အရိုးသန့်စင်ခြင်းအဆင့်နှင့် အပြစ်သားတစ်ယောက်အားသတ်ဖြတ်ခြင်း)
Vol. 1 Ch. 13
သက်ရှည်ကျမ်း၏ အဆင့်မြင့်တက်မှုနှင့်အတူ ဟန်ကျောက်၏ အစားစားနိုင်နှုန်းမှာ ထပ်မံတိုးလာခဲ့ပြန်၏။ အသားခြောက်အားလုံးနှင့် အရွက်ခြောက်အားလုံးလည်း အိမ်တွင် ကုန်လေပြီ။
ပုံမှန် အရေအပြားသန့်စင်ခြင်း အဆင့်များအတွက် လက်နက်ကျင့်ကြံသည့် သိုင်းသမားမှာ အားသာချက် ပိုရှိသည်။ ထို့ကြောင့် ဟန်ကျောက်ဟာ လူဆိုးဂိုဏ်းအနည်းငယ်၏ ခေါ်ယူမှုကို လက်ခံထားခဲ့၏။ ထိုဂိုဏ်းငယ်များတွင် ပိုက်ဆံအများကြီး မရှိပေ။ သို့ပေမယ့် သူတို့ဟာ အလွန် သတင်းရမြန်ကြ၏။
ဂိုဏ်းငယ်တစ်ခုမှ ကြေးစားလူဆိုးထိန်းများဟာ အစိုးရ၏ အကူအညီများဟု သိခဲ့ရသည်။ သူတို့ဟာ အပြစ်သားကို ဖမ်းဆီးပေးရုံသာ လိုအပ်ပြီး အစိုးရ၏ အခြားကိစ္စများကို လုပ်စရာမလိုပေ။ တာဝန်များနှင့် နောက်ခံတို့ကိုလည်း တားမြစ်ထားခြင်း မရှိပါ။ မျက်နှာမပြပဲ နာမည်တုကို သုံးကြသည့် ဟန်ကျောက်ကဲ့သို့ လူများစွာ ရှိ၏။ သူ၏ လက်ရှိခွန်အားနှင့် ဒီအလုပ်၌ အန္တရာယ်ဖြစ်နိုင်ချေမှာ အလွန် နိမ့်ပါးလှသည်။
ထို့အပြင် တကယ့်တိုက်ခိုက်မှုနှင့် သွေးထွက်သံယို မကြုံဖူးးပါက သူ၏ တိုက်ပွဲစွမ်းရည်ဟာ အလွန်နိမ့်ကျနေမှာပါ။ ထို့ကြောင့် ဟန်ကျောက်ဟာ ကြေးစားလူဆိုးထိန်း ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ သူ့အတွက် အပိုဝင်ငွေလည်း ရနိုင်၏။
“ငါ့ရဲ့ ကြေးစားလူဆိုးထိန်း ဖြစ်လာမှုကို ဂုဏ်ပြုဖို့ မင်းကို စတေးလိုက်မယ် ခွိုက်ဝေ”
ဟန်ကျောက်ဟာ လက်ထဲရှိ အလိုရှိ ဝရမ်းကို ခေါက်လိုက်၏။ ပထမဆုံး တာဝန်ဖြစ်ရာ အနိုင်ကျင့်ရန် အဆင့်နိမ့်သူကို ရွေးချယ်ထားသည်။
…
လဝက်ကြာပြီးနောက် လေနက်တောင်၏ မြောက်ဘက်ရှိ တောင်တစ်ဝက်တွင်…
ရှည်လျားသည့် ခြေလက်များနှင့် ပိန်ပါးသည့် လူငယ်တစ်ယောက်ဟာ သစ်ပင်များအကြားတွင် ဆက်လက်ရွေ့လျားနေ၏။ သူဟာ လက်နှင့် ခြေထောက်များကို မျောက်တစ်ကောင်သဖွယ် ဖြတ်လတ်စွာ အသုံးပြုနေပြီး သစ်ပင်များအကြား ခုန်ကူးနေပါသည်။ သို့ရာတွင် သူ၏ ညာခြေထောက်ဟာ ဒဏ်ရာရနေသည့် ပုံပါ။ ပြေးလွှားရင်းနှင့် သစ်ပင်ပေါ်တွင် သွေးစက်များ အကြိမ်ကြိမ် ချန်ရစ်ခဲ့၏။ အနောက်မှ တစ်ခုခုက လိုက်လံနေသည့်အလား ရပ်တန့်ရန် အချိန်မရပဲ ရှိနေပါသည်။
“လျှို့ဝှက်လက်နက်”
“ဆွစ်”
ထက်မြသည့် အသံတစ်ခုဟာ လေကို ခွင်းသွားပြီး ခွိုက်ဝေ၏ နားထဲတွင် အသံမြည်လာ၏။ သူဟာ ရှေ့သို့ ခုန်လိုက်ပြီး ရုတ်တရက် ဘေးသို့ ရှောင်လိုက်သည်။ လက်မအရွယ် ကျောက်တုံးတစ်တုံးဟာ သူ၏ ဦးခေါင်းကို ဖြတ်ကျော်သွား၏။
“ဖာခ့်”
ခွိုက်ဝေတစ်ယောက် ခြေထောက်ချော်ကာ သစ်ပင်ပေါ်မှ ပြုတ်ကျလေသည်။ ချက်ချင်းပင် ခန္ဓာကိုယ်ကို ထိန်းကာ ရှေ့ရှိ မြက်ခင်းပေါ်သို့ ခုန်လိုက်၏။ မြေပြင်ပေါ်တွင် လှိမ့်ကာ ခန္ဓာကိုယ်ကို တည်ငြိမ်စေလိုက်သည်။ ထို့နောက် သစ်ပင်ကြီးတွင် မှီကာ အနောက်ဘက်ရှိ ခြုံပုပ်ကို ကြည့်၏။
အနက်ရောင် ဝတ်စုံနှင့် မြေခွေးမျက်နှာဖုံးကို ဝတ််ဆင်ထားသည့် ဟန်ကျောက်ဟာ ခြုံထဲမှ လျှောက်ထွက်လာခဲ့သည်။ သူဟာ ခွိုက်ဝေကို လဝက်ကြာ ရှာပြီး မည်သည့်သဲလွန်စမှ မတွေ့ရာ လက်လျှော့လိုက်တော့မှာပါ။ သို့ပေမယ့် တစ်ဖက်လူဟာ ပန်းခြွေရန်အတွက် ကျောက်နက်မြို့၏ အပြင်ဘက်အလွှာရှိ ရှင်းချောင်ဒေသကို ဝင်ရောက်ခဲ့၏။
မထင်မှတ်စွာပင် မိန်းကလေး၏ မိသားစုတွင် အရေအပြားသန့်စင်ခြင်းအဆင့် သိုင်းသမားနှစ်ဦးတို့ ရှိနေပါသည်။ နောက်ဆုံးတွင် သူ၏ ညာဘက်ခြေထောက်ဟာ အလစ်တိုက်ခိုက်ခံရပြီး ဒဏ်ရာရသွား၏။
ထိုဆူညံမှုက ဟန်ကျောက်၏ အာရုံကို ဆွဲဆောင်သွားသည်။ သို့ပေမယ့် ခွိုက်ဝေဟာ အရိုးကျုံ့ခြင်း အတတ်ကဲ့သို့ ကျင့်စဉ်မျိုးကို လေ့ကျင့်ထားသည့် ပုံပါ။ ခွေးတိုးပေါက်မှ တိုးထွက်သွားခဲ့၏။ တစ်ဖက်လူ၏ ညာခြေထောက် ဒဏ်ရာရထားမှုနှင့်ပင် အချိန်အတော်ကြာအောင် လိုက်လံပြီးမှ ဟန်ကျောက်ဟာ လိုက်မှီရုံ ရှိလာခဲ့သည်။
“ညီအစ်ကို… ငါ့ကိုလွှတ်ပေးပါ။ မင်းကို ငါ့မှာရှိတဲ့ ပိုက်ဆံအားလုံး ပေးပါမယ်။ ဘယ်လိုလဲ”
ခွိုက်ဝေ၏ ပုံက အနည်းငယ် စိုးထိတ်နေပြီး မောဟိုက်၍လည်း နေပါသည်။
“မင်းရဲ့ ခြေထောက်စကေးက တကယ်ပဲ ချီးကျူးဖို့ကောင်းတယ်။ ဒဏ်ရာရထားတာတောင် ဒီလောက် မြန်မြန်ပြေးနိုင်သေးတယ်”
ဟန်ကျောက်ဟာ သူ၏ ဆေဘာဓါးရိုးကို ကိုင်ပြီး တစ်ဖက်လူဆီသို့ ဖြည်းညှင်းစွာ ချည်းကပ်သွားသည်။ သူဟာ တိုက်ခိုက်ရန် အလျှင်မလိုသေးပါ။
“ဒီလိုဆိုရင်ရော… ပျံလွှားခြေထောက်အတတ်ကို ငါမင်းကို ပေးလိုက်မယ်။ အဲ့ဒါက အရိုးသန့်စင်ခြင်း အဆင့်အထိ လေ့ကျင့်နိုင်ပြီး အရမ်းစွမ်းအားကြီးတယ်။ ရောင်းရင်တောင် ငွေလျန်ပေါင်း တစ်ဆယ်ကျော်ရတယ်။ ငါ့ဦးခေါင်းထက် အများကြီး ပိုတန်ကြေးရှိတယ်”
ခွိုက်ဝေ၏ နဖူးတွင် ချွေးများ ဖုံးလွှမ်းနေပြီး သူ၏ မျက်နှာဟာ ကြောက်ရွံ့နေပါသည်။ ဘယ်ခြေထောက်ဟာ ဆက်တိုက် တုန်ခါနေပြီး နာကျင်မှုကြောင့် မလှမ်းနိုင်တော့သည့် ပုံပါ။ သူ၏ အသံက တောင်းဆိုမှုတို့ဖြင့် ပြည့်နှက်နေ၏။
ပြောရင်းနှင့် သူ၏ တုန်ယင်နေသည့် လက်များက လက်ကြားထဲသို့ နှိုက်ကာ လျှို့ဝှက်ကျမ်းကို ထုတ်ပေးတော့မည့် ပုံပါ။
“ထန်”
ဟန်ကျောက်ဟာ သူ၏ ဆေဘာဓါးရှည်ကို ဖြည်းညှင်းစွာ ထုတ်လိုက်၏။
“သေလိုက်တော့”
ဟန်ကျောက်၏ နီးကပ်လာကို တွေ့ရပြီးနောက် ခွိုက်ဝေ၏ မျက်နှာပေါ်ရှိ အကြောက်တရားတို့ လုံးဝ ပျောက်ကွယ်သွားသည်။ လှောင်ပြောင်သော အပြုံးတစ်ခုနှင့် ရုတ်တရက် အမှုန့်များဖြင့် ဟန်ကျောက်ကို ပက်၏။
အမှုန့်များ ဝင်လာသည်နှင့် ဟန်ကျောက်ဟာ ကြိုတင်သိထားသည့်အလား နောက်သို့ ဆုတ်ခွာသွားသည်။ ထိုပုံကို တွေ့ရပြီးနောက် ခွိုက်ဝေလဲ နောက်ထပ် အမှုန့်နှစ်ဆုပ်တို့ကို ထပ်မံပစ်၏။
“အားးးး ငါ့ရဲ့မျက်လုံး”
အမှုန့်များအကြားမှ ဟန်ကျောက်၏ နာကျင်သည့် အော်သံက ထွက်ပေါ်လာခဲ့သည်။ ခွိုက်ဝေလည်း နောက်ထပ် အမှုန့်နှစ်ဆုပ်ကို လက်ကြားထဲမှ နှိုက်ကာ နောက်သို့လှည့်ပြီး ထွက်ပြေး၏။
“ရပ်လိုက်”
ဟန်ကျောက်က ဒေါသတကြီး အော်၏။
“ဆွစ်”
ထက်မြသည့် လေခွင်းသံက ထွက်ပေါ်လာခဲ့သည်။ ခွိုက်ဝေက ဘေးသို့ ရှောင်လိုက်၏။ သစ်သားဓါးအိမ်ဟာ သူ့ကို ဖြတ်ကျော်သွားသည်။
“ဓါးအိမ်လား”
“ဆွစ်”
နောက်ထပ် အသံတစ်ခု ပေါ်လာခဲ့၏။ ဒီတစ်ကြိမ်တွင် ဆေဘာဓါးရှည်ဟာ လွင့်ပျံလာခဲ့သည်။
“ဇွက်”
ဆေဘာဟာ ဘေးရှိ သစ်ပင်တွင် စိုက်ဝင်သွား၏။ ဓါးဖျားဟာ သစ်ပင်ထဲတွင် လေးလက်မလောက် နစ်ဝင်သွားသည်။ ဓါးပြားက တုန်ခါနေပြီး အသံတစ်ခုနှင့်အတူ တောက်ပသည့် ငွေရောင်အလင်းက ထွက်ပေါ်နေ၏။
“ငတုံး”
ခွိုက်ဝေက နှာခေါင်းရှုံ့သည်။ တစ်ဖက်လူ စိတ်လောနေတာကို သူသိလိုက်၏။ ဓါးအိမ်နှင့် ဆေဘာကို ပစ်ကာပင် လှမ်းတားနေလေသည်။ ကြည့်ရတာ လူသစ်ဖြစ်တာ သိသာ၏။
ခွိုက်ဝေဟာ အစကတည်းက ထွက်ပြေးချင်သူ မဟုတ်ပေ။ သူ့ကို လိုက်လံသတ်ဖြတ်ပါက တန်ကြေးတစ်ခု ပေးရန် လိုအပ်၏။ ဒီတစ်ကြိမ်တွင် သူ့အတွက် အရိုးသန့်စင်ခြင်း အဆင့်သို့ ချိုးဖျက်နိုင်ရန် မလွယ်ကူခဲ့ပါ။ မြို့အပြင်ဘက်အလွှာသို့ သွားရောက်ပြီး မိန်းမချောအနည်းငယ်ကို ရှာရုံရှိသေး ကံမကောင်းမှုနှင့် ကြုံခဲ့ရသည်။ အရေအပြား သန့်စင်ခြင်းအဆင့် သိုင်းသမားနှစ်ယောက်တို့၏ အလစ်တိုက်ခိုက်ခြင်းကို ခံခဲ့ရ၏။ အရေးအကြီးဆုံးဖြစ်သည့် ခြေထောက်ဟာ ဒဏ်ရာကြီးစွာ ရရှိခဲ့သည်။ ထို့နောက် အရေအပြား သန့်စင်ခြင်းအဆင့် ရှိသည့် ကြေးစားလူဆိုးထိန်း၏ တစ်နာရီနီးပါး လိုက်လံမှုကို ခံခဲ့ရသည်။ သူ၏ ဒေါသများကို ဖွင့်ချရန် လိုအပ်နေပါပြီ။
“သေလိုက်တော့..”
ခွိုက်ဝေဟာ အနောက်ဘက်ရှိ သစ်ပင်ကို ခြေကန်လိုက်ပြီး လေထဲသို့ ခုန်တက်လာ၏။ လက်ထဲရှိ အမှုန့်နှစ်ဆုပ်ဖြင့် ဟန်ကျောက်ကို ပက်လိုက်သည်။ တစ်ချိန်တည်းတွင် ညာခြေထောက်ဖြင့် ဘယ်ခြေဖနှောင့်ကို ကန်လိုက်၏။ ခြေဖျား၌ ၂လက်မလောက် ရှိသည့် ဓါးတိုတစ်ချောင်း ထွက်လာခဲ့သည်။
သူဟာ သွေးချီများကို မြင့်တက်စေပြီး ဟန်ကျောက်၏ ဦးခေါင်းကို ခြေဖျားဖြင့် ကန်လိုက်၏။ အရိုးသန့်စင်ခြင်းအဆင့်၏ ခွန်အားအပြည့် တိုက်ခိုက်မှုနှင့် တစ်ဖက်လူဟာ တုံ့ပြန်နိုင်ခြင်း ရှိလျှင်တောင် ခံနိုင်မှာမဟုတ်ပေ။
ထိုအချိန်၌ သုံးပေလောက်ရှိသည့် ပိတ်တစ်ခုဟာ အမှုန့်များအကြားမှ ထွက်ပေါ်လာ၏။
“ခရက်”
ခွိုက်ဝေ၏ ခြေထောက်ကို ပြင်းထန်သည့် ထိချက်က ရောက်ရှိလာပြီး ညာဘက်ပေါင်တွင် စူးရှသည့် နာကျင်မှုကို ခံစားလိုက်ရသည်။ ထို့နောက် ဝမ်းဗိုက်ပါ ဆက်လာ၏။
“အားးး”
အော်ဟစ်လိုက်ပြီးနောက် ခန္ဓာကိုယ်ဟာ မြေပြင်ပေါ်သို့ လဲကျသွားသည်။
“ဝေါ့”
ထက်မြသည့် လက်နက်တစ်ခုဟာ အနောက်ဘက်မှ ဝင်ရောက်လာပြီး ရင်ဘတ်ကို ဖောက်ထွက်သွား၏။ သေးငယ်သည့် ဓါးဖျားက ပေါ်လာခဲ့သည်။ ထို့နောက် ချက်ချင်းပင် အနောက်ဘက်မှ သန်မာသည့် အားတစ်ခု ဝင်ရောက်လာပြီး ဟန်ကျောက်၏ ကန်ထုတ်မှုကို ခံလိုက်ရသည််။
“မင်း… မင်းက အရိုးသန့်စင်ခြင်း အဆင့်မှာပဲ..”
ခွိုက်ဝေ၏ ခန္ဓာကိုယ်ဟာ တသိမ့်သိမ့်တုန်နေပြီး အသက်ဓါတ်တို့ လျှင်မြန်စွာ ပျောက်ဆုံးသွား၏။ တစ်ဖက်လူကို အရိုးသန့်စင်ခြင်း အဆင့်ရှိသည့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေမည်ဟု ထင်မထားခဲ့ပေ။ အထူးသဖြင့် ဆေဘာဓါးကျင့်ကြံသူ ဖြစ်ရာ ခြေထောက်ကျင့်ကြံသူဖြစ်သည့် သူ့ထက် ပိုမိုကာပင် သန်မာ၏။ သို့ပေမယ့် အရေအပြား သန့်စင်ခြင်းအဆင့်ကဲ့သို့ ဟန်ဆောင်နေလေသည်။
ထိုအချိန်၌ ဟန်ကျောက်က သူ၏ အပိုဓါးမြှောင်ကို သိမ်းလိုက်ပြီး မျက်နှာပေါ်ရှိ မြေခွေးမျက်နှာဖုံးကို ချွတ်သည်။
“မင်းလည်း အရိုးသန့်စင်ခြင်းအဆင့်ပဲ မဟုတ်ဘူးလား” သူ၏ ပါးစပ်နှင့် နှာခေါင်းများတွင် အဝတ်များ တင်းကြပ်စွာစည်းထားပြီး မျက်လုံးများတွင် အဖြူရောင် ပိတ်စတစ်ခု ကာထားသည်။ ဟန်ကျောက်ဟာ အစမ်းရှင်သန်မှုတွင် ပေါင်ဒါမှုန့်၊ မြားနှင့် အဆိပ်တို့မိကာ သေဆုံးခဲ့ရ၏။ ထို့ကြောင့် ဂရုတစိုက်ဖြင့် ပြီးပြည့်စုံစွာ ပြင်ဆင်ထားခြင်း ဖြစ်သည်။
လင်းယုန်ပျိုးထောင်ခြင်း စံအိမ်၌ အကြွေးဖြင့် ဓါးမြှောင်တစ်ချောင်းနှင့် သားရေချပ်ဝတ်တစ်ခုတို့ကို ဝယ်ခဲ့သေးသည်။ ထို့နောက် ကျန်ရှိသည့် ပိုက်ဆံတို့နှင့် အဆိပ်ဖြေဆေးအချို့ ဝယ်ထား၏။
“မင်း… မင်း… ယုတ်မာလိုက်တာ”
ခွိုက်ဝေဟာ ဟန်ကျောက်ကို ကြည့်လိုက်ပြီးနောက် တစ်ဖက်လူဟာ ထုံးမှုန့်ဖြင့် ကန်းမသွားခဲ့ကြောင်းကို သိလိုက်သည်။ ချက်ချင်းပင် ချောင်းဆိုးကာ သွေးများ အန်ထွက်လာ၏။ ဘယ်လိုလုပ်ပြီး သူ့ထက် ကောက်ကျစ်သူ ရှိနေရသနည်း မသိပေ။ ဆန္ဒမရှိမှုနှင့် မုန်းတီးမှုတို့ဖြင့် သူဟာ ထာဝရ သေဆုံးခဲ့ရ၏။
“ဟူး..”
ဟန်ကျောက်ဟာ စိတ်သက်သာရာ ရသွားပြီး သူ၏မျက်လုံးများကို ကာထားသည့် ပိတ်ဖြူကို ချွတ်လိုက်သည်။ ထိုကဲ့သို့သော အမြင်နှင့် အသားကျစေရန် နေ့စဉ်နေ့တိုင်း အချိန်အတော်ကြာအောင် လေ့ကျင့်ခဲ့ရသည်။
ခုနက တစ်ဖက်လူကို လိုက်စဉ်တွင် တစ်ခုခု မှားယွင်းနေကြောင်းကို သူခံစားမိပြီး ဖြစ်၏။ ရန်သူဟာ ခြေထောက်ကျင့်စဉ်ကို ကျင့်ကြံပေမယ့် ဒဏ်ရာရထားပြီးနောက် ပြေးသည့်နှုန်းမှာ အလွန်မြန်ဆန်လွန်းနေပါသည်။ အထူးသဖြင့် သူ၏ အစစ်အမှန်ချီ တစ်စိတ်တစ်ပိုင်းကို အသုံးပြုပြီး အရှိန်မြှင့်ချိန်တွင် တစ်ဖက်လူလည်း ပိုမိုမြန်ဆန်သွားတတ်၏။ ပန်းခြွေပျားဟာ ခွန်အားတို့ ဖုံးကွယ်ထားသည်ဟု သူခံစားရသည်။ စမ်းကြည့်ပြီးနောက် ထင်ထားသလိုပင် ဖြစ်နေ၏။