မင်းအဖေ မင်းကိုလွမ်းနေတယ်
Vol. 20 Ch. 290
ချန်ရှီ အိမ်ကို ပြန်လာခဲ့သည်။ ချန်ထန်က သူ့ကို ပြန်တွေ့တော့မှ စိတ်သက်သာရာ ရသွားခဲ့သည်။
"ဟေးကော်က မင်း ချန်ဝူဆီမှာ တစ်ညတည်းနေခဲ့တယ်လို့ ပြောတယ်... သူမင်းကို ခက်ခဲအောင် လုပ်သေးလား...."
"မလုပ်ပါဘူး.. ဦးလေးဝူက ကျနော့်ကို ကောင်းကောင်းဆက်ဆံတယ်"
"ကောင်းတယ်?? သူက လူကောင်းမဟုတ်ဘူး။ ဖောက်ပြန်တဲ့ စိတ်ထားရှိတယ် ငယ်ငယ်ကတည်းက မင်းကို စားချင်နေတာ...."
ချန်ရှီ ပြုံးပြီး :"သူလည်း အဲဒီလို ပြောပါတယ်"
သူ ဂရုမစိုက်တာကို မြင်တော့ ချန်ထန် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
"သူ မရေမတွက်နိုင်တဲ့ လူတွေကို သတ်ထားတာ... ကောင်းမကောင်း မသိနိုင်ဘူး.. မင်းအဘိုးကတောင် သူ့ကို အကြိမ်ကြိမ် နှိမ်နှင်းခဲ့ရတာ"
ချန်ရှီက ညင်သာစွာ ခေါင်းညိတ်လိုက်သည
"သိတယ်"
"သူက အရမ်းအန္တရာယ်များတယ် သူနဲ့ဝေးဝေးနေပါ"
"သူက ကျွန်တော့်ကို သူ့သားလိုပဲ ကောင်းကောင်း ဆက်ဆံတယ်... ကျနော်တို့က အရမ်းတူတယ်လို့ ထင်တယ်"
ချန်ထန် သူ့လက်သီးတွေကို ဆုပ်ထားပြီး ခဏအကြာမှာတော့ ဖြည်းညှင်းစွာ ပြန်ဖြေချလိုက်သည်။
"ဒီည ထပ်တိုက်ကြရအောင်"
ချန်ရှီက ခေါင်းယမ်းလေသည်။
"ဒီည မတိုက်သေးဘူး... ဒီညလည်း ခင်ဗျားကို သေချာ မရိုက်နိုင်လောက်ဘူး... ပြီးတော့ ဦးလေးဝူနဲ့ နေရဦးမယ် အိမ်မှာနေလို့မရဘူး"
ချန်ထန် အနည်းငယ် မျက်မှောင်ကြုတ်ကာ အနည်းငယ်လည်း ကြောက်ရွံ့သွားခဲ့သည်။ ညဘက်တွင် ချန်ရှီ ထွက်သွားပြီး ချန်ထန်အမူအရာမှာ ဖော်ပြရခက်လာသည်။
ချန်ရှီ၊ သူသည် ချန်ဝူရဲ့သား ဖြစ်လာပြီ။
သူအစိုးရိမ်ဆုံးအရာက ဖြစ်လာတော့မည်။
ချန်ရှီ ရောက်လာသည်နှင့် နှစ်ယောက်သား ရှောက်ကျင်ကိုရှာဖွေရန် ကျွိရှန်းအဆောက်အအုံ ကျွိရှန်းမျှော်စင်ဆီသို့ ထွက်သွားကြသည်။
ရှောက်ကျင်သည် ချန်ရှီနဲ့ ပြန်တွေ့ရတော့ အရမ်းပျော်နေပြီး နှစ်ယောက်သား အပြန်အလှန် နှုတ်ဆက်စကားတွေ ဖွဲ့နေကြသည်။
"စာရင်းကိုင်.... အရိပ်ရတဲ့ နေရာကလာတဲ့ အရာတချို့ကို ငွေသားဖြစ်အောင် ပြောင်းလို့ရမလား"
ရှောက်ကျင်က ချက်ချင်း သဘောပေါက်သွားသည်။ သူက ပြုံးပြီး။
"ထုတ်ပြလေ... ကြည့်ကြည့်ရအောင်"
ချန်ရှီ ဖန်တီးခံရှောင်ဝူကို တစ်ချက် ကြည့်လိုက်သည်။ ဖန်တီးခံရှောင်ဝူလည်း လေထဲတွင် မျဉ်းတစ်ကြောင်းကို ညင်သာစွာဆွဲလိုက်ပြီး လေထုကို ပွင့်ထွက်သွားစေကာ မှော်လက်နက်များနှင့် ရတနာများစွာကို ရေကဲ့သို့ စီးကျလာစေရာ အစုလိုက်အပုံလိုက် ဖြစ်သွားသည်။
ရှောက်ကျင်လည်း လန့်သွားပြီး မျှော်စင် တံခါးကို အမြန်သွားပိတ်လိုက်ကာ ထိုရတနာများကို စစ်ဆေးလေသည်။
ဤရတနာထဲတွင် အမျိုးအစားများစွာရှိပြီး အံ့သြဖွယ်စွမ်းအားရှိသော မှော်လက်နက်များအပြင် လက်ဝတ်ရတနာ အမျိုးအစားကလည်း ဆယ်ခုကျော်ရှိပါသည်။ ၎င်းတို့သည် မှော်လက်နက်များ မဟုတ်သော်လည်း မှော်စွမ်းအင်ကို ထိန်းထားသော လက်နက်များ ဖြစ်နေသေးသည်။
ရှောက်ကျင်ခမျာ ဦးရေပြားတွေ တဆတ်ဆတ်တုန်ကာ သူ့အသံကတောင် နည်းနည်း တုန်သွား၏။
"ဒီရတနာတွေက ဘယ်ကလာတာလဲ....နည်းပြ... ငါတို့ အခု ချမ်းသာတော့မယ်!"
ချန်ရှီ : "ရှီးကျင်းက အလောင်းကောင် မိုးတိမ်အကြောင်း စာရင်းကိုင် ကြားဖူးလား"
ရှောက်ကျင် လက်ဖျားခါသွားသည်။ ရှီးကျင်းတစ်ခွင် ပျံ့နှံ့နေသည့် ဤအလောင်းတိမ်တိုက်အကြောင်း ဒဏ္ဍာရီများစွာကို သူကြားသိခဲ့ရသောကြောင့် ဤရတနာများ၏ မူလအစကို ထပ်မမေးတော့ပေ။
"ဒီမှော်လက်နက်တွေကို ရောင်းချဖို့က ခက်တယ်... ဒါပေမဲ့ တခြားဟာတွေကတော့ လွယ်ပါတယ် အဲဒါတွေကို ဖြုတ်ပြီး ပြန်တည်ဆောက်ထားသရွေ့တော့ တခြားသူတွေ မမှတ်မိနိုင်ဘူး... ရောင်းချလို့ မရမှာ စိုးရိမ်စရာ မလိုဘူး"
ရှောက်ကျင် သေသေချာချာ စစ်ဆေးပြီး ဆက်ပြောသည်။
"အဲဒါတွေအကုန်လုံးကို ငွေနဲ့ရှင်းဖို့ အရမ်းခက်တယ်... ငါတို့ ရှင်းကျိုးနဲ့ ရှီးကျင်းကိုရှောင်ပြီး တခြားနေရာတွေမှာ စီးပွားရေးလုပ်ရမယ်"
လုံးဝဂရုမစိုက်တဲ့ ဖန်တီးခံရှောင်ဝူက ဝင်ပြောလာသည်။
"ငါ့ကို ငွေအရင်ပေး... ငါ့မှာ ငွေမရှိဘူး"
ရှောက်ကျင် အံ့အားသင့်သွားစွာဖြင့် ချန်ရှီကို ကြည့်လိုက်သည်။ ချန်ရှီလည်း ညင်ညင်သာသာ ခေါင်းညိတ်ပြီး။
"ပစ္စည်းတွေကို ဖြည်းဖြည်းမှ ရောင်း... ငွေအရင်ပေးလိုက်... ဦးလေးဝူ နောင်သုံးဖို့ ပိုက်ဆံမရှိရင် ကျွိရှန်းမျှော်စင်ကိုပဲ လာခဲ့လိုက်ပါ..."
ရှောက်ကျင်သည် ငွေစက္ကူတစ်ဒါဇင်ကို အမြန်ထုတ်ယူလာကာ ရှင်းပြ၏။
"လက်ရှိမှာ ကျွိရှန်းမျှော်စင်က ရှီးကျင်းနဲ့ ရှင်းရှန်မှာ စဆိုင်တွေ ရှိပါတယ် ဒါပေမဲ့ မကြာခင်မှာ တခြားပြည်နယ်တွေမှာ ဖွင့်တော့မှာပါ... ဦးလေးဝူ ပိုက်ဆံလိုရင် သွားရှာလိုက်လို့ ရပါဆယ်"
ရှောင်ဝူသည် ငွေစက္ကူများကိုယူကာ အလွန်ကျေနပ်သွားတာကြောင့် မျက်နှာက ပြုံးရွှင်နေတော့သည်။
"အိမ်ငှားပြီးရင်တောင် ပိုက်ဆံက အများကြီး ကျန်သေးတယ် လေ့ကျင့်ခန်း ပြန်လုပ်ရအောင်"
ချန်ရှီ သူ့နောက်ကို လိုက်သွားခဲ့သည်။
ရှောက်ကျင် ၎င်းတို့နှစ်ဦးကို ထွက်သွားတာကို စောင့်ပြီးတဲ့နောက် ပြန်လှည့်လာကာ တောင်ကြီးလို စုပုံနေသော ရတနာမျိုးစုံကို ကြည့်ရှုနေသည်။ သူ ကြောင်တက်တက်နဲ့။ ခဏကြာတော့ သူ့ကိုယ်သူ ပါးပြန်ရိုက်ပြီး အိပ်မက်မက်မနေဘူး ဆိုတာ အတည်ပြုလိုက်သည်။
"ပုန်ကန်ဖို့ ငါ့မှာ ပိုက်ဆံရှိပြီ!"
ချန်ရှီသည် ဖန်တီးခံရှောင်ဝူထံမှ ကျိုးထျန်းတကျောက်ကို လေ့ကျင့်ရင်း မြေခွေးစပျစ်သီး မှန်ထဲတွင် ပုန်းအောင်းနေခဲ့သည်။ ကျိုးထျန်းတကျောက်တွင် နတ်ဘုရား ၂,၄၀၀ ရှိပြီး အဆောင်စာလုံးပေါင်း ၂,၄၀၀ ရှိသည်။ အဘိုးဆီက အဆောင်စာလုံး ၁၂၀၀ သာ သင်ကြားခဲ့ပြီး အခြားသူများကိုလည်း မသင်ပေးခဲ့ပေ။
ချန်ယင်တူးသည် လက်ကျန် ၁၂၀၀ လုံးကို လေ့လာလို့ မပြီးသေးသောကြောင့် ဖြစ်သည်။ ထိုအချိန်တွင် သူ၏ စွမ်းအင်အများစုသည် ချန်ရှီကို ကယ်တင်ရန်နှင့် ပြန်လည် အသက်သွင်းရန်သာ အာရုံစိုက်ထားပြီး ဤစာလုံးများကို အပြီးသတ်ရန် အချိန်မရှိပေ။
သို့သော် ဖန်တီးခံရှောင်ဝူသည် ဆယ်နှစ်ကျော်ကြာအောင် ဖိနှိပ်ခံခဲ့ရသော်လည်း ကျိုးထျန်းတကျောက်ကို ပြီးစီးခဲ့သည်။ ကျိုးထျန်းတကျောက် အစီအရင်၏ တချို့နေရာများသည် ပျောက်ဆုံးနေသော အစိတ်အပိုင်းများသာ ဖြစ်ပြီး ဖန်တီးခံရှောင်ဝူက ၎င်း၏ကိုယ်ပိုင် အရည်အချင်းများဖြင့် ဖြည့်စွက်ထားသော်လည်း ၎င်းကို အသုံးပြုလို့ ရနေပြီဖြစ်သည်။
ချန်ရှီသည် လေ့ကျင့်သင်ယူရန် သူ့နောက်သို့လိုက်ကာ ငါးရက် သို့မဟုတ် ခြောက်ရက်အတွင်းတွင် သူသည် စာလုံးပေါင်း ၁၂၀၀ လုံးကို အလွတ်ကျက်ပစ်ခဲ့သည်။
"ကောင်းကင်နှစ်လွှာထဲက လော်ထျန်းတကျောက်နဲ့ ကျိုးထျန်းတကျောက်ကို သစ်သားလှည်းရဲ့ ထီးမှာ ထပ်ထည့်နိုင်ရင် စွမ်းအားက ပိုတောင် အားကောင်းလာလိမ့်မယ်!"
ချန်ရှီ တွေးလိုက်သည်။
သူသည် ယခုကာလတွင် သေးငယ်သော ကောင်းကင်ယံ၌ လေ့ကျင့်နေသဖြင့် ကျင့်ကြံမှု အရှိန်မှာလည်း လျင်မြန်စွာ တိုးတက်လာသည်။ သူ၏ အခြေတည်ဝိညာဉ်သည် အရွယ်အစား သုံးပေအထိ ကြီးထွားလာပြီပဲ ဖြစ်လေသည်။ ဧကရာဇ်ရှောင်းလန်စွမ်းရည်ကလည်း နောက်ဆုံးတွင် ကောင်းကင်အလွှာ ကိုးလွှာအထိ ရောက်သွားခဲ့သည်။
ကောင်းကင်ကိုးလွှာကို အပြည့်အဝ ဖွင့်ထားလိုက်တဲ့အခါ ကျင့်ကြံမှုအရှိန်က ပိုမြန်လာ၏။ တကယ်လို့ ဒီလိုအရှိန်နဲ့ ဆက်လက် လေ့ကျင့်နိုင်ပါက အခြေတည်ဝိညာဥ်ကို ပြီးပြည့်စုံအောင် မွေးမြူဖို့ တစ်လကအများဆုံး အချိန်ယူရမှာပဲ ဖြစ်သည်။
"ကျိုးထျန်းတကျောက်က ကျိုးထျန်းပြောင်းလဲမှုကို ငါ နားလည်ခဲ့တယ်... ရှီးကျင်းကို နတ်တစ္ဆေဘုံလို နေရာဖြစ်အောင် ပြောင်းလဲနိုင်တယ်... အပိုင်း ၃၆၅ ပိုင်း ခွဲပြီး နေရာတစ်ခုစီကို ငါ့ဆန္ဒအတိုင်း ပြန်လည် ဖွဲ့စည်းနိုင်တယ် ပြန်လည် တည်ဆောက်နိုင်တယ်..."
ဖန်တီးခံရှောင်ဝူသည် ချန်ရှီကို ရှီးကျင်း၏ လမ်းများပေါ်တွင် လမ်းလျှောက်ဖို့ ခေါ်ဆောင်သွားခဲ့သည်။ သူ ဒီခြေလှမ်းကို လှမ်းလိုက်တဲ့အခါက အအရှေ့က ချန်အန်းလမ်းက သိသာထင်ရှားပေမယ့်၊ ရုတ်တရက် လမ်းတွေနဲ့ အဆောက်အဦတွေက သူတို့ဆီ ဦးတည်လာပေမယ့် အရိပ်လိုပဲ ဖြတ်သွားသည်။
ချန်ရှီ အံ့သြသွား၏။ ဒီခြေလှမ်းကို လှမ်းပြီးနောက် ချန်အန်း လမ်းကနေ ကွေ့ယန်လမ်းအထိ ခြေလှမ်း တစ်ဒါဇင်ကျော်ကျော်သာ လျှောက်လာခဲ့ကြသည်။ ဒီလမ်းတွေပေါ်မှာ လမ်းသွားလမ်းလာတွေ အများကြီးရှိပေမယ့် ထူးထူးခြားခြား ဘာမှ သတိထားမိပုံ မပေါ်ချေ။
ရှောင်ဝူက အရှေ့ကို လျှောက်လှမ်းရင်းနဲ့ ဆက်ပြောနေသည်။
"ကျိုးထျန်းတကျောက်ကို မင်းနားလည်ထားရင် ကမ္ဘာ့အားကြီးတဲ့ သခင်တွေနဲ့ ယှဉ်ပြိုင်နိုင်လိမ့်မယ် ဒါပေမယ့် နားလည်ဖို့က အရမ်းခက်တယ် ငါ မင်းကို အများကြီး သင်ပေးလို့မရဘူး"
သူက ချန်ရှီကို ရှေ့သို့ ဆက်ဦးဆောင်သွားခဲ့သည်။ သူတို့ရှေ့က ပထဝီဝင်အနေအထားက သိသိသာသာ ပြောင်းလဲသွားပြီး တော်ဝင်နန်းတော် ဖြစ်လာသည်။ နှစ်ဖက်လုံးရှိ အဆောက်အအုံများနှင့် ဘုံဗိမာန်များက သူတို့အနားမှ ဖြတ်သွားကာ အဆောက်အဦတစ်ခုသို့ ရောက်လာခဲ့ကြသည်။ ထိုအထဲ၌ ကြီးကျယ်ခမ်းနားသော အငွေ့အသက်များ ထွက်ပေါ်လာသော သခင်ကြီးဆယ့်သုံးပါး ရှိသည်။ ၎င်းတို့သည် ကမ္ဘာကြီးကို တာဝန်ခံပြီး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည့် အတွင်းရေးဝန်ကြီး ဆယ့်သုံးဦးပဲ ဖြစ်သည်။
ရှောင်ဝူက ထိုအချိန်က ထိပ်တန်းသခင်ဆယ့်သုံးပါးကို ဖြတ်လျှောက်ရန် ချန်ရှီကို ဦးဆောင်ခဲ့သည်။ မိသားစုကြီးများမှ ဤသခင်ဆယ့်သုံးပါးတို့သည် သူတို့ကို မမြင်သကဲ့သို့ အစိုးရ၏ ကိစ္စရပ်များကို အကောင်အထည်ဖော်ရန် ငြင်းခုံနေကြဆဲ။
သူတို့နှစ်ဦးသည် အစိုးရအဖွဲ့မှ ထွက်ခွာပြီးတဲ့အခါ ထက်မြက်သော ဓားအလင်းသည် ကောင်းကင်မှ ထိုးကျလာသည်။ ဖန်တီးခံရှောင်ဝူနဲ့ ချန်ရှီသည် ဓားအလင်းကို ဖြတ်ကျော်သွားသော်လည်း ဓားအလင်းက ၎င်းတို့ကို လုံးဝ မထိခိုက်စေနိုင်ခဲ့ပါ။
ရုတ်တရက် သူတို့ရှေ့က မြင်ကွင်းက ပြောင်းသွားပြန်သည်။ နတ်ဝိညာဥ်များကို ဖြတ်သွားရင်း ရှီးကျင်းရဲ့ မရဏကမ္ဘာမှာ လမ်းလျှောက်နေကြသည်။
ဤနတ်ဝိညာဥ်တို့သည် အထက်တန်း မိသားစုဆယ့်သုံးစုနဲ့ မဟာယာနဘုံက သခင်များဖြစ်သည်။ သူတို့သည် လေထဲ၌ ထိုင်ကာ ပြင်ပကမ္ဘာကို ထိုးဖောက်ဝင်ရောက် ချင်ကြသော်လည်း ၎င်းတို့နှစ်ဦးကို မြင်သောအခါ စကားမပြောရဲကြပေ။
ဖန်တီးခံရှောင်ဝူက ပြုံးလိုက်သည်။
"မင်း လော်ထျန်းတကျောက်နဲ့ ကျိုးထျန်းတကျောက်ကို ကျွမ်းကျင်ပြီးလို့ မင်းအဖေထက် နည်းနည်း ဉာဏ်ကောင်းရင် ကျိုးထျန်း အပြောင်းအလဲတွေရဲ့ နိယာမကို မင်း နားလည်နိုင်မယ်... မင်းရဲ့ နတ်တစ္ဆေဘုံကိုလည်း နားလည်နိုင်မှာပါ... ကြည့်လိုက်...."
သူသည် မဟာပါးကွာ့ အကာအကွယ် အစီအရင်ကို ဆွဲယူပြီး စာလုံးတွေကို သုံးဖက်မြင်တစ်ခုအဖြစ် ဆန့်ထုတ်ကာ ချန်ရှီတစ်ယောက် ပြောင်းလဲမှုဖြစ်စဉ်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်စေရန် ပြသလေသည်။ သုံးဖက်မြင် ပါးကွာ့ စတင်ပြောင်းလဲလာပြီး စာလုံး ရှစ်ခုသည် လေနှင့်မိုး၊ မိုးခြိမ်းသံ၊ အပြာရောင် ကောင်းကင်နှင့် မြေကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ဖန်တီးခံရှောင်ဝူသည် ချန်အကွက်နဲ့ ခွမ်းအကွက်တို့ကို ဖမ်းကိုင်လိုက်သည်။ စာလုံး၂ လုံးကို စွန့်လွှတ်လိုက်ရာ ကောင်းကင်နှင့် မြေကြီးသည်လည်း ဇောက်ထိုးကျသွားသည်။
ချန်ရှီ ကောင်းကင်ကို မော့ကြည့်လိုက်တော့ ရှီးကျင်းက ကောင်းကင်မှာ လွင့်နေပြီး အဆောက်အဦးတွေက မြေကြီးကို မျက်နှာမူနေကြသည်။ လူတွေဟာလည်း ကောင်းကင်ပေါ်က ရှီးကျင်းမှာ လမ်းလျှောက်ရင်း အလုပ်များနေကြပြီး ခံစားချက်မရှိဘဲ လျှောက်သွားနေကြသည်။
"မင်းရဲ့အဘိုးက သူမုန်းတီးတဲ့အရာက အလွတ်ကျက်မှတ်တာလို့ တစ်ခါက ပြောဖူးတယ်... တချို့ အရာတွေကို သင်ယူတဲ့အခါ သေသေချာချာ နားလည်သဘောပေါက်ထားရမယ်... သူက အစတုန်းကဆို အဆိုးရွားဆုံး အရည်အချင်းရှိသူဖြစ်ပေမဲ့ နားလည်သဘောပေါက်ပြီး နားလည်မှုပေးနိုင်တဲ့ စွမ်းအားအရှိဆုံး လူဖြစ်လာတယ်...ငါ သူ့ဆီကနေ မဟာပါးကွာ့ ကိုယ်ခန္ဓာကာကွယ်တဲ့ အစီအရင်ကို သင်ယူခဲ့တယ်... နောက်တစ်ဆင့်ကို အဘွားရှားက ငါ့ဆီ လက်ဆင့်ကမ်းခဲ့တယ်... ဒါပေမယ့် ချန်ခွမ်းပြောင်းလဲမှုက ခန္ဓာကိုယ်ကို ကာကွယ်တဲ့ အစီအရင်ကနေ သိနားလည်ထားတဲ့ နတ်တစ္ဆေဘုံ ဖြစ်လာတယ်... ရှုပ်ထွေးတဲ့ ပါးကွာ့ခန္ဓာကိုယ် ကာကွယ်တဲ့ နည်းလမ်းက ထိပ်တန်းနည်းလမ်း တစ်ခုတော့ မဟုတ်ဘူးဆိုတာ သိသာပါတယ်... ဒါပေမဲ့ နတ်တစ္ဆေဘုံမှာကျ ဘာလို့ ဒီလောက်ကြီးမားတဲ့ စွမ်းအားတွေ ပါနေတာလဲ..."
သူက ချန်ရှီရဲ့ ခေါင်းကို ပုတ်ပြီး ပြုံးပြလိုက်သည်။
"မင်းရဲ့ ဦးနှောက်ကို အသုံးချပြီး ခံစားနားလည်ဖို့လိုတယ်... ဒါက ငါ့အဖေ သင်ပေးခဲ့တဲ့ အကောင်းဆုံးအရာပဲ ငါ မင်းကို လက်ဆင့်ကမ်းပေးမယ် ချန်ရှီကို အနိုင်ယူဖို့က မခက်ပါဘူး ဒါပေမယ့် ဒါကို နားလည်ဖို့က ခက်တယ်"
သူ လှည့်ထွက်သွားပြီး အသံတစ်သံသာ ထွက်လာခဲ့သည်။
"ပြန်သွားပြီး ချန်ထန်ကို အနိုင်ယူလိုက်ပါ... ငါ့ကို မျက်နှာမပျက်ရစေနဲ့..."
ကမ္ဘာကြီးက ပုံမှန်ပြန်ဖြစ်သွားသည်။ ချန်ရှီဟာ စည်ကားတဲ့ လမ်းတွေဆီ ပြန်ရောက်သွားပြီး မလှုပ်မယှက်ဘဲ အကြာကြီး ရပ်နေခဲ့လေသည်။ လမ်းမများပေါ်တွင် သွားလာ လည်ပတ်သူများဖြင့် စည်ကားနေပြီး သူ့အနားမှ ဖြတ်သွားသော အမျိုးသား အမျိုးသမီးများသည် မြို့လယ်တွင် ရှိနေသော သူ့အားကြည့်သွားကြကာ ကမ္ဘာပေါ်တွင် သူတစ်ယောက်တည်း ကျန်နေပုံရတယ်လို့ ခံစားသွားကြသည်။
၎င်းသည် အရိုးရှင်းဆုံး အဆောင်စာလုံး ဖြစ်နေတာ ထင်ရှားသော်လည်း နတ်တစ္ဆေဘုံ ဖန်တီးနိုင်လောက်အောင် နားလည်နိုင်သည်။ ဘယ်လို အရည်အချင်းမျိုး ရှိသလဲ။
ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံးသော ရတနာအိမ်သည် စစ်မှန်သော ဘုရင်ကျန်း ဂူသင်္ချိုင်း၏ အမတကျင့်စဥ် မဟုတ်ဘဲ နေရာတိုင်းတွင် မြင်နိုင်သော အဆောင်စာလုံးတွေ ဖြစ်နေခဲ့တာလား။
အချိန်အတော် ကြာပြီးနောက် ချန်ရှီသည် သူ့ခြေထောက်ကို ရွှေ့ကာ ချန်အိမ်သို့ ပြန်လာခဲ့သည်။ ညစာစားချိန်မှာ ချန်ရှီဟာ ရင့်ကျက် တည်ငြိမ်လာပုံရပြီး ချန်ထန်ကို ဖခင်တစ်ယောက်လို လေးလေးစားစား ဆက်ဆံခဲ့သည်။
ချန်ထန်ကလည်း သူ့သားကို ချစ်တဲ့ဖခင်တစ်ယောက်လို ဂရုစိုက်ပေးသည်။ ညစာစားပြီးသောအခါ ဟေးကော်သည့ ရှေ့သို့လှမ်းကာ ပန်းကန်များကို သန့်ရှင်းရေးလုပ်ပြီး ခန်းမဆောင်မှ ထွက်ကာ သားအဖနှစ်ယောက်ကို ထားခဲ့လိုက်သည်။
"ရှောင်ဝူ မင်းကိုအများကြီး သင်ပေးခဲ့တာလား?"
ချန်ထန်က ပေါ့ပေါ့ပါးပါးနဲ့ ဆို၏။
"မင်း အခုသုံးလို့ရပြီ"
ချန်ရှီက ပြုံးပြီး :"ချန်ထန်... ဦးလေးဝူက ကျနော့်ကို အများကြီး သင်ပေးတယ် ဒါပေမယ့် ဒါတွေက ခင်ဗျားအပေါ် အသုံးမဝင်ဘူး"
ချန်ထန် ရယ်လိုက်သည်။
"မင်း မတတ်ခဲ့ဘူးလား?"
"ချန်ထန်... ခင်ဗျား အထက်တန်းစား မိသားစုင အမာခံကလေးတွေကို ဆရာကြီးတွေလို့ ခေါ်တာ တွေ့ဖူးတယ်... ဒါပေမယ့် သူတို့က ဘာမှတောင်မဟုတ်ကြဘူး..."
"မင်း ချီးရှာဘုံကျောင်းက အဲဒီလူတွေအကြောင်း ပြောနေတာလား... ငါပြောခဲ့တဲ့ အမာခံကလေးတွေက သူတို့တော့ မဟုတ်ဘူး... မိသားစုကြီးဆယ့်သုံးခုက လက်ရှိဘိုးဘေးတွေ... သူတို့က အခု အနတ္တပြန်ခြင်းဘုံ ရောက်နေကြပြီ သူတို့က ချီးရှာဘုံကျောင်းမှာ မင်းတွေ့ခဲ့တဲ့ လူတွေနဲ့ ယှဉ်လို့မရတော့ဘူး"
"ကျနော် ချီးရှာဘုံကျောင်း ရောက်သွားတာကို သိတယ်လား "
"မင်း သန့်သန့်ရှင်းရှင်း မလုပ်ခဲ့ဘူး မင်းက ချန်ယင်တူးလိုပဲ ကြမ်းတယ်... ငါ သွားကြည့်ရတာပေါ့"
"ချန်ယင်တူးက ခင်ဗျားအဖေပါ။ စကားပြောတဲ့အခါ ယဉ်ကျေးရမယ်... ဆိုတော့ တကယ့်မိသားစုရဲ့ အမာခံကလေးတွေနဲ့ တိုက်ခိုက်ဖူးလား ရလဒ်က ဘယ်လိုလဲ"
"မင်းငါ့ကိုရိုက်ရင် သူတို့ကို ရိုက်နိုင်လိမ့်မယ်"
ချန်ထန်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
ချန်ရှီ ပြုံးပြီး :"ကောင်းပြီ"
ဟေးကော် တံခါးအပြင်မှာ စောင့်နေ၏။ ထိုစဥ် ရုတ်တရက် ပင်မခန်းမအတွင်း လေပြင်းတိုက်သံကို သူ ကြားလိုက်ရသည်။ အနောက်ကို လှမ်းကြည့်လိုက်တော့ ချောင်ကျနေတဲ့ အခန်းရဲ့ နေရာတိုင်းမှာ အရိပ်အယောင်တွေ မြင်လိုက်ရလေ၏။ ရုတ်တရက် ဝုန်းကနဲ ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။ ချန်ရှီသည် နံရံတွင်ကပ်လျက် ချန်ယင်တူးရဲ့ ကမ္ဗည်းပြားကို ပြုတ်ကျလုနီးပါး ထိမှန်သွားခဲ့သည်။ ချန်ထန်သည်လည်း မြေပြင်ပေါ်သို့ ကပ်လုနီးပါး အနောက်သို့ ပျံထွက်သွားပြီး ခြံတွင်းရှိ ကျောက်တုံးများကို ပြင်းပြင်းထန်ထန် ဝင်တိုက်ပစ်၏။
ဟေးကော် လန့်သွားသည်။
ဗုန်း!
ချန်ထန်သည် ကျောက်တုံးကြီးအောက်ရှိ ရေကန်ထဲသို့ လွင့်ကျသွားသည်။ ခန်းမဆောင်ကြီးမှ လေးလံသော အရာဝတ္ထုများ မြေပြင်ပေါ်သို့ ပြုတ်ကျလာသော အသံများကတော့ ချန်ရှီ နံရံမှ ပြုတ်ကျလာသောကြောင့်ပင်။
ဟေးကော်၏ နားရွက်များ ပျော့သွားကာ မတ်တပ်ရပ်ကာ အမြီးကို ယမ်းကာ ထွက်ခွာသွားခဲ့သည်။
ဖန်တီးခံရှောင်ဝူသည် ချန်အိမ်ခေါင်မိုးပေါ်တွင် ထိုင်ချလိုက်ပြီး ဤမြင်ကွင်းကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
"ကောင်းလိုက်တဲ့ တိုက်ပွဲ!"
ဟေးကော် မော့ကြည့်တော့ သူက မရှိတော့။
ခဏအကြာတွင် ချန်ရှီနဲ့ ချန်ထန်ဟာ တံစက်မြိတ်အောက်တွင် ထိုင်နေကြ၏။ တစ်ယောက်က ပွန်းပဲ့နေသော မျက်နှာနှင့် တစ်ဖက်ကလည်း သူ့ခန္ဓာကိုယ်ပေါ်တွင် သွေးထွက်သံယို အပေါက်များစွာ ပေါက်လျက် ရှိနေပြီး ထိုနေရာတွင် ထိုင်နေလေသည်။
"ချန်ထန်... ခင်ဗျား နည်းနည်းရက်စက်တယ်!"
ချန်ရှီ သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို ကြည့်ပြီး ပြောလိုက်သည်။
"မင်းငါ့ကို ပေါင်ခြံနဲ့ ရိုက်ပြီး မျက်လုံးကို ထိုးလိုက်တာ!"
ချန်ထန်ကလည်း မည်းမှောင်သော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။ ချန်ရှီဘက်က ခဏလောက် နှုတ်ဆိတ်နေပြီးမှ ဆို၏။
"ချန်ထန် ကျနော်ခင်ဗျားကို အနိုင်ယူနိုင်ပြီ။ ကျနော် အခု အစွမ်းထက်နေပြီ... ထိပ်တန်း ပညာရှင် ဖြစ်ချင်တယ် ကျနော့်ကို ထောက်ခံပေးရမယ်"
"ထိပ်တန်းပညာရှင် နေရာအတွက် တိုက်ပွဲဝင်တာက မင်းကို အန္တရာယ်ဖြစ်စေလိမ့်မယ်... သခင်လေးက ထိပ်တန်းပညာရှင် နေရာကို အနိုင်ယူဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ မင်းသူနဲ့ တိုက်ရင် မင်းရှုံးအောင် ဘာပဲလုပ်လုပ် သူလုပ်လိမ့်မယ်"
ချန်ရှီ မျက်ခုံးပင့်လိုက်ပြီး :"ထိပ်တန်း ပညာရှင်အတွက် ကျနော့်တိုက်ပွဲက ခင်ဗျားကို အရှက်ရစေလား ခင်ဗျားရဲ့ တရားဝင်အလုပ်ကို နှောင့်နှေးသွားစေတာလား"
"မင်းငါ့ကို ဘယ်လိုပြောနေတာလဲ"
ချန်ထန် ဒေါသထွက်ကာ ရုတ်တရက် ထရပ်လိုက်သည်။
ဟေးကော်သည် အဝတ်အစားအသစ်ကို ကိုင်ထားပြီး ၎င်းတို့ကို ပို့ပေးတော့မည် ဖြစ်သော်လည်း ထိုစကားကို ကြားသောအခါ သူ ရပ်လိုက်ရသည်။
ချန်ရှီ: "ဒီထိပ်တန်းပညာရှင်အတွက် ကျနော် တိုက်ပွဲဝင်ရမယ်... ချန်ထန် ခင်ဗျား စာမေးပွဲမဖြေခင် ရှီးကျင်းကိုသွားခဲ့တယ် အဆင့်၁၄ပဲ ရခဲ့တာက ခင်ဗျား သူတို့နဲ့ မပြိုင်ဝံ့လို့... ခင်ဗျားက သူရဲဘောကြောင်တာပဲ ကျနော်ကတော့ ခင်ဗျားလို သူရဲဘောမရှိကြောင်ဘူး... လုပ်ချင်ရင် လုပ်ချပစ်မှာပဲ!"
ချန်ထန် ဒေါသတကြီးနဲ့ သူ့လက်ကို မြှောက်လိုက်သည်။ ချန်ရှီကလည်း မတ်တပ်ထရပ်ပြီး လည်ပင်းကို မတ်မတ်ထားပြီး မျက်နှာကို ထိုးပေးထားသည်။
"လာရိုက်လေ... ဘာလို့ မလုပ်တာလဲ? အဘိုး ကျနော့်ကို ကယ်တင်ပြီးကတည်းက ခင်ဗျား ကျနော်တို့ကို တစ်ခါမှ ပြန်လာမတွေ့ဘူး"
ချန်ရှီ ဒေါသတကြီး အော်လိုက်သည်။
"နှစ်သစ်ကူးလည်း ပြန်မလာဘူး အားလပ်ရက်တွေမှာလည်း ပြန်လာမလာဘူး အဘိုးဆုံးတာလည်း ခင်ဗျား ပြန်မလာဘူး... ချန်ဝူက လူဆိုးပဲ၊ ဒါပေမယ့် သူက အဘိုးဆီ ပြန်လာပြီး ကန်တော့ရကောင်းမှန်း သိတုန်းပဲ... ခင်ဗျားက ချန်ဝူလောက်တောင် အဖြစ်မရှိဘူး! လာလေ! ရိုက်လိုက်... ခင်ဗျားရဲ့သားကို ရိုက်လိုက်စမ်း!"
ချန်ထန်သည် သူ့ကြောင့် ခြေတစ်လှမ်း ပြန်ဆုတ်သွား၏။ ချန်ရှီက ရှေ့ကို ငုံ့ပြီး ကဲ့ရဲ့ လှောင်ပြောင်လိုက်သည်။
"ခင်ဗျားက ကျနော့်ကို အဘိုးနဲ့ ကျေးလက်မှာ ထားခဲ့တာ။ ကျနော့်ကို ဘယ်တုန်းကမှ မမွေးခဲ့ဖူးသလို အဘိုးကို သင်္ချိုင်းမှာ မတွေ့ဖူးလိုပဲ ! ဒါတောင် ခင်ဗျားကကျနော့်ကို ရိုက်ချင်သေးတယ် သေအောင်ရိုက်လိုက်လေ... ဘာပဲဖြစ်ဖြစ် ကျနော်က ခင်ဗျားရဲ့သား မဟုတ်ဘူး ခင်ဗျားက မိန်းမစိုးဖုန်းလောက်တောင် မတော်ဘူး... မိန်းမစိုးဖုန်းက ကျနော့်ကို ကူညီဖို့ ဒီနေ့အထိ သူရဲကောင်းမှန်း သိနေသေးတယ် ချန်ထန်! ကျနော့်အမေရှေ့မှာ၊ အဘိုးရဲ့ ဝိညာဉ်ကမ္ဗည်းပြား ရှေ့မှာ ရိုက်လိုက်!
ချန်ထန် ဒေါသတကြီး အော်လိုက်ပြီး သူ့လက်ကိုရုတ်တရက် ပြန်ရုတ်သိမ်းလိုက်သည်။
"ငါက မင်းရဲ့လုံခြုံရေးအတွက် စိတ်ပူတာ!"
ချန်ရှီက လှောင်ပြောင်ရင်း :"ချန်ထန်... ခင်ဗျားရဲ့သားကောင်းနေရာမှာ ဒီနေ့ကစပြီး ကျနော် မနေဘူး... ဒီထိပ်တန်းနေရာအတွက် တိုက်ပွဲဝင်မယ်! သခင်လေးကိုလည်း သတ်မယ် !"
"မင်း ပုန်ကန်ချင်နေတာ!" ချန်ထန် ဒေါသနဲ့ တုန်နေ၏။
"ပုန်ကန်မယ်!"
ချန်ရှီသည် ဘုံကျောင်းငယ်အား ယဇ်ပူဇော်ပြီး အဆောင်နတ်ထျန်းကျီးကို သူ့ရှေ့ရှိ နတ်ကွန်းပေါ်သို့ ပစ်ချလိုက်သည်။
အဆောင်နတ်ထျန်းကျီးက ယခုအချိန်တွင် သူ့ခန္ဓာကိုယ်ကို ပြုပြင်နေဆဲဖြစ်သည်။ သူ့ခန္ဓာကိုယ် အများစုကို ပြုပြင်ပြီးပြီ။ သူ့လက်တွေ ထွားလာပြီး တင်ပါးကလည်း ကြီးလာသည်။ သို့သော် ခြေထောက်မပါသော မြေကြီးပေါ်တွင်သာ ထိုင်နေကာ နည်းနည်းတော့ ရူးနေတုန်းပါပဲ။ ချန်ထန်ကို မြင်သောအခါ ရုတ်တရက် မှတ်မိသွားပြီး။
"ချန်ထန်... မင်းအဖေက မင်းကို အိမ်ပြန်ခိုင်းတယ်"
ခေတ္တရပ်ပြီး "မင်းအဖေက မင်းကို လွမ်းတယ်"
ချန်ထန် တုန်လှုပ်သွားပြီး သူ့မျက်နှာပေါ် မျက်ရည်တွေ စီးကျလာသည်။
အဆောင်နတ်ထျန်းကျီးက ရုတ်တရက် ရူးသွပ်သွားပြီး သူ့ကို မြေပြင်ပေါ်သို့ လှဲသိပ်ချလိုက်သည်။ သူက လက်ရှစ်ချောင်းကို မြှောက်ပြီး ပြင်းပြင်းထန်ထန် ရိုက်နှက်တော့သည်။
"ရှောင်ဝူ! မင်းငါနဲ့ သေတဲ့အထိ တိုက်ရဲလား!"
ချန်ရှီ လန့်သွားပြီး အဆောင်နတ်ထျန်းကျီး သူ့ကို အသေရိုက်မှာကို စိုးရိမ်တဲ့အတွက် ဘုံကျောင်းငယ်လေးဆီ အမြန် ပြန်ခေါ်သွင်းခဲ့ရသည်။ အဆောင်နတ်ထျန်းကျီးလည်း နတ်ကွန်းပေါ်သို့ တက်သွားသည်။
ချန်ရှီ ချန်ထန်ကို ကြည့်လိုက်သော် ချန်ထန်မှာ မှိန်းနေသော မျက်နှာဖြင့် မြေပြင်ပေါ်တွင် ထိုင်နေသည်ကိုသာ မြင်လိုက်ရသည်။
"မင်း တကယ် ထိပ်တန်းပညာရှင် ဖြစ်ချင်တာလား"
ချန်ထန်က သူ့ခြေထောက်ကို တလှုပ်လှုပ်နဲ့ မတ်တတ်ထရပ်ရင်း ဆို၏။
"အဲဒီတုန်းက ငါ ထိပ်တန်း ပညာရှင် မဖြစ်ရဲခဲ့ဘူး... ဒါပေမယ့် ငါ့သားက ထိပ်တန်း ပညာရှင် ဖြစ်ချင်တယ် ဆိုရင် ငါ သေချာပေါက် ထောက်ခံမှာပါ"