နားလည်တဲ့သူတွေ နားလည်ပါလိမ့်မယ်
Vol. 15 Ch. 205
အော်ဟစ်သံများက ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေပြီး၊ မြင်ကွင်းက ကြယ်များက လကို ဝန်းရံထားသကဲ့သို့ ဖြစ်နေသည်။
ယဲ့ကျွင်းလင်က လက်တစ်ဖက်ဖြင့် ကောင်းကင်သို့ ထိုးညွှန်ထားကာ သူ၏ ငွေရောင်ဆံပင်များမှာ တရမ်းရမ်းလှုပ်ရှားနေပြီး မျက်နှာက တင်းမာတည်တံ့နေလျက် စိတ်ထဲမှ တိတ်တိတ်လေး တွေးနေသည်။ "မိုက်လိုက်တာ၊ အရမ်းကို မိုက်တာပဲ! ဒါက နာမည်ကြီးတွေ အနောက်ကပရိတ်သတ်အများအပြားလိုက်လာတဲ့အခါ ရတတ်တဲ့ခံစားချက်လား? အရင်ဘဝက နာမည်ကြီးဆယ်လီတွေ ဘာကြောင့် မာန်မာနတွေ ထောင်လွှားနေတာလဲဆိုတာ မအံ့သြတော့ပါဘူး။ ဒါလုံးဝ မာနကြီးရမယ့်ကိစ္စမျိုးပဲ!"
အိုးရန်ဖုန့် ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ကြောက်ရွံ့စိတ်နှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသော နှလုံးသားဖြင့် ဂရုတစိုက် မေးလိုက်သည်။ "အရှင်ယဲ့၊ ကျွန်တော် ကျင့်ကြံခြင်းဆိုင်ရာ လမ်းညွှန်မှုလေးပေးဖို့အတွက် တောင်းဆိုချင်ပါတယ်။ ရှင်းပြပေးနိုင်မလားခင်ဗျာ?"
အိုးရန်ဖုန့် အမြင်တွင် ယဲ့ကျွင်းလင်သည် ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်သောကြောင့် မဟာတာအိုကို ကောင်းစွာ နားလည်ထားမည်ဖြစ်ပြီး၊ ကျင့်ကြံဆင့် တစ်ခုချင်းစီကို ကျော်ဖြတ်ရာတွင် အတွေ့အကြုံများစွာ ရှိမည်ဖြစ်သည်။ ထို့ကြောင့် သူသည် ခန္ဓာပေါင်းစည်းခြင်း ကျင့်ကြံဆင့်ကို ချိုးဖျက်ဖို့အတွက်ထိုးထွင်းသိမြင်မှုများ ရရှိစေရန် အကြံဉာဏ်များ တောင်းခံလိုခြင်း ဖြစ်လေသည်။
လက်ရှိအခြေအနေတွင် ဝိညာဥ်အဆင့်တက်ခြင်း ကျင့်ကြံဆင့်သည် သာမန် စစ်သည်တစ်ဦးသာ ဖြစ်ပြီး ခန္ဓာပေါင်းစည်းခြင်း ကျင့်ကြံဆင့်ကို ချိုးဖျက်နိုင်မှသာ တစ်ခုခုတော့ ကူညီလုပ်ဆောင်နိုင်မည်ဖြစ်သည်။ မဟုတ်လျှင် အလွန်တရာ နှေးကွေးကာ အလုပ်ဖြစ်စရာကိုရှိမည်မဟုတ်။
ယဲ့ကျွင်းလင်မှာ ရုတ်တရတ်ဆန်သော တောင်းဆိုမှုကြောင့် အံ့အားသင့်သွားပြီးနောက် ပါးစပ်အဟောင်းသားဖြင့် ငြိမ်ကျသွားတော့၏။
အဘိုးကြီးရေ၊ ငါ ပျော်နေတဲ့အချိန်မှာ ငါ့ကို ပါးဖြတ်ရိုက်ဖို့ မလုပ်ပါနဲ့!
ချီးတဲ့မှ!
သူက ကျင့်ကြံခြင်းအကြောင်း ဘယ်လိုလုပ်နားလည်မှာလဲ?
ကိုယ့်ထက်သာတဲ့ကောင်တွေကို သွားထိရင် ကျင့်ကြံဆင့်က သူ့အလိုလိုတက်လာတာပဲလေ။ မဟာတာအို ဘာညာသရကာတွေ၊ ကျင့်ကြံဆင့်ကျော်ဖြတ်တဲ့ အတွေ့အကြုံဗဟုသုတတွေဆိုတာ သူ့ဆီမှာ တစ်မှုန်တောင်မရှိဘူး! ဗလာစာရွက်တစ်ရွက်လို လုံးဝ အဖြူသက်သက်ပါပဲ!
ဒါပေမဲ့ အခုတော့ မေးခွန်းက မေးပြီးသားဖြစ်နေပြီ။ ပြီးတော့ ဒီလို ပြည့်စုံလှပတဲ့ အထူးအခါသမယမှာ တိုက်ရိုက်ကြီး ငြင်းချလို့ ရမတဲ့လား?
သူရဲ့ ပြီးပြည့်စုံတဲ့ ကိုယ်ရည်ကိုယ်သွေးလေး ပျက်စီးသွားမှာပေါ့။
ဘေးနားက ကျောက်လင်အာကလည်း ယဲ့ကျွင်းလင်နှုတ်မှ ထွက်လာမည့်စကားလုံးများကို ချက်ချင်း အာရုံစိုက်လာပြီး သူမ၏ မျက်နှာတွင် မျှော်လင့်ချက်နှင့် အလေးအနက်ထားမှုများ ပြည့်နှက်နေသည်။
တောင်ထိပ်သခင်ယဲ့သာ မဟာတာအိုလမ်းစဥ်အကြောင်း ရှင်းပြမည်ဆိုလျှင် ဝိညာဥ်အဆင့်တက်ခြင်း ကျင့်ကြံဆင့်သာရှိသေးသော သူမလို အငယ်တန်းကျင့်ကြံသူတစ်ဦးအတွက် အလွန်အသုံးဝင်လိမ့်မည်။ မိမိကိုယ်ပိုင်အသိဉာဏ်ဖြင့် နှစ်ထောင်ချီဆက်တိုက်လမ်းလွဲနေခြင်းထက် အကြီးတန်းဆရာသခင်တစ်ဦး၏ လမ်းညွှန်ပြသမှုဖြင့် ထိုးထွင်းဉာဏ်ရရှိသွားလျှင် များစွာ အချိန်ကုန်သက်သာပေမည်။
တစ်နေရာလုံး ချက်ချင်းတိတ်ဆိတ်သွားခဲ့သည်။
လူတိုင်း၏ မျက်လုံးများက ယဲ့ကျွင်းလင်ပေါ်တွင် စူးစိုက်တည်မြဲနေကြပြီး အားလုံးက အပ်ကျသံပင်မကြားစေရအောင် အသက်အောင့်ထားကြကာ သေသေချာချာ နားထောင်ဖို့ပြင်ဆင်ထားကြ၏။ ဤအဆင့်အတန်းရှိ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးက ဓမ္မစင်မြင့်တစ်ခု တည်ဆောက်မည်ဆိုပါလျှင် ဟွမ်ကျိုးပြည်နယ် ၏ အကြီးမားဆုံးသော အခမ်းအနားကြီး ဖြစ်လိမ့်မည်မှာ သေချာသည်။
စကားအနည်းငယ်လောက် စူးစူးစိုက်စိုက်နားထောင်ပြီး ထိုးထွင်းသိမြင်မှုများ ရရှိနိုင်မည်ဆိုလျှင် ဤသည်မှာ စုဆောင်းခဲ့သောကံကောင်းခြင်းများစွာ၏ အကျိုးပေးရလဒ်သာဖြစ်ပေမည်!
ဘယ်လောက်တောင် ကြီးမားလိုက်တဲ့ အခွင့်အလမ်းလဲ?
အိပ်မက်မက်နေတာတော့ မဟုတ်ပါဘူးနော်?!
ယဲ့ကျွင်းလင် နှုတ်ခမ်းထောင့်များ တဆတ်ဆတ်တုန်ယင်သွားပြီး လက်ကိုအနောက်သို့ပစ်ကာ အတင်းအကျပ်လုပ်ရယ်ရယ်လျက် စကားစလိုက်သည်။ "ငါ..."
【တင်၊ ဟွမ်ကျိုးပြည်နယ်ကို ရောက်ရှိခြင်းအတွက် ဆုလာဘ်အဆင်သင့်ဖြစ်ပါပြီ၊ ပိုင်ရှင် ဆုလာဘ်ကို ခံယူလိုပါသလား?】
ထိုအချိန်တွင် စနစ်၏ အချက်ပေးသံ ရုတ်တရက် ထွက်ပေါ်လာသည်။
"စနစ်၊ မင်း အပျင်းထူရတာ တော်တော်ကြိုက်တယ်ဟုတ်? မင်း ငါ့ကို ဒီလိုလုပ်ရက်တယ်ပေါ့လေ? နောက်ပြီး အခုငါလူအများရှေ့ မျက်နှာပျက်ရတော့မှာ မင်းမြင်လား၊ ငါတို့ ဘာလုပ်သင့်သလဲ!" စနစ်ပေါ်လာသည်ကို မြင်သောအခါ ယဲ့ကျွင်းလင် မကျေနပ်စွာ ဆူပူလိုက်သည်။
【တင်၊ အဟင့် အဟင့်... ဘာလို့ဒီလောက် ရက်ရက်စက်စက်ပြောရက်ရတာပါလဲ၊ စနစ်က အိပ်ပျော်သွားမိရုံပါ။ ပိုင်ရှင် ဒီဆုလာဘ်ကို လက်ခံတာနဲ့ စနစ်က ထပ်ဆောင်းလုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ မှန်ကန်သောစကားများ ရွတ်ဆိုခြင်းကို ဖွင့်ပေးပါ့မယ်ရှင်၊ အခုအခြေအနေကို ရင်ဆိုင်ဖို့ စနစ်ကူညီပေးမှာပါ။ ဒါကို လျော်ကြေးလို့ မှတ်ယူလိုက်ပါနော်~】
စနစ်က ပျော့ပျောင်းပြီး ချစ်စရာကောင်းသော ကောင်မလေးတစ်ဦးကဲ့သို့ ငိုယိုချွဲနွဲ့နေသောကြောင့် ကြမ်းတမ်းသော အမျိုးသားတစ်ဦးပင် ထိုသကြားလုံးလိုအသံကို လက်မြှောက်အရှုံးပေးရပေမည်။
ယဲ့ကျွင်းလင်ကတော့ ဘာကိုမှဂရုမစိုက်နိုင်သေးပေ။ သူက ဆုလာဘ်လျော်ကြေးအကြောင်းကိုသာကြားလိုက်ပြီး လက်ရှိအခြေအနေတွင် လျော့ကျနေသော ယုံကြည်မှုမှာ ချက်ချင်းပြန်လည်ထိုးတက်လာကာ ပြောလိုက်သည်။ "ဆုလာဘ် လက်ခံမယ်"
【တင်၊ တာဝန်ပြီးမြောက်ခြင်းအတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်။ ဆုလာဘ်ကတော့ အမြင့်မြတ်ဆုံးသော နတ်ဘုရားစွမ်းအားဖြစ်တဲ့ ကောင်းကင်နှင့်မြေကြီးကို တရားစီရင်ခြင်း ပဲဖြစ်ပါတယ်ရှင်】
【ကောင်းကင်နှင့်မြေကြီးကို တရားစီရင်ခြင်း】: အသုံးပြုသူကို အလွန်တရာကြီးမားအောင် ချဲ့ထွင်ဖြန့်ကျက်နိုင်သည်။ စွမ်းဆောင်ရည်များလည်း များစွာ တိုးတက်လာမည်။ မှတ်ချက်- (ခန္ဓာကိုယ်ကြီးမားလာခြင်းကို ဆိုလိုသည်၊ မဟုတ်တာတွေ ရောယှက်မတွေးပါနှင့်)
"ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်" ယဲ့ကျွင်းလင် အလွန်ကျေနပ်နေသည်။ ဘာပဲဖြစ်ဖြစ် တိုက်ရည်ခိုက်ရည်ပိုတက်လာမှာပဲမလား?
"စနစ်၊ ကတိပေးထားတဲ့ ထပ်ဆောင်းလုပ်ဆောင်ချက်ကော? မင်း မျိုချပစ်လိုက်တာလား?"
【တင်၊ စိတ်မပူပါနဲ့၊ ပိုင်ရှင်အတွက် "မှန်ကန်သောစကားများ ရွတ်ဆိုခြင်း" လုပ်ဆောင်ချက်ကို နှစ်မိနစ်ကြာရင် ဖွင့်ပေးပါ့မယ်။ ပိုင်ရှင် ပြောတဲ့ စကားအားလုံးဟာ တာအိုရဲ့ ကောင်းချီးမင်္ဂလာကို ရရှိပြီး လူတွေကို ဉာဏ်အလင်းပွင့်စေမှာပါ။】
ယဲ့ကျွင်းလင် တိတ်ဆိတ်စွာ ခဏစောင့်နေခဲ့ပြီး ဘာမှ ပြောင်းလဲမှုမရှိဟု ခံစားနေသောကြောင့်သူ့စိတ်ထဲမှ တီးတိုးပြောလိုက်သည်။ "စနစ်၊ မင်းငါ့ကိုလာရှုပ်နေတာတော့ မဟုတ်ဘူးမလား"
【တင်၊ မှားယွင်းပါတယ်၊ ဒီစနစ်က လုပ်ဆောင်ချက်ကို ဖွင့်ပြီးသားပါ၊ ပိုင်ရှင် စကားပြောဖို့ ပါးစပ်ဖွင့်မှ လုပ်ဆောင်ချက်က အသုံးဝင်မှာပါ၊ သတိပေးချက်တစ်ခုပါ၊ အချိန်ကုန်ခါနီးနေပါပြီ!】
"အ..အရှင်ယဲ့ခင်ဗျာ?" အိုးရန်ဖုန့်သည် ယဲ့ကျွင်းလင် အချိန်အကြာကြီး စကားပြောမလာသည်ကို မြင်သောအခါ အရှင်ယဲ့မှ မျှဝေလိုစိတ်မရှိဟုတွေးမိကာ အနည်းငယ်စိတ်ပျက်သွားမိ၏။
ကိုယ့်ဘာသာပဲဆက်ပြီး ရှာဖွေလေ့လာရတော့မှာပေါ့လေ။ အရှင်ယဲ့က ကျင့်ကြံရေးလောကမှာ ထိပ်တန်းကျွမ်းကျင်သူတစ်ဦးဆိုတော့ သူ့ရဲ့ တာအိုနားလည်မှုက အလွန်နက်ရှိုင်းလိမ့်မယ်။ သူပြောပြဖို့ ဆန္ဒရှိလာရင်တောင် ငါတို့လိုသာမန်လူတွေက နားလည်နိုင်ပါ့မလားလေ။
လူအုပ်ကြီး၏ တောက်ပသော မျက်လုံးများ မှေးမှိန်စပြုလာချိန်တွင် သူတို့အားလုံး၏ အာရုံစိုက်ခံ ယဲ့ကျွင်းလင်သည် ရုတ်တရတ် လည်ချောင်းရှင်းကာ စကားစလာ၏။
"အဟမ်း၊ ငါ ကျင့်ကြံခြင်းကို အဲ့လောက်စိတ်မဝင်စားပါဘူး။ တစ်ခါတစ်ရံ ဝှစ်ခနဲဆိုသလို ကျင့်ကြံဆင့် တက်နိုင်ပြီး ပိတ်ဆို့မှုဆိုတာလည်း ငါ့အတွေ့အကြုံမှာ မရှိဘူး။ တာအိုလမ်းစဥ်နဲ့ အတွေ့အကြုံကို သင်ပြပေးဖို့ဆိုရင်တော့ ရိုးရိုးသားသားပြောရရင် နားလည်တဲ့သူတွေပဲ နားလည်လိမ့်မယ်၊ နားမလည်တဲ့သူတွေကိုတော့ ငါ အများကြီး ရှင်းပြနေမှာ မဟုတ်ဘူး"
"နားလည်ရင် လက်ခုပ်တီး!"
ချက်ချင်းဆိုသလို။
တစ်နေရာလုံး တိတ်ဆိတ်သွားပြီး အပ်ကျသံပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်သွားသည်။
လူတိုင်းသည် အချင်းချင်း လှည့်ကြည့်နေကြပြီး ပါးစပ်အဟောင်းသားဖြင့် ဆွံ့အနေမိကြ၏။
စက္ကန့်အနည်းငယ်ကြာပြီးနောက်။
ကောင်းကင်ယံမှ ကျီးကန်းတစ်ကောင်၏ တအာ့အာ့အသံ ထွက်ပေါ်လာ၏။
ယဲ့ကျွင်းလင်မှာ လူအုပ်ကြီးတစ်ခုလုံး ဘာမှ တုံ့ပြန်မှုမရှိသည်ကို မြင်သောအခါ မျက်နှာတစ်ပြင်လုံး ထူပူလာပြီး ကြံရာမရစွာ ခြေထောက်အောက်မှမြေကြီးအား ခြေချောင်းများဖြင့် ကုတ်ခြစ်တူးထုတ်နေလိုက်သည်။
သေစမ်း! ဒီလောက် လွယ်လွယ်နဲ့ လျှောက်ပြောလို့ မရဘူးဆိုတာ ငါသိခဲ့ရမှာ!
စနစ်၊ မင်း ငါ့ကို သက်သက်ချောက်တွန်းတာ!