← Chapters

ပထမဆုံးသောအနမ်း …

Vol. 22 Ch. 310

ပထမဆုံးသောအနမ်း …

Vol. 22 Ch. 310

လုပ်ငန်းစဉ်သည် စတင်နေပြီးသား ဖြစ်၏။

သရဲဘုရင်မ ထံမှ ဆက်လက်ပံ့ပိုးမှုများ ထပ်မံ မလိုအပ်သေးပေ။

သူမ လုပ်ရန်လိုအပ်သည်မှာ စောင့်ဆိုင်းခြင်းနှင့် ဤလုပ်ငန်းစဉ်တစ်ခုလုံးကို သူမ၏ မျက်လုံးများဖြင့် ကိုယ်တိုင်စောင့်ကြည့်လေ့လာရန်ပင် ဖြစ်သည်။

ထိုသို့ စောင့်ဆိုင်းနေစဉ်အတွင်း တံခါးခေါက်သံတစ်ခုကို သူမ ကြားလိုက်ရသဖြင့် အံ့အားသင့်သွားသည်။

ပုံမှန်အားဖြင့် မည်သူမျှ သူမ၏ ဓာတ်ခွဲခန်းသို့ လာလေ့လာထမရှိသော်လည်း ယနေ့တွင်မူ ဤကဲ့သို့လာရောက်ခြင်းသည် ဒုတိယအကြိမ်မြောက် ဖြစ်လေ၏။

“ဒီတစ်ခါ ဘယ်သူလဲ ကျွန်မ လူသားအရင်းအမြစ်တွေ ထပ်မလိုသေးဘူးနော်”

သူမသည် တံခါးခေါက်သံကို လျစ်လျူရှုရန် ကျိုးစားလိုက်သည်။

သူမသည်သာ အကြိမ်အနည်းငယ်ခန့် လျစ်လျူရှုထားလိုက်ပါက အပြင်ဘက်ရှိ ပုဂ္ဂိုလ်သည် သူမ မရှိဟု ထင်ကာ ထွက်ခွာသွားလိမ့်မည်ဟု ယုံကြည်နေခဲ့သည်။

သို့သော် သူမ၏ မျှော်လင့်ချက်များနှင့် ဆန့်ကျင်စွာပင် အပြင်ဘက်ရှိ ပုဂ္ဂိုလ်သည် ထွက်ခွာမသွားခဲ့ပေ။

ယင်းအစား တံခါးခေါက်သံသည် ပိုမို၍ပင် အားကောင်းလာခဲ့ပြီး တံခါးမဖွင့်ပါက ထိုသူမှာ ကမ္ဘာပျက်တော့မည့်အလားပင် ထင်မှတ်ရလေသည်။

ထို့ကြောင့် သရဲဘုရင်မလည်း စိတ်ပျက်လက်ပျက်ဖြင့် တံခါးကို ဖွင့်ပေးရန် သာဆုံးဖြတ်လိုက်ရသည်။

သူမသည် အခန်းဝရှိသတ္တုတံခါးကို ဖွင့်လိုက်ပြီးနောက် နောက်ဆုံးတွင် တံခါးကို အဆက်မပြတ်ခေါက်နေခဲ့သော ဧည့်သည်တော်ကြီးကို မြင်တွေ့လိုက်ရ၏။

“အက်ဇယ် ရှင်လား ခုချိန်ကြီး ဘာလိုချင်လို့လဲ”

သရဲဘုရင်မသည် ထိုသူအားမြင်လိုက်ရ၍ သူမ၏ မျက်လုံးများ ကျဉ်းမြောင်းသွားရသည်။

သူမက ပါမောက္ခအက်ဇယ်သည် သူ၏ လက်အောက်ငယ်သားများကို သူမ၏ စမ်းသပ်မှုများအတွက် အသုံးပြုနေကြောင်း သိသွားခဲ့၍များလားဟု တွေးမိလိုက်သည်။

သို့သော် ကံကောင်းစွာပင် သူမ၏ ဓာတ်ခွဲခန်းအတွင်းပိုင်းမြင်ကွင်းများအား တံခါးပေါက်အပြင်ဘက်မှ လှမ်း၍ မမြင်နိုင်‌ပေ။

မည်သူမဆိုပင် သံသယတစ်စုံတစ်ရာ ရှိနေခဲ့ပါက ဓာတ်ခွဲခန်းအတွင်းသို့ ကိုယ်တိုင်မဝင်ဘဲ ထိုသံသယကို အတည်ပြုနိုင်မည် မဟုတ်ပေ။

“ခင်ဗျားပဲ ကျုပ်ကို ဒီလာဖို့ ဖိတ်ထားတာမဟုတ်ဘူးလား”

အာရန် က ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြန်မေးလိုက်သည်။

ထို့နောက်အာရန်သည် သူမနှင့် စကားပြောနေစဉ် ယီလန်အား သူ၏တပည့်မလေးများကို လှောင်အိမ်အတွင်းမှ ခေါ်ထုတ်သွားရန် ခန်းမအတွင်းသို့ ဝင်ရောက်စေလိုက်သည်။

ထိုနေရာတွင် တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါကလည်း သူ၏တပည့်မလေးများကို တိုက်ပွဲ၏ အကျိုးဆက်တွင် ပါဝင်စေလိုခြင်း မရှိသောကြောင့်လည်းဖြစ်၏။

“ဒီနေ့ ကျွန်မ အလုပ်များနေတယ် ရှင့်အတွက် အချိန်မပေးနိုင်ပါဘူး ပြီးတော့ ရှင့်ကိုကျွန်မ မခေါ်ခိုင်းထားမိပါဘူး ဒါကြောင့် ရှင်ပြန်နိုင်ပြီ” ဟု အက်ဇယ် အဖြစ် အယောင်ဆောင်ထားသော အာရန်အား သရဲဘုရင်မက အေးစက်စက်လေသံဖြင့်ပြန် ပြောလိုက်သည်။

သူမသည် ဓာတ်ခွဲခန်းအတွင်းသို့ ပြန်ဝင်သွားပြီး တံခါးကို ပြန်ပိတ်ရန် နောက်သို့ဆုတ်လိုက်သည်။

“ကျုပ်တို့ကြားမှာ ဒီလောက် သူစိမ်းဆန်နေဖို့ တကယ်ပဲ လိုအပ်လို့လား”

အာရန် က ရှေ့ဆက်တိုးလိုက်ရင်း မေးလိုက်သည်။

ဖြစ်နိုင်ပါက သူသည် ထိုတံခါးပေါက်အား ပြန်ပိတ်သွားစေလိုခြင်း မရှိပေ။

“ဟင်း...”

သရဲဘုရင်မ သည် အာရန်တစ်‌ယောက် ရုတ်တရက် ရှေ့သို့ တိုးလိုက်သည်ကို မြင်လိုက်ရာ ထိုသူသည် ဓာတ်ခွဲခန်းထဲသို့ ဝင်ရောက်လိုနေပုံရကြောင်း သဘောပေါက်လိုက်သည်။

သရဲဘုရင်မသည် အက်ဇယ်မှာ အစောပိုင်းကိစ္စနှင့် ပတ်သက်၍ သေချာပေါက် သံသယရှိနေသည်ဟု သဘောပေါက်လိုက်မိသဖြင့် သူမ၏မျက်နှာအမူအရာမှာ မှောင်မိုက်သွားခဲ့လေ၏။

ယခု ဤအခြေအနေအထိ ရောက်ရှိလာပြီဖြစ်သဖြင့် သူမသည် သူ့အား အလားတူ နည်းလမ်းဖြင့် ကိုင်တွယ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

ပါမောက္ခ တစ်ဦး ရုတ်တရက် ပျောက်ကွယ်သွားပါက ပြဿနာများ ကြီးထွားလာနိုင်မည် ဖြစ်သည့်အပြင် အထူးသဖြင့် သူ့ကို နောက်ဆုံးတွေ့ရှိရသည်မှာ သူမ၏ ဓာတ်ခွဲခန်းသို့ သွားနေခြင်းဖြစ်သောအခါ ပို၍ပင် ပြဿနာကြီးလာနိုင်လေသည်။

သို့သော် သူမ၏ ဤလျှို့ဝှက်စမ်းသပ်မှုများကို ကာကွယ်ရန် သူမတွင် အခြားရွေးချယ်စရာ မရှိတော့ပေ။

အက်ဇယ် ပျောက်ကွယ်သွားခြင်းကို ကိုင်တွယ်ရန်အတွက် သူမသည် ဝိညာဥ်လမ်းလျှောက်သူကို သူမ၏ ကျွန်အဖြစ် အလျှင်အမြန် အသက်ပြန်ရှင်လာရန် လိုအပ်နေပြီး သူမအတွက် ထိုအရာကို လွတ်လမ်း အဖြစ် အသုံးချရမည်ဖြစ်သည်။

“ရှင် တကယ်ပဲ ကျွန်မနားကပ်ဖို့ အဲ့လောက် စိတ်အားထက်သန်နေတာလား”

နောက်ဆုတ်သွားရမည့်အစား သရဲဘုရင်မသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ သူတို့နှစ်ဦးကြားတွင် အကွာအဝေးခြားထားခြင်းမျိုး မရှိတော့ပေ။

“ဒီလိုဆိုရင်လည်း ကျွန်မတို့ကြားက သူစိမ်းဆန်မှုကို ဖယ်ရှားလိုက်ကြရအောင်”

မျက်စိတစ်မှိတ်အတွင်းမှာပင် အာရန်တစ်ယောက် တုံ့ပြန်နိုင်ခြင်း မရှိမီ သရဲဘုရင်မသည် သူ၏လည်ပင်းကို သူမ၏ လက်များဖြင့် သိုင်းဖက်ထားလိုက်သည်။

သူမ၏ အိပ်ပျော်စေသော သာမန်ရနံ့အနည်းငယ်သည် အက်ဇယ်ကဲ့သို့ လူမျိုးအပေါ် အကျိုးသက်ရောက်မည် မဟုတ်ကြောင်း သူမ သေချာသိနေခဲ့၏။

အဘယ်ကြောင့်ဆိုသော် သူ၏ သွေးမျိုးဆက်သည် အစောပိုင်းက ဘိုးဘေးအကြီးအကဲ ယန် နှင့်များစွာ ကွဲပြားသောကြောင့်ဖြစ်လေသည်။

သူမသည် ပိုမိုအားကောင်းသော အစွမ်းတစ်ခုခုကို ထုတ်သုံးရန် လိုအပ်နေခဲ့သည်။

အစောပိုင်း ပမာဏထက် ပိုမိုများပြားသော အိပ်ပျော်စေနိုင်မည့် အဆိပ်အဖြစ် သူ့အား အကျိုးသက်ရောက်နိုင်ရန်အတွက် ပိုမိုအားကောင်းသော ထိတွေ့မှုတစ်ခု လိုအပ်လေ၏။

အာရန် သည် သူမ၏ ရုတ်တရက် လေသံပြောင်းလဲသွားမှုကြောင့် အံ့အားသင့်နေပြီးသား ဖြစ်သည်။

သရဲဘုရင်မသည် သူမ၏ ချယ်ရီရောင်နှုတ်ခမ်းတစ်စုံဖြင့် အာရန်၏ နှုတ်ခမ်းတစ်စုံအပေါ် ဖိကပ်လိုက်ကာ ပြင်းရှရှ အနမ်းတစ်ခု ပေးလိုက်သည်။

သရဲဘုရင်မသည် သူ၏ ပါးစပ်အတွင်းပိုင်းသို့ သူမ၏ လျှာကိုပင် ထည့်သွင်းရန် ကြိုးစားခဲ့ပြီး ထိုအနမ်းနှင့်ပတ်သက်၍ အတော်လေး စိတ်အားထက်သန်နေပုံရ၏။

အာရန်သည် အသိစိတ်ပြန်လည်လာခဲ့ပြီး သူမ၏ ထိုအပြုအမူကို လျင်မြန်စွာ ပြန်တွန်းထုတ်လိုက်ရာ သူမ၏ လျှာသည် သူ၏နှုတ်ခမ်းများကို မကျော်လွန်နိုင်ခဲ့ပေ။

“မင်း ဘာလုပ်နေတာလဲ” ဟု မေးလိုက်ရင်း အာရန်၏အသံသည် အနည်းငယ် တင်းမာနေခဲ့သည်။

အာရန်သည် အနည်းငယ် နောက်ဆုတ်လိုက်ပြီးမှ အရာရာသည် အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။

သူ၏ ခေါင်းမူးခြင်းဝေဒနာသည် ပိုမိုတိုးပွားလာခဲ့သည်။

ရုတ်တရက် အိပ်ချင်လာသည်ဟုလည်း ခံစားလိုက်ရသည်။

သို့သော် သူ၏ခန္ဓာကိုယ်အတွင်းမှ အစောပိုင်း ဂိတ်ပေါက်များကြောင့် မအီမသာဖြစ်မှု အကျိုးဆက်များကြောင့် သူ့အား နိုးကြားစေနေခဲ့သည်။

“အက်ဇယ် ရှင့်ကို ကျွန်မတို့ရဲ့ ကြာရှည်စွာ ပူးပေါင်းဆောင်ရွက်ခဲ့တာတွေကြောင့် ထွက်ခွာဖို့ အခွင့်အရေးပေးခဲ့တယ် အဲ့ဒီအခွင့်အရေးကို ရှင်တကယ် အရယူခဲ့သင့်တယ်”

သရဲဘုရင်မသည် အာရန် နားသို့ ပိုမိုနီးကပ်စွာ လျှောက်သွားလိုက်ပြီး သူမ၏လက်ချောင်းလေးများဖြင့် သူ၏မျက်နှာကို ညင်သာစွာ ပွတ်သပ်လိုက်၏။

....

ခန်းမအတွင်း၌ ယီလန် သည် လှောင်အိမ်တံခါးကို ဆွဲဖွင့်လိုက်ကာ အထဲ၌ မေ့မျောနေသော မိန်းမလှလေး နှစ်ဦးကို စိုက်ကြည့်လိုက်သည်။၏

သရဲဘုရင်မ၏ အာရန်အပေါ်သို့ အာရုံပျံ့လွင့်နေသည်ကို အခွင့်ကောင်းယူကာ ယီလန်သည် နေရာကူးပြောင်းသည့် ဂိတ်တံခါးပေါက်တစ်ခုကို အလျှင်အမြန်ဖန်တီးလိုက်ပြီး “သူတို့ကို ခေါ်သွား” ဟု ဖီလိုနာ ကို အမိန့်ပေးလိုက်သည်။

မည်သူမျှ ထိုနေရာကူးပြောင်းသည့် ဂိတ်တံခါးပေါက်ကို မမြင်လိုက်စေရန် သူမသည် ထိုပတ်ဝန်းကျင်ကို မြူခိုးများ ဖြင့် ဖုံးအုပ်လိုက်ကာ မည်သည့်အစွမ်းဖြင့်မှ ထိုဖြစ်ရပ်အား ခြေရာခံမလိုက်နိုင်ရန် သက်သေများကို စနစ်တကျ ထပ်မံ ဖျက်ဆီးလိုက်လေသည်။

မည်သည့် သူရဲကောင်းအကယ်ဒမီမှ ကျွမ်းကျင်ပညာရှင်မဆို၊ မည်သည့်အဆောင်ပစ္စည်းကိုအသုံးပြုသည်ဖြစ်စေ ယခုဖြစ်ရပ်အား ပြန်လည်တူးဆွကာ ဤဖြစ်ရပ်အား ပြန်လည်သိရှိနိုင်မည်မဟုတ်တော့ပေ။

ကျန်ရှိခဲ့သော တစ်ခုတည်းသော သဲလွန်စမှာ ဝိညာဉ်လောက နှင့် ချိတ်ဆက်ထားသော ဟင်းလင်းပြင်ဆိုင်ရာ စွမ်းအင် အချို့ဖြစ်နေသော်လည်း ဤနေရာတွင် ပိုမို ပရမ်းပတာဖြစ်စေသော စွမ်းအင်အချို့ကို ထပ်မံ ဖြန့်ကျက်ထားလိုက်ခြင်းဖြင့် ၎င်းကို လွယ်ကူစွာ ပုံဖျက်နိုင်လေ၏။

အာရန် သည်လည်း ထိုကဲ့သို့အရာများတွင် ကျွမ်းကျင်မှုရှိနေပြီးသားဖြစ်ကာ ယခင်က ဝိညာဥ်ဂိတ်တံခါးပေါက် ၏ စွမ်းအင် ကို ပင်လယ်နဂါးများ၏ နဂါးလျှာအစွမ်းဖြင့် အကြွင်းအကျန်များအား ဖုံးအုပ်ခဲ့ဖူးလေသည်။

ဖီလိုနာ သည် မိန်းကလေးနှစ်ဦးကို ပခုံးပေါ်တင်ကာ သူမနောက်ကွယ်ရှိ ဂိတ်တံခါး‌ပေါက်အတွင်းသို့ ဝင်ရောက်သွားခဲ့၏။

....

“ရှင် တကယ်ပဲ ဒီလောက်အထိ ခေါင်းမမာခဲ့သင့်ဘူး ကျွန်မတို့နှစ်ယောက်ကြားမှာ ဘာလို့ ဒီလောက် သူစိမ်းဆန်တာလဲလို့ ရှင် မေးခဲ့တယ်မဟုတ်လား ရှင် မှန်ပါတယ် ကျွန်မတို့ကြားမှာ သူစိမ်းဆန်ဖို မလိုပါဘူး ဒ့ါကြောင့် ရှင့်ကို သရဲတစ္ဆေ တစ်ယောက်အဖြစ် အသွင်ပြောင်းလဲပေးလိုက်မယ်လေ ဒါဆိုရှင်က ကျွန်မရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်လာလိမ့်မယ်”

သရဲဘုရင်မ သည် အာရန်အား စိုက်ကြည့်လိုက်ရာ သူမ၏မျက်လုံးများတွင် အေးစက်မှုများ ပြည့်နှက်လာခဲ့၏။

“ကျုပ်တို့ကြားမှာ သူစိမ်းဆန်ဖို့ မလိုတော့ဘူး ဟုတ်လား”

ဝေဝါးနေသော အမြင်ဖြင့် အာရန် သည် သရဲဘုရင်မ ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း သူမ၏နီမြန်းသော နှုတ်ခမ်းတစ်စုံဆီမှ ပြုံးစစအမူအရာလေး တစ်ခုကိုမူ မြင်နိုင်ခဲ့ပြီး သူမသည် ရံဖန်ရံခါ သူမ၏ နှုတ်ခမ်းများကို လျှာဖြင့် ပြန်လျက်ကြည့်နေလေသည်။

“ဒါပေမဲ့ ရှင်က တကယ်ကံကောင်းပါတယ်”

သူမသည် အမျိုးသားတစ်ဦးအား ပထမဆုံးအကြိမ်အဖြစ် မြည်းစမ်းခွင့်ရခဲ့သော သူမ၏ နှုတ်ခမ်းများကို ညင်သာစွာ လျှာဖြင့် ပြန်သပ်လိုက်သည်။

“ရှင် ခုသေဆုံးရတော့မယ်ဆိုတာတောင် ကျွန်မ ရဲ့ ပထမဦးဆုံး အနမ်းကို သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် ဒီဘဝအတွက် နောက်ဆုံး ကျေနပ်စရာလေး တစ်ခုတော့ ရလိုက်မှာပါ”

#Catfoot

All Chapters