← Chapters

ကြီးမြတ်သောဖန်တီးမှု …

Vol. 22 Ch. 308

ကြီးမြတ်သောဖန်တီးမှု …

Vol. 22 Ch. 308

ဘိုးဘေးအကြီးအကဲယန် ၏ အမြင်များ ဝေဝါးလာသည်နှင့်အမျှ သူ၏တည်ငြိမ်မှုကို ဆက်လက်ထိန်းထားရန်ပင် အတော်ရုန်းကန်လာရ၏။

အစပိုင်းတွင် သူသည် ရုတ်တရက် အိပ်ချင်လာရသည့် အကြောင်းရင်းကို နားမလည်ခဲ့ပေ။

သူ သံသယစတင်ဖြစ်ပေါ်လာကာ ထိုအမျိုးသမီးနှင့် အဝေးကို ရှောင်ရှားရန် ကျိုးစားလိုက်သည့် အချိန်တွင်မူ အရာရာ နောက်ကျသွားခဲ့ပြီဖြစ်သည်။

သူ၏အမြင်အာရုံများသည် တစ်စထက်တစ်စ ပိုမိုဝေဝါးလာခဲ့သည်။

သူ နောက်သို့ဆုတ်လိုက်ရာ မိုက်ကနဲဖြစ်သွားကာ မတော်တဆ ချော်လဲလုနီးပါး ဖြစ်သွားခဲ့၏။

“မင်း...မင်း... ငါ့ကို ဘာလုပ်လိုက်တာလဲ”

ယန်သည် သရဲဘုရင်မအား ပြန်လည်မေးခွန်းထုတ်လိုက်ချိန်တွင် သူ၏အိပ်ချင်စိတ်မှာ ပိုမိုအားကောင်းလာနေသည်။

သို့သော် ထိုအမျိုးသမီးမှ ပြန်မဖြေဘဲ သူ့ကို ခပ်တည်တည်သာ စိုက်ကြည့်နေခဲ့၏။

“ရှင် ရုန်းကန်နေစရာ မလိုတော့ပါဘူး ဒီကို ရောက်လာပြီဆိုမှတော့ ရှင် ဒီမှာပဲဆက်နေပြီး ကျွန်မအတွက် အကူအညီဖြစ်စေတာက ပိုကောင်းလိမ့်မယ်”

ခဏတာမျှကြာပြီးနောက် သရဲဘုရင်မ ဟု လူသိများသော ထိုအမျိုးသမီးသည် တိတ်ဆိတ်မှုကို ဖြိုခွဲရန် တုံ့ပြန်စကားအချို့ဆိုလိုက်သည်။

ဘိုးဘေးအကြီးအကဲယန် မှာမူ နံရံကိုမှီ၍ ဆက်လက်မတ်တတ်ရပ်နေနိုင်အောင်ပင် မနည်းကျိုးစားနေရ၏။

ယန်သည် ထိုနေရာမှ ထွက်ပြေးလွတ်‌မြောက်ရန် နည်းလမ်းများကို စဉ်းစားနေမိသော်လည်း သူ၏ခန္ဓာကိုယ်က သူ၏ စကားကို နားမထောင်တော့ဘဲ သူ၏မျက်လုံးများသည်လည်း ဖြည်းညှင်းစွာဖြင့် ပိတ်လာခဲ့သည်။

ထိုအရာသည် ရုံးထွက်ရန်ခက်ခဲသည့် အဆင့်မြင့် အိပ်ငွေ့ချမှော်ပညာ တစ်ခုနှင့် ပင်ဆင်နေသည်ဟု သတိမလွတ်ခင် နောက်ဆုံးအနေနှင့် တွေးလိုက်မိသည်။

ထို့နောက် သူ၏ အတွေးများသည် တဖြေးဖြေးရောထွေးသွားပြီး မြေပြင်ပေါ်သို့ လဲကျ အိပ်ပျော်သွားတော့၏။

ထိုနေရာရှိ သတိမေ့မြောနေသော အမျိုးသမီးနှစ်ဦးမှာမူ သူတို့ပတ်ဝန်းကျင်၌ ဖြစ်ပွားနေသော မြင်ကွင်းများကို မသိရှိနိုင်ခဲ့ကြပေ။

သို့သော် ယန်နှင့် အတူလိုက်ပါလာသော အမျိုးသားများမှာမူ အတော်လေး သွေးပျက် နေကြပြီဖြစ်သည်။

သူတို့သည် နောက်ပြန်လှည့်ကာ အရာရာပစ်ထားခဲ့ပြီး ရိုးရှင်းစွာပင် ထွက်ပြေးရန် ပြင်ဆင်လိုက်ကြသော်လည်း ၎င်းသည် အကျိုးမရှိကြောင်း နားလည်ထားကြ၏။

သရဲဘုရင်မ က ဘိုးဘေးအကြီးအကဲယန် ကို ဦးစွာအရေးယူရခြင်း အကြောင်းရင်းမှာ သူသည် ဤအုပ်စုတွင် အင်အားအကြီးဆုံးသူဖြစ်သောကြောင့်ဖြစ်လေသည်။

သူသည် သူမ၏ လိုက်လံဖမ်းဆီးခြင်းမှ လွတ်မြောက်နိုင်သော တစ်ဦးတည်းသောသူ လည်းဖြစ်၏။ သူ၏ နောက်လိုက်များတွင်မူ ထိုသို့မစွမ်းနိုင်ပေ။

ထို့နောက် အလွယ်တကူပင် သရဲဘုရင်မ က ဘိုးဘေးအကြီးအကဲ ယန် ၏ နောက်လိုက်များကို သတိလစ်သွားအောင် လုပ်လိုက်နိုင်ခဲ့သည်။

တစ်ယောက်ပြီး တစ်ယောက် သူမသည် ထိုသူများ အားလုံးကို သူမ၏ ဓာတ်ခွဲခန်းအတွင်းသို့ ဆွဲသွင်းခဲ့ပြီးနောက် ဘိုးဘေးအကြီးအကဲ ယန် ကိုပါ သူမနှင့်အတူ ခေါ်ဆောင်သွားခဲ့သည်။

ဤလူများဖြင့်ဆိုပါက သူမအလိုရှိသော အရာကို အကောင်အထည်ဖော်ရန် လုံလောက်နေပြီဖြစ်၏။

ထိုသူများကို အတွင်းသို့ ခေါ်ဆောင်သွားပြီးနောက် သူမသည် ခန်းမအတွင်းမှ ထပ်မံထွက်လာကာ လဲလျောင်းနေသော အမျိုးသမီးနှစ်ဦး ကို စိုက်ကြည့်လိုက်သည်။

“ငါ့မှာ လူသားအရင်းအမြစ်အလုံအလောက်ရှိနေပြီးသားဖြစ်ပေမယ့် အရန်ပစ္စည်းတွေ ရှိနေတာကလည်း မကောင်းတဲ့ကိစ္စတော့လည်း မဟုတ်ပါဘူး နောက်ထပ် လိုအပ်တဲ့ အချိန်ကျလာရင် နင်တို့နှစ်ယောက်ကို အဆင်သင့် အသုံးပြုလို့ရတာပေ့ါ”

သရဲဘုရင်မ ၏ မျက်လုံးများတွင် ကြောက်မက်ဖွယ်ကောင်းစွာပင် လောဘကြောင့် အလွန် ပျော်ရွှင်နေဟန်ရပြီး သူမသည် ထိုအမျိုးသမီးများဆီသို့ ချဉ်းကပ်သွားကာ သူမ၏လက်ချောင်းများဖြင့် ညင်သာစွာ ပွတ်သပ်ကြည့်သည်။

“မင်းတို့ မသိသေးပေမယ့် မင်းတို့ဟာ င့ါရဲ့ ထူးခြား အစိတ်အပိုင်းတွေ ဖြစ်လာနိုင်ချေရှိနေတယ်” ဟု သူမက နှုတ်ခမ်းထောင့်စွန်းများကို ကွေး၍ ပြောလိုက်၏။

ထို့နောက် ၎င်းတို့နှစ်ဦးအား သူမ၏ ဓာတ်ခွဲခန်းအတွင်းရှိ သီးသန့်လှောင်အိမ်ခန်းတစ်ခုအတွင်း ထည့်ထားလိုက်လေသည်။

ထိုအခန်း အဝင်ဝရှိ သတ္တုတံခါးသည် သူမနောက်ကွယ်တွင် ဖြည်းညင်းစွာ ပိတ်သွားခဲ့ပြီးဖြစ်သော်လည်း ဝိညာဉ်ဘုရင်မ ယီလန်မှာမူ သူမ၏ဓာတ်ခွဲခန်းအတွင်း ရောက်နှင့်ပြီးဖြစ်သည်။

သရဲဘုရင်မ သည် သေဆုံးသူများ နှင့် ၎င်းတို့၏ ဝိညာဉ်များ ကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်လေသည်။

သူမသည် သေဆုံးသူများ ထံမှ ရရှိသော ဝိညာဉ်စွမ်းအင်များကို အသုံးချရာတွင် လည်း အလွန် ကျွမ်းကျင်မှုရှိသူတစ်ဦးဖြစ်၏။

သို့သော် ဝိညာဉ်လောကမှ ဝိညာဉ်များမှာမူ သီးခြားသက်ရှိဖြစ်တည်မှုများ ဖြစ်သောကြောင့် လူသားများသေဆုံး၍ ဖြစ်ပေါ်လာသော တစ္ဆေဝိညာဉ်များနှင့် ပုံစံခြင်းများစွာ ကွဲပြားလေသည်။

လူသားများ သို့မဟုတ် အခြားသက်ရှိများ သေဆုံးခြင်းမှ ပေါက်ဖွားလာသော ဤကမ္ဘာ၏ ထိုတစ္ဆေသရဲ ဝိညာဉ်များ နှင့် မတူဘဲ ဝိညာဉ်လောကရှိ ဝိညာဉ်များသည် အသန့်စင်ဆုံး ဝိညာဥ်အဆီအနှစ်စွမ်းအင်များမှ မွေးဖွားလာကြခြင်းဖြစ်သည်။

သရဲဘုရင်မ၏ နောက်သို့ လိုက်ပါလာသော ဝိညာဉ် သည် သာမန် ဝိညာဉ် တစ်ဦးမျှသာ ဖြစ်ပါက သရဲဘုရင်မမှာ သူမ၏တည်ရှိမှုကို အနည်းငယ် သတိပြုမိခြင်းမျိုး ဖြစ်ကောင်းဖြစ်နိုင်၏။

သို့သော် သူမနောက်သို့ လိုက်ပါလာသော ယီလန်သည် သာမန် ဝိညာဉ် တစ်ဦးမဟုတ်ခဲ့၍ သရဲဘုရင်မ ဟု လူသိများသော သူမကဲ့သို့သူမျိုးပင်လျှင် အာရုံမခံမိခဲ့ခြင်းဖြစ်လေသည်။

သူမသည် ဝိညာဉ်လမ်းလျှောက်သူ ၏ ဝိညာဉ်ကို ပြန်လည် ကုသပေးရန်အပြင် ထိုသူ၏ဝိညာဉ်ပေါ်တွင် စည်းတံဆိပ်တစ်ခုကိုထပ်မံ ချိတ်နှိပ်နိုင်ရန်အတွက် ယဇ်ပူဇော်မှုတစ်ခုကို စတင်ပြင်ဆင်လိုက်သည်။

“ရှင့်အတွက်တော့ ဝမ်းသာစရာပဲ ဝိညာဉ်လမ်းလျှောက်သူရေ ကျွန်မကြောင့် ရှင် မကြာခင် ပြန်အသက်ရှင်လာနိုင်တော့မယ် ပြီးတော့ အရင်ကထက်တောင်ပိုပြီး ခွန်အားကြီးလာလိမ့်ဦးမယ် ရှင် ပြန်ရှင်သန်လာတဲ့အခါကျရင် ရှင်က သူရဲကောင်းအကယ်ဒမီ နဲ့ မစ်ထ် ကိုရင်ဆိုင်နိုင်ဖို့အတွက် ကျွန်မရဲ့ အကြီးမားဆုံးအဓိက လက်နက်တစ်ခု ဖြစ်လာလိမ့်မယ်”

“သိပ်မကြာခင် တောင်ပိုင်းတိုက်ကြီး ရဲ့ အရှင်သခင်နေရာကို အပြောင်းအလဲဖြစ်ဖို့ အချိန်ကျလာတော့မယ် အဲ့ဒီလှပတဲ့ နေ့ရက်လေးကို ကျွန်မကြိုတွေးကြည့်ပြီး မစောင့်နိုင်တော့အောင်ပဲ”

‘ဒီအမျိုးသမီး... ရူးနေတာလား... အဲ့ဒီ လူရဲ့အကူအညီနဲ့ အရှင်သခင် တစ်ဦးကို ဆန့်ကျင်ဖို့ အထိပါ စီစဉ်နေတာလား’ ဟု ယီလန် က ဖန်ပေါင်းချောင်ထဲရှိ လူကို ကြည့်ရင်း စဉ်းစားနေမိသည်။ ထိုသူအား သူမ အတိအကျ မမှတ်မိနေပေ။

သူသည် လုံးဝသေဆုံးသွားခဲ့ပြီးဖြစ်သောကြောင့် ထိုလူထံမှ မည်သည့်အော်ရာအငွေ့အသက်ကိုမျှ သူမ မခံစားမိခဲ့ပေ။

ထိုဖန်ပေါင်းချောင်အတွင်းရှိ အသက်မဲ့သော ရုပ်အလောင်းဆီမှ အသက်ပြန်ရှင်လာရန် မဖြစ်နိုင်လောက်သည့် အလွန်အားဖျော့သည့် ဝိညာဉ်လှုပ်ရှားမှုအချို့ကိုသာ သူမအာရုံခံမိခဲ့၏။

သို့တိုင် သရဲဘုရင်မ ၏ ယုံကြည်ချက်အလွန်ပြင်းထန်နေသည့်သွင်ပြင်ကို မြင်တွေ့ရသောကြောင့် ယေလန် သည် သူမ၏စကားများကို သံသယမဝင်လိုတော့ပေ။

မည်သို့ပင်ဖြစ်စေ သူမသည် အာရန် ၏ တပည့်မများကို ကယ်တင်ရမည်ဖြစ်လေသည်။

သူမသည် ကိုယ်တိုင် လှုပ်ရှားရန် စဉ်းစားမိခဲ့သော်လည်း နောက်ဆုံးတွင်မူ သူမသည် ထိုအကြံကို လက်လျှော့လိုက်သည်။

အကြောင်းမှာ သရဲဘုရင်မသည် ထိုမိန်းကလေးများကို ယဇ်ပူဇော်ရန် လောလောဆယ် အစီအစဉ်မရှိသေးကြောင်း သူမ သိရှိလိုက်သောကြောင့်ဖြစ်၏။

၎င်းက သူမအား အနည်းဆုံး အာရန်ကို အသိပေးရန် အချိန်တစ်ခုရစေခဲ့သည်။

သူမသည် ထိုနေရာမှ လှည့်ထွက်လာခဲ့သော်လည်း မည်သည့်မတော်တဆမှုမျှ ထပ်မံ မဖြစ်စေလိုသောကြောင့် ဖီလိုနာကို ဆင့်ခေါ်ကာ အာရန် ၏ တပည့်မလေးများကို မျက်ခြေမပျက် စောင့်ကြည့်စေခဲ့သည်။

ဖီလိုနာ ရောက်လာပြီးမှသာ သူမသည် သတ္တုတံခါးကို ဖြတ်ကျော်ကာ ထိုဓာတ်ခွဲခန်းမှ ထွက်ခွာသွားခဲ့၏။

သူမသည် အက်ဇယ် ၏ ရုံးခန်းသို့ လျင်မြန်စွာ ပြန်သွားခဲ့သော်လည်း ထိုသူ၏ တံခါးကို ဖြတ်ကျော်မိသည့်အခိုက်တွင် အက်ဇယ်အား လုံးဝပကတိအကောင်းအတိုင်း ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။

ခဏတာမျှ သူမသည် အံ့အားသင့်သွားမိသော်လည်း ထိုသူထံမှ ရင်းနှီးသော အငွေ့အသက်တစ်ခု ကို ခံစားလိုက်ရသောအခါမှသာ အာရန် ဖြစ်မှန်း သဘောပေါက်လိုက်သည်။

ထို့နောက်ထောင့်နေရာတစ်ခုကို ကြည့်လိုက်ရာ ရင်ဘတ်တွင် အပေါက်တစ်ခုဖြင့် အစောပိုင်းကတည်းက သတ်ဖြတ်ခြင်းခံထားရသော အစစ်အမှန် အက်ဇယ် ကို မြင်တွေ့လိုက်ရ၏။

အာရန် သည် လီရွန် ၏ အသွင်ယူထားခြင်းကို ဖယ်ရှားလိုက်ပြီး အက်ဇယ် ၏ အသွင်အပြင်ကို ထပ်မံပြောင်းလဲလိုက်သည်။

၎င်းက သူ၏တပည့်များကို ကိုင်တွယ်ရာတွင် ပိုမိုလွယ်ကူစေနိုင်သောကြောင့်ဖြစ်၏။

ထို့နောက် အာရန် က အက်ဇယ် ၏ ခန္ဓာကိုယ်ကို ဝိညာဉ်လောကသို့ ပေးထားလိုက်ရာ ၎င်းကြောင့် ဆက်လက် ခေါင်းစားရန် မလိုအပ်တော့ပေ။

“မင်း သရဲဘုရင်မ လို့ ခေါ်တဲ့သူကို တွေ့ခဲ့တယ်မလား” ဟု ယီလန်အား မေးရင်း တံခါးပေါက်ကို တွန်းဖွင့်လိုက်ကာ ထိုအက်ဇယ်၏ ရုံးခန်းမှ ထွက်ခွာလိုက်သည်။

“တွေ့ခဲ့တယ် အဲ့ဒီအမျိုးသမီးက တော်တော်ရူးသွပ်နေပုံပဲ သူမက လူသေတစ်ယောက်ကို ပြန်အသက်သွင်းဖို့ စီစဉ်နေတယ်”

“လူသေတစ်ယောက်ကို ပြန်အသက်သွင်းမလို့ဟုတ်လား အဲ့ဒါ တကယ် ဖြစ်နိုင်လို့လား” ဟု အာရန် က အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့် ပြန်မေးလိုက်သည်။

လူသေများကို ပြန်အသက်သွင်းနိုင်သည်ဆိုလျှင် ငတုံးတစ်ကောင်မှ ရဲ့လန်အား ပြန် အသက်သွင်းရန် နည်းလမ်းတစ်ခုကို ရှာဖွေနိုင်ခဲ့လျှင်ကော....

၎င်းသည် အမှန်တကယ် ခေါင်းကိုက်စရာ ကိစ္စတစ်ခု ဖြစ်နေသော်လည်း ဖြစ်နိုင်ချေမရှိကြောင်း သူ သေချာသိနေသည်။

သူသည် ရဲ့လန်၏ နှလုံးကိုပင် ဝါးမြိုခဲ့ပြီးဖြစ်၏။

အခြားသူများထိုသို့ ပြုလုပ်နိုင်ရန်အတွက် ခန္ဓာကိုယ်ကိုပင် မချန်ထားခဲ့ပေ။

“သူမက ဘယ်သူ့ကို ပြန်အသက်သွင်းဖို့ စီစဉ်နေမှန်း ငါ မသိဘူး ကြည့်ရတာတော့ ဝိညာဉ်လမ်းလျှောက်သူ လို့ ခေါ်တဲ့ တစ်စုံတစ်ယောက်ပဲ” ဟု သူမက အာရန် ကို ပြန်ပြောလိုက်သည်။

“ဘာ တစ်ချက်လောက် ပြန်ပြောပါဦး ဘယ်သူ့ကို အသက်သွင်းမှာ...”

အာရန်သည် မျက်မှောင်ကြုတ်လိုက်ပြီး ရုတ်တရက် ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။

#Catfoot

All Chapters