← Chapters

(ရင်းနှီးမြှုပ်နှံမှု)

Vol. 1 Ch. 10

(ရင်းနှီးမြှုပ်နှံမှု)

Vol. 1 Ch. 10

“ဂုဏ်ယူပါတယ် ဟန်ကျောက်”

အပြင်ဘက်တွင် လက်သီးသိုင်းကျင့်ကြံနေကြသည့် အချို့ တပ်ည့များလည်း ရောက်ရှိလာပြီး သူ့ကို ဝိုင်းလာကြသည်။ ဟန်ကျောက်နှင့် ရင်းနှီးသူများက ဂုဏ်ပြုစကား ပြောကြ၏။ သိုင်းကျောင်းရှိ တပည့်များ၏ စီးဆင်းမှုဟာ အလွန်မြန်ဆန်လှသည်။ လစဉ်လတိုင်းတွင် လက်လျှော့သွားသည့် လူဟောင်းများနှင့် အသစ်ဝင်လာကြသည့် လူသစ်များ ရှိကြ၏။

သူတို့ကဲ့သို့ လက်သီးကျင့်ကြံသူများအတွက် နှစ်ဝက်အတွင်း အဆင့်ချိုးဖျက်နိုင်သည်ကပင် တော်တော်လေး ကောင်းနေပါပြီ။ ဒီလောကကြီးတွင် ခွန်အားမှာ ပိုက်ဆံရှာနိုင်သည့် အရာဖြစ်၏။ အရေအပြား သန့်စင်ခြင်းအဆင့်သာ ဖြစ်လျှင်တောင် အနာဂတ်တွင် အေးအေးဆေးဆေး နေနိုင်ပါပြီ။ လူပေါင်းများစွာဟာ အားကျနေကြပြီး အားကုန် ဆက်လက်လေ့ကျင့်ကြ၏။

ခဏအကြာ၌ လုယီတစ်ယောက် လျှောက်ထွက်လာခဲ့သည်။ ဟန်ကျောက်၏ နံဘေးသို့ လာကာ အင်္ကျီလက်များကို တင်ပြီး နှစ်ကြိမ် တောက်ကြည့်၏။ ဟန်ကျောက်ဟာ သူ၏လက်၌ ပူလောင်လာသည်ဟု ခံစားရသည်။ ကြွက်သားများဟာ စတင်ကျုံ့လာ၏။

“မဆိုးဘူး”

လုယီက ခေါင်းညှိတ်သည်။ ဟန်ကျောက်၏ အခြေခံဟာ အနည်းငယ် အားနည်းပေမယ့် ခွန်အားပိုမိုကြီးမားသည့် အထူးခန္ဓာကိုယ်တစ်ခု အမှန်တကယ် ရှိနေ၏။ အဆင့်တက်တိုင်းတွင် သာမန်လူများထက် ပိုမိုသန်မာနေမှာ ဖြစ်သည်။ အထူးသဖြင့် သွေးသန့်စင်ခြင်း အဆင့်၌ ဖြစ်၏။ သူ၏ သွေးချီများဟာ အဆင့်တူသူများထက် များစွာ ပိုမိုသန်မာ၏။ ထိုသို့ဆိုပါက အတွင်းပိုင်းခွန်အားကို ကျင့်ကြံရန် အခွင့်အရေးတစ်ခု ရှိနေပါသေးသည်။

လုယီဟာ မြေပြင်ပေါ်မှ ကျိုးနေသည့် သစ်ပိုင်းကို ကြည့်၏။ ထို့နောက် ဘေးရှိ အကောင်းအတိုင်း ရှိနေသည့် သစ်တိုင်ကို ညွှန်ပြသည်။

“ဟန်ကျောက်… မင်းရဲ့ အားကုန်နဲ့ ထပ်ပြီး ပိုင်းကြည့်”

“ဟုတ်ကဲ့”

ဟန်ကျောက်ဟာ နောက်ထပ် သစ်တိုင်ဆီသို့ သွားလိုက်ပြီး မတ်တပ်ရပ်၏။ ခန္ဓာကိုယ်ရှိ ခွန်အားတို့ကို စုစည်းကာ ရုတ်တရက် ခုတ်ပိုင်းလိုက်သည်။

“ခရက်”

ဓါးသွားဟာ သစ်တိုင်၏ တစ်ဝက်တွင် ရပ်တန့်သွား၏။

“ဒါက အရေအပြား သန့်စင်ခြင်း အဆင့်လား”

လက်ရှိခုတ်ပိုင်းမှုဟာ ဟန်ကျောက်ကို သူ၏ ကိုယ်ပိုင်ခွန်အားအား ပိုမိုနားလည်လာစေ၏။ ခန္ဓာကိုယ် ကြံ့ခိုင်မှုဟာ သိသာစွာ တိုးပွားလာခဲ့သည်။ ပြီးခဲ့တုန်းက သစ်တိုင်များကို ခုတ်ပိုင်းစဉ်တွင် သူ၏ လက်များဟာ အချိန်ကြာလာသည်နှင့်အမျှ နာကျင်စွာဖြင့် ရောင်ရမ်းလာတတ်၏။ ပြန်လည်ကောင်းမွန်အောင် ဖြတ်လတ်ခြင်း စွပ်ပြုတ်အား သောက်ပေးရန် လိုအပ်၏။ ယခုအချိန်တွင်တော့ အားကုန် ခုတ်ပိုင်းတာတောင် မည်သည်ကိုမှ ခံစားရခြင်း မရှိတော့ပေ။

အဆင့်မတက်ခင် ခုတ်ချက်များ၌ သူဟာ အစစ်အမှန်ချီကို တိတ်တဆိတ် သုံးခဲ့သေးသည်။ သို့ရာတွင် သစ်သားပေါ်၌ ပိုမိုနက်ရှိုင်းသည့် ဓါးရာသာ ချန်ရစ်နိုင်၏။ အဆင့်တက်စဉ်တွင်တော့ ခန္ဓာကိုယ်ခွန်အားရော အစစ်အမှန်ချီရောပါ တစ်ခါတည်း သုံးခဲ့သည်။ သစ်သားတိုင်(သို့) လူသားတစ်ယောက်ကို နှစ်ပိုင်းဖြတ်နိုင်လာ၏။ လက်ရှိအချိန်၌ လုယီရှိနေရာ အစစ်အမှန်ချီကို အသုံးပြုရဲခြင်း မရှိပေ။

“မင်းရဲ့ခွန်အားက သာမန် အရေအပြား သန့်စင်ခြင်း အဆင့်တွေထက် တကယ်ပဲ အများကြီး ပိုသန်မာတယ်။ ဒါပေမယ့် ဒီဗိုင်းခွန်အားနဲ့ အထူးခန္ဓာကိုယ်မျိုးတော့ မဟုတ်ဘူး”

လုယီက ခေါင်းညှိတ်သည်။ သူ၏မျက်လုံးများထဲ၌ စိတ်ပျက်မှုအချို့ ဖြတ်သန်းသွား၏။

“ဆိုးလိုက်တာ”

ဟန်ကျောက်က ခေါင်းငုံ့သွားပြီး နောင်တရသည့်အသွင် လုပ်သည်။ လုယီဟာ သူ့အပေါ် အမှန်တကယ် ကောင်း၏။ အခွင့်အရေးရှိပါက ပြန်လည်ပေးဆောင် ရပေမည်။ သို့ပေမယ့် အစစ်အမှန်ချီ ကိစ္စကတော့ ထုတ်ဖော်လို့မရပေ။ လူသားများ၏ သဘာဝကို ဘယ်တော့မှ လောင်းကြေးထပ်လို့ မဖြစ်ပေ။

“မင်းက ဒီဗိုင်းခွန်အားနဲ့ မွေးမလာပေမယ့် သွေးချီတွေကတော့ အရမ်းအားကောင်းတယ်။ အပျင်းမခိုပဲ ဆက်ပြီးကြိုးစား”

လုယီက နှစ်သိမ့်၏။

“ဟုတ်ကဲ့ပါဆရာ”

ဟန်ကျောက်က လက်သီးနှစ်ဖက်ကို ဆုပ်သည်။ လုယီက ခေါင်းညှိတ်ကာ နောက်လှည့်ပြီး ထွက်ခွာသွား၏။ ဟန်ကျောက်က လက်ထဲရှိ တောက်ပသည့် ငွေဆေဘာဓါးကို ကြည့်ကာ လုယီ၏ နောက်ကျောကို ကြည့်သည်။ ပါးစပ်ကိုဟ၏။

“အိုး… ဒါနဲ့”

လုယီက ရုတ်တရက် ရပ်တန့်သွားပြီး နောက်ပြန်လှည့်၏။ ဟန်ကျောက်လက်ထဲရှိ ဆေဘာကို လက်ညှိုးထိုးကာ ပြောသည်။

“သဘောတူညီချက် အတိုင်း ဒီငွေနှင်းဆေဘာဓါးက မင်းအပိုင်ဖြစ်သွားပြီ”

“ကျေးဇူးတင်ပါတယ် ဆရာလု”

ဟန်ကျောက်က ပြုံးကာ အနည်းငယ် ခါးညွှတ်သည်။

“ဂျူနီယာမောင်လေးဟန်.. ဂုဏ်ယူပါတယ်”

သေးသွယ်သည့် မိန်းကလေးတစ်ယောက်က ရှေ့တက်လာပြီး လက်သီးနှစ်ဖက်ကို ဆုပ်ကာ ဟန်ကျောက်ကို ပြောသည်။ ဤသည်မှာတော့ ရှလင်ဖြစ်၏။

ရှလင်ဟာ သေးသွယ်ကျစ်လစ်သည့် ခန္ဓာကိုယ်ရှိသည်။ မျက်နှာဝိုင်းလေးနှင့် ကြည့်ရတာ ချစ်ဖို့ကောင်း၏။ တစ်ချက်ကြည့်သည်နှင့် အရွယ်မရောက်သေးဟု ထင်ရသည်။ သူမ၏ အကျင့်စရိုက်မှာလည်း မဆိုးလှပေ။

သူမဟာ လွှမ်းမိုးမှုကြီးမားသည့် ဆေဘာအတတ်နှင့်မူ မသင့်တော်ဟု ခံစားရ၏။ ပိုမို သွက်လက်မြန်ဆန်သည့် ဓါးသိုင်းနှင့် လိုက်ဖက်ညီမည်ဟု ထင်ရ၏။ သို့ရာတွင် သူ၏ စီနီယာအစ်မ အင်္ကျီလက်တင်ထားချိန်တိုင်းတွင် ကြွက်သားများနှင့် ပြည့်နှက်နေသည့် လက်များကို ဟန်ကျောက်တစ်ယောက် တွေ့မြင်ရသည်။

ထို့အပြင် သူမဟာ ဆေဘာအတတ်ကို တစ်နှစ်သာ လေ့ကျင့်ခဲ့ပြီး အရေအပြားသန့်စင်မှု ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ ပထမအဆင့်ကို လုံးဝ တတ်မြောက်ဖို့သာ ကျန်တော့သည်။ ဤသည်မှာ အလွန်မြန်ဆန်နေပြီး ဖြစ်၏။

“သူမရဲ့ အသက်ရှူမှုအရဆို ရင်ဘတ်မှာ တင်းတင်းကြပ်ကြပ် စည်းထား၏။ ကြည့်ရတာ ကိစ္စကြီးတစ်ခုကို ဖုံးကွယ်ထားလောက်သည်”

ရှလင်၏ ဂုဏ်ပြုမှကို တွေ့ရပြီးနောက် ဟန်ကျောက်က သူမ၏ မျက်လုံးများကို ကြည့်ကာ အပြုံးတစ်ခုနှင့် ပြန်လည်နှုတ်ဆက်သည်။ မျက်စိရှေ့ရှိ အချက်ပေးမှုကို လစ်လျူရှုထားလိုက်၏။ သူကဲ့သို့ လေးနက်သည့် လူတစ်ယောက်တွင် ဘယ်လိုလုပ်ပြီး ယခုကဲ့သို့ ဗရုတ်သုတ်ခ စနစ်တစ်ခု ရလာရသနည်း မသိပေ။

ရှမိသားစုမှာ ရောင်းဝယ်ရေး လုပ်ငန်းအား လုပ်ကိုင်သည်ဟု သူကြားဖူး၏။ စောင့်ရှောက်နေသည့် ခွန်အား သန့်စင်ခြင်းအဆင့် သိုင်းသခင် မရှိပုံပေါ်ပေမယ့် သွေးသန့်စင်ခြင်း အဆင့်ရှိ တစ်ဝက်တစ်ပြတ် သိုင်းသခင်အဆင့် နှစ်ယောက်သုံးယောက်လောက် ရှိပါသည်။ သူတို့ဟာ အင်အားစုမျိုးစုံနှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိ၏။

“ဂျူနီယာမောင်လေးဟန်.. ကျွန်မတို့ ရှမိသားစုရဲ့ ဆန်ဆိုင်မှာ စာရင်းသွင်းချင်လား မသိဘူး။ တစ်လကို ငွေ၁လျန် ပေးပါမယ်။ ရံဖန်ရံခါ တစ်ချက်လောက် သွားကြည့်ကြည့်ပေးရုံပဲ လိုတယ်”

ရှလင်က ဟန်ကျောက်ကို ဆက်လက်ခေါ်ယူ၏။

သိုင်းကျောင်းများရှိ သိုင်းသမားများဟာ အဆင့်တစ်ခု ဝင်လာပါက မြို့ထဲရှိ အင်အားစုမျိုးစုံ၏ ခေါ်ယူခြင်းကို ခံကြရသည်။ အရေအပြား သန့်စင်ခြင်း အဆင့်မှာ သန်မာခြင်း မရှိပေမယ့် သူတို့ကို ခေါ်ယူလိုသည့် အဖွဲ့ငယ်များ ရှိနေပါသေးသည်။

ရှလင်၏ အခြေအနေမှာ ဟန်ကျောက်အတွက် စာချုပ်ချုပ်စရာ မလိုပေ။ အမည်ခံသာ ရှိ၏။ တစ်နှစ်လျှင် ငွေ၁၂လျန််ကို ပေးလေသည်။

အမည်ခံဟူသည်မှာ သူ့အနေနှင့် ရံဖန်ရံခါ လှုပ်ရှားမှု ပြုပေးရုံသာ ရှိ၏။ ထို့အပြင် ၎င်းမှာ သူ၏ စွမ်းဆောင်နိုင်သည့် အတွင်းမှာသာ ရှိပြီး အသက်အန္တရာယ် မရှိပေ။ ပုံမှန်ဆိုပါက ရှမိသားစုကို မည်သူကမှ ပြဿနာမရှာရဲပေ။ ပြောရလျှင် အလကား ပိုက်ဆံပေးနေသည်နှင့် တူ၏။

စာချုပ်ချုပ််ရမည် ဆိုလျှင်တော့ ခြားနားပါသည်။ တစ်ခါတစ်ရံ အသက်ပါ စွန့်စားရန် လိုအပ်၏။

ရှလင်၏ အခြေအနေ(ကမ်းလှမ်းချက်)မှာ အလွန်ကောင်းလွန်းလှသဖြင့် ဟန်ကျောက်တစ်ယောက် အနည်းငယ် တွန့်ဆုတ်သွားသည်။ ထိုပုံကို တွေ့ရပြီးနောက် ရှလင်က ဆက်လက်ပြောသည်။

“ထပ်ပေါင်း အခြေအနေတွေ မရှိတာတော့ မဟုတ်ဘူးပေါ့။ ဂျူနီယာမောင်လေးဟန်သာ ဆက်ပြီး အဆင့်တက်ရင် အမည်ခံဝင်ဖို့ပဲဖြစ်ဖြစ်၊ စာချုပ််ချုပ်ဖို့ပဲဖြစ်ဖြစ် ရှမိသားစုရဲ့ ဆန်ဆိုင်ကို ဦးစားပေးစဉ်းစားပေးရမယ်။ ရပိုင်ခွင့်တွေကတော့ မလစ်ဟင်းစေရပါဘူး”

ထိုစကားကို ကြားရပြီးနောက် ဟန်ကျောက်က ခဏတာ စဉ်းစားပြီးနောက် ပြောသည်။

“စီနီယာအစ်မရှရဲ့ စိတ်ကောင်းအတွက် ကျေးဇူးတင်ပါတယ်။ အခုပြောတဲ့ အခြေအနေတွေ အတိုင်းဆို ကျွန်တော် သဘောတူပါတယ်”

ရှလင်၏ တောင်းဆိုချက်မှာ အလွန်ပုံမှန်ကျကာ ဆီလျော်မှု ရှိပါသည်။

“ကောင်းပြီလေ။ ဒါဆိုရင် မနက်ဖြန် စာချုပ်ယူလာခဲ့မယ်”

ရှလင်က ပြုံးသည်။ သူမမျက်နှာပေါ်၌ ပါးချိုင့်လေးနှစ်ခု ပေါ်လာ၏။

“ဟုတ်”

ဟန်ကျောက်က ခေါင်းညှိတ်ကာ ဘေးသို့ ပြန်သွားပြီး တစ်ယောက်တည်း လေ့ကျင့်၏။ စုယွင်က ရှလင်ကို ဘေးသို့ဆွဲကာ အသံတိုးတိုးဖြင့် ပြောသည်။

“ရှလင်.. နင်ပိုက်ဆံတွေ သုံးမကုန်ဖြစ်နေလို့လား။ ဒီလောက်ကောင်းတဲ့ အခြေအနေနဲ့ အရိုးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ကိုတောင် ငှားလို့ရလောက်တယ်။ နင်ဟန်ကျောက်ကို ကြိုက်နေတာလို့တော့ ငါ့ကို မပြောနဲ့နေ်။ သူ့ကို ရှမိသားစုထဲကို ခေါ်ချင်လို့လား”

“မဟုတ်တာ မပြောနဲ့။ ဂျူနီယာမောင်လေးဟန်ကြားရင် မကောင်းဘူး”

ရှလင်က စုယွင်ကို မျက်စိစွေကာ ကြည့်သည်။ ရှင်းပြ၏။

“ဂျူနီယာမောင်လေးဟန်ရဲ့ နားလည်သဘောပေါက်နိုင်စွမ်းက အရမ်းမြင့်မားတယ်။ ဒါပေမယ့် သူ့ရဲ့ အခြေခံက အနည်းငယ် လစ်ဟင်းနေတယ်။ သူလိုအပ်နေတာ ပိုက်ဆံပဲ”

“နင့်ကို စိတ်ကောင်းရှိတယ်လို့ပဲ ပြောရမလား.. နုံချာတယ်လို့ပဲ ပြောရမလား မသိတော့ဘူး”

စုယွင်က ခေါင်းကိုယမ်းသည်။

“လူတိုင်းက အချိုပေါ်ကို သကာလောင်းချင်ကြတာ။ ငါကတော့ လိုအပ်နေတဲ့အချိန်မှာ ကူညီတဲ့လူပဲ”

ရှလင်က ပြုံးကာ ပြော၏။ တစ်နှစ်လျှင် ငွေ၁၂လျန်မှာ နည်းပါးသည့် ပမာဏမဟုတ်ပေ။ သို့ပေမယ့် ဤသည်က သူမအတွက် ဘာမှမဟုတ်ပါ။

ချမ်းသာသည့် လူများတွင် ကိုယ်ပိုင် စိုးရိမ်မှုများ ရှိနေ၏။ သူမ၏ မိသားစုဟာ ဆန်လုပ်ငန်းနှင့် အဝတ်အထည် လုပ်ငန်းကို လုပ်ကိုင်သည်။ အမြတ်အရဆုံး အဝတ်အထည် လုပ်ငန်းမှာ သူမအစ်ကို၏ လက်ထဲတွင် ရှိနေ၏။ သူမကတော့ ဆန်လုပ်ငန်းကို ဦးစီးသည်။ ခြောက်နှစ်ကြာပြီးပါက ကောင်းမွန်စွာ စီမံနိုင်သည့် လူဟာ မိသားစုခေါင်းဆောင် ဖြစ်လာမှာ ဖြစ်သည်။

ထိုအကြောင်းကြောင့်ပင် ငယ်ရွယ်စဉ်က သူမနှင့် ဆက်ဆံရေး ကောင်းမွန်ခဲ့သည့် အစ်ကိုဖြစ်သူဟာ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင် သူစိမ်းဆန်လာခဲ့သည်။ ယှဉ်ပြိုင်မှုတွင် အနိုင်ရသူဟာ သူမဖြစ်ပါက သူမ၏ အစ်ကိုဖြစ်သူကို သည်းခံနိုင်ပေလိမ့်မည်။ သို့ရာတွင် သူမ၏ အစ်ကိုဖြစ်သူသာ မိသားစုခေါင်းဆောင် ဖြစ်လာပါက သူမကို ဒီအတိုင်းထားမည် မဟုတ်ပေ။

အကောင်းဆုံး ကံကြမ္မာမှာ ယောကျားတစ်ယောက် ရှာပေးမှာ ဖြစ်၏။ တစ်ဝက်တစ်ပြတ် သိုင်းသခင်(သို့) သိုင်းသခင်တစ်ယောက်ထံတွင် ကိုယ်လုပ်တော်အဖြစ် လက်ထပ်ပေးလောက်ပါသည်။

သူမ၏ အစ်မကြီးဖြစ်သူမှာ အသက်ခြောက်ဆယ်ရှိသည့် တစ်ဝက်တစ်ပြတ် သိုင်းသခင်နှင့် လက်ထပ်ခဲ့ရ၏။ ဟန်ကျောက်မှာ သူမ ရင်းနှီးမြှုပ်နှံခဲ့သည့် ပထမဆုံးလူ မဟုတ်ပေ။ လိုအပ်ချိန်တွင် ကူညီထောက်ပံ့ပေးခြင်းက အကောင်းဆုံး ဖြစ်မည်ဟု သူမ ယုံကြည်၏။

All Chapters