယအကွက်ကို ပြီးပြည့်စုံစေခဲ့သည်။ အရိုးသန့်စင်ခြင်း အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိ၏။ အောင်မြင်စွာ အဆင့်ချိုးဖျက်နိုင်ရန် သင်ဟာ ပိုမိုများပြားသည့် ပြင်ဆင်မှုများကို ပြုလုပ်လိုသည်။ လုယီကလည်း သင့်အတွက် အဖိုးတန် ဆေးပင်အချို့ကို စုဆောင်းပေး၏”
“ထိုနှစ်မှာပင် ရှလင်က သွေးသန့်စင်ခြင်း အဆင့်သို့ ချိုးဖျက်ပြီးပါက သူမ၏ မိသားစုစီးပွားရေး ယှဉ်ပြိုင်မှုတွင် ကူညီရန် သင့်ကို အကူအညီတောင်းခဲ့သည်။ သင်လည်း သဘောတူခဲ့၏”
“နှစ်ကုန်တွင် အရာအားလုံးဟာ အဆင်သင့် ဖြစ်လို့နေပါပြီ။ သင်ဟာ အိမ်၌ သွေးသန့်စင်ခြင်း အဆင့်သို့ စတင်ချိုးဖျက်၏။ အောင်မြင်တော့မည့် အချိန်တွင် ရုတ်တရက် သွေးသန့်စင်ခြင်း အဆင့်ရှိသည့် တစ်ဝက်တစ်ပြတ် သိုင်းသခင်တစ်ယောက်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ သင်၏ အဆင့်တက်မှုမှာ ကျရှုံးခဲ့ပြီး သွေးချီတို့ ကြီးစွာ ထိခိုက်သွား၏”
“သင်သည် တောင်ခွဲဆေဘာအတတ် ဒုတိယအဆင့်နှင့် သက်ရှည်ကျမ်း ဒုတိယအဆင့်တို့ကို အမှီပြုကာ တစ်ဖက်လူကို ခါးသက်စွာ ရင်ဆိုင်ခဲ့သည်။ နောက်ဆုံးတွင် နောက်ထပ် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက် ပေါ်လာပြီး သင့်ကို သတ်ဖြတ်ခဲ့၏”
“လူက ငွေကြေးအတွက်သေတယ်။ ငှက်က အစာအတွက် သေတယ်ဆိုတ့ စကားက တကယ့်ကို မှန်တာပဲ။ ရှမိသားစုရဲ့ အန္တရာယ်က နက်ရှိုင်းလှချည်လား”
ရှမိသားစုဟာ သူ့ကို ရှင်းလင်းရန် သွေးသန့်စင်ခြင်းအဆင့် နှစ်ယောက်ကို စေလွှတ်ခဲ့သည်။ တကယ့်ကို အပိုင်လုပ်သည်ပင်။ တစ်နည်းအားဖြင့် ရှလင်ဟာ မိသားစုစီးပွားရေး ယှဉ်ပြိုင်ပွဲတွင် အရေးနိမ့်နေပြီး ဖြစ်လိမ့်မည်။
ရှမိသားစုတွင် သွေးသန့်စင်ခြင်းအဆင့် တစ်ဝက်တစ်ပြတ် သိုင်းသခင် သုံးယောက်ရှိ၏။ ကြည့်ရတာ နှစ်ယောက်က ဒုတိယသခင်လေးကို ထောက်ပံ့နေသည့် ပုံပါ။
သူမှတ်မိတာ မှန်ပါက ဒုတိယသခင်လေး၏ အမည်မှာ ရှကျင်ဖြစ်သည်။ သူ၏ ပါရမီဟာ ရှလင်လောက် ကောင်းမွန်ခြင်း မရှိပါ။ သို့ပေမယ့် တစ်ဦးတည်းသော သားယောကျားလေးဖြစ်ရာ ပိုမိုကာ အခွင့်ပေးခြင်း ခံရ၏။
“မင်းတို့က ယုတ်တော့လဲ ငါလည်းယဉ်ကျေးမနေတော့ဘူး။ ဒီရှကျင်ကို သတ်ဖို့ ငါနည်းလမ်းရှာရမယ်”
ဟန်ကျောက်၏ မျက်လုံးများထဲ၌ အေးစက်မှုတို့ ဖြတ်သန်းသွားသည်။
“ရှလင်သာ မိသားစုစီးပွားရေးကို အမွေဆက်ခံရရင် သူမကို လက်ထပ်လိုက်။ မင်းအတွက် နှစ်၂၀စာ ရှာဖွေမှုတွေ တစ်ခါတည်း ရလာလိမ့်မယ်။ သုံးနှစ်အတွင်းမှာ ကလေးနှစ်ယောက်မွေးလိုက်.. ပြောရေးဆိုခွင့်တွေအကုန် မင်းလက်ထဲကို ရောက်လာမယ်။ အဲ့အချိန်မှာ ရှမိသားစုတစ်ခုလုံးက မင်းအပိုင်ပဲ။ သေချာပေါက် ကြီးကြီးမားမား တိုးတက်သွားမှာ”
မျက်စိရှေ့တွင် ပေါ်လာသည့် အချက်ပေးမှုက ဟန်ကျောက်၏ နဖူးရှိ ကြွက်သားများကို တွန့်ကွေးသွားစေ၏။ ထိုစနစ်ဟာ အမြဲတမ်း သူ့ဆီမှ ပိုက်ဆံရရန်သာ စဉ်းစားနေပါသည်။ သူက ထိုကဲ့သို့ အချောင်သမားလေလား။ အခြားလူ၏ စီးပွားရေးကို အဘယ်ကြောင့် လုနေမည်နည်း။
ဒီရှင်သန်မှုတွင် အရိုးသန့်စင်ခြင်း အဆင့်သို့ ချိုးဖျက်မှုမှာ ၂နှစ်တာ စောလာခဲ့သည်။ သိသာစွာပင် သက်ရှည်ကျမ်း တိုးတက်လာသည်နှင့်အမျှ အပြင်ပိုင်း ကျင့်စဉ်များ၏ ကျင့်ကြံမှုအမြန်နှုန်းလည်း မြင့်တက်လာခဲ့သည်။
“အစမ်းရှင်သန်မှု ပြီးဆုံးသည်။ သင်သည် အောက်ပါများထဲမှ တစ်ခုကို ရွေးချယ်နိုင်၏”
“၁။ ပါရမီကို ရရှိသည်(မရွေးချယ်နိုင်)”
“၂။ စွမ်းရည်မှတ်အား ရရှိသည်”
“၃။ ဘဝအတွေ့အကြုံအား ရရှိသည်”
“လက်ရှိလက်ကျန်ငွေ- ရွှေ၅လျန်”
ဟန်ကျောက်ဟာ ရှေ့ရှိ ရွေးချယ်စရာ သုံးခုတို့ကို ကြည့်သည်။ နံပါတ်၁မှာ မီးခိုးရောင် ရှိနေဆဲ ဖြစ်၏။ သူ၏ ကံကောင်းမှုတို့ ပျောက်ဆုံးသွားပြီလား။ ထိုသို့ဆိုပါက စဉ်းစားစရာ မလိုတော့ပေ။
“၂ကိုရွေးတယ်”
“စွမ်းရည်မှတ် +၂”
၂မှတ်သာ ဖြစ်နေသေး၏။ သူ၏ ကျင့်ကြံမှုအဆင့် မမြင့်တက်၍လား မသိပေ။ သူ၏ သက်ရှည်ကျမ်းဟာ ဒုတိယအဆင့်သို့ မြင့်တက်ပြီး ဖြစ်၏။ ဖြစ်နိုင်တာက အပြင်ပိုင်း ကျင့်ကြံခြင်းကိုက အခြေခံကာ တွက်သည်လား။ (သို့) နှစ်ခုစလုံးလား။(သို့) ပိုက်ဆံဖြတ်တာ နည်းနေသေးလို့လား။ ဟန်ကျောက်ဟာ ရုတ်တရက် သံသယဝင်လာမိသည်။
“သိုင်းပညာများ- တောင်ခွဲဆေဘာအတတ်(ပထမအဆင့် အသေးစားကျွမ်းကျင်မှု ၉၉%(အဆင့်မြှင့်တင်နိုင်)၊ အထူးသက်ရောက်မှု- ခွန်အားပေါက်ကွဲမှု အဆင့်၁)၊ သက်ရှည်ကျမ်း(ဒုတိယအဆင့် စတင်ခြင်းအဆင့်၄%(အဆင့်မြှင့်တင်နိုင်)၊ အထူးသက်ရောက်မှု- ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း အဆင့်၂)”
သတိပြန်လည်လာပြီးနောက် ဟန်ကျောက်ဟာ သိုင်းပညာဇယားကွက်ကို ကြည့်လိုက်သည်။ သက်ရှည်ကျမ်းဟာ အလွန် စွမ်းအားကြီးမားလှရာ သူလုပ်ရမည်ကား စွမ်းရည်မှတ်များ ထည့်ပေါင်းရန်သာ ဖြစ်သည်။ ဤနည်းအားဖြင့် နောက်တစ်ကြိမ် အစမ်းရှင်သန်မှုတွင် ပိုမိုမြန်ဆန်စွာ ဆင့်တက်နိုင်မှာပါ။
“သက်ရှည်ကျမ်းကို မြှင့်တင်မယ်”
သက်တောင့်သက်သာရှိသည့် ခံစားချက်တစ်ခု ပေါ်လာ၏။ သို့ပေမယ့် နောက်ဆုံးအကြိမ် အဆင့်တက်ချိန်ကကဲ့သို့ မဟုတ်ပေ။ ခန္ဓာကိုယ်တစ်ခုလုံး ရေပူစမ်းတွင် စိမ်နေရသကဲ့သို့ ခံစားရ၏။
“သိုင်းပညာများ- သက်ရှည်ကျမ်း(ဒုတိယအဆင့် အသေးစားကျွမ်းကျင်မှု ၈၅%(အဆင့်မြှင့်တင်နိုင်)၊ အထူးသက်ရောက်မှု- ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း အဆင့်၃)”
ရုတ်တရက် ဟန်ကျောက်၏ ခန္ဓာကိုယ်ရှိ ကြွက်သားအားလုံးတို့ လှုပ်ခါသွားသည်။ ပြင်းထန်သည့် နာကျင်မှုက ပါလာခဲ့၏။ အရိုးများမှပင် တချွတ်ချွတ်မြည်သံများ ပေါ်လာခဲ့သည်။ သို့ရာတွင် ထိုနာကျင်မှုဟာ လျှင်မြန်စွာ ထွက်ခွာသွားခဲ့သည်။ ချက်ချင်းပင် သဲလွန်စကင်းမဲ့စွာ ပျောက်ကွယ်သွား၏။
“ငါ့ရဲ့ ခွန်အားတွေ မနည်းမနော တိုးလာပြန်ပြီ။ အစစ်အမှန်ချီလည်း တစ်ဝက်လောက် တိုးလာတယ်” ခုနက အစမ်းရှင်သန်မှုမှ စွမ်းဆောင်ရည်အရ သူသာ တောင်ခွဲဆေဘာအတတ်ကို ဒုတိယအဆင့်သို့ လေ့ကျင့်ပြီးပါက အရိုးသန့်စင်ခြင်း အဆင့်များအကြားတွင် အသန်မာဆုံး လူနည်းစုအတွင်းသို့ ဝင်ရောက်နိုင်မှာ ဖြစ်သည်။ သွေးသန့်စင်ခြင်း အဆင့်နှင့် တိုက်ခိုက်နိုင်မည်လား ဆိုတာကတော့ သူ့အနေနှင့် စမ်းသပ်ကြည့်လိုခြင်း မရှိပေ။
နားထောင်ရတာ မကောင်းလျှင်တောင် ပြောရပေဦးမည်။ သူဟာ ခွန်အားကို ဖုံးကွယ်ပြီး အရေးကြီးသည့် အချိန်၌ ထုတ်သုံးခြင်းကို သဘောကျဆဲ ရှိ၏။ သူ၏ အဆင့်မြင့်မှုနှင့် လူတစ်ယောက်ကို နင်းချခြင်းက ကောင်း၏။ သူ့ထက် အဆင့်မြင့်သူများကို စိန်ခေါ်ဖို့ကိုတော့ သဘောကျခြင်း မရှိပေ။