← Chapters

အသစ်ရောက်လာသော ပါမောက္ခ

Vol. 22 Ch. 303

အသစ်ရောက်လာသော ပါမောက္ခ

Vol. 22 Ch. 303

…

အာရန်သည် ဤပြဿနာကို ဖြေရှင်းရန် နည်းလမ်းများရှိနိုင်သည်ဟု ယူဆခဲ့သော်လည်း ပြောရလွယ်ကူသလောက် လုပ်ရခက်ကြောင်းလည်း သိထားလေသည်။

သူသည် ထိုအမည်မသိ သွေးမျိုးဆက် ၏ လေးပုံပုံ တစ်ပုံကို ပြီးမြောက်ရန်အတွက်ပင် အဓိက ဇာတ်လိုက် တစ်ဦးကို သတ်ခဲ့ရ၏။

ထိုသွေးမျိုးဆက်ကိုသာ အပြည့်အဝ နိုးထလာစေချင်ပါက အဓိကဇာတ်လိုက် သုံးဦးကို ထပ်မံသတ်ဖြတ်ရန် လိုအပ်ပုံရပြီး ထိုအထဲမှ နောက်ထပ်နှစ်ဦးမှာ သူကိုယ်တိုင်ပင် လုံးဝ မသိရသေးသူများ ဖြစ်သည်။

ယခုအချိန်တွင် သူသိထားသည့် အဓိကဇာတ်လိုက် တစ်ဦးသာ ရှိနေသေးပြီး ထိုသူသည်လည်း အရှေ့ပိုင်းတိုက်ကြီး ၏ အဓိကဇာတ်လိုက် ဖြစ်သော ရဲ့လန် ထက်ပင် ပိုမိုဒုက္ခပေးနိုင်စွမ်း ရှိပုံရနေသည်။

ထိုဇာတ်လိုက်၌ ခွန်အားမြင့်လည်ဆွဲနှင့် တူညီသည့် ခွန်အားများရှိနေသည့်အပြင် ထို ခွန်အားသည် မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သူအသိဆုံးဖြစ်လေသည်။

ထို့ပြင် နောက်ထပ် ဒုက္ခပေးနိုင်သည့်တစ်ချက်မှာ သူ၌ စွမ်းရည်များအားလုံးကို ပျက်ပြယ်စေနိုင်သော ထူးခြားသည့် စွမ်းရည်တစ်မျိုး ထပ်မံရှိနေခြင်းပင် ဖြစ်၏။

ထို စွမ်းရည်သည် မှော်အတတ်များကိုသာမက အခြားတိုက်ကြီးများမှ အခြားသီးခြား စွမ်းရည်အားလုံးနီးပါး အပေါ်တွင်ပါ သက်ရောက်မှုရှိ‌နေသည်။

အာရန် သည် တခဏမျှ စဉ်းစားပြီးနောက် ထိုအတွေးကို ခေတ္တစွန့်လွှတ်ထားရန် ဆုံးဖြတ်လိုက်သည်။

၎င်းသည် ပြီးမြောက်ရန် အချိန်အတော်ကြာ လိုအပ်ဦးမည်ဖြစ်ပြီး ယခုသည် ထိုအရာအကြောင်း စဥ့်စားနေရန် အချိန်ကောင်းမဟုတ်ပေ။

အာရန်သည် ထိုင်ချလိုက်၍ သူ၏ မျက်လုံးများကို မှိတ်လိုက်ကာ ခန္ဓာကိုယ်ကို ပြန်လည်သက်သာရန် အချိန်တအောင့်ခန့် ပေးလိုက်၏။

နေ့တစ်ဝက်ခန့် ကြာပြီးသောအခါ အာရန်သည် သူ၏မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး ယခုမှသာ အတော်လေး နေသာထိုင်သာ ပြန်ရှိလာသည်ဟု ခံစားလိုက်ရသည်။

သူသည် ထရပ်လိုက်ပြီး ထိုရုံးခန်းနေရာမှ ထွက်ခွာကာ သူ၏တပည့်များ ထိန်းသိမ်းခံထားရသော နေရာကို ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။

သို့သော် ထိုမတိုင်မီ သူသည် တိုက်ပွဲတစ်ခုတွင် ရှိခဲ့သကဲ့သို့ စုတ်ပြဲနေသော သူ၏အဝတ်အစားများကို ပြောင်းလဲရန် လိုအပ်ကြောင်းလည်း သိထားသည်။

၎င်းသည် အစောင့်များ ကို လှည့်စားရန် လုံလောက်သော်လည်း အခြား ပါမောက္ခများ နှင့်ပတ်သက်၍မူ ထိုမျှ ဂရုစိုက်ရန် မလိုအပ်ပေ။

ထို ပါမောက္ခ ဝတ်ဆင်လေ့ရှိသော အဝတ်အစားများကို ရှာဖွေရန် ရုံးခန်းပတ်လည်ကို မွှေနှောက်ကြည့်လိုက်သည်။

ကံကောင်းစွာဖြင့် ရုံးခန်းထောင့်အနီးရှိ ဗီရိုတစ်လုံးထဲတွင် ထည့်ထားသော အဝတ်အစားများကို တွေ့ရှိရန် သူ့အတွက် အချိန်အကြာကြီး မယူခဲ့ရပေ။

အာရန် သည် ထိုနေရာတွင်ပင် သူ၏အဝတ်အစားများကို စတင်လဲလှယ်နေစဥ် နဂို ပါမောက္ခ ၏ ကုလားထိုင်ပေါ်တွင် ထိုင်လျက် ယီလန်တစ်ယောက် အိပ်ပျော်နေသည်ကို သတိပြုမိလိုက်၏။

သူသည်် အဝတ်အစားများကို ဝတ်ဆင်နေစဉ်မှာပင် သူ၏မျက်လုံးများသည် ထိုအမျိုးသမီးငယ်ထံမှ မခွာခဲ့ပေ။

သူမသည် သူ့နှင့်အတူ မရှိသည့်အစောပိုင်းခဏတွင် ဘာတွေလုပ်နေခဲ့သည်ကို သူ မသိနိုင်သော်လည်း သူမလည်း အနားယူချိန်ပင်မရခဲ့သည်မှာတော့ သေခြာလေသည်။

သူမသည် ဝိညာဉ် တစ်ဦးဖြစ်နေသော်လည်း သူမသည်လည်း အနားယူရန် လိုအပ်လေ၏။

ထို့ကြောင့် အာရန်သည် သူမကို အနှောင့်အယှက် မပေးလိုဘဲ အပြင်ဘက်သို့ ခဏတာခန့် လျှောက်ကြည့်နေစဥ် သူမအား အချိန်တစ်ခုထိ ထိုနေရာတွင် ဆက်လက် အိပ်စက်အနားယူခွင့် ပေးရန် ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဖြစ်စေ တစ်စုံတစ်ဦးမှ မတော်တဆ ရုံးခန်းထဲသို့ ဝင်ရောက်လာနိုင်လျှင်ပင် မည်သူမျှ သူမကို မြင်နိုင်မည်မဟုတ်သောကြောင့်ပင်တည်း။

သူမ နိုးလာပါကလည်း သူတို့နှစ်ဦး၏ ဆက်သွယ်ချက်ကြောင့် သူ့ထံသို့ လွယ်ကူစွာ လာရောက်နိုင်မည်ဖြစ်သဖြင့် ထိုအရာကိုလည်း စိတ်ပူစရာမလိုပေ။

အာရန် သည် တံခါးကို ဂရုတစိုက်ဖွင့်လိုက်ကာ တတ်နိုင်သမျှ ဆူညံသံနည်းအောင် ပြုလုပ်ခဲ့သည်။

မကြာမီမှာပင် သူသည် အခန်းပြင်သို့ ရောက်ရှိသွား၏။

အာရန်သည် သူ၏နောက်ကွယ်ရှိ တံခါးကို ငြင်သာစွာ ပိတ်လိုက်ပြီး ခြေဦးတည့်ရာ နေရာတစ်ခုသို့ အရင်ဆုံးသွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

အာရန်သည် ထိုရှည်လျားသော စင်္ကြံလမ်းမှတဆင့် လျှောက်သွားကာ သူ၏ပတ်ဝန်းကျင်ကို လေ့လာနေခဲ့ပြီး စွမ်းရည်အမျိုးမျိုးရှိသော ကျောင်းသားများစွာကို သတိပြုမိခဲ့လေသည်။

သူ၏ ခွဲခြားသတ်မှတ်ခြင်းစွမ်းရည်ကို အသုံးပြုခြင်းဖြင့် ထိုအထဲမှ အမှန်အကန် စွမ်းရည် အဆင့်များ မနိုးထလာသေးသည့် ကျောင်းသား အနည်းငယ်ကိုပင် ရှာဖွေနိုင်ခဲ့၏။

လမ်းတစ်လျှောက်တွင် အခြားပါမောက္ခများမှ စိတ်ရှည်စွာဖြင့် သင်ကြားပေးလျက်ရှိသော ကျောင်းသား ရာပေါင်းများစွာ၏ အတန်းများ၊ ခန်းမများစွာကို သူသည် ဖြတ်သန်းရင်း လေ့လာနေခဲ့လေသည်။

ဤနေရာသည် အခြားပြင်ပ နည်းလမ်းများဖြင့် ဝင်ရောက်ရန် မဖြစ်နိုင်သော နေရာတစ်ခုလည်း ဖြစ်သည်။

ယခင်က သူသည် မစ်ထ် ထံမှ သူ၏သမီးကို ခိုးယူရန်သာ ဤနေရာသို့ လာရောက်ခဲ့ခြင်းဖြစ်ပြီး ယခုမူ လုံးဝကွဲပြားခြားနားသော အကြောင်းပြချက် တစ်ခုအတွက် ဤနေရာသို့ ရောက်လာရလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။

“ပါမောက္ခလီရွန် ပြန်ရောက်လာပြီပဲ”

အာရန် က အတန်းများကို တစ်ခုချင်း လေ့လာနေစဉ် သူ၏နောက်ဘက်ဆီမှ အသံတစ်သံကို ကြားလိုက်ရ၏။

အာရန်သည် သိလိုစိတ်ဖြင့် လှည့်ကြည့်လိုက်ရာ အဝေးတစ်နေရာတွင် စီနီယာကျောင်းသားများ သာဝတ်ဆင်လေ့ရှိသော ယူနီဖောင်းတစ်ခုကို ဝတ်ဆင်ထားသော အမျိုးသမီးငယ်လေးတစ်ဦး ရပ်နေသည်ကို မြင်လိုက်ရသည်။

အာရန် က ထိုကောင်မလေးကို မမှတ်မိနေသော်လည်း သူမသည် ကျောင်းသူတစ်ဦးဖြစ်နေသည်မှာ သိသာနေလေသည်။

“ဆရာက မစ်ရှင်တစ်ခုအတွက် အကယ်ဒမီကနေ ထွက်သွားတယ်လို့ သူများတွေ ပြောတာကြားထားတယ် အဲ့ဒါကြောင့် ဒီနေ့လည်း အတန်းချိန်ကို ဖျက်သိမ်းမယ်လို့ အကြောင်းကြားဖို့ သွားမလို့ပဲ ဒါပေမဲ့ အခု ဆရာ ပြန်ရောက်လာပြီဆိုတော့ ဖျက်စရာ မလိုတော့ဘူး ထင်တယ်”

ထို့နောက် ထိုမိန်းကလေးသည် ရဲတင်းစွာဖြင့် အာရန် ၏လက်ကို ဆုပ်ကိုင်ကာ သူမနှင့်အတူ ခေါ်ဆောင်သွားလေတော့သည်။

အာရန်သည် ထိုအခြေအနေကို အပြည့်အဝ နားမလည်နိုင်သေးသောကြောင့် မည်သို့မျှပြန်လည် မငြင်းဆန်နိုင်ခဲ့ပေ။

သူသည် လီရွန် ကို သတ်ပစ်ခြင်းမပြုမီ စစ်ဆေးမေးမြန်းမှုအချို့ပြုလုပ်ခဲ့သည်။

ထိုအရာမှတစ်ဆင့် သူသည် အကယ်ဒမီနှင့်ပတ်သက်သော အရေးကြီးသည့်အရာများ အထူးသဖြင့် အကျဉ်းထောင်တည်ရှိရာနေရာများနှင့် ထိုနေရာသို့ သွားရာလမ်းကို မှတ်သားနိုင်ခဲ့၏။

သူ မေးမြန်းခြင်း မပြုမိခဲ့သော တစ်ခုတည်းသောအရာမှာ လီရွန် ၏ အကယ်ဒမီ နေ့စဥ် ဘဝဖြစ်ပြီး ထိုလူသည် သူ၏ဘဝအတွက် အရေးပါသော အစိတ်အပိုင်းများကို မရောက်ရှိနိုင်ခင်မှာပင် အာရန်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီးဖြစ်သည်။

ထိုမိန်းကလေးသည် အာရန်နှင့်အတူ မိနစ်သုံးဆယ်ခန့် ဆက်လက် လမ်းအတူအလျှောက်လာကာ နောက်ထပ် ဂိတ်တံခါးပေါက် တစ်ခုမှတစ်ဆင့် ထပ်မံ ခေါ်ဆောင်သွားရာ အာရန် သည် အနည်းငယ်မအီမသာဖြစ်မှုအချို့ကို ထပ်မံ ခံစားလိုက်ရလေသည်။

သို့သော် ထိုအရာကို သူ၏မျက်နှာတွင်မပေါ်စေရန် အချိန်မှီ ထိမ်းချုပ်လိုက်နိုင်၏။

ထို့နောက် အာရန်သည် သူအစောပိုင်းက မြင်ခဲ့ရသည့် အတန်းများထက် များစွာ ပိုမိုကြီးမားသော အတန်းတစ်ခု ရှေ့သို့ ရပ်မိလျက်သား ပေါ်လာသည်ကို သတိထားမိလိုက်သောအခါ အတော်လေး အံ့အားသင့်သွားခဲ့ရသည်။

ပါမောက္ခတစ်ဦးကို စောင့်ဆိုင်းနေသကဲ့သို့ ထိုင်ခုံများပေါ်တွင် သူရဲကောင်း ကျောင်းသားလေးများစွာသည် ထိုင်လျက်စောင့်ဆိုင်းနေကြသည်။

သို့သော် သူတို့ကို သင်ကြားပေးရန် မည်သည့် ပါမောက္ခ မှ ထိုနေရာတွင် ရှိမနေခဲ့ပေ။

“ဟေ့ ဟိုမှာ ငါတို့ ဆရာပါမောက္ခ ပြန်ရောက်လာပြီဟေ့ ငါတို့ နောက်ထပ် တစ်ရက် ထပ်နားရဦးမယ်လို့ ထင်နေတာ သွားပါပြီ”

ဝမ်းနည်းအားငယ်နေသည့် အသံတစ်ခုသည် ထိုအတန်းတွင်း နောက်ဘက် တစ်နေရာဆီမှ ထွက်ပေါ်လာခဲ့ပြီး ကျောင်းသားအများစုမှာ အာရန်အား အဝေးမှ လှမ်းမြင်သည်နှင့်ပင် ထရပ်၍ နှုတ်ဆက်လိုက်ကြသည်။

“ဆရာ့ ကို ကြိုဆိုပါတယ်”

ကျောင်းသားအများစုသည် တစ်ညီတစ်ညွတ်တည်း အာရန်အား နှုတ်ဆက်လိုက်ကြ၏။

ထရပ်ရန် သို့မဟုတ် တုံ့ပြန်ရန်ပင် မကျိုးစားသော အခြား ကျောင်းသားများစွာ လည်း ရှိနေခဲ့သည်။

ထိုကျောင်းသားများထဲမှ တစ်ဦးသည် ထိုင်ခုံနောက်ဆုံးတန်းတွင် ထိုင်နေသော ငြီးငွေ့နေပုံရသည့် လူငယ်လေးတစ်ဦးဖြစ်နေကာ အာရန် ၏ မျက်လုံးများကို အများဆုံး ဖမ်းစားနိုင်ခဲ့သူလည်းဖြစ်သည်။

ကျောင်းသားအများစု၏ ထိုအချိန်က မှတ်ဉာဏ်များသည် ဖျောက်ဖျက်ခံထား ခဲ့ရသောကြောင့် မည်သူမျှ ထိုလူငယ်၏ အချက်အလက်ကို မသိရှိကြတော့ပေ။

သို့သော် အာရန် အတွက်မူ ထိုကျောင်းသားအား မေ့ပျောက်ရန် မဖြစ်နိုင်ပေ။

အဘယ့်ကြောင့်ဆိုသော် ၎င်းသည် တောင်ပိုင်းတိုက်ကြီး ၏ အဓိက ဇာတ်လိုက်ဖြစ်ကာ ပထမသူရဲကောင်း ၏ ပြန်လည်ဝင်စားထားသူလည်း ဖြစ်၏။

ယခုတွင်မူ အာရန်သည် အရာအားလုံးကို နားလည်သွားခဲ့ပြီးဖြစ်သည်။

ဤနေရာသည် သူ၏အတန်းပင်ဖြစ်သည်။

ပုံမှန်အားဖြင့် ဤအတန်းသည် ယနေ့ ဖျက်သိမ်းလိုက်ရမည်ဖြစ်သည်။

သို့သော် ယခု သူ ပြန်ရောက်လာသောကြောင့် အတန်းကို မဖျက်သိမ်းဖြစ်ခဲ့တော့ပေ။

ကျောင်းသားတစ်ဦးသည် သူ့အား လျှောက်သွားနေသည်ကို တွေ့ရှိပြီး ဤနေရာသို့ ဆွဲခေါ်လာခဲ့သောကြောင့် အခြေအနေများသည် ပို၍ပင် ဆိုးရွားသွားခဲ့သည်။

ရုတ်တရက် သူသည် သွေးမျိုးဆက်မှ မှော်စွမ်းအင်များစွာ ပိုင်ဆိုင်ထားသော ကျောင်းသား ရာပေါင်းများစွာ၏ ဆရာ ဖြစ်လာခဲ့တော့၏။

“အိုး.. ပါမောက္ခလီရွန်တောင် ပြန်ရောက်လာပြီလား”

အာရန် သည် ခန်းမအပြင်ဘက်တွင် ရပ်နေဆဲဖြစ်ပြီး အာရုံများပျံ့လွင့်နေစဉ် အခြားအသံတစ်ခုကို ကြားလိုက်ရသည်။

ဤတစ်ကြိမ်တွင် ကြားရသော အသံသည် ရင်းနှီးဖော်ရွေခြင်းအလျင်းမရှိဘဲ သူ့အား ရန်လိုနေသော တစ်စုံတစ်ဦးဆီမှဖြစ်ကြောင်း ရှင်းလင်နေခဲ့သည်။

အာရန်သည် နောက်သို့ လှည့်ကြည့်လိုက်ရာ သူ၏အတန်းရှေ့သို့ လျှောက်လာနေသော အခြား S အဆင့် ပါမောက္ခ တစ်ဦးကို သတိပြုမိလိုက်၏။

#Catfoot

All Chapters