ပြန်လာခြင်း
Vol. 016 Ch. 1596
ပျက်စီးခြင်းမြို့တော်သို့ ကျင့်ကြံသူများ တဖွဲဖွဲရောက်လာနေဆဲဖြစ်သည်။ ထိုအချိန်တွင် လူတစ်စုသည် ပျက်စီးခြင်းမြို့ထဲသို့ ရောက်ရှိလာကြသည်။ ထိုသူများသည် ယွမ်ယန်ဘုံမှလူများဖြစ်ကြပြီး ယင်းဘုံသည် ဗဟိုဧကရာဇ်ဘုံ၏ အပြင်ဘက်ရှိ နယ်မြေတစ်ခုဖြစ်သည်။ ၎င်းသည် ထျန်းဟယ်ဘုံနှင့် တူညီပြီး ဗဟိုအင်ပါယာဘုံ၏အနီး ဘုံ၏နယ်နိမိတ်အတွင်းတွင် တည်ရှိသည်။ တကယ်တမ်းတွင် ယွမ်ယန်ဘုံအား ဗဟိုအင်ပါယာဘုံ၏ ဌာနခွဲတစ်ခုဖြစ်သည်ဟုပြောနိုင်သည်။
လွန်ခဲ့သောနှစ်ပေါင်းများစွာက ယွမ်ယန်ဘုံတွင် နယ်မြေအရှင်ဟုခေါ်သော အလွန်အစွမ်းထက်သည့် သူတစ်ဦးပေါ်ပေါက်လာခဲ့သည်။ နောက်ပိုင်းတွင်သူသည် စိတ်မကျေနပ်စရာတစ်ခုကြောင့် မြင်တွေ့သမျှ ယွမ်ယန်ဘုံမှ လူအားလုံးကို တိုက်ခိုက်ပြီးအနိုင်ယူခဲ့သည်။ နောက်ဆုံးတွင် ဗဟိုအင်ပါယာဘုံသို့ ရောက်လာခဲ့ပြီး လူအင်အား စုဆောင်းကာ ဗဟိုအင်ပါယာဘုံ၏ထိပ်တန်းမျိုးနွယ်စု ဖြစ်လာမည့် ယွမ်ယန်ဂိုဏ်းကို တည်ထောင် ခဲ့သည်။
ယင်းဂိုဏ်းသည် ဒေသတစ်ခုလုံးကိုလွှမ်းမိုးနိုင်ခဲ့သည်။ ပထမဆုံး မိသားစုဝင်များသည် အောက်ဘုံမှသူများဖြစ်ပြီး အစွမ်းထက်သည့်သူများ နည်းပါးလှသည်။ သို့သော် ဧကရာဇ်ယွမ်ယန်သည် အောက်ဘုံမှ ကျင့်ကြံသူများကိုစုစည်းကာ ယွမ်ယန်ဘုံကို ဆက်လက်လွှမ်းမိုးချုပ်ကိုင်ထားနိုင်ရန် ကြိုးစားခဲ့သည်။
ထိုသို့ဖြင့် ယွမ်ယန်ဂိုဏ်း၏အင်အား တောင့်တင်းလာခဲ့သည်။ နှစ်ပေါင်းများစွာ ကြာသောအခါတွင် ယွမ်ယန်ဂိုဏ်းသည် ဗဟိုဧကရာဇ်ဘုံတွင် အင်အားအကြီးဆုံးဂိုဏ်းတစ်ခု ဖြစ်လာခဲ့သည်။ ဝါးအင်ပါယာသည် ယွမ်ယန်ဘုံ၏ ရန်ဟောင်တစ်ပါး ဖြစ်သည်။ သူသည် ယွမ်ယန်ဘုံတွင် ဂိုဏ်းတစ်ခုကို စတင်တည်ထောင်ခဲ့သည်။ သူတို့သည်လည်း သူတို့၏ နောက်မျိုးဆက်သစ်များအတွက် အခွင့်အရေးများရနိုင်ရန် ပျက်စီးခြင်းဘုံသို့ရောက်လာပြီး လာရောက်ယှဉ်ပြိုင်ကြသည်။
ဝါးအင်ပါယာ၏ သမီးတော် ကျုးချီသည် ထူးချွန်ထက်မြက်သည့် ပါရမီရှင်တစ်ဦး ဖြစ်သည်။ သူမသည် ယွမ်ယန်ဘုံ၏ ကျင့်ကြံနေချိန်ကတည်းကပင် နာမည်ကျော်ကြားသူလေး ဖြစ်သည်။ နောက်တွင် သူမသည် ယွမ်ယန် နန်းတော်တွင် ကျင့်ကြံနိုင်ခဲ့သည်။ ယွမ်ယန်နန်းတော်၏ နန်းတော်သခင်သည် ဗဟိုဧကရာဇ်ဘုံရှိ ယွမ်ယန်ဂိုဏ်းမှဖြစ်သည်။
“ငါတို့ရောက်ပြီ။” အဖွဲ့အားဦးဆောင်လာသော ဝါးအင်ပါယာက ပြောသည်။
“ယွမ်ယန်နန်းတော်ကလူတွေ ရောက်နှင့်နေပြီ အဲဒီကို သွားကြရအောင်” သူတို့ယွမ်ယန်နန်းတော်နှင့် အဆက်အသွယ်ရှိနေသမျှ ကာလပတ်လုံး ယွမ်ယန်ဂိုဏ်းသည် သူတို့ထဲမှသူအချို့အား အပျက်အစီးနယ်မြေအတွင်းသို့ ခေါ်ဆောင်သွားပေ လိမ့်မည်။
ကျင့်ကြံသူအများစုတွင် အပျက်အစီးနယ်မြေထဲဝင်နိုင်သည့် ကိုယ်ပိုင်နည်းလမ်းများရှိကြသည်ဖြစ်ရာ ယွမ်ယန်ဘုံမှ ဝါးအင်ပါယာသည်လည်း ချွင်းချက်မဟုတ်ပေ။
လူတိုင်းခေါင်းညိတ်လိုက်ကြသည်။ ထိုအုပ်စုသည် ပျက်စီးခြင်းမြို့တော်သို့ ဦးတည်ကာ ပျံသန်းလာကြသည်။
“သူတို့ ယွမ်ယန် နန်းတော်ကို သွားနေကြတာလား။” ထိုလူစုအလည်ရှိ သိန်းငှက်လေး၏မျက်ဝန်းများ ပြူးကျယ်လာသည်။
သူကမျက်တောင်တစ်ဖျတ်ဖျတ်ခတ်ပြီးပြောသည်။ “ငါ့သခင်က ပျက်စီးခြင်းမြို့မှာ ရောက်နေပြီ။ ငါလာမယ်ဆိုတာ သူသိတယ်။ မင်းသာ ငါ့သခင်ဆီမှာ အစေခံလုပ်မယ်ဆိုရင် သခင်ကမင်းကို အပျက်အစီးနယ်မြေထဲ ခေါ်သွားမှာပြီးတော့ မင်းနဲ့ပျော်ရွှင်စရာ အချစ်ဇာတ်လမ်းလေး ဖြစ်လာ နိုင်တယ်”
မိန်းမပျိုက သိန်းငှက်နက်ကိုငုံ့ကြည့်လိုက်ပြီး ပြောသည်။ “ ကြည့်ရတာ ငါမင်းကို အရမ်းညှာတာထားမိတယ်ထင်တယ်။ ပျက်စီးခြင်းမြို့ကိုသွားနေကြတဲ့ ကျင့်ကြံသူတွေ အများကြီး ရှိနေတာပဲ။ မင်းရှိနေတာက အသုံးမဝင်မဲ့အတူတူ မင်းကိုကင်ပြီး ငါတို့စားလိုက်တာက ပိုကောင်းမယ် ထင်တယ်။”
သိန်းငှက်နက်လေးက ခေါင်းငုံ့လိုက်ပြီး တိုးတိုးလေးပြောသည်။ “ ဘယ်လောက်တောင် ရက်စက်လိုက်လဲ။ အနည်းဆုံးတော့ ငါတို့ရင်းနှီးမှုကို ထောက်ထားသင့်ပါတယ်။”
“မင်းကိုသတ်ဖို့ တွန့်ဆုတ်နေမယ်မထင်နဲ့။” ကျူးချီ၏ကိုယ်ခန္ဓာမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပျံ့နှံ့လာသည်။
ထိုခွေးကောင်သည် သူမနှင့်တွေ့သောအခါတိုင်း ရိုင်းစိုင်းစွာ ပြောလေ့ရှိသည်။ ၎င်းသည် သူမအား မကြာခဏစနောက်ကျီစယ်လေ့ရှိသောကြောင့် ၎င်းကိုယဉ်ကျေးလာစေရန် ပြုပြင် ထိန်းကျောင်းနေခြင်းဖြစ်သည်။ အငြင်းပွားဖွယ်မရှိသော အမှန်တရားမှာ အမှိုက်ကောင် သိန်းငှက်စုတ်သည် အလွန်အင်အားကြီးမားခြင်း ဖြစ်သည်။ သူ၏အဆင့်သည် သူမထက် နိမ့်ကျ သော်လည်း သူ့ထံတွင် ပုံမှန်မဟုတ်သော ထူးခြားသည့် နည်းလမ်းအချို့ရှိသည်။
သူမသည် သူ့ထက်အဆင့်မြင့်သော်လည်း သူသည် သန့်စင်သော နဂါးသွေးမျိုးဆက်ရှိသည့် သူမ၏ ပြင်းထန်သော တိုက်ခိုက်မှုများကို ခုခံနိုင်ခဲ့သည်။ ထို့ကြောင့်သူမသည် သိန်းငှက်နက်လေးအား သူမ၏ လေ့ကျင့်ဖော်အဖြစ် သတ်မှတ်ခဲ့ပြီး သူမ၏တိုက်ခိုက်ရေးစွမ်းအားကို ပိုမိုအစွမ်းထက်အောင် ကျင့်ကြံခဲ့သည်။ ဤသိန်းငှက်နက်သည် သူ၏စစ်မှန်သော စွမ်းအားနှင့် အရည်အချင်းတို့ကို ပြသနိုင်ခဲ့သည်။
တစ်ခုတည်းသော ပြဿနာမှာ သူ၏ပါးစပ်ဖြစ်ပြီး အချိန်တိုင်းရိုက်နှက်ခံရရန် တောင်းဆိုနေလေသည်။
ယခုတွင် သူ့တွင်သခင်ရှိသည်ဆိုသည်အား သူမ သိလိုက်ရသည်။ ဤခွေးကောင်သည် အလွန် အရှက်မဲ့သည်ဖြစ်ရာ သူ၏သခင်သည် အလွန်လေးနက်သူ မည်သို့ဖြစ်နိုင်မည်နည်း။ ထို့အပြင် သူသည် မိမိကိုယ်ကို ပြောစရာစကားမရှိအောင် ချောမောသူတစ်ဦးဖြစ်ပြီး ပြိုင်ဘက်ကင်းပါရမီရှင်ဟု ပြောရဲသူ ဖြစ်သည်။ သူသည် အမှန်ပင်အရှက်မဲ့သူဖြစ်ရပေမည်။
“မင်းသဘောကျသလို လုပ်ပါလေ…။ ငါ့ရဲ့သခင်လာခေါ်မှာကို စောင့်နေတာ။ တကယ်လို့ ငါ့သခင်နဲ့ သိကျွမ်းရရင် ကိုယ့်ကိုယ်ကို ထိန်းချုပ်ဖို့ ကြိုးစားပါ။ ကြိုးစားမရဘဲ မျှောပါသွားတဲ့အခါကျမှ ငါ့ကိုအကူအညီတောင်းမယ်ဆိုရင် မင်းပဲ မျက်နှာပျက်ရမှာ”
သိန်းငှက်လေးသည် ရှုံးနိမ့်မည်ကို သိပြီး လွတ်မြောက်နိုင်ခြင်းမရှိသည်အား သိသော်လည်း သူသည် ရီဖူရှင်းထံ အကြောင်းကြားထားပြီးဖြစ်သည်။ သူတို့နှစ်ဦးသည် စိတ်ပိုင်းဆိုင်ရာ ဆက်နွယ်မှုရှိသည်။ ရီဖူရှင်းသည် သူ၏နေရာကိုသိပြီး သူ့ကိုလာခေါ်ပေလိမ့်မည်။
ဝါးအင်ပါယာသည် အချိန်အနည်းငယ်အတွင်းတွင် ယွမ်ယန်ဘုံမှ ကျင့်ကြံသူများ စုစည်းသည့်နေရာအား တွေ့ရှိသွားသည်။ ယွမ်ယန်နန်းတော်၏ နန်းတော်သခင်ကိုယ်တိုင် ရောက်ရှိနေခဲ့ပြီး နန်းတော်မှ ကျင့်ကြံသူများသည် တစ်နေရာတည်းတွင် စုစည်းခဲ့ကြသည်။ ဤဒေသသည် ယွမ်ယန်ဘုံ၏ အစွမ်းထက်ဂိုဏ်းဖြစ်သည့် ယွမ်ယန်ဂိုဏ်းနှင့် အလွန်နီးကပ်သည်ဖြစ်ရာ ယွမ်ယန်ဂိုဏ်းသည် အချို့အရာများကို ကြိုတင် ခန့်မှန်းမိသည်မှာ သဘာဝကျပေသည်။ အကြီးအကဲတိုင်းသည် နတ်ဘုရားအပျက်အစီးနယ်မြေထဲတွင် မဝင်ရောက်နိုင်ကြပေ။ အပျက်အစီးနယ်မြေထဲ လူအကန့်အသတ်မရှိ ဝင်ရောက်နိုင်သော်လည်း ရန်ဟောင်အဆင့်ထက်နိမ့်ကျသူများသာ ဝင်ရောက်နိုင်ခွင့်ရှိပေသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ကြီးမားသောအဖွဲ့တစ်ခုအား ခေါ်လာနိုင်သော်လည်း ခေါင်းဆောင်တိုင်းသည် လူတိုင်းအပေါ်တွင် ကောင်းစွာထိန်းချုပ်ထားနိုင်မည်ဖြစ်ပြီး သူတို့အား နေရာအချို့ပေးကာ တိုက်ရိုက် ညွှန်ကြားနိုင်ပေသည်။ ယွမ်ယန်ဂိုဏ်းသည် ယွမ်ယန်နန်းတော်ကို နေရာများစွာပေးခဲ့ပြီး နန်းတော်၏ လူများကို ရွေးချယ်ခွင့်ပြုခဲ့သည်။
ထိုအချိန်တွင် ဝါးအင်ပါယာဦးဆောင်လာသည့် အဖွဲ့ရောက်ရှိလာကြသည်။ လူတိုင်းသည် သူတို့ ရောက်လာသည်ကို အသိအမှတ်ပြုခဲ့ကြသည်။
“ဝါးအင်ပါယာ ရောက်လာပြီ”
“လူတိုင်း ဒီကို အမြန် ရောက်လာကြတာပဲ”
ဝါးအင်ပါယာသည် ရောက်နှင့်နေကြသော ယွမ်ယန်ဘုံမှ ရန်ဟောင်များစွာကို တွေ့လိုက်ရသည်။ သူတို့အားလုံးသည် ယွမ်ယန်ဘုံတွင် ထိပ်တန်းပုဂ္ဂိုလ်များဖြစ်သည်။ ယခုအချိန်တွင် သူတို့အားလုံးသည် သူတို့အဖွဲ့၏ အတော်ဆုံး ရှန့်ထိုများဖြင့် ဤနေရာသို့ရောက်ရှိနေကြသည်။
“ကျူးချီ”
မြောက်များစွာသော သူငယ်များသည် ကျူးချီကိုကြည့်လိုက်ကြသည်။ သူတို့သည် ကျူးချီ ယွမ်ယန်နန်းတော်တွင် ကျင့်ကြံစဉ်က သူမနောက်လိုက်ခဲ့ကြသူများဖြစ်ရာ သူတို့သည် သူမအား သိကြပြီး ဖြစ်သည်။
“အဲဒီကိုအရင်သွားပြီး အကြောင်းကြားလိုက်ရအောင်” ဝါးအင်ပါယာက ပြောကာ ရှေ့သို့သွားသည်။ ထိုနေရာရှိလူများစွာကြောင့် ယာယီနန်းတော်ကို တည်ဆောက်ထားခဲ့သည်။ ၎င်းသည်လက်ရှိနန်းတော်သည် လက်ရှိတွင်နန်းတော်သခင် ပြောင်းရွေ့လာသော နန်းတော်နေရာလည်း ဖြစ်ပေသည်။
သိန်းငှက်နက်သည် တိတ်ဆိတ်စွာဖြင့် နောက်သို့လိုက်နေခဲ့သော်လည်း သူ၏စိတ်နှလုံးထဲတွင် အနည်းငယ်လှုပ်ရှားနေပေသည်။ သူ၏သခင်သည် ဤနေရာတွင် ရောက်နေပြီဖြစ်သည်။ သူသည် သူ၏သခင်အား နှစ်ပေါင်းများစွာ ခွဲခွါနေရသည်ဖြစ်ရာ အလွန်လွမ်းဆွတ်နေပြီဖြစ်သည်။
မင်းသမီးလေးနှင့် ဥဒေါင်းငယ်လေးတို့လည်း မည်သို့ရှိနေသည်ကို မသိခဲ့ရပေ။ မင်းသမီးလေးသည် ဒေါသကြီးဆဲလား။ အရှင်ယူရောက်လာမလာကိုလည်း သူ မသိရပေ။ ရီဖူရှင်းသည် သိန်းငှက်လေး၏ အကြောင်းကြားခြင်းကို ရသည်နှင့်ထွက်လာခဲ့သည်။ ထိုအချိန်တွင်သူသည် အရှင်ထိုက်ရွှမ် သို့မဟုတ် မဟာကောင်းကင်မြစ်အကြီးအကဲတို့ကို အနှောက်အယှက်မပေးပေ။ သူသည်ယခင်က အကြောင်းအရာ အမျိုးမျိုးတွင် သူတို့နှစ်ဦးလုံးကိုဒုက္ခများပေးခဲ့ပြီးဖြစ်ရာ ယခုအချိန်တွင် ထပ်မံ၍ဒုက္ခမပေးလိုတော့ပေ။ ယခုအချိန်တွင် သူတို့သည် အင်ပါယာရှားနှင့် ဉဒေါင်းအင်ပါယာတို့နှင့်အတူ ရှိနေကြသည်။ ဉဒေါင်းအင်ပါယာသည် သိန်းငှက်လေးကိုယခင်က စောင့်ရှောက်ပေးခဲ့ဖူးသည်။ သူရောက်လာသည်ကို သိသောအခါ သူတို့လည်း လိုက်ပါလာကြသည်။
ဝါးဧကရာဇ်သည် ယာယီနန်းတော်၏ညွှန်ကြားချက်များအား အခြားရန်ဟောင်များ နှင့် ဆွေးနွေး နေသည်။ ကျူးချီ နှင့် သိန်းငှက်နက်လေးတို့သည် ဘေးချင်းကပ်ရက် ရပ်နေကြသည်။
သိန်းငှက်လေးက ပြောသည်။ “ငါ့သခင်လာခေါ်ပြီ။ ငါသွားရတော့မယ်။”
ကျူးချီသည် သူ့ကိုလှည့်ကြည့်သည်။ ဤအရှုပ်ထုပ်သည် လိမ်ပြောနေခြင်းလော။ သို့မဟုတ် လိမ်ပြောနေခြင်းမဟုတ်ဘဲ အမှန်တကယ်ပင် သခင်တစ်ယောက်ရှိနေသည်လား။ သိန်းငှက်လေးက ပြောသည်။
“မင်းငါ့ကိုသတိရမယ်ဆိုတာ သိပေမယ့် ငါမှာသခင်တစ်ယောက် ရှိနှင့်ပြီးသား။”
“ဟုတ်လား” ကျူးချီက သူ့ကိုအေးစက်စွာ ကြည့်သည်။ “မင်းလိုမျိုးအရှက်မရှိတဲ့သားရဲကို ဘယ်လိုသခင်မျိုးက မွေးထားသလဲ ဆိုတာငါကြည့်ချင်တယ်”
သိန်းငှက်နက်က မျက်တောင်တစ်ဖျတ်ဖျတ်ခတ်ကာ ပြောသည်။ “ကောင်းပြီလေ… ဒါပေမယ့် နောက်မှ နောင်တမရနဲ့နော် ကိုယ့်ကိုယ်ကို ထိန်းချုပ်ဖို့မမေ့နဲ့။”
သူသည် အလွန်ယုံကြည်ချက်ရှိဟန်ဖြင့် ဦးခေါင်းကိုမော့ကာ အစွန်းဘက်သို့ ဦးတည်သွားလိုက်ရင်း ပြောသည်။ သူသည်အတော်လေး ဆန်းကြယ်သည်ဟု ခံစားရပေသည်။ ကျူးချီသည် နှာခေါင်းရှုံ့လိုက်သော်လည်း သူမကိုယ်တိုင် တွေ့မြင်ချင်သည်ဖြစ်ရာ သိန်းငှက်လေးနောက်သို့ လိုက်သွားသည်။
မကြာမီ သူတို့ အစွန်းဘက်သို့ ရောက်လာကြသည်။ သူတို့နှင့် မနီးမဝေးရှေ့ဘက်တွင် စောင့်နေသည့်လူတစ်စုကို တွေ့လိုက်ရသည်။ ထိုအုပ်စု၏ ခေါင်းဆောင်သည် တစ်ခေါင်းလုံး ဆီးနှင်းကဲ့သို့ ဖြူဆွတ်သောဆံပင်များရှိပြီး ထူးခြားဆွဲဆောင်နိုင်သည် ပုံပန်းသဏ္ဌာန် ရှိသည်။ သူသည် သိမ်မွေ့ပြီး ကြော့ရှင်းသည်။ ကျူးချီသည် သူမ မြင်တွေ့လိုက်ရသော အရာကြောင့် တုန်လှုပ်သွားသည်။ ထိုသူသည် အမှန်တကယ် အလွန်စွဲမက်ဖွယ်ပုံပန်းသဏ္ဌာန်ရှိပေသည်။
“ဆံပင်အဖြူရောင်နဲ့လူကိုကြည့် ချောတယ်မလား။ ငါမင်းကို မလိမ်ဘူးနော်။” သိန်းငှက်လေးသည် သူ့ဘေးတွင်ရှိသော ကျူးချီကိုကြည့်ကာ ပြောသည်။
ကျူးချီနှာခေါင်းရှုံ့သည်။ သူသည် ကြည့်ကောင်းသော်လည်း သားရဲသည် သခင်၏အရိပ်များ ထင်ဟပ်နေမည်သာဖြစ်သည်။ ဤသားရဲသည် အရှက်မဲ့လွန်းသည်။ သူ၏သခင်သည် မည်မျှကောင်းနိုင်မည်နည်း။
သိန်းငှက်နက်လေးသည် ရီဖူရှင်း၏ရှေ့သို့ရောက်သောအခါ တောင်ပံများကို ခတ်လိုက်ပြီး အလွန်ကောင်းမွန်သည့် ပုံရိပ်ကို ဖန်တီးသည်။
“သခင်… ကျွန်တော် ဒီနှစ်တွေမှာ သေလောက်အောင်လွမ်းနေတာ” သူသည် ထိုသို့ပြောရင်း သူ့အပေါ်ခုန်တက်တော့မည့် ပုံမျိုးလုပ်သည်။
“ဝေးဝေးနေစမ်း” ရီဖူရှင်း လေသံမာမာဖြင့် အော်ငေါက်သည်။ သူသည် သူ့အားနှစ်အနည်းငယ်မတွေ့ရသော်လည်း မည်သို့ ပြုလုပ်ချင်နေကြောင်း ပြောစရာမလိုဘဲ သိပေသည်။ သိန်းငှက်နက်သည် သွားနေသည်ကို ရပ်လိုက်ပြီး တိတ်တခိုး ပြုံးသည်။ သူက ရီဖူရှင်း၏ဘေးသို့ ကြည့်ကာမေးသည်။
“ဒုတိယသခင်လည်း ဒီမှာရှိနေတာလား”
“မင်းရဲ့သခင်တွေဖြစ်တဲ့ ဉဒေါင်းမင်းသမီးနဲ့ မင်းသမီးရှင်းယွန်နှစ်ယောက်လုံး ဒီမှာရှိတယ်”
သိန်းငှက်နက်သည် ထိုထက်မကပြောချင်သော်လည်း အင်ပါယာရှားနှင့် ဉဒေါင်းအင်ပါယာတို့အား တွေ့လိုက်ရသောအခါ အဆင်ခြင်မဲ့စွာ မပြောဝံ့တော့ဘဲ အလွန် လိမ္မာသည့် ပုံဖြင့် ထိုနေရာတွင်ရပ်နေသည်။
“မင်းမသေသေးဘူးပဲ” ရှားရှင်းယွန်က အေးစက်စွာ မှတ်ချက်ချသည်။
သိန်းငှက်လေးသည် သူ၏တောင်ပံများကို ကျုံ့သည်။ သူသည် မျက်လုံးပြူးကာ ရှားရှင်းယွန်ကိုကြည့်လိုက်ပြီး သူမဘေးရှိ အင်ပါယာရှားကိုကြည့်သည်။ ဤအချိန်တွင် တိတ်ဆိတ်စွာနေရန် ဆုံးဖြတ်သည်။
ရီဖူရှင်း၏အကြည့်ကသိန်းငှက်နက်ကို ကျော်ပြီး သူ့နောက်မှ ကျူးချီကိုကြည့်သည်။ သိန်းငှက်နက် ပြောပြောနေသည်မှာ သူမအကြောင်းဖြစ်ပေမည်။ သူက လက်နှစ်ဖက်ကို ဆုပ်ကာအနည်းငယ် ဦးညွှတ်လိုက်ပြီးပြောသည်။
“ဒီနှစ်တွေမှာ သိန်းငှက်လေးကို စောင့်ရှောက်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်သူ့ကို ပြန်လာခေါ်တာပါ”
“သူကရှင့်ရဲ့ သားရဲလား” ကျူးချီက ရီဖူရှင်းကို မေးသည်။ သူမသည်သိန်းငှက်နက်ကြောင့် သူ့အပေါ်စိတ်ကွက်မှုများရှိခဲ့သော်လည်း သူသည် ယဉ်ကျေးသိမ်မွေ့သူဖြစ်သည်။ သူ၏ပုံစံအစစ်ကို ဖုံးကွယ်ထားသည်လည်း ဖြစ်နိုင်ပေသည်။
“အင်း” ရီဖူရှင်း ခေါင်းညိတ်သည်။
ကျူးချီသည် ရီဖူရှင်းကိုကြည့်ကာ ပြောသည်။ “ တစ်ချိန်က သိန်းငှက်နက်က ကျွန်မကိုမလေးမစား လုပ်ခဲ့တယ်။ ကျွန်မကသူ့ကိုတိုက်ခိုက်ပြီး အနိုင်ယူခဲ့တယ်။ အခုချိန်မှာ ကျွန်မက သူ့ရဲ့လက်ရှိသခင်ပဲ။”
သူမသည် သိန်းငှက်နက်အား အလွယ်တကူ ပြန်မပေးချင်ပုံ ပေါ်ပေသည်။ သိန်းငှက်နက်သည် ရီဖူရှင်းအား သူ့ကိုပြန်လာခေါ်စေခြင်းသည် အမှန်တကယ်တွင် ဤအတွက်ကြောင့်ဖြစ်ပေသည်။ ထိုမိန်းကလေးသည် သိန်းငှက်နက်ကို လွှတ်ပေးရန် ငြင်းဆိုခဲ့သည်။
ရီဖူရှင်းသည် သိန်းငှက်နက်ကို စိုက်ကြည့်သည်။ သူသည် သူတို့ကြားမှဆက်ဆံရေးကို အလွန်ချဲ့ကားပြောဆိုခဲ့ပုံပေါ်သည်။
“မနောက်ပါနဲ့ မိတ်ဆွေရယ်။ သိန်းငှက်လေးနဲ့ ကျွန်တော်က စိတ်ချင်းချိတ်ဆက်နေကြတာပါ။ ဒီလိုမှမဟုတ်ရင် သူဒီမှာရှိနေတာ ကျွန်တော် ဘယ်လိုသိမှာလဲ “ ရီဖူရှင်းကပြောသည်။
“ပြီးခဲ့တဲ့နှစ်တွေမှာ သူကမင်းကို စိတ်အနှောက်အယှက်ပေးခဲ့တယ်ဆိုရင် မင်းကို ဒုက္ခရောက်စေခဲ့တဲ့အတွက် မင်းကိုလျော်ကြေးပေးချင်ပါတယ်”
“ငါတို့ပတ်သက်မှုက ထာဝရမဟုတ်ပေမယ့်…” သိန်းငှက်နက်သည် ကျူးချီကိုကြည့်ကာပြောသည်။
“ငါတို့ အသိအကျွမ်းအဖြစ် သတ်မှတ်လို့ရတာပဲ မင်းငါ့ကို လွတ်ပေးမယ်ဆိုရင် ငါ့သခင်နဲ့အတူ အတူအပျက်အစီးနယ်မြေထဲ ဝင်လို့ရတယ်”
“ငါမင်းကို သွားခိုင်းလို့လား” ကျူးချီသည် သိန်းငှက်နက်ကို ကြည့်ကာ ရီဖူရှင်းကိုပြန်ကြည့်သည်။
“ဒီသားရဲက ကျွန်မကို အကြိမ်ကြိမ်စိတ်ဆိုးစေခဲ့တယ်။ သူ့ကို ဒီတိုင်းမလွှတ်ပေးလိုက်နိုင်ဘူး”
ရီဖူရှင်းသည်မျက်မှောင်ကြုတ်ပြီး သိန်းငှက်နက်ကို တစ်ချက် ကြည့်သည်။ သူက ကျူးချီကို အနည်းငယ်ဦးညွှတ်လိုက်ပြီး “တကယ်လို့ သိန်းငှက်လေးက မင်းကို အပြစ်ပြုမိတယ်ဆိုရင် ဒီကနေပြီး သူ့အတွက် တောင်းပန်ပါတယ်” ဟုပြောသည်။ သူက နှုတ်ခွန်းဆက်ပြီးနောက် သိန်းငှက်နက်ကိုကြည့်ကာ ပြောသည်။
“သွားကြစို့” သူက စကားပြောပြီးသည်နှင့် လှည့်ထွက်သွားသည်။
“ဟေ့ ဒီနေရာကို ဘာထင်နေတာလဲ”
များစွာသော လူများပျံသန်းရောက်ရှိလာကြသည်။ သူတို့အားလုံးသည် ယွမ်ယန်နန်းတော်မှဖြစ်သည်။ သူတို့၏ လျင်မြန်မှုသည် အံ့သြစရာကောင်းပေသည်။ သူတို့သည် ရီဖူရှင်းထံသို့ ပြေးဝင်သွားပြီး တိုက်ခိုက်လိုက်ကြသည်။
ရီဖူရှင်းက ရပ်နေရင်းမှ ပြောသည်။ “ ဒီလို အငြင်းအခုံ ဖြစ်လာဖို့ မရည်ရွယ်ပါဘူး။ ဒါပေမယ့်ဒီသားရဲက ငါ့ရဲ့ရဲဘော်ရဲဘက်ပဲ။ ငါသူ့ကိုခေါ်သွားရမယ်။”
သူက အဝေးသို့ ထွက်ခွါသွားရင်းပြောသည်။ “နှုတ်ဆက်ပါတယ်”
“ဟွန့်”
အေးစက်သည့် နှာခေါင်း ရှုံ့သံအား ကြားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် လူပေါင်းများစွာသည် ရီဖူရှင်းထံသို့ ဦးတည်လာကြသည်။
ကျူးချီသည် သူမ၏ခန္ဓာကိုယ်မှ စိတ်စွမ်းအင်များ ထုတ်လွှတ်သည်။ သိန်းငှက်နက်သခင်၏ စွမ်းအားကို သူမကိုယ်တိုင် စမ်းသပ်ကြည့်ချင်သည်။
ရီဖူရှင်း၏ဘေးမှ အနက်ရောင်သံချပ်ကာအင်္ကျီကို ဝတ်ထားသော လူငယ်က ရုတ်တရက် လှုပ်ရှားသည်။ သူလှည့်လိုက်ပြီး ရှေ့သို့တိုးကာ လက်သီးကိုပင့်မြှောက်လိုက်ပြီး လေထုကို ထိုးခွင်းသည်။ ထိုနေရာတစ်ခုလုံး ချက်ချင်း အေးခဲသွားသည်။
ရီဖူရှင်းထံ လာနေသောလူများသည် မတူညီသောထိုးနှက်ချက် တစ်ခုစီကျရောက် လာသဖြင့် ရုတ်တရက် ရပ်တံ့သွားကြသည်။
ဘုန်း…။
ထိုနေရာရှိလေထုသည် ဖိနှိပ်မှုများကြောင့် ကြေမွပျက်စီးသွားသည်။ လူများသည် အော်ဟစ်လိုက်ပြီး သူတို့၏ခန္ဓာကိုယ်များ လေထဲလွှင့်စင်သွား ကြသည်။ သူတို့၏မျက်နှာများ ဖြူဖျော့သွားကြသည်။
ထိုပြင်းထန်သောလေထုသည် ကျူးချီကိုလည်း နောက်သို့လွှင့်စင်သွားစေသည်။ သူမထိတ်လန့်သွားမိသည်။ အနက်ရောင်လူငယ်သည် မည်သည့်အရာမျှ မပြုလုပ်ထားသကဲ့သို့ ထူးခြားမှုမရှိသည့်အမူအယာဖြင့် ပြန်လှည့်သွားပြီး သူ့ရှေ့မှလူနောက်သို့ လိုက်ပါသွားသည်။
***