အဖေဝူ
Vol. 20 Ch. 287
ချောင်ရှာ နန်းတော်၏ ရင်ပြင်အထက်တွင် အသံတိတ်အဆောင်လက်ဖွဲ့ဟာ အစီအရီ လောင်ကျွမ်းသွားခဲ့သည်။ နောက်ဆုံးတွင် ပြာအဖြစ် လေနဲ့အတူ လွင့်ပျံသွားခဲ့သည်။ အသံတိတ်အဆောင်လက်ဖွဲ့ရဲ့ လုပ်ဆောင်ချက်ဟာ အပြင်မှ အသံများ ဝင်လာခြင်းကို တားဆီးပေးရုံသာမက အတွင်းမှ အသံများ ထွက်မသွားစေရန်လည်း ကာကွယ်ပေးပါသည်။
နန်းတော်ထဲက ဂီတစင်မြင့်ထက်မှ လူများသည် စင်အောက်ကအခြေအနေကို မမြင်ကြသလိုမျိုး ချောင်ရှား နန်းတော်မှ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြလေသည်။
သူတို့က ဒီမှာ "နတ်ဆိုးနှိမ်နင်းသော သူရဲကောင်းများ" ပြဇာတ်ကို ဖျော်ဖြေနေတာကိုသာ မှတ်မိပြီး ကျန်တာ ဘာမှမတွေ့ရဘဲ ဟေးကော်က မှတ်ဉာဏ်တွေကို ဖုံးအုပ်ထားခဲ့သည်။ ချောင်ရှာနန်းတော်ထဲက ယွိလင်ကျစ်သည် မတ်တပ်ထရပ်လျက်သား အနေအထားဖြင့် ရှုပ်ယှက်ခတ်နေတဲ့ ပတ်ဝန်းကျင်ကို ကြည့်နေ၏။ အခုနတုန်းက ရူးသွပ်တဲ့ မြင်ကွင်းက သူ့ကို အနည်းငယ် မှင်တက်သွားစေသည်။
မိုးခြိမ်းသံများနှင့် နတ်ဆိုး နှိမ်နင်းရေး သီချင်း၏ တေးသံကိုလည်း အလုံးစုံ ကြားလိုက်ရသဖြင့် စိတ်တည်ငြိမ်အောင် အချိန်အတော်ကြာ ယူခဲ့သည်။
လီထျန်းချန်၊ ကုယန်အာနဲ့ မာရွှယ်ချင်းတို့ကလွဲ၍ ကျန်သူများမှာ သေဆုံးသွားခဲ့ပါပြီ။ ချန်ရှီတစ်ဦးတည်းသာ သွေးအိုင်ထဲတွင် ပြင်းထန်သော ချီသွေးများ တဟုန်းဟုန်း တောက်နေပြီး သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် မိုးခြိမ်းသံများ ထွက်ပေါ်လာကာ ထူးခြားသော စွမ်းအားနယ်မြေ တစ်ခုပင် ဖြစ်လာသည်။
ဤမိုးကြိုးများသည် မိုးကြိုးကျောက်စိမ်း စွမ်းအင်မှ ယူဆောင်လာသော ကွဲလွဲချက်များဖြစ်သည်။ သူ့ကိုယ်ပိုင် ချီနဲ့ သွေးတွေကို လောင်ကျွမ်းစေရတဲ့အတွက် ၎င်းတို့ခန္ဓာကိုယ်နဲ့ အခြေတည်ဝိညာဥ်ကိုလည်း အလွန်ထိခိုက်စေခဲ့ပါ၏။ သူသည် ၎င်းတို့ကို အချိန်အကြာကြီး မလှုပ်ရှားနိုင်တော့အောင် ဖိသိပ်ထားခဲ့သည်။ မဟုတ်ပါက ၎င်းတို့က မိမိကို အန္တရာယ် ပြန်ဖြစ်စေလိမ့်မည်။
ချန်ရှီသည် မိုးကြိုးကျောက်စိမ်း စွမ်းအင်ကို ရုတ်သိမ်းလိုက်တာကြောင့် ခြောက်ပေမြင့်သော မိုးကြိုးဘိုးဘေး ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်သွားသည်။ လေထုထဲတွင်တော့ မီးလောင်နေသော သွေးနံ့များဖြင့် ပြည့်နေ၏။
သူ၏ အသက်ရှုသံများ လျင်မြန်စွာ ကျဆင်းလာကာ ချီသွေးများ ခန်းခြောက်လာပြီး အားနည်းလာသည်။
"ယွိလင်ကျစ်.. ထိုက်ဟွာချင်နန်းတော်ကို ချက်ချင်း ပြန်သွား...."
ချန်ရှီရဲ့ အသံက သူ့နားထဲကို တိုးဝင်လာသည်။
"ငါဒီမှာ ဒုက္ခပေးလိုက်တာ မတိတ်ဆိတ်နိုင်ဘူး... မင်းနဲ့ ဘာမှမဆိုင်ဘူး မင်းထွက်သွားပြီးရင် ဟိုလူတွေအားလုံးရဲ့ မှတ်ဉာဏ်တွေကို ငါ ဖျက်စီးပစ်မယ် ရှာတွေ့ရင်တောင် ငါတစ်ယောက်တည်း တာဝန်ယူမယ် မင်းနဲ့ ဘာမှ မဆိုင်ဘူး။"
ရုတ်တရက် ယွိလင်ကျစ်သည် တစ်လက်မခန့်ရှည်သော ဓားတိုကို ထုတ်လိုက်ပြီး လက်ကိုမြှောက်ကာ သုတ်လိုက်သည်။ ထို့နောက် ဓားအလင်းအဖြစ် ပြောင်းလဲကာ လီထျန်းချန်ရဲ့ မျက်ခုံးများကို လျှပ်စီးကြောင်းကဲ့သို့ ထိုးဖောက်ကာ ဓားကို ထိန်းချုပ်ရန် သူ့လက်ကို ပြန်လှည့်လိုက်သည်။ ဓားတိုသည် မာရွှယ်ချင်းနဲ့ ကုယန်အာ၏ နတ်ကွန်းများကို ဖြတ်ပြေးသွား၏။
ချန်ရှီ အံ့ဩသွားပြီး သူ့ကို ပဟေဠိဆန်စွာ ကြည့်နေလိုက်သည်။
"ငါတို့က တစ်လှေတည်းပေါ် ရောက်နေတာဆိုတော့ ငါ့ရဲ့သစ္စာရှိမှုကို ပြရမယ်လေ... ဒါမှသာ အငယ်တန်း ဆရာဦးလေးကလည်း ငါ့ကိုယုံမှာ!"
ယွိလင်ကျစ် သူ့ဓားကို ဖယ်လိုက်ပြီး သူ့လက်အိတ်ထဲက အဆောင်လက်ဖွဲ့ တစ်ခု ပြေးထွက်သွားသည်။ ၎င်းက လူသုံးယောက်ရဲ့ နတ်ဝိညာဥ်များကို ထောင်ချောက်ဆင်လိုက်ကာ ကျောင်ဖန်းရှူးနဲ့ တခြားသူတွေရဲ့ အလောင်းတွေကို ဝိညာဥ်လွှဲအစီအရင်ထဲကို ပစ်ချလိုက်သည်။
သူ ပြင်းပြင်းထန်ထန် ထိန်းချုပ်လိုက်သည်နှင့် ဝိညာဥ်လွှဲအစီအရင်က ရုတ်တရက် နစ်မြုပ်သွားပြီး မြေအောက်ကမ္ဘာထဲသို့ ကျသွားလေသည်။ ပြုတ်ကျတဲ့ နေရာကတော့ သရဲတစ္ဆေတွေနဲ့ နတ်ဘုရားတွေ စုဝေးရာ နေရာဖြစ်ပြီး တစ္ဆေတွေနဲ့ နတ်ဘုရားများစွာက ကောင်းကင်ကို မျှော်ကြည့်နေကြသည်။
ယွိလင်ကျစ်သည် ဝိညာဥ်လွှဲအစီအရင်ကို အသက်သွင်းခဲ့ပြီး ထိုသရဲတစ္ဆေများနှင့် နတ်ဘုရားများကို အတူတကွ ဖုံးအုပ်ကာ အပိုင်းပိုင်းခွဲ၍ ရိုက်နှက်ခဲ့သည်။ တစ်ဆက်တည်း မိုးခြိမ်းသံနှင့် မီးလုံးအချို့ကို ပစ်ချကာ ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲသွားစေခဲ့သည်။
တစ္ဆေများနှင့် နတ်ဘုရားများစွာတို့လည်း ရှက်ရွံ့ကြပြီး ဒေါသကို မထိန်းနိုင်ကြတော့ပေ။ ဝိညာဥ်လွှဲအစီအရင်ကို ဖြိုဖျက်ဖို့ အသီးသီး လှုပ်ရှားလိုက်တာကြောင့် လူသုံးယောက်၏ နတ်ဝိညာဥ်နှင့် ဖွဲ့စည်းထားသော ရုပ်အလောင်းများက အပိုင်းပိုင်း ကွဲသွားကြသည်။
ယွိလင်ကျစ် သက်ပြင်းတစ်ချက်ချကာ ဆိုလိုက်သည်။
"ဆရာဦးလေး စိတ်ချနိုင်ပါပြီဗျ!"
သူ စိတ်ပူသွားခဲ့သည်။ ချန်ရှီသည် ထိုကဲ့သို့ ကြီးလေးသော ရာဇ၀တ်မှုများကို ကျူးလွန်သည့်အတွက် သူတို့ကို နှုတ်ပိတ်ရန် သတ်ဖြတ်ခဲ့သင့်သည်။ ယခုမူ သူသည် ကြီးလေးသော ရာဇ၀တ်မှုတစ်ခုကို ထပ်ကျူးလွန်ခဲ့ပြီး ချန်ရှီနဲ့ အတူတူ လှေပေါ်တွင် ရှိနေလိုက်ပြီ။
ချန်ရှီလည်း တုံ့ဆိုင်းသွားသည်။ ယွိလင်ကျစ်ရဲ့ အလောင်းကို ဖျက်ဆီးပြီး သဲလွန်စများကို ဖုံးကွယ်ပစ်တဲ့ နည်းလမ်းက အလွန်ထိရောက်သည်။ သူဒီလိုလုပ်တာ ဒါပထမဆုံးအကြိမ် မဟုတ်ဘူးဆိုတာ သိသာပါ၏။
ဤတာအိုဝါဒီလေးကလည်း မရိုးသားသူ ဖြစ်ရမည်။
ချန်ရှီ တုံ့ဆိုင်းသွားပြီးမှ ထပ်ဖြည့်ပြောလိုက်သည်။
"ရွှေခန္ဓာကိုယ် ရှိသေးတယ်..."
ယွိလင်ကျစ် အမြန်ထွက်လာခဲ့သည်။ ချန်ရှီ ခြေတစ်လှမ်းလှမ်းကြည့်ပေမယ့် သူ့ခြေထောက်တွေက ညောင်းနေသလို ခံစားနေရသည်။ အောက်ကို ငုံ့ကြည့်လိုက်တော့ မိုးကြိုးပစ်ထားတဲ့ အမှတ်အသားတွေနဲ့ ဝန်းရံထားတဲ့ မိုးကြိုးဘိုးဘေးတွေရဲ့ စာလုံးပုံစံကို မြင်လိုက်ရ၏။ အခုလေးတင် သူ့စွမ်းအားတွေကို ဖြန့်ကျက်ချလိုက်တဲ့ မိုးခြိမ်းသံကြောင့် ဖြစ်ပေါ်လာတဲ့ ခြေရာတွေ ဖြစ်ပေမည်။
"မယ်မယ်ရှစ်ကျီ ပြောတာ မှန်တယ်... မိုးကြိုးကျောက်စိမ်းက တန်ကြေးမသေးဘူး... ပေါ့ပေါ့တန်တန် မသုံးသင့်ဘူး!"
ချန်ရှီ ခဏလောက် တုံ့ဆိုင်းသွားသည်။
"စာမေးပွဲက နီးလာပြီ... ဒီနည်းလမ်းကို သုံးရတာ ငါ့အတွက် နည်းနည်းလေး မဆင်မခြင် ဖြစ်သွားတယ်... ထျန်းဖန်ဖူနတ်ဆိုးကျင့်စဥ်ကို သုံးတာနဲ့တင် သူတို့ကို ဖယ်ရှားဖို့က လုံလောက်နေပြီ"
သူသည် အခြေတည်ဝိညာဥ်ကို ချိန်ညှိကာ သူ၏ ချီသွေးတို့ကို ထိန်းညှိလိုက်တော့မှ လေးလံမှုက အနည်းငယ် သက်သာသွားသည်။ ချန်ရှီ ချောင်ရှာနန်းတော်မှ ထွက်လာစဥ် ဟေးကော် သူ့နောက်မှ လိုက်လာကာ ခြံတွင်းရှိ အစေခံများ၏ မှတ်ဉာဏ်တွေကို ပြောင်းလဲပစ်လိုက်သည်။
နန်းတော်အပြင်ဘက်သို့ ရောက်သောအခါ ရေတွင်းဘေးတွင် ရပ်နေသော ယွိလင်ကျစ်က ဘုန်းတော်ကြီး ဖန့်ခုန်းလျို ၏ ခြေထောက်များနှင့် လက်များကို ချည်နှောင်ကာ နဂါးရေတွင်းထဲ ဇောက်ထိုးချနေတာ တွေ့လိုက်ရသည်။
မူလက သတိလစ်မေ့မြောသွားခဲ့သည့် ဖန့်ခုန်းလျိုသည် ရေတွင်းနားမှာ ချိတ်ဆွဲခံထားတဲ့အခါ နိုးလာပြီး ခက်ခက်ခဲခဲ ရုန်းကန်လေတော့သည်။ ယွိလင်ကျစ် သူ့လက်ကို ဖြေကာ ဘုန်းကြီးကို ပစ်ချလိုက်၏။ အချိန်အတော် ကြာပြီးနောက် ရေတွင်းအောက်ခြေမှ ကောက်ကျစ်သံတစ်ခုထွက်ပေါ်လာသည်။
ယွိလင်ကျစ် သူ့လက်အိတ်တွေထဲ ရှာဖွေရင်း တုန်လှုပ်သွားသည်။
ချန်ရှီ: "ဘာရှာနေတာလဲ?"
"မိုးခြိမ်းသံ အဆောင်လက်ဖွဲ့... နဂါးဘုရင် ရေတွင်းထဲမှာ ချိတ်ပိတ်ခံထားရတာ... သံကြိုးတွေက သူ့ရဲ့အတွင်းအင်္ဂါငါးခုကို ချိတ်ဆက်ထားတယ်... ဒီသံကြိုးတွေသာ မိုးကြိုးပစ်ခံရရင် မိုးကြိုးက နဂါးဘုရင်ရဲ့ နှလုံး၊ အသည်း၊ သရက်ရွက်၊ အဆုတ်နဲ့ ကျောက်ကပ်တွေကို ထိသွားလိမ့်မယ်... နဂါးဘုရင်က မိုးကြိုးပစ်ခံရပြီး ဒေါသအရမ်းထွက်လာရင် ဖန့်ခုန်းလျိုကို မြင်တာနဲ့ သတ်ပစ်လိမ့်မယ်... ငါ့လက်အိတ်ထဲက အဆောင်လက်ဖွဲ့တွေ.."
ချန်ရှီ သူ့အား မိုးကြိုးငါးခုနဲ့ နေကိုးစင်းမိုးကြိုးမီး အဆောင်လက်ဖွဲ့တချို့ကို ပေးရင်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"ယွိလင်ကျစ် မင်းကို ဒီဟာတွေ ဘယ်သူသင်ပေးခဲ့တာလဲ"
"ငါ့ဆရာသခင်!"
ယွိလင်ကျစ်လည်း မိုးကြိုး အဆောင်လက်ဖွဲ့များကို ရေတွင်းထဲသို့ ပစ်ချလိုက်သည်။
"ငယ်ငယ်ကဆို ငါ့ဆရာက ငါ့ကို ကမ္ဘာလှည့်ခရီးသွားဖို့ ခေါ်သွားတယ်.... မတရားမှုတွေ ကြုံလာတဲ့အခါ ဒေါသထွက်ပြီး ဒုစရိုက်လုပ်ခဲ့တဲ့ ဂုဏ်သရေရှိ အမှုထမ်းတွေကို သတ်ပစ်လိုက်တယ်... ပြီးတော့ သူ နောင်တရသွားတယ် နောက်တော့ လတ်စဖျောက်ဖို့ အဆောင်လက်ဖွဲ့ အမျိုးမျိုးကို အမြဲသုံးခဲ့တယ်...."
ရေတွင်းထဲမှာတော့ ကြီးမားတဲ့ ဘီလူးကြီး ရှိနေသလိုမျိုး သံကြိုးက တုန်ခါသွားသည်။ တစ်ဆက်တည်း မြေကြီးကလည်း တုန်ခါသွားလေ၏။ လူနှစ်ယောက်သား ရေတွင်းထဲကို ငုံ့ကြည့်လိုက်တော့ ရေတွင်းထဲမှာက မည်းမှောင်နေပြီး ဘာကိုမှ မမြင်ရပေမယ့် ငါးညှီနံ့တွေက တဟုန်ထိုး တက်လာသည်။
ချန်ရှီ မီးအဆောင်လက်ဖွဲ့ကို ထုတ်ကာ အောက်သို့ ပစ်ချလိုက်တော့ ရေတွင်းနံရံတစ်လျှောက်တွင် မီးစာသည် ပြုတ်ကျကာ ပတ်ဝန်းကျင်ကို တောက်ပသွားစေခဲ့သည်။ သို့သော် မီးစာသည် ပို၍နက်သထက် နက်လာကာ ပေတစ်ရာကျော် ရေတွင်းထဲသို့ ပြုတ်ကျသွားပြီးတာတောင် အဆုံးအထိ မရောက်သေးချေ။
"ဒါကြီးက ဘယ်လောက်တောင် နက်တာလဲ"
နှစ်ယောက်သား အနည်းငယ် တုန်လှုပ်သွားကြသည်။ မီးတောက်လောင်က နောက်ဆုံး ရေတွင်းအောက်ခြေကို ရောက်သွားပေမယ့် ရေတွင်းထဲတွင် ကြည်လင်သော ရေသည် အလွန်ကြည်လင်နေပြီး နဂါးဘုရင်ဟူ၍ မရှိပေ။
မီးတောက်မီးငြိမ်းစ ပြုလာသောအခါတွင် ကြီးမားပြီး ကြမ်းတမ်းသော မျက်ခွံတစ်ခုသည် ကြည်လင်သောရေပေါ် တက်လာလေရာ ရေများကို နံဘေးသို့ တွန်းထုတ်လိုက်သည်။ မျက်ခွံ ပွင့်သွားသောအခါတွင် ကြီးမားသော မျက်လုံးက ရေတွင်းနား ကပ်လျက်သား နှစ်ယောက်သားကို စိုက်ကြည့်နေလေသည်။
လူငယ်နှစ်ယောက် ပျာပျာသလဲ ခေါင်းရှောင်လိုက်ကြပြီး နှလုံးက တဒိန်းဒိန်း ခုန်နေကြသည်။
"ယွိလင်ကျစ် ဒါက အမှားအမှန် နေရာတစ်ခု ဖြစ်နေပြီ... တစ်ယောက်ယောက်ကသာ ဒီနေရာကို ရှာတွေ့ပြီး ဒီလူငယ်တွေ ပျောက်ဆုံးနေတာကို သိပ်မကြာခင်မှာပဲ တွေ့သွားလိမ့်မယ်.. သွားရအောင် ဟေးကော်! နောက်ဆက်တွဲကိစ္စတွေ မင်းအတွက် ထားခဲ့မယ်"
ဟေးကော်လည်း အနောက်ကနေ လျှောက်သွားပြီး သူနဲ့တွေ့သမျှ လူတွေရဲ့ မှတ်ဉာဏ်ကို ပြောင်းလဲပစ်လိုက်သည်။
သူတို့နှစ်ဦးသည် ချီးရှာ ဘုရားကျောင်းမှ ထွက်ခွာပြီး မြို့ပြင်သို့ တည့်တည့် ပြေးထွက်သွားကြသည်။ ယွိလင်ကျစ်သည် စိုးရိမ်သောက ရောက်နေသော အခြေအနေတွင် ရှိနေဆဲဖြစ်ကာ သူလုပ်သောအရာက မပြီးပြည့်စုံသေးသလိုသာ ခံစားနေရသည်။
ချန်ရှီ: "ယွိလင်ကျစ် အခုကစပြီး ငါတို့က မိသားစုဖြစ်သွားပြီ... မင်းအတွက် အဆင်မပြေတာတွေ မဖြစ်ရအောင် ဒီတံဆိပ်ပြားကို ယူပြီး တောင်မြင့်ခရိုင်ကို သွားလိုက်... တောင်မြင့်ခရိုင် ရောက်တာနဲ့ တောင်နီခန်းမက ယွိထျန်းချန်ဆီကို သွား... တံဆိပ်ပြားရဲ့ဇာစ်မြစ်ကို မင်းကိုရှင်းပြလိမ့်မယ်"
ယွိလင်ကျစ်လည်း ရှီးကျင်းမှာ ဆက်နေပါက ဖော်ထုတ်ခံရမည်ကို စိုးရိမ်သဖြင့် နှုတ်ဆက်ပြီး တောင်မြင့်ခရိုင်သို့ ထွက်ခွာသွားခဲ့သည်။
"ဆရာဦးလေး တကယ် ငါ့ကို သူ့သဘောအတိုင်း ဆက်ဆံနေတာပဲ"
တောင်မြင့်ခရိုင်ကို ရောက်ပြီးတာနဲ့ တောင်နီခန်းမ ဌာနခွဲထဲဝင်ပြီး ယွိထျန်းချန်ကို ပြေးတွေ့လိုက်သည်။
"ဘုရင်ကျန်းက ကောင်းကင်ဘုံတရားရုံးရဲ့ ရည်ရွယ်ချက်ကို မင်းကိုပြောပြပြီးပြီလား ငါတို့ရဲ့ ကောင်းကင်ဘုံတရားရုံးက စန့်ရန်ဂိုဏ်းအောက်မှာ တင်းကြပ်တဲ့ အဖွဲ့အစည်းတစ်ခုပါ... ငါတို့က ပုန်ကန်ချင်တယ်၊ မင်း တိုကင်ကိုရရင် မင်း ပုန်ကန်မှာပဲ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် သေလမ်းကို လိုက်ရလိမ့်မယ်..."
ယွိလင်ကျစ် စိတ်သက်သာရာ ရသွားသည်။
"ငါတကယ် လှေပေါ်တက်နိုင်သွားပြီ!"
ယွိထျန်းချန်မှာ လူငယ်က မကြောက်ဘဲ ကြိုးစားရန် စိတ်အားထက်သန်နေတာသာ တွေ့နေရ၏။
"ငါတို့အားလုံး ကောင်းကင်ဘုံတရားရုံးမှာ မတူညီတဲ့ ကုဒ်နာမည်တွေ ရှိတယ်... ငါ့ရဲ့ ကုဒ်နာမည်က ကျောက်စိမ်းယုန်... ကျူးကဲကျန့်က ဂန္တာဝင်သမိုင်း... မင်းရဲ့ကုဒ်နာမည်ကို ဘာသုံးချင်လဲ"
"ကျွန်တော်က တာအိုလူကို ကျွန်တော့်ရဲ့ကုဒ်နာမည်အဖြစ် သုံးမယ်"
တစ်ဖက်မှာတော့ ချန်ရှီသည် ကွမ်ကျီးသိုလှောင်ရုံကို ပြန်ရောက်လာပြီးတဲ့အထိ အနည်းငယ် ကြောက်နေဆဲ။
ရှီးကျင်းမြို့ တံခါးဝသို့ ရောက်သောအခါ မြို့စောင့်တပ်သားများက ပန်းကန်လုံးနှုတ်ခမ်းဝ သေနတ်များကို ကိုင်ဆောင်ကာ လာနေသူများကို စစ်ဆေးနေတာ တွေ့လိုက်ရသည်။ သူ ရောက်လာတော့ နတ်ယန္တရားစခန်းက အစောင့်က သူ့ကိုမှတ်မိလေ၏။
"လူကြီးမင်းချန်ကို စစ်ဆေးစရာမလိုပါဘူး သူ့ကိုသွားခွင့်ပြုလိုက်... လူကြီးမင်းချန်က နည်းနည်းစိတ်မကောင်း ဖြစ်နေပုံရတယ်နော်... မနေ့ညက ရှင့်ဟွားမျှော်စင်မှာ ပျော်ခဲ့လား ဒီမှာ အစွမ်းထက်တဲ့ ကျောက်ကပ်အားဆေးတွေ ကျန်သေးတယ်.... တောင်နီခန်းမက ဆေးဆရာ လုပ်ထားတယ်လို့ ကြားတယ်...."
နတ်ယန္တရားစခန်းက သေနတ်များသည် ကွမ်ကျီးသိုလှောင်ရုံ၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသောကြောင့် ထိုလူများသည် ဤလူကြီးမင်းချန်ကို စော်ကားလို့ မဖြစ်ကြောင်း သိကြသည်။
"အစွမ်းထက်တဲ့ ကျောက်ကပ်ကို အားကောင်းစေတဲ့ ဆေးတွေ ဟွမ်ဖုန်းနျန် လုပ်ထားတာလား... သူ တော်တော် ကျွမ်းကျင်နေပြီပဲ သူ ဘယ်တုန်းက တောင်နီခန်းမထဲ ဝင်သွားတာလဲ"
ချန်ရှီ သူ့သံသယတွေကို ဖျောက်လိုက်ပြီး လှည့်မေးလိုက်သည်။
"မင်းတို့ ဘာစစ်ဆေးနေတာလဲ"
"ရှောင်ဝမ်စွင်းက တစ်ချိန်တုန်းက နတ်ယန္တရားစခန်းကို တိုက်ခိုက်ပြီး ငါတို့ရဲ့ခေါင်းဆောင်ကို ပြန်ပေးဆွဲသွားတယ်... ရှောင်ဝမ်စွင်း ရှီးကျင်းကို လာမယ်လို့ သံသယရှိထားတဲ့အတွက် ဖြတ်သွားတဲ့ လူတွေကို ရှာဖွေနေကြတာ!"
နတ်ယန္တရားစခန်းကို ဦးဆောင်လာသူက ဒေါသတကြီးနဲ့ ပြောလေသည်။
"မင်းတို့ရဲ့ ခေါင်းဆောင်က...."
"စစ်တပ်အရာရှိ ကျင်းဟုန်ရိ"
ဒါကိုကြားတော့ ချန်ရှီ အနည်းငယ် အံ့သြသွားသည်။ ကျင်းဟုန်ရိသည် ရှောင်ဝမ်စွင်းကို နေရာအနှံ့ လမ်းဖမ်းနေခဲ့တာ မဟုတ်လား။ စခန်းကို ဖောက်ထွင်းပြီး ကျင်းဟုန်ရိကို ပြန်ပေးဆွဲဖို့ ဘာကြောင့်များ သတ္တိရှိသွားတာလဲ။
"မနက်မိုးလင်း ကြက်မတွန်တာကမှ ထူးဆန်းနေမှာ!" သူ့ဘာသာသူ စဉ်းစားလိုက်သည်။
နတ်ယန္တရားစခန်းက သူ့ကိုဖမ်းဖို့ ရောက်နေတာ မဟုတ်တာကြောင့် မြို့ထဲကို စိတ်သက်တောင့်သက်သာဖြင့် ဝင်သွားလိုက်သည်။ ထိုစဥ် တစ်စုံတစ်ယောက်က သူ့ပုခုံးကို ပုတ်ပြီး သူ့နားထဲမှာ စကားပြောလာသည်။
"မင်းက မိသားစုကြီး ၁၃စုရဲ့ သားသမီးတွေကို သတ်ပြီး ရဲရဲရင့်ရင့်နဲ့ မြို့ထဲကို ဝင်လာရဲသေးတယ်ပေါ့... မင်း တော်တော် အတင့်ရဲတာပဲ!"
ချန်ရှီ တစ်ချက် တုန်လှုပ်သွားသည်။ သေးငယ်သော ဘုံကျောင်းက အရပ်မြင့်မြင့် လူတစ်ယောက်ထက် ပိုသော အမြင့်မျိုးရှိနေပြီးသားမို့ သူ ၎င်းကို ထုတ်ပစ်တော့မည် ဖြစ်သော်လည်း အသံမှာ ရင်းနှီးနေသလို ခံစားလာရ၏။
ချန်ရှီ ခေါင်းကို လှည့်ကြည့်လိုက်တော့ တကယ်ပဲ ရင်းနှီးနေတဲ့ မျက်နှာတစ်ခုကို တွေ့လိုက်ရလေသည်။ ဖန်တီးခံရှောင်ဝူသည် ချန်ထန်နှင့် ခပ်ဆင်ဆင်တူသည့် မျက်နှာပေါက်မျိုး ရှိကာ ပညာရှင်၏ တာအိုဝတ်လုံကို ဝတ်ဆင်ထားပြီး သူ့ထက် အရပ်ရှည်သည်။ အခု သူ့ကို ပြုံးပြုံးလေး ကြည့်နေလေသည်။
"ဖန်...ဦးလေးချန်ဝူ!"
ချန်ရှီ အံ့သြပြီး ဝမ်းသာသွားသည်။
"ငါ့ကို အဲ့လို မခေါ်စမ်းနဲ့... ငါက ဖန်တီးခံရှောင်ဝူ ချန်ဝူမဟုတ်ဘူး... ငါ့ကို ဦးလေးလို့ မခေါ်နဲ့ အဖေလို့ ခေါ်ရင်တောင် ငါက သဘောမတူဘူး မင်းကို ကျီစားနေတာနဲ့ ချစ်ခင်လို့ ရသွားပြီ မထင်နဲ့... မင်းအဖိုးက ငါ့ကို အကြိမ်ပေါင်းများစွာ အသေရိုက်ထားတာ... ငါက မင်းတို့ ချန်မျိုးရိုးနဲ့ မပြေလည်သေးဘူး..."
ချန်ရှီ သူ့ကို ဝင်နှောင့်ယှက်လိုက်သည်။
"ဦးလေးဝူ... ဦးလေး ထွက်သွားတဲ့ အဲဒီနေ့ကတည်းက ကျနော် တစ်ချိန်လုံး သတိရနေတာ..."
ဖန်တီးခံရှောင်ဝူလည်း တိတ်ဆိတ်သွားပြီးမှ ရုတ်တရက် ရယ်မောလိုက်သည်။ ခဏအကြာတွင် သူ့မျက်နှာသည် ရုတ်တရက် မည်းမှောင်သွားပြန်ပြီး။
"မင်း ငါ့ကို ချစ်ခင်တွယ်တာဖို့ နောက်တစ်ကြိမ် ချည်နှောင်ဖို့ စဥ်းစားလို့ကတော့ ငါ မင်းလည်ပင်းကို ချိုးပစ်လိုက်မယ် နားလည်လား?? ငါ့နောက်က လိုက်ခဲ့"
ချန်ရှီ သူနဲ့အတူ မြို့ထဲ ရိုးသားစွာ လိုက်သွားခဲ့သည်။ ဟေးကော်လည်း ဒီအချိန်မှာတော့ အရမ်းရိုးသားလာခဲ့သည်။
ဖန်တီးခံရှောင်ဝူ: "မင်းက ငါ့ရဲ့အရသာနဲ့ ကိုက်ညီတဲ့ ချီးရှာ ဘုရားကျောင်းမှာ ကောင်းကောင်းလုပ်ခဲ့တာပဲ... ဒါပေမယ့် မင်းလုပ်ပုံက အရမ်းကြမ်းတယ် သဲလွန်စတွေ အများကြီးကျန်ခဲ့တယ် မင်းကို မြင်တဲ့သူတိုင်းကို မင်း မသတ်ခဲ့ဘူး ဒီခွေးနဲ့ တခြားသူတွေရဲ့ မှတ်ဉာဏ်ကို ဖျက်လိုက်တိုင်း ပြန်ရနိုင်မယ့် နည်းလမ်းမရှိဘူးလို့ ထင်လား မိသားစုကြီးဆယ့်သုံးခုကို မင်း လျှော့တွက်လိုက်တာပဲ!"
ချန်ရှီ ထိတ်လန့်သွားသည်။
"ကျနော်လုပ်ခဲ့တာကို မိသားစုကြီးဆယ့်သုံးခု သိသွားနိုင်လား..."
"သိနိုင်တယ်.. ဒါပေမယ့် အခု သူတို့ မလုပ်နိုင်တော့ဘူး ချီးရှာ ဘုရားကျောင်းမှာ မင်းကို မြင်ဖူးတဲ့ လူတွေအားလုံးကို ငါသတ်ပစ်လိုက်ပြီ... မင်းကျန်ခဲ့တဲ့ မိုးကြိုးပစ်တဲ့ မှော်ခြေရာတွေကို ငါ ဖျက်ပစ်လိုက်ပြီ... မင်းအကျိုးအတွက် ငါလုပ်တာ မဟုတ်ဘူးနော်...မင်း ချန်ထန်ကို အနိုင်ယူတာကို ငါကြည့်ချင်တယ်!"
သူက စိတ်လှုပ်ရှားပြီး ပြုံးပြရင်း :"ချန်ထန်က ငါ့ညီလေး... ငါ သူ့ကို မတွေ့ရတာ နှစ်အနည်းပဲ ရှိသေးတယ် သူက အမြဲတမ်း ရိုက်ပစ်ချင်စရာ ကောင်းတယ်....သူ ငယ်ငယ်က စိတ်အားထက်သန်တယ် အဖေရှေ့မှာဆို အမြဲတမ်း ပိုကောင်းစေချင်ပေမယ့် ငါကပဲ အမြဲတမ်း ပိုကောင်းအောင် စွမ်းဆောင်နိုင်ခဲ့တယ်။ သူ မနာလိုဖြစ်လာပြီး ငါ့ကို မကောင်းတာတွေ လုပ်ခိုင်းတော့ အဖေက ရိုက်နှက်ဆုံးမပစ်တယ် အပြစ်ပေးတယ်။ “
သူက အတိတ်ကို ပြန်သတိရလာပြီး ပိုစိတ်လှုပ်ရှားလာသည်- "ဒီလိုအချိန်တိုင်းက ငါ့အတွက် အပျော်ရွှင်ဆုံး အချိန်ပဲလေ။ သူကြီးပြင်းလာတော့ ငါလည်း မပျော်တော့ဘူး။ သူက ကောက်ကျစ်လွန်းတော့ သူ့ကို စိတ်ဆိုးရဖို့က ခက်လာရော... ဒါပေမယ့် သူ့ကို အနိုင်ယူနည်းကို ငါသင်ပေးနိုင်တယ်နော်..."
ချန်ရှီ : "ဦးလေးဝူ အဲဒါက ကျနော့်ရဲ့ တက်ကြွမှုကို ထိခိုက်စေခဲ့တယ် ကျနော် ကောင်းကောင်းမလေ့ကျင့်နိုင်တော့မှာ ကြောက်တယ်..."
ဖန်တီးခံရှောင်ဝူက ပြုံးပြလေသည်။
"အဲဒါက နည်းနည်းလေးပဲ အစွမ်းထက်တာ... လွယ်လွယ်ကူကူ ပြန်ဖြည့်နိုင်ပါတယ်..."
သူက ချန်ရှီကို စန်းတောက်ခို၊ ချန်အန်းလမ်းရှိ မိုးသံမျှော်စင်သို့ ခေါ်သွားပြီး ဗိုက်ကြီးကြီးနဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို တွေ့လိုက်ရလေ၏။
"ချန်ဝူ... အိမ်လခပေးရမယ့် အချိန်ရောက်ပြီ"
"ငါ့ကို ရက်နည်းနည်း ထပ်နေခွင့်ပေးနိုင်မလား... ငါ အခုနောက်ပိုင်း ပိုက်ဆံ ပြတ်နေတယ်"
ဗိုက်ကြီးကြီးနဲ့ လူလတ်ပိုင်းအရွယ်က :"ဒီနေ့ ကျေးဇူးတော် ပေးသနားပြီးရင် မနက်ဖြန်လည်း ပေးရမယ်... မင်းကို ဘယ်နှစ်ခါ ပေးရမှာလဲ မင်းမှာ ပိုက်ဆံရှိရင် ဒီမှာ ဆက်နေနိုင်တယ်။ ပိုက်ဆံမရှိရင် အိပ်ယာကို လှန်ပြီး ကျေးလက်ကို ပြန်သွားတော့!"
ဖန်တီးခံရှောင်ဝူ မျက်နှာက မည်းမှောင်လာပြီး နှုတ်ခမ်းများကို သပ်နေတာ မြင်ရတော့ ချန်ရှီ ပျာပျာသလဲ ဝင်မေးလိုက်သည်။
"ဘယ်လောက်လဲ?"
"ဒီလမှာ ငွေသုံးချောင်း ပေးရမယ်"
ချန်ရှီ ငွေသုံးချောင်းကို ထုတ်ပြီး အခန်း ငှားပေးလိုက်သည်။ လူလတ်ပိုင်းအရွယ် အမျိုးသားက ပိုက်ဆံကို ယူပြီးနောက် အခြားလူကို သွားပြောပြန်သည်။
"လူယုတ်မာ အိမ်လခပေးရမယ့် အချိန်ရောက်ပြီ ပိုက်ဆံမရှိဘူးလား... မင်းမှာ ပိုက်ဆံမရှိရင် မင်းမြည်းကို ရောင်းလိုက်!"
ဖန်တီးခံရှောင်ဝူက ချန်ရှီကို အပေါ်ထပ်သို့ ခေါ်ဆောင်သွားကာ အေးစက်စွာ အော်ဟစ်လိုက်သည်။
"တကယ်လို့ ငါသူ့ကို အိမ်ငှားခ ပေးရမယ်ဆိုရင် အသေကိုက်စားပစ်မှာ!"
ချန်ရှီ : "ဒီတည်းခိုခန်းပိုင်ရှင်က မဟာယာနနယ်ပယ်က အကြီးအကဲလား"
ရှောင်ဝူက ခေါင်းယမ်းလိုက်သည်။
"ဒါဆို အတိဒုက္ခနယ်ပယ်လား?"
ဖန်တီးခံရှောင်ဝူက ခေါင်းခါပြပြီး။
"သူက နတ်အသွင်ပြောင်းနယ်ပယ်က သာမန်လူတစ်ယောက်ပဲ သူ့ကို ငါ ဂရုမစိုက်ဘူး"
"နတ်အသွင်ပြောင်းနယ်ပယ်က သာမန်လူတစ်ယောက် ဖြစ်နေတုန်းပဲလား?"
နှစ်ယောက်သား အပေါ်ထပ်သို့ တက်လာပြီး ဖန်တီးခံရှောင်ဝူက ငှားထားသော အခန်းထဲသို့ ဝင်လိုက်သည်။ အခန်းက ကြီးကြီးမားမားတော့ မဟုတ်။ လျှော်ဖွပ်ထားသော ဗီရိုထဲတွင် ချိတ်ဆွဲထားသော အ၀တ်အစားများ အများအပြားပါရှိပြီး၊ လျှော်ဖွပ်ထားသော ဖိနပ်အချို့ ရှိ၏။ ဖိနပ်အချို့မှာလည်း အလွန်သန့်ရှင်းပါသည်။ ထို့အပြင် စာလေ့လာခြင်း၏ ရတနာလေးပါးနဲ့ အခြားဘာမျှ မရှိပေ။
"ဦးလေးဝူ... ကျနော်နဲ့ လိုက်နေပါလား.... ချန်ထန်အိမ်မှာ အခန်းတစ်ခန်းရှိသေးတယ်"
"မသွားဘူး... ငါသူနဲ့ အတူတူ မနေဘူး..."
ရှောင်ဝူက ခွေးခြေတစ်လုံးကို ဆွဲထုတ်ပြီး ထိုင်လိုက်သည်။
"ဒါ့အပြင် ငါ့မှာ ပိုက်ဆံတွေ အများကြီးရှိတယ်... ဒါပေမယ့် ပြန်ထုတ်ဖို့ နည်းလမ်းမရှိဘူး"
သူက တုံ့ဆိုင်းနေပြီးမှ မေးလာ၏။
“ခိုးထားတဲ့ ပစ္စည်းတွေကို ဘယ်လိုရောင်းရမလဲ မင်း သိလား”
ချန်ရှီ အံ့သြသွားသည်။
ဖန်တီးခံရှောင်ဝူ : "ငါ ရှီးကျင်းကို ရောက်ပြီးနောက်မှာ လူနည်းနည်းကို သတ်ပြီး ပစ္စည်းအတချို့ကို လုယက်ထားခဲ့တယ်... ဒါပေမဲ့ ခိုးယူထားတဲ့ ပစ္စည်းတွေကို ရောင်းချဖို့ နည်းလမ်းမရှိတော့ ဒီမှာ အရှက်တကွဲ ဖြစ်နေရတာ"
သူသည် ကမ္ဘာပေါ်ရှိ ပြဿနာအများစုကို ကိုင်တွယ်ဖြေရှင်းနိုင်ပြီး မိသားစုကြီးဆယ့်သုံးခုက ဘိုးဘေးများကဲ့သို့ တန်ခိုးကြီးသော သတ္တဝါများကို ကိုင်တွယ်ဖြေရှင်းနိုင်သော်လည်း သူဖြေရှင်း၍မရသည့် တစ်ခုတည်းသောအရာမှာ လူအချင်းချင်းကြားက ဆက်ဆံရေးပင် ဖြစ်သည်။ ရှီးကျင်းတွင် အလောင်းများကို တိမ်ထူထပ်စွာ ချိတ်ဆွဲထားသည်။ ၎င်းတို့သည် ရှီးကျင်း၏ ဂုဏ်သရေရှိသူများ၏ အလောင်းများဖြစ်သည်။ ဤလူများတွင် ပိုင်ဆိုင်မှုများစွာ ရှိသော်လည်း ဖန်တီးခံရှောင်ဝူမှာ ဤပိုင်ဆိုင်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း မရှိပေ။
ချန်ရှီ တုံ့ဆိုင်းနေပြီး :"ခိုးထားတဲ့ ပစ္စည်းတွေကို ရောင်းဖို့ ကျွန်တော့်မှာ နည်းလမ်းရှိတယ်... ကျွန်တော့်မှာ ကောင်းကင် စာရင်းကိုင်တစ်ယောက်ရှိတယ်လေ... ရှီးကျင်းမှာ စီးပွားရေးလုပ်တယ် ပိုက်ဆံသုံးဖို့ အလျင်လိုရင် သူ့ဆီကို ခေါ်သွားပေးမယ်..."
ဖန်တီးခံရှောင်ဝူရဲ့ မျက်လုံးများလည်း တောက်ပလာခဲ့လေသည်။
"မလောပါနဲ့... မင်းရဲ့ စွမ်းအင်ကို အရင်ဖြည့်တင်းဖို့ ငါတစ်နေရာကို ခေါ်သွားပေးမယ်... စကားမစပ် မင်း ဒီည ချန်ထန်အိမ်ကို မပြန်တော့ဘူးလို့ ခွေးကို သွားပြောခိုင်းလိုက်... ငါ မင်းကို နေရာကောင်းတစ်ခုဆီ ခေါ်သွားပေးမယ်"
"ဘယ်လို နေရာကောင်းလဲ"
"ငါ လီမိသားစု ဘိုးဘေးနှစ်ယောက်ရဲ့ အနတ္တလေဟာပြင်ဘုံကို သုံးပြီး ကမ္ဘာငယ်လေးတစ်ခု ဖန်တီးထားတယ်!"