(အဖြူရောင်ပါရမီ- ဓါးနှင့်ဆေဘာအမွှာ)
Vol. 1 Ch. 3
“ထားလိုက်ပါတော့.. အရင်ဆုံး ဆက်ပြီး အစမ်းရှင်သန်မှု လုပ်တာပေါ့”
ဟန်ကျောက်ဟာ ဆက်လက်တွေးတောခြင်း မပြုတော့ပေ။ ဘာပဲဖြစ်ဖြစ် စမ်းကြည့်ရင်းနှင့် အလိုလို သိလာနိုင်၏။
“စနစ်.. ဝင်ရောက်ခွင့်ကို ပေါင်းစပ်မယ်”
“တစ်ကြိမ်ပေါင်းစပ်ခြင်း- အချက်ပေးအပိုင်းအစ ၁၅ခုနှင့် ငွေ၂လျန်တို့ကို သုံးပါ။ သင်သည် တစ်ကြိမ်သုံး အခြေခံဝင်ရောက်ခွင့်(အစမ်းရှင်သန်ခြင်း)ကို သေချာပေါက် ရရှိနိုင်၏။ အဖြူရောင်ထူးကဲမှုပါရမီကို ရရှိနိုင်ချေ ၁%တိုးလာသည်”
“ဘာတုန်းဟ… ဘာလို့ ဈေးနှုန်းက တိုးသွားတာလဲ။ ပြီးတော့ ဒါက…”
ဟန်ကျောက်ဟာ စနစ်အချက်ပေးဇယားရှိ ပိုမိုများပြားသည့် စကားလုံးများကို သတိထားမိလိုက်သည်။
“ပိုမိုသန်မာလိုပါက ငွေကြေးကို အသုံးပြုရန် လိုအပ်သည်”
“ပေါင်းစပ်ခြင်း၏ ဈေးနှုန်းမှာ ခွန်အားတိုးမြင့်လာသည်နှင့်အမျှ ပိုမိုများပြားလာလိမ့်မည်။ ပိုမိုများပြားသည့် ငွေကြေးကို အသုံးပြုခြင်းက ပိုမိုမြင့်မားသည့် အဆင့်မြင့် ထူးကဲမှုပါရမီတို့ ရလာနိုင်မှုကို တိုးလာစေသည်”
“ဆယ်ကြိမ်ပေါင်းစပ်မှု ပြုပြီးပါက အဆင့်မြင့် ထူးကဲမှုပါရမီကို ရရှိနိုင်သည့် အခွင့်အရေးတစ်ခု ရှိသည်”
“ကောင်းလှချည်လား။ သုံးတာပေါ့ကွာ”
ရှေ့ရှိ အချက်ပေးမှုကို ကြည့်ကာ ဟန်ကျောက်တစ်ယောက် ဆက်လက်တုံ့ဆိုင်းမနေတော့ပေ။
“ပေါင်းစပ်မယ်”
“တစ်ကြိမ်သုံး အခြေခံဝင်ရောက်ခွင့်(အစမ်းရှင်သန်မှု)ကို ရရှိသည်။ အစမ်းရှင်သန်မှုကို စတင်မည်လား”
ပြီးခဲ့သည့် အစမ်းရှင်သန်မှုအရ သူဟာ အစမ်းရှင်သန်သည့် အချိန်များတွင် စနစ်ကို ပိုင်ဆိုင်ထားခြင်း မရှိတော့ပါ။ သာမန်ဆန်လှ၏။
လက်သီးအရှင်သခင် သိုင်းကျောင်းမှာ ကျောက်နက်မြို့ရှိ သိုင်းကျောင်းများစွာတို့ အထဲတွင် အဆင့်တစ်ချိတ်ပါသည်။ သူ၏ ပါရမီက အလွန်နိမ့်ပါးရာ ခက်ခဲမှု နည်းပါးသည့် သိုင်းပညာနှင့် ကျောင်းကို ရွေးချယ်သင့်ပေသည်။ ထိုကဲ့သို့ တွေးမိပြီးနောက် ဟန်ကျောက်ဟာ စတင် အစမ်းရှင်သန်မှု ပြု၏။
“၁၆နှစ်တွင် သင်၏ဖခင်ဟာ သေဆုံးခဲ့၏။ ဖုယွမ်ကြေးစားစောင့်ရှောက်သူ အဖွဲ့ဟာ ကြီးစွာ အရှုံးပေါ်ခဲ့ပြီး ကျောက်နက်မြို့မှ ပြောင်းရွှေ့သွားခဲ့သည်။ သင်၏ သက်ရှည်ကျမ်းမှာ ပထမအဆင့်၏ အသေးစားကျွမ်းကျင်မှုသို့ ရောက်ရှိနေ၏”
“သင်ဟာ တောင်ဖြိုလက်သီးသိုင်းကျောင်းသို့ သွားရောက်ပြီး ပိုးမျှင်တစ်ထောင်အညွှန်းကို သင်တန်းကြေးအဖြစ် ပေးဆောင်ကာ ထိုကျောင်းရှိ တပည့်တစ်ယောက် ဖြစ်လာခဲ့သည်”
“ငါးလကြာပြီးနောက် အရေအပြား သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိ၏”
“အသက်၂၃နှစ်တွင် တောင်ဖြိုလက်သီးကို အမှီပြုကာ အရိုးသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိပြီး သက်ရှည်ကျမ်းမှာလည်း ပထမအဆင့်၏ ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိသည်။ သင်ဟာ ကောင်းကင်လ လူဆိုဂိုဏ်းနှင့် လင်းယုန်ပျိုးထောင်ခြင်း စံအိမ်တို့သို့ ဝင်ရောက်ရန် ရွေးချယ်လိုက်သည်။ သူတို့၏ အမည်ခံအဖွဲ့ဝင်တစ်ယောက် ဖြစ်လာကာ နှစ်စဉ် ငွေ၁၅လျန်ကို ရရှိသည်။ သင်ဟာ သူတို့အတွက် တစ်နှစ်လျှင် တစ်ကြိမ်မျှ လှုပ်ရှားပေးရမည် ဖြစ်၏”
“အသက်၂၄နှစ်တွင် သင်၏ ကျင့်ကြံမှု အမြန်နှုန်းတို့ ပိုမိုနှေးကွေးလာသည်ဟု ခံစားရသည်။ သင်ဟာ မြန်နှုန်းမြှင့်တင်ရန် အရင်းအမြစ်တို့ကို လိုအပ်လာ၏”
“ပိုမိုများပြားသည့် ငွေကြေးတို့ကို ရရှိရန် ကောင်းကင်လ လူဆိုးဂိုဏ်းအတွက် ပိုင်နက်များကို ကူညီလုယုပေးကာ ငွေကြေးများစွာကို ရရှိခဲ့သည်”
“တိုက်ပွဲတစ်ခုတွင် သင်ဟာ အရိုးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်၏ ထုံးမှုန့်ဖြင့် ချောင်းမြောင်းပက်ကာ လုပ်ကြံမှုကြောင့် မျက်လုံးကန်းသွားခဲ့သည်။ အဆိပ်မြားတစ်စင်းလည်း ထိမှန်ပြီး နောက်ဆုံးတွင် ဓါးစိုက်ကာ သေဆုံးခဲ့ရ၏”
“ချီး…. ဆိုးလှချည်လား.. ထုံးမှုန့်၊ အဆိပ်မြား၊ ပြီးတော့ ဝိုင်းသတ်… ဒီကောင်တွေက ကိုယ်ချင်းစာစိတ် လုံးဝ မရှိဘူးပဲ။ ဒီကကောင်တွေ ဆိုးလှချည်လား”
ဟန်ကျောက်တစ်ယောက် အစမ်းရှင်သန်ခြင်းမှ အချက်အလက်များကို ကြည့်ကာ ဒီတစ်ကြိမ်တွင် သူဟာ အမြန်အောင်မြင်မှု ရရေးအတွက် စိတ်လောသွားသည်ဟု ခံစားရ၏။
သို့ရာတွင် ပြီးခဲ့သည့် ရှင်သန်မှုတွင် အသက်၂၅နှစ်မှ အရိုးသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိခဲ့ပြီး ပါရမီက ကုန်ခမ်းသွားခဲ့သည်။ သက်ရှည်ကျမ်းကိုလည်း ပထမအဆင့်ကို စတင်ရုံသာ ရှိခဲ့၏။ ဒီတစ်ကြိမ်တွင်တော့ အသက်၂၃နှစ်တွင် အရိုးသန့်စင်ခြင်း အဆင့်ကို ရောက်ရှိကာ အချိန်၂နှစ်ကြာ ပိုစောသွားခဲ့သည်။
ရှင်းလင်းစွာပင်… တောင်ဖြိုလက်သီး၏ အနည်းငယ် ပိုမိုလွယ်ကူလာမှုနှင့် သက်ရှည်ကျမ်းမှ အစစ်အမှန်ချီဟာ များစွာ ကူညီခဲ့သည့် ပုံပါ။ ထိုပုံကို ကြည့်ခြင်းအားဖြင့် သူ့တွင် လုံလောက်သည့် စွမ်းရည်မှတ်တို့သာ ရှိလာပါက သက်ရှည်ကျမ်းကို ဦးစားပေး မြှင့်တင်ပြီး အပြင်ပိုင်း ကျင့်ကြံမှု အမြန်နှုန်းကို တိုးလာစေနိုင်ပါသည်။
“အစမ်းရှင်သန်မှု ပြီးဆုံးသည်။ သင်သည် အောက်ပါများထဲမှ တစ်ခုကို ရွေးချယ်နိုင်၏”
“၁။ ထူးကဲမှုပါရမီကို ရရှိခြင်း(ရွေးချယ်နိုင်)”
“၂။ စွမ်းရည်မှတ်ကို ရရှိခြင်း”
“၃။ ဘဝအတွေ့အကြုံကို ရရှိခြင်း”
“လက်ရှိလက်ကျန်ငွေ- ရွှေ၁လျန်”
“ဟန်.. ဒီတစ်ခါတော့ ထူးကဲမှုပါရမီကို ရွေးချယ်လို့ ရပြီလား”
ဟန်ကျောက်ဟာ ပြီးခဲ့တုန်းက ရွေးချယ်နိုင်ခြင်း မရှိသည့် နံပါတ်၁ကို ရွေးချယ်နိုင်ကြောင်းအား နားလည်လိုက်၏။ ၎င်းဟာ မီးခိုးရောင် ဖြစ်မနေတော့ပေ။
မည်ကဲ့သို့ ရွေးချယ်ရမည်နည်း...
ရေရှည်တွင် ပါရမီကို မြှင့်တင်ခြင်းက အခြေခံကျပြီး ကျင့်ကြံမှု အမြန်နှုန်းကို တိုးမြင့်လာစေနိုင်သည်။ ပြီးခဲသည့် ဘဝတွင် ဂိမ်းထဲ၌ သူဟာ အလွန်အစွမ်းထက်သည့် ထူးကဲသည့် ပါရမီများကို ရရှိခဲ့၏။ အဖြူရောင် ပါရမီတွင်ပင် ပါရမီကောင်းများစွာ ရှိနေပါသည်။ သူ့ကိုယ်သူ အလွန် ကံဆိုးမည်ဟု ယုံကြည်ခြင်းမရှိပါ။
“ပါရမီပဲ”
ဟန်ကျောက်ဟာ ပါရမီတစ်ခုကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်၏။
“ဟူး”
အသက်ကို နက်ရှိုင်းစွာရှူပြီး လက်ဝါးနှစ်ဖက်ကို ဆုပ်ထားသည်။ ကောင်းကင်ကို ဆုတောင်းစွာ ကြည့်၏။ ပါးစပ်ကလည်း ရေရွတ်နေသေးသည်။
“ကျွန်တော် မသိလိုက်တဲ့ သေသွားတဲ့ ဖခင်ကြီး… ကျွန်တော့ကို ကောင်းချီးပေးပါ။ ချက်ချင်းပဲ အထိမ်းအမှတ် အုပ်ဂူလုပ်ပေးပြီး ပိုက်ဆံတွေလည်း မီးရှို့ပေးပါမယ်။ ပါရမီကောင်းတစ်ခုကို ရဖို့ ဖခင်ကြီးရဲ့ နောက်ဘဝက သက်တမ်း၁၀၀ကို သုံးစွဲပါမယ်။ ကျေးဇူးပါ။ အခွင့်အရေးရှိရင် ဆယ်ဆလောက် ပြန်ပေးပါမယ်”
ဆုတောင်းမှုပြုပြီးနောက် ဟန်ကျောက်ဟာ စနစ်၏ မျက်နှာပြင်ကို ကြည့်ရှုပြီး ရေရွတ်၏။
“နံပါတ်တစ်ကို ငါရွေးတယ်”
“ထူးကဲမှုပါရမီကို ရရှိသည်- ဓါးနှင့်ဆေဘာအမွှာ”
“ဓါးနှင့်ဆေဘာအမွှာ- အဖြူရောင်ပါရမီ- ဆေဘာတာအိုနှင့် ဓါးတာအို ပါရမီဟာ သုံးဆမျှ တိုးလာခဲ့သည််(ကျင့်ကြံခြင်းဖြင့် အစိမ်းရောင် ပါရမီအဖြစ်သို့ မြှင့်တင်နိုင်၏။ အမြင့်ဆုံး ရောက်နိုင်သည့် အကန့်အသတ်မှာ အပြာရောင်ပါရမီဖြစ်သည်”
“တကယ်အလုပ်ဖြစ်တာလား”
ဟန်ကျောက်ဟာ ငိုင်တိုင်သွား၏။ လျှင်မြန်စွာဖြင့် ကောင်းကင်ကို ကြည့်ကာ လက်သီးနှစ်ဖက်ကို ဆုပ်သည်။
“ခင်ဗျားက တကယ့်ကို ကျွန်တော့အဖေပဲ။ နောက်တစ်ကြိမ်လည်း အားကိုးပါဦးမယ်”
“ကံကို မှီခိုနေမယ့်အစား ပိုများတဲ့ ပါရမီတွေရအောင် ပိုက်ဆံရှာသင့်တယ်”
“မင်းဘာသာ ပိုက်ဆံလိုချင်နေတာမလား”
အလင်းမျက်နှာပြင်၏ ထောင့်ရှိ အချက်ပေးမှုက ဟန်ကျောက်ကို ကြည့်မရအောင် ဖြစ်စေ၏။
သို့ရာတွင် သူက ချက်ချင်းပင် စတင်စဉ်းစားသည်။ ဓါးအတတ်ကို လေ့လာရမည်လား၊ ဆေဘာအတတ်ကို လေ့လာရမည်လားဟူ၍ ဖြစ်၏။ ဆေဘာမှာ ကြီးစိုးလှသည်။ ဓါးမှာ သေသပ်ကာအထာကျသည်။
“ရှုပ်ထွေးနေတဲ့ လောကကြီးမှာ… လူတစ်ယောက်က ကြီးစိုးမှုကို မှီခိုသင့်တယ်”
ထိုကဲ့သို့ စဉ်းစားပြီးနောက် ဟန်ကျောက်ဟာ သူ၏ စိတ်ကူးအပေါ် လိုက်ပြီး ဆုံးဖြတ်ချက်တစ်ခုကို လုပ်လိုက်သည်။
“ဆေဘာကို သင်မယ်ကွာ”
“ပြီးရင် ဆေဘာဓါးတစ်ချောင်းနဲ့ ပိုက်ဆံအများကြီး ရှာမယ်”
သူဟာ အခြေအနေကို နားလည်ရန် ပြင်ပသို့ ထွက်ခွာသွား၏။ ထိုကဲ့သို့သော အရာမျိုးအတွက် သိုင်းကျောင်းများစွာတို့ကို သွားရောက်ကာ လှည့်လည်မေးမြန်းမှု ပြုစရာမလိုပါ။ လက်ဖက်ရည်ဆိုင်တစ်ခု အတွင်းရှိ ပုံပြင်ပြောသူ တစ်ယောက်လောက်ကိုသာ ရှာရန် လိုအပ်ပါသည််။ ကျောက်နက်မြို့ရှိ သိုင်းကျောင်းမျိုးစုံတို့မှ စိတ်ဝင်စားစရာ ပုံပြင်များဟာ ပုံပြင်ပြောသူများအတွက် အရန်သင့်ရှိသည့် ကုန်ကြမ်းများ ဖြစ်ကြ၏။
ဟန်ကျောက်ဟာ မြောက်ဘက်သို့ ဦးတည်လိုက်ပြီး မြစ်နံဘေးရှိ နေရာတစ်ခုသို့ ရောက်လာခဲ့သည်။ ကျောက်နက်မြို့တွင် ရွာလောက်ရှိသည့် ဒေသဆယ်ခု ပိုင်းခြားထား၏။ တစ်ခုချင်းစီ၌ သက်ဆိုင်ရာ ရှင်သန်မှု ပတ်ဝန်းကျင်တို့ကို ဖန်တီးထားသည်။
လက်ရှိဒေသဟာ မြို့တွင်းပိုင်းနှင့် နီးကပ်၏။ အထဲတွင် စားသောက်ဆိုင်ငယ်တစ်ခု ရှိပါသည်။ စားသောက်ဆိုင်၏ ပထမထပ်တွင် ပုံပြင်ပြောသူများ ရှိ၏။ လက်ဖက်ရည်တစ်အိုးစာ ကြေးပြား၁၀ပြားတို့ကို ပေးလိုက်ပါက တစ်နေကုန် နားထောင်နိုင်ပါသည််။
လက်ဖက်ရည်ဆိုင်သို့ ဟန်ကျောက်ရောက်စဉ်တွင် စောစီးစွာသာ ရှိနေပါသေးသည်။ ထို့ကြောင့် ပထမထပ်တွင် ဖောက်သည် အနည်းသာ ရှိ၏။ ဆံဖြူနှင့် အဖိုးအိုတစ်ယောက်ဟာ သစ်သားစားပွဲတစ်ခု၏ အနောက်တွင် ထိုင်ကာ နံရံကို မှီပြီး လက်ဖက်ရည်ကို သောက်နေပါသည််။ သူဟာ အစိမ်းရောင် စာပေသမားဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ခေါက်ယပ်တောင်တစ်ခုကို ကိုင်ဆောင်ထားသည်။ သူ၏ရှေ့တွင် စကားလုံးငယ်များဖြင့် ပြည့်နှက်နေသည့် စာရွက်အထပ်လိုက်တစ်ခု ရှိ၏။ သူဟာ ပုံပြင်ပြောသူတစ်ယောက် ဖြစ်ပါသည်။
ဟန်ကျောက်ဟာ သူ့ဆီသို့ လျှောက်သွားလိုက်သည်။ ဆံဖြူနှင့် အဖိုးအိုဟာ သူ့ဆီသို့ ချောမောသည့် လူငယ်တစ်ယောက် လျှောက်လာခြင်းကို တွေ့လိုက်ရသည်။ လက်ဖက်ရည်ခွက်ကို ချကာ မတ်တပ်ရပ်ပြီး လက်နှစ်ဖက်ကို ဆုပ်၏။
“သခင်လေး… ပုံပြင်နားထောင်ချင်လို့ဆို ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါ။ အခုက အချိန်မရောက်သေးလို့”
ဟန်ကျောက်ကလည်း ပြုံးကာ လက်နှစ်ဖက်ကို ဆုပ်သည်။
“တွေ့ရတာ ဝမ်းသာပါတယ် အဖိုး.. ကျွန်တော်က ဟန်ကျောက်ပါ။ ပုံပြင်အချို့ကို နားထောင်ဖို့ လာတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ကိစ္စအချို့ကိုလည်း မေးချင်တာ ရှိလို့ပါ”
“ကျွန်တော့ မျိုးရိုးနာမည်က ကျန်းပါ။ အခြားလူတွေက အဖိုးကျန်းလို့ ခေါ်ကြတယ်”
ဆံဖြူနှင့် အဖိုးအိုက ပြန်ပြော၏။ ဟန်ကျောက်၏ သိုင်းသမားများ၏ နှုတ်ဆက်ပုံကို သုံးခဲ့ခြင်းအား သတိထားမိပြီးနောက် သူက မေး၏။
“သခင်လေးက… သိုင်းပညာ သင်ချင်လို့လား မသိဘူး။ အဲ့ဒါကြောင့် သိုင်းကျောင်းတွေအကြောင်း မေးချင်တာများလား”
ဟန်ကျောက်က ပြုံးကာ ပြောသည်။
“ဟုတ်ပါတယ်ခင်ဗျ… အဖိုးကျန်း.. ကျွန်တော် ဆေဘာဓါးအတတ်ကို သင်ချင်တာ.. အဲ့ဒါ ဘယ်ကျောင်းတွေက ဆေဘာဓါးအတတ်ကို သင်ပေးကြလဲ မသိဘူး”
“သခင်လေးက လူမှန်ကို မေးမိတာပဲ။ ကျောက်နက်မြို့က ကြီးလည်းမကြီးဘူး။ သေးလည်းမသေးပြန်ဘူး.. သိုင်းကျောင်းမျိုးစုံကိုသာ လိုက်ပြီးမေးရင် မနက်ဖြန်ရောက်တာတောင် မေးလို့ပြီးမှာမဟုတ်ဘူး”
ဟန်ကျောက်၏ ခေါင်းညှိတ်ပုံကို တွေ့ရပြီးနောက် အဖိုးကျန်းက ပြုံးသည်။ သူ၏ အကြည့်က ဘေးရှိ သစ်သားဗန်းလေးပေါ်သို့ ကျရောက်သွား၏။ ထိုပုံကို တွေ့ရပြီးနောက် ဟန်ကျောက်က ကြေးပြားဆယ်ပြားကို ထုတ်ကာ ဗန်းထဲသို့ ထည့်လိုက်သည်။
“စားပွဲထိုး… လက်ဖက်ရည်ပို့ပေးပါဦး”
အဖိုးကျန်းက စားပွဲထိုးကို ပြော၏။
“ဧည့်သည်… ထိုင်ပါဦးဗျ.. မကြာခင် လာပို့ပေးပါမယ်” စားပွဲထိုးက အမြန်ရောက်လာပြီး သန့်ရှင်းနေပြီးဖြစ်သည့် ထိုင်ခုံကို ပုခုံးပေါ်ရှိ အဝတ်စုတ်နှင့် သုတ်ကာ ဟန်ကျောက်ကို ထိုင်နိုင်ပြီဖြစ်ကြောင်း လက်ဟန်ပြသည်။
“ဟုတ်ကဲ့”
ဟန်ကျောက်က ခေါင်းညှိတ်ကာ ထိုင်၏။
“အဖိုးကျန်း.. ကျေးဇူးပြုပြီး ပြောပြပါဦး”
အဖိုးကျန်းက သူ၏ မုတ်ဆိတ်ရှည်ကို သပ်သည်။ ယပ်တောင်ကို ဖွင့်ကာ သူ့ကိုယ်သူ နှစ်ကြိမ်လောက် ခပ်၏။ အေးစက်သည့် လေက မျက်နှာကို ရိုက်ခတ်သွားပြီး ချမ်းစိမ့်သွားရာ ခေါက်ယပ်တောင်ကို အမြန်ပြန်သိမ်းလိုက်သည်။ ထို့နောက် မနှေးမမြန်စွာ ပြော၏။ “သခင်လေးက လက်နက်ပိုင်းဆိုင်ရာကို လေ့လာချင်ရင်တော့ အရင်ဆုံး လက်သီးအရှင်သခင် သိုင်းကျောင်းကို သွားသင့်တယ်။ အဲ့ဒီသိုင်းကျောင်းက လက်သီးပညာကို သင်ကြားပေးပေမယ့် လုံလောက်တဲ့ပိုက်ဆံသာပေးရင် လှံအရှင်သခင် ကျောက်မိုရဲ့ နာမည်ကြီးလှံသိုင်းကိုလည်း သင်ကြားနိုင်လိမ့်မယ်။ ဒီကျောက်မိုက..”
“အဖိုးကျန်း… ကျေးဇူးပြုပြီး အရင်ဆုံး ဆေဘာဓါးသိုင်းကို သင်ပေးတဲ့ သိုင်းကျောင်းအကြောင်းကို ပြောပြပါလား။ ပြီးမှ အခြားသိုင်းကျောင်းတွေအကြောင်းကို ပြောပေါ့”
ဟန်ကျောက်က အမြန်တားသည်။ ဆက်လက်ပြောနေပါက လူပိုများပြာသောအခါ အလုပ်ကိစ္စကို ရောက်နိုင်မည် မဟုတ်တော့ပေ။
“ကောင်းပါပြီ”
ဟန်ကျောက်၏ လေးနက်သည့် ပုံစံကို တွေ့ရပြီးနောက် အဖိုးကျန်းဟာ အဓိကလိုရင်းကို ပြန်သွားသည်။
“ဆေဘာအတတ်ကို ပြောရရင်တော့.. တိမ်ပျံသိုင်းကျောင်းအကြောင်းကိုပဲ ပြောရလိမ့်မယ်။ တိမ်ပျံဆေဘာဓါး ဝေကန်းက ဒီမြို့မှာရှိတဲ့ ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်တွေအကြားက ထိပ်ဆုံးငါးယောက်ထဲမှာ ပါတယ်။ သူက အရမ်းသန်မာတာ။ ဒါပေမယ့်..” အဖိုးကျန်းဟာ ရုတ်တရက် အသံကို နှိမ့်လိုက်၏။
“တိမ်ပျံဆေဘာဓါးသိုင်းက လေ့ကျင့်ရ ခက်ခဲတာအတွက် နာမည်ကြီးတယ်။ အဲ့ဒီအပြင် ဝေကန်းကလည်း ပိုက်ဆံမက်တယ်။ သင်တန်းကြေးက အရမ်းဈေးကြီးတာ။ တစ်လကို ငွေ၄လျန်တောင် ရှိပြီး တစ်နှစ်စာ ပေးရတယ်။ တစ်ဝက်တစ်ပြတ်နဲ့ ထွက်မယ်ဆို ပေးထားတာတွေ ပြန်မအမ်းဘူး”
ဟန်ကျောက်တွင် သာမန်ထက်ပိုသည့် ဟန်ပန်ရှိပြီး သာမန်လူမဟုတ်ကြောင်းကို တွေ့ရပေမယ့် အဝတ်အစားများမှာ အထက်တန်းကျခြင်း မရှိရာ မြို့အတွင်းပိုင်းရှိ မိသားစုကြီးများမှ မဟုတ်ကြောင်းကို အဖိုးကျန်းခန့်မှန်းမိသည်။ ထို့ကြောင့် တိမ်ပျံဆေဘာအတွက် အခကြေးငွေကို ပေးနိုင်လောက်မည် မဟုတ်ပေ။ စိတ်ကောင်းဖြင့် သတိပေး၏။
“တိမ်ပျံဆေဘာဓါးကို သင်ဖို့ ကျွန်တော်မတတ်နိုင်ဘူး” ဟန်ကျောက်က ပြောင်ပြောင်ပင် ပြောသည်။ သင်တန်းကြေးတစ်ခုတည်းနှင့်ပင် အလွန်ဈေးကြီးလှ၏။ ထို့အပြင် ကောာင်းမွန်သည့် ဆေဘာဓါးတစ်ချောင်းကို ဝယ်ယူရန် အနည်းဆုံး ငွေ၈လျန်လောက် ကုန်ကျနိုင်ပါသည်။ မြင်းတစ်ကောင်၏ တန်ကြေးနှင့် ညီမျှ၏။
သိုင်းကျောင်းများ၏ အလွန် ဝင်ငွေကောင်းရခြင်း အကြောင်းမှာ ဖွင့်လှစ်ထားသည့် သိုင်းသခင်တွင် အတွင်းပိုင်း ခွန်အားကို ဖမ်းဆုပ်နိုင်လောက်သည့် ကျင်စဉ်ရှိပြီး မြို့တွင်းရှိ မိသားစုကြီးများမှ မျိုးဆက်သစ်များကို သင်ပေးလိုသောကြောင့် ဖြစ်၏။ မိသားစုကြီးများတွင် အဆင့်တူသည့် ကျင့်စဉ်တို့ ရှိလျှင်တောင် အဖွဲ့ဝင်အားလုံးတို့ကို ကျင့်ကြံရန် ပေးအပ်ခြင်းမပြုပါ။
ထို့အပြင် လူတိုင်း၏ အခြေခံနှင့် နားလည်သဘောပေါက်မှုမှာ ခြားနား၏။ သင့်တော်သည့် သိုင်းပညာကို ရှာဖွေရန် သိုင်းကျောင်းများက အရေးပါလှသည်။
ဟန်ကျောက်၏ ပိုးမျှင်တစ်ထောင်အညွှန်းမှာ သွေးသန့်စင်ခြင်း အဆင့်အထိသာ ကျင့်ကြံနိုင်၏။ သိုင်းသခင်ရှိသည့် အဖွဲ့အစည်းများက အလေးအနက်ထားမည် မဟုတ်ပေ။ ပိုက်ဆံအများကြီးနှင့် ရောင်းချလို့ရမည် မဟုတ်ပါ။ လောဘကြီးသည့် လူနှင့်သာ တွေ့ပါက တန်ကြေးဟာ ပိုမိုကာပင် ကြီးစွာ လျော့ကျသွားမှာပါ။
အဖိုးကျန်းက ဆက်လက်ပြောသည်။
“ကျန်တောကတော့ တောင်ဖြိုလက်သီး သိုင်းကျောင်းပဲ။ အဲ့ဒီသိုင်းကျောင်းက သိုင်းသခင်က လုယီပဲ။ သူ့ကို တောင်ခွဲဆေဘာဓါးရှင်လို့လည်း ခေါ်တယ်။ သူက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ကျော်တုန်းက ကျောက်နက်မြို့မှာ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက် ဖြစ်ခဲ့တယ်။ ကံဆိုးစွာပဲ အခုအချိန်မှာ လုယီက အိုမင်းနေပြီ။ အဲ့ဒီအပြင် ဒီနှစ်တွေအတွင်း သူသင်ကြားပေးခဲ့တဲ့ တပည့်တွေထဲမှာ သွေးသန့်စင်ခြင်းအဆင့်ကို ချိုးဖျက်တဲ့ လူအားလုံးက တောင်ဖြိုလက်သီးကိုပဲ ကျင့်ကြံကြတာ။ တောင်ခွဲဆေဘာဓါးသိုင်းကို ကျင့်ကြံတဲ့ အသန်မာဆုံးတပည့်က အရိုးသန့်စင်ခြင်း အဆင့်ကိုပဲ ရောက်သေးတယ်။ အဲ့ဒါကြောင့် တောင်ခွဲဆေဘာဓါးသိုင်းရဲ့ ဂုဏ်သတင်းက အရင်ကလောက် မကျော်ကြားတော့ပဲ လူအများကြီး မသင်ကြဘူး”
“ဒါပေမယ့်… လုယီက ဂုဏ်သတင်းကောင်းသူ ဖြစ်တယ်။ တောင်ဖြိုလက်သီးသိုင်းအတွက် သင်တန်းကြေးက တစ်လမှ ၁လျန်ပဲရှိတယ်။ ပြီးတော့ တောင်ခွဲဓါးသိုင်းအတွက် သင်တန်းကြေးက တစ်လမှ ၃လျန်ပဲရှိတယ်။ သုံးလစာပေးရပြီး တစ်ဝက်တစ်ပြတ်မှာ ထွက်ရင်လည်း ကျန်ရှိတဲ့ အချိန်အတွက် သင်တန်းကြေးကို ပြန်ပေးတယ်”
“အဲ့လိုလား”
ဟန်ကျောက်၏ မျက်လုံးများက လင်းလက်သွား၏။ နာမည်ကောင်းရှိခြင်းမှာ သူ့အတွက် အလွန်အရေးကြီးသည့် ကိစ္စဖြစ်သည်။ သင်တန်းကြေးကို အပြည့်မသင်ပါက ပြန်ပေးခြင်းကပင် လုယီ၏ စိတ်သဘောထားကို ပြသပြီး ဖြစ်၏။ ထို့အပြင် ဒုတိယမြောက် အစမ်းရှင်သန်ခြင်းတွင် သူဟာ တောင်ဖြိုလက်သီးကို သင်ကြားခဲ့ပြီး တော်တော်လေး ကံစပ်သည့်ပုံပါ။
လိုချင်သည့် အဖြေကို ရရှိပြီးနောက် ဟန်ကျောက်ဟာ ထွက်ခွာသွားရန် အလျှင်လိုမနေပါ။ ကြေးပြားဆယ်ပြားကို အလကား ဖြုန်းတီးလို့ မဖြစ်ပေ။ သူ၏ နိမ့်ပါးသည့် ပါရမီကြောင့် အိမ်တွင်သာ လေ့လာမှုပြုနေခဲ့ရာ လူဟာ အနည်းငယ် စကားနည်းလာခဲ့သည်။ မြို့အတွင်းရှိ အဖွဲ့များအကြောင်းကို ဟန်လင်းဆီမှ တစ်စွန်းတစ်စသာ ကြား၏။
ယခုအချိန်၌ အဖိုးကျန်းက ကျောက်နက်မြို့ရှိ ကိစ္စထူးများကို ပြောနေရာ သူ၏ နားလည်မှုတို့ကို နက်ရှိုင်းလာစေပါသည်။ အကြောင်းအရာများစွာတို့ဟာ ချဲ့ကားထားပုံ ပေါ်ပေမယ့် အသုံးဝင်သည်များလည်း များစွာ ပါရှိသည်။ ဤနည်းအားဖြင့် ဟန်ကျောက်ဟာ ဧည့်သည်များနှင့် ဆူညံလာသည်အထိ ထိုင်နေခဲ့၏။