ဝါးမြိုသူအား ချောင်ပိတ်ဖမ်းခြင်း ….
Vol. 22 Ch. 315
ရင်းနှီးပြီးသား အော်ရာ တစ်ခု ရုတ်တရက် ပြန်လည် ပေါ်ပေါက်လာခြင်းက အာရန်အားအတော်ပင် အံ့အားသင့်သွားစေခဲ့၏။
အထူးသဖြင့် မစ်ထ်သည် ဤမျှ စောစီးစွာ ပြန်လာခဲ့လိမ့်မည်ဟု အာရန်သည် လုံးဝ မမျှော်လင့်ထားမိခဲ့သောကြောင့်လည်း ဖြစ်လေသည်။
ယခုအချိန်အထိ မစ်ထ် သည် အကယ်ဒမီတွင် မရှိနေကြောင်း သူကြိုတင်သိရှိထားခဲ့ပြီး ၎င်းက သူ့အားဤနေရာသို့ဝင်ရောက်ရန် ပိုမိုယုံကြည်မှုများ ရှိစေခဲ့ခြင်းဖြစ်၏။
သူမကဲ့သို့သောသူ တစ်ဦး ဤနေရာတွင် ရှိမနေသောကြောင့် သူသည် လွတ်လွတ်လပ်လပ် ဝင်ရောက်နိုင်ခဲ့ခြင်းလည်းဖြစ်လေသည်။
“သူမ ပြန်လာပြီလား”
အာရန်၏ မျက်လုံးများတစ်ချက် ကျဉ်းမြောင်းသွားခဲ့သည်။ မစ်ထ် ပြန်လာသည်ကို သူ မမြင်ရသေးသော်လည်း ဤ အော်ရာ သည် သူမ ဖြစ်သည်မှာ လုံးဝချွင်းချက်မရှိပေ။
အကယ်ဒမီ ပတ်လည်ရှိ ဟင်းလင်းပြင်ဆိုင်ရာ ကန့်သတ်ချက်များ သည် ရုတ်တရက် ပိုမိုအားကောင်းလာသည်ကိုလည်း သူ ခံစားမိနိုင်ခဲ့ပြီး သူမ၏ ရည်ရွယ်ချက်များမှာ ရှင်းလင်းနေခဲ့သည်။
ထို အော်ရာသည်လည်း လုံးဝမမှားနိုင်တော့ပေ။
၎င်းသည် အာရန်တစ်ယောက် ဖြစ်နိုင်သမျှ ဝေးဝေး ရှောင်ရှားလိုနေခဲ့သော တစ်စုံတစ်ဦးလည်း ဖြစ်လေသည်။
သူ၏ အစီအစဉ်များကို နှောင့်ယှက်နိုင်လောက်အောင် အစွမ်းထက်သူ တစ်ဦးဖြစ်သည့်အပြင် သူ၏ လုပ်ဆောင်နေမှုများ မပြီးသေးသောကြောင့်လည်း ပိုမိုစိုးရိမ်မိခြင်း ဖြစ်လေသည်။
အာရန်သည် ပထမက သူမ ရုတ်တရက် ပြန်ရောက်လာခြင်းသည် ပုံမှန်အတိုင်း ပြန်လာခြင်းဖြစ်မည်ဟု တွေးမိသဖြင့် အလွန်အမင်း တုန်လှုပ်သွားခြင်းမျိုး မရှိခဲ့ပေ။
သို့သော် သူမသည် ဤနေရာသို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် အကယ်ဒမီ၏ ကန့်သတ်ချက်များမှာ ပိုမိုအားကောင်းလာခဲ့ခြင်းဖြစ်လေ၏။
ဆိုလိုသည်မှာ သူ ဤနေရာတွင်ရှိသည်ဆိုခြင်းအား သူမ ကြိုသိနေပုံပင်။
‘မစ်ထ်က ငါ အကယ်ဒမီ မှာ ရှိနေတာကို ဘယ်လိုလုပ်သိသွားတာလဲ ဒါ ကအခြေအနေ မကောင်းဘူး...”
အာရန် သည် ဖြစ်နိုင်ချေများစွာကို စဉ်းစားကြည့်မိခဲ့သော်လည်း မစ်ထ် က သူ၏ တည်နေရာကို ဤမျှစောစီးစွာ ရှာတွေ့သွားလိမ့်မည်ဟုတော့ သူ မမျှော်လင့်မိခဲ့ပေ။
သူမသည် ဤမျှစွမ်းပါက သူမ၏ သမီး ဝိညာဉ်လောကတွင် ရှိနေကြောင်းကိုလည်း သိနှင့်ပြီးဖြစ်သင့်သည်။
မစ်ထ်သည် သူမ၏ သမီးကို ခြေရာခံနိုင်ခြင်းထက် သူ့ကို ခြေရာခံနိုင်ခြင်းသာဖြစ်ဖို့ ပိုများလေ၏။
‘ဒါက စိတ်ပျက်စရာပဲ မစ်ထ်က ငါ့ကို ခြေရာခံနိုင်တယ်ဆိုရင် မိစ္ဆာဂိုဏ်း ကို ငါ့ရဲ့ အချက်အလက်တွေ ထုတ်ဖော်မခံရဘဲ တကယ်ပြန်နိုင်ပါ့ဦးမလား’
မေးခွန်းများစွာသည် အာရန်၏ စိတ်ထဲတွင် ပြည့်နှက်လာခဲ့လေသည်။
သူ သည် အမှန်တကယ်ပင် မစ်ထ်အား လျော့တွက်မိခဲ့ခြင်းလား...။
သူ၏ ဤယူဆချက်သည် အဓိပ္ပာယ်ရှိနေဟန်ရသော်လည်း တစ်စုံတစ်ခု လွဲမှားနေသည်ဟု ခံစားနေရဆဲဖြစ်၏။
ဤပဟေဠိတွင် အကြီးစားအစိတ်အပိုင်းတစ်ခု ပျောက်ဆုံးလျက်ရှိနေပြီး သူသည် ထိုအရာကို ဖမ်းဆုတ်၍မရဘဲ ဖြစ်နေခြင်းလည်း ဖြစ်လေသည်။
“သူ သတိရလာဖို့ ဘယ်လောက်ကြာဦးမှာလဲ” ဟု အာရန်သည် သရဲဘုရင်မအား မေးမြန်းလိုက်သည်။
....
အကယ်ဒမီ၏ အခြားနေရာတစ်ခုတွင် မစ်ထ် သည် သူမ၏ ရုံးခန်းသို့ ပြန်ရောက်လာခဲ့ပြီး သူမ မရှိစဉ် အပြင်မှ ဝင်လာခဲ့သော သူများ၏ အမည်စာရင်းကို ကြည့်ရှုရန် အကယ်ဒမီမှတ်တမ်းများ ကို ချက်ချင်းဆင့်ခေါ်လိုက်သည်။
ဝါးမြိုသူ သည် အကယ်ဒမီအတွင်းရောက် ရှိနေခဲ့ခြင်းဖြစ်ပါက သူသည် ၎င်းတို့ထဲမှ တစ်စုံတစ်ဦးအဖြစ် အယောင်ဆောင်ထားမည်မှာ သေခြာနေ၏။
ထိုအချိန်တွင် ကန့်သတ်ထားမှုများကြောင့် ကျောင်းသားများစွာ မဝင်ရောက်နိုင်ခဲ့ကြသဖြင့် အကယ်ဒမီ သို့ ဝင်ရောက်လာသူများ၏ အရေအတွက်ကို လက်ချိုးရေ၍ပင် ရနိုင်သော အခြေအနေတွင်ရှိနေခဲ့သည်။
ဝင်ရောက်လာသူများ၏ အမည်များထဲတွင် အထူးသဖြင့် ထင်ရှားသော နာမည်တစ်ခု ရှိနေခဲ့သည်။
၎င်းသည် အပြင်မှ ပြန်လာခဲ့သော စာရင်းတွင်ရှိနေသည့် တစ်ဦးတည်းသော ပါမောက္ခ ဖြစ်သောကြောင့်ဖြစ်သည့်အပြင် သူသည် အရေးပါသော သူရဲကောင်းတစ်ဦးလည်းဖြစ်လေသည်။
ထို ပါမောက္ခ အကယ်ဒမီ မှ အဘယ်ကြောင့် ထွက်ခွာခဲ့သည်ကို ရှင်းပြပေးထားသည့် အချက်အလက်များကို ဖတ်ရှုမိသွားသောအခါ ၎င်းသည် ပို၍ပင် ထူးခြားသွားလေ၏။
“သူက ပါမောက္ခ တစ်ဦးရဲ့ သေဆုံးမှုကို စုံစမ်းဖို့ ထွက်သွားတာပေါ့ ဒါ့အပြင် သူ့အဖွဲ့ ဝင်တွေအားလုံးက သေဆုံးသွားတယ်လို့ ယူဆရပြီး သူ တစ်ဦးတည်း ပြန်လာနိုင်ခဲ့တာလား”
မစ်ထ်သည် သူမ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အရာအားလုံး ဆက်စပ်မိလိုက်သည်။
“သူက ဝါးမြိုသူဖြစ်တယ်ဆိုတာ ဒါ့ထက် ထင်ရှားတာရှိနိုင်ပါ ဦးမလား”
သူမ အာရန်အား အကယ်ဒမီတွင် ရှိနေကြောင်းသတင်းအတိအကျ သိမထားခဲ့မိပါက ဤအကြောင်းအရာကို သိပ်စဉ်းစားမိလိမ့်မည်မဟုတ်သော်လည်း ယခုမူမတူချေ။
သူမသည် သူမ၏ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုကာ ပါမောက္ခ လီရွန် ၏ လုပ်ရပ်များကို မှတ်တမ်းတင်သလင်းကျောက်များမှတဆင့် ကြည့်ရှုလိုက်သည်။
သူမသည် ထိုသူအား ရုံးခန်း ဝင်ပေါက်မှ တည့်တည့်ဝင်သွားသည်ကို တွေ့မြင်လိုက်ရသည်။
ပါမောက္ခ ၏ ရုံးခန်းတွင် မှတ်တမ်းတင် ကျောက်သလင်းများ ရှိမနေခြင်းကြောင့် ထိုနေရာတွင် ဘာဖြစ်ပျက်ခဲ့သည်ကိုမူ သူမ မမြင်နိုင်ခဲ့ပေ။
နောက်ပိုင်းတွင် ထိုသူသည် ပါမောက္ခ ရုံးခန်းမှ ထွက်ခွာပြီး ဦးတည်ရာမဲ့ စွာလျှောက်သွားနေခဲ့သည်ကို တွေ့မြင်လိုက်ရရာ သူ၏ လုပ်ရပ်များမှာ ပိုမို သံသယဖြစ်ဖွယ် ဖြစ်စေခဲ့သည်။
ဤအချိန်တွင် သူမသည် လီရွန်အား ဝါးမြိုသူဖြစ်သည်ဟူသောအချက်နှင့် ပတ်သက်၍ လုံးဝသေခြာသွားခဲ့ပြီးဖြစ်၏။ သူမသည် နောက်ဆုံးတွင် ထိုလူကို ရှာတွေ့နိုင်ခဲ့လေပြီ။
သို့သော် သူ၏ တည်နေရာအား မဖော်ထုတ်နိုင်မီတွင် သူမသည် မည်သည့်လှုပ်ရှားမှုမှ အလျှင်စလိုမပြုမူလိုသေးပေ။
ဝါးမြိုသူအား ထွက်ပြေးရန် သတိပေးလိုက်သလို ဖြစ်သွားမည်စိုး၍လည်း ဖြစ်လေသည်။
သူမသည် ဆက်လက်ကြည့်ရှုနေခဲ့ရာ စာသင်ခန်းအဝင်ဝတွင် ပါမောက္ခ အက်ဇယ် နှင့် တွေ့ဆုံခဲ့သည်ကိုတွေ့လိုက်ရသည်။ နောက်ပိုင်းတွင် သူသည် အက်ဇယ် နှင့်အတူ သူ၏ ရုံးခန်းသို့ ဝင်ရောက်လိုက်ပါသွားခဲ့၏။
နောက်ပိုင်းတွင် အက်ဇယ်တစ်ဦးတည်းသာ ရုံးခန်းအတွင်းမှ ပြန်ထွက်လာခဲ့ပြီး သရဲဘုရင်မ ၏ ဓာတ်ခွဲခန်းဆီသို့ တည့်တည့်မတ်မတ် သွားနေခဲ့သည်။
လီရွန် သည် အက်ဇယ် ၏ ရုံးခန်းမှ လုံးဝ ပြန်မထွက်ခွာခဲ့သကဲ့သို့ အက်ဇယ် သည် လည်း သရဲဘုရင်မ ၏ ဓာတ်ခွဲခန်းမှ ယခုအချိန်ထိ ပြန်လည် မထွက်ခွာခဲ့သေးပေ။
နောက်ဆုံးတွင် သူမသည် ထိုဝါးမြိုသူ၏ တည်နေရာအတိအကျကို သိရှိနိုင်ခဲ့ပြီးဖြစ်၏။
မစ်ထ်သည် သူမ၏ လက်ကို တစ်ချက်ခန့် ဝှေ့ယမ်းလိုက်ရာ အက်ဇယ် ၏ ရုံးခန်းအတွင်း၌ ပြန်လည် ပေါ်လာခဲ့သည်။
ဝိညာဥ်လမ်းလျှောက်သူပြီးလျှင် အခြား ပါမောက္ခများ၏ ရုံးခန်းသို့ ဤမျှလွယ်ကူစွာ ဝင်ရောက်နိုင်သူသည် မစ်ထ် တစ်ဦးတည်းသာ ရှိလေ၏။
ရုံးခန်းအတွင်းတွင် သူမ ရှာဖွေကြည့်လိုက်သော်လည်း လီရွန်၏ အရိပ်အယောက်ကို မည်သည့်နေရာတွင်မျှ မတွေ့ခဲ့ရပေ။
သွေးညှီနံ့အနည်းငယ်သာ ကျန်ရှိလေသည်။ ဤနေရာတွင် တစ်စုံတစ်ဦး သေဆုံးသွားကြောင်း ထင်ရှားနေခဲ့သည်။
အက်ဇယ်အား ဝါးမြိုသူမှ ထပ်မံသတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် သူ၏နေရာကို ဝင်ယူကာ သူ၏ လီရွန်အဖြစ်ဟန်ဆောင်ထားသော ခန္ဓာကိုယ်ကို ပျောက်ကွယ်သွားစေခဲ့ခြင်းဖြစ်ဟန်ရလေသည်။
“ငါ သိပြီ ဒါဆို မင်းက ခုချိန်မှာ သရဲဘုရင်မ ရဲ့ ဓာတ်ခွဲခန်းမှာ ရှိနေတာပေါ့”
သူမသည် အာရန်၏ တည်နေရာကိုဖော်ထုတ်ရန် မိနစ်အနည်းငယ်ခန့် ကြာမြင့်ခဲ့သော်လည်းနောက်ဆုံးတွင် သူ့အား သရဲဘုရင်မ ၏ ဓာတ်ခွဲခန်းတွင် ရှိနေမှန်း ခန့်မှန်းနိုင်ခဲ့၏။
မစ်ထ်သည် သရဲဘုရင်မ၊ အက်ဇယ် နှင့် လီရွန်တို့ သုံးဦး မှလွဲ၍ ကျန်ပါမောက္ခတိုင်း၏ ဆက်သွယ်ရေး သလင်းကျောက်များ သို့ အမှာစကားများပေးပို့လိုက်သည်။
၎င်းတို့အားလုံးအား ညွှန်ကြားချက်တစ်ခုတည်းကိုသာ ပေးခဲ့ပြီး ၎င်းမှာ သရဲဘုရင်မ ၏ ဓာတ်ခွဲခန်းကို ဝိုင်းရံထားရန်ဖြစ်လေသည်။
သူမ ကိုယ်တိုင်ပင် ဦးစီး၍ ဤဧရိယာတစ်ခုလုံးကို စည်းတံဆိပ်ခတ်၍ ချိတ်ပိတ်တော့မည် ဖြစ်၏။
ယခင်ကကဲ့သို့ အမှားမျိုး ထပ်မံ မကျူးလွန် မိစေရန် သူမသည် ထိုနေရာကို ချိတ်ပိတ်ရန်အတွက် အထူး ရတနာ တစ်ခုကိုပင် ထပ်မံယူဆောင်လာခဲ့သေးသည်။
ထို ရတနာ ရှိနေသမျှကာလပတ်လုံး မည်သူမျှ ထွက်ပြေးလွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။
အကယ်ဒမီ တစ်ခုလုံး ရုတ်တရက် လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ကြသည်။
ပါမောက္ခများ သည် ၎င်းတို့၏ ကျောင်းသားများအား စာသင်ခန်းများအပြင်သို့ မထွက်ခွာရန် သေခြာစွာမှာကြားပြီးနောက် ၎င်းတို့ကိုယ်တိုင်မှာမူ စာသင်ခန်းများအတွင်းမှ အလျှင်အမြန်ပင် ထွက်ခွာလာကြလေသည်။
ကံမကောင်းစွာဖြင့် ထိုသတင်းသည် သရဲဘုရင်မ ၏ ဓာတ်ခွဲခန်းသို့ မရောက်ရှိခဲ့ပေ။
သူမသည် ဝါးမြိုသူ ဟု ယူဆရသူနှင့် အတူရှိနေခဲ့သောကြောင့် သူမအား လုံးဝ ချန်လှပ်ခံထားရကြောင်း မသိရှိထားသေးပေ။
....
“သူ သတိရလာဖို့ ဘယ်လောက်ကြာဦးမှာလဲ” ဟု အာရန် က သရဲဘုရင်မ ကို မေးလိုက်သည်။
“နောက်ထပ် ဆယ်မိနစ်လောက်ပဲ လိုပါတော့တယ် အဲ့ဒီအချိန်လောက်ဆို အားလုံးရပီ” ဟု သရဲဘုရင်မ က ပြန်ဖြေသည်။
အာရန် သည် ဓတ်ခွဲခန်း၏ အပြင်ဘက်တစ်နေရာဆီသို့ ငေးကြည့်နေရင်း သူ၏ ခေါင်းကိုသာ တစ်ချက်ကုတ်လိုက်မိသည်။
“ဆယ်မိနစ်... ငါတို့နောက်ထပ် ငါးမိနစ်တောင် အချိန်ရပါတော့မလား...”
#Catfoot