(သတ်ဖြတ်ခြင်းက ငွေရှာရပိုလွယ်တယ်)
Vol. 1 Ch. 14
ကံကောင်းစွာပင် သူလည်းပဲ ခွန်အားကို ဖုံးကွယ်ထားခဲ့သည်။ ပြောရလျှင် အရိုးသန့်စင်ခြင်း အဆင့်များမှာ ကျောက်နက်မြို့ တိုက်ခိုက်မှုအင်အား၏ ကျောရိုး ဖြစ်သည်ဟု ယူဆနိုင်၏။ မြို့တွင်းပိုင်းရှိ မိသားစုကြီးများသို့ ဝင်ရောက်လျှင် အလွန်ကောင်းမွန်စွာ နေနိုင်ပါသည်။ ပန်းခြွေမုဆိုး လုပ်နေစရာ မလိုပေ။ ဒီကောင်က တကယ့်ကို ထူးခြား၏။
“ကျဉ်းမြောင်းတဲ့လမ်းမှာ ဆုံလာကြတယ်။ တည်တည်ငြိမ်ငြိမ် ရဲရဲရင့်ရင့်ပေါ့”
သူက ဘေးရှိ သစ်ပင်ကြီးတစ်ခုဆီသို့ လျှောက်သွားကာ ဆေဘာဓါးရှည်ကို ဆွဲနှုတ်သည်။ ထို့နောက် ဆေဘာကို အသုံးပြုကာ ခွိုက်ဝေ၏ ခန္ဓာကိုယ်ကို လှန်လိုက်၏။
ထို့နောက် ရင်ဘတ်ကို ဖွင့်ကာ အထုပ်သေး အနည်းငယ်ကို တွေ့ရသည်။ ထုံးမှုန့်နှင့် ပန်းရောင် အမှုန့်များထည့်ထားသည့် ကြွေပုလင်းတစ်ခုတို့ ပါဝင်၏။ စာအုပ်သုံးအုပ်နှင့် ငွေအချို့လည်း ရှိသည်။ ငွေလျန်၊ ၈လျန်လောက် ရှိ၏။
စာအုပ်များထဲရှိ တစ်အုပ်မှာ ခွိုက်ဝေပြောခဲ့သည့် ပျံလွှားအတတ် ဖြစ်သည်။ ခြေထောက််သိုင်းပညာတစ်ခုကို သွေးသန့်စင်ခြင်း အဆင့်အထိ လေ့ကျင့်နိုင်သည်မှာ မဆိုးလှဟု ဆိုနိုင်၏။ သို့ရာတွင် သူ၏ အားထုတ်မှုကို နောက်ထပ် ခြေထောက်သိုင်းတစ်ခုအတွက် ခွဲဝေပေးဖို့ မဖြစ််နိုင်သေးပါ။ ဘာပဲဖြစ်ဖြစ် ပါရမီက လိုအပ်နေ၏။
ဆေဘာအတတ်(သို့) ဓါးအတတ်တို့ ဖြစ်ပါက သိမ်းဆည်းထားပြီး အချိန်ကျလာပါက ကျင့်ကြံနိုင်သေးသည်။
ထိုကဲ့သို့ တွေးမိပြီးနောက် နောက်ထပ် စာအုပ်ကို သူကြည့်လိုက်သည်။ ယင်စုပ်ယူခြင်းအတတ် ဖြစ်၏။ သိသာစွာပင် ကောင်းမွန်သည့် ကျင့်စဉ်တစ်ခု မဟုတ်ပေ။ ဖွင့်လိုက်ပြီးနောက် ကျင့်ကြံမှုမှာ အမျိုးသမီးများ၏ ယင်အဆီအနှစ်ကို စုပ်ယူခြင်းအား အထူးပြုကြောင်း တွေ့ရ၏။
နောက်ဆုံးစာအုပ်မှာ အရိုးကျုံ့ခြင်းအတတ် ဖြစ်သည်။ တတ်မြောက်ပြီးပါက လူတစ်ယောက်ဟာ သူတို့၏ ခန္ဓာကိုယ်ကို ပြောင်းလဲနိုင်၏။ မျက်နှာအရိုးများနှင့် ကြွက်သားများကိုပင် အချိန်တိုအတွင်း ရုပ်ဖျက်ရန် ရွေ့လျားနိုင်ပါသည်။ ဟန်ကျောက်ဟာ ကျင့်စဉ်သုံးခုတို့ကို သိမ်းလိုက်၏။ ပစ္စည်းအားလုံးတို့ကို ယူလိုက်ပြီးနောက် မနေနိုင်ပဲ သက်ပြင်းချသည််။
“လူသတ်တာက တကယ့်ကို ပိုက်ဆံရှာလို့ အမြန်ဆုံးပဲ” ဝရမ်းထုတ်ထားသည့် ငွေကြေး မရှိလျှင်တောင် ဒီခရီးစဉ်တွင် ငွေလျန်ပေါင်း ဆယ်နှင့်ချီကာ ရပါသည်။ သို့ပေမယ့် သူဟာ ထင်ပေါ်လိုခြင်း မရှိပါ။ မဟုတ်ပါက သူ့ကိုယ်သူ မည်သူဆိုတာကို ဖုံးကွယ်နေစရာ လိုမည်မဟုတ်ပေ။
“ဇွက်”
ဟန်ကျောက်ဟာ လက်ထဲရှိ ဆေဘာဓါးကို လှုပ်ရှားလိုက်၏။ ခွိုက်ဝေ၏ ဦးခေါင်းဟာ ခန္ဓာကိုယ်နှင့် ပိုင်းခြားသွားသည်။ ထို့နောက် ဦးခေါင်းကို အဝတ်တစ်ခုဖြင့် ထုပ်၏။ ဦးခေါင်းမဲ့သည့် အလောင်းကို ကြည့်ကာ ဟန်ကျောက်ဟာ ခဏတာစဉ်းစားသည်။ ထို့နောက် သူသယ်လာခဲ့သည့် အခြား ဓါးတိုနှင့် တွင်းတစ်ခုကို တူး၏။ အလောင်းကို တွင်းထဲသို့ ထည့်ကာ စတင်မြေဖို့သည်။ တစ်ချိန်တည်းတွင် ရေရွတ်နေ၏။
“ခွိုက်ဝေ.. မင်းကိုငါ ငြိမ်းငြိမ်းချမ်းချမ်း သေခိုင်းလိုက်မယ်။ သရဲဖြစ်ရင် ငါ့ဆီကို မလာခဲ့နဲ့။ မဟုတ်ရင် မင်းကိုငါ ထပ်သတ်ရလိမ့်မယ်။ နောက်ဘဝမှာ လူကောင်းလုပ်ပေါ့ကွာ”
ဟန်ကျောက်က မြေကြီးများကို ဖို့နေစဉ် ခြုံဘက်မှ အသံတစ်ခု ပေါ်လာ၏။ ထို့နောက် မြန်ဆန်သည့် ခြေလှမ်းသံများ လိုက်ပါလာခဲ့သည်။ ဗလတောင့်တောင့်နှင့် လူကြီးနှစ်ယောက်တို့ လျှောက်ထွက်လာကြ၏။ သူတို့ဟာ ဟန်ကျောက်၏ ကျွမ်းကျင်စွာ အလောင်းမြှုပ်နှံနေပုံကို တွေ့ရပြီးနောက် မှင်သက်သွားကြသည်။
“အရေအပြားသန့်စင်ခြင်းအဆင့် သိုင်းသမားနှစ်ယောက် ဖြစ်တယ်။ သူတို့ကို အလွယ်တကူ သတ်လို့ရတယ်။ ဒါပေမယ့် အဲ့လိုလုပ်ရင် နောက်ထပ် တွင်းနှစ်ခု ထပ်တူးရလိမ့်မယ်။ တစ်တွင်းလောက်နဲ့ ဆန့်မှာမဟုတ်ပါ”
“….”
ဟန်ကျောက်ဟာ ရပ်တန့်သွား၏။ လူကြီးနှစ်ယောက်ဟာ ဦးခေါင်းမဲ့နေသည့် အလောင်း၏ အဝတ်များကို ကြည့်ကာ တုံ့ပြန်လာခဲ့သည်။
“မိတ်ဆွေ.. ပန်းခြွေပျားကို မင်းသတ်လိုက်တာလား” တစ်ယောက်က ကျယ်လောင်စွာ မေး၏။
“ဟုတ်တယ်”
ဟန်ကျောက်က ဖြေကြားကာ မြေများကို ဆက်လက်ဖြည့်နေသည်။
“ဒီပန်းခြွေပျားက ငါတို့နှစ်ယောက် အလစ်အငိုက် တိုက်ခိုက်လို့ ဒဏ်ရာရထားတာ”
အခြားတစ်ယောက်က ပြော၏။
“အဲ့တော့”
ဟန်ကျောက်၏ လေသံက တည်ငြိမ်၏။
“သူက အရိုးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ပဲ။ သူ့ကိုသတ်ဖို့ မင်းတော်တော်လေး အားကုန်ခဲ့တယ်မလား”
“အဲ့တော့”
ဟန်ကျောက်က ခေါင်းမော့လာ၏။ သူ့ကို ရန်မစပါက လှုပ်ရှားရန် စိတ်ပါနေမည် မဟုတ်ပါ။ သို့ရာတွင် အတင်း ဖိအားပေးလာလျှင်တော့ ဟန်ကျောက်လည်း ရွေးချယ်စရာရှိမည် မဟုတ်ပေ။
“သိုင်းလောကရဲ့ စည်းမျဉ်းအတိုင်းဆို မင်းရဲ့သတ်ဖြတ်မှု ဆုကြေးက မင်းပဲ ပိုင််ပါတယ်။ နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်”
ပထမဆုံး စကားပြောခဲ့သည့် လူကြီး၏ ပုံစံက အနည်းငယ် ပြောင်းလဲသွား၏။ လက်သီးနှစ်ဖက်ကိုဆုပ်ကာ သူ့လူကို ဆွဲခေါ်သွားသည်။
“ကျန်းစန်… မင်းဘာလုပ်တာလဲ။ ငါတို့တွေ..”
သူ့လူက ဆန္ဒမရှိသည့် ပုံပါ။ သို့ပေမယ့် သူက ပါးစပ်ကိုပိတ်ကာ လျှင်မြန်စွာ ခေါ်ထုတ်သွားခဲ့၏။ မီတာရာဂဏန်း အနည်းငယ်သို့ တစ်ခါတည်း ရောက်ရှိသွားပြီးနောက် ပါးစပ်ပိတ်ခံရသူက မနေနိုင်ပဲ ကျယ်လောင်စွာ အော်၏။ “ကျန်းစန်… ခုနက မင်းဘာလို့ အခွင့်ကောင်းယူပြီး မတိုက်ခိုက်တာလဲ။ ပန်းခြွေပျားကို သတ်ပြီးနောက်မှာ စွမ်းအင်တော်တော်ကုန်ထားမှာ။ ဒဏ်ရာတောင် ရနေနိုင်တယ်။ နှစ်ယောက်တစ်ယောက်နဲ့ အနိုင်ရဖို့ မဖြစ််နိုင်တာ မဟုတ်ဘူး”
“လူသတ်ပြီးနောက်မှာ အေးအေးလူလူ တွင်းတူးပြီး မြေမြှုပ်ပေးနဲ့ လူတစ်ယောက်ကို ငါတို့ ရန်ပြုသင့်တယ်ထင်လား”
“ဒါက.. အေး… ဟုတ်တော့ဟုတ်တယ်”
“သွားရအောင်။ အသက်ရှင်ဖို့က အရေးအကြီးဆုံးပဲ”
…
ဟန်ကျောက်ဟာ စကားသံများနှင့် အမြန်သွားလာသံတို့ကို ကြားရ၏။ နှစ်ယောက်သားဟာ အမှန်တကယ် ထွက်ခွာသွားပုံကို တွေ့ရသည်။
လုယီဆီမှ သူကြားဖူး၏။ မြို့ထဲတွင် ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင် ၂၀၊ ၃၀လောက် ရှိကြပါသည်။ ၁၂ယောက်တို့မှာ သိုင်းကျောင်းများ ဖွင့်ထားကြ၏။ တစ်ဝက်တစ်ပြတ် သိုင်းသခင်များဖြစ်သည့် သွေးသန့်စင်ခြင်း အဆင့်များမှာလည်း အားလုံး နာမည်ကျော်ကြားသူများ ဖြစ်ကြသည်။ သိုင်းသခင်များမှာ ပုံမှန်အားဖြင့် လှုပ်ရှားမှု မပြုကြရာ သွေးသန့်စင်ခြင်း အဆင့်များမှာ ကျောက်နက်မြို့၏ ထိပ်တန်းခွန်အားရှင်များဟု ဆိုနိုင်၏။
ထိုအဆင့်ရှိသည့် သိုင်းသမားမှာလည်း ၄၀၊ ၅၀လောက်သာ ရှိပါသည်။ အကြောင်းပြချက်မှာ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမား များစွာတို့ဟာ မြို့ကြီးများသို့ ထွက်ခွာသွားသောကြောင့် ဖြစ်၏။ မြို့ကြီးများဟာ ပိုမိုအန္တရာယ်များပေမယ့် အဆင့်တက်ရန် အခွင့်အလမ်းများလည်း ပိုမိုများပြားသည်။
သွေးသန့်စင်ခြင်း အဆင့်၌ သက်တမ်းဟာ ၂၀နှစ် တိုးလာခဲ့၏။ အသက်၄၀ မတိုင်ခင်ဟာ သူတို့၏ အထွတ်အထိပ် အချိန်အခါ ဖြစ်သည်။ သိုင်းသခင်တစ်ယောက် ဖြစ်လာရန် ကြိုးစားအားထုတ်ကြ၏။
ကျောက်နက်မြို့တွင် နေခဲ့သူများမှာ တော်တော်လေး ငယ်ရွယ်သေးသူများ(သို့) အသက်လေးဆယ် ကျော်ပြီးသူများ ဖြစ်ကြသည်။ သူတို့၏ အခွင့်အလမ်းဟာ ကြီးစွာ လျော့ကျသွားပြီ ဖြစ်၏။
အရိုးသန့်စင်ခြင်း အဆင့်များ၏ အရေအတွက်ကိုတာ့ လုယီပြောလေ့ မရှိပါ။ သူ၏အဆင့်တွင် အရိုးသန့်စင်ခြင်း အဆင့်များနှင့် အဆင့်တူသည့် လူများကိုသာ ဂရုထားတော့သည်။
ခွိုက်ဝေကို အေးချမ်းစွာ အနားယူစေပြီးနောက် ဟန်ကျောက်ဟာ ဦးခေါင်းကို သယ်ဆောင်ပြီး ဆုငွေသွားထုတ်၏။ ကြေးစားလူဆိုးထိန်း ဌာနတွင် ရွှေကို လဲလှယ်လို့ရမည်ဟု သူထင်မထားခဲ့ပေ။ ရွှေနှင့် ငွေတို့၏ လဲလှယ်မှု အချိုးမှာ ၁အချိုး ၁၁ဖြစ်၏။
ဒီနေရာဟာ မြို့ထဲရှိ ဘဏ်တွင် လဲလှယ်မှုထက် ပိုမိုကောင်းမွန်ပါသည်။ ဘာပဲဖြစ်ဖြစ် အကြိမ်များစွာ လဲလှယ်ခြင်းက အချို့လူများ၏ အာရုံများကို ဆွဲဆောင်ရန် လွယ်ကူ၏။ လုံလောက်သည့် သန်မာမှုမရှိခင်တွင် ကြေးစားလူဆိုးထိန်းဟူသည့် အချက်က လျှို့ဝှက်စွာ ဖွံ့ဖြိုးရန် တော်တော်လေး သင့်တော်၏။ ဘာပဲဖြစ်ဖြစ် စုန့်ချွေ၏ ကျော်ကြားမှုမှာ သူနှင့်မဆိုင်ပေ။
ဒီတစ်ကြိမ် ပြန်ပြီးပါက သူဟာ အရိုးကျုံ့ခြင်း အတတ်ကို လေ့ကျင့်ပြီး ရုပ်ဖျက်မှုကို ပိုမိုစိတ်ချရစေမှာ ဖြစ်သည်။
ထို့နောက် ကျင့်စဉ်များကို ဝယ်ခြင်း၊ ရောင်းခြင်းအား မည်သည့်နေရာ၌ လုပ်ဆောင်နိုင်သနည်းဟု မေးမြန်း၏။ နောက်ဆုံးတွင် ဌာနကလည်း ကျင့်စဉ်များကို လက်ခံကြောင်း သိလိုက်ရသည်။ ထို့ကြောင့် ပျံလွှားအတတ်ကို ငွေ၇၀လျန်နှင့် ယင်စုပ်ယူခြင်း အတတ်ိကု ငွေ၁၁လျန်နှင် ရောင်းချခဲ့၏။ ခွိုက်ဝေ၏ ဝရမ်းဆုငွေ ငွေ၁၀လျန်နှင့် ပေါင်းပြီးနောက် သူဟာ နေရာမှာတင် ရွှေ၈လျန်တို့ကို လဲလှယ်လိုက်သည်။ ငွေ၃လျန်တို့သာ ကျန်၏။
အရိုးသန့်စင်ခြင်း အဆင့်အထိ ကျင့်ကြံနိုင်သည့် ခြေထောက်သိုင်းတစ်ခု အနေနှင့် ပျံလွှားအတတ်ဟာ တန်ကြေးမြင့်မားစွာ ရောင်းချနိုင်ပါသည်။ သို့ပေမယ့် ယခု တစ်ခါတည်း သုံးလိုက်တာ ကောင်း၏။ မှောင်ခိုဈေးကွက်သို့ သွားရောက်ပါက ပစ်မှတ်ထား ခံရနိုင်သည်။ ထိုသို့ဆိုပါက ပြဿနာများလှသည်။
အရင်ဆုံး သူ၏ခွန်အားကို မြှင့်တင်ရပေမည်။ အချိန်ကျလာပါက ပိုမိုများပြားသည့် ပိုက်ဆံများကို ရှာနိုင်မှာ ဖြစ်၏။
“အရှင်စုန့်… ဒါက ခင်ဗျားရဲ့ ရွှေပါ။ ကျေးဇူးပြုပြီး ဂရုစိုက်ပါ”
အမှုထမ်းက ရွှေ၈လျန်နှင့် ငွေ၃လျန်တို့ကို ဟန်ကျောက်အား ပေးပြီးနောက် သတိပေးသည်။
“အရှင်စုန့်.. စည်းမျဉ်းအတိုင်းဆို ဒီကျင့်စဉ်တွေကို ခင်ဗျား ကူးထားလို့ရတယ်။ ဒါပေမယ့် ထပ်ပြီးရောင်းလို့တော့ မရဘူးနော်။ မဟုတ်ရင်..”
အမှုထမ်း၏ စကားမဆုံးခင် ဟန်ကျောက်က ပြော၏။ “စိတ်မပူပါနဲ့.. စည်းမျဉ်းကို ကျွန်တော်နားလည်ပါတယ်”
မည်သူမှ သူတို့ဝယ်ထားသည့် ကျင့်စဉ်ကို နေရာတကာ ပျံ့လွင့်နေမှာ လိုချင်ခြင်း မရှိပေ။ အထူးသဖြင့် ဒီကျင့်စဉ်များဟာ အတွင်းပိုင်းခွန်အားကို ဖမ်းဆုပ်နိုင်ခြင်း မရှိပေ။ အများအပြား ကူးယူရောင်းချပါက တန်ကြေးကို ကြီးစွာ ထိုးကျသွားမှာပါ။ မဟုတ်ပါက ဆယ်ခု၊ အခုတစ်ရာလောက် သူကူးခဲ့၏။ တစ်ခုကို ငွေလျန်အနည်းငယ်လောက်နှင့် ရောင်းချလျှင်တောင် ပိုက်ဆံများစွာ ရနိုင်ပါသည်။ သို့ရာတွင် ဈေးကွက်ကို ဖျက်ဆီးမိပါက.. ပြဿနာပိုရှုပ်ပေလိမ့်မည်။ သူစမ်းသပ်ကြည့်လိုခြင်း မရှိပါ။
သွေးသန့်စင်ခြင်း အဆင့်အထိ ကျင့်ကြံနိုင်သည့် မည်သည့်ကျင့်စဉ်မဆို ၎င်း၏ အထူး သွေးချီလှည့်ပတ်ခြင်း နည်းလမ်းရှိပါသည်။ သက်ဆိုင်ရာ အဆင့်တစ်ခုအထိ မလေ့ကျင့်ထားပါက ကူးယူရန် နားလည်သဘောပေါက်နိုင်မည် မဟုတ်ပေ။
အရင်တုန်းက ပိုးမျှင်တစ်ထောင်ကျမ်းကို လုယီဆီသို့ လူပုံလယ်တွင် ပေးခဲ့ပြီးနောက် သူ့ဆီတွင် ကူးယူထားခြင်း ရှိမည်ဟု မည်သူမှ သံသယမဝင်ခြင်းမှာ ထိုအကြောင်းကြောင့် ဖြစ်သည်။