ပါးနပ်တဲ့ မိန်းကလေး
Vol. 22 Ch. 312
အာရန် သည် သူမ၏ စွမ်းရည်များမှာ သူ့အတွက် မလိုအပ်ကြောင်း ကောင်းစွာသိရှိထား၏။
အချို့သော အခြေအနေများတွင် အသုံးဝင်နိုင်ကောင်းဝင်မည်ဖြစ်သော်လည်း ၎င်းတို့သည် ယီလန် မှ လုပ်ဆောင်နိုင်သည့် အရာများနှင့် အဓိကအားဖြင့် တူညီနေခဲ့သည်။
ထို့အပြင် သူမ၏ စွမ်းရည်ကို အသုံးချရန် သူ့တွင် အချိန်မရှိပေ။
အသုံးပြုလေလေ ပိုမိုအားကောင်းလာလေဖြစ်သည့် အခြားစွမ်းရည်များနှင့် မတူဘဲ သရဲဘုရင်မ ၏ စွမ်းရည်များမှာ ကွဲပြားခြားနားလေသည်။ ၎င်းသည် များစွာသော ကြိုးစားအားထုတ်မှုများ လိုအပ်လေသည်။
တစ်ဖန် မစ်ထ် မှာ ယခုအချိန်တွင် ပိုမိုကြီးမားသော ခြိမ်းခြောက်မှုဖြစ်နေသည်မှာလည်း အမှန်ပင်ဖြစ်၏။
အက်ဒရစ် သည် သူမအား အနည်းငယ် အလုပ်များနေစေနိုင်သော်လည်း သူ့တွင် ဖဲချပ်များ များများရှိလေ ပိုမိုကောင်းမွန်လေလေပင်မဟုတ်ပါလား...။
မည်မျှပင်ကျိုးစားစေကာမူ သရဲဘုရင်မ သည် မစ်ထ် ကို အနိုင်ယူနိုင်မည် မဟုတ်ကြောင်း အာရန်တစ်ယောက်သိနေခဲ့သည်။
၎င်းသည် မစ်ထ် အတွက် အနည်းငယ်မျှသာ စိတ်အနှောင့်အယှက် ဖြစ်စေရုံသာဖြစ်ပေလိမ့်မည်။
သူ့အတွက် သရဲဘုရင်မ သည် သေဆုံးခြင်းထက် အသက်ရှင်နေခြင်းက ပိုမိုအသုံးဝင်လေ၏။
ယခုအချိန်အထိ မစ်ထ် သည် အခြားတိုက်ကြီးများအား မတည်မငြိမ်သည့် အချိန်များတွင် အခွင့်ကောင်းယူနိုင်ရန် လျှို့ဝှက်သူလျှိုများကို စေလွှတ်ထားခဲ့သည်။
သရဲဘုရင်မ က အာရန်အားပင် အလားတူလုပ်ဆောင်ရန် စေလွှတ်ခဲ့ခြင်းမဟုတ်ပါလား။
အာရန် သည် သရဲဘုရင်မ နှင့် သဘောတူညီမှုတစ်ခုရယူလိုနေသော်လည်း အပြန်အလှန် မဟာမိတ်များကဲ့သို့ သဘောတူညီမှုမျိုးတော့ မပြုလုပ်လိုပေ။
“မင်းက ငါနဲ့ အလုပ်တွဲလုပ်ဖို့ အရမ်းအားနည်းပြီး အရေးပါမနေဘူး” ဟု အာရန် က သူမအား တိုက်ရိုက်ပင် ပြောလိုက်ရာ သူမ၏ မျက်နှာထားမှာ ပိုမိုအေးစက်လာခဲ့၏။
သရဲဘုရင်မသည် သူမ၏ နှုတ်ခမ်းများ တုန်ယင်သွားသည်အထိ ဒေါသထွက်သွားပြီး ထိုအရာသည် သူမအား မလေးမစားပြုမူခြင်းပင် ဖြစ်သည်။
သို့သော် သူမသည် ဤတစ်ကြိမ်တွင် အာရန်အား
ပြန်လည် တိုက်ခိုက်ခြင်း မပြုခဲ့ပေ။
သူမ၏ ရှေ့မှ ပုဂ္ဂိုလ်သည် မစ်ထ် ကိုပင် ဆန့်ကျင်နိုင်စွမ်းရှိသူ ဖြစ်၏။
သူသည် တစ်ချိန်က အရှင်သခင် လေးဦးစလုံး ပူးပေါင်းလုပ်ဆောင်မှသာ ဖယ်ရှားနိုင်ခဲ့သည့် ပုဂ္ဂိုလ်လည်းဖြစ်လေသည်။
နတ်ဆိုးဝါးမြိုသူ အကြောင်း ကောလာဟလများက သူ့အား လူအများအပြားအတွက် ဒဏ္ဍာရီတစ်ခုသဖွယ် ဖြစ်နေစေခဲ့ပြီးဖြစ်သည်။
ယခုမူ ဤဒဏ္ဍာရီတစ်ခုသည် သူမ၏ ရှေ့တွင် လာရောက် ရပ်နေလေပြီဖြစ်၏။
ထိုသူသည် ကောလာဟလများမှ ပြောသလောက် အမှန်တကယ် အားကောင်းသူဖြစ်နိုင်ပါ့မလားဟု သူမ အနည်းငယ် သံသယရှိနေခဲ့သော်လည်း ထိုအရာကို စမ်းသပ်ကြည့်ရန် မလိုလားနေခဲ့ပေ။
သူမသည် သူ့၏ တည်ရှိမှုကို အကယ်ဒမီအား သတိပေး၍ ဖမ်းဆီးရန် ကျိုးစားခဲ့လျှင်လည်း မစ်ထ် ကို ကူညီပေးရာ ရောက်သွားမည်ဖြစ်သည်။
ယင်း အစား ဤလူကို သူမဘက်တွင် ရှိနေစေခြင်းက ပိုမိုကောင်းမွန်ပေ၏။
“ကျွန်မက ရှင့်အတွက် အဲ့လောက် အသုံးမဝင်ဘူးဆိုတာ သိပါတယ် ဒါပေမဲ့ မကြာခင်မှာ ကျွန်မရဲ့ ခွန်အားကို တိုးမြှင့်ပေးနိုင်မဲ့ ကျွန်တစ်ယောက် ရတော့မှာပါ အဲ့ဒီအခါကျရင် ကျွန်မကရှင့်အတွက် အများကြီး ပိုပြီး အသုံးဝင်လာမှာ သေချာပေါက် ပဲ”
ဝိညာဥ်လမ်းလျှောက်သူ ကို ပြန်လည်အသက်သွင်းမည့် စမ်းသပ်မှုသည် လျှို့ဝှက်ချက်တစ်ခုဖြစ်သော်လည်း အာရန် သည် ဤနေရာတွင် ရှိနေနှင့်ပြီးသား ဖြစ်လေသည်။
သူမသည် သူ့အား ထပ်မံဖုံးကွယ်၍ မရတော့ပေ။ အကယ်၍ ထိုအရာက သူမ၏ ညှိနှိုင်းမှုအတွက် အထောက်အကူတစ်ခု ဖြစ်စေမည်ဆိုပါက အရာအားလုံးအတွက် ပိုမိုကောင်းမွန်ပေလိမ့်မည်။
“ကျွန်မ သူ့ကို ချိတ်စည်းခတ်နှိပ်ထားပြီးပြီး သူ ပြန်အသက်ရှင်လာရင်တောင် ကျွန်မရဲ့ စကားကိုပဲ နားထောင်ရလိမ့်မယ် သူ့ကို ထိန်းချုပ်ချင်ရင် ရှင်ကွန်မရဲ့ အကူအညီ ကို လိုလိမ့်မယ်”
သရဲဘုရင်မက ဝိညာဥ်လမ်းလျှောက်သူ ကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
“ဘယ်လိုထင်လဲ ဒီလောက်ဆို ကျွန်မက ရှင်နဲ့ ညှိနှိုင်းဖို့ ထိုက်တန်ပြီမဟုတ်လား” ဟု သူမက ဝံ့ကြွားဟန်ဖြင့် ပြန်လည်ပြောဆိုလိုက်ရင်း အာရန်ထံမှ တုန်လှုပ်သွား တုံ့ပြန်မှုတစ်ခုကို မျှော်လင့်နေခဲ့သည်။
သို့သော် အံ့အားသင့်စရာကောင်းအောင်ပင် ထိုသူသည် အနည်းငယ်မျှပင် တုံ့ပြန်ခြင်းမျိုး မရှိခဲ့ပေ။
“သူက ဝိညာဥ်လမ်းလျှောက်သူ ပဲ မဟုတ်လား ကမ်းရိုးတန်းမြို့ မှာ ငါကိုယ်တိုင် င့ါလက်နဲ့ သတ်ခဲ့မိတဲ့သူ သူ့လို အရေးမပါတဲ့သူနဲ့ မင်းက ငါနဲ့ ညှိနှိုင်းဖို့ အခွင့်အရေး ရှိနေတယ်လို့ တကယ်ထင်နေတာလား”
အာရန်သည် ထိုသို့ပြောနေစဉ် ဝိညာဥ်လမ်းလျှောက်သူအား ထည့်ထားသော ဖန်ပေါင်းချောင်ဆီသို့ နီးကပ်စွာ လျှောက်သွားလိုက်၏။
ဖန်ပေါင်းချောင်အတွင်း၌ ဝိညာဥ်လမ်းလျှောက်သူမှာ အသိစိတ် နိုးကြားနေဆဲပင်ဖြစ်သည်။
သူ့အား မည်သူ တိုက်ခိုက်ခဲ့သည်ကို ဝိညာဥ်လမ်းလျှောက်သူ တစ်ဦးတည်းသာ အသိဆုံးဖြစ်သော်လည်း ထိုအရာကို ပြန်လည်ဖြေကြားနိုင်ခြင်း မရှိခဲ့ပေ။
“ရှင်က...”
သရဲဘုရင်မ သည် ခဏတာမျှ ငြိမ်သက်သွားခဲ့သည်။ ဝါးမြိုသူ က ထို ဝိညာဥ်လမ်းလျှောက်သူအား သတ်ခဲ့သည့်သူတဲ့လား။
လူအများအပြားက ထိုဖြစ်နိုင်ချေကို စဉ်းစားမိခဲ့ကြသော်လည်း သူမသည် ယုံကြည်ရန် ငြင်းဆိုမိခဲ့၏။
ယခုမူ သူက ကိုယ်တိုင်ထုတ်ပြောနေပြီဖြစ်၍ သံသယဝင်စရာ မရှိတော့ပေ။
နတ်ဆိုးဝါးမြိုသူ သည် ဝိညာဥ်လမ်းလျှောက်သူ ကို အမှန်တကယ် သတ်ခဲ့သူဖြစ်ပြီး ထွက်ပြေးရန်ပင် အခွင့်အရေး မပေးခဲ့ပါက သူမသည်ကော သူ့အား အမှန်တကယ် အနိုင်ယူနိုင်ပါဦးမည်လား။
အာရန်သည် ပြောရင်းဆိုရင်းဖြင့် သရဲဘုရင်မအား သူသည် ပိုမိုဖိနှိပ်လာနိုင်ပြီဖြစ်ကြောင်း ခံစားမိလိုက်သည်။
သူမသည် အလွန်အာရုံပျံ့လွင့်နေသဖြင့် လှောင်အိမ်ထဲမှ မိန်းကလေးနှစ်ဦး ပျောက်ဆုံးနေသည်ကိုပင် သတိမပြုမိခဲ့ပေ။
အချိန်တစ်ခုအထိ တိတ်ဆိတ်နေပြီးနောက် အာရန်သည် နောက်သို့ ပြန်လှည့်လိုက်သည်။
“မင်းမှာ ငါနဲ့ ညှိနှိုင်းဖို့ အခွင့်အရေးရှိတယ်လို့တော့ မထင်ဘူး ဒါပေမဲ့ မင်းက အသုံးဝင်နိုင်တယ်ဆိုတာတော့ ငါ ယုံကြည်မိတယ် ဒါကြောင့် ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်...”
“အခွင့်အရေးဟုတ်လား”
“အမှန်ပဲ အတူတူလုပ်ဆောင်မည့်အစား မင်းက ငါ့ကို အလုပ်အကျွေးပြုရလိမ့် အပြန်အလှန်အနေနဲ့ ငါ မင်းကို ဒီတောင်ပိုင်းတိုက်ကြီး ကို ထိန်းချုပ်နိုင်အောင် ကူညီပေးမယ်”
“ရှင်က ကျွန်မကို ရှင့်ရဲ့ ကျွန် ဖြစ်စေချင်နေတာလား”
သရဲဘုရင်မ သည် ကျယ်လောင်စွာပြန်ပြောလိုက်ရင်း သူမ၏ အသံတွင် တုန်လှုပ်မှု၊ ဒေါသထွက်မှုများနှင့်အတူ ရှက်ရွံ့မှုများပါ ရောနှောနေလေသည်။
“ဒီလို ဆိုးဝါးတဲ့ အသုံးအနှုန်းမျိုးကို မသုံးပါနဲ့လား ငါက မင်းကို ကျွန်အဖြစ် ပြောင်းဖို့လောက်အထိ ဆိုးသွမ်းတဲ့သူတော့ မဟုတ်ပါဘူး” ဟု အာရန် က မျက်စိတစ်မှိတ်အတွင်း သရဲဘုရင်မ ဘေးနားသို့ ချဥ်းကပ်သွားရင်း ပြန်ဖြေလိုက်သည်။
သူ၏လက်ချောင်းများသည် သူမ၏ ပါးပြင်ကို ညင်သာစွာ ပွတ်သပ်လိုက်၏။
“ငါက မင်း င့ါကို ထာဝရ အစေခံစေချင်ရုံလေးပါပဲ အဲ့ဒါအတွက် အပြန်အလှန်အနေနဲ့ မင်းရဲ့ အရိုင်းအဆန်ဆုံး အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ခွင့်ပေးမယ်”
“တကယ်လို့ မင်းက ခုပထမဆုံး ရွေးချယ်မှုကို မကြိုက်သေးရင်လည်း မင်းအတွက် တခြားရွေးချယ်စရာတစ်ခု ရှိပါသေးတယ်” ဟု အာရန်က ဆက်ပြောရင်း သူ၏လက်ချောင်းများက ထိုအမျိုးသမီး၏ မေးစေ့အောက်သို့ ရောက်သွားခဲ့၏။
အာရန်သည် သူမ၏ မေးစေ့ကို ကိုင်မြှောက်ပြီး သူမ၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။
“တခြားရွေးချယ်မှုက ပိုရိုးရှင်းပြီး အချိန်ကုန်လဲ သက်သာတယ် အဲ့ဒါက ငါ မင်းကို ဒီမှာပဲ သတ်ပစ်လိုက်မယ်လေ”
အာရန်သည် သူ၏နှုတ်ခမ်းများကို သရဲဘုရင်မ ၏ နားများနှင့် ပိုမိုနီးကပ်စေပြီး တီးတိုးပြောလိုက်သည်။
“အတော်လေးအရသာရှိတဲ့ နှုတ်ခမ်းတွေ ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတစ်ယောက်ကို သတ်ရတာ နဲနဲတော့ စိတ်မကောင်းစရာပေါ့ ဒါပေမဲ့ ဒီရွေးချယ်မှုကလည်း မင်းလက်ထဲမှာပါပဲ စိတ်ကြိုက်ရွေးချယ်ပါ”
“ရှင်...ရှင်”
သရဲဘုရင်မ သည် မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိတော့ပေ။
သူသည် စကားလုံးများကို ချိုမြိန်အောင် ပြောနေခဲ့သော်လည်း အမှန်တကယ်ဆိုလို ရင်းမှာမူ ရိုးရှင်းလေသည်။
သူမသည် သူ၏ကျွန်တစ်ဦး ဖြစ်လာမည်လား သို့မဟုတ် ဤနေရာတွင်ပင် အသေခံမည်လားဟူ၍ပင်ဖြစ်သည်။
သူမသည် စောဒကထပ်မံတက်ရန် ပြင်လိုက်သော်လည်း အာရန် က သူမ၏ နှုတ်ခမ်းများပေါ်တွင် သူ၏လက်ချောင်းကို တင်လိုက်ခြင်းကြောင့် ဘာမှဆက်မပြောနိုင်ခဲ့ပေ။
“ရှူး... မင်း စကားပြောဖို့ အချိန်ကုန်သွားပြီ ပထမရွေးချယ်မှုကို သဘောတူရင် ခေါင်းငြိမ့်လိုက် ဒုတိယရွေးချယ်မှုကို သဘောတူရင် ခေါင်းခါပြလိုက်”
အာရန်သည် ထိုသို့ ပြောဆိုနေစဉ်မှာပင် သူ၏ကိုယ်မှ ဓားဧကရာဇ်အော်ရာများ အနည်းငယ် စိမ့်ထွက်လာကာ သရဲဘုရင်မ ၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားစေခဲ့၏။
သရဲဘုရင်မ သည် သေခြင်းတရားကို မျက်နှာချင်းဆိုင် ကြည့်နေရသကဲ့သို့ ခံစားလိုက်ရသည်။
ထိုအချိန်တွင် သူမ၏ စိတ်သည် အတော်လေး ဖရိုဖရဲ ဖြစ်နေခဲ့သည်။
ယခင်ကကဲ့သို့သာ သူမ တည်ငြိမ်နေပါက သူ၏ စကားများအတွင်း ချို့ယွင်းချက်များ ရှိနေသည်ကို သူမ သတိပြုမိနိုင်ခဲ့မည်ဖြစ်သော်လည်း ဤအချိန်တွင် မူ သူမဘာမှ မတတ်နိုင်တော့ပေ။
သေခြင်းနှင့် လက်တစ်ကမ်းသာလိုတော့သဖြင့် သူမသည် ဆက်လက် မတွေးတောနိုင်တော့ဘဲ ခေါင်းကိုသာ ငြိမ့်ပြလိုက်မိလေ၏။
ဤနေရာတွင် သေဆုံးခြင်းထက် မည်သည့်အရာမဆို ပိုမိုကောင်းမွန်ပေသည်။
ထို့အပြင် အာရန်သည်သာ သူ၏ ကတိကို အမှန်တကယ်တည်ခဲ့မည်ဆိုပါက သူမသည် တောင်ပိုင်းတိုက်ကြီး ကို အမှန်တကယ်အုပ်ချုပ်ခွင့် ရရှိနိုင်ပေသည်။
၎င်းသည် သူမ အမှန်တကယ် လိုချင်နေခဲ့သည့်အရာပင် မဟုတ်ပါလား။
အာရန် သည် သူမ၏ တုံ့ပြန်မှုကို မြင်တွေ့ရသောအခါ တစ်ချက်ပြုံးလိုက်သည်။
“မင်းက ပါးနပ် တဲ့ မိန်းကလေးပဲ ခု ဘာမှ ခုခံဖို့မကျိုးစားနဲ့တော့”
သူမ၏ နှုတ်ခမ်းများဆီမှ သူ၏လက်ချောင်းများသည် ညင်သာစွာ အောက်သို့ လျှောဆင်းသွားခဲ့ပြီး သူမ၏ သွယ်လျသော လည်ပင်းလေးများပေါ်သို့ ရောက်ရှိသွားခဲ့သည်။
#Catfoot