← Chapters

တစ်သက်လုံးပိတ်မိခြင်း ....

Vol. 22 Ch. 302

တစ်သက်လုံးပိတ်မိခြင်း ....

Vol. 22 Ch. 302

“ငါတစ်ယောက်တည်းထင်မိတာများလား ငါတို့ အကယ်ဒမီ က ပါမောက္ခ အရေအတွက်က တဖြည်းဖြည်း နည်းလာနေသလိုပဲ”

သူရဲကောင်းအကယ်ဒမီ တွင် အရည်အချင်းစစ်ခန်းမအတွင်း၌ လွန်ခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့သော ဖြစ်ရပ်ကို သိရှိသူ အများအပြားမရှိခဲ့ပေ။

၎င်းကို မြင်တွေ့ခဲ့ရသူများပင်လျှင် သူတို့၏မှတ်ဉာဏ်များ ဖျက်ဆီးခံခဲ့ရပြီး ဘာမှ မမှတ်မိတော့ပေ။

ထို့ကြောင့် အကယ်ဒမီ တွင် ဘာတွေဖြစ်နေသည်ကို အတော်များများ ဘာမျှမသိခဲ့ကြပေ။

သို့သော် ခုရက်ပိုင်းများအတွင်း ပါမောက္ခများ ကို တွေ့ရသည်မှာ အတော်လေးကျဲပါးလာကြောင်း ကျောင်းသားများစွာ စတင်သတိပြုမိလာကြသည်။

ယခင်က အကယ်ဒမီ တွင် ပါမောက္ခအရေအတွက်မှာ ရာပေါင်းများစွာ ရှိနေခဲ့ကြပြီး ၎င်းတို့ထဲမှ အများအပြားသည် S အဆင့် သူရဲကောင်းများ ဖြစ်ကြ၏။

သို့သော် ယခုအချိန်တွင် အကယ်ဒမီ အတွင်း၌ အယောက် သုံးဆယ်ပင် မပြည့်တော့ပေ။

အတန်းများစွာသည်လည်း ၎င်းတို့၏ ပုံမှန်အတန်းချိန်အချို့မှာ မည်သည့် ကိစ္စကြောင့်မှန်းမသိပါပဲ ဖျက်သိမ်းခံခဲ့ကြရသည်။

အကယ်ဒမီ သည် ပြင်ပလောကနှင့် အများအားဖြင့် အဆက်အသွယ် သိပ်လုပ်လေ့မရှိ သောကြောင့် ပြင်ပမှ သတင်းရရှိရန်လည်း ခက်ခဲစေခဲ့သည်။

ရံဖန်ရံခါတွင် ကျောင်းသားများက ဤထူးဆန်းသော ဖြစ်ရပ်အကြောင်း ပြောဆိုနေခဲ့ကြပြီး ပါမောက္ခများ မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကို သိရှိလိုနေကြသည်။

အချို့က ပါမောက္ခ များစွာကို စေလွှတ်ရန် လိုအပ်သော ကြီးမားသည့် ကိစ္စတစ်စုံတစ်ရာ ဖြစ်ပွားနေသလားဟုပင် တွေးမိလာကြ၏။

ဝါးမြိုသူ ပြန်ရောက်လာခြင်းအကြောင်းကို ပါမောက္ခများ မှလွဲ၍ အခြားမည်သူမျှ မသိရှိထားကြပေ။

ပြင်ပကမ္ဘာရှိ သူရဲကောင်းများ ပျောက်ကွယ်သွားခြင်းကိုပင် လုပ်ကြံသူ အဖွဲ့အစည်းအချို့ကြောင့် ဖြစ်သည်ဟုသာ ကျောင်းသားများကို ပေးသိထားလေသည်။

ဤတိုက်ကြီးရှိ နိုင်ငံများပင် ၎င်းနောက်ကွယ်မှ အမှန်တကယ် အကြောင်းရင်းအား မသိရှိနိုင်ခဲ့ကြပေ။

ထို့ပြင် သူရဲကောင်း အကယ်ဒမီ၏ ကျောင်းဂိတ်စောင့်များသည်ပင် ထိုအရာကို သိမထားကြချေ။

နေ့တိုင်းလိုလိုပင် အစောင့်များသည် ပင်မဝင်ပေါက်မှ ပါမောက္ခများ အသီးသီး ထွက်ခွာသွားကြသည်ကို ၎င်းတို့၏အဖွဲ့များအလိုက် မြင်တွေ့ခဲ့ကြရသည်။

သို့သော် အထဲသို့ ပြန်ဝင်လာသော ပါမောက္ခများ အရေအတွက်မှာ အတော်လေးကို နည်းပါးခဲ့လေသည်။

ထို ပါမောက္ခများ ၏သေဆုံးခြင်းအကြောင်း သတင်းများသာ ထပ်မံရရှိခဲ့ပြီး ၎င်းကိုလည်း တိုက်ကြီးရှိ နိုင်ငံအနှံ့အပြားမှပင် ရရှိခဲ့ခြင်းဖြစ်၏။

အကြောင်းမှာ ထိုထွက်သွားသည့် အဖွဲ့ဝင်များစွာသည် လုံးဝ စုံးစမြုပ် ပျောက်ကွယ်သွားခဲ့ကြပြီး ၎င်းတို့ဆီမှ သတင်းတစ်ခုတစ်လေ ပြန်ကြားနိုင်ခြင်းပင် မရှိတော့သောကြောင့် ဖြစ်လေသည်။

ဤသို့ဖြင့် နေ့ရက်များ ကုန်လွန်လာသည်နှင့်အမျှ အစောင့်များသည်လည်း ပိုမိုစိုးရိမ်ပူပန်လာကြပြီး ၎င်းတို့၏ အကယ်ဒမီ သို့ အမှောင်ထုကြီးတစ်ခု ချဉ်းကပ်လာနေသကဲ့သို့ပင် ခံစားလာကြရသည်။

သို့သော် သူတို့၏ အရှင်သခင် ကို ယုံကြည်ထားကြပြီး အရာအားလုံး ပြန်လည် အဆင်ပြေရန် အချိန်တစ်ခုသာ လိုအပ်မည်ဟုသာ ယုံကြည်နေကြ၏။

“စောင့်ပါဦး ဟိုမှာ တစ်ယောက်ပြန် လာနေပြီ”

အစောင့်များ ထဲမှ တစ်ဦးက ရုတ်တရက် ပြောလိုက်သဖြင့် အစောင့်များသည် ထိုအစောင့် ညွှန်ပြရာနေရာသို့ လှမ်းကြည့်လိုက်ကြသည်။

ကျောင်းသားလက်ခံခြင်း လုပ်ငန်းစဉ် ပြီးဆုံးသွားပြီဖြစ်သောကြောင့် အကယ်ဒမီ ရှေ့တွင် ယခင်ရက်က လူအုပ်ကြီး လုံးဝရှိမနေတော့ပေ။

၎င်းက အဝေးမှ ရင်းနှီးသော ပုံရိပ်များကို ပိုမိုလွယ်ကူစွာ မြင်တွေ့စေနိုင်ခဲ့သည်။

ယခုပြန်လာသူမှာ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး သူ၏အဝတ်အစားများတွင် သွေးများစွန်းထင်းလျက်ရှိနေ၏။

“ပါမောက္ခလီရွန်ပါလား” အစောင့် တစ်ဦးက သွေးစွန်းနေသော ထိုပုံရိပ် နီးကပ်လာသည်ကို မြင်သောအခါ အော်ဟစ်သတိပေးလိုက်သည်။

“ ဝင်ပေါက်ကို မြန်မြန် ဖွင့်လိုက်ကြ”

ထိုသူ၏အခြေအနေကို မြင်လိုက်သောအခါ အစောင့်များသည် ထိုသူ ဝင်ရောက်ခြင်းအား ထပ်မံ မနှောင့်နှေးစေလိုတော့ပေ။

စည်းကမ်းများအရ ထိုသို့ မစစ်ဆေးပဲ ဝင်ခွင့်ပြု၍မရသော်လည်း သူတို့သည် ဘေးသို့ ပင်ဖယ်ပေးလိုက်ကာ ထိုပါမောက္ခအား စစ်ဆေးခြင်းပင်မပြုတော့ဘဲ ချက်ခြင်းပင် ဖြတ်သန်းခွင့်ပြုလိုက်ကြသည်။

သူတို့ သတိပြုမိလိုက်သည်မှာ သွေးများဖြင့် ဖုံးလွှမ်းနေသော ပါမောက္ခလီရွန်၏ မှတ်ပုံတင်ကတ် ကိုသာ ဖြစ်၏။

အစောင့်များသည် ပါမောက္ခလီရွန်၏ ဖြူဖတ်ဖြူယော် မျက်နှာဖြင့် အတွင်းသို့ ချဉ်းနင်းဝင်ရောက်လာနေသည်ကို မှင်သက်စွာ ရပ်ကြည့်နေမိခဲ့ကြသည်။

ပါမောက္ခလီရွန်ကဲ့သို့ အတော်လေး အင်အားကြီးသော သူမျိုးအား ယခုကဲ့သို့ ထိခိုက်စေခဲ့သူသည့် မည်သို့သော မကောင်းဆိုးဝါးမျိုး ဖြစ်မည်ကို သူတို့ စဉ်းစားခန်းဝင်နေမိကြခြင်းလည်းဖြစ်လေသည်။

“ပါမောက္ခ နေကောင်းရဲ့လား ဆေးကုသဌာနကို ချိတ်ထားတဲ့ဂိတ်ပေါက်နဲ့ ချိတ်ဆက်ပေးရမလားခင်ဗျာ” ဟု အစောင့် တစ်ဦးက မေးလိုက်လေသည်။

“မလိုဘူးပါဘူး ငါ အဆင်ပြေပါတယ်” ဟု သွေးစွန်းနေသော ပုံရိပ်က ပြန်ပြောရင်း အကယ်ဒမီ အတွင်းသို့ ဝင်ရောက်လိုက်ပြီး ပင်မအကယ်ဒမီကျောင်း သို့ ချိတ်ဆက်ထားသော ဂိတ်ပေါက်ကိုသာ အသုံးပြုလိုက်သည်။

“ဒီ အသွင်ပြောင်းလဲခြင်း စွမ်းရည်က တကယ်အမိုက်စားပဲ အစောင့်တွေ ဘာမှ ကို ချို့ယွင်းချက် ရှာမတွေ့ခဲ့ဘူး”

သွေးစွန်းနေသော ပုံရိပ်သည် ချိတ်ဆက်ထားသော ဂိတ်ဝင်ပေါက်အတွင်း ဝင်‌ရောက်လိုက်သည်နှင့် သူ၏နားထဲတွင် အသံတစ်သံ ပေါ်လာခဲ့၏။

သူတစ်ယောက်သာ ကြားနိုင်သည် ထိုမိန်းကလေးတစ်ဦး၏ အသံကို တုံ့ပြန်ရန် သူ သည် နောက်သို့ပင် လှည့်မကြည့်ခဲ့ပေ။

အာရန်သည် စိတ်ခြင်းဆက်သွယ်၍သာ ရိုးရှင်းစွာ ပြန်အဖြေပေးလိုက်သည်။

‘ဒီလို အသွင်ပြောင်းလဲခြင်းနဲ့ဆိုရင်တောင် မစ်ထ် ကို အရင်ကလို ထပ်ပြီး လှည့်စားနိုင်ပါ့ဦးမလား’

‘ဒါပေမဲ့ ခုနကအစောင့်တွေ သံသယဝင်သွားခဲ့ရင်‌တော့စိုးရိမ်စရာမရှိပါဘူး ငါ သူတို့ရဲ့ မှတ်ဉာဏ်တွေကို ဖျက်ပစ်ပြီး သူတို့ကို ကျော်ဖြတ်သွားနိုင်တာပဲလေ သူတို့က အားနည်းပြီး အဲ့ဒီစွမ်းရည်ကိုတောင် ခုခံနိုင်မှာမဟုတ်ပါဘူး’ ဟု တွေးရင်း တစ်ချက် ပြုံးလိုက်မိလေသည်။

အစောင့်များသည် သူ၏ နောက်ကျောဘက်ကိုသာ မြင်နေရသောကြောင့် ထိုအပြုံးတစ်ခုကို မမြင်နိုင်ခဲ့ကြပေ။

မကြာမီ ချိတ်ဆက်ထားသော ဂိတ်ပေါက်သည် အာရန်အား ရုံးခန်းကဲ့သို့သော သူမသိသည့် နေရာတစ်ခုဆီသို့ ပို့ဆောင်ပေးလိုက်သည်။

အာရန် သည် ဤခရီးစဥ်တစ်လျှောက်တွင် သူရဲကောင်းများ အများအပြားကို တိုက်ခိုက်သတ်ဖြတ်ခဲ့ပြီး ဈေးဝယ်ထွက်သကဲ့သို့ သူ ကြိုက်နှစ်သက်သော စွမ်းရည်များကို တိုက်ရိုက်ရယူခဲ့သည်။

သူ ရောက်ရှိခဲ့သည့် နေရာတိုင်းတွင် သူရဲကောင်းအကယ်ဒမီ ၏ အဖွဲ့ဝင်များ ပျောက်ကွယ်သွားခဲ့ကြသည်ချည်းသာဖြစ်၏။

သို့သော် မည်သူမျှ သူ့အား ရှာမတွေ့နိုင်ခဲ့ပေ။

လူအများအပြားကို တိုက်ခိုက်သတ်ဖြတ်ပြီးနောက်တွင်ပင် သူ့အတွက် အကြီးဆုံးစိန်ခေါ်မှုမှာ ဤဂိတ်ဝင်ပေါက်များပင် ဖြစ်နေဆဲဖြစ်သည်။

သူသည် ရုံးခန်းကဲ့သို့နေရာတစ်ခုထဲသို့ ဝင်ရောက်မိသည်နှင့် ထိုင်ခုံတစ်ခုတွင် ထိုင်လိုက်ရာ သူ၏ဦးခေါင်းသည် စတင်မူးဝေလာခဲ့သည်။

ထို့နောက် စနစ်သိုလှောင်ခန်းအတွင်းမှ ရေတစ်ဘူးကို အမြန်ထုတ်ယူလိုက်ကာ သူ၏ခေါင်းပေါ်သို့ လောင်းချလိုက်ပြီး အအေးဓာတ်ဖြင့် သူ့အားသက်သာရာရစေရန် ကျိုးစားကြည့်လိုက်သည်။

“ရှင် အခြေအနေ မကောင်းဘူးထင်တယ် ရှင့်ကို ကူညီနိုင်တဲ့ တစ်စုံတစ်ဦးကို ရှာသင့်ပြီ ထင်တယ်” ဟု ယီလန် က အာရန် ဘေးတွင် ထိုင်ရင်း မေးလိုက်၏။

“ဘယ်သူ့ကို ရှာရမှာလဲ ဒါက ဆေးဝါးတွေနဲ့ ကုသလို့ရတဲ့ ဒဏ်ရာမျိုးမှ မဟုတ်တာ ငါ အကုန်လုံး စမ်းကြည့်ပြီးပြီ ဒီအခြေအနေမှာ ငါ ဒီခန္ဓာကိုယ်ထဲနေရတာတောင် ငြီးငွေ့နေပြီ” ဟု အာရန် က သူ၏လက်တစ်ဖက်ကို ငေးကြည့်ရင်း ပြန်ဖြေလိုက်သည်။

သူသည် ဟင်းလင်းပြင်ဂိတ်ပေါက်တစ်ခုကို ဖြတ်သွားတိုင်း ငရဲကျသလို ခံစားရ၏။

ဤ ဟင်းလင်းပြင်ဆိုင်ရာဂိတ်ပေါက်များ နှင့် ပတ်သက်၍ သူ၏ ခန္ဓာကိုယ်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသော တစ်စုံတစ်ရာ ရှိနေဟန်ရလေသည်။

အစပိုင်းတွင် ထိုအကြောင်းရင်းအား သူ ရှုပ်ထွေးနေခဲ့သေးသည်။

ဖျားနာခြင်းလား သို့မဟုတ် အခြားသူများထံမှ စွမ်းရည်များ ခိုးယူမိခြင်း၏ အကျိုးဆက်များလားဟုတွေးခဲ့သေးသည်။

သို့သော် ယခုမူ ၎င်းသည် ပိုမိုနက်ရှိုင်းသောအကြောင်းပြချက်များရှိနေကြောင်း နားလည်လိုက်ပြီဖြစ်၏။

အာရန်သည် ထိုသို့ဂိတ်ဝင်ပေါက်တစ်ခုအတွင်း၌ ရှိနေစဥ်တိုင်းတွင် သူ၏အတွင်း၌ ရှိနေသည့် သူကိုယ်တိုင်ပင် မသိရသေးသော အမည်မသိ သွေးမျိုးဆက်တစ်ခုဆီမှ အပြောင်းအလဲတစ်ခု အနည်းငယ်စီ ဖြစ်ပေါ်နေခဲ့သည်ကို သူ ခံစားမိသောကြောင့်ဖြစ်သည်။

၎င်းသည် သူ၏အခြား သွေးမျိုးဆက်များ အပြင် သူ၏ခန္ဓာကိုယ်အတွင်းရှိ သွေးစီးဆင်းမှုကိုပါ လုံးဝရှုပ်ထွေးသွားစေခြင်းဖြစ်၏။

၎င်းသည် ယာယီခဏသာ ဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း ထိုအကျိုးဆက်သက် ရောက်နေစဥ် အချိန်ခဏသည် သူ အမှန်တကယ်ပင် သေချင်စိတ်ပေါက်မိသော အချိန်လည်းဖြစ်လေသည်။

ထိုအကျိုးသက်ရောက်မှုသည် ကံကောင်းစွာဖြင့် အနီးကပ်သာဆက်သွယ်ပေးသည့် ယခုကဲ့သို့ ဂိတ်ဝင်ပေါက်အသေးစားများတွင်မူ သက်ရောက်မှုနည်းပါးလေ၏။

“ဒီ သွေးမျိုးဆက် အစုတ်ပလုတ်က... ဝါးမြိုသူ သွေးမျိုးဆက် နဲ့ ကောင်းကင်နဂါး ရဲ့ သွေးမျိုးဆက် တွေကိုတောင် ဖိနှိပ်ထာနိုင်တယ် ဒါတောင်မှ အပြည့်အဝ အသက်မဝင်သေးဘူး”

ဤပြဿနာ၏ အကြောင်းရင်းကို သူကိုယ်တိုင်သာ ဖြေရှင်းရမည်ဖြစ်ပြီး အခြားမည်သူ၏ အကူအညီကိုမျှ တောင်းခံ၍မဖြစ်ပေ။

သူ၏ သွေးမျိုးဆက်သည် ယခုအချိန်လူသိခံ၍ မဖြစ်သေးသော သူ၏အကြီးဆုံး လျှို့ဝှက်ချက်တစ်ခုလည်း ဖြစ်နေသည်။

အကယ်၍ သူသာ ဖော်ထုတ်မိခဲ့လျှင်ပင် ဝါးမြိုသူ၏ မျိုးဆက်သွေး ပင် ကြောက်ရွံ့ရသော ထို မျိုးဆက်သွေးသည် သူ့အား မည်မျှပြဿနာများ ခေါ်ဆောင်လာပေးမည်ကို စိတ်ကူးကြည့်၍ပင် ရလေသည်။

“ကြည့်ရတာ ငါအဲ့ဒီ သွေးမျိုးဆက်ကို အပြည့်အဝ မနိုးထနိုင်မချင်း တစ်သက်လုံး ဒီအခြေအနေမှာပဲ ပိတ်မိနေတော့မဲ့ပုံပဲ”

#Catfoot

All Chapters