ငါ့အိမ်မှာလား
Vol. 22 Ch. 305
....
အက်ဇယ် သည် အာရန်၏ နောက်သို့လိုက်ကာ သူ၏ရုံးခန်းဆီသို့ အတူတူသွားရန်ပြင်လိုက်သည်။
သို့သော် အာရန်သည် ဤအတန်းသို့ ရောက်ရန် ထိုစီနီယာကျောင်းသူတစ်ဦးမှ ဂိတ်ဝင်ပေါက်တစ်ခုကို အသုံးပြုခဲ့ခြင်းကြောင့် ထိုနေရာသို့ ပြန်သွားရန် လမ်းကြောင်းကို မမှတ်မိဖြစ်နေခဲ့လေ၏။
ပြန်သွားရန်အတွက် အစောပိုင်းဂိတ်ဝင်ပေါက်မှ ပြန်ထွက်လာခဲ့သည်နေရာကို သွားလိုက်သော်လည်း ထိုနေရာတွင်ဘာမျှ မရှိတော့ပေ။
တကယ့် ပြန်သွားရန်လမ်းကို ရှာဖွေခြင်းနှင့်ပတ်သက်၍မူ သူဘာမှမသိထားပေ။
“ဟေ့ မင်း ဘာလို့ အဲ့ဒီဘက်ကို သွားနေတာလဲ မင်းရုံးခန်းက ခုလမ်းနဲ့ဆန့်ကျင်ဘက်မှာရှိတာ မဟုတ်ဘူးလားဟ”
ခဏကြာပြီးနောက် အက်ဇယ် ပင် အာရန်တစ်ယောက် မှားယွင်းသော ဦးတည်ရာတစ်ခုသို့ သွားနေသည်ကို သတိပြုမိလိုက်ကာ သူ့ကို အော်မေးလိုက်မိသည်။
“ငါ့ရုံးခန်း ဘယ်မှာရှိလဲဆိုတာ ငါ မသိဘူးလို့ မင်းကထင်နေတာလား ခုပစ္စည်းက ငါ့ရုံးခန်းမှာ မဟုတ်လို့ပေါ့ကွ တကယ်က ငါ့မှာ ရှိပြီးသား ဒါပေမယ့် လူအများကြီးရှိတဲ့နေရာမှာ အဲ့ဒီအကြောင်းကို ထုတ်ပြချင်တာ မဟုတ်ဘူး ဒါကြောင့် ငါတို့ နှစ်ယောက်တည်း ရှိနိုင်မယ့် အနီးအနားက နေရာတစ်ခုခုကို ရှာနေတာ” ဟု အာရန် က ဆင်ခြေတစ်ခု ပေးလိုက်၏။
“ဟမ် ဒီလိုလား ဒါများ မင်း ငါ့ကို ပြောလို့ရတာပဲ ငါ့ရုံးခန်းက ဒီနေရာနဲ့ပိုနီးတယ်လေ အဲ့ဒီမှာဆို ဘယ်သူမှ ငါတို့ကို အနှောင့်အယှက်ပေးမှာ မဟုတ်ဘူး” ဟု အက်ဇယ် က ရှေ့ဆောင်လမ်းပြလုပ်ရင်း ပြောလိုက်သည်။
“ကောင်းပြီလေ”
အက်ဇယ် ၏ရုံးခန်းသည် မည်သည့်နေရာတွင် ရှိသည်ကိုပင် သူမသိနိုင်သောကြောင့် အာရန် လည်း နှေးကွေးစွာပင် အက်ဇယ်၏ နောက်သို့ သာလိုက်သွားလိုက်၏။
မကြာမီ အက်ဇယ် သည် ရုံးခန်းတစ်ခု၏ ရှေ့တွင် ရပ်တန့်လိုက်သည်။
တံခါးဝတွင် အက်ဇယ် ဟူသည့် အမည်ကို ရှင်းလင်းစွာ ရေးသားထားသည်။
သူသည် တံခါးဖွင့်ရန် သူ၏လက်ဗွေစနစ်ကို အသုံးပြုပြီး အာရန် ကို အတွင်းသို့ ခေါ်လိုက်သည်။
အာရန် ဝင်လိုက်သည်နှင့် သူတို့နှစ်ဦး ရုံးခန်းထဲသို့ အတူဝင်လာသည်ကို မည်သူမျှ မမြင်လိုက်ကြောင်း သေချာစေရန် အက်ဇယ်သည် အပြင်ဘက်သို့ သေခြာစွာတစ်ချက်ခန့် စစ်ဆေးပြီးနောက်မှ တံခါးကို ပိတ်လိုက်၏။
အက်ဇယ် သည် စားပွဲတစ်ခုဆီသို့ လျှောက်သွားကာ အာရန် ကို မျက်နှာချင်းဆိုင်ပြီး ထိုင်ချလိုက်သည်။
“ကဲ အခု မင်း ကျောင်းအုပ်မမ ကို ပြမယ်ဆိုတဲ့ အရေးကြီးတဲ့ အဲ့ရတနာပစ္စည်းက ဘာလဲဆိုတာ ပြလို့ရပြီ”
“ဟေ့ ငါ မပြခင် မင်း ဘယ်သူ့ကိုမှ မပြောဘူးလို့ ကတိပေးရမယ် ရည်ရွယ်ချက်မကောင်းတဲ့သူတွေသာ သိသွားရင် ငါတို့တိုက်ကြီးအတွက်တောင် တကယ် ကပ်ဆိုက်သွားနိုင်တယ်”
အာရန် သည် အက်ဇယ် အနားသို့ ပိုမိုနီးကပ်စွာ လျှောက်လာရင်း အလွန်အလေးအနက်ထားနေဟန်ဖမ်းလိုက်သည်။
အထူးသဖြင့် ထို အက်ဇယ် ဆိုသူသည် သူ၏အမြန်နှုန်းကြောင့် ထင်ရှားသူတစ်ဦး ဖြစ်၏။
အနည်းငယ်မျှ မှားယွင်းသွားပါက ထိုသူ လွတ်မြောက်သွားနိုင်သည်။
“ငါတို့ တိုက်ကြီးတစ်ခုလုံး အတွက်တောင် ကပ်ဆိုက်စေနိုင်တဲ့ တစ်ခုခုဟုတ်လား မင်းဆိုလိုတာက အခြား တိုက်က အရှင်သခင်တွေ ကိုတောင် ဆွဲဆောင်နိုင်တဲ့ အရာမျိုးပေါ့”
အာရန် ၏ စကားများနောက်ကွယ်မှ အဓိပ္ပာယ်ကို အက်ဇယ်တစ်ယောက် နားလည်လိုက်သည်။
သူသည် ဖြစ်နိုင်ချေကို ထည့်သွင်းစဉ်းစားပြီးသောအခါ သူ၏မျက်လုံးများထဲတွင် လောဘစိတ်များသာ ပိုမိုအားကောင်းလာခဲ့သည်။
အစပိုင်းတွင် သူသည် အာရန် ထံမှ ဤအရာကို လှည့်ကွက်အချို့အသုံးပြ၍သာ ယူလိုနေခဲ့ခြင်းဖြစ်သော်လည်း ၎င်းအရာသည် အမှန်တကယ် အလွန် အရေးကြီးကြောင်း သေခြာပါက အာရန်မှာ ထိုအရာကို ဆုံးရှုံးပြီးနောက် အခြားသူများကို ပြန်ထုတ်မပြောမိစေရန် အာရန်အား သတ်ပစ်ရမည်ဖြစ်၏။
“စိတ်မပူပါနဲ့ မင်းရဲ့လျှို့ဝှက်ချက်က ငါ့ဆီမှာ လုံးဝကိုလုံခြုံမှာပါ ငါတို့ နှစ်ပေါင်းများစွာ သိကျွမ်းခဲ့တာပဲလေသူငယ်ချင်းရဲ့ မဟုတ်ဘူးလား”
အက်ဇယ်သည် သူ၏လက်နှစ်ဖက်ကို ပွတ်သပ်ရင်းဖြင့် သူ၏မျက်နှာအမူအရာသည် ဟန်မဆောင်နိုင်တော့အောင်ပင် အတော်လေးပျက်ယွင်းနေပြီဖြစ်သည်။ သူသည် ဟန်ဆောင်ကောင်းသူမဟုတ်မှန်း သိသာနေ၏။
ပုံမှန်အားဖြင့် ငတုံးတစ်ကောင်ပင် ထိုသူ ဘာစီစဉ်နေသည်ကို သတိပြုမိလိမ့်မည် ဖြစ်သော်လည်း အာရန်ကမူ မည်သို့မျှသတိမထားမိဟန်ဖြင့် မည်သည့် တုံ့ပြန်မှုမျှ မပြုခဲ့ပေ။
သူသည် အက်ဇယ် အနားသို့ ပိုမိုနီးကပ်စွာ လျှောက်သွားရင်း သူတို့ကြားတွင် မီတာဝက်ခန့်သာ ကွာဝေးတော့သည်။
အာရန်သည် သူ၏လက်ချောင်းပေါ်ရှိ အကယ်ဒမီ ၏ သိုလှောင်လက်စွပ်ကို အာရုံစိုက်နေဟန်ပြုမူရင်း သူ၏ စနစ်သိုလှောင်ခန်းကို မသိမသာဖွင့်လိုက်၏။
ဒေါက် ဒေါက် ဒေါက်...
အာရန်တစ်ယောက် စနစ်သိုလှောင်ခန်းကို ဖွင့်တော့မည့်အချိန်တွင်မှာပင် တံခါး ခေါက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ခဏလေး စောင့်ပါဦး ဘယ်သူက ငါတို့ကိုလာ အနှောင့်အယှက်ပေးနေလဲ ကြည့်လိုက်ဦးမယ်”
မျက်စိတစ်မှိတ်အတွင်း အက်ဇယ် သည် အာရန် ကို နောက်တွင်ချန်ခဲ့ကာ တံခါးဝဆီသို့ ရောက်ရှိသွားသည်။
သူသည် တံခါးကို တစ်ဝက်သာ ဖွင့်လိုက်ပြီး အခြားသူကို အတွင်းသို့ မဖိတ်ခေါ်ခဲ့ပေ။
ထိုနည်းဖြင့် အပြင်ဘက်ရှိလူသည် အာရန်အား မမြင်နိုင်သကဲ့သို့ အာရန် ကလည်း သူတို့ကို မြင်နိုင်တော့မည်မဟုတ်ပေ။
“အေး မင်းရဲ့တောင်းဆိုချက်ကို ငါ လက်ခံရရှိထားတယ် မင်း ဒီအထိ လာစရာမလိုဘူးလေ ငါလဲမင်းကို ပြန်ဆက်သွယ်တော့မလို့ပဲ ဘာပဲဖြစ်ဖြစ် အခု မင်းကိုယ်တိုင် ရောက်လာပြီဆိုတော့လဲ တိုက်ရိုက်ပဲပြောလိုက်တာပေ့ါ အဲ့ကောင် တပည့်တွေကို ဆက်ထိန်းသိမ်းထားစရာ မလိုပါဘူး”
“သူက သာမန် အားနည်းပြီး အရေးမပါတဲ့ သစ္စာဖောက်တစ်ယောက်ပဲလေ ဝါးမြိုသူ မှမဟုတ်တာ အဲ့ဒီလူကို အလေးအနက်ထားစရာ မလိုဘူး အဲ့မိန်းကလေးတွေကို သရဲဘုရင်မ ဆီ ခေါ်သွားလိုက်ပါ သူ့တပည့်တွေ သတ်မှတ်ရက် မတိုင်ခင် အစောကြီး ကြွသွားလိမ့်မယ်ဆိုတာ သူကိုယ်တိုင်တောင် ထင်မိမှာ မဟုတ်ဘူး သူက ထောင်ချောက်ထဲ ကျချင်တယ်ဆိုရင်တော့ ဒီကို ရောက်လာဦးမှာပဲ”
“ဒါပေမဲ့ သူ့တပည့်တွေကိုကယ်ဖို့အတွက်နဲ့ ဒီကို လာဦးမယ်ဆိုရင်တော့ သူက တကယ့် ငမိုက်သားတစ်ကောင်ပဲ ဖြစ်ရမယ် သူ့ကို သိပ်ကြာကြာစောင့်ဖို့ မလိုအပ်ပါဘူး ဒါကြောင့် မင်းရဲ့အဆိုပြုချက်အတိုင်း ဆက်လုပ်လို့ရတယ်”
သူ၏ညွှန်ကြားချက်များကို ထုတ်ပြန်ပြီးနောက် အက်ဇယ် က တံခါးကိုဆောင့် ပိတ်လိုက်သည်။
အာရန်သည် အပြင်ဘက်ရှိလူ၏ မျက်နှာကို မမြင်လိုက်ရသော်လည်း ထိုသူ၏ အသံကို တော့ကြားလိုက်ရ၏။
ထိုသူသည် စကားကို များများစားစား မပြောဘဲ အက်ဇယ် ကို သဘောတူခဲ့သည်။
သူ ထိုသို့လုပ်ဆောင်သောအခါ အာရန်သည် ထိုသူ၏အသံမှတဆင့် မှတ်မိသွားခဲ့သည်။
၎င်းသည် ဘိုးဘေးအကြီးအကဲ ယန် ဆိုသူပင်ဖြစ်၏။
သူသည် အကယ်ဒမီ တွင် လွတ်လွတ်လပ်လပ် လျှောက်သွာနေနိုင်တာလား။
ထိုသူမည်သူဖြစ်ကြောင်းကို မှတ်မိလိုက်သောအခါ အာရန်သည် ဒေါသချောင်းချောင်းထွက်သွားခဲ့ပြီး သူ၏ လက်သီးများ ကိုသာ ကျစ်ကျစ်ပါအောင် ဆုတ်ထားမိခဲ့သည်။
သို့သော် သူသည် ထိန်းချုပ်မှုမှ လွတ်ထွက်သွားသည်အထိတော့မဖြစ်ခဲ့ပေ။
ယင်းအစား သူသည် အနားယူနေသည့် ယီလန် ကို ဆင့်ခေါ်လိုက်ပြီး ထိုဘိုးဘေး အကြီးအကဲယန်၏ နောက်သို့ နောက်ယောင်ခံလိုက်သွားရန် ညွှန်ကြားလိုက်၏။
“အနှောင့်အယှက်ပေးမိလို့ တောင်းပန်ပါတယ် င့ါရဲ့ အဲ့ဒီလက်အောက်ငယ်သားတွေက တကယ့် ငတုံးတွေ သူတို့က ငါ့မပါဘဲ ဘာမှ မလုပ်တတ်ဘူးလေ”
ယီလန်တစ်ယောက်ထိုနေရာမှ ထွက်သွားသည်ကိုမသိလိုက်ပဲ အက်ဇယ်က တံခါးကို လုံခြုံစွာ ပိတ်လိုက်ပြီး သူမ ၏တည်ရှိမှုကို အနည်းငယ်မျှပင် မခံစားမိခဲ့ရပေ။
“စိတ်မပူပါနဲ့ မင်းလည်း ဒီအရှေ့ပိုင်းသားတွေကို လမ်းညွှန်ပေးဖို့ တာဝန်ပေးခံရပြီးနောက်ပိုင်း အခက်အခဲတွေအများကြီး ရှိနေမယ်ဆိုတာ ငါ နားလည်ပါတယ်ကွာ”
“ဟားဟားဟား မှန်လိုက်တာ သူငယ်ချင်း မင်းက ငါ့ကို သေခြာနားလည်ပေးနိုင်တာပဲ ဒါနဲ့ ဟိုရတနာအကြောင်းဆက်လိုက်ရအောင် ပြပါဦးကွာ”
“ဒီမှာလေ”
အာရန် က အနက်ရောင်သေတ္တာလေးတစ်ခုကို ထုတ်ယူလိုက်သည်။
သူသည် ထိုအရာကို ပေးရန် အက်ဇယ် ဆီသို့ လျှောက်သွားလိုက်ကာ သူ၏လက်ကို ဆန့်တန်းလိုက်၏။
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူသည် အနည်းငယ် ချော်လဲသွားပြီး ဟန်ချက်ပျက်ကာ အက်ဇယ် ဘက်သို့ လဲကျသွားခဲ့သည်။
ထို့နောက် သေတ္တာငယ်လေးသည် အက်ဇယ်၏ ခြေရင်းအနီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
“တန်ဖိုးရှိတဲ့အရာဆိုရင် ပိုပြီး ဂရုစိုက်ရတယ်ကွ”
အက်ဇယ် က သေတ္တာကို ကောက်ယူရန် ရှေ့သို့ ငုံ့လိုက်သည်။
၎င်းတွင် မည်သည့်အရာများပါနေသည်ကို သူ မသိသော်လည်း ၎င်းသည် အလွန်တန်ဖိုးရှိသည်ဟု သူသည် စတင်သတ်မှတ်နေပြီ ဖြစ်၏။
အက်ဇယ်သည် သေတ္တာငယ်လေးကို ကောက်ယူရန် ရှေ့သို့ ငုံ့လိုက်စဉ် အာရန် ၏ လက်ထဲတွင် သူ၏ မာနာ အနည်းငယ်သာ ထောက်ပံ့ထားသော သေနတ်တစ်လက် ပေါ်လာခဲ့ပြီး ၎င်းကို အက်ဇယ် ဆီသို့ ချိန်ရွယ်လိုက်သည်။
ယခင်တစ်ခါကကဲ့သို့ ကျည်ဆံသည် အမှတ်အသားများ ချန်ထားခဲ့ကာ နံရံများစွာကို ဖြတ်သွားရန် သူ မလိုလားနေပေ။
“မင်းပြောတာ မှန်တယ် ငါ ဒီတစ်ခါ ပိုပြီး ဂရုစိုက်ပါ့မယ်” ဟု ပြောရင်း အာရန်သည် သေနပ်ခလုတ်ကို ဆွဲထည့်လိုက်သည်။
....
“ကျောင်းအုပ်က ကျွန်မကို သူ့ရဲ့တည်နေရာကို လာမေးတာလား ဘယ်လောက် ထူးဆန်းလိုက်သလဲ သူက ကျောင်းအုပ်ရဲ့အိမ်မှာ ရောက်နေပြီ မဟုတ်ဘူးလား”
အမည်မသိရသော နေရာတစ်ခုတွင် မစ်ထ် သည် မျက်လုံးများကန်းနေကာ အနက်ရောင်ထူပိတ်နေသည့် ခေါင်းစွပ်ကြီးတစ်ခုကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး၏ ရှေ့တွင် ထိုင်လျက်ရှိနေ၏။
သို့သော် သူမသည် အခြားသူများထက် ပိုမိုမြင်နိုင်စွမ်းရှိနေသည်။
“ငါ့အိမ်မှာဟုတ်လား”
မစ်ထ်သည် မျက်မှောင်တစ်ချက် ကြုတ်လိုက်မိသည်။
#Catfoot