← Chapters

(အစမ်းရှင်သန်ခြင်းနှင့် ဝင်ရောက်ခွင့်)

Vol. 1 Ch. 1

(အစမ်းရှင်သန်ခြင်းနှင့် ဝင်ရောက်ခွင့်)

Vol. 1 Ch. 1

“နာလိုက်တာ.. အရမ်းနာလိုက်တာ”

အိပ်ပျော်နေသည့် ဟန်ကျောက်ဟာ ခန္ဓာကိုယ်မှ အရိုးစိမ့်မတတ် နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ အထူးသဖြင့် နှလုံးသားမှ ဖြစ်၏။ ဆောင်းဥတုအလယ်တွင် ရေခဲတုံးတစ်ခုကို ပိုက်ထားရသည့်အလား ခံစားရသည်။ ကြောင်တောင်စွာဖြင့် ထထိုင်ချင်မိ၏။

သို့ပေမယ့် သူ၏ခန္ဓာကိုယ်ဟာ ထုံထိုင်းနေပြီး လှုပ်ရှားမှုမပြုနိုင်ကြောင်းကို တွေ့ရသည်။ မျက်လုံးများကို ဖွင့်ရန်ပင် ခွန်အားမရှိပေ။

‘ဘာဖြစ်တာလဲ.. သရဲစီးတာလား.. ငါသေတော့မှာလား…’

ဟန်ကျောက်ဟာ နောက်တစ်ခါ ဘယ်တော့မှ ဉာဉ့်နက်အောင် မနေတော့ဟု ကျိန်ဆို၏။ ထို့နောက် ရုတ်တရက် သူ၏ခန္ဓာကိုယ် ရွေ့လျားလာနိုင်ကြောင်းကို နားလည်လိုက်သည်။ မျက်လုံးများကို ဖွင့်လိုက်ချိန်၌ မြင်ကွင်းက ဝေဝါးနေ၏။

“ညအချိန်ပဲ ရှိသေးတာလား..”

အိပ်ယာပေါ်ကို စမ်းကာ သူ၏ဖုန်းမှ အချိန်ကို ကြည့်ချင်နေလေသည်။

သို့ပေမယ့် …

“ဒါက ဘာလို့ သစ်သားကြီး ဖြစ်နေရတာလဲ”

သူက အေးခဲသွား၏။ ဦးခေါင်းတွင်လည်း တစ်ယောက်ယောက်မှ ပြင်းထန်စွာ ရိုက်နှက်ခြင်းကို ခံထားရသဖွယ် ခံစားရ၏။ သူနှင့် မသက်ဆိုင်သည့် မှတ်ဉာဏ်များက စိတ်ထဲတွင် ပြပွဲတစ်ခုသဖွယ် ဖြတ်သန်းသွားသည်။

လူငယ်ဟာ ဟန်ကျောက်ဟူသည့် သူနှင့် တူညီသည့် အမည်ရှိ၏။ ထိုလူဟာ ဒီနှစ်တွင် ဆယ့်ခြောက်နှစ်ဖြစ်ပြီး ဝေနိုင်ငံတော်၏ တိမ်စီရင်စုတွင် မွေးဖွားသည်။ ကျောက်နက်မြို့မှ ဖြစ်၏။ သူ၏ဖခင်ဟာ ဟန်လင်းဟု အမည်ရပြီး ဖုယွမ်ကြေးစားစောင့်ရှောက်သူ အဖွဲ့မှ ဒုခေါင်းဆောင် ဖြစ်သည်။

ဟန်ကျောက်တွင် ဟန်ချန်းဟု ခေါ်သည့် အစ်ကိုတစ်ယောက်ရှိပြီး သူ့အသက် ခြောက်နှစ်တွင် လှည့်လည်သွားလာရန် ထွက်ခွာသွားခဲ့သည်။ သို့ပေမယ့် ပြန်လာခြင်း မရှိသလို ဘာသတင်းမှလည်း မရတော့ပေ။

“ဟန်”

မကြာခင် ချောမောသည့် လူလတ်ပိုင်းအရွယ် လူတစ်ယောက်၏ ပုံရိပ်ဟာ သူ၏မှတ်ဉာဏ်တွင် ပေါ်လာခဲ့သည်။ ဤသည်မှာ ဟန်လင်းဖြစ်၏။ ဟန်လင်းဟာ ဖြူရော်သော မျက်နှာနှင့် အိမ်သို့ ပြန်လာပြီး အသက်ရှင်ရန် အချိန်အများကြီး မရှိတော့ကြောင်း ပြောခဲ့၏။ ထို့နောက် အထုပ်တစ်ထုပ်ကို ပေးခဲ့သည်။

ထိုအထုပ်တွင် ငွေအချို့၊ စာအုပ်နှစ်ခုနှင့် အနက်ရောင် အလုံးတစ်ခု ပါရှိ၏။ ဟန်လင်းဟာ ရိုးရှင်းသည့် ညွှန်ကြားမှုအချို့ကို ပြုလုပ်ပြီးနောက် အမြန်ထွက်ခွာသွားခဲ့သည်။

ပြီးခဲ့သည့် ခန္ဓာကိုယ်ပိုင်ရှင်ဟာ အနက်ရောင်အလုံးကို ကောက်ယူပြီးနောက် ဓါးရှရာကြောင့် ဖြစ်ထားသည့် ဒဏ်ရာနှင့် မတော်တဆ ထိမိသွားစေခဲ့၏။ များပြားလှသည့် ယင်စွမ်းအင်များ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာပြီး နောက်ဆုံးတွင် သေဆုံးခဲ့ရသည်။

မှတ်ဉာဏ်အပိုင်းအစများဟာ ထိုနေရာတွင် ရပ်တန့်သွားခဲ့သည်။ ဟန်ကျောက်ဟာ လန့်သွားတော့၏။ အိပ်ယာပေါ်တွင် သေစေနိုင်သည့် အရာတစ်ခု ရှိနေပါသည်။ ရင်ဘတ်မှ အရိုးစိမ့်မတတ် အေးစက်မှုကို ခံစားခဲ့ရတာ အံ့ဩစရာ မရှိပေ။ အလုံးကြောင့် ဖြစ်၏။

သူဟာ အိပ်ယာပေါ်မှ အမြန်ထကာ ကြိုးစားထိုင်လိုက်သည်။ ထို့နောက် အလျှင်အမြန် ဆင်းကာ စားပွဲဆီသို့ သွား၏။ မီးခြစ်ဆံကို ရှာကာ ဆီမီးအိမ်ကို မီးညှိသည်။ အဝါရောင် အလင်းဖျော့ဖျော့က ပတ်ဝန်းကျင်ရှိ အမှောင်ထုကို ထိုးခွဲသွား၏။ သူ့ကို လုံခြုံမှုတစ်ခုအား ပေးစွမ်းလာသည်။

သူ၏ရှေ့တွင် ရိုးရှင်းသည့် သစ်သားကုတင် တစ်ခုနှင့် စောင်တစ်ခုရှိ၏။ ထိုကုတင်၏ညာဘက် တစ်မီတာလောက် အကွာတွင် နောက်ထပ် ကုတင်တစ်ခု ရှိသည်။ စားပွဲ၏ အနောက်ဘက်တွင် မြေသားမီးဖိုတစ်ခု ရှိသည်။ ငယ်ရွယ်စဉ်က အဖွားတို့အိမ်တွင် ၎င်းကို တွေ့ခဲ့ဖူးသည်။ မီးမွှေးကာ ကစားချင်သည်ဟုပင် အော်ခဲ့သေး၏။

ဟန်ကျောက်ဟာ အသက်ကို နက်ရှိုင်းစွာ ရှူပြီး ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်စေလိုက်သည်။ ညလုံးပေါက် အိပ်ရေးပျက်အပြီးတွင် ဘယ်လိုလုပ်ပြီး ကူးပြောင်းလာရလဲ မသိပေ။ သို့ရာတွင် နှစ်ဆယ့်ခြောက်နှစ်အရွယ် အလုပ်သမားဟောင်းတစ်ယောက်အတွက် ဆယ့်ခြောက်နှစ်အရွယ် ဆယ်ကျော်သက်တစ်ယောက် ဖြစ်လာခြင်းမှာ အဆင်ပြေသည့်ပုံပါ။

သူဟာ ဆီမီးအိမ်ကို ယူဆောင်ပြီး အိပ်ယာဆီသို့ လျှောက်သွားလိုက်သည်။ အဝတ်စတစ်ခု၏‌ ဘေးတွင် ပွင့်နေသည့် အထုပ်တစ်ခုကို တွေ့ရ၏။ အတွင်းထဲတွင် အနက်ရောင် အလုံးလည်း ရှိနေပါသည်။

သူ၏ အာရုံဟာ ထိုအန္တရာယ်များသည့် ပစ္စည်းပေါ်သို့ ကျရောက်နေ၏။ ထိုအချိန်၌ သူ၏ အမြင်ထဲတွင် အပြာရောင် အလင်းလွှာတစ်ခု ပေါ်လာခဲ့သည်။ အတွင်းထဲတွင် သေးငယ်သည့် စာကြောင်းတစ်ခု ရှိနေ၏။

“ဤသည်မှာ ယင်စွမ်းအင်တို့ ပါဝင်သည့် အလုံးတစ်ခု ဖြစ်သည်။ သာမန်လူတို့ ထိတွေ့ပါက ယင်စွမ်းအင်ကို ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်စေနိုင်၏။ ကံကောင်းပါက သာမန် ဖျားနာမှုကိုသာ ဖြစ်စေသည်။ ကံဆိုးပါက သေဆုံးနိုင်၏။ ယခုအချိန်၌ အလုံးသည် လုံလောက်သည့် ယန်စွမ်းအင်များကို စုပ်ယူပြီး ဖြစ်ရာ ကြီးမားသည့် အန္တရာယ်မရှိတော့ပေ။ သို့ရာတွင် ခန္ဓာကိုယ်ပေါ်တွင် သယ်ဆောင်ခြင်း မပြုခြင်းမှာ အကောင်းဆုံးဖြစ်၏။ ကျောက်ကပ်ကို အားနည်းစေနိုင်သလို မကောင်းသည့် အရာများကိုလည်း ဆွဲဆောင်နိုင်၏”

“ဒါက..”

ဟန်ကျောက်ဟာ မှင်သက်သွား၏။ ထို့နောက် သူ၏အကြည့်က အဖြူရောင် စာအုပ်ပေါ်သို့ ကျရောက်သွားသည်။ အဖုံးပေါ်တွင် “ပိုးမျှင်တစ်ထောင်အညွှန်း”ဟူသည့် စကားလုံးတို့ ပါရှိ၏။

“ပိုးမျှင်တစ်ထောင်အညွှန်းမှာ ရွက်ကြမ်းရေကျိုမျှရှိသည့် အပြင်ပိုင်း ကျင့်ကြံမှု နည်းလမ်းတစ်ခု ဖြစ်သည်။ အတွင်းပိုင်းခွန်အား ကျင့်ကြံမှုအတွက် အခြေခံတည်ဆောက်မှု ပျောက်ဆုံးနေပါသည်။ သင်၏ ပါရမီနှင့် ကျင့်ကြံရန် အကြံမပေးပါ”

‘နောက်ဆုံးစာကြောင်းက မလိုအပ်ဘူးမလား’

ဟန်ကျောက်ဟာ ထိုးနှက်ခံရသည်ဟု ခံစားလိုက်ရ၏။

ဟန်လင်း၏ ကျင့်ကြံခြင်းအတတ်မှာ သာမန်ဆန်လှသည်။ ထို့နောက် အစိမ်းရောင် စာအုပ်ကို သူကြည့်လိုက်၏။

“အတွင်းပိုင်း ကျင့်ကြံမှုအတွက် အခြေခံနည်းလမ်းတစ်ခု ဖြစ်သည်။ အစစ်အမှန်ချီကို ကျင့်ကြံနိုင်ပြီး ခန္ဓာကိုယ်ကို အားဖြည့်ကာ သက်တမ်းကို ရှည်လျားလာစေသည့် သက်ရောက်မှု ရှိ၏။ သင်၏ ပါရမီနှင့် နှစ်ပေါင်းခြောက်ဆယ်ကြာ အပတ်တကုပ် လေ့ကျင့်ပါက အောင်မြင်ရန် အခွင့်အရေး ရှိ၏။ ထိုအချိန်၌ သင်၏ သက်တမ်းကို နှစ်ပေါင်းနှစ်ဆယ်ကြာ တိုးမြင့်စေနိုင်သည်”

“ဘာတုန်းဟ…”

ဟန်ကျောက်တစ်ယောက် ရင်ဘတ်မှ ခုန်လာမှုကို ခံစားလိုက်ရသည်။ ဤသည်က မဟုတ်သေးပေ။ သူဟာ လျှင်မြန်စွာ တုံ့ပြန်လာခဲ့၏။

သူ၏ မှတ်ဉာဏ်များအရ ဒီလောကတွင် ကျောက်ဆောင်များကို အက်ကွဲစေကာ အမိုးပေါ်တွင် ပျံသန်းနိုင်ပြီး နံရံတွင် လမ်းလျှောက်နိုင်သည့် သိုင်းသမားများ ရှိနေပါသည်။ သူတို့ဟာ အတွင်းအားကို လေ့ကျင့်ကြ၏။

သိုင်းပညာရှင်များတွင် အဆင့်လေးခု ခွဲခြားထားသည်။ ၎င်းတို့မှာ- အ‌ေရအပြားသန့်စင်ခြင်း၊ အရိုးသန့်စင်ခြင်း၊ သွေးသန့်စင်ခြင်းနှင့် ခွန်အားသန့်စင်ခြင်းတို့ ဖြစ်ကြသည်။

ခွန်အားသန့်စင်ခြင်း အဆင့်ရှိသည့် သိုင်းသမားများကို သိုင်းသခင်များဟု ခေါ်ကြသည်။ သူတို့ဟာ ဂိုဏ်းထောင်ကာ တပည့်များကို လက်ခံနိုင်သည့် ကျွမ်းကျင်သူများ ဖြစ်ကြ၏။ လူဦးရေ ၂၀၀၀၀၀မှ ၃၀၀၀၀၀လောက်ရှိသည့် ကျောက်နက်မြို့တွင် အပြင်ပန်း၌ သိုင်းသခင် အယောက်နှစ်ဆယ်၊ သုံးဆယ်လောက်သာ ရှိပါသည်။

ထိုအဆင့်တွင် သူတို့ဟာ အဆင့်မြင့်တက်မှုအတွက် ကြိုးစားကာ ဆက်လက်ကျင့်ကြံခြင်း(သို့မဟုတ်) ဘဝကို စံစားခြင်းတို့အား စတင်ပြုကြ၏။ ထို့ကြောင့် လှုပ်ရှားမှုပြုရန် ခက်ခဲလှသည်။

သွေးသန့်စင်ခြင်း အဆင့်ရှိ တစ်ဝက်တစ်ပြတ် သိုင်းသခင်များသာလျှင် အဓိကအဖွဲ့များရှိ အသန်မာဆုံး တိုက်ခိုက်ရေး အင်အားစုများ ဖြစ်လာကြသည်။

ဟန်လင်းမှာ တစ်ဝက်တစ်ပြတ် သိုင်းသခင်တစ်ယောက် ဖြစ်သည်။ ကျောက်နက်မြို့ တစ်ခုလုံးတွင် သူဟာ ပိုးမျှင်တစ်ထောင်လက်ဟူ၍ ကျော်ကြား၏။ သို့ရာတွင် ပိုးမျှင်တစ်ထောင်အညွှန်းဟာ အပြင်ပိုင်း ကျင့်စဉ်တစ်ခု ဖြစ်ကာ အစစ်အမှန်ချီကို ကျင့်ကြံနိုင်သည့် အတွင်းပိုင်း ကျင့်ကြံခြင်း နည်းလမ်းမရှိပေ။

ဟန်ကျောက်ဟာ အတွေးနက်သွား၏။ သူ၏ အကြည့်တို့ အလိုလို ရွေ့လျားသွားချိန်၌ ငွေစနှင့် ဘဏ်စာရွက်တို့ကို တွေ့လိုက်သည်။ သေးငယ်သည့် စကားလုံးများ ပေါ်လာပြန်၏။

“ငွေစ.. ဝေနိုင်ငံ၏ ငွေကြေးဖြစ်သည်။ ငွေကြေးဟာ အရာအားလုံးကို မပြီးမြောက်စေနိုင်ပေ။ သို့ပေမယ့် သင်သည် ငွေမရှိပဲ ဘာမှ လုပ်နိုင်မည်မဟုတ်ပါ။ ငွေကို သုံးစွဲခြင်းဖြင့်သာ သန်မာလာစေနိုင်၏”

“ဘယ်လောက်ကောင်းတဲ့ စကားလဲ”

ဟန်ကျောက်ဟာ သက်ပြင်းချ၏။ ဟန်လင်း၏ အမြန်ပြန်လာမှုဟာ ကျင့်ကြံခြင်း နည်းလမ်းနှင့် အလုံးတို့ကို ပေးရန်ဖြစ်သည်မှာ ရှင်းလင်းသည်။

ဟန်ကျောက်ဟာ နိမ့်ပါးသည့် အ‌ခြေခံနှင့် သိုင်းပညာကျင့်ကြံရန် သင့်တော်ခြင်း မရှိပေ။ တစ်ဖက်တွင် သူ၏အစ်ကိုကြီးဖြစ်သူ ဟန်ချန်းမှာတော့ ထူးချွန်သည့် ပါရမီနှင့် စောစီးစွာ ခရီးထွက်သွား၏။

သူဟာ သိုင်းပညာကို ကျင့်ကြံလိုလေသည်။ ထို့ကြောင့် ဟန်လင်းက သူ့ကို အဖိုးတန်ဆေးပင် မျိုးစုံတို့ကို ကျွေးခဲ့ပြီး ပါရမီမြှင့်တင်ပေးမည့် ဆေးရည်တို့ကို စိမ်စေခဲ့သည်။ မဟုတ်ပါက ကြေးစားစောင့်ရှောက်သူ အဖွဲ့တစ်ခုမှ ဒုခေါင်းဆောင်ဖြစ်သည့် တစ်ဝက်တစ်ပြတ် သိုင်းသခင်တစ်ယောက်ဟာ သာမန်လူများ၏ ဒေသတွင် နေရမည်မဟုတ်ပေ။

ဆယ်နှစ်နီးပါး ကြာပြီးနောက် ဟန်ကျောက်၏ အခြေခံဟာ နောက်ဆုံးတွင် အဆင့်နိမ့်အဆင့်သို့ ရောက်ရှိနိုင်ခဲ့သည်။ သိုင်းပညာဟာ စတင်ကျင့်ကြံသည်နှင့် တစ်နှစ်တွင်း အရည်အပြား သန့်စင်ခြင်း အဆင့်သို့ မရောက်ပါက အနာဂတ်တွင် အဆင့်ချိုးဖျက်နိုင်ရန် အလွန်ခက်ခဲသည့် အရာဖြစ်သည်။ ထို့ကြောင့် ဟန်ကျောက်ဟာ သိုင်းပညာကို ဘယ်တုန်းကမှ သင်ကြားဖူးခြင်း မရှိသေးပေ။ အဲ့ဒီအစား အိမ်တွင်နေကာ လေ့လာမှုပြု၏။ ဟန်လင်း၏ စိတ်ကူးမှာ အနည်းဆုံး ဟန်ကျောက်၏ ပါရမီကို အဆင့်နိမ့်၏ အလယ်အလတ်အဆင့်လောက် မြှင့်တင်ပြီးမှ သိုင်းပညာကို ကျင့်ကြံစေရန် ဖြစ်သည်။

“ဒီလိုပါရမီမျိုးက..”

ဟန်ကျောက်ဟာ မျက်မှောင်ကြုတ်သွားသည်။ သူ၏ ပါရမီဟာ အလွန်ဆိုးရွားလှ၏။ တစ်ခုတည်းသော နောက်ခံမှာလည်း သေဆုံးတော့မည် ဆို၏။ အနာဂတ်ဘဝမှာ လွယ်ကူခြင်းရှိမည် မဟုတ်တော့ပေ။

သူ၏ အာရုံဟာ အခန်းအတွင်းရှိ ပစ္စည်းပေါင်းစုံတို့ အပေါ်သို့ ကျရောက်သွားသည်။ အချက်ပေးမှုများက တစ်ခုပြီးတစ်ခု ပေါ်လာ၏။

“စားပွဲ၊ မီးဖို၊ ရေစည်…”

ဤသည်မှာ ‌‌‌ပျော့ပြောင်းသည့် ရုပ်ရည်နှင့် နိမ့်ကျသည့် ပါရမီရှိသည့် လူငယ်တစ်ယောက်သာ ဖြစ်သည်။ သိုင်းပညာ လေ့ကျင့်သည်ထက် ပြည့်တန်ဆာလုပ်တာ ပိုကောင်း၏။

ကြေးမှန်ထဲရှိ လူငယ်၏ ပုံရိပ်ဟာ ခါးသက်သည့်အသွင်နှင့် ရှိနေပါသည််။ အချက်ပေးစာသားများဟာ ကိစ္စများကို ပိုမို ချောမွေ့စွာ ခံစားရစေသည်။ သို့ပေမယ့် အများကြီး အသုံးဝင်သည်နှင့် မတူပါ။

‘ဖြစ်နိုင်တာက… ပစ္စည်းအကဲဖြတ်သူ လုပ်ရင်ရော’

သို့ပေမယ့် ဒီလောကကြီးဟာ အလွန် ရက်စက်လှ၏။ သိုင်းပညာ မရှိပါက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်ပင် ခက်ခဲနေမှာပါ။

သူဟာ မြို့အပြင်ဘက်အလွှာရှိ ရှင်းချောင်ဒေသ၌ နေထိုင်၏။ မလှမ်းမကမ်းရှိ ဟိုင်လင်းဒေသဟာ ကျောက်နက်မြို့၏ သူဆင်းရဲရပ်ကွက်ဖြစ်သည်။ ပြောကြသည်ကား ထိုနေရာရှိ လူများဟာ ကြေးပြားနှင့် ပေါက်စီအနည်းငယ်အတွက်ပင် အသက်ကို စတေးကြသည်ဟု ဆို၏။ လူကွယ်ရာ လမ်းကြားအချို့နှင့် အနံ့ဆိုးသည့် ရေမြောင်းများတွင် အလောင်းများကို တွေ့ရသည်မှာ မထူးဆန်းပေ။ အနီးအနားရှိ လူဆိုးဂိုဏ်းနှင့် အဖွဲ့ငယ်များဟာ ပိုင်နက်အတွက် မကြာခဏ တိုက်ခိုက်ကြပြီး လူသေဆုံးသည်မှာ ပုံမှန်သာ ဖြစ်သည်။ ထိုကဲ့သို့သော နေရာမျိုးတွင် လူ့အသက်ဟာ ဘာမှမဟုတ်ပေ။ သိုင်းပညာကို မလေ့ကျင့်ခြင်းက သေဖို့ စောင့်နေသည်နှင့် တူညီ၏။

ထိုကဲ့သို့ တွေးမိပြီးနောက် ဟန်ကျောက်ဟာ မျှော်လင့်ချက်အချို့နှင့် စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်သည်။

“စနစ်”

နောက်တစ်စက္ကန့်တွင် ရွှေရောင် အကွက်တစ်ခု သူ၏အမြင်တွင် ပေါ်လာခဲ့သည်။

အမည်- ဟန်ကျောက်

စွမ်းရည်မှတ်- မရှိ

ထူးကဲမှုပါရမီ- မရှိ

သိုင်းပညာများ- မရှိ

“တကယ်ပဲ စနစ်ရှိတာလား”

ပိုမိုများပြားသည့် စကားလုံးများ ပေါ်လာ၏။

“အချက်ပေးအပိုင်းအစ ဆယ်ခုတို့ကို စုဆောင်းထားသည်။ ဝင်ရောက်ခွင့်ရရန် ပေါင်းစပ်မည်လား”

“နေပါဦး.. ဒါက ပြီးခဲ့တဲ့ ဘဝတုန်းက ငါဝယ်ခဲ့တဲ့ဟာ မလား”

ဟန်ကျောက်ဟာ ခုနက အချက်ပေးမှုကို တွေ့ရပြီးနောက် နားမလည်သေးပေ။ ယခု အချက်အလက် ဇယားနှင့် ဝင်ရောက်ခွင့်ပေါင်းစပ်မှုတို့ကို တွေ့ရပြီးမှ နောက်ဆုံးတွင် သတိရလာခဲ့၏။

“အစမ်းရှင်သန်ခြင်း” ဂိမ်းကို သူကစားခဲ့သေးသည်။ ၎င်း၏ ခက်ခဲမှုကို အလွန်မြင့်မားလွန်းသည်ဟု ခံစားရပြီး အကြိမ်ကြိမ် ပြန်လည်ဝင်ရောက်ခွင့် ရနိုင်သည့် ဟက်နည်းတစ်ခုကိုလည်း ဝယ်ယူခဲ့သည်။

“ဒီပစ္စည်းလဲ ငါနဲ့အတူ ဒီကို ပါလာတာလား”

သူက ရေရွတ်ပြီးနောက် ပြော၏။

“ပေါင်းစပ်မယ်”

“တစ်ကြိမ်ပေါင်းစပ်ခြင်း- အချက်ပေးအပိုင်းအစ ဆယ်ခုနှင့် ရွှေ၁လျန်(လျန်= tael= ၅၀ဂရမ်= ၁.၂အောင်စ)ကို အသုံးပါ။ သင်သည် တစ်ကြိမ်သုံး အခြေခံဝင်ရောက်ခွင့်(အစမ်းရှင်သန်ခြင်း) တစ်ခါကို သေချာပေါက် ရရှိမည်"

“လက်ရှိ ငွေကြေးပမာဏမှာ လုံလောက်ခြင်း မရှိပေ။ ကျေးဇူးပြုပြီး ဖြည့်သွင်းမှုပြုပါ”

“ပိုမို သန်မာလာလိုပါက ပိုက်ဆံကိုသုံးရန် လိုအပ်သည်”

“တကယ့်ကို ပေးတူဝင်း(ပိုက်ဆံပေးပါက ထိပ်ဆုံးရောက်နိုင်)ဂိမ်းလိုပါပဲလား..”

ဟန်ကျောက်၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။

ငွေတစ်လျန်မှာ ကြေးပြားဆယ်ပြားနှင့် တူညီ၏။ ကျောက်နက်မြို့တွင် ကြေးပြားတစ်ပြားလျှင် အသားပေါက်ဆီနှစ်ခု(သို့မဟုတ်) ဆန်၆၀၀ဂရမ်တို့ကို ဝယ်ယူနိုင်သည်။ ဒီလောကကြီးတွင် အထူး အဆင့်မြှင့်ထားသည့် ဆန်များ(သို့) မျိုးစပ်ဆန်များ မရှိပေ။ ငွေတစ်လျန်၏ တန်ကြေးဟာ ပြီးခဲ့သည့် ဘဝနှင့် နှိုင်းယှဉ်ပါက ယွမ်ငါးထောင်ကိုပင် ကျော်လွန်၏။ ဤသည်မှာ မိသားစုသုံးယောက်ကို တစ်နှစ်တာ စားသောက်ရန် လုံလောက်စေသည်။

ကြေးစားစောင့်ရှောက်မှု လုပ်ငန်းမှာ အန္တရာယ်များသည့် လုပ်ငန်းတစ်ခု ဖြစ်၏။ ထို့ကြောင့် သူတို့၏ လစဉ်ဝင်ငွေဟာ နိမ့်ပါးခြင်းမရှိပေ။ သာမန် အဖွဲ့ဝင်များပင်လျှင် လစဉ် မြင့်မားသည့် ပမာဏကို ရကြ၏။ ထို့အပြင် သူတို့တွင် ကော်မရှင်ခလည်း ရှိသေးသည်။ တိုက်ပွဲတွင် သေဆုံးပါကလည်း မိသားစုဟာ လျော်ကြေးများ ရရှိနိုင်၏။

သွေးသန့်စင်ခြင်း အဆင့်ရှိသည့် တစ်ဝက်တစ်ပြတ် သိုင်းသခင်တစ်ယောက် အနေနှင့် ဟန်လင်း၏ လစဉ်ဝင်ငွေဟာ ငွေ၂၀လျန်လောက် ရှိပါသည်။ နှစ်စဉ် ဝေစုခွဲမှုလည်း ရ၏။ အခြား ငွေနှင့် ဝယ်ယူ၍ မရသည့် အရင်းအမြစ်များလည်း ရသေးသည်။

ထိုသို့ဆိုလျှင်တောင် ဟန်မိသားစုဟာ မြို့အပြင်ပိုင်းရှိ သာမန်ဒေသတွင်သာ နေနိုင်၏။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဟန်လင်း၏ ဟန်ကျောက်အတွက် ကုန်ကျမှုတို့ကို ခန့်မှန်းကြည့်နိုင်ပေသည်။

ဝေနိုင်ငံတွင် ရွှေနှင့် ငွေတို့၏ အချိုးမှာ ၁အချိုး၁၀ ဖြစ်သည်။ သို့ပေမယ့် တကယ့် ပြင်ပတွင် ငွေ၁၀လျန်ကို ရွှေ၁လျန်နှင့် လဲလှယ်ရန် ခက်ခဲ၏။

ဟန်ကျောက်ဟာ ငွေနှင့် ဘဏ်စာရွက်များကို သိမ်းဆည်းလိုက်သည်။ ငွေစများမှာ ၁၈လျန်လောက် ရှိပြီး ဘဏ်စာရွက်များမှာ တစ်ရွက်လျှင် ငွေ၁၀လျန်တန်သည်။ စုစုပေါင်း သုံးရွက်ရှိပြီး အခြား အခြား ကြေးပြားအချို့လည်း ရှိသေး၏။ အားလုံးကို ပေါင်းလိုက်ပါက များပြားလှသည့် ငွေ၄၈လျန်ကို ရနိုင်သည်။

“ငွေဖြည့်မယ်”

ဟန်ကျောက်က ကြိုးစားကြည့်သည်။ သို့ပေမယ့် တုံ့ပြန်ခြင်းမရှိပေ။

“ဘာတုန်းဟ.. ငွေနဲ့ရွှေကို သွားလဲရဦးမှာလား။ အကုန်အကျ များဦးမယ်”

ဟန်ကျောက်ဟာ မနေနိုင်ပဲ ကျိန်ဆဲမိ၏။ ကြည့်ရတာ အာရုံသို့ စောင့်ပြီးမှ မြို့အတွင်းပိုင်းရှိ ဘဏ်သို့သွားကာ ရွှေနှင့် လဲလှယ်ရမည့် ပုံပါ။

“အခုအချိန်ကစပြီး ငါဘယ်လို နေထိုင်ရမလဲ”

ဟန်ကျောက်၏ ပုံစံက ပြောင်းလဲသွား၏။ ပိုးမျှင်တစ်ထောင်တွင် အခြေခံတည်ဆောက်မှု လိုအပ်နေပါသည်။ အတွင်းပိုင်း ခွန်အားကျင့်ကြံမှုအတွက် အသုံးမပြုနိုင်ပေ။ သိုပေမယ့် မြို့အပြင်လွှာရှိ လူများအတွက် ရတနာတစ်ခုဟု ဆိုနိုင်သေး၏။ ဟန်လင်း၏ သေဆုံးမှုပါ ပျံ့နှံ့သွားပါက လူရှုပ်သည့် ဈေးထဲတွင် ကလေးငယ်တစ်ယောက် ရွှေကိုင်ထားသည်နှင့် တူနေမှာပါ။

“ချက်ချင်း သန်မာအောင်လုပ်ပြီး နောက်ခံလည်း ရှာရမယ်”

မြို့ထဲရှိ သိုင်းသခင်များ ဖွင့်လှစ်ထားသည့် သိုင်းကျောင်းများမှာ သွားရောက်ရန် နေရာကောင်းဖြစ်သည်။ ပိုက်ဆံပေးပါက သူ့ကို လက်ခံမည်ဖြစ်၏။ သို့ရာတွင် သိုင်းကျောင်းတပည့်ဟူသည့် အချက်က လူအချို့ကိုသာ ယာယီ ဖိနှိပ်ထားနိုင်မည် ဖြစ်သည်။ အကောင်းဆုံး နည်းလမ်းမှာ ပြဿနာကျင့်စဉ်ကို တစ်ခါတည်း ရှင်းထုတ်ပစ်တာ ကောင်း၏။ ပိုးမျှင်တစ်ထောင်အညွှန်းကို သုံးကာ အကျိုးအမြတ် အမြင့်ဆုံးကို တောင်းရပေမည်။

..

ရှုပ်ထွေးသည့် ခံစားချက်တို့နှင့် ဟန်ကျောက်တစ်ယောက် အာရုံအထိတိုင် အိပ်ယာပေါ်တွင် ထိုင်နေခဲ့သည်။

အချိန်ကျလာပြီးနောက် ငွေနှင့် လျှို့ဝှက်ကျမ်းတို့ကို သိမ်းကာ အိပ်ယာပေါ်တွင် ရှိနေသည့် အနက်ရောင်အလုံးကို ကြည့်သည်။ ခဏတာ တုံ့ဆိုင်းနေပြီးနောက် ၎င်းကို အဝတ်တစ်ခုနှင့် ထုပ်ပိုးပြီး သံသေတ္တာအတွင်းသို့ ထည့်၏။ ထို့နောက် ကုတင်အောက်သို့ ထိုးသွင်းလိုက်သည်။

“စကွိ”

ဟန်ကျောက်ဟာ တံခါးကို တွန်းကာဖွင့်၏။ အေးစက်သည့် လေက တိုက်ခတ်လာပြီး လည်ပင်းပုကာ အင်္ကျီကော်လံအကြားသို့ မဝင်ရောက်စေရန် ကာကွယ်လိုက်သည်။ ဆောင်းကို သူမုန်း၏။

သူ၏ရှေ့တွင် ခြံဝန်းငယ်တစ်ခု ရှိနေပါသည်။ ညာဘက်တွင် အပင်ငယ်များကို အခင်းလေးနှင့် စိုက်ပျိုးထားပြီး မုန်လာပင်များကို တွေ့မြင်နိုင်၏။ ဘယ်ဘက်တွင် ပွင့်နေသည့် သစ်သားအကန့်များနှင့် စင်အချို့ရှိသည်။ စင်များပေါ်တွင် ဝါးဖြင့် ပြုလုပ်ထားသည့် ဇကာများရှိပြီး အသားခြောက်နှင့် မုန်လာခြောက်တို့ကို တွေ့မြင်နိုင်သည်။

အရှေ့ဘက်ရှိ ခြံစည်းရိုးနံရံတွင် တံမြက်စည်းတစ်ခု ထောင်ထားပြီး ခြံဝန်းအတွင်းတွင် လှဲကျင်းထားသည့် အရိပ်အယောင်တို့ကို တွေ့မြင်နိုင်သည်။ မြေပြင်ပေါ်ရှိ ခြေရာများကိုလည်း ရေးတေးတေး မြင်နိုင်၏။

ဟန်ကျောက်၏ နှလုံးသားက နွေးထွေးသွားသည်။ သူက တံမြက်စည်းကို ယူကာ ဟန်လင်း၏ ခြေရာများကို လှဲကျင်းလိုက်သည်။ ထို့နောက် တံခါးဆီသို့ လျှောက်သွားသည်။

လမ်းကြားအတွင်းသို့ လျှောက်လှမ်းရင်း အိမ်နီးနားချင်းများက အကြိမ်ကြိမ် နွေးထွေးစွာ နှုတ်ဆက်မှုကို တွေ့ရ၏။ သူဟာ မှတ်ဉာဏ်များအတိုင်း ပုံစံမပြတ်စေရန် တိတ်ဆိတ်စွာ တုံ့ပြန်ခေါင်းညှိတ်၏။

ရှင်းချောင်ဒေသဟာ မြို့၏ တောင်ဘက်တွင် ရှိသည်။ ဘဏ်မှာ အစည်ကားဆုံးဖြစ်သည့် မြို့အတွင်းပိုင်းရှိ ယုန်ဟီဒေသတွင် ရှိ၏။ ထို့ကြောင့် လမ်းကြောင်းမှန်ကို တွေ့ရပြီးနောက် မြောက်ဘက်သို့ လျှင်မြန်စွာ လျှောက်သွားလိုက်သည်။

ကျောက်နက်မြို့တွင် ဒေသဆယ်ခုကျော် ရှိပါသည်။ တစ်ခုချင်းစီတိုင်းဟာ ရွာငယ်တစ်ခုနှင့် တူညီ၏။ မြို့တွင်းပိုင်းဆီသို့ နီးကပ်လာသည်နှင့်အမျှ လမ်းများဟာ ပိုမိုကျယ်ပြန့်လာပြီး လူများလည်း ပိုမိုများပြားလာသည်။ အထုပ်များကို သယ်ဆောင်ထားသည့် လူများ၊ ကုန်စည်များနှင့် လှည်းများ၊ ဈေးသည်များ.. အစရှိသဖြင့် တွေ့ရ၏။

“လက်ဆတ်တဲ့ ဝက်သားပေါက်ဆီတွေရမယ်။ နှစ်ခုကို ကြေးပြား၁ပြားတည်း”

“ဂျုံပေါင်မုန့်တွေရမယ်။ ဟောဒီမှာ ဂျုံပေါင်မုန့်တွေရမယ်”

“အိုးတွေပြင်တယ်။ ထမင်းအိုးဟင်းအိုးတွေကို ဒီဘက်မှာ ပြင်ပေးနေတယ်”

ထို့အပြင် လက်ဖက်ရည်ဆိုင်များ၊ ထန်းရည်ဆိုင်များ၊ အပေါင်ဆိုင်များ၊ အလုပ်ရုံများနှင့် အခြား ဆိုင်ပေါင်းစုံတို့လည်း ရှိ၏။ ဆိုင်များအကြားရှိ နေရာလပ်တွင် ထီးကြီးများ မိုးထားကာ ရောင်းချသည့် လမ်းဘေးဈေးသည်များ ရှိကြ၏။ ဈေးသည်များဟာ လမ်းအတွင်းသို့ ဝင်ရောက်လာသည့် သူတောင်းစားကို အော်ဟစ်နေကြ၏။

လမ်းဟာ တောင်နှင့်မြောက်တစ်လျှောက် သွယ်တန်းထားသည်။ ဟန်ကျောက်ဟာ လမ်းအစွန်ဘက်မှ လျှောက်လှမ်းလာပြီး မြို့အတွင်းပိုင်းသို့ ဝင်ရောက်၏။ မြင့်မားသည့် မြို့တံတိုင်းကို ဗဟိုပြုကာ လမ်းနှစ်ဘက်တွင် ဆိုင်များက တန်းစီနေပါသည်။ ပိုမိုများပြားသည့် လမ်းသွားလမ်းလာများ၊ ကလေးများရှိကာ လမ်းများက ပိုမိုသန့်ရှင်း ကျယ်ပြန့်လာခဲ့သည်။ သတောင်းစားများလည်း သွားလာနေ၏။ အများစုဟာ ပျော်ရွှင်မှုနှင့် ပြည့်နှက်နေပါသည်။

မြို့တွင်းပိုင်း၊ မြို့အပြင်ပိုင်းနှင့် ဆင်းရဲသားရပ်ကွက်တို့ဟာ အလွှာသုံးခုအဖြစ် ပိုင်းခြားပြီး ကျောက်နက်မြို့တစ်ခုလုံးကို ဖန်တီးထား၏။

ရှည်ချက်.. နှစ်ပိုင်းစာလောက်ရှိတယ်.. ဟူးးး

All Chapters