နှစ်ဖက်စလုံးအတွက်အရှုံး
Vol. 22 Ch. 311
....
“မင်း၏ ပထမဆုံး အနမ်းကိုရတဲ့အတွက် ပျော်ရွှင်ရမယ်ဟုတ်လား အဲ့အစား စက်စုတ်စရာနည်းလမ်း တစ်ခုခုနဲ့သေသွားရတာမှ ပိုကောင်းဦးမယ်” ဟု အာရန် က အနည်းငယ် မတည်ငြိမ်နေသော်လည်း ကျိုးစားမတ်မတ်ရပ်လျက် ပြောလိုက်၏။
အာရန်၏စကားများသည် သရဲဘုရင်မ ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သော်လည်း ထိုအရာထက် အာရန် အိပ်ပျော်မသွားသေးသည်ကို သူမပိုမို အံ့အားသင့်နေမိခဲ့သည်။
အက်ဇယ်သည် ပါမောက္ခတစ်ဦး ဖြစ်နေသည့်တိုင် သူမသည် ယခုအခေါက်တွင် အဆိပ်ကို တိုက်ရိုက်ခပ်လိုက်ခြင်းဖြစ်သောကြောင့် သူသည် အစောပိုင်းကာလများ ကတည်းက အိပ်ပျော်သွားသင့်လေသည်။
အာရန် တွင် ကောင်းကင်နဂါး ၏ သွေးမျိုးဆက်တစ်ခု ရှိနေပြီး အဆိပ်ဒဏ်များကိုခံနိုင်ရည် ရှိနေသည်ကို သူမ မသိနိုင်ပေ။
၎င်းသည် ယခုအချိန်တွင် အဆိပ်ပြင်းများကို ဖယ်ရှားနိုင်ခြင်း မရှိသေးသော်လည်း သာမန် အိပ်ပျော်စေသော အဆိပ်မျှသာဆိုပါလျှင် အေးဆေးပင် ကိုင်တွယ်နိုင်လေ၏။
ထို့အပြင် သူ၏ ကိုယ်ခံစွမ်းအားစနစ်သည် သူ့ခန္ဓာကိုယ်မှ အဆိပ်များကိုအလုံးစုံ မဖယ်ရှားနိုင်ဘူးဆိုလျှင်ပင် သူ့၏ ဂိတ်တံခါးပေါက်များကြောင့် ခံစားရခက်သော ဝေဒနာမှာ သူ့အား နိုးကြားနေစေခဲ့ပြီး အဆိပ်ကြောင့် အိပ်ပျော်ခြင်းမှ ကာကွယ်ပေးထားနိုင်သည်။
ပုံမှန်တွင် ဂိတ်တံခါးပေါက်များကြောင့် ခံစားရသည့် ဝေဒနာများသည် သူ့အတွက် အကြီးမားဆုံးသော ကျိန်စာတစ်ခုဖြစ်နေခဲ့သည်။
သို့သော် ယခုအချိန်တွင်မူ ထိုအရာကပင် သူ့အတွက် အကူအညီတစ်ခုလို ဖြစ်လာခဲ့၏။
“ကိစ္စမရှိပါဘူး ရှင်က အိပ်ပျော်နေချိန် ငြိမ်းငြိမ်းချမ်းချမ်း သေဆုံးမှာကို လက်မခံချင်ဘူးဆိုရင်လည်း ရှင့်ကို နိုးကြားနေတုန်း သေဆုံးခွင့်ကို ပြောင်းပေးလိုက်ရုံပဲ ရှိတော့တာပေ့ါ”
သရဲဘုရင်မ သည် သူမ၏ လက်ကို မြှောက်လိုက်ရာ ကြောက်မက်ဖွယ်စွမ်းအင် များစွာက သူမ၏ ပတ်ပတ်လည်တွင် စုဝေးလာကြပြီး သူမအပေါ်တွင် ဓားမြှောင်ဆယ်လက်ခန့်သည် စက်ဝိုင်းခြမ်း ပုံသဏ္ဍာန် ဖြစ်ပေါ်လာခဲ့သည်။
ချက်ချင်းပင် ထိုဓားမြှောင်များအားလုံးသည် အာရန် ဆီသို့ ပစ်ဝင်သွားကြရာ အာရန် သည် သူ့ဆီသို့ ဝင်ရောက်လာသော ဓားမြှောင်များကို ရှင်းရှင်းလင်းလင်း အာရုံစူးစိုက်နိုင်ခြင်း မရှိသေးပေ။
၎င်းတို့ကို ပိတ်ဆို့ရန် ကြိုးစားရမည့်အစား သူသည် ရိုးရှင်းစွာပင် ရှောင်တိမ်းရန်ကိုသာ ရွေးချယ်ခဲ့မိ၏။
အက်ဇယ် ထံမှ ခိုးယူထားသော စွမ်းရည်ကို အသုံးပြုကာသူသည် ဘေးဘက်သို့ ခြေတစ်လှမ်းတိုး၍ရှောင်လိုက်ရင်း သူ၏ အလျှင်သည် လျှင်မြန်လွန်းလှသဖြင့် ဂိတ်ပေါက်တစ်ခုဖြင့် နေရာကူးပြောင်းလိုက်သကဲ့သို့ပင် တူညီနေခဲ့သည်။
၎င်းသည် အမှန်တကယ်ဂိတ်ဝင်ပေါက်အစွမ်းဖြင့် ရွေ့လျားခြင်းမျိုးမဟုတ်သောကြောင့် သူ၏ ရောဂါလက္ခဏာများကို ပိုမိုဆိုးရွားစေခြင်း မရှိခဲ့ပေ။
အာရန်သည် ဓားမြှောင်များကို ရှောင်တိမ်းရင်း သရဲဘုရင်မ ဆီသို့ အပြေးအလွှား ဝင်သွားလိုက်ရာ သူမသည် ဤကဲ့သို့သော အရာတစ်ခုကို မျှော်လင့်ထားပုံရသည်။
သူမသည် အက်ဇယ် နှင့် တိုက်ခိုက်နေသည်ဟု သဘောထားနေခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်၏။
အာရန် ရှောင်တိမ်းခဲ့သော ဓားမြှောင်များသည် လမ်းတစ်ဝက်မှာပင် ၎င်းတို့ ရပ်တန့်သွားကြကာ ၎င်းတို့၏ ဦးတည်ရာကို လျင်မြန်စွာ ပြောင်းလဲလိုက်ကြကာ သည်။
၎င်းတို့သည် နောက်သို့ပြန်လှည့် သွားလာပြီး အာရန် ၏ ကျောပြင်ကို ထိုးသွင်းတော့မည့်အလား ဖြစ်သွားခဲ့သည်။
အာရန် သည် သူ၏နောက်ကွယ်မှ နီးကပ်လာသော ဓားမြှောင်များ၏ အေးစက်သော တည်ရှိမှုကို ခံစားမိလိုက်သော်လည်း သူသည် မတုန်လှုပ်ခဲ့ပေ။
ယင်းအစား တစ်ချက်ပြုံးလိုက်သည်။
အကြောင်းမှာ နောက်ဆုံးတွင် သူ၏အစောပိုင်းဂိတ်ပေါက်များဝင်ရောက်ခြင်းကြောင့် ခံစားနေခဲ့ရသော ဘေးထွက်ဆိုးကျိုးများ ပျောက်ကွယ်သွားပုံရသောကြောင့် ဖြစ်လေ၏။
သူ၏အမြင်အာရုံများ ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။
သရဲဘုရင်မသည် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး တစ်ခုခု မူမမှန်ကြောင်း ခံစားလိုက်ရသည်။
အာရန်သည် သူ၏ခန္ဓာကိုယ်ကို လျှင်မြန်စွာတစ်ပတ်လှည့်လိုက်ရင်း စကားတစ်ခွန်းကို ပါးစပ်မှ တီးတိုးရွတ်ဆိုလိုက်သည်။
“ချိတ်စည်း”
၎င်းသည် ဤကမ္ဘာကြီးကိုယ်တိုင်ဆီမှပင် မယုံနိုင်စရာ စွမ်းအားများ ပါရှိနေသကဲ့သို့ ပြင်းထန်သည့် စွမ်းအင်လှိုင်း တစ်ခုကို ထုတ်လွှတ်လိုက်ရာ တုန်ခါမှုလှိုင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး ဝိညာဉ်ဓားမြှောင်များ ကို မူလလမ်းကြောင်းမှ လွဲချော်သွားစေခဲ့သည်။
၎င်းတို့သည် အာရန်၏ဘေးမှ ကျည်ဆန်များကဲ့သို့ ဖြတ်သွားကာ မြေပြင်ပေါ်သို့ ထိုးစိုက်ဝင်ရောက်သွားခဲ့ကြ၏။
သရဲဘုရင်မသည် ခဏတာမျှ တုန်လှုပ်သွားခဲ့မိသည်။ သူမသည် အက်ဇယ် မှာ မြန်ဆန်သည့်အစွမ်းရှိသူဖြစ်မှန်း သိနေခဲ့သော်လည်း သူ့တွင် ယခုကဲ့သို့ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ အားသာချက်များ ရှိနေမည်မှန်း မသိထားခဲ့ပေ။
သရဲဘုရင်မ သည် အာရန် အစောပိုင်းပြောခဲ့သော စကားကို မကြားလိုက်ရသော်လည်း ၎င်းသည် အက်ဇယ်၏ မွေးရာပါ သွေးမျိုးဆက် စွမ်းရည်မဟုတ်ကြောင်း သူမ သေချာနေခဲ့၏။
ဤပုဂ္ဂိုလ်သည် သူ၏ကိုယ်ပိုင်သွေးမျိုးဆက်စွမ်းရည် မဟုတ်သည်အား မည်သို့ အသုံးပြုနိုင်ပါမည်နည်း။
၎င်းသည် မဖြစ်နိုင်သင့်ပေ။ သို့မဟုတ်...
သူမ၏မျက်နှာထားသည် ပိုမို မှောင်မိုက်သွားပြီး သူမ မသိစိတ်၏ လှုံ့ဆော်မှုကြောင့် အလိုလို နောက်သို့ဆုတ်လိုက်မိသည်။
“ရှင်... ရှင်က အက်ဇယ် မဟုတ်ဘူး”
ထိုကဲ့သို့ မွေးရာပါမဟုတ်သည့် သွေးမျိုးဆက်စွမ်းရည်များကို အသုံးပြုနိုင်သူသည် ကမ္ဘာတစ်ခုလုံးတွင်ပင် တစ်ဦးတည်းသာ ရှိလေသည်။
အက်ဇယ်သည် အခြားစွမ်းရည်တစ်ခုကို အသုံးပြုနေခြင်း မဟုတ်ပေ။
၎င်းသည် အခြားပုဂ္ဂိုလ်တစ်ဦးမှ အက်ဇယ် ၏ စွမ်းရည်ကို အသုံးပြုနေခြင်းနှင့် သာ ပိုတူလေသည်။
ထိုသို့ လုပ်ဆောင်နိုင်သူသည်လည်း တစ်ဦးတည်းသာ ရှိ၏။
သူမသည် မစ်ထ် ၏သမီး အဖမ်းဆီးခံရသော ဝင်ခွင့်စာမေးပွဲစစ်ဆေးသည့် အခမ်းအနားတွင် မပါဝင်ခဲ့သော်လည်း ထိုစဥ်က အကြောင်းအရာများနှင့် ပတ်သက်၍ အတော်အတန် ကြားသိထားခဲ့ပြီးဖြစ်သည်။
၎င်းသည် အကြီးအကဲများအချင်းချင်း မည်သို့မျှ မဖုံးကွယ်ထားနိုင်သော အလွန်ကြီးမားသော ဖြစ်ရပ်တစ်ခုလည်း ဖြစ်လေ၏။
သူမသည် သူမရှေ့ရှိ ဤပုဂ္ဂိုလ်မှာ မစ်ထ် နှင့် အခြားသူများကိုပင် လှည့်ဖြားနိုင်သော ထူးခြားသည့် အသွင်ယူအယောင်ဆောင်နိုင်စွမ်း ရှိကြောင်းကိုလည်း အမှတ်ရလိုက်သည်။
“ရှင်က ဝါးမြိုသူပဲ အကယ်ဒမီကျောင်းထဲ ကိုတောင် ဝင်လာရဲတဲ့ သတ္တိရှိတယ်ပေ့ါ”
သရဲဘုရင်မ သည် သူမ၏ စွမ်းရည်အပေါ် ယုံကြည်မှုရှိနေသော်လည်း ဝါးမြိုသူ အပေါ် တွင်မူ သတိကြီးစွာထားနေခဲ့မိသည်။
အကြောင်းမှာ သူ့တွင် မည်သည့်စွမ်းရည်များ အမှန်တကယ်ရှိနေသည်ကို သူမ မည်သို့မျှ မသိရှိနိုင်သောကြောင့် ဖြစ်လေ၏။
ကမ္ဘာကြီးကိုယ်တိုင်ပင် ဤလူ စုဆောင်းထားသော မည်သည့်စွမ်းရည်များ ရှိနေသည်ကို မသိရှိနိုင်ပေ။
အများ သိထားသည်မှာ သူ ယခင်က ပြသခဲ့သော စွမ်းရည်များသာ ဖြစ်လေသည်။
“မင်းက အဲ့ဒီတစ်ချက်နဲ့တင် ငါ့ရဲ့ ပုံစံအမှန်ကို ခန့်မှန်းနိုင်ခဲ့တာလား”
အာရန် သည် သရဲဘုရင်မ အပေါ် အနည်းငယ် အထင်ကြီးမိသွားသည်။
သူသည် နဂါးလျှာအစွမ်း ကို ခဏတာမျှသာ အသုံးပြုခဲ့ခြင်းဖြစ်သည့်အပြင် ထိုသို့သော အရာကို ချက်ခြင်းမှန်းဆနိုင်ခဲ့သဖြင့် သူမသည် ခေသူမဟုတ်မှန်း သဘောပေါက်လိုက်၏။
နဂါးလျှာအစွမ်းကို သူရဲကောင်းများ၏ အခြား သွေးမျိုးဆက်စွမ်းရည် တစ်ခုအဖြစ် သူမ၏ မှားယွင်းယူဆနိုင်ချေရှိနေသော်လည်း သူမသည် မှန်ကန်သော ရလဒ်ကို တိုတောင်းသောအချိန်အတွင်း ခန့်မှန်းနိုင်ခဲ့သည်။
အာရန်သည် ပြန်လည်တုံ့ပြန်စကားပြောနေစဉ် သူ၏ အယောင်ဆောင်မှုမှာ စတင်ပြောင်းလဲသွားတော့သည်။
သူ၏မျက်နှာသည် မစ်ထ် ရှေ့ရှိ စစ်ဆေးမှုအခမ်းအနား၌ ပြသခဲ့သော ဝါးမြိုသူ ၏ မျက်နှာသို့ ပြန်လည်ပြောင်းလဲသွားခဲ့သည်။
ယခုတိုင် ၎င်းသည် သူ၏မျက်နှာ အစစ်အမှန်မဟုတ်သေးဘဲ အခြားအယောင်ဆောင်မှု တစ်ခုသာဖြစ်ကြောင်း မည်သူမျှ မသိရှိနိုင်သေးပေ။
အာရန်သည် သူ၏ စွမ်းရည်များစွာကို အသုံးပြုနိုင်ခြင်းသည်ပင် ဝါးမြိုသူ အဖြစ် သူ့အား ပိုမိုကောင်းမွန်သော သက်သေအဖြစ် လူအများယူဆစေနိုင်ခဲ့လေသည်။
“ရှင်က တကယ်တော့ ငတုံးတစ်ယောက်ပဲ အခု ရှင့်အကြောင်းတွေ ကျွန်မဖော်ထုတ်နိုင်ခဲ့ပြီဆိုတော့ ကျွန်မသာ အကယ်ဒမီ တစ်ခုလုံးကို သတိပေးလိုက်ရင် ရှင်ဒီကနေ ထွက်သွားနိုင်တော့မယ်လို့ ထင်နေတုံးပဲလား” ဟု သရဲဘုရင်မ က သတိပေးလိုက်သော်လည်း သူမသည် ဓာတ်ခွဲခန်း နောက်ဘက်သို့ ဆက်လက် ဆုတ်ခွာနေဆဲ ဖြစ်လေ၏။
အာရန်သည်လည်း သူမအား ဆက်လက် တိုက်ခိုက်ခြင်းမျိုး မပြုခဲ့ပေ။
သူသည် သက်တောင့်သက်သာရှိနေဟန်ဖြင့် သူမ၏ နောက်သို့ ဖြေးညင်းစွာ လိုက်ပါသွားခဲ့ပြီး သူ၏တပည့်များအခြေအနေကို တိတ်တဆိတ် အကဲခပ်ကြည့်လိုက်သည်။
မည်သို့ပင် ဖြစ်စေ သူ၏တပည့်မလေးများသာ ဤနေရာတွင် ရှိနေသေးပါက သူသည် အစွမ်းကုန် တိုက်ခိုက်ရန် ကျိုးစားနိုင်မည်မဟုတ်ပေ။
သူ၏ တစ်ခုတည်းသော တာဝန်မှာ အာရုံပြောင်းရန်ပင် ဖြစ်၏။
သူသည် မကြာမီမှာပင် သရဲဘုရင်မ ၏ ပခုံးပေါ်သို့ ကျော်၍ကြည့်လိုက်ရာ ဘေးတွင် ယီလန်မှာ ရပ်လျက်ရှိနေပြီး ဘေးနားရှိလှောင်အိမ်မှာလည်း ဗလာဖြစ်နေသည်ကို သတိပြုမိလိုက်သည်။
ယီလန်သည် သူမအား ပေးအပ်ထားသော တာဝန်ကို ပြီးမြောက်နိုင်ခဲ့ပြီးဖြစ်၏။
“မင်းက ငါ့အကြောင်း အကယ်ဒမီ ကို အသိပေးနိုင်တယ်လို့ ပြောခဲ့တယ်မဟုတ်လား ဒါဆို ဘာလို့ မလုပ်သေးတာလဲ”
အာရန်သည် သရဲဘုရင်မ ၏ တုံ့ပြန်မှုများကြောင့် အနည်းငယ် စိတ်ဝင်စားသွားဟန်ဖြင့် ပြန်လည် မေးခွန်းထုတ်လိုက်သည်။
သရဲဘုရင်မသည် သူ့အားထပ်မံ ခြိမ်းခြောက်ရမည့်အစား သူ့အား အဝေးသို့ ထွက်သွားရန်သာ ပို၍လိုလားနေပုံရလေသည်။
“မင်းက တခြားသူတွေ မသိစေချင်တဲ့ အရာတစ်ခုခုများ လုပ်နေမိလို့များလား” ဟု အာရန်က ထပ်မံမေးလိုက်ရင်း ဝိညာဥ်လမ်းလျှောက်သူ ၏ အသက်မဲ့ခန္ဓာကိုယ် တည်ရှိနေသည့် အခြားတစ်ဖက်သို့ လှည့်ကြည့်လိုက်၏။
သူ၏ ဒဏ်ရာများသည် ယခုအချိန်တွင် လုံးဝနီးပါး ပျောက်ကင်းနေပြီဖြစ်ရာ လုပ်ငန်းစဉ်သည် ပြီးစီးခါနီးပြီဖြစ်ကြောင်း ဖော်ပြနေသည်။
“တကယ်လို့ ငါတို့သာ ခုချိန် တိုက်ခိုက်ရင် နှစ်ဦးစလုံးအတွက် ဆုံးရှုံးမှုတွေပဲကြုံရလိမ့်မယ် မင်းက မစ်ထ် ကို မုန်းတီးနေသလို ငါကလည်း သူမကို သေစေချင်နေတယ် ငါတို့တွေ တကယ်ပဲ တိုက်ခိုက်ဖို့လိုသေးလို့လား ငါ့ရဲ့ စွမ်းရည်တွေက မင်းအတွက်တောင် အသုံးဝင်နေသေးတယ်လို့ယူဆလို့ရတယ် မဟုတ်ဘူးလား”
သရဲဘုရင်မ၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့ပြီး အာရန်သည် သူမ၏ ရည်ရွယ်ချက်ကို လျှင်မြန်စွာ မှန်းဆနိုင်ခဲ့သည့်အတွက် မအံ့သြမိခဲ့ပေ။
#Catfoot