← Chapters

မိန်းမစိုး

Vol. 20 Ch. 289

မိန်းမစိုး

Vol. 20 Ch. 289

ချန်ရှီ အောက်ထပ်သို့ ဆင်းလာသောအခါတွင် ကလေးများက ရှစ်နှစ် သို့မဟုတ် ကိုးနှစ် အရွယ် ကောင်လေးများဖြစ်ပြီး တုံးတုံးအအလေးတွေ ဆော့ကစားနေကြတာ တွေ့လိုက်ရသည်။ ဖန်တီးခံရှောင်ဝူသည် အသက် ဆယ့်ရှစ်နှစ် သို့မဟုတ် ဆယ့်ကိုးနှစ်သာရှိသေးပြီး ကလေးများ၏ ဘုရင်အဖြစ် သတ်မှတ်ခံထားရကာ သူက ကလေးတွေနဲ့ ကစားရတာကို အရမ်းပျော်နေသည်။

"မင်းတို့ ဆက်ကစားကြ...."

ချန်ရှီ လာနေတာကို တွေ့တော့ ကလေးတွေကို လက်ပြနှုတ်ဆက်လိုက်သည်။

"ဟိုက ကလေးက ယွမ်ရှောင်ယဲ လို့ခေါ်တယ်... သူက ဘယ်လိုတိုက်ရမယ်ဆိုတာ သင်ပေးတယ်...."

ဖန်တီးခံရှောင်ဝူက ကလေးတစ်ယောက်ကို လက်ညှိုးထိုးပြပြီး ဆို၏။

"သူက ဒီလမ်းမှာ သူရဲကောင်းတစ်ယောက်ပေါ့... မစားရသေးဘူးမလား ရေချိုးလိုက်... ပဲနို့သောက်ပြီး မုန့်သွားစား​​ကြမယ်"

ချန်ရှီမှာ အလွန်စိတ်လှုပ်ရှားနေပြီး သူ၏နတ်သန္ဓေသားကို ဖြတ်တောက်ပစ်ခဲ့သူကို မေးရန် စီစဉ်ထားခဲ့သော်လည်း မတတ်နိုင်ဘဲ အရင်ဆုံး ရေချိုးရတော့သည်။ မကြာခင်မှာ သူတို့နှစ်ယောက် လမ်းကြားကိုဖြတ်ပြီး ဝူချန်းလမ်းမှာရှိတဲ့ ပဲနို့ဆိုင်ကို ရောက်လာခဲ့သည်။

နှစ်ယောက်သား ထိုင်ပြီး မုန့်ဗူးလေးဗူးနဲ့ ပဲနို့ပန်းကန်နှစ်ခွက် ယူလာပေးဖို့ စားပွဲထိုးကို မှာလိုက်သည်။

"မင်းရဲ့ လက်သီးတွေက သူများတွေကို မရိုက်နိုင်သလို မင်းရဲ့ ဆင်ခြင်တုံတရားကို ဘယ်သူမှ နားမထောင်ဘူးတဲ့... ငါ လီအိမ်ကို ရောက်သွားတော့ မိသားစု ဆယ့်သုံးစုရဲ့ ဘိုးဘေးတွေ အားလုံးက ငါ့ကို ကြိုဆိုဖို့ တန်းစီနေကြတာ.... စားပွဲထိုး! နောက်ထပ် တစ်ပန်းကန်း ချပေး!"

ဖန်တီးခံရှောင်ဝူသည် ပဲနို့တစ်ပန်းကန်သောက်ပြီး ပန်းကန်အလွတ်ကို စားပွဲထိုးအား ပေးလိုက်သည်။ ချန်ရှီ မုန့်စားနေသော်လည်း သတင်းအချို့ကို လွဲချော်သွားမှာ စိုးရိမ်တာကြောင့် ချက်ချင်းဝါးတာကိုတောင် ရပ်ပစ်လိုက်သည်။

ဖန်တီးခံရှောင်ဝူ: "ကလေးပညာရှင်ကို နတ်ဘုရားအစစ်က မျက်နှာသာပေးပြီး မွေးရာပါ တာအိုသန္ဓေသားကို ပေးလိုက်တဲ့အခါတုန်းက ကမ္ဘာကြီးကို တုန်လှုပ်သွားစေခဲ့တယ်တဲ့... လူတော်တော်များများရဲ့ ပထမဆုံး အတွေးက သိမ်းယူဖို့ပဲ"

သူသည် သိုးကျောင်းသား၏ ပိုက်ဆံအိတ်နှင့် ဥများထည့်ထားသော ခေါက်ဆွဲတစ်ထုပ်ကို ထုတ်ယူကာ တောရိုင်းအသီးအရွက် မွှေးရနံ့ဖြင့် စားသောက်နေပြီး စကားဆက်သည်။

"ရှင်းရှန်ပြည်နယ်က မိသားစုကြီးဆယ့်သုံးခု ဝိုင်းအုံလာပြီး ရှင်းရှန်ခရိုင်ကို သခင်တစ်အုပ်ကို စေလွှတ်လိုက်ကြတယ်... ရှင်းရှန်ခရိုင်မှာ ခဏလောက် ရောနှောနေကြပြီးမှ မင်းရဲ့ နတ်သန္ဓေသားကို ဖြတ်တောက်လိုက်တာ.... နောက်ပိုင်း မင်းအဘိုး ရှီးကျင်းမှာ သွားသောင်းကျန်းတာက မိသားစုကြီးဆယ့်သုံးခုရဲ့ သဲလွန်စကြောင့်ပဲ... "

သူခေတ္တရပ်လိုက်ပြီး ချန်ရှီ ပါးစပ်ထဲ ထည့်ထားတဲ့ မုန့်ကို ဝါးပြီးတဲ့အထိ စောင့်နေလိုက်သည်။

"မင်းအဖိုး ရှီးကျင်းမှာ လူအများကြီးသတ်ခဲ့ပြီး ရှီးကျင်း သားသတ်သမား ဆိုတဲ့ ဂုဏ်သတင်းကို ချန်ထားခဲ့တယ်... မိသားစုကြီး ဆယ့်သုံးမျိုးလုံးကို မသုတ်သင်ခဲ့ဘူး အဲ့မိသားစုရဲ့ ဘိုးဘေးတွေကို အမြစ်ပြတ် မသုတ်သင်နိုင်ခဲ့တဲ့အပြင် သူတို့ရဲ့ အမျိုးအနွယ်ကိုလည်း ချန်ထားခဲ့တယ်... အဲဒါက မင်းရဲ့နတ်သန္ဓေသားကို ဖြတ်တောက်ခဲ့တာက မိသားစုကြီးတွေထဲက မဟုတ်ဘူးလို့ သိသွားခဲ့လို့ ဖြစ်မယ်"

ချန်ရှီ အနည်းငယ် လန့်သွားသည်။ မိသားစုကြီးဆယ့်သုံးခုထဲက မဟုတ်ဘူးလား။

စားပွဲထိုးက ပဲနို့တစ်ပန်းကန် ထပ်ယူလာပေးသည်။ ဖန်တီးခံရှောင်ဝူက မုန့်တွေစားပြီး ပဲနို့သောက်ရင်း စကားဆက်လေသည်။

"ငါ့ရဲ့စုံစမ်းစစ်ဆေးမှုအရဆို အဲဒီတုန်းက ရှီးကျင်းမှာ သွေးထွက်သံယို တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့တယ် တိုက်ပွဲရဲ့ပစ်မှတ်က မင်းရဲ့မွေးရာပါ တာအိုသန္ဓေသားပဲ... သေဆုံးခဲ့တဲ့ ပထမအုပ်စုက မင်းရဲ့နတ်သန္ဓေသားကို ရောင်းစားခဲ့တဲ့ စစ်ဆေးသူအပြင် တခြားသူတွေပါ သေဆုံးခဲ့တာ ခရိုင်တရားသူကြီး အပါအဝင်ပဲ... ဒုတိယအုပ်စုဖြစ်တဲ့ ရှင်းရှန်ပြည်နယ်မှာ အများကြီး သေဆုံးသွားတာက မိသားစုဆယ့်သုံးစုက သခင်တွေ... သူတို့က မွေးရာပါ တာအိုသန္ဓေသားအတွက် တိုက်ပွဲဝင်ခဲ့ကြတာ.... မွေးရာပါ တာအိုသန္ဓေသား ပျောက်ကွယ်သွားပြီးနောက် မိသားစုဆယ့်သုံးစုလည်း သူတို့ အချင်းချင်း သံသယ​တွေဖြစ်ကြတယ်..."

ချန်ရှီလည်း ပဲနို့ကို ဖြည်းညှင်းစွာ သောက်​နေပြီး: "မိသားစုကြီး ဆယ့်သုံးစုက အရမ်းအစွမ်းထက်တယ်... မွေးရာပါ တာအိုသန္ဓေသားက တခြားသူတွေလက်ထဲ မရောက်သွားနိုင်ပါဘူး... သူတို့ရဲ့ မိသားစုကြီးတွေထဲက တစ်စုကပဲ သိမ်းသွားနိုင်တာ ဖြစ်မယ်..."

ဖန်တီးခံရှောင်ဝူ: "ဒါကြောင့် သူတို့လည်း မွေးရာပါ တာအိုသန္ဓေသားရဲ့ နေရာကို စုံစမ်း စစ်ဆေးနေကြတာ... မင်းအဘိုးက ရှီးကျင်းကို ရောက်ပြီးတဲ့ နောက်မှာတော့ ဒီဘီလူးအိုတွေကို ထိတ်လန့်ပြီး အတင်းပြန် ဆုတ်ခိုင်းခဲ့တယ်... သူလည်း မွေးရာပါ တာအိုသန္ဓေသားရဲ့ ဘယ်မှာလဲဆိုတာကို သိချင်လို့ မိသားစုဝင်တွေကို စုံစမ်းခဲ့ပေမယ့် သိတဲ့ မိသားစုဝင်တွေကို ရှာမတွေ့ခဲ့ဘူး... သူတို့အားလုံးမှာ ခန့်မှန်းချက်တစ်ခုတော့ ရှိတယ်..."

ချန်ရှီ၏အမူအရာ အနည်းငယ် ပြောင်းသွားသည်

"ဘယ်လိုထင်လဲ?"

ဖန်တီးခံရှောင်ဝူက အကြောင်းအရာကို ပြောင်းလဲလိုက်သည်။

"တစ်ဆယ်လေး... ဘုရင်စစ်ခေတ် ဘာကြောင့် ကျဆင်းလာတာလဲ သိလား? စစ်မှန်တဲ့ဘုရင် ကွယ်လွန်ပြီးတော့ ဟွာရှရှန်ကျိုးနဲ့ ဘာကြောင့် အဆက်အသွယ် ပြတ်သွားတာလဲ... တာအိုဘာသာက ဘာကြောင့် ရုတ်တရက် ကျဆင်းလာပြီး ကျင့်စဥ်တွေ အများကြီး မပြီးပြတ်သွားတာလဲ... ကျင့်ကြံသူတွေက ဘာကြောင့် အနှစ်တစ်ရာပဲ အသက်ရှင်နိုင်ရတာလဲ... လရောင်ကို စုပ်ယူလိုက်တာက ဘာကြောင့် မကောင်းရတာလဲ။ မင်းရဲ့ ငရဲတွေက ဘာလို့ ဖုန်တွေ ဖုံးလွှမ်းသွားရတာလဲ။ ဒီမေးခွန်းရဲ့အဖြေကို ငါတို့ စန့်ရန်နဲ့ပူးပေါင်းပြီး နောက်ကွယ်က လျှို့ဝှက်ချက်တွေကို စူးစမ်းလေ့လာဖို့ နောက်ထပ်လူတွေကို စုဆောင်းချင်ခဲ့တယ်..."

ဒီအကြောင်းတွေ ပြောတဲ့အခါ သူက အရမ်းလေးနက်ပြီး သာမန်လူတစ်ယောက်လိုပဲ ဖြစ်လာသည်။

"ငါတို့ လော်ထျန်းတကျောက်၊ ကျိုးထျန်းတကျောက်နဲ့ ဖူထျန်းတကျောက်ကို ပြန်ဖန်တီးဖို့ ကြိုးစားခဲ့တယ်.. နတ်ဘုရားတွေရဲ့ တာအို ထုံးတမ်းစဉ်လာကို ပြန်တည်ဆောက်ဖို့ ကြိုးစားခဲ့တယ်..ဒါပေမဲ့ ဒါတွေကို စူးစမ်းလေ့လာနေတုန်း ငါတို့ကို တားဆီးနေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားတစ်ခုက အမြဲတမ်းကို ရှိနေတာ အဲဒါက စစ်မှန်တဲ့ ဘုရင်ကျန်းခေတ် သမိုင်းကြောင်းနဲ့ ဟွာရှရှန်ကျိုးရဲ့ တည်ရှိမှုခြေရာတွေကို ဖျောက်ဖျက်ဖို့ ကြိုးစားနေတာ...ပြန်လည်ရှင်သန်လာဖို့ စောင့်နေတဲ့ ဒီမြေအောက်မှာ လျှို့ဝှက်ထားတဲ့ တန်ခိုးတစ်ခုလည်း ရှိတယ်...ငါတို့ အဲဒါကိုလည်း ရှာတွေ့ခဲ့တယ်..."

“အမည်မသိတောင်တစ်တောင်က လေထဲက ပေါ်လာတာ ဒါမှမဟုတ် အမည်မသိ ရှေးဟောင်းဘုံကျောင်း တစ်နေရာရာမှာ ပေါ်လာတာ၊ ဒါမှမဟုတ် အမည်မသိနတ်ဘုရား ရုတ်တရက် ပေါ်လာတာ ဒါမျိုးတွေ..."

"ကောင်းကင်ပြင်က နတ်ဘုရား သတိပြုမိသွားရင် နတ်တွေကို သုတ်သင်ဖို့၊ ရှေးဟောင်းဘုံကျောင်းတွေကို ဖျက်ဆီးဖို့၊ တောင်ကို ပြားစေမယ့် လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေ ပစ်လွှတ်လာလိမ့်မယ် ဒါ့အပြင် နောက်ထပ် စုံစမ်းကြည့်တော့လည်း အင်အားတချို့က ငါတို့ကို သုတ်သင်ဖို့ ကြိုးစားနေတာ တွေ့ရတယ်... ငါတို့ အန္တရာယ် ထပ်ခါထပ်ခါ ကြုံလာရလိမ့်မယ် အဲဒီအင်အားက ကောင်းကင်နားစွင့်သူကိုတောင် စည်းရုံးနိုင်တယ်"

ချန်ရှီ အနည်းငယ် လန့်သွားသည်။ ကောင်းကင်နားစွင့်သူသည် ကောင်းကင်နားသို့ ရောက်ရှိနိုင်ပြီး စစ်မှန်သော နတ်ဘုရားကိုယ်စား ကမ္ဘာကြီးကို စောင့်ကြည့်နေသော ထူးဆန်းသော လူများ ဖြစ်သည်။

ဒါဆို ကောင်းကင် နားစွင့်သူကို စည်းရုံးနိုင်တဲ့ စွမ်းအားက ဘယ်ကလာတာလဲ။

ဖန်တီးခံရှောင်ဝူ : "မင်းအဖိုးနဲ့ ငါက ဒီစွမ်းအားရဲ့အရင်းအမြစ်ကို စုံစမ်းပြီး စိတ်ပျက်ဖွယ်ကုန်းစောင်းကို ခြေရာခံခဲ့တယ် ကြောက်စရာကောင်းတဲ့ အရာတချို့ကို တွေ့လို့ ပြန်ဆုတ်လာခဲ့ရတာ... ဒီတစ်ခါ ငါ လီမိသားစုရဲ့ ဘိုးဘေးတွေကို သွားမေးကြည့်တော့ မိသားစု ဆယ့်သုံးခု​ထဲက လူကြီးတွေက ကောင်းကင်နားစွင့်သူနဲ့ စိတ်ပျက်ဖွယ်ကုန်းစောင်းရဲ့ နောက်ကွယ်က စွမ်းအားတွေကို ပြန်ပြောပြလာတယ်..."

ချန်ရှီ ထိတ်လန့်သွားကာ ပြတ်ပြတ်သားသား ဝင်ပြောလိုက်သည်။

"ဒါက ထောင်ချောက်ပဲ... မိသားစု ဆယ့်သုံးစုရဲ့ ဘိုးဘေးတွေက သေချာပေါက် မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတာ... ခင်ဗျားကို သုတ်သင်ဖို့ စိတ်ပျက်ဖွယ်ကုန်းစောင်းရဲ့ စွမ်းအားကို သုံးချင်နေတာပဲ ဖြစ်မယ်!"

ဖန်တီးခံရှောင်ဝူက ပြုံးပြီး :"မင်းငါ့ကို ဂရုစိုက်တာလား ဖေဖေကတောင် ငါ့ကို သိပ်ဂရုမစိုက်ဘူး... ငါက သူဖန်တီးထားတဲ့ ကိရိယာတစ်ခုပဲ။ သူက ငါ့ကို သဘောကျတာက အသုံးဝင်တဲ့ ကိရိယာကို ကြိုက်သလိုပဲ"

သူခေတ္တရပ်လိုက်ပြီး "ဟုတ်တယ် သူတို့မှာ ရည်ရွယ်ချက် ဆိုးတာတော့ သိသာပါတယ်။ မင်းနဲ့ ငါက ဘာမှမဆိုင်ဘူးလေ... မင်းရဲ့ မြင့်မြတ်တဲ့ သန္ဓေသားရဲ့ နေရာကို စုံစမ်းဖို့ ငါ့အသက်ကို အန္တရာယ်ထဲ ထည့်​မပေးနိုင်ပါဘူး"

သူက ရယ်ပြီး။

"မင်း ငယ်ငယ်ကဆို ငါမင်းကို သရေစာစားဖို့ ကိုက်မိလုနီးပါးပဲ...!"

ချန်ရှီကတော့ ဒါနဲ့ပတ်သက်ပြီး မှတ်ဉာဏ်တွေ ရှိမနေခဲ့ပေ။

"မင်း ကြီးလာတော့ အရသာမရှိ​တော့ဘူး..."

ဖန်တီးခံရှောင်ဝူက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ဖဲ့လေသည်။

"အခုဆို မင်းရဲ့အသားက အရမ်းချဉ်နေပြီ"

သူတို့နှစ်ယောက် မနက်စာစားပြီးတဲ့အခါ ဖန်တီးခံရှောင်ဝူ သူ့လက်နှစ်ဖက်ကို ချလျက် ဘေးမှာ ရပ်နေ၏။ ချန်ရှီ တချက်ကြည့်လိုက်တော့ ဖန်တီးခံရှောင်ဝူက သူ့လက်တွေကို လှန်လိုက်ပြီး။

"ငါ့မှာ ပိုက်ဆံမရှိဘူး ငါ့အိတ်ကပ်တွေက ငါ့မျက်နှာထက်တောင် သန့်နေသေးတယ်... ဒီလိုနဲ့ ပဲနို့သောက်လာတာ ရက်အတော်​တောင် ကြာနေပြီ"

သူ တော်တော်စိတ်မကောင်း ဖြစ်နေပုံပါပဲ။

မွေးရာပါ တာအို သန္ဓေသားကို စုံစမ်းဖော်ထုတ်ရန်အတွက် ဂုဏ်သရေရှိ လူအမြောက်အမြားကို သတ်ပစ်ခဲ့သော်လည်း မှော်လက်နက်များ၊ မှော်အတတ်များနှင့် အခြားသော ရတနာပစ္စည်းများမှလွဲ၍ အဆိုပါ ဂုဏ်သရေရှိသူများသည် ငွေကို ယူဆောင်ခဲသည်။ တရားရုံးက အရာရှိများ၏ လစာများမှာ သနားစရာကောင်းလောက်အောင် နည်းပါးကြောင်း သူသိရှိခဲ့ရသည်။ သန့်ရှင်းသော ရုပ်ပုံသဏ္ဌာန်ကို ထိန်းသိမ်းရန်အတွက် ဂုဏ်သရေရှိသူများက များသောအားဖြင့် ငွေကို မဆောင်ကြပါ။

အစားအသောက်အတွက် အထူးစားသောက်ဆိုင်တွေလည်း ရှိပါသည်။ ထိုနေရာသို့ ရောက်သောအခါ ထမင်းစားပြီး ထွက်ခွာသွားကြသည်။ ငွေပေးချေရန် မလိုအပ်ပါ။ တစ်စုံတစ်ယောက်က ပေးဆောင်ရန် သဘာဝအတိုင်း ရောက်လာလိမ့်မည်။

ချန်ရှီကပဲ ငွေပေးချေလိုက်ပြီးနောက် နှစ်ယောက်သား ချန်အန်းလမ်းဘက် အတူတူ ပြန်လာခဲ့ကြသည်။

ဖန်တီးခံရှောင်ဝူ : "ချန်ထန် အိမ်ပြန်သွားလောက်ပြီ... ညနေကျမှ ပြန်လာခဲ့ မင်းကို ကျိုးထျန်းတကျောက် သင်ပေးမယ်"

ချန်ရှီ လက်ပြနှုတ်ဆက်ပေမယ့် ဖန်တီးခံရှောင်ဝူက သူ့ကို လျစ်လျူရှုပြီး အပေါ်ထပ်ကို တက်သွားသည်။ ထို့နောက် ရုတ်တရက် တစ်ခုခုကို သတိရသွားပုံဖြင့် လှမ်းအော်လာသည်။

"ညနေ စောစောလာ... ခိုးထားတဲ့ ပစ္စည်းတွေရောင်းဖို့ ခေါ်သွားပေး!"

ချန်ရှီ 'ဟုတ်' ဟု အသံပေးပြီးနောက် လမ်းကြားကထွက်ပြီး အတွင်းမြို့ထဲကို လမ်းလျှောက်ဝင်သွားခဲ့သည်။ ဤနေ့ရောညပါ အတွေ့အကြုံကို တွေးကြည့်မိသောအခါ သူ အနည်းငယ် စိတ်ရှုပ်နေသေးသည်။

မနေ့က သူနဲ့ ယွိလင်ကျစ်တို့ဟာ ချီးရှာဘုံကျောင်းထဲရှိ မိသားစုကြီးဆယ့်သုံးခုက တပည့် ၁၃ ယောက်ကို သတ်ခဲ့ပြီး ဖန့်ခုန်းလျိုကို နဂါးအစာကျွေးဖို့ ရေတွင်းထဲကို ပစ်ချခဲ့ကြသည်။ ထို့နောက် ညနေပိုင်းတွင် ဖန်တီးခံရှောင်ဝူနှင့် တွေ့ဆုံခဲ့သည်။ ရှောင်ဝူ သန့်စင်ထားသော ကမ္ဘာငယ်လေးတွင် တစ်ညတာ လေ့ကျင့်ပြီးနောက် သူ၏ တက်ကြွမှုက အပြည့်အဝ ပြန်လည် ကောင်းမွန်လာရုံသာမက သူ၏ လေ့ကျင့်မှုမှာလည်း များစွာ တိုးတက်လာသည်။

ထို့အပြင် ဖန်တီးခံရှောင်ဝူက သူ၏ မွေးရာပါ တာအိုသန္ဓေသားအတွက် သဲလွန်စများကို ရှာဖွေတွေ့ရှိခဲ့သည်။ ချန်ရှီ စိတ်တည်ငြိမ်သွားတဲ့အခါ ချန်ထန်က သူ့ကို မေးခွန်းထုတ်စရာ လူတွေနဲ့ မပေါင်းသင်းဖို့ သတိပေးခဲ့တာကို သတိရသွား၏။ ထိုအထဲ ဖန်တီးခံရှောင်ဝူက ထိပ်ဆုံးကပင်။

လျင်မြန်စွာ အရှိန်မြှင့်ကာ မကြာမီ မြို့တွင်းသို့ ဝင်ရောက်ခဲ့သည်။ မြို့ပြင်နဲ့ အတွင်းက ကမ္ဘာနှစ်ခြမ်းကဲ့သို့ပင် ငြိမ်သက်နေပြီး အတွင်းမြို့က အလွန်တိတ်ဆိတ်နေသည်။

ချန်ရှီ အရှိန်လျှော့ပြီး လမ်းဘေးမှာ ရပ်ထားတဲ့ ဘီးတပ်ကုလားထိုင်ကို ကြည့်လိုက်သည်။ ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသည့် မျက်နှာဖြူ၊ မုတ်ဆိတ်မွေးကင်းစင်သော အမျိုးသားတစ်ဦးသည် အနက်ရောင်အင်္ကျီ၊ ကော်လာအနီနှင့် အဖြူရောင်အဝတ်အစားများ ဝတ်ဆင်ထားသည်။ အသက်လေးဆယ်ငါးဆယ်လောက် ရှိနေပြီ။ ထိုလူက သူ့ကို ကြည့်ပြီး ပြုံးပြနေ၏။

ထို​သူ့နောက်တွင် ငွေဝတ်အစောင့် ဝတ်စုံ ဝတ်ထားသော လူငယ်နှစ်ဦး ရပ်လျက်ရှိသည်။ မျက်နှာဖြူနှင့် မုတ်ဆိတ်မွေး ရှိသော်လည်း မျက်နှာအမူအရာ မရှိကြပေ။

ချန်ရှီ လာနေတာကို မြင်တော့ ဘီးတပ်ကုလားထိုင်က ချန်ရှီဘက်ကို အလိုအလျောက် ရွေ့သွားပြီး သူနဲ့ ဘေးချင်းကပ်ပြီး လျှောက်သွားလေသည်။ မျက်နှာဖြူဖြူ မုတ်ဆိတ်မွေးမရှိသော အမျိုးသားက ပြတ်သားသော အသံဖြင့် ပြောလာသည်။

"လူကြီးမင်းချန် ကျေးဇူးပြုပြီး ခဏရပ်ပါဦး!"

ချန်ရှီလည်း သူ့အရှိန်ကို နှေးကွေးစေပြီး စိတ်ရှုပ်နေတဲ့ မျက်လုံးတွေဖြင့် လှည့်ကြည့်လိုက်၏။

“လူကြီးမင်း... ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ အမြင်အာရုံချို့တဲ့မှုကို ခွင့်လွှတ်ပေးပါဦး... ကျနော် ခင်ဗျားကို မသိပါဘူး”

အဲဒီလူက ပြုံးပြီးပြောပြသည်။

"ငါ့မျိုးနာမည်က ဖုန်း... နာမည်က ထျန်းဟွမ့်... ငါအစက အရှေ့စက်ရုံရဲ့ ကြီးကြပ်ရေးမှူး ဖြစ်ခဲ့ပေမယ့် တံဆိပ်ခတ်ဖို့ မိန်းမစိုးဖြစ်ခဲ့တယ် နောက်ပိုင်းမှာ ရာထူးက နှုတ်ထွက်ခဲ့တယ်"

ချန်ရှီ သူ့ကိုကြည့်ရင်း အံ့သြစွာနဲ့။

"ခင်ဗျားက မိန်းမစိုးကိုး!"

သူသည် မိန်းမစိုးဖုန်ရဲ့ နောက်ကွယ်က လူငယ်နှစ်ယောက်ကို ကြည့်လိုက်ရင်း။

"ခင်ဗျားတို့အားလုံး မိန်းမစိုးတွေပေါ့!"

လူငယ်နှစ်ယောက်က ရှေ့ကို လှမ်းလာပြီး

“မင်း အတင့်ရဲလိုက်တာ!”

မိန်းမစိုးဖုန်းက လူနှစ်ယောက်ကို တားဖို့ သူ့လက်ကို မြှောက်လိုက်ပြီး ပြုံးလေ၏။

"ငါတကယ်လည်း မိန်းမစိုး တစ်ယောက်ပါပဲ... တားမြစ်စရာ မလိုပါဘူး လူကြီးမင်းချန် မိန်းမစိုးတွေရဲ့ အကျိုးကျေးဇူးတွေကို မင်းသိလား"

ဘီးတပ်ကုလားထိုင်က နှေးကွေးသွားသည်။

"ငါတို့ မင် မင်းဆက်နန်းတော်မှာ ဘုရင်အစစ်မရှိ၊ မင်းသားမရှိဘူး... ဒါပေမဲ့ မိန်းမစိုး မရှိရဘူးလို့တော့ မပြောထားဘူး .... မိန်းမစိုးတွေက မိသားစုကြီးဆယ့်သုံးခုထဲက မဟုတ်ဘူး သားစဉ်မြေးဆက်မရှိဘူး ဒါကြောင့် သူတို့က ဆွေတော်မျိုးတော်များမရှိဘဲ စစ်မှန်တဲ့ မိသားစုကြီး ဖြစ်လာဖို့လည်း တွေးတော​နေကြမှာ မဟုတ်ဘူး.... သားစဉ်မြေးဆက်တွေနဲ့ ခက်ခက်ခဲခဲ ထီးနန်းတက်ဖို့ ကြိုးစားနေစရာ မလိုဘူး... အနှစ်တစ်ရာလောက် ကြာတာတောင် ရှီးကျင်းမြို့က မိန်းမစိုးတွေက အကျိုးစီးပွားနဲ့ ပဋိပက္ခတွေ အနည်းဆုံးပဲ....ဒါကြောင့် ငါတို့ မိန်းမစိုးတွေက ရှီးကျင်းမှာ အမျှတဆုံးလူတွေပဲ"

သူ့ရှုထောင့်က ချန်ရှီရဲ့ စိတ်ဝင်စားမှုကို နှိုးဆွပေးဖို့ပါပဲ။ ချန်ရှီရဲ့ သူ့အရှိန်ကလည်း နည်းနည်း နှေးကွေးသွားသည်။

"မိန်းမစိုးတွေမှာ ဒီလို အားသာချက်တွေလည်း ရှိတယ်လား"

မိန်းမစိုးဖုန်းက ပြုံးပြီးပြောလေ၏။

"မိန်းမစိုးတွေရဲ့ အားသာချက်တွေက အများကြီးပါပဲ... မင်းရဲ့ ချန်မိသားစုဟောင်း မျိုးဆက်သုံးဆက်ကိုပဲ ကြည့်လိုက်ပါလား... မျိုးဆက်တစ်ခုစီက ထူးချွန်ပေမယ့် သူတို့ရောက်ခဲ့တဲ့ အမြင့်ဆုံးအရာရှိက အိမ်ထောင်စု ဝန်ကြီးဌာနရဲ့ ညာဘက်လက်ထောက်ဝန်ကြီးနဲ့ ထုံးတမ်းစဉ်လာဝန်ကြီးဌာနရဲ့ လက်ထောက်ဝန်ကြီးတွေပဲ... လူတိုင်းက အာဏာနဲ့ ပြိုင်ဆိုင်ပြီး ချမ်းသာတဲ့ မိသားစုဖြစ်လာမှာကို စိုးရိမ်နေကြတယ်... မိန်းမစိုးတွေကမှ ပိုကောင်းတာ မိန်းမစိုးတွေ မနေနိုင်ရင် မြင့်မြတ်တဲ့ မိသားစုဖြစ်လာဖို့ဆိုတာ သဘာဝအတိုင်း မဖြစ်နိုင်တော့ဘူး... မင်းကို လေးစားမယ်၊ အာဏာပေးမယ်၊ ပိုက်ဆံပေးပြီး မင်းလုပ်ချင်တာ လုပ်ခွင့်ပေးမယ်..."

ချန်ရှီ ပြုံးလိုက်သည်။

"လူကြီးမင်းဖုန်းက တကယ်ကို ရယ်စရာကောင်းတာပဲ ခင်ဗျားနဲ့ ကျွန်တော်တွေ့တာ တိုက်ဆိုင်မှု မဟုတ်ဘူး... လူကြီးမင်းဖုန်းက ဘာလို့ ကျ​နော်ကို ရှာနေတာလဲ"

"လူကြီးမင်းချန် ငါတို့မှာ ရှည်လျားတဲ့ သမိုင်းကြောင်းရှိတယ်... သတိထားမနေပါနဲ့ မင်းအဘိုးက ငါတို့ခြေထောက်တွေကို ချိုးသွားပြီးပြီ"

ချန်ရှီလည်း သူ့နှလုံးသားထဲတွင် အံ့သြထိတ်လန့်သွားပြီး တိတ်တဆိတ် သတိထားလိုက်သည်။

မိန်းမစိုးဖုန်း : "လွန်ခဲ့တဲ့ ၁၁ နှစ်က မင်းရဲ့အဖိုး ချန်ယင်တူး ရှီးကျင်းကို ရောက်လာတယ်။ ဘယ်သူမှ သူ့ကို တားလို့မရဘူး။ ဘယ်သူမှ သူ့ကို မတိုက်ရဲတော့ဘူး... အဲဒါကို ငါတို့လည်း မလုပ်ရဲဘူး ဒါကြောင့် ငါတို့ အရှေ့စက်ရုံက သခင်အားလုံးကို စုဆောင်းပြီး တိုက်ပွဲကို ထူထောင်ရင်း သူ့ကို တိုက်ခိုက်တယ်... အရှေ့စက်ရုံက အသေအပျောက် ပြင်းထန်ခဲ့တယ် ငါလည်း သူ့ကို ကျေးဇူးတင်စရာ အကြောင်း မရှိတော့ပါဘူး"

ချန်ရှီ ပိုစိတ်လှုပ်ရှားလာသည်။

မိန်းမစိုးဖုန်းက အကြောင်းအရာကို ပြောင်းလဲလိုက်ပြီး။

"ဒါပေမယ့် အဲဒါက အတိတ်ကကိစ္စပါပဲ... လူကြီးမင်းလေးချန် လူတော်တော်များများက မင်းကို ထိပ်တန်း ပညာရှင်လို့ မထင်ကြပေမယ့် မင်းက အရည်အချင်းရှိသူလို့တော့ ငါတို့ ထင်ပါတယ်... သခင်လေးကို ညှစ်ထုတ်ဖို့ မင်းကို ထောက်ခံရင် မင်း ထိပ်တန်း ပညာရှင်ဖြစ်လာနိုင်တယ်"

ချန်ရှီ အနည်းငယ် ထိတ်လန့်သွားပြီး သူ့ကို ပဟေဠိဆန်စွာ လှည့်ကြည့်လိုက်သည်။

မိသားစုကြီး ဆယ့်သုံးစုတွင် ချန်ထန်အား ထောက်ခံသည့် ဝန်ကြီးချုပ် ကျန်းဖူကျန့်မှလွဲ၍ ကျန်မြင့်မြတ်သော မိသားစုများသည် သခင်​လေးအား ပွင့်ပွင့်လင်းလင်း သို့မဟုတ် လျှို့ဝှက်စွာ ထောက်ခံခဲ့ကြသည်။ မိန်းမစိုးဖုန်းလို ကဲ့သို့သော အရာရှိကြီးတစ်ဦးအတွက် သခင်လေးကို ထောက်ခံလိုက်တာက အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။

မိန်းမစိုးဖုန်းက ပြုံးလိုက်သည်။

"မင်းက သခင်​လေးထက် ပိုထူးချွန်တယ်... သခင်​လေးအတွက် ငါ့ရဲ့ ပံ့ပိုးမှုက ကိတ်မုန့်ပေါ်မှာ အေးခဲနေပေမယ့် မင်းအတွက် ငါ့ရဲ့ ပံ့ပိုးမှုက အချိန်မီ အကူအညီလိုပါပဲ... နောက်ပြီး သခင်​လေးရဲ့ လုပ်ရပ်တချို့ကို ငါ သည်းမခံနိုင်ဘူးလေ..."

"သူ့ကိုနာခံသူတွေ ကြီးပွားချမ်းသာလာမယ်လို့ သခင်လေးက ယုံတယ်... မနာခံတဲ့သူတွေလည်း ပျက်စီးလိမ့်မယ်။ သူက အတိုက်အခံတွေကို နှိမ်နှင်းနေတာ ငါနားလည်နိုင်ပါတယ်... ဒါပေမယ့် တရားရုံးမှာ အရာရှိအနည်းငယ်ရှိဖို့က မလွယ်ဘူး။ သူက ဒီလူတွေကို ဖယ်ရှားပြီး သူ့လူတွေနဲ့ အစားထိုးချင်နေတာ... ငါသဘောမတူဘူး... အထူးသဖြင့် သူ မြို့ကို ဝင်လာတဲ့နေ့မှာပဲ တရားသူကြီးချုပ် တုဝမ့်ရှူးကို သတ်လိုက်တယ်... အခု သူ့ဂုဏ်သတင်းက ငါ့ကိုတောင် အေးစက်လာစေတယ်..."

ချန်ရှီ ရပ်လိုက်ပြီး သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

မိန်းမစိုးဖုန်း: "ရွေးချယ်စရာမရှိရင် ဘယ်သူက မိန်းမစိုးဖြစ်ချင်မှာလဲ မင်မင်းဆက်ကို ငါလည်းပြောင်းချင်တယ် ဒါပေမယ့် သခင်လေး... ဉာဏ်ပညာရှိတဲ့ ဘုရင် မဟုတ်ဘူး... သူသာ စစ်မှန်တဲ့ဘုရင်ဖြစ်လာရင် မင်မင်းဆက်က ပြီးသွားမှာ"

"စာမေးပွဲ အောင်စာရင်းတွေ ဆုံးဖြတ်ပြီးပြီ။ သခင်ငယ်က ပထမဆုရပြီး မင်းက ဒုတိယအဆင့် ရတယ်... နောက်တစ်ခုက မင်းနဲ့ သခင်​လေးကြားက နန်းတော်စာမေးပွဲ ပထမနေရာအတွက် ပြိုင်ဆိုင်ရမှာ ရှိတယ်... တစ်ယောက်ယောက်က မင်း သခင်လေးကို မယှဥ်နိုင်တော့အောင်လို့ နာကျင်အောင်လုပ်ဖို့ ကြိုးစားမယ်...အဲဒီအချိန်ကျရင် မင်းအတွက် အန္တရာယ်တချို့ ငါတားဆီး​ပေးမယ်"

ချန်ရှီ အံ့အားသင့်သွားပြီး :"မိန်းမစိုးတွေလည်း လက်သီးသုံး​ကြတာလား"

မိန်းမစိုးဖုန်းက ရယ်ပြီး :"ငါတို့မှာ လက်သီးမရှိဘူး ဆိုပေမယ့် လက်သီးထိုးတဲ့သူတွေထက် ကျောရိုးရှိတယ် ငါ့သဘောထားကို ပြဖို့ မင်းကို အိမ်ပြန်ခေါ်သွား​ပေးမယ်..."

ဘီးတပ်ကုလားထိုင်သည် ချန်ရှီနှင့် ဘေးချင်းကပ်လျက် ချန်အိမ်သို့ ထွက်ခွာသွားခဲ့သည်။ ထိုစဥ် မိန်းမစိုးဖုန်းက စိတ်အားထက်သန်စွာပြောသည်။

"လူကြီးမင်းလေးချန်.. မင်းက အရမ်းထက်မြက်ပါတယ်။ မင်း စိတ်၀င်စားရင် ငါ့ကို မင်းရဲ့ မွေးစားအဖေအဖြစ် သတ်မှတ်လို့ရတယ်"

ချန်ရှီ အံ့အားသင့်သွားသည်

"ဘာလို့ဒီလိုပြောရတာလဲ လူကြီးမင်း... ဒီကိစ္စကို ထပ်မပြောပါနဲ့"

မိန်းမစိုးဖုန်းလည်း တော်တော် စိတ်မကောင်းဖြစ်သွားပြီး။

"ငါတို့ မိန်းမစိုးတွေမှာ သားစဉ်မြေးဆက် မရှိဘူး ဒါကြောင့် က​​လေးတွေကို မွေးစားရတာကို ကြိုက်တယ်... ငါ့နောက်က နှစ်ယောက်ကလည်း မွေးစားသားတွေ.. ဒါပေမယ့် ကံမကောင်းတာက သူတို့က မိန်းမစိုးတွေမို့ ငါက ယောက်ျားလေးမွေးစားချင်တယ် မင်းက အရမ်းတော်တယ် မြေးလေးလည်း မွေးပေးနိုင်မှာ..."

"ခင်ဗျားရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် မိဘတွေက အသက်ရှင်နေသေးတဲ့အတွက် ကျနော် ဘယ်သူ့ကိုမှ မကိုးကွယ်ရဲသေးပါဘူး..."

ချန်အိမ်သို့ ရောက်သောအခါ မိန်းမစိုးဖုန်းသည် သူ ချန်အိမ်ထဲ ဝင်သွားတာကို စောင့်ကြည့်ပြီးနောက်မှ ထွက်သွားလေသည်။

"မွေးစားအဖေ... ဘာလို့ သခင်​လေးကို စွန့်လွှတ်ပြီး ချန်ရှီကို တန်ဖိုးထား​နေရတာလဲ"

မိန်းမစိုးဖုန်း နောက်ကွယ်က လူတစ်ယောက်က မေးလေး၏။ မိန်းမစိုးဖုန်းက သက်ပြင်းချလိုက်ပြီး။

"သခင်​​လေးရဲ့ လုပ်ရပ်ကို ငါ အမြဲတမ်း ကြည့်နေခဲ့တာ သူက ပညာရှိပုံရပေမဲ့ တကယ်တော့ ကိုယ့်သီလကို ဖျက်စီးနေတာ... ချန်ရှီ လောက် မရိုးဖြောင့်ဘူး။ သမာဓိနည်းနည်းလေးနဲ့ ဘယ်သူက သူ့ကို စေတနာထားမှာလဲ... နောက်ပြီး အရှေ့စက်ရုံရဲ့ ကြီးကြပ်ရေးမှူးအသစ်က သခင်လေးကို ခိုလှုံလိုက်ပြီ... ငါပါ သခင်လေးကို ခိုလှုံလိုက်မယ်ဆိုရင် သူ နန်းတက်ပြီးတာနဲ့ အရှေ့စက်ရုံကို ငါ ထပ်ပြီး တာဝန်ယူရဖို့ မသေချာဘူး”

မိန်းမစိုးငယ်က: "ဒါပေမယ့် သခင်လေးသာ အောင်နိုင်ရင် ချန်ရှီရဲ့ အောင်ပွဲက ပညာရှင်တစ်ယောက်သာသာပဲ ရှိမှာ... ကျနော်တို့ကို ပိုကြီးကြီးမားမား အကျိုးကျေးဇူးတွေ မပေးနိုင်ဘူး"

မိန်းမစိုးဖုန်း : "သူတို့သခင်ကို ခစားရင် သူတို့အမေက ကိုယ်လုပ်တော်ဖြစ်ဖို့ နန်းတော်ထဲကို ဝင်နိုင်မယ်လို့ ထင်တဲ့ မိန်းမစိုးတချို့ အမြဲရှိတတ်တယ်... မိခင်ဖြစ်သူက အသေခံထားပေမယ့် သခင်လေးကို လက်နက်ချထားတဲ့ မိန်းမစိုးတွေကို ငါ လက်မခံနိုင်ဘူး... အကျိုးအမြတ်ကို မလိုချင်သလို သခင်​လေးကိုလည်း ဘုရင်အစစ် ဖြစ်မလာ​စေချင်ဘူး!"

All Chapters