← Chapters

မြက်တွေကို အမြစ်က ခုတ်ဖြတ်မယ်

Vol. 20 Ch. 286

မြက်တွေကို အမြစ်က ခုတ်ဖြတ်မယ်

Vol. 20 Ch. 286

"လူသတ်မယ် ဟုတ်လား?"

ယွိလင်ကျစ် ထိတ်လန့် အံ့အားသင့်သွားပြီး။

"ဘယ်သူ့ကို သတ်မှာလဲ ငါတို့က လူတွေကို အကြောင်းပြချက်ရှိရှိ စည်းရုံးဖို့ လာတာ မဟုတ်ဘူးလား ဘာလို့ လူသတ်မှာလဲ"

သူ့ဦးရေပြားက ထုံကျင်လာသည်။ မြင့်မြတ်သောမိသားစုက ကလေးများအပြင် ဤချောင်ရှာနန်းတော်တွင် ဘယ်သူတွေ ရှိသေးလဲ။ ဆရာဦးလေးက ဒီမိသားစုကြီးတွေရဲ့ ကလေးတွေကို သတ်ပစ်ဖို့ စီစဥ်နေတာလား။

ဒါက ကမ္ဘာ့မိသားစုကြီးတွေကို ပြစ်မှားမှုကြီး တစ်ခုဖြစ်သည်။ ထိုမိသားစုတွေ ဒေါသထွက်လာတဲ့အခါ ထိုက်ဟွာချင်း နန်းတော်လို သန့်ရှင်းတဲ့ နေရာကတောင် မထိန်းနိုင်လောက်ချေ။

ဒါကို သူတွေးလိုက်မိချိန်မှာပဲ ချန်ရှီရဲ့ ခန္ဓာကိုယ်ဟာ လျှပ်စီးလက်နေပြီး မိုးခြိမ်းသံတွေနဲ့ ပြည့်နေပြီ။ ထိုသူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ မိုးခြိမ်းသံကို နင်းလျက် ကျောင်ဖန်းရှုးဆီသို့ တည့်တည့် သွား​နေခဲ့သည်။

ကျောင်ဖန်းရှူးသည် နာကျင်နေသော မျက်လုံးများကို မှိတ်ထားပြီး သူ့မျက်လုံးများထဲက မျက်ရည်များ ကျနေသော်လည်း သူ၏ နတ်ဝိညာဥ် စွမ်းအားနယ်ပယ်မှာ ဖြန့်ကျက်ထားဆဲ။

သူသည် ချုံးထိုင်ယွိကျန်းကျမ်းထဲက ချုံးထိုင်သုံးကြိမ်ပြောင်း ကျင့်စဥ်ကို လေ့ကျင့်ခဲ့သည်။ သူ့စွမ်းရည်များကို ကျင့်ကြံခြင်းစာအုပ် ဆယ်အုပ်ထဲတွင် စာရင်းမသွင်းထားသော်လည်း ချုံးထိုင်သုံးကြိမ်ပြောင်း ကျင့်စဥ်တွင် ကျူ့ရုံ၊ ကုံ့ကုန်း၊ ချစ်ယို စတာတွေဟာ အစွမ်းထက်သော အသွင်ပြောင်းနည်းများ ဖြစ်ပြီး နှစ်ရှည်လများစွာ နာမည်ကောင်းရှိခဲ့သည်။

ချုံးထိုင် အသွင်ပြောင်းခြင်း သုံးမျိုးတွင် ပထမဦးစွာ ချီ နှင့် သွေး အသွင်ပြောင်းခြင်းကို လေ့ကျင့်ရမည်။ ထို့နောက် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အသွင်ပြောင်းခြင်းနှင့် ဝိညာဉ်အသွင်ပြောင်းခြင်းတို့ကို ဆက်လေ့ကျင့်ရသည်။

"ချန်ရှီ ငါတို့ မင်းကို လိုက်မရှာဘူး... မင်းကသာ ငါတို့ကို လာရှာတာ ဒီနေ့ လူကြီးတွေ ဘာပဲပြောပြော ငါတို့ မင်းကို အပြစ်ပေးရမယ်!"

ကျောင်ဖန်းရှူးသည် ချန်ရှီ ပြေးလာတာကို သတိပြုမိသဖြင့် ချုံးထိုင်သုံးကြိမ်ပြောင်း ကျင့်စဥ်ကို အသက်သွင်းလိုက်သည်။ သူ၏ ချီ နှင့် သွေးများသည် အလွန်အသားကျနေပြီမလို့ သူ့ခန္ဓာကိုယ်က ဆက်လက် ကြီးထွားကာ မြင့်လာသည်။ ၎င်းက ချန်ရှီ၏ မိုးကြိုးဘိုးဘေး ခန္ဓာကိုယ်နီးပါး မြင့်မားလာသည်။

မြွေအကြေးခွံများက သူ့အရေပြားပေါ်တွင် ပေါက်ဖွားလာကာ ခြေဖဝါးအောက်ရှိ သွေးနှင့် ချီသည် ထူထဲသောမြွေအမြီး၊ လူမျက်နှာနှင့် မြွေကိုယ်ထည်အဖြစ်သို့ စိမ့်ဝင်သွားပြီး နတ်ဝိညာဉ် စွမ်းအားနယ်မြေက သမုဒ္ဒရာတစ်ခုလို ပြန့်သွားသည်။

သူ့ခေါင်းမှာ ဆံပင်နီနီတွေ ပေါက်လာ၏။ မတိုင်ခင်က နာကျင်နေပုံပေါ်တဲ့ သူ့မျက်နှာက ရဲရင့်လာပြီး မျက်လုံးကို အတင်းဖွင့်​ကြည့်လိုက်သည်။

သူသည် ရုပ်ခန္ဓာကို မပျိုးထောင်ခဲ့တာကြောင့် ကုံ့ကုန်းပြောင်းလဲမှု အဆင့် မရောက်နိုင်ခဲ့သော်ငြား အလွန်အသားကျသော သွေးနဲ့ ချီစွမ်းအင်တို့က စစ်မှန်သော နတ်ဘုရားကိုယ်ခန္ဓာ၏ ရှေ့ပြေးပုံစံ ရှိနေပြီဖြစ်သည်။ သူ့တန်ခိုးသည် စစ်မှန်သော နတ်ဘုရားကိုယ်ခန္ဓာလောက် မပြင်းထန်သော်လည်း အားမနည်းချေ။

"ချန်ရှီ... အထက်တန်းစား သားသမီးတွေက မင်းထက် အားနည်းတယ်လို့များ မင်းထင်နေတာလား... အခု ငါတို့ မင်းကို တိုက်ခိုက်ဖို့ စိတ်မ၀င်စားဘူး ထင်လို့လား... မိသားစုရဲ့ အမိန့်ကြောင့်မဟုတ်ရင် မင်း အကြိမ်ရေ မတွက်နိုင်အောင် သေသွားပြီးလောက်ပြီ!"

သူ့နတ်ဝိညာဉ်သည် သူ့အနောက်တွင် ရပ်နေကာ တန်ခိုးကြီးသော နတ်ဘုရားတန်ခိုးကို စုစည်းလိုက်သည်။ ချီစွမ်းအင်က ဓားရှည်အဖြစ် ပြောင်းလဲကာ ချန်ရှီအား တဟုန်ထိုး ခုတ်ချလိုက်လေ၏။

ဓားစွမ်းအင်သည် ရေလွှမ်းမိုးတော့မလို တဟုန်းဟုန်း စွမ်းအားဖြင့် အရာခပ်သိမ်းကို ဖြတ်ကျော်သွားသည်။ ၎င်းသည် နေရာတိုင်းက အိမ်များကို ပြိုကျ​စေကာ၊ ယဉ်ကျေးမှုများ ပျက်သုဉ်း​စေကာ၊ လူသေကောင်များကို ရေထဲတွင် မျောပါလာ​စေသည်။

ကုံ့ကုန်းသည် ကမ္ဘာကြီး၏ အသက်နှင့်သေခြင်းကို စိုးမိုးပြီး ယဉ်ကျေးမှုအားလုံးကို သန့်စင်ရန်အတွက် ရေနတ်ဘုရား၏ ကြီးကျယ်ခမ်းနားသော တန်ခိုးကို ပိုင်ဆိုင်ထားသည်။ ဓားစွမ်းအင်ထဲမှာ ရေလှိုင်းတွေလည်း ပါလာ၏။

ရေသည် အလွန်နူးညံ့သောကြောင့် အပေါက်တိုင်းကို ထိုးဖောက်ဝင်ရောက်နိုင်၊ တိုက်ခိုက်နိုင်၊ ရွှေနှင့် ကျောက်တုံးများကို ဖျက်ဆီးနိုင်ပြီး အရာအားလုံးကို ဖုံးအုပ်ပစ်နိုင်သည်။

ကျောင်ဖန်းရှူးရဲ့ ဓားအလင်းသည် ရေကဲ့သို့ ပြောင်းလဲနိုင်သည်။ တောရွာရှိ မိသားစုငယ်များမှ တက်လာသော ကျင့်ကြံသူဆိုလျှင် သူ့ရဲ့ လှုပ်ရှားမှုများကို နားမလည်နိုင်သဖြင့် တွန်းလှန်ရပုံကို နားမလည်သောကြောင့် လုံး၀ မတိုက်နိုင်​လောက်ပေ။

အဲဒီလိုလူတွေနဲ့ ရင်ဆိုင်ရသောအခါတွင် ပြိုင်ဘက်ကို ဖြေရှင်းရန် တစ်ခုတည်းသော လှုပ်ရှားမှုကိုသာ အသုံးပြုလေ့ရှိပြီး ဒုတိယလှုပ်ရှားမှုကို ထုတ်သုံးဖို့ လုံးဝ မလိုအပ်ပေ။

"ဗွမ်း!"

ချန်ရှီ၏ လက်သီးသည် ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းကို သယ်ဆောင်လာ၏။ လက်သီးတွန်းအားသည် ကုံ့ကုန်း၏ နတ်ဝိညာဥ် စွမ်းအားနယ်မြေကို ထိုးဖောက်ဝင်ရောက်ကာ ဓားအလင်းနှင့် တိုက်မိသွားသည်။ တစ်ချက်နှိပ်လိုက်ရုံနဲ့ ဓားအလင်းက ကွဲအက်သွားပြီး တဟုန်းဟုန်း ရေတွေကလည်း ပြန်လှိမ့်သွားတော့သည်။

ကျောင်ဖန်းရှူး ညည်းညူလိုက်ချိန်၌ သူ့ချီသွေးတွေက ချောမွေ့စွာ မစီးဆင်းတော့ချေ။ ချန်ရှီရဲ့ လက်သီးချက်သည် ဓားကိုင်ထားသော သူ့လက်ဖဝါးကိုပါ တိုက်ခိုက်လာတာကြောင့် သူ့လက်ချောင်းများ တစ်ချောင်းပြီး တစ်ချောင်း ကျိုကြေးသွားကုန်သည်။

သူသည် တုန်ခါမှုအောက်မှာ နောက်ပြန် လွင့်ကျသွားပြီး သူ့ပုခုံးအရိုးက အဆစ်လွဲသွားသည်။ ထို့နောက် လက်မောင်းရိုးကို ချန်ရှီရဲ့ လက်ချောင်ဓားက ထိုးဖောက်သွားသည်။

ချန်ရှီသည် သူ့လက်ငါးချောင်းကို ဖြန့်ကာ ကျောင်ဖန်းရှုးမျက်နှာကို ဆုပ်ကိုင်လိုက်ပြီး ပေါက်ကွဲသံနှင့်အတူ ထိုသူ့ကို နောက်ပြန်ဖိချကာ ခေါင်းကို မြေကြီးထဲသို့ ထိုးထည့်ပစ်လိုက်သည်။

ကုံ့ကုန်းရဲ့ ခန္ဓာကိုယ်က တကယ်ကို အစွမ်းထက်ပါ၏။ ကျောင်ဖန်းရှူးဟာ မသေသေးသောကြောင့် နတ်ဝိညာဥ်က စွမ်းအားကို ချက်ချင်း စည်းရုံးပြီး ချန်ရှီကို တိုက်ရိုက် တိုက်ခိုက်​တော့သည်။

ဝိညာဉ်သည် ခန္ဓာကိုယ်နှင့် မတူညီတာကြောင့် ခုခံတာက အချည်းနှီးသာ ဖြစ်သည်။ နတ်ဝိညာဉ်သည် လူ့ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်နိုင်ပြီး ခုခံကာကွယ်မှု မှန်သမျှကို လျစ်လျူရှုကာ အခြားသူများ၏ နှလုံးနှင့် အသည်းကို ထုတ်ယူနိုင်သည်။ သို့မဟုတ် အခြားသူများ၏ ဦးနှောက်ကို ထုတ်ယူကာ နဂိုနေရာက ဖယ်ရှားပစ်နိုင်သည်။

သူ့နတ်ဝိညာဉ်သည် ချန်ရှီနှင့် နီးကပ်နေသရွေ့ တစ်ဖက်လူကို သတ်ဖို့က အလွယ်လေးပါ။ ချန်ရှီ တစ်ချက် လှည့်ကြည့်လိုက်ပြီး လျှပ်စီးလက်သီးကို ထိုးလိုက်ရာ ကျောင်ဖန်းရှူးရဲ့ နတ်ဝိညာဉ်သည် ဦးခေါင်းကို ထိုးကြိတ်ခံခဲ့ရသည်။

ချန်ရှီ သူ့လက်သီးကို ပြန်ဆုတ်လိုက်စဥ် ကျောင်ဖန်းရှူးရဲ့ နတ်ဝိညာဉ်ခေါင်း အလယ်မှာ အပေါက်ကြီးတစ်ခုကို တွေ့လိုက်ရ၏။ နတ်ဝိညာဉ်သည် အမှန်တကယ်ပင် အစွမ်းထက်ပြီး ခုခံနိုင်စွမ်း ကင်းမဲ့စေသည်။ လေထဲရပ်နေလျှင် ဘယ်လို တိုက်ခိုက်မှုမဆို ခန္ဓာကိုယ်ကို ဖြတ်သန်းသွားလိမ့်မည်။

ဒါပေမယ့် မိုးကြိုးပစ်ချက်က ခြွင်းချက်ပင်။

ချန်ရှီသည် မိုးကြိုးဘိုးဘေး၏ ကိုယ်ခန္ဓာအဖြစ် ပြောင်းလဲထားသဖြင့် သူ၏လှုပ်ရှားမှုများထဲတွင် မိုးခြိမ်းသံတွေ ပါဝင်သည်။ ထိုမိုးခြိမ်းသံကြောင့် တစ်ဖက်လူရဲ့ နတ်ဝိညာဉ်ကို ထိမှန်ရန် လွယ်ကူသည်။

ယခုဆို ကျောင်ဖန်းရှုး ခန္ဓာကိုယ်သည် နှစ်ကြိမ်တုန်ခါသွားပြီး​နောက် ဘာလှုပ်ရှားမှုမှ မရှိလာတော့ပေ။

ယွိလင်ကျစ် ဘာမှ မတွေး​မေဘဲ ရှေ့ကို ပြေးထွက်သွားကာ ကျောင်ဖန်းရှူး၏ အခြား နဂိုလက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး လက်ငါးချောင်းကို အတင်း ချိုးပစ်လိုက်သည်။ သို့သော်လည်း ကျောင်ဖန်းရှူးက လုံးဝ မကန့်ကွက်လာခဲ့ပေ။

ယွိလင်ကျစ် ထိတ်လန့်သွားကာ ကျောင်ဖန်းရှူးကို ကျောခိုင်းထားခဲ့ပြီး နောက်​ပြန်ဆုတ်သွားခဲ့သည်။ သူသာ လဲကျသွားပြီး သတိလစ်နေသော မာရွှယ်ချင်းကိုတောင် ခလုတ်တိုက်မိသွားသည်။ လုံးဝ မလှုပ်တော့သော ကျောင်ဖန်းရှူးရဲ့ အလောင်းကို ထိတ်လန့်တကြား ကြည့်ရင်း ပါးစပ်က ရွတ်နေမိတာကတော့။

"ကျောင်ဖန်းရှူး သေပြီလား?"

အခုနတုန်းက ချန်ရှီရဲ့ လက်သီးဟာ ကျောင်ဖန်းရှူးဦးခေါင်းကို ထိုးဖောက် ဝင်ရောက်သွားပြီး အဲဒီထဲမှာပါရှိတဲ့ မိုးခြိမ်းသံက သူ့စိတ်ဝိညာဥ်ကို အပိုင်းပိုင်းထိ တုန်လှုပ်သွားစေခဲ့သည်။ သူသေလောက်ပြီ။

ထိုအခိုက် ချန်ရှီ၏ ခြေထောက်များသည် လျှပ်စီးကြောင်းများ ဖြာထွက်လို့ ယောင်ရှန့်ဆီသို့ ပြေးဝင်သွားခဲ့သည်။

"လူသတ်နေပြီ!"

စင်မြင့်ထက်မှ တီးဝိုင်းခေါင်းဆောင်၏ စူးစူးဝါးဝါး အသံ​ကြီး ထွက်​ပေါ်လာသည်။

စင်ပေါ်က တီးဝိုင်း၏ တူရိယာသံများ၊ သီဆိုကခုန်မှုများ ရပ်တန့်သွားသည်။ အဖွဲ့၏ အဆိုတော်များ၊ အကသမားများ၊ ဒရမ်တီးသူများ၊ စောင်းတီးသူများနှင့် အခြားဂီတသမားများသည် ထိတ်လန့်စွာ စင်မြင့်ပေါ်မှ ငုံ့ကြည့်လိုက်ကြသည်။

ချန်ရှီ ကျောင်ဖန်းရှူးရဲ့ နတ်ဝိညာဉ်ကို သတ်လိုက်သောအခါ တီးဝိုင်းခေါင်းဆောင်က "လူသတ်နေပြီ" ဟု အော်လိုက်ရာ တီးဝိုင်းအဖွဲ့ဝင်များက ပို၍ပင် ထိတ်လန့်ကာ လူစုခွဲချင်လာကြသည်။

ဟေးကော် စင်မြင့်ပေါ်သို့ ခုန်တက်လိုက်သည်နှင့် တီးဝိုင်းအဖွဲ့ဝင်များသည် ချက်ချင်းပင် ငြိမ်သက်သွားပြီး ဆက်လက် တီးခတ်ကြသည်။ အဆိုတော်များကလည်း သီဆိုကပြ ဖျော်ဖြေကြသည်။

"နတ်ဆိုးတွေကို နှိမ်နင်းတဲ့ သူရဲကောင်းများ" ဟာ အရေးကြီးတဲ့ ပြဇာတ်ဖြစ်တာကြောင့် တီးခတ်သူ အမျိုးသမီးအများအပြားသည် နောက်ခံအဖြစ် ခေါင်းလောင်းသံ၊ နောက်ခံအဖြစ် စောင်းကြိုးငါးချောင်း၏ လေယူလေသိမ်း၊ ဤနတ်ဆိုးနှိမ်နှင်းသော ဂီတကို နောက်ခံအဖြစ် ရှန်းနှင့် ဟွမ်၏ အသံတို့ဖြင့် ဆက်တီးခတ်ကြသည်။

စင်မြင့်ပေါ်တွင် မိသားစု ၁၃ စု၏ ဘိုးဘေးများကို ကိုယ်စားပြုသည့် အကသမားများသည် ကျက်သရေရှိသော၊ သွက်လက်သော ကိုယ်ဟန်များဖြင့် အားကြိုးမာန်တက် ကခုန်​​နေကြသည်။

စင်မြင့်ထက်မှ ရှတင်းထျန်းနဲ့ ချွေ့ကျန့်စသော တပည့်တွေကတော့ သူတို့ရဲ့ ကျင့်ကြံမှုကို အလွန့်အလွန် မြှင့်တင်ထားခဲ့ကြသည်။ ယောင်ရှန့်က နတ်ဝိညာဉ်ကို စတေးပြီး အင်အားဖြန့်ကျက်ကာ ချန်ရှီကို ထိပ်တိုက်တွေ့ဆုံရန် သူ့ခြေထောက်များကို ​မြှောက်လိုက်သည်။

သူသည် ယောင်မိသားစု၏ "ကျင်းထန်ပုလဲကျမ်း" ထဲက မိုးကောင်းကင်ကျောက်စိမ်းပုလဲ ကျင့်စဥ်ကို လေ့ကျင့်ထားခဲ့သည်။ အဆိုပါ ကျင့်စဥ်ကို အသက်သွင်းနေချိန်တွင် နတ်ဝိညာဥ်သည် ထျန်းကျီး၏ အစိတ်အပိုင်းတစ်ခုကို ဖန်တီးကာ သူ့ကိုကာကွယ်ပေးခဲ့သည်။ ချီစွမ်းအင်နဲ့ သွေးများက ပုလဲပုတီးစေ့များအဖြစ် ပေါင်းစပ်ကာ ခန္ဓာကိုယ်အတွင်း ပျံ့လွင့်သွားမည်။ ၎င်းတို့က နေနှင့်လ၏ အလင်းရောင်ကို ထုတ်လွှတ်ကာ အရိုးများ၊ အသားများ၊ နံရံများ၊ အတွင်းအင်္ဂါများနှင့် အညစ်အကြေးများကို သန့်စင်စေလိမ့်မည်။

ချီသွေးပုတီးစေ့များသည် ခန္ဓာကိုယ်မှ ပျံထွက်သွားသောအခါ ၎င်းတို့သည် နေနှင့်လအဖြစ် ပြောင်းလဲသွားကာ အသားနှင့် စိတ်ဝိညာဉ်ကို အာဟာရ ဖြည့်ပေးနိုင်သည်။ ထိုအချိန် စင်မြင့်ပေါ်တွင် ကူကျန့်စောင်းက တစ်ကိုယ်တော် တီးခတ်နေ၏။ ကူကျန့်၏ အသံသည် လူသတ်ချင်လာသော အငွေ့အသက်များ ပြင်းထန်လာပြီး သူ့နှလုံးသားကို ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များဖြင့် စွန်းထင်းစေခဲ့သည်။

သူသည် မကောင်းဆိုးဝါးများကို ရင်ဆိုင်ရန် အနောက်နွားရှင်းကျိုးသို့ ရောက်လာသောအခါက သူ၏ စိတ်နေစိတ်ထားနှင့် ကိုက်ညီနေသကဲ့သို့ ဒေါသရောင်ဝါများဖြင့် ပြည့်နေပါသည်။

ချန်ရှီက သူ့မျက်လုံးထဲက နတ်ဆိုးပင်။

မိသားစုကြီးရဲ့ အဓိကအဖွဲ့ဝင် တစ်ဦးအနေဖြင့် သူသည် နေ့စဉ်နှင့်အမျှ လွယ်ကူသောဘ၀ကို ရရှိပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။ သူ့ကို လေ့ကျင့်​ပေးရန် မိသားစုထဲတွင် အထူးဆရာများ ရှိပြီး သင်တန်းများကို ချီသန့်စင်ခြင်း၊ မှော်ပညာ၊ တိုက်ခိုက်ခြင်း၊ ဂီတ၊ စစ်တုရင်၊ ကျင့်ဝတ်စသည့် သင်တန်းများ ခွဲခြားထားသည်။

ယောင်ရှန့်သည် ဤနည်းဖြင့် သူ၏ အရည်အချင်းနှင့် စိတ်နေစိတ်ထားကို လေးစားခံခဲ့ရပြီး ခွန်အားသည်လည်း ထူးထူးခြားခြား ဖြစ်လာသည်။ သူသည် ကမ္ဘာပေါ်ရှိ မကောင်းဆိုးဝါးများနှင့် နတ်ဆိုးများကို ချေမှုန်းရန်အတွက် တာအိုဘာသာကို ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့သည်။

ချန်ရှီက မိုးခြိမ်းသံနှင့်အတူ ရုတ်တရက် လှည့်လာပြီး သူ၏ နတ်ဝိညာဥ် စွမ်းအားနယ်မြေကို ဖြတ်သွားကာ သူ့အနားရှိ ရှတင်းထျန်းထံ ပြေးသွားခဲ့သည်။

"သူ ငါ့ကိုကြောက်နေတာ!" ယောင်ရှန့် တွေးလိုက်သည်။

သူ၏ နတ်ဝိညာဥ် စွမ်းအားနယ်မြေထဲတွင် နေနှင့်လသည် တောက်ပနေပြီး ယင်နှင့်ယန်တို့ အပြိုင် ပြေး​နေကြသည်။ ရန်သူ မိမိ၏ အင်အားနယ်ပယ်ထဲသို့ ဝင်လာလျှင် နေနှင့်လသည် တပေါင်းတစည်းတည်း ထွက်လာပြီး ပြာအဖြစ် သန့်စင်​ပေးသွားလိမ့်မည်။

ချန်ရှီ ဖြတ်သွားသည့်အခိုက်တွင် သူ၏ဘယ်လက်မှဓားသည် ယောင်ရှန့်ဘက်သို့ ညွှန်ပြနေခဲ့ပါ၏။

ချွင်း!

ဓားစွမ်းအင်က လျှပ်တစ်ပြက် လျှပ်စီးကြောင်းလေးလို့ သူ၏ နတ်ဝိညာဥ် စွမ်းအားနယ်မြေကို ဖောက်ဝင်ကာ မျက်ခုံးနှစ်ဖက်ကို ထိုးဖောက်လို့ ခေါင်းနောက်ဘက်မှ ​ပြန်ထွက်သွားလေသည်။

ဓားစွမ်းအင်သည် သူ့ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားပြီးနောက် စိတ်နှလုံးကိုပါ ထိမှန်သွားရာ သူ့စိတ်ဝိညာဉ်လည်း ပေါက်ကွဲသွား၏။ ဓားအလင်းတွင်ပါရှိသော မိုး​ကြိုးစွမ်းအားက ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်သည်။

ယောင်ရှန့် ရှေ့သို့ ပြေးနေဆဲ။ သူ့ခန္ဓာကိုယ်က နာကျင်မှုကို မခံစားရသေးပေမယ့် ဦးနှောက်ထဲမှာတော့ အနည်းငယ် ထုံကျင်နေသလိုပင်။ သူ့မျက်လုံးတွေက အရပ်ခြောက်ပေရှိတဲ့ ချန်ရှီရဲ့ တကယ့်ကိုယ်ခန္ဓာက ရှတင်းထျန်းရဲ့ နတ်ဝိညာဉ် စွမ်းအားနယ်မြေထဲ ဖောက်ထွင်းသွားတာကို မြင်လိုက်ရသည်။

ရှတင်းထျန်းသည် ရှမိသားစု၏ "တောင်ပိုင်းနန်းတော်ကျမ်း " ထဲက စွမ်းအင်ရှစ်ပါးနဂါးအား ကျင့်စဥ်ကို လေ့ကျင့်ခဲ့သည်။ သူ၏ နတ်ဝိညာဉ်စွမ်းအားနယ်မြေထဲတွင် နဂါးများ ပျံဝဲနေ၏။ နဂါးများသည် ပြိုင်ဘက်ကင်း ထူးဆန်းသော စွမ်းအားများဖြင့် သူ့ခန္ဓာကိုယ်တွင် တွယ်ကပ်နေကြသည်။

ကြွက်သားများ ဖောင်းကားနေပြီး မျက်နှာ၊ လည်ပင်းနှင့် အရေပြားပေါ်တွင် ထူးဆန်းသော နဂါးပုံစံများ အမျိုးမျိုးရှိနေသည်။ သူ့အရေပြားအောက်ရှိ ကြွက်သားများသည် နဂါးများနှင့် စပါးအုံးမြွေများသဖွယ် ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်ထဲတွင် ကူးခတ်နေသည်။

သူ့ကြွက်သားများသည် ကောင်းစွာ မဖွံ့ဖြိုးသေးဘဲ လက်ဖျံတွင် ကြွက်သားကိုးခုသာရှိသော်လည်း နဂါး၏ရှေ့မျက်နှာစာတွင်တော့ ကြွက်သားပေါင်း သုံးရာကျော်ရှိပြီး လူ့ခန္ဓာကိုယ်ထက် အဆနှစ်ဆယ်နီးပါးရှိသောကြောင့် စွမ်းအားက သဘာဝအတိုင်း အံ့သြဖွယ်ပင်။

စွမ်းအင်ရှစ်ပါးနဂါးအား ကျင့်စဥ်ဟာ နဂါးပုံသဏ္ဌာန် မှော်ပညာတစ်ခုဖြစ်သည်။ ကျင့်စဥ်ကို ကျင့်နေရင်း အခြားတစ်ဖက်တွင် နဂါးကိုယ်ခန္ဓာကို တကယ့်နဂါးကိုယ်ထည်အဖြစ် သန့်စင်ရန်ဖြစ်သည်။

ရှတင်းထျန်းရဲ့ လက်ဖဝါးက ချန်ရှီ လက်သီးကို ဆုပ်ကိုင်ထားလေသည်။ လူနှစ်ယောက် အချင်းချင်း တိုက်မိသည့်အခိုက်တွင် ရှတင်းထျန်းလည်း ပေါက်ကွဲသံကို ကြားလိုက်ရသည်။ ချန်ရှီရဲ့ လက်သီးချက်က ကြေမွသွားတယ်လို့ သူထင်ခဲ့ပေမယ့် နောက်တော့ သူ့လက်မောင်းရိုးကသာ ကျိုးသွားပြီး သူ့လက်ဖျံ အရေပြားအောက်က အရိုးတွေ ဖောက်ထွက်လာတာ မြင်လိုက်ရလေ၏။

ချန်ရှီက သူ့ခေါင်းကို လက်နှစ်ဘက်ဖြင့် အပီအပြင် ချုပ်ထားပြီး တစ်ချက်ရိုက်လိုက်တဲ့အခါ လက်ဖဝါးထဲက မိုးခြိမ်းသံတွေဟာ ရှတင်းထျန်းရဲ့ ဦးနှောက်ထဲ၌ ပေါက်ကွဲသွားတော့သည်။

ကျယ်လောင်သော အသံနှစ်ချက် ထွက်ပေါ်လာပြီး ချန်ရှီရဲ့ ခန္ဓာကိုယ်ကလည်း အနည်းငယ် တုန်ခါသွားသည်။ ယန်ဟောက်နဲ့ ကောင်းယွီက သူ့နောက်ကနေ လိုက်လာပြီး သူ့နောက်ကျောကို ရိုက်လိုက်လို့ပါပဲ။

ယန်ဟောက်သည် "လင်ရှန်းခန်းမစုစည်းမှု" ထဲက နဂါးကျားကိုးလုံးကျင့်စဥ်ကို အသက်သွင်းခဲ့သည်။ နတ်ဝိညာဥ် စွမ်းအားနယ်မြေထဲ၌ အိုးကိုးလုံးအား ဆိုင်းငံ့ထားသည်။ အိုးများအတွင်းရှိ ပြည်နယ်ကိုးခု၏ ​​စွမ်းအင်များသည် နတ်ဝိညာဥ်အတွင်း စုစည်းကာ နတ်ဝိညာဥ်ကို တစ်ခါတစ်ရံ အပြာရောင်နဂါးအဖြစ် ပြောင်းလဲကာ တစ်ခါတစ်ရံတွင် ကျားဖြူအဖြစ် ပြောင်းလဲစေသည်။

ကောင်းယွီသည် ကောင်းမိသားစု၏ "ကောင်းဝမ်ရှန်းကုန်းကျမ်း" ထဲက ဝမ်ရှန်းချီကျင့်စဥ်ကို လေ့ကျင့်ထားခဲ့တာမို့ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်သုံးမျိုးအား သူမ၏ ချီစွမ်းအင်အဖြစ် ပြောင်းလဲနိုင်ခဲ့သည်။ သူမသည် ခရမ်းရောင် တိမ်တိုက်များဖြင့် ဖုံးလွှမ်းနေပြီး သူမနောက်တွင် ပေအနည်းငယ်ရှည်သော စုတ်တံများက စကားလုံးများကို ပြင်းပြင်းထန်ထန် ရေးသားနေကြသည်။

၎င်းတို့သည် စကားလုံးမျှသာ ဖြစ်သော်လည်း စကားလုံးတိုင်းက အဆောင်စာလုံးတွေလို အနန္တတန်ခိုးများ ပါရှိသည်။

သူတို့နှစ်ဦးသည် ၎င်းတို့၏ ခန္ဓာကိုယ်နှင့် နတ်ဝိညာဉ်များကို တစ်ချိန်တည်းတွင် အစွမ်းကုန် အားထုတ်ကာ ချန်ရှီကို ရိုက်ပစ်ခဲ့ပေမယ့် ၎င်းတို့၏ တိုက်ခိုက်မှုများကို ဟန့်တားနေသည့် ကြီးမားသော စွမ်းအားတစ်ခု ရောက်ရှိလာတာကိုလည်း ခံစားလိုက်ရသည်။

နတ်ဝိညာဉ်၏ တိုက်ခိုက်မှုက မိုးကြိုးပစ်ချက်ကြောင့် လွင့်စင်သွားခဲ့သည်။ ချန်ရှီ လှည့်ပြီး ထိုနှစ်ယောက်ကို တိုက်ခိုက်သည်။

နှစ်ယောက်သားက ဘယ်ညာနှစ်ဖက်ရှိ မှော်ပညာကို လှုပ်ရှားလိုက်ကြပြီး ချန်ရှီ၏ တိုက်ခိုက်မှုကို ခုခံကာ ဆုတ်ခွာသွားချိန်တွင် စွမ်းအားနယ်မြေကို ချိန်ညှိ​နေကြသည်။

ချန်ရှီရဲ့ စွမ်းအားက ပြင်းထန်လွန်းသည်။ မိုးကြိုးပစ်ချက်က သူတို့၏ မှော်အတတ်များနှင့် မှော်စွမ်းအားများကို တိုက်ရိုက်ချိုးဖျက်ပြီး ခန္ဓာကိုယ်နဲ့ နတ်ဝိညာဉ်များကို ဖျက်စီးတော့မလို ခံစားရစေသည်။ လွန်စွာ စိတ်မသက်မသာ ဖြစ်ခဲ့လာကြသဖြင့် နောက်ဆုတ်ခဲ့ရသည်။

သုံးယောက်သား အမြန်တိုက်ခိုက်နေစဥ် ဖေ့ယွိအာ၊ ကျိုင်ကျောင်းကျောင်နဲ့ ရွှီမင်ကန်းတို့သည် တစ်ချိန်တည်းတွင် ဘယ်၊ညာ၊ နောက်ကျောတို့မှ တိုက်ခိုက်လာခဲ့ကြသည်။ သူတို့ငါးယောက်ဟာ ချန်ရှီကို နေရာပေါင်းစုံကနေ ထောင်ချောက်ဆင်ပြီး အမြန်တိုက်ခိုက်ဖို့ အဓိက နတ်ဝိညာဉ်စွမ်းအား နယ်ပယ်ငါးခုကို ထူထောင်လိုက်၏။

ဝိုင်းတိုက်တာက တစ်​ယောက်တည်း တိုက်တာနဲ့ မတူချေ။

တစ်ယောက်တည်း တိုက်တာက လက်နှစ်ချောင်းတည်း။ ပြိုင်ဘက်က ဘယ်လိုပဲဖြစ်ဖြစ် မိမိမှာက လက်နှစ်ချောင်းသာ ရှိသည်။ ဝိုင်းထားမှုက လက် ၆ဖက်ပင်။ အခု ပေါင်းလိုက့ရင် ချန်ရှီကို လက်ဆယ်ချောင်းနှင့် ကိုင်တွယ်တော့မှာပဲ ဖြစ်ပါသည်။

စင်မြင့်ပေါ်တွင် ကူကျန့်သည် ပြင်းထန်စွာ တီးခတ်ပြီးနောက် အနည်းငယ် ခေတ္တရပ်လိုက်သည်။ ထို့နောက် ကူကျန့်ကြိုး နှစ်​ဆယ့်​တစ်​ကြိုးတို့သည်​ တညီတညွတ်​တည်း လှုပ်​ရှားသွား၏။ ၎င်းကို တီးခတ်နေသော ဂီတပညာရှင်သည် ပျံသန်းသွားကာ ကူကျန့်ပေါ်တွင် အရိပ်တချို့သာ ချန်ထားခဲ့သည်။

အခြားဂီတပညာရှင်များသည် စစ်ပွဲဗုံများကို တီးခတ်ကာ၊ ခေါင်းလောင်းသံကို တီးခတ်ကာဖြင့် လူသတ်ချင်လာသည့် အသွင်အပြင်သည် လေထဲတွင် ပြည့်လျှံလာပေ၏။ "နတ်ဆိုးများကို နှိမ်နင်းနေသော သူရဲကောင်းများ" ​ပြဇာတ်ကို အထွတ်အထိပ်သို့ တွန်းပို့ခဲ့သည်။

ယန်ဟောက်၊ ကောင်းယွီ၊ ဖေ့ယွိအာ၊ ကျိုင်ကျောင်းကျောင်နဲ့ ရွှီမင်ကန်း တို့သည်လည်း လူသတ်ရောင်ဝါများဖြင့် ပြည့်နှက်နေပြီး ၎င်းတို့၏ နှလုံးသားထဲက သူရဲကောင်းစိတ်ဓာတ်များက နိုးကြွနေပါသည်။ သူတို့ အသီးသီးသည် ၎င်းတို့၏ ကိုယ်ပိုင် တာအိုဘုံကို အစွန်းရောက်သွားအောင် မြှင့်တင်ခဲ့ကြသည်။

လူတိုင်း၏ ဦးခေါင်းနောက်ကွယ်ရှိ နတ်ကွန်းများနှင့် နတ်သန္ဓေသားများက အလွန်တောက်ပလာသည်။ နတ်သန္ဓေသားလေးတွေဟာ မှန်ကန်တဲ့ ချီကို ချိန်ညှိပြီး သူတို့တစ်ဦးစီရဲ့ ခွန်အားကို အရင်ကထက် အများကြီး ပိုမြင့်လာအောင် မြှင့်တင်ပေးခဲ့သည်။

"နတ်ဆိုးများကို နှိမ်နင်းနေသော သူရဲကောင်းများ" ပြဇာတ်သည် ဤအရေးကြီးသော ကာလတွင် သူတို့၏ စိတ်ဓာတ်နှင့် အံဝင်ခွင်ကျ ဖြစ်လာရာ ခွန်အားကို ပိုမိုအားကောင်းလာစေပါသည်။

လူငါးယောက် လက်ဆယ်ချောင်းက ချန်ရှီကို အလျင်စလို ဝိုင်းထားလိုက်ကြသည်။ လူငါးဦးလုံး၏ နတ်ဝိညာဉ်များက လေထုထဲတွင် တစ်ပြိုင်တည်း လှုပ်ရှားသွားသဖြင့် ချန်ရှီ တုံ့ပြန်ရန် အချိန်မရှိတော့ပေ။

ကျယ်လောင်သော တေးဂီတသံနှင့်အတူ ချန်ရှီ မိုးကြိုးကျောက်စိမ်း ကျင့်စဥ်ကို ပြင်းထန်စွာ မြှင့်တင်လိုက်သည်။ သွေးများနှင့် မိုးကြိုးများင တဟုန်းဟုန်း တောက်နေပြီး သူ့လက်တစ်ဖက်စီတွင် ရွှေကြာပွတ်တစ်ခု ပေါ်လာသည်။

ရွှေကြာပွတ်တွင် အပိုင်း ၂၈ ပိုင်းရှိပြီး အပိုင်းတစ်ခုစီသည် သုံးလက်မသာရှည်သည်။ တစ်ပိုင်းစီကြားတွင် နန်းတော်တံစက်မြိတ် သဏ္ဌယန်ရှိသော စတုရန်းကွင်းများ ရှိ၏။ ကွင်းကို များပြားလှသော ထူးဆန်းသော မိုးခြိမ်းသံများဖြင့် အနားကွပ် တံဆိပ်ခတ်ထားသည်။

ဤကြာပွတ်သည် ၂၈ ခုမြောက် ကောင်းကင်မှ မိုးခြိမ်းသံဖြင့် ပြုလုပ်ထားသည်။ ကြာပွတ်ကို ရိုက်ခွဲလိုက်သောအခါ ကောင်းကင်၂၈ထပ်မှ မိုးခြိမ်းသံက ၎င်းထဲသို့ တိုးဝင်သွားပြီး မယုံနိုင်လောက်အောင် စွမ်းအားတွေ တိုးလာသည်။

ချန်ရှီလက်ထဲရှိ ကြာပွတ်များသည် မိုးကြိုးဘိုးဘေး၏ ရွှေကြာပွတ်ထက် အဆပေါင်းများစွာ နိမ့်ကျနေသော ချီသွေးတို့၏ အငွေ့အသက်များသာ ဖြစ်သော်လည်း စွမ်းအားမှာ ထူးခြားနေသေးသည်။

အကယ်၍ သူသည် သခင်ငါးပါးကို တစ်ပြိုင်နက်တည်း မရင်ဆိုင်ရခဲ့ပါက ကြာပွတ်ကို သုံးရမည်မဟုတ်ပေ။

သူ့လက်ထဲတွင် ကြာပွတ် နှစ်ချောင်းကို ကိုင်ထားပြီး အပေါ်နှင့်အောက်၊ ဘယ်ညာ ဝေ့ယမ်းပစ်သည်။ သူ့ဘယ်ဘက် ကြာပွတ်ဖြင့် ရွှီမင်ကန်းကို ရိုက်ခွဲလိုက်ပြီး ညာဖက်ကြာပွတ်ဖြင့် ကောင်းယွီ၏ နတ်ဝိညာဉ်ကို တစ်ဝက်တစ်ပျက် ရိုက်ချိုးလိုက်သည်။ သူသည် လျှပ်စီးကြောင်းပေါ် လှမ်းတက်ကာ ဖေ့ယွိအာကို ဖမ်းကိုင်ထားလိုက်သည်။ ရွှေကြာပွတ်သည် သူမ၏ နောက်ကျောကို ထိုးဖောက်ပြီး နတ်ဝိညာဉ် စွမ်းအားနယ်မြေနဲ့ ခန္ဓာကိုယ်ကိုပါ ဖောက်ဝင်သွား၏။

လျှပ်စီးကြောင်း ရွှေကြာပွတ်ကြောင့် ဖေ့ယွိအာ အပိုင်းပိုင်း ကွဲသွားခဲ့သည်။

အခြားကြာပွတ်က လွင့်ပျံသွားကာ ကျိုင်ကျောင်းကျောင်၏ ခြေထောက်များကို ရိုက်ထုတ်ပြီး ယန်ဟောက်၏ ဝမ်းဗိုက်အောက်ပိုင်းကို ရိုက်ပစ်ခဲ့သည်။

ချန်ရှီ၏ ကြာပွတ်နှစ်ချောင်းသည် တစ်ဖက်နှင့်တစ်ဖက် လျင်မြန်စွာ ဖြတ်ပြေးနေသည်။ ကျိုင်ကျောင်းကျောင်သည် သူမ၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို လက်နှစ်ဖက်ဖြင့် ထောက်ကာ ရွှေကြာပွတ်ဖြင့် ရိုက်ချိုးခံလိုက်ရသည်။ ယန်ဟောက်၏ နတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ကို သယ်ဆောင်ကာ ထွက်ပြေးချင်သော်လည်း ပျံသန်းလာသော ရွှေကြာပွတ်က ထိုးဖောက်ပစ်တာကြောင့် သူ့ခန္ဓာကိုယ် ပေါက်ကွဲသွားခဲ့သည်။

ကျိုင်ကျောင်းကျောင်၏ ဝိညာဉ် ထွက်ခွာခါနီးတွင် ရွှေကြာပွတ်က လွင့်ပျံလာပြီး လျှပ်စီးကြောင်းကို ထုတ်လွှတ်လိုက်ရာ ဝိညာဉ်က ကွဲအက်သွားခဲ့သည်။

စင်ပေါ်မှာ သီချင်းသံက ရုတ်တရက် ရပ်တန့်သွားသည်။

တီးဝိုင်းသမားက မတ်တပ်ရပ်ပြီး ဦးညွှတ်လိုက်သည်။ နတ်ဆိုးတွေကို နှိမ်နင်းတဲ့ သူရဲကောင်းတွေ ပြဇာတ်က ပြီးဆုံးသွားပါပြီ။

ချောင်ရှာ နန်းတော်ထဲက နေရာတိုင်း၌ လျှပ်စီးကြောင်းများ ​ဖြာထွက်နေသည်။

စင်မြင့်အောက်တွင်တော့ အရာအားလုံးက ပျက်စီးသွားပါပြီ။

မြင့်မြတ်သောမိသားစုထဲက သားသမီး ဆယ့်နှစ်ယောက်တွင် ချွေ့မိသားစုထဲမှ ချွေ့ကျန့် တစ်ဦးတည်းသာ ရပ်တည်နေခဲ့သည်။

ယွိလင်ကျစ်သည်ပင် မြေပြင်ပေါ်တွင် ထိုင်နေပြီး လက်နှစ်ဖက်ကို အနောက်ဖက်မှာ ထောက်ထားရင်း သတ်ဖြတ်မှုကြောင့် ထိတ်လန့်သွားရသည်။

အခုပဲ တခြားလူတွေအားလုံးက အရေးယူနေကြပေမယ့် ချွေ့ကျန့်ကတော့ မလှုပ်မယှက်ပါပဲ။ သူက ချန်ရှီကို မတိုက်ခိုက်ဘဲ တစ်ယောက်တည်း ရပ်နေခဲ့သည်။

ချန်ရှီ သူ့ဆီသို့ လျှောက်သွားလိုက်သည်။ ချွေ့ကျန့်သည် မိုးကြိုးဘိုးဘေးတွေရဲ့ ခန္ဓာကိုယ်အစစ်ကို မော့ကြည့်နေပေမယ့် သူ့မျက်နှာထားက မပြောင်းလဲသွားပေ။

"ချန်ရှီ... ငါ မင်းနဲ့ လူကြီးမင်းချန်ထန်ကို အရမ်းလေးစားပါတယ်... ငါ မင်းကို တိုက်ခိုက်မှာ မဟုတ်ဘူး ငါက သူတို့နဲ့ မတူဘူး..."

ချန်ရှီ အောက်ကို ငုံ့ကြည့်လိုက်တော့ ချွေ့ကျန့်ရဲ့ ခေါင်းနောက်ဘက်မှာရှိတဲ့ နတ်သန္ဓေသား နှစ်​ကောင်၊ အကြီးတစ်ကောင်၊ အသေးတစ်ကောင် တွေ့လိုက်ရသည်။

ချွေ့ကျန့်က အေးဆေးတည်ငြိမ်စွာ ဆက်ပြောသည်။

"သခင်​လေးနဲ့ ယှဉ်ရင် ငါ မင်းကို ပိုကူညီချင်တယ်..."

ချန်ရှီ ဘာမှပြန်မပြောဘဲ ပျံသန်းနေတဲ့ ရွှေကြာပွတ်ကို ကိုင်ပြီး ထိုလူရဲ့ နဖူးကို ရိုက်ချပစ်လိုက်သည်။ ချွေ့ကျန့်၏ ဦးခေါင်းခွံ ကွဲအက်သွားကာ ဦးနှောက်အရည်များ ပြန့်ကျဲသွားသည်။ သူ့ခန္ဓာကိုယ်ကြီးက ဗုန်းကနဲ လဲကျသွား​၏။

ချန်ရှီက သူ့ကို နောက်တစ်ကြိမ် ကြိမ်းမောင်းပြီးတာနဲ့ သူ့နတ်ဝိညာဉ်ကိုပါ အပြတ်ရှင်းပစ်လိုက်သည်။

"ငါ အထင်မကြီးဘူး"

သူက အသံတိုးတိုးဖြင့် ဆို၏။

All Chapters