← Chapters

အခန်း (၂၀၄)

Vol. 15 Ch. 204

အခန်း (၂၀၄)

Vol. 15 Ch. 204

"အဲ့ဒါ အရှင်ယဲ့ပဲ! အရှင်ယဲ့ ပြန်လာပြီဟေ့!!"

အိုးရန်ဖုန့် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

သူသည် ချက်ချင်းလေပေါ်ခုန်တက်ပြီး ကွပ်မျက်စင် ပေါ်သို့ ဆင်းသက်လာကာ လက်နှစ်ဖက်ကို ဆုပ်ကိုင်အရိုအသေပေးလျက် နက်နဲစွာ ဦးညွှတ်လိုက်သည်၊ "အရှင်ယဲ့၊ ဒီငယ်သားက တောင်ဖြိုဂိုဏ်းရဲ့ဂိုဏ်းချုပ် အိုးရန်ဖုန့်ပါ။ အရှင် မှတ်မိပါသေးလား မသိဘူး"

ယဲ့ကျွင်းလင် ဤသက်ကြီးရွယ်အိုကို ငုံ့ကြည့်လိုက်ပြီး ပြုံးကာ ခေါင်းညိတ်လိုက်သည်။ "မင်းကို မှတ်မိတာပေါ့!"

သူ၏ ပေါ်ထွက်လာမှု မရှိခဲ့လျှင် ဟွမ်ကျိုးပြည်နယ်၏ အားအကောင်းဆုံး ပုဂ္ဂိုလ်ဟူသော နေရာသည် ဤသူ၏ ဦးခေါင်းပေါ်သို့ ကျရောက်သွားမည် ဖြစ်၏။

ကံမကောင်းစွာဖြင့် သူက လှည့်ကွက်များစွာကိုစွဲကိုင်လျက် ‌ရောက်ရှိလာခဲ့သည်ပင်။

ယဲ့ကျွင်းလင် အိုးရန်ဖုန့်ကို အလွန်လေးစားခဲ့သည်။ တစ်ဖက်လူသည် အရှက်သိက္ခာကို အထိပါးမခံနိုင်စွာ ဝန်ထုပ်ဝန်ပိုးကို ‌ဆန္ဒအလျောက် ကျောထက်တင်လျက် နယ်ခြားကျင့်ကြံသူများကို တစ်ကိုယ်တည်း ရင်ဆိုင်ခဲ့ပြီး ကြီးမားသော ရဲစွမ်းသတ္တိကို ထုတ်ဖော်ပြသခဲ့သည်။

အရှင်ယဲ့မှ သူ့ကို မှတ်မိကြောင်း မြင်သောအခါ အိုးရန်ဖုန့် သည် စိတ်လှုပ်ရှားလွန်း၍ မျက်ရည်များ စီးကျလာတော့၏။ ဤကာလအတွင်း သူ၏ ရင်ထဲတွင် စုဆောင်းထားသော မကျေနပ်မှုများနှင့် နာကျည်းမှုများ အားလုံး လွင့်စင်သွားခဲ့လေပြီ။ သူက ငိုသံရောနေသော စကားမပီမသဖြင့် ပြောလိုက်သည်။

"အရှင်ယဲ့၊ အရှင်က ကျွန်တော်တို့ဟွမ်ကျိုးပြည်နယ်အတွက် ရပ်တည်ပေးရပါမယ်! ဒီ မရဏချောက်နက်သတ္တဝါတွေက ကျွန်တော်တို့ ဟွမ်ကျိုးပြည်နယ်က လူတွေကို နိုင့်ထက်စီးနင်း စော်ကားနေကြတာ။ အရှင်ယဲ့က ဒီအခြေအနေကိုပြောင်းပြန်လှန်ဖို့ ဦးစီးဦးဆောင်ပြုပေးပါ!"

"အရှင်ယဲ့က ဦးစီးဦးဆောင်ပြုပေးပါ!!!" ဆူနာမီလှိုင်းကဲ့သို့ အော်သံများ အုန်းခနဲ ထွက်ပေါ်လာသည်။ လူအများမှာ လွန်စွာစိတ်လှုပ်ရှားနေကြပြီး မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံလာကာ အနက်ရောင်ဝတ်ရုံဝတ် လူငယ်လေး၏ပုံရိပ်ကို ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသော နတ်ဘုရား တစ်ပါးကဲ့သို့ သဘောထားကိုးကွယ်လာကြသည်။

ယဲ့ကျွင်းလင် မျက်မှောင်ကြုတ်လိုက်မိ၏။ ဟွမ်ကျိုးပြည်နယ်သည် ဤကာလအတွင်း အလွန်အမင်း ဒုက္ခရောက်နေခဲ့ရဟန်ပင်။

သူ၏ အကြည့်က အရိုးမျိုးနွယ် စစ်သူကြီးဆီသို့ ရောက်သွားပြီး တစ်ချက်ဟောက်လိုက်သည်။ "ဒီနေရာက ငါ့ကာကွယ်မှုအောက်မှာ ရှိမှန်း မင်း မသိဘူးလား? ဘယ်လိုလုပ် ဒီကို လာပြီး မိုက်မဲရဲတာလဲ!"

မျက်စိဖြင့် မမြင်နိုင်သည့် ကြမ်းတမ်းသော အင်အားတစ်ခုက လွှမ်းမိုးသွားသည်။

အရိုးမျိုးနွယ် စစ်သူကြီးသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တောင့်ခနဲဖြစ်သွားပြီး သူ၏ ပုံရိပ်သည် နောက်သို့ အနည်းငယ် ယိုင်ကျသွားကာ ဒုတ်ခနဲ အသံဖြင့် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။ သူ၏ အရိုးသံချပ်ကာတွင် အက်ကွဲကြောင်းများ ပြည့်နှက်လာပြီး အစိမ်းရောင်သွေးများ စိမ့်ထွက်လာသည်။

အစိမ်းရောင်မျက်လုံးများက ပြူးကျယ်နေပြီး ကြောက်စိတ်ကြောင့် မျက်စိသူငယ်အိမ်များပင် တုန်ယင်နေသည်။

သူ့ရှေ့တွင်ရှိသော ငွေရောင်ဆံပင်နှင့် လူငယ်ကို ကြည့်ရင်း အရိုးမျိုးနွယ် စစ်သူကြီးသည် ဤဘဝအတွက် မျှော်လင့်ချက်မဲ့မှုကို ခံစားလိုက်ရတော့၏။

ဤကဲ့သို့သော တည်ရှိမှု၏ ရှေ့မှောက်တွင် သူသည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးငယ်လှသည်။

"ကျွန်တော့်တို့ရဲ့ မျိုးနွယ်မှာ ဘုရင်တစ်ပါး လာရောက် စံမြန်းနေပါတယ်။ မဆင်မခြင် မလုပ်ဖို့ အကြံပေးချင်ပါတယ်။ လက်နက်ချပြီး အညံ့ခံမယ်ဆို ခံရမယ့်ဒဏ်က ပိုညင်သာလိမ့်မယ်။ မဟုတ်ရင် မင်းတို့ ကြုံရမှာက သေခြင်းတရားပါပဲ!"

ထွက်ပေါက်မရှိသည်ကို မြင်သောအခါ အရိုးမျိုးနွယ် စစ်သူကြီးသည် အားကုန်ထုတ်ကာ ယဲ့ကျွင်းလင် ကို နောက်ပြန်ဆုတ်ရန် ခြိမ်းခြောက်ဖို့ ကြိုးစားခဲ့သည်။

လူတိုင်း ဝုန်းခနဲဒေါသထွက်သွားရ၏။ ဤသည်မှာ မျက်နှာပြောင်တိုက် ခြိမ်းခြောက်ခြင်းပင်!

သို့သော် တစ်ချိန်တည်းမှာပင် သူတို့၏ ရင်ထဲတွင် စိုးရိမ်မှုများလည်း ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် အရိုးမျိုးနွယ်ဘုရင်၏ ကျင့်ကြံဆင့်သည် ခန့်မှန်းနိုင်ဖို့ရာပင် နက်နဲခက်ခဲလှသည်ဟု ကြားဖူး၏။ ထို့အပြင် သူ့ကို ကူညီပေးမည့် ထိပ်တန်း အင်အားကြီးသူများစွာလည်း ရှိနေသေးသည်။ အရှင်ယဲ့တစ်ယောက်တည်း ရင်ဆိုင်ရန် ခက်ခဲပေမည်။

သူတို့ရင်ထဲမှ တစ်ခုတည်းသော မျှော်လင့်ချက်မီးတောက်လေး ဤပရမ်းပတာအဖြစ်အပျက်များကြား ငြှိမ်းသတ်ခံလိုက်ရမည်ကို အလွန်ကြောက်ရွံ့မိလာကြ၏။

ယဲ့ကျွင်းလင် လှောင်ရယ်သာရယ်လိုက်သည်။ "ဟဲဟဲ၊ ဒီဘဝမှာတော့ ငါ့ကိုနိုင်အောင်တိုက်နိုင်တဲ့သူ မတွေ့ဖူးသေးပါဘူးကွာ!"

ဝှစ်!

ထိုသူသည် မာန်မာနကြီးစွာပင် ဝတ်ရုံလက်စကို ပေါ့ပေါ့ပါးပါး တစ်ချက်ဝှေ့ယမ်းလိုက်သည်။

အရိုးမျိုးနွယ် စစ်သူကြီး၏ မျက်နှာက ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွား၏။ သူ သနားခံရန် ကြိုးစားနေစဉ်မှာပင် ခန္ဓာကိုယ်တစ်ခုလုံး လေထုထဲတွင် မမြင်နိုင်သောအမှုန့်ငယ်လေးများအဖြစ် လွင့်စင် ပျောက်ကွယ်သွားပြီး တိတ်ဆိတ်စွာ သေဆုံးသွားခဲ့ရသည်။

ပတ်ဝန်းကျင်ရှိ အရိုးမျိုးနွယ် စစ်သည်များလည်း ထိုနည်းအတိုင်းပင် ဤကမ္ဘာတွင် လုံးဝမတည်ရှိခဲ့သလိုမျိုး ဖျက်ဆီးခံလိုက်ရသည်။

"အားလုံးပဲ၊ သေချာနားထောင်ကြ!"

ယဲ့ကျွင်းလင် လက်ကို ဆန့်ထုတ်လိုက်သည်။ သူ၏ လက်ချောင်းများက ကောင်းကင်ကို ညွှန်ပြနေပြီး သူ၏ မျက်လုံးများက မီးရှူးတိုင်များကဲ့သို့ ထိန်လင်းတောက်ပနေသည်။ သူသည် ပဲ့တင်ထပ်စေလောက်အောင် ကျယ်‌လောင်အောင်မြင်သော အသံဖြင့် ကြွေးကြော်လိုက်၏။

"ငါ ဒီမှာ ရှိနေသရွေ့ ဒီကောင်းကင် မပြိုလဲစေရဘူး!!"

ဒုန်း!

ကြွေးကြော်သံအဆုံးတွင် ကျယ်ပြန့်သော တိမ်တိုက်များ ရုတ်တရက် ပျောက်ကွယ်သွားပြီး တောက်ပသော ရွှေရောင်အလင်းတန်းများက ကောင်းကင်ထက်မှ စီးဆင်းလာကာ ငွေရောင်ဆံပင် လူငယ်ကို ကမ္ဘာပေါ်ရှိ သက်ရှိနတ်ဘုရား တစ်ပါးကဲ့သို့ တောက်ပစေလိုက်သည်။

"အရှင်ယဲ့က စွမ်းအားကြီးတယ်!" အိုးရန်ဖုန်း စိတ်လှုပ်ရှားစွာ မြေပြင်ပေါ်သို့ ဒူးထောက်ဦးညွှတ်လိုက်သည်။ သူ့ရှေ့ရှိ ထိုလူကို ကြည့်ရင်း နောက်ဆုံးတော့ အားကိုးရာရှာတွေ့သွားသည့် ခံစားချက်အား သူခံစားလိုက်ရ၏။

"အရှင်ယဲ့က စွမ်းအားကြီးတယ်!!!" လူအများအပြား မျက်ရည်များဖြင့် ပြည့်နှက်လာပြီး တစ်ယောက်ပြီးတစ်ယောက် ဦးညွှတ်ကုန်ကြရာ မြင်ကွင်းက ခမ်းနားထည်ဝါလှသည်။

"အရမ်း၊ အရမ်းချောတာပဲ" ကျောက်လင်အာ ထိုမြင်ကွင်းကို ကြည့်ရင်း လေးနက်စွာရေရွတ်မိသည်။။

အားခွင်းပေါ်တွင် လီဝူကျယ် သက်ပြင်းချလိုက်သည်။ "ဆရာသခင် ဟွမ်ကျိုးပြည်နယ်မှာ ဒီလောက် နာမည်ကြီးနေမယ်လို့ မမျှော်လင့်မိခဲ့ဘူး။ လေးစားပါတယ်၊ လေးစားပါတယ်!"

ကိုယ်ရည်ကိုယ်သွေးကအစ ဆွဲဆောင်မှုရှိတဲ့‌ ယောက်ျားမျိုးပဲ!

ဟုန်ချန်ယဲ့ ဘေးကနေ နှုတ်ခမ်းမဲ့လိုက်သည်။

သောက်ပေါငကြွားကောင်!

All Chapters