င့ါရဲ့ချစ်လှစွာသော ကမ္ဘာကူးပြောင်းလာသူလေး ...
Vol. 22 Ch. 313
အာရန်၏ လက်ချောင်းများသည် သူမ၏ လည်ပင်းကို ထိမိလိုက်သည်နှင့် ထိုလည်ပင်းတွင် အမှတ်အသားတစ်ခု ထင်ရှားစွာ ပေါ်ပေါက်လာခဲ့၏။
၎င်းသည် အစေခံအမှတ်အသားပင်ဖြစ်လေသည်။ ထိုအရာကို ဖန်တီးနေစဉ် သရဲဘုရင်မ သည် ရိုးရှင်းစွာ ခုခံမှုလေးတစ်ခုဖြင့်ပင် ၎င်းကို အလွယ်တကူ ချိုးဖျက်နိုင်လေသည်။
သို့သော် သူမသည် ဤလှုပ်ရှားမှုတွင် ခုခံခြင်း၏ အကျိုးဆက်များကိုလည်း နားလည်ထားခဲ့သည်။
သူမ၏ နှလုံးသားက ပြန်လည် ခုခံစေချင်နေခဲ့ပြီး မိမိ၏ အသက်ကို အခြားသူတစ်ဦး၏ လက်အတွင်းသို့ အပ်နှင်းမထားရန် ပြောဆိုနေခဲ့သော်လည်း သူမ၏ သိစိတ်ကမူ ဤအရာသည်မှာ မှန်ကန်သော ရွေးချယ်မှုဖြစ်နိုင်ကြောင်း ပြောဆိုနေခဲ့သည်။
နောက်ဆုံးတွင် သူမသည် ထိုအစေခံ အမှတ်အသားကို ထပ်မံ မခုခံတော့ဘဲ မျက်လုံးများကိုသာ မှိတ်ထားလိုက်လေ၏။
မိနစ်အနည်းငယ်ကြာပြီးနောက် အစေခံအမှတ်အသား ချုပ်ဆိုမှု ပြီးမြောက်သွားခဲ့ပြီး သရဲဘုရင်မသည် အာရန် ၏ ကျွန်မလေးတစ်ဦး ဖြစ်လာခဲ့တော့သည်။
သူမ၏ လည်ပင်းတွင် အစေခံအမှတ်အသားရှိနေပြီဖြစ်သဖြင့် သူမသည် သခင်အား အန္တရာယ်ဖြစ်စေနိုင်သည့် မည်သည့်အရာကိုမျှ လုပ်ပ်ဆောင်နိုင်ခြင်း မရှိတော့ပေ။
ထိုအမှတ်အသားသည် သူမ၏ လွတ်လပ်မှုများကို အတိုင်းအတာတစ်ခုအထိ ကန့်သတ်ထားသော်လည်း သူမအား တိုက်ရိုက်ကျွန်ပြုခြင်းမျိုးတော့ မဟုတ်ခဲ့ပေ။
သူမသည် မိမိ အသက်ဆုံးရှုံးစေနိုင်သည့် အမိန့်များကို ပယ်ချပိုင်ခွင့်ရှိနေဆဲဖြစ်၏။
ထို့အပြင် သူမသည် အာရန် ၏ အကျိုးစီးပွားကို ထိခိုက်ခြင်းမရှိသ၍ သူမ စိတ်တိုင်းကျ လိုရာကို လွတ်လွပ်စွာ လုပ်ဆောင်နိုင်ခွင့်လည်း ရှိနေဆဲဖြစ်သည်။
သူမသည် အာရန် ထံမှ သူမအတွက် အသက်အန္တရာယ်မရှိသော ညွှန်ကြားချက်များကိုသာ လိုက်နာရန် လိုအပ်နေပြီး ၎င်းမှာ သူမ ထိုအရာကို လက်ခံခဲ့ရသည့် တစ်ခုတည်းသော အကြောင်းရင်းပင် ဖြစ်၏။
အကယ်၍ သူသည် သူမအား သေရန် အမိန့်ပေးနိုင်မည်ဆိုပါက သူမသည် လုံးဝလက်ခံမည် မဟုတ်ပဲ ဒုတိယရွေးချယ်မှုကိုသာ ပြုလုပ်ခဲ့မိမည်ဖြစ်သည်။
အစေခံ အမှတ်အသားကို အောင်မြင်စွာ ရိုက်နှိပ်ပြီးနောက် အာရန် သည် သူ၏လက်ချောင်းများကို သူမဆီမှ ဖယ်ရှားလိုက်သည်။
သူသည် သရဲဘုရင်မ အကြောင်း ပထမဆုံးကြားဖူးစဉ်က သူမနှင့် မကြာမှီ တိုက်ခိုက်ရလိမ့်မည်ဟု မျှော်လင့်နေခဲ့သည်။
သို့သော် သူမအား ထိုမျှလွယ်ကူစွာ ဖိနှိပ်နိုင်ခဲ့လိမ့်မည်ဟု သူ တကယ်ကို မမျှော်လင့်ခဲ့ပေ။
သူသည် သူမအား အမှန်တကယ်တိုက်ခိုက်ရန် မလိုအပ်ခဲ့သည့် အပြင် သင့်လျော်သော လက်အောက်ငယ်သားတစ်ဦးအဖြစ်ပါ ရရှိနိုင်ခဲ့သည်။
သို့သော် သူမသည် မည်မျှအန္တရာယ်များသူဖြစ်ကြောင်းကိုမူ သူ မမေ့သေးပေ။
အကယ်၍ သူသာ ထိုအဆိပ်ဒဏ်ကို ခံနိုင်ရည် မရှိခဲ့ပါက ယခုအချိန်တွင် သူသည် သူမ၏ စေလိုရာအတိုင်း ကပြနေရပြီဖြစ်၏။
သို့မဟုတ် သူကိုယ်တိုင်ပင် သူမ၏ စမ်းသပ် ပစ္စည်းတစ်ခုအဖြစ် အသုံးပြုခံရနိုင်ချေပင် ရှိနေလေသည်။
အရာအားလုံး အဆင်ပြေသွားပြီးနောက် အာရန် သည် ဖန်ပေါင်းချောင် ဘက်သို့ လှည့်လိုက်ပြီး အတွင်း၌ ရှိနေသော ဝိညာဥ်လမ်းလျှောက်သူကို စိုက်ကြည့်လိုက်သည်။
“သူ့ကို အသက်ပြန်သွင်းနိုင်ဖို့ အချိန်ဘယ်လောက်လိုဦးမလဲ”
“ငါးမိနစ်၊ ဒါမှမဟုတ် အလွန်ဆုံး ဆယ်မိနစ်လောက်ပေါ့”
သရဲဘုရင်မ က ရှေ့သို့ ထွက်လာပြီး အာရန် ဘေးတွင် ရပ်လိုက်ကာ သူ၏ အပြစ်ကင်းစင်ပုံရသော မျက်နှာကို တစ်ချက်စူးစမ်း ကြည့်လိုက်မိ၏။
ထိုသူသည် သည်အတိုင်း လမ်းတွင်မြင်လိုက်ပါက နာမည်တစ်ခုတည်းနှင့်ပင် တိုက်ကြီးလေးခုလုံးရှိ လူများ၏ နှလုံးသားများအတွင်း ကြီးစွာသော ထိတ်လန့်ကြောက်ရွံ့မှုများကို ဖြစ်စေခဲ့သူတစ်ဦးဟု လုံးဝမထင်ရပေ။
“ရင် တကယ်ပဲ သူ့ကို သတ်ခဲ့တာလား” ဟု သူမကထပ်မံ မေးလိုက်မိသည်။
“သူက မထိသင့်တာကို ထိမိခဲ့တယ်လေ” ဟု အာရန် က ပြန်ဖြေရင်း ထိုစဥ်က သူ၏ ချိတ်စည်းဖြေအဆောင်ကို အသုံးပြုခဲ့စဥ်က နာကျင်မှုများကို ပြန်လည်အမှတ်ရလိုက်ပြီး အနည်းငယ် မအီမသာဖြစ်သွားမိစေ၏။
သူ့တွင် တ်စည်းဖြေအဆောင်အား နောက်ထပ်တစ်ကြိမ် အသုံးပြုခွင့် ရှိနေသေးသော်လည်း ထိုစဥ်ကကဲ့သို့ ထပ်မံနာကျင်ခံစားရမည်ကို သူ မလိုလားသဖြင့် ထိုအရာကို ထပ်မံအသုံးပြုရန် ကြောက်ရွံ့နေဆဲဖြစ်သည်။
အာရန်သည် ထိုစဥ်က ယာယီ ချိတ်စည်းဖြေအဆောင်ကို အသုံးပြုခဲ့မိသည့် ဖြစ်စဥ်မှာ သူ့အတွက် အိပ်မက်ဆိုးတစ်ခုနှင့် ပိုမိုတူနေခဲ့သည်။
ထိုစဥ်က ရန်နစ်ခရိုလိုင်း၏ ဗီဇတုံ့ပြန်မှုမှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားခဲ့ခြင်းဖြစ်ပြီး သူသည် ထိုသိစိတ်၏ နောက်တွင် ထိုင်လျက် အိပ်မက်တစ်ခုအား စောင့်ကြည့်နေခဲ့ရသည်နှင့်လည်း အလားတူနေခဲ့၏။
ရမ်နက်ခရိုလိုင်း ၏ ဗီဇတုံ့ပြန်မှု၏ ထိမ်းချုပ်မှုအောက်ရောက်သွားခဲ့ခြင်းသည် ကောင်းမွန်မှုများ ရှိနိုင်သော်လည်း တစ်ခါတရံတွင် ဤဗီဇများက သူ့အတွက် ပိုမိုကြီးမားသော ပြဿနာများ ဖန်တီးပေးနိုင်လေသည်။
အထူးသဖြင့် သူရင်ဆိုင်ရမည့် ရန်သူသည် ဝိညာဥ်လမ်းလျှောက်သူ မဟုတ်ဘဲ အရှင်သခင်တစ်ဦး ကိုယ်တိုင် ဖြစ်နေပါက ပို၍ပင် ဆိုးဝါးသွားနိုင်၏။
သရဲဘုရင်မသည် အာရန်အား တိတ်ဆိတ်စွာ အကဲခပ်ကြည့်နေမိသည်။
အာရန်၏ တုံ့ပြန်မှုအရ သူသည် ထိုအရာကို လိမ်ညာနေပုံ မရပေ။
ထို့အပြင် ဝါးမြိုသူ မှတစ်ပါး အခြားမည်သူကမျာ ဝိညာဥ်လမ်းလျှောက်သူ ကို သတ်နိုင်ခဲ့မည်နည်း။
“သူ့ကို ပြန်အသက်သွင်းပြီးရင် မင်း ဘယ်လို ထိန်းချုပ်မယ်လို့စဥ့်စားထားလဲ” ဟု အာရန် က ထပ်မံမေးမြန်းလိုက်ရာ သရဲဘုရင်မကို သူမ၏ စိတ်ကူးများအတွင်းမှ ဆွဲထုတ်လိုက်၏။
“ကျွန်မ သူ့ဝိညာဉ်ပေါ်မှာ စည်းတံဆိပ်တစ်ခု ချုပ်ထားခဲ့တယ် ဒါက ရှင် ကျွန်မ ကိုယ်ပေါ်မှာ ချုပ်ထားတဲ့ အစေခံအမှတ်အသား နဲ့ ဆင်တူတယ် ဒါပေမဲ့ ဒီတစ်ခုက ပိုပြီးနက်ရှိုင်းတဲ့ အဆင့်မှာရှိတယ် အဲ့ဒါနဲ့ဆို သူက ကျွန်မကို ဘယ်လိုမှ သစ္စာဖောက်ဖို့ မဖြစ်နိုင်တော့ဘူး”
သရဲဘုရင်မက သူမ၏ ချိတ်စည်းအကြောင်း သေခြာစွာ ထပ်မံရှင်းပြလိုက်သည်။
သရဲ၊တစ္ဆေများနှင့် ပတ်သက်သည့်အရာများသည် သူမ၏ နယ်ပယ်ပင်ဖြစ်၏။ တခြားသူများအနေဖြင့် ထိုအရာကို သူမကဲ့သို့ နားလည်ရန်မှာ မလွယ်ကူပေ။
“အဲ့ဒီ ချိတ်စည်းရဲ့ ပိုင်ရှင်ကို ကျုပ်အဖြစ် ပြောင်းလိုက်ပါ” ဟု အာရန် က ခပ်တည်တည်ဖြင့် အမိန့်ပေးလိုက်သည်။
“ဘာ..”
သရဲဘုရင်မသည် ထိုနေရာမှာပင် ရေခဲရုပ်ကဲ့သို့ ဖြစ်သွားခဲ့သည်။
အာရန် သည် သူမ၏ အကြီးမားဆုံး လက်နက်ကိုပင် ခိုးယူရန် ကြိုးစားနေခြင်းလား။
“ငါက သူ့ကို မင်းလိုအပ်တာတွေ ကူညီဖို့ ခွင့်ပြုနိုင်ပါတယ် ဒါပေမဲ့ သူ့ကို တကယ် ထိန်းချုပ်မယ့်သူကတော့ ငါကိုယ်တိုင်ပဲ ဖြစ်ရမယ် ပြီးတော့အမှန်က မင်းသာ သူ့ကိုထိမ်းချုပ်ဖို့ကျိုးစားခဲ့ရင်လည်း မင်း သူ့လက်ချက်နဲ့ သေဆုံးဖို့က အချိန်တစ်ခုသာ လိုတော့တယ်ဆိုတာ ငါ အာမခံနိုင်တယ်”
အာရန် က ပေါ့ပေါ့ပါးပါးပင် ပုံမှန်အသံဖြင့်ပြန်ပြောရင်း ရှေ့ရှိ ဖန်ပေါင်းချောင်ကို ညင်သာစွာ တစ်ချက်ခေါက်လိုက်၏။
“ကျွန်မက သူ့လက်ချက်နဲ့ သေဆုံးရမယ်ဟုတ်လား ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သူက ဒီစည်းတံဆိပ်ကို ချိုးဖျက်လို့ မရဘူးလေ သူ ဘယ်လိုလုပ်ပြီး ကျွန်မကို သတ်နိုင်မှာလဲ”
သရဲဘုရင်မ က အာရန်အား မဖြစ်နိုင်သည်များကို ပြောနေသည်ဟု ထင်မိလိုက်သည်။
သူမသည် သူမ၏ လုပ်ဆောင်မှု အပြည့်အဝ ယုံကြည်နေခဲ့၏။
“တကယ်က သူ့ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်နှစ်ခု ရှိနေတယ် မင်းက ဝိညာဉ်တစ်ခုကိုပဲ ချည်နှောင်ထားခဲ့တာမဟုတ်လား ဒါက မင်းကို ကယ်တင်ဖို့ လုံလောက်တယ်လို့ ထင်နေတုံးပဲလား”
အာရန်သည် သူမ၏ တုန်လှုပ်မှုကို နည်းနည်းလေးမှပင် ဂရုမစိုက်ဘဲ ပြန်ဖြေလိုက်သည်။
“ငါထင်တာ မမှားဘူးဆိုရင် မင်းတွေ့ခဲ့တဲ့ အချိန်က ပိုအားကောင်းတဲ့ ဝိညာဉ်တစ်ကောင်ကိုပဲ ရှာတွေ့ခဲ့တာမဟုတ်လား မင်းသူ့အကြောင်းကို ဘာမှနားမလည်သေးပါဘူး ဒါ့ကြောင့်အခု ဒုတိယနဲ့ ပိုအားနည်းတဲ့ ဝိညာဉ်တစ်ကောင်ကို ထပ်ပြီးရှာလိုက်ပါ ပြီးရင် သူ့ကိုပါ တွဲပြီးချည်နှောင်ထားလိုက် ပြီးရင် သူတို့နှစ်ယောက်စလုံးကို ကျုပ်ရဲ့အမိန့်ကို နာခံအောင် ကျုပ်လက်အောက်မှာ ထားပေး ဒါမှမဟုတ်ရင်တော့ အကျိုးဆက်တွေကို မင်းလဲ သိနှင့်ပြီးသား ဖြစ်မယ် ထင်ပါတယ်”
အာရန်သည် နောက်ထပ်စကားများ ထပ်မံပြောဆိုရန် မလိုအပ်တော့ပေ။
သရဲဘုရင်မ သည် လူတစ်ယောက်မှာ ဝိညာဉ်နှစ်ခု ရှိနေသည်ဆိုသော အယူအဆကို ထူးဆန်းသည်ဟု ယူဆမိခဲ့သော်လည်း ထိုအရာကို အတည်ပြုရန်မှာ လွယ်ကူလေ၏။
အနည်းငယ်အချိန်ပိုပေးလိုက်ရသည်သာရှိမည်ဖြစ်သသည်။
တစ်ခုတည်းသော ပြဿနာမှာ အာရန်အား ထိုဝိညာဥ်လမ်းလျှောက်သူ ကို ထိန်းချုပ်ခွင့် ပေးလိုက်ရခြင်းပင်ဖြစ်သည်။
သို့သော် ထိုအရာသည် သူမ၏ အသက်ကို အန္တရာယ်ဖြစ်စေခြင်းမျိုး မဟုတ်သည့်အတွက်ကြောင့် သဘောတူရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိခဲ့ပေ။
“မိနစ်အနည်းငယ်လောက် အချိန်ထပ်ပေးပါ”
သူမက လုပ်ငန်းစဉ်ကို ရပ်တန့်ရန် လျင်မြန်စွာ ပြန်ပြေးသွားလိုက်သည်။
ထိုအရာသာ အမှန်တကယ်ဖြစ်ခဲ့ပါက ဤလုပ်ငန်းစဥ်သည် ပိုရှုပ်ထွေးသွားမည်ဖြစ်ပြီ ဆယ်မိနစ်အစား နောက်ထပ်နာရီဝက်ခန့် အထိပင်ထပ်မံ ကြာသွားနိုင်ပေသည်။
သရဲဘုရင်မသည် ထိုဝိညာဥ်လမ်းလျှောက်သူရှိရာသို့ု အပြေးအလွှားသွားနေချိန် တွင် အာရန်မှာမူ နောက်ထပ် ဖန်ပေါင်းချောင်တစ်ခုကို နောက်မှီရင်း ရပ်နေမိခဲ့၏။
ထိုအချိန်တွင် ဝိညာဥ်လမ်းလျှောက်သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်နှစ်ဦးမှမူ ဖရိုဖရဲ ဖြစ်နေပြီဖြစ်လေသည်။
“သူက ငါတို့ အကြောင်းကို ဘယ်လိုသိသွားတာလဲ”
ကမ္ဘာကူးပြောင်းလာသော ဝိညာဥ်လမ်းလျှောက်သူမှ မယုံနိုင်စွာဖြင့် အော်ဟစ်လိုက်မိသည်။
“သူသာ ငါတို့နှစ်ယောက်စလုံးကို ကျွန်ပြုနိုင်ခဲ့ရင် ငါတို့ ဘယ်တော့မှ လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး”
“ကျုပ်လည်း ယုံဖို့ ခက်နေတယ် မင်းရဲ့ ရှာမတွေ့သေးတဲ့ ဝိညာဉ်နဲ့ဆိုရင် ကျုပ်တို့အတွက် လွတ်မြောက်နိုင်ချေရှိမယ်လို့ ယုံကြည်ထားခဲ့တာ ဒီလူက သရဲဘုရင်မ တောင် မသိတဲ့အရာတစ်ခုကို ဘယ်လိုရှာတွေ့သွားခဲ့တာလဲ ဒါ့အပြင် သူက ကျုပ်တို့ကို သတ်ခဲ့တဲ့သူလို့ ဘာလို့ပြောနေတာလဲ” ဤကမ္ဘာရှိ မူလ ဝိညာဥ်လမ်းလျှောက်သူ သည်လည်း အလားတူပင် စိတ်ရှုပ်ထွေးလျက်ရှိ၏။
“မှန်တယ် ငါတို့ကို သတ်ခဲ့တဲ့သူက အခြားတစ်ယောက်ပဲ ခု ဝါးမြိုသူ ဆိုတဲ့သူ မဟုတ်ဘူး ဒါမှမဟုတ်... ဝါးမြိုသူက အဲ့ဒီလူ ဟန်ဆောင်ထားခဲ့တာဆိုရင်ကော”
“ဒါကတော့... “
“မင်း နိုးနေပြီဆိုရင်တော့ မင်းနဲ့ ထပ်တွေ့ရတာကို ငါ တကယ်ဝမ်းသာမိပါတယ် ငါ့ချစ်လှစွာသော ကမ္ဘာကူးပြောင်းလာသူလေးရေ” ဟု အာရန် က သူတို့၏ စကားဝိုင်းကို ဝင်ရောက်စွက်ဖက်သကဲ့သို့ ဘေးမှဝင်ပြောလိုက်ရာ သူတို့နှစ်ဦးစလုံး တိတ်ဆိတ်သွားခဲ့လေသည်။
#Catfoot