← Chapters

(အပြန်၌)

Vol. 1 Ch. 5

(အပြန်၌)

Vol. 1 Ch. 5

“အင်း… မဆိုးပါဘူး။ မင်းရဲ့ အခြေခံက အနည်းငယ် လိုအပ်နေပေမယ့် ဆေဘာဓါးအပေါ် နားလည်သဘောပေါက်နိုင်စွမ်းကလည်း အရမ်းအရေးကြီးတယ်။ ဖြစ်နိုင်တာက နှစ်ဝက်အတွင်းမှာ တကယ်ပဲ အဆင့်ချိုးဖျက်နိုင်သွားမှာလည်း ဖြစ်နိုင်တယ်။ ကောင်းကောင်းလေ့ကျင့်ပါ”

လုယီဟာ စိတ်အခြေအနေ ကောင်းမွန်နေပြီး ဟန်ကျောက်ကို အားပေး၏။

“ကျွန်တော် သေချာပေါက် ကြိုးကြိုးစားစား လေ့ကျင့်ပြီး အမြန်ဆုံး အဆင့်တက်အောင် လုပ်မှာပါ”

ဟန်ကျောက်က လေးနက်စွာ ပြောသည်။ ဓါးနှင့်ဆေဘာအမွှာ၏ အထောက်အပံ့နှင့်ပင်လျှင် သူဟာ လုံးဝ ပျင်းရိနေမည် မဟုတ်ပေ။

“ကောင်းပြီ”

လုယီက လက်နှစ်ဖက်ကို ဆုပ်သည််။

“ဒီလိုဆိုရင်ရော… နှစ်ဝက်အတွင်းမှာ မင်းသာ အမှန်တကယ် ဆေဘာအတတ်ရဲ့ ပထမအဆင့်ကို သင်ယူနိုင်ရင်… မဟုတ်ဘူး… လေးလအတွင်းမှာ အရေအပြားသန့်စင်ခြင်း အဆင့်ကို ရောက်နိုင်ရင် မင်းကို အစောပိုင်းနှစ်တွေက ငါသုံးခဲ့တဲ့ ဆေဘာဓါးအပိုတစ်ချောင်းကို ပေးမယ်။ ဘယ်လိုလဲ”

“ကျေးဇူးအများကြီးတင်ပါတယ် ဆရာလု”

ဟန်ကျောက်၏ မျက်လုံးများက လင်းလက်သွားသည်။ ထိုကဲ့သို့သော ကိစ္စကောင်းလည်း ရှိသည်လား။

ကောင်းမွန်သည့် ဆေဘာဓါးတစ်ချောင်းဟာ ငွေ၇လျန်၊ ၈လျန်လောက် ရှိပါသည်။ ခွန်အား သန့်စင်ခြင်းအဆင့် သိုင်းသခင်တစ်ယောက် အနေနှင့် လုယီ၏ ဆေဘာဓါးမှာ အပိုတစ်‌ချောင်းသာ ဖြစ်လျှင်တောင် တန်ကြေးက နှစ်ဆမက ပိုမိုများပြားဖို့သာ ရှိပါသည်။

နောက်ထပ် ငွေ၁၀လျန်တို့ကို ရှာကာ အစမ်းရှင်သန်မှု တစ်ကြိမ် ပြုလုပ်ပြီး စွမ်းရည်မှတ်တို့နှင့် တိုးမြှင့်လို့လည်း ရ၏။ လေးအအတွင်း အဆင့်တက်ဖို့က မခက်ပေ။ ထို့အပြင် အားထုတ်ကျင့်ကြံလျှင်လည်းပဲ ရောက်နိုင်ပါသည်။ နောက်ဆုံးအကြိမ် အစမ်းရှင်သန်မှုတွင် သူဟာ ငါးလနှင့် အဆင့်မြင့်တက်ခဲ့၏။ တောင်ခွဲဆေဘာဓါးသိုင်းမှာ တောင်ဖြိုလက်သီးထက် ပိုမို ခက်ခဲ၏။ သို့ပေမယ့် သူ၏ ဆေဘာဓါးပါရမီ သုံးဆမှာ ဟန်ပြသက်သက် မဟုတ်ပေ။

“စိတ်မပူပါနဲ့.. ငါက ဘယ်တုန်းကမှ ကိုယ့်စကားကို မရုတ်သိမ်းတတ်ဘူး”

ဟန်ကျောက်၏ အံ့ဩနေသည့် ပုံကို တွေ့ရပြီးနောက် လုယီက မုတ်ဆိတ်များကို သပ်ကာ ပြောသည်။ စကားတည်သည့် ဂုဏ်သရေရှိ လူကြီးတစ်ယောက်သဖွယ် ရှိနေ၏။

မုတ်ဆိတ်ကို သပ်ရင်းမှ အစေ့ခွံက ပြုတ်ကျလာခဲ့သည်။ သူ၏ အပြုံးတို့ ပြုတ်ကွယ်သွားပြီး အခွံကို ညှစ်၏။

“ကျေးဇူးတင်ပါတယ် ဆရာလု”

ဟန်ကျောက်က ခေါင်းငုံ့ကာ မည်သည်ကိုမှ မမြင်ခဲ့ဟန် ရှိသည်။

လုယီက ဘေးရှိ ထိပ်ပြောင်လူငယ်ကို ညွှန်ပြကာ ပြော၏။

“ဒီအသားမဲမဲနဲ့ တစ်ယောက်ကို ကျောက်ယွမ်ထုလို့ ခေါ်တယ်။ သူက မင်းရဲ့ စီနီယာအစ်ကိုကြီးပဲ။ အခြေခံတွေကို သူသင်ပေးလိမ့်မယ်။ ဆေဘာဓါးသိုင်းကိုတော့ ငါကိုယ်တိုင် သင်ပေးမယ်။ နောင်မှာ မွန်းလွဲပိုင်း စောစော လာခဲ့လိုက်”

“ဟုတ်ကဲ့ပါ ဆရာလု”

“စီနီယာအစ်ကိုကို တွေ့ဆုံပါတယ်”

“ဟီးဟီး… မင်္ဂလာပါ ဂျူနီယာညီလေးဟန်။ ငါနဲ့လိုက်ခဲ့.. မင်းရဲ့ လေ့ကျင့်‌ရေး ဝတ်စုံတွေပေးပြီး အခြေခံလေ့ကျင့်ရေး နည်းလမ်းတွေ သင်ပေးမယ်။ အခုကစပြီး မင်းလေ့ကျင့်လို့ရပြီ”

ကျောက်ယွမ်ထုမှာ ကြမ်းကြုတ်သည့် အသွင်သဏ္ဍာန် ရှိပေမယ့် သူ၏ ရယ်သံက ရိုးရှင်းကာ ဖော်ရွေသည်။

“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကြီး”

ဟန်ကျောက်က နောက်မှလိုက်၏။

“ဟန်”

လုယီက ရုတ်တရက် ဟန်ကျောက်ကို ခေါ်၏။

“ဟုတ်ကဲ့ဆရာလု”

ဟန်ကျောက်က လှည့်ကာကြည့်သည်။

လုယီက သူ၏ အနည်းငယ် နီရဲနေသည့် မျက်လုံးများကို ကြည့်ကာ အသံနိမ့်စွာ ပြောသည်။

“သေခြင်းရှင်ခြင်းကို ကံတရားက ဆုံးဖြတ်ပြီး အောင်မြင်မှုက လူအပေါ်မှာ မူတည်တယ်။ ဒီလို ပရမ်းပတာ လောကကြီးမှာ ပိုသန်မာလာတာကပဲ လူတစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲနိုင်မယ်”

“သင်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာလု.. ကျွန်တော် မှတ်သားထားပါမယ်”

“သွားတော့”

“ဟုတ်ကဲ့.. ကျွန်တော်သွားပါဦးမယ်”

“ပြီးတော့…”

“ဗျာဆရာလု”

ဟန်ကျောက်က ရပ်သွားပြန်၏။ လုယီက အစေ့လှော်တစ်ဆုပ်ကို ယူသည်။

“ဒီမှာ အရမ်းကြီး ယဉ်ကျေးနေစရာ မလိုဘူး”

“အာ.. ဟုတ်ကဲ့”

ကျောက်ယွမ်တုက ဟန်ကျောက်ကို လေ့ကျင့်ရေးဝတ်စုံတစ်ခုလဲက လဲစေသည်။ ထို့နောက် အခြေခံ ခန္ဓာကိုယ် ကျင့်ကြံခြင်း နည်းလမ်းများကို သင်ပေး၏။

ထိုအထူးလေ့ကျင့်ရေး နည်းလမ်းအတိုင်း လေ့ကျင့်ရင်း မကြာခင်် သူ၏ခန္ဓာကိုယ်ဟာ စတင်ချွေးထွက်လာခဲ့သည်။ အရေအပြားနှင့် အသားတို့ တင်းကြပ်နေသည်ဟု ခံစားရ၏။ ခန္ဓာကိုယ်ပေါ်၌ နာကျင်မှုဟာ လျှင်မြန်စွာ ရောက်ရှိလာခဲ့သည်။ ဤနည်းအားဖြင့် ဟန်ကျောက်ဟာ ညနေအထိ လေ့ကျင့်ခဲ့၏။

အနောက်ဘက်တွင် နေက သက်ဆင်းလာလေပြီ။ ကျောက်ယွမ်ထုဟာ ခြံဝန်းလယ်သို့ ကြီးမားသည့် သစ်သားစည်ကြီး တစ်ခုကို သယ်လာကာ တပည့်များလည်း လေ့ကျင့်မှု ရပ်တန့်သွားကြသည်။ ဟန်ကျောက်လည်းပဲ ရပ်လိုက်၏။ တပည့်များဟာ တစ်နေရာမှ ပန်းကန်လုံးများကို ယူပြီး ကျောက်ယွမ်ထုရှေ့တွင် သုံးတန်း တန်းစီကြသည်။

ကျောက်ယွမ်ထုက ဝိုင်းစက်သည့် သစ်သားဇွန်းတစ်ခုကို ယူကာ အငွေ့တထောင်းထောင်းနှင့် အနီရောင် အရည်များကို လူတိုင်း၏ ပန်းကန်ထဲသို့ ထည့်ပေး၏။ ပန်းပန်လုံးအရွယ်အစားများမှာ တူညီခြင်း မရှိပေမယ့် အရည်ကိုတော့ နှစ်ဇွန်းသာလျှင် အတိအကျ ထည့်ပေးသည်။

မကြာခင် အတန်းကြီးဟာ ပြီးဆုံးသွားပြီး ဟန်ကျောက်၏ အလှည့်သို့ ရောက်ရှိလာ၏။ ကျောက်ယွမ်ထုက ပန်းကန်လုံးတစ်ခုကို ထုတ်ကာ သူ့ကိုပေးသည်။ “ဂျူနီယာညီလေး… ဒါက ဖြတ်လတ်ခြင်းစွပ်ပြုတ်ပဲ။ တပည့်တိုင်းကို တစ်နေ့မှာ တစ်ပန်းကန် တိုက်တယ်။ သောက်ပြီး ညကျ ကောင်းကောင်းအိပ်။ မနက်ဖြန်ကျရင် မင်းရဲ့ခန္ဓာကိုယ် နာနေတော့မှာ မဟုတ်ဘူး။ အိုး.. ဒါနဲ့.. မနက်ဖြန် မင်းရဲ့ ကိုယ်ပိုင်ပန်းကန်လုံးကို ယူခဲ့နော်”

“ဟုတ်ကဲ့ပါ အစ်ကိုကြီး”

ဟန်ကျောက်က ပန်းကန်လုံးကိုယူသည်။ ဒီအနီရောင် အရည်များဟာ လက်တစ်အက်ဆစ်(ပြင်းထန်သော လေ့ကျင့်မှုတွင် ကြွက်သားများ၌ ပေါ်လာတတ်သည့်အရာ) စုစည်းမှုကြောင့် ဖြစ်ပေါ်စေသည့် နာကျင်ကိုက်ခဲမှုတို့ကို ဖယ်ရှားပေးနိုင်သည်ဟု ဆို၏။ ပြီးခဲ့သည့် ဘဝတွင်သာ ဆိုပါက နတ်ဘုရားဆေးတစ်မျိုး ဖြစ်မှာပါ။ ကျောက်ယွမ်ထုဟာ သစ်သားစည်ကို အနည်းငယ် ထောင်လိုက်ပြီး စွပ်ပြုတ်နှစ်ခွက်ကို ခပ်ကာ ဟန်ကျောက်ကို ထည့်ပေးသည်။ ထို့နောက် နောက်ထပ် ဇွန်းတစ်ဝက်ကို ထပ်ထည့်ပေး၏။ ဟန်ကျောက်က ကြောင်တောင်သွားသည်။ ကျောက်ယွမ်ထုက ပြော၏။ “ဒါက ဆရာခိုင်းထားတာ။ ပူနေတုန်း သောက်လိုက်။ အေးသွားရင် အာနိသင် ကျဆင်းသွားလိမ့်မယ်”

သူက ပြောရင်းနှင့် နောက်ထပ်နှစ်ဇွန်းတို့ကို သူ့အတွက် ခပ်လိုက်သည်။ သစ်သားစည်ထဲတွင် စွပ်ပြုတ်အနည်းငယ် ကျန်နေဆဲ ရှိ၏။ ကျောက်ယွမ်ထုက အားလုံးကုန်အောင် ခပ်ခြင်းမပြုပါ။

ဟန်ကျောက်ဟာ သွေးချီအားကောင်းသည့် ဖြတ်လတ်ခြင်း စွပ်ပြုတ်ကို အနည်းငယ် သောက်ကြည့်၏။ ထင်ထားသလောက် ပူခြင်းမရှိပါ။ အရည်ဟာ အစာအိမ်သို့ ရောက်ရှိပြီးနောက် မကြာခင် သက်တောင့်သက်သာ ရှိလှသည့် ခံစားချက်တစ်ခုက လူတစ်ကိုယ်လုံးကို ပျံ့နှံ့သွားသည်။

“အစွမ်းပြတာ မြန်လှချည်လား”

ဟန်ကျောက်ဟာ အနည်းငယ် အံ့ဩသွား၏။ သို့ပေမယ့် သူ၏ ပုံစံက ပြောင်းလဲခြင်း မရှိပေ။ ပတ်ဝန်းကျင်ကို စူးစမ်းရင်းမှ ပါးစပ်တစ်လုံးအပြည့် သောက်၏။

တပည့်များဟာ သက်ဆိုင်ရာ ရင်းနှီးမှုအရ နှစ်ဖွဲ့သုံးဖွဲ့ အစုလိုက် ရှိနေကြသည်။ သူတို့ဟာ တူညီသည့် ဝတ်စုံကို ဝတ်ထားကြပေမယ့် အပြုအမူနှင့် အသွင်သဏ္ဍာန်တို့အရ လူတိုင်း၏ နောက်ခံကို အကြမ်းဖျင်း မှန်းဆလို့ရပါသည်။ စွပ်ပြုတ်ကို သောက်ပြီးနောက် မျက်နှာတို့ ပြုံးရွှင်နေပြီး လျှာကိုထုတ်ကာ ပန်းကန်လုံးကို ရပ်နေသည့် တပည့်များဆိုလျှင် ပြောစရာပင် မလိုပေ။

“လာကြ လာကြ.. ရေရောက်ပြီ”

ခဏအကြာ၌ ထူထဲသည့် မျက်ခုံးများနှင့် လူငယ်တစ်ယောက်ဟာ မျက်လုံးဝိုင်းများဖြင့် ခြံဝန်းထဲသို့ ဝင်ာလခဲ့၏။ ရေနွေးအိုးတစ်ခုကို ကိုင်ထားသည်။ သူက ဆူပွက်နေသည့် ရေကို သစ်သားစည်အတွင်းသို့ လောင်းထည့်ပြီး သစ်သားဇွန်းကြီးဖြင့် ကျန်ရှိသည့် စွပ်ပြုတ်များကို ရောသမသွားရောင် မွှေ၏။

“ငါ့ကို တစ်ဇွန်းလောက်ပေးဦး”

“ငါရောပဲ”

“မတွန်းနဲ့ဟ”

တပည့်တစ်ဝက်လောက်ဟာ အမြန်လာဝိုင်းလာကြ၏။ သူတို့ဟာ ပန်းကန်များကို မြှောက်ပြီး အကြည်ရောင်ပြောင်းလုနီးပါး ရှိနေသည့် စည်အတွင်းမှ စွပ်ပြုတ်တို့ကို စူးစိုက်စွာ ကြည့်နေပါသည်။ ဒီတစ်ကြိမ်တွင် နောက်ကျမည်စိုး၍ မည်သူမှ တန်းမစီကြပါ။ ဟန်ကျောက်လည်း နောက်ဆုံးတွင် ကျောက်ယွမ်ထု၏ စွပ်ပြုတ်အချို့ ချန်ထားရခြင်း အကြောင်းကို နားလည်သွားသည်။

“လက်သီးသိုင်းကို လေ့ကျင့်တဲ့ တပည့်တွေက မကြခဏ ပျောက်သွားကြတယ်။ အများစုက သုံးလအတွင်းမှာ အဆင့်မတက်နိုင်ရင် ထပ်မလာကြတော့ဘူး။ သူတို့ရဲ့ မိသားစုက မထောက်ပံ့နိုင်တော့ဘူးလေ”

ကျောက်ယွမ်ထုက အသံနိမ့်စွာ ပြောသည်။ ခြံဝန်း

အလယ်ရှိ ဆူညံနေသည့် တပည့်များနှင့် ထွက်ခွာသွားသည့် တပည့်တစ်စိတ်တစ်ပိုင်းကို ကြည့်ကာ လုယီဟာ ထိုမြင်ကွင်းကို နေသားကျနေပြီး ဖြစ်သည့်ပုံပါ။ အေးအေးလူလူပင် အစေ့လှော်ကို စားနေ၏။

ထိုအချိန်၌ သူ၏နောက်ရှိ ခြံဝန်းအတွင်းမှ အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးနှစ်ယောက်တို့ လျှောက်ထွက်လာကြသည်။ အားလုံးဟာ ကြည့်ကောင်းကြ၏။ လေးယောက်သားဟာ ခါးများတွင် ဆေဘာဓါးရှည်များကို ချိတ်ဆွဲထားကြသည်။ သူတို့ဝတ်ဆင်ထားသည့် လေ့ကျင့်ရေး အဝတ်များမှာလည်း အရောင်ခြားနားပြီး ပိုမိုတင့်တယ်၏။ သိသာစွာပင် အလွန်ဈေးကြီးသည့် ပုံပါ။

သူတို့ဟာ ခြံဝန်းအလယ်ရှိ ဆူညံနေသည့် တပည့်များကို သဘောမကျသည့် ပုံပါ။ လုယီကို လာရောက်နှုတ်ဆက်ပြီးနောက် ထွက်ခွာသွားကြ၏။

..

အပြန်လမ်းတွင် ဟန်ကျောက်၏ နောက်ကျောဟာ နေရောင်ဘက်သို့ လှည့်နေခဲ့သည်။ မိုးကုပ်စက်ဝိုင်းအောက်တွင် သူ၏အရိပ်ဟာ ပိုမို၊ ပိုမိုကာ ရှည်လျားလာ၏။

ရှင်းချောင်ဒေသသို့ ပြန်ရောက်ချိန်တွင်..

သူ့အိမ်၏ အပြင်ဘက်ရှိ လမ်းကြားသို့ ရောက်တော့မည်အပြု၌ တစ်ယောက်ယောက်က နောက်မှ လိုက်နေကြောင်းကို သတိထားမိလိုက်သည်။ လှည့်ကြည့်ပြီးနောက် အနက်ရောင်ဝတ်စုံနှင့် သန်မာသည့် လူနှစ်ယောက်တို့ မလှမ်းမကမ်းမှ သူ့ကို ကြည့်နေကြောင်းကို တွေ့လိုက်ရသည်။ သူ၏ ဝတ်စုံကို တွေ့ရပြီးနောက် ထိုလူများ၏ ပုံစံက ပြောင်းလဲသွားသည်။

ဟန်ကျောက်ဟာ ဆက်လက်လျှောက်လှမ်းခဲ့၏။ ထိုနှစ်ယောက်ဟာ ဆက်လိုက်ခြင်း မပြုတော့ပေ။ တံခါးရှေ့သို့ ရောက်ရှိပြီးနောက် ဟန်ကျောက်က သော့ကိုထုတ်၏။ ခြံဝန်းတံခါးကို ဖွင့်တော့မည့်အချိန်၌ ရပ်တန့်သွားသည်။

ခြံနံရံ၏ ထောင့်တွင် ရွှံ့ရာများ ရှိနေ၏။ တံခါးအပြင်ဘက်၌ အသက်ရှူသံကိုလည်း ကြားရသည်။ အသံက အလွန်ပျော့ပြောင်းပေမယ့် သူ၏ လက်ရှိကြားနိုင်စွမ်းဖြင့် ကြားနိုင်နေပြီ ဖြစ်သည်။ အထူးသဖြင့် အစစ်အမှန်ချီကို လှည့်လည်လိုက်ပြီးနောက် နံရံနှင့် အဝတ်တို့ ပွတ်တိုက်သည့် အသံကိုပင် ကြားနိုင်လာခဲ့သည်။

All Chapters