အက်ဇယ်
Vol. 22 Ch. 304
…
“မင်း တစ်ယောက်တည်း ပြန်လာတယ်လို့ ငါကြားတယ်။ မင်း အဖွဲ့ကို ထားခဲ့ပြီး ထွက်ပြေးလာတာမလား”
သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ လှောင်ပြောင်သည့် အကြည့်တစ်ချက်ကို မည်သူမျှ သတိမထားမိကြပေ။
သို့သော် ဤသူသည် သူ့အား (ဝါး) ပါမောက္ခလီရွန်အား ပစ်မှတ်ထားနေကြောင်း အာရန်မှာ သေချာသိနေ၏။
သို့သော် အလွန်အံ့အားသင့်သွားခြင်းတော့မရှိပေ။ နေရာတိုင်းတွင် ဤကဲ့သို့သော လူများအမြဲ ရှိနေတတ်သည်မဟုတ်ပါလား..။
ရာထူးမြင့်နေရာများ အထူးသဖြင့် ရုံးတွင်းနိုင်ငံရေးကိစ္စများတွင် ထိုကဲ့သို့လူများ အမြဲတမ်းတစ်နည်းမဟုတ်တစ်နည်းဖြင့် ပါဝင်ပတ်သတ်ရလေ့ရှိလေသည်။
အာရန် သည် ထိုလူကြောင့် အနှောင့်အယှက် အဖြစ်မခံလိုပေ။
သူသည် သူငယ်ချင်းဖွဲ့ရန် သို့မဟုတ် ရာထူးတိုးရန်အတွက် ဤနေရာသို့ ရောက်ရှိလာခြင်း မဟုတ်ပေ။
သူသည် သူ၏တပည့်မနှစ်ယောက်ကို ခေါ်ထုတ်ပြီးနောက် ဤနေရာမှ ထွက်ခွာရန်သာ လိုချင်နေခဲ့သည်။
ထို့ကြောင့် ထိုလူကို လျစ်လျူရှုကာ သူ၏အတန်းထဲသို့ ဝင်ရန်သာကျိုးစား လိုက်၏။
“မင်းက ငါ့ကိုတောင် လျစ်လျူရှုလို့ပါလား”
သတ်လတ်ပိုင်းအရွယ် ထိုပါမောက္ခ က အံ့အားသင့်သွားလေသည်။ သူ၏နှုတ်ခမ်းများ မှာ မကျေမနပ်မှုများဖြင့် တွန့်လိမ်သွားခဲ့၏။
မျက်စိတစ်မှိတ်အတွင်း သူသည် အာရန် ၏ ရှေ့သို့ လျှင်မြန်လွန်းသောအရှိန်ဖြင့် ရောက်လာကာ ချက်ချင်း ပိတ်ရပ်လိုက်သည်။
ထိုစွမ်းရည်ကို မြင်လိုက်ရသောအခါ အာရန်ပင် အနည်းငယ် အံ့အားသင့်သွားရ၏။
ဤသည်မှာ အတော်လေး ကောင်းမွန်သော စွမ်းရည်တစ်ခုဖြစ်ပြီး သူ့လိုလူတစ်ယောက်အတွက် အတော်လေးသင့်တော်နေသည်။
အစပိုင်းတွင် သူသည် ထိုလူကို အာရုံမစိုက်ခဲ့သော်လည်း ယခုမူ ပိုမိုစိတ်ဝင်စားလာပြီဖြစ်၏။
“ပါမောက္ခလီရွန် ကျုပ်တို့ ကတိကို မေ့သွားတာလား” ထိုလူက မေးလိုက်ပြီး အာရန် ၏ အတန်းကို တစ်ချက်လှမ်း ကြည့်လိုက်သည်။
“ကတိဟုတ်လား...”
ထိုသူ ဘာပြောလိုက်မှန်း အာရန် အတွေးပွားသွားရသည်။
သူ့အတွက် ဒုက္ခပေးနိုင်သော ကတိတစ်ခု အမှန်ပင် ရှိနေခဲ့သလား။
“ငါက ကတိကို ဘယ်လိုလုပ် မေ့နိုင်မှာလဲ”
အာရန်သည် သူ၏မျက်နှာထားများကို လျင်မြန်စွာ ပြန်လည်ကောင်းမွန်အောင် ကျိုးစားလိုက်ရသည်။
၎င်းသည် မည်သည့်ကတိမျိုး ဖြစ်သည်ကို မသိသောကြောင့် သူသည် အလွန်အမင်း ပျော်ရွှင်ခြင်း သို့မဟုတ် ဝမ်းနည်းခြင်းအမူအရာများ မဖော်ပြခဲ့ပေ။
“င့ါ ရုံးခန်းကို လာပြီး အသေးစိတ် သွားပြောကြရအောင်”
အာရန်သည် သူ၏လက်ကို ထိုပါမောက္ခ ၏ ပခုံးပေါ်တင်ကာ သူ့ကို တစ်နေရာရာသို့ ခေါ်ထုတ်သွားရန် ကြိုးစားလိုက်၏။
“မင်း... ငါ့ကို အရူးလို့ ထင်နေတာလား ငါအချိန်တွေထပ်ပြီး မနှောင့်နှေးချင်တော့ဘူး အယ်ဒရစ်ကို တပည့်အဖြစ်ပိုင်ဆိုင်ခွင့်ရမဲ့ အခွင့်အရေးအတွက် ဒီတိုက်ပွဲကို ငါ အချိန်ထပ်မရွေ့ချင်တော့ဘူး အနိုင်ရသူက သူ့ကို လမ်းညွှန်ပေးရမယ့်သူ ဖြစ်လိမ့်မယ်”
‘အယ်ဒရစ် ကိုပိုင်ဆိုင်ခွင့် ဟုတ်လား ဒါအတွက် တိုက်ပွဲလား ဒီက ပါမောက္ခတွေက ကလေးတွေလိုလား ဒါမှမဟုတ် တစ်ခုခုများလား’
အာရန် က သူ၏ခေါင်းကို ပြန်ကုတ်လိုက်ကာ အခြေအနေတစ်ခုလုံးကို နားလည်ရန်အလျှင်အမြန်ကျိုးစားလိုက်ရသည်။
အယ်ဒရစ် သည် ကျောင်းသားအသစ်တစ်ဦးဖြစ်သောကြောင့် သူ့ကို အတန်းတစ်ခုသို့ တက်ရောက်ခွင့်ပေးရန်မှာ မဖြစ်မနေလိုအပ်လေ၏။
မည်သည့်အတန်းသို့ တက်ရောက်ခွင့်ပေးစေကာမူ အခြားသူများက မကျေမနပ်ဖြစ်ကြမည်မှာ ပုံမှန်ပင်ဖြစ်သည်။
ဤကိစ္စတွင် အက်ဒရစ်ကို ယာယီအားဖြင့် လီရွန် ၏ အတန်းသို့ တက်ရောက်စေခဲ့ခြင်းဖြစ်ပြီး ၎င်းကပင် ဤရှေ့ရှိ ပါမောက္ခကို ဒေါသထွက်စေခဲ့ခြင်းဖြစ်နိုင်ပေသည်။
၎င်းက သူ့ကို လီရွန် နှင့် လောင်းကြေးတစ်ခု ထားစေပြီး အနိုင်ရသူက အယ်ဒရစ် ကို သူ၏အတန်းတွင် တက်ရောက်စေခွင့်ရမည်ဖြစ်လေသည်။
“ဒီလို ကလေးဆန်တဲ့ လောင်းကြေးတွေအတွက် ငါ့မှာ အချိန်မရှိဘူး ငါအရှုံးကို လက်ခံတယ် သူ့ကို ခုပဲခေါ်သွားတော့”
အာရန် က သက်ပြင်းချရင်း ထိုလူကို ကျော်ဖြတ်သွားလိုက်သည်။
အယ်ဒရစ် သည် ပထမသူရဲကောင်းမှ ပြန်လည်ဝင်စားထားသော ဇာတ်လိုက်ဖြစ်သည်။
ဖြစ်နိုင်ပါက အာရန် သည် ထိုသို့သောသူမျိုးနှင့် ယခု လောလောဆယ် မပတ်သတ်လိုပေ။
အထူးသဖြင့် ဆရာ တပည့်ဆက်ဆံရေးမျိုးသို့ ဝင်ရောက်လိုခြင်းမရှိပေ။
အနာဂတ်တွင် အာရန်သည် သူ၏ သွေးမျိုးဆက်မှ ကျန်နေသော ရာခိုင်နှုန်းများကို ပြည့်မှီရန်အတွက် အယ်ဒရစ်ကဲ့သို့ ဇာတ်လိုက်များကို သတ်ရန် လိုအပ်နေသောကြောင့် သူသည် ကိစ္စများကို ပိုမိုရှုပ်ထွေးသွားအောင် မပြုလုပ်လိုနေခဲ့ခြင်းဖြစ်သည်။
“မင်း.. မင်း ငါ့ကို လှောင်ပြောင်နေတာလား ငါက င့ါကျောင်းသားတွေကို နှစ်ရက်လောက်တောင် တပင်တပမ်းလေ့ကျင့်ပေးထားရတာ နောက်ဆုံးအချိန်ကျမှ မင်းက လက်လျှော့ချင်နေတာလား မင်း ကြောက်နေတာဆိုရင်တောင် ငါ မင်းကို နောက်ဆုတ်ခွင့် မပြုနိုင်ဘူး”
အက်ဇယ် ဟု လူသိများသော ထို S အဆင့် ပါမောက္ခ သည် လီရွန် ကို စော်ကားပြီး ယခုကဲ့သို့ အရှက်ရစေမည့် ဤအခွင့်အရေးကို လက်လွတ်မခံလိုပေ။
၎င်းသည် အယ်ဒရစ် ကြောင့်သာမက သူ့အတွက် အင်အားကြီးသော ခြိမ်းခြောက်မှုတစ်ခုကို ဖယ်ရှားလိုခြင်းလည်း ဖြစ်လေ၏။
ထို့ကြောင့် အက်ဇယ်သည် ထိုမျှ ကြိုးစားပြင်ဆင်နေခဲ့ခြင်း ဖြစ်သည်။
လောင်းကြေးထပ်ပြီးပြီးချင်းမှာပင် လီရွန်သည် တာဝန်ဖြင့် ထွက်ခွာသွားခဲ့ရပြီး ကျောင်းသားများကို လေ့ကျင့်ပေးရန် အခွင့်အရေးမရခဲ့သောကြောင့် ကံကပင် သူ့ကို ကူညီနေခဲ့သည်ဟု ပြော၍ရပေသည်။
‘သူက ဒီအတွက် ကျောင်းသားတွေကို လေ့ကျင့်ပေးထားတာလား လောင်းကြေးက အတန်းသားတွေရဲ့ တိုက်ပွဲရလာဒ်ကို ယူမှာမလား.... ဒီလူကွာ... သူ ငါ့ကို ဒီလောက် တောင် အနှောင့်အယှက် ပေးချင်နေတာလား’
အာရန် သည် အက်ဇယ် ကို သူ့နှင့်အတူ ခေါ်သွားပြီး သူ့ကို ဝါးမြိုသူအစွမ်းသုံး ရန် စီစဉ်နေခဲ့သော်လည်း ထိုလူက တိုက်ပွဲကိုသာ ပိုမိုအာရုံစိုက်နေပြီး သူ့နောက်သို့ လိုက်ပါရန် ရိုးရှင်းစွာ ငြင်းဆန်နေခဲ့၏။
“ဒီနေ့တော့ မင်း ထွက်ပြေးလို့မရတော့ဘူး တိုက်ပွဲကို စဖြစ်အောင်စမယ် မင်းအတန်းထဲက အက်ဒရစ်ကလွဲရင် ကျန်တဲ့စိတ်ကြိုက် ကျောင်းသားတွေကို ရွေးပြီး ငါ့အတန်းထဲက သုံးယောက်နဲ့ တိုက်ခိုက်စေရမယ် များများနိုင်တဲ့ဘက်က အနိုင်ရသူ ဖြစ်လိမ့်မယ်”
အက်ဇယ် သည် အာရန်၏ ပြန်ပြောစကားကိုပင် နားထောင်ခြင်း မရှိခဲ့ဘဲ ဆက်တိုက်သာ ပြောချင်သည်များကိုပြောသွားခဲ့သည်။
အာရန်သည် အနိုင်ရရန်အတွက် အခြားသော နည်းလမ်းများဖြင့် တိုက်ပွဲများကို စီစဉ်လိုက်ရန် မှာ သူ့အတွက် လွယ်ကူသည့်အရာတစ်ခုဖြစ်သည်။
အထူးသဖြင့် ပြိုင်ဘက်များကို ခွဲခြားသတ်မှတ်ခြင်းအစွမ်း အသုံးပြုပြီး သူ၏ကျောင်းသားများနှင့်ချိန်ဆကာ သင့်တင့်သောပြိုက်ဘက်များရအောင် စီစဉ်နိုင်သောကြောင့် ဖြစ်၏။
သို့တိုင် အာရန်သည် ထိုအရာနှင့် အချိန်ဖြုန်းရန် အနည်းငယ်မျှပင် စိတ်မဝင်စားခဲ့ပေ။
“ကောင်းပြီလေ မင်းက အဲ့ဒါကို အဲ့လောက်တောင် စိတ်အားထက်သန် နေမှတော့လည်း ငါ သဘောတူရုံပဲရှိတော့တာပေ့ါ ဒါပေမဲ့ ငါ အပြင်ဘက်မှာ ရှာတွေ့ခဲ့တဲ့ ရတနာအသစ်တစ်ခုကို မင်းကို ပြသပြီးမှ လောင်းကြေးကို ဆက်လုပ်ဖို့ ငါစဥ့်စားထားလို့ပါ ဘယ်လိုလဲ...”
အာရန် က သူ၏ခေါင်းကိုပြန် ကုတ်ရင်း သက်ပြင်းချလိုက်သည်။
“ဘယ်လောက် စိတ်ပျက်စရာကောင်းလိုက်လဲ ဒီပစ္စည်းကို ကျောင်းအုပ်မမဆီအပ်ဖို့ပဲ သူမတွေ့ရင် အံ့သြသွားမှာသေခြာတယ် ဒါပေမဲ့ သူမက ဒီနေရာမှာ ရှိမနေခဲ့ဘူး ဒါပေမယ့် ဒီအကြောင်းကို လူအများကြီး မသိတာက ပိုကောင်းပါတယ်လေ ငါ သာ အဲ့ဒါကိုထုတ်ဖော်လိုက်ရင် င့ါလက်ထဲက ခိုးချင်တဲ့သူတွေ ဘယ်လောက်တောင် ရှိမလဲဆိုတာ ငါတွေးတောင်မတွေးရဲဘူး”
‘ကျောင်းအုပ်မမ ကိုတောင် အံ့အားသင့်စေနိုင်တဲ့ ရတနာပစ္စည်းဟုတ်လား ဒီကောင် ဘာတွေများ ရှာတွေ့ခဲ့တာပါလိမ့် ဒါကြောင့် သူ စောစောပြန်လာတာများလား အဲ့ဒီရတနာကို ဆုံးရှုံးမှာ ကြောက်လို့များလား တကယ်ကြီးအဲ့လောက် တန်ဖိုးကြီးတာဆိုရင် ငါ...”
အက်ဇယ် သည် ထိုအချိန်တွင် လုံးဝ တိတ်ဆိတ်သွားခဲ့သည်။
သူသည် ထိုရတနာပစ္စည်းကို မြင်ချင်နေပြီး အာရန် ထံမှ ၎င်းကို ယူရန် နည်းလမ်းများကို ရှာဖွေလိုနေခဲ့၏။
သူသည် လီရွန်အား ဤပွဲတွင် ထိုကျောင်းအုပ်မမဆီ ပို့မည့် ပစ္စည်းအားမပို့တော့ပဲ သူနှင့် လောင်းကြေးထပ်ခဲ့မည်ဆိုလျှင်ပင် အကယ်၍ ရှုံးနိမ့်သွားသောအခါ လီရွန်မှ အခြားအရာတစ်ခုနှင့် လဲလှည်၍ လှည့်စားသွားခဲ့ပါက သူမည်သို့လုပ်မည်နည်း။
အဘယ်ကြောင့်ဆိုသော် သူသည် ယခုအချိန်ထိ ထိုရတနာကို မည်သည့်အရာမှန်း မြင်ဘူးခြင်းပင်မရှိသေးသောကြောင့်ဖြစ်သည်။ ထို့ပြင်လီရွန်အား ထိုမျှ ယုံကြည်စိတ်လဲရှိမနေခဲ့ပေ။
“အား ပြန်စဉ်းစားကြည့်တော့ ဒီတိုက်ပွဲအတွက် ငါတို့ အရမ်းကြီးမလောသင့်ဘူးလို့ ထင်တယ် ဒါမျိုးတွေက စီစဉ်ဖို့ အချိန်နဲနဲထပ်ပေးလိုက်တာပိုကောင်းပါတယ် ဒါကြောင့် မနက်ဖြန်မှပဲ ပြိုက်ပွဲကို ဆက်ကြတာပေ့ါ အဲ့ဒီတော့ ခု မင်း ရှာတွေ့ခဲ့တဲ့ ပစ္စည်းကို ပဲ သွားလေ့လာကြည့်ကြတာပေ့ါ”
အနည်းငယ်မျှပင် ရှက်ရွံ့မှုမရှိသည် အက်ဇယ် ဆိုသူသည် အာရန် ၏ လှည့်ကွက်အတွင်းသို့ လျှင်မြန်စွာ ကျရောက်သွားခဲ့၏။
သူသည် ထိုရတနာပစ္စည်းကို အရင်ဆုံး မြင်ချင်နေပြီး နောက်မှသာ လီရွန်အား ထိုအရာကို စစ်မှန်အောင် သေခြာစေပြီးမှ လောင်းကြေးအဖြစ် ထားခွင့်ပြုမည်ဖြစ်သည်။
အက်ဇယ်သည် သူ၏ ခဏတာ လောဘစိတ်ကြောင့် ထိုကိစ္စများကို သေချာစွာ မစဉ်းစားမိခဲ့ပေ။
“ဒီလိုဆိုရင် မင်း ငါနဲ့အတူ လိုက်ခဲ့မလား အဲ့ဒါက ငါ့ရုံးခန်းထဲမှာ ရှိနေတယ်”
အာရန် ခေါင်းညိတ်ပြီးနောက် အတန်းထဲသို့ ခဏခန့်ပြန်သွားလိုက်ကာ ယနေ့အတန်းပိတ်ကြောင်း ကြေငြာလိုက်၏။
ထို့နောက် အက်ဇယ် နှင့်အတူ ထွက်ခွာသွားရာ အက်ဇယ် ကလည်း သူ၏အတန်းကို လာမည့် မနက်ဖြန် တိုက်ပွဲအတွက် သူ၏တပည့်များအား ကိုယ်တိုင် လေ့ကျင့်ရန်သာ ပြောကြားခဲ့ပြီးနောက် သူ၏ အတန်းကိုလည်း တစ်ရက်နားလိုက်လေသည်။
အက်ဇယ် ၏ အတန်းရှိ ကျောင်းသားများက ၎င်းကို များစွာ မစဉ်းစားခဲ့ကြပေ။
သို့သော် လီရွန်အကြောင်း သိထားသူများမှာမူ အနည်းငယ်စိတ်ရှုပ်ထွေးသွားခဲ့ကြသည်။
သူတို့၏ ဆရာမှာ အတန်းထဲတွင် သူကိုယ်တိုင် မကြာခဏ ကျိန်ဆဲလေ့ရှိသော ထိုလူကို အဘယ်ကြောင့် ရုတ်တရက်ကြီး အလွန်ရင်းနှီးသလိုဆက်ဆံနေရသနည်း။
ထိုကိစ္စတွင် တစ်ခုခု မူမမှန်နေသလိုမျိုး ခံစားမိလိုက်ကြရသည်။
#Catfoot