← Chapters

ရင်သပ်ရှုမောဖွယ် ရှီးကျင်း

Vol. 20 Ch. 295

ရင်သပ်ရှုမောဖွယ် ရှီးကျင်း

Vol. 20 Ch. 295

ရှီးကျင်းက နက္ခတ်တာရာ အကြီးအကဲသည် နက္ခတ်တာရာကြည့်စင်က အရာရှိများအားလုံးကို ညသန်းခေါင်ယံအချိန်တွင် ရှီးကျင်းမြို့အတွင်းမှ မှော်လက်နက်များ အားလုံးကို စောင့်ကြည့်​နေရာမှ ရပ်တန့်ပြီး သုံးနာရီအထိ မြို့တွင်း၌ ဖြစ်ပျက်ခဲ့သမျှကို မှတ်တမ်းတင်ခြင်းအား ရပ်တန့်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။

ဤအမိန့်ကို ချမှတ်ပြီးနောက် နက္ခတ်တာရာဌာနမှ အရာရှိငါးဦးဖြစ်သော ဌာနမှူး၊ ကျူပု၊ ကာကွယ်ရေး ပေါင်ကျန်းကျန့်၊ ချွဲ့ဟူကျန့်၊ ကျန်းဟော်၊ စီးလိ၊ ဆရာကြီးတို့ အပါအဝင် အရာရှိရာထူး မရှိသော အရာရှိငယ်တစ်စုတို့သည် အတွင်းမြို့ကို စောင့်ကြည့်နေသော မှော်လက်နက်များဖြစ်သည့် ငလျင်တိုင်းတာစက်၊ အခြားလက်နက်ကိရိယာများ၊ မြေကြီးနှင့် ရတနာစက်လုံးများ၊ ​ကောင်းကင်စာအုပ်၊ မြေကြီးစာအုပ် ရတနာများကို အနားယူရန် အမိန့်ပေးခဲ့သည်။

တစ်ချိန်တည်းမှာပင် ကုံးထျန်းအိမ်တော်ကလည်း ယမန်အပြေးသမား အားလုံးကို ယနေ့ညတွင် တာဝန်မထမ်းဆောင်တော့ဘဲ အိမ်ပြန်အနားယူရန် လျှို့ဝှက်အမိန့် ထုတ်ပြန်ခဲ့သည်။ ၎င်းတို့က မြို့တွင်း၌ ဖြစ်ပျက်ခဲ့သမျှကို မသိသော်လည်း ဘာမှမမေးကြချေ။

အစိုးရရုံးက အပြေးသမားတွေကတော့ ဒါကိုကြားတော့ အံ့သြစွာဖြင့် အိမ်ပြန်သွားခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် အတွင်းမြို့ကို စောင့်ကြပ်နေသော နတ်ယန္တရားစခန်းမှ စစ်သည်များသည် ၎င်းတို့၏ သေနတ်များကို အပြင်သို့ ချိန်ရွယ်ထားကြသည်။ ၎င်းတို့အား မြို့တွင်းသို့ ပစ်ခတ်ခြင်း သို့မဟုတ် အမြောက်များကို ပစ်ခတ်ခြင်းမပြုသည့်အပြင် မြို့တွင်းသို့ ဝင်ရောက်ခြင်းကိုလည်း တားမြစ်ထားသည်။

  ……

လျှို့ဝှက်အမိန့်များ ဆက်တိုက် ထွက်ပေါ်လာပြီး မည်သည့်လှုပ်ရှားမှုမှ မရှိဘဲ တိတ်ဆိတ်သွားကာ အစိုးရ အသီးသီးမှ အရာရှိများ အိပ်ပျော်သွားကြသည်။ အတွင်းမြို့သည် ယခင်ကဲ့သို့ တိတ်ဆိတ် ငြိမ်သက်လျက် ရှိသည်။

ရှီးကျင်းမြို့၏ အတွင်းပိုင်းသည် အရပ်သားလမ်းများမပါဘဲ တရားဝင် အရာရှိလမ်းများနှင့် ပြည့်နေသည်။ လမ်းတွေက ညီညာပြီး မောင်းလို့ အဆင်ပြေပေမယ့် အခု ညသန်းခေါင်ကျော်နေပြီမလို့ ရထားလုံးက လမ်းတွေပေါ်မှာ မရှိတော့ချေ။

ညကင်းစောင့်၏ အသံသည်လည်း ပျောက်ကွယ်သွားပြီး ခွေးဟောင်သံတောင် မကြားရ။

ချန်အိမ်သို့ ဦးတည်သော ကန်းယန်လမ်းတွင် ဖူကျန့်နန်းဆောင်က ခေါင်းဆောင် အကြီးအကဲ ရွှေရွှမ်းကျစ်၊ ဘယ်လက်ရုံး ချင်စူး ၊ ညာလက်ရုံး ဖန့်ဖောင်တို့အပြင် နောက်ထပ် လူတချို့လည်း နေရာယူထားကြသေးသည်။

သူတို့သုံးယောက်သည် လမ်းအဆုံးရှိ ချန်စံအိမ်ဆီသို့ ဖြည်းညှင်းစွာ လမ်းလျှောက်လာကြသည်။ အတွင်းမြို့ထဲ၌ အထက်တန်း အရာရှိများ၏ အိမ်များနှင့် ပြည့်နေသောကြောင့် ပေါ့ပေါ့တန်တန် မသွားလာရဲကြချေ။ ၎င်းတို့တစ်ဦးစီသည် အနည်းဆုံး တတိယအဆင့်အရာရှိများသာ ဖြစ်ကြပြီး ဒီနေရာမှာက မြို့စားသုံးပါးနှင့် နိုင်ငံတော်မဏ္ဍိုင်တို့၏ အိမ်များပင် ရှိကြသည်။ ဒီကြောက်စရာကောင်းတဲ့ အကောင်တွေကို နှောင့်ယှက်တာက နည်းနည်းတော့ ဆိုးလိမ့်မည်။

ဤအိမ်ကြီးများသည် အလင်းရောင်တစ်ခုမှ မရှိဘဲ အမှောင်ထဲ နေခဲ့တာ ကြာပါပြီ။ ကောင်းကင်တွင် လရောင်က လင်းလက်နေပြီး လူသုံးယောက်၏ အရိပ်များကို မြေပြင်ပေါ်တွင် နှစ်ပေ သို့မဟုတ် သုံးပေမျှသာ ရှည်လျားစေသည်။

လမ်းပေါ်ရှိ တံစက်မြိတ်အောက်၊ မှောင်ရိပ်ထဲတွင် သိုးစိမ်းတစ်ကောင်သည် နံရံကို မှီ၍ သူ့ဘာသာသူ ရေရွတ်နေသလိုမျိုး အိမ်ကြီး၏ တံခါးနတ်ဘုရားနှင့် စကားစမြည် ပြောနေပါသည်။

ဒီအိမ်ကြီးကတော့ ဆရာရှောက်အိမ်တော် ဖြစ်ပြီး အဲဒီမှာ ချိတ်ဆွဲထားတဲ့ တံခါးနတ်ဘုရားတွေက သဘာဝအတိုင်း ထူးခြားပါသည်။ ၎င်းတို့သည် နတ်ဆိုးများကို သတ်ဖြတ်ရန် နှင့် သုတ်သင်ရန် ချထားရာ ဘယ်နတ်ဆိုးမဆို ကျူးကျော်လာပါက တံခါးနတ်ဘုရားနှစ်ပါးထံမှ ကိုယ်တစ်ပိုင်း သေတဲ့အထိ အရိုက်နှက်ခံရလိမ့်မည်။

သို့သော်လည်း ယခုအခါတွင် တံခါးနတ်ဘုရားနှစ်ပါးသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ခြေထောက်များ လက်များကို ချည်နှောင်ခံထားရကာ မလှုပ်ရှားနိုင်တော့ပေ။

နတ်ဆိုးကို အာရုံခံစားမိပေမဲ့ ဒီနတ်ဆိုးရဲ့ ခွန်အားက အရမ်းပြင်းတာကြောင့် မတားနိုင်ရုံသာမက ရိုက်နှက်တာကိုလည်း ခံခဲ့ရသေးသည်။

"ငါ့ရဲ့ပစ်မှတ်က မင်းတို့ရဲ့မိသားစု မဟုတ်ဘူးလို့ ပြောခဲ့သားပဲ... ဒါပေမယ့် မင်းတို့က နားမထောင်ဘဲ တိုက်ခိုက်ဖို့ပဲ အတင်းတိုက်တွန်းနေတာက်ု"

သိုးစိမ်းသည် ရေရွတ်နေဆဲ ဖြစ်ပြီး ရွှေရွှမ်းကျစ်နဲ့ တခြားနှစ်ကောင်ကို မြင်သောအခါ သူ၏သိုးနားရွက်များကို ထောင်ကာ အရိပ်များထဲမှ ထွက်လာခဲ့သည်။

"ချန်ထန်လေး ပြောတာ မှန်တယ်... တကယ်ဖြစ်နေပြီပဲ... မင်းတို့ သေးသေးလေးသုံးကောင် အဘိုး ချင်းယန်နဲ့နေခဲ့စမ်း!"

ရွှေရွှမ်းကျစ်၊ ချင်စူးနဲ့ ဖန့်ဖောင်တို့က ရပ်တန့်ကာ လမ်းတစ်ဖက်သို့ လှမ်းကြည့်လိုက်သည်။ အရိပ်ထဲတွင် နူးညံ့သိမ်မွေ့သော အမျိုးသမီးငယ်တစ်ဦး လက်ထဲတွင် ပန်းတောင်းကို ကိုင်ဆောင်ကာ အပြုံးတစ်ပွင့်ဖြင့် ကြည့်နေတာ တွေ့လိုက်ရသည်။

ရွှေရွှမ်းကျစ်: "ကန်ငါးကန်က လူဆိုးခြောက်ယောက်... ချန်ယင်တူး၊ ချင်းယန်၊ တုယိရန်၊ ဟူရှောင်လျောင်၊ ချောင်ကျိုးနဲ့ ရှားချိုးထုန်... ချောင်ကျိုးက တနန်ရေကန်မှာ နေထိုင်ပြီး ပျားတွေကို လွှတ်တယ်... တုယိရန်က ဟွမ်ရှီတောင် တောင်မှာ ဓားပြတိုက်ခဲ့တယ်။ ချန်ယင်တူး သေပြီး နတ်ဆိုးဖြစ်လာဖို့ မြေအောက်ကမ္ဘာကို ရောက်သွားတယ်... လူဆိုးခြောက်ယောက်မှာ သားဖြစ်သူကို သတ်ခဲ့တဲ့ စွန့်ပစ်အမျိုးသမီး ရှားချိုးထုန်ပဲ ကျန်တော့တာ... ချင်းယန်က ဒဏ်ရာတွေနဲ့ သေဆုံးသွားတဲ့ ဝိညာဉ်ဆိုးအဖြစ် ပြောင်းလဲသွားတယ်... ချင်းယန်နဲ့ ရှားချိုးထုန် ရောက်လာပြီဆိုတော့ သေခြင်းတရားနဲ့ နတ်တစ္ဆေဘုံမှာ ပုန်းအောင်းနေတဲ့ တခြားသူရဲဘောကြောင်တဲ့သူ ဟူရှောင်လျောင်လည်း ရောက်လာလောက်ပြီ..."

သူပြောပြီးသည်နှင့် တပြိုင်နက်တွင် အမြီးကိုးချောင်းရှိသော မြေခွေးတစ်ကောင်သည် အဘွားရှား၏ ခေါင်းထက်မှ တံစက်မြိတ်​ပေါ်မှ ထွက်လာကာ နံရံတစ်လျှောက် ဤဘက်သို့ လျှောက်လာခဲ့သည်။

"မင်းက ဖူကျန့်နန်းဆောင်က အကြီးအကဲလား မင်း အများကြီး သိထားတာပဲ.."

ရွှေရွှမ်းကျစ်က အနည်းငယ် ပြုံးပြလေသည်။

"ငါ စန့်ရန်တွေကို အမြဲတမ်း ကောင်းကောင်း သိပါတယ်... မင်းတို့သုံးယောက် ငါ့လမ်းကို ပိတ်ဆို့ဖို့ လာမယ်ဆိုတာလည်း ငါ သိပြီးပြီ.... ဆိုတော့ အဆင်သင့် မပြင်ထားတာမျိုးက မဖြစ်သင့်ဘူးလေ..."

ဒီလိုပြောတဲ့အခါ လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ယောက်က ဘယ်ဘက်နဲ့ ညာဖက်မှာ တစ်ယောက်က ပုခုံးကျယ်ပြီး ဝမ်းဗိုက်ကြီး​ကြီးတွေနဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု ပုံပန်းသဏ္ဌာန်များဖြင့် ထွက်လာလေ၏။

သူတို့သည် အတိအကျနီးပါး တူညီနေကြကာ ၎င်းတို့တစ်ဦးစီ၏ နောက်ကွယ်တွင် နတ်အလင်းတစ်ခု ရှိနေပြီး အနတ္တလေဟာပြင်ဘုံက ထင်ရှားစွာ ရှိနေသည်။ ထိုနှစ်ဦးသည် စစ်စခန်းငါးခု၏ ဘယ်ညာတပ်မှူးများဖြစ်ပြီး တရားရုံးတွင် ပထမအဆင့် အရာရှိများဖြစ်တာကြောင့် တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ကွပ်ကဲနိုင်သည်။

ရှမိသားစုက မွေးဖွားလာပြီး တစ်ယောက်မှာ ရှဖောင့်ဟဲ့နဲ့ တခြားတစ်ဦးမှာ ရှရှိုးယင်း ဖြစ်သည်။ အမွှာသခင် နှစ်ဦးဖြစ်ပါ၏။

အဘွားရှား၊ ချင်းယန်နဲ့ ကောင်းကင်မြေခွေးတို့သည်လည်း အနည်းငယ် လေးနက်လာသော အသွင်အပြင်ဖြင့် တပ်မှူးနှစ်ဦးကို မျက်လုံးများ စိုက်ကြည့်​နေကြသည်။

ရွှေရွှမ်းကျစ်နဲ့ တခြားနှစ်ယောက် ​ဖြတ်လျှောက်သွားခဲ့သော်လည်း အဖွားရှားနဲ့ ကျန်နှစ်ယောက်က သူတို့ကို မတားခဲ့ချေ။

"ငါနဲ့ အတူ မရဏကမ္ဘာကို သွားပြီး ပျော်လိုက်ရအောင်!"

အဖွားရှား ခြေတစ်ဖက်ကို နင်းချလိုက်တာနဲ့ ယင်နှင့်ယန်တို့ ကွဲသွားကြသည်။ လမ်းတစ်လမ်းလုံး နစ်မြုပ်ပြီး မရဏကမ္ဘာသို့ ဝင်ရောက်သွား၏။ သက်ရှိကမ္ဘာရှိ ကန်းယန်လမ်းသည် မရဏကမ္ဘာထဲ နစ်မြုပ်သွားသော်လည်း အခြားလမ်းတစ်ခုကဲ့သို့ပင် ရှိနေသေးသည်။ သူမသည် ငယ်ရွယ်စဉ်အခါကလို ကျင့်ကြံမှု အင်အားက ပိုမိုအားကောင်းလာခဲ့သည်။

ရှဖောင့်ဟဲ့နဲ့ ရှရှိုးယင်းတို့က အနည်းငယ် ပြုံးလိုက်ကြသည်။ နှစ်ယောက်သားက တစ်ချိန်တည်းမှာပင် ရှေ့သို့ ခြေတစ်လှမ်း တိုးလာကာ ပြိုင်ဆိုင်မှုမရှိသော အရှိန်အဟုန်ကို ထုတ်လိုက်သည်။

ရွှေရွှမ်းကျစ်နဲ့ အခြားနှစ်ယောက်သည် ခြေလှမ်းပေါင်း ဒါဇင်ပေါင်းများစွာ ရှေ့ကို လျှောက်လှမ်းခဲ့ကြသည်။ သစ်သားဘီးတပ်ကုလားထိုင်က လမ်းလယ်မှာ ရပ်ထား၏။ မုတ်ဆိတ်မွေးမရှိသော မျက်နှာဖြူဖြူ မိန်းမစိုးသည် ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်ကာ ရောက်လာသော လူသုံးဦးကို ပြုံးပြ​မေသည်။

"ကျင်းရှန်းစန့်ရန် ရွှေရွှမ်းကျစ်... မင်းနာမည်ကြီးကို ငါကြားဖူးနေတာ ကြာပါပြီ..."

မိန်းမစိုး ဖုန်းထျန်းဟွမ့်က ဘီးတပ်ကုလားထိုင်မှာ ထိုင်ပြီး လှမ်းပြောသည်။

"စန့်ရန်ဟောင်းတွေထဲမှာ မင်းက အငယ်ဆုံးဘဲ။ မင်း အသက် ၂၃ နှစ်မှာ အနတ္တပြန်ခြင်းဘုံထဲ ဝင်ခဲ့တယ် မဟုတ်လား။ မင်း ဒီနှစ် ၅၁ နှစ်ရှိပြီ... မဟာယာနနယ်ပယ်ကို အောင်မြင်စွာ ဖြတ်ကျော်ဝင်ရောက်ဖို့ ရှစ်နှစ်ပဲလိုတယ် မင်းရဲ့ အရှိန်က အရမ်းမြန်လွန်းတယ် မင်းကို ကျော်ဖြတ်နိုင်တဲ့ ပါရမီရှင်တွေ အများကြီးရှိတယ်... သူ့ကိုအဲ့လောက်တောင် သစ္စာရှိလား?"

ရွှေရွှမ်းကျစ်ကလည်း: "တံဆိပ်ကို ကိုင်ဆောင်ထားတဲ့ မိန်းမစိုး ဖုန်းထျန်းဟွမ့်က အရှေ့စက်ရုံရဲ့ ကြီးကြပ်ရေးမှူး... မိသားစု ၁၃ စုကို နှစ်ပေါင်းများစွာ တစ်ယောက်တည်း တိုက်ခိုက်နေခဲ့​တာ... လွန်ခဲ့သည့် ဆယ့်တစ်နှစ်က ချန်ယင်တူးကြောင့် ဒဏ်ရာရပြီး မသန်မစွမ်းဖြစ်ခဲ့ရတယ်... လွန်ခဲ့တဲ့ ဆယ့်ခုနစ်က အနောက်ဘုရင် တံဆိပ်တုံးကို ခိုးယူခဲ့တယ်... ဖန်တီးခံရှောင်ဝူက ရှီးကျင်း ရောက်လာတော့ အရှေ့စက်ရုံရဲ့ ကြီးကြပ်ရေးမှူး ရာထူးကနေ နှုတ်ထွက်သွားခဲ့တယ်...."

မိန်းမစိုးဖုန်းက အံ့အားသင့်သွားပြီး။

"မင်းအများကြီး သိပေမယ့် ငါ့ကို ဆဲဆိုမနေနဲ့လေ... ရှောင်ဝမ်စွင်း ကျောက်စိမ်းတံဆိပ်တုံးကို ခိုးယူဖို့ ငါ ဘယ်တုန်းကမှ ခွင့်မပြုခဲ့ဘူး!"

ရွှေရွှမ်းကျစ်က အေးစက်စွာ ပြောသည်။

"မိန်းမစိုးဖုန်း... မင်းက မကောင်းတဲ့ စစ်တုရင်ကစားသမားပဲ... မိသားစု ၁၃ စုနဲ့ ယှဉ်ပြိုင်ဖို့ ကမ္ဘာကြီးကို စစ်တုရင်ခုံအဖြစ် အသုံးချချင်သေးတာ... မင်းရာထူးက ဆင်းပြီးရင်တော့ ဘယ်တော့မှ ပြန်မလာတော့နဲ့"

သူ့နောက်မှ ခြေသံများ ထွက်လာသည်။

အရှေ့စက်ရုံမှ ကြီးကြပ်ရေးမှူးအသစ် ရန့်ရွှမ်းထျန်းနဲ့ တံဆိပ်ခေါင်း တာဝန်ခံအသစ် ပိုင်စစ်ဟိုင်တို့ လမ်းလျှောက်လာခဲ့သည်။ ဤမိန်းမစိုးနှစ်ယောက်၏ ကျင့်ကြံမှုကလည်း အလွန်အစွမ်းထက်လှသည်။ ထို့အပြင် ၎င်းတို့က မိန်းမစိုး၏ မွေးစားသားများလည်း ဖြစ်ပေ၏။

မိန်းမစိုးဖုန်းသည် မျိုးဆက်မရှိသောကြောင့် သားများကို မွေးစားရတာ နှစ်သက်သည်။ သူတို့နှစ်ဦးသည် သူ၏အလေးစားဆုံးနဲ့ သူ့နောက်လိုက်ထဲက အစောဆုံးလူများ ဖြစ်ပြီး သူယုံကြည်ရဆုံး သူများဆိုလည်း မမှားချေ။

မိန်းမစိုးဖုန်း၏ မျက်နှာ အနည်းငယ် ပြောင်းသွားပြီး ရန့်ရွှမ်းထျန်းနဲ့ ပိုင်စစ်ဟိုင်အား မျက်လုံးပြူး​ကြည့်ကာ တစ်ဖန် မျက်မှောင် ကြုတ်သွားခဲ့သည်။

"ရွှမ်းထျန်း စစ်ဟိုင်... ငါတို့ဖြစ်တည်မှုရဲ့ အရေးပါပုံကို မင်းတို့သိသင့်တယ်... ငါတို့လို မိန်းမစိုးတွေ မရှိရင် မိသားစုကြီးဆယ့်သုံးခုက မင်းဧကရာဇ်တွေ ဖြစ်လာတာ ကြာပြီ... မိသားစုကြီးဆယ့်သုံးခုက မင်းတို့ရဲ့အနာဂတ်ကို ဖြတ်တောက်ပစ်ဖို့ပဲ"

ရန့်ရွှမ်းထျန်းက ပြုံးပြသည်။

"မွေးစားအဖေ...ကျနော်တို့က မိသားစုကြီးဆယ့်သုံးခုကို အားကိုးတာ မဟုတ်ဘူး ဘုရင်အစစ်ကို!"

ပိုင်စစ်ဟိုင်ကလည်း ပြုံးပြီး :"မွေးစားအဖေ... အဖေ ကျနော်တို့ရဲ့ အနေအထားမှာ ကြာကြာနေခဲ့ပြီးပြီ... နန်းစွန့်ဖို့လည်း အချိန်တန်ပြီ အဖေက ပြန်လာချင်သေးတာလား ဒီသားတွေကို ဘယ်မှာ ထိုင်ခိုင်းမလို့လဲ"

မိန်းမစိုးဖုန်းရဲ့ မျက်နှာမှာ အနည်းငယ် နစ်သွားပြီး ရုတ်တရက် ​ပြန်ပြုံး​ပြလိုက်သည်။

"ကောင်းပြီ မင်းတို့အားလုံးက ကတိကိုယ်စီ ရှိကြတာပဲ... မင်းတို့ မိသားစုကြီးဆယ့်သုံးခုကို အားကိုးမနေသရွေ့ အရှေ့စက်ရုံနဲ့ ငါတို့ မိန်းမစိုးတွေ တည်ရှိနေဖို့ လိုနေဦးမှာပါ..."

ရွှေရွှမ်းကျစ်သည် ချင်စူး၊ ဖန့်ဖောင်တို့နှင့်အတူ သူ့အား ဖြတ်သွားခဲ့ပြီး မိန်းမစိုးဖုန်းကလည်း သူတို့ကို မတားဘဲ ဖြတ်သွားခွင့်ပြုလိုက်ကာ သစ္စာမဲ့ သားနှစ်ယောက်ကို ကြည့်လိုက်သည်။

"မွေးစားအဖေ... ကျ​နော်တို့ကို သင်ပေးခဲ့တာတွေက ခေတ်နောက်ကျနေပြီ"

ရန့်ရွှမ်းထျန်းက ရုတ်​တရက်​ အမြန်​​ပြေးလာသည်။

"ကျွန်​​တော်​တို့ သခင်​​လေးဆီက ပို​ကောင်း​တာတွေ သင်​ယူခဲ့တယ်ဗျ!"

ပိုင်စစ်ဟိုင်ကလည်း သူ့အနောက်မှာ ပုန်းနေသလိုဖြင့် ရုတ်တရတ် ခုန်ကာ မိန်းမစိုးဖုန်းဆီကို တန်းတန်းမတ်မတ် ပြေးသွားလိုက်သည်။ မိန်းမစိုးဖုန်းလည်း သက်ပြင်းချလိုက်ပြီး ဘီးတပ်ကုလားထိုင်ပေါ်ကနေ မတ်တပ်ထရပ်လာသည်။

"ငါက ကျောင်းသားတွေကို သူတို့ရဲ့ အရည်အချင်းနဲ့အညီ သင်ပေးခဲ့ပါတယ် မင်းတို့က အကောင်းဆုံးတွေပဲ..."

ရွှေရွှမ်းကျစ်နဲ့ တခြားနှစ်ယောက်ကတော့ ရှေ့ကို ဆက်လျှောက်လာကြသည်။ ထိုအချိန်တွင် လူနှစ်ယောက် လမ်းပေါ်တွင် ရပ်နေတာ တွေ့လိုက်ရသည်။ ယောက်ျားက ချောမောပြေပြစ်ပြီး မိန်းမက လှပတဲ့အသွင်အပြင်နဲ့ ဂုဏ်ယူဝင့်ကြွားစွာ အနီရောင်တောက်တောက်ကို ၀တ်ဆင်ထား၏။

"ရှောင်ဝမ်စွင်း... ကျင်းဟုန်ရိ!"

ရွှေရွှမ်းကျစ်က အနည်းငယ် ပြုံးပြလိုက်သည်။

"ရှောင်ဝမ်စွင်း... မင်းက ကျူးမိသားစုရဲ့ မျိုးဆက် ဖြစ်ထိုက်ရဲ့လား... သခင်လေးက မင်းလို မျိုးဆက်နဲ့ ကျူးမိသားစုရဲ့ မျိုးဆက်ပဲ... သူက တော်ဝင်မိသားစုကို ပြန်အသက်သွင်းပြီး အနောက်နွားရှင်းကျိုးကို ပြန်အသက်သွင်းဖို့ သန္နိဋ္ဌာန်ချထားပေမယ့် မင်းက သစ္စာဖောက်ဖြစ်ပြီး ပြင်ပလူတွေကို ကူညီပေးနေတယ်... မင်းမှာ မင်းသားငယ်ရဲ့ ခြေရာတွေရှိနေသေးရင် အနောက်ဘုရင် ကျောက်စိမ်းတံဆိပ်ကို သခင်လေးလက်ထဲ အပ်လိုက်ပါ...."

ရှောင်ဝမ်စွင်း မျက်နှာမှာ ဘာမှမထူးခြားသလိုပင်။

"ဧကရာဇ်မင်း အလျင်လိုမနေပါဘူး.. ဒါဆို သေလွန်သူ မိန်းမစိုးက ဘာလို့ အလျင်လိုနေရမှာလဲ... ငါတို့ကျူးမိသားစုရဲ့ ကိစ္စက မင်းနဲ့ ဘယ်လိုဆိုင်လဲ"

ရွှေရွှမ်းကျစ်ရဲ့ မျက်လုံးပြူးပြူးတွေက ကျင်းဟုန်ရိဘက် ရောက်သွားတော့သည်။

"ခေါင်းဆောင်ကျင်း... မင်းတကယ် နတ်ယန္တရားစခန်းကို သစ္စာဖောက်ခဲ့တာပဲ... အရာရှိတွေဖြစ်တဲ့ မိန်းမတွေက အချစ်ကြောင့် အလွယ်တကူ အနှောက်အယှက် ဖြစ်နေတုန်းပဲ"

ကျင်းဟုန်ရိက ဝမ်းသာအားရနဲ့ မျက်လုံးပြူးပြလေ၏။

"ဘာအချစ်လဲ...ကျွန်မကို ဆဲဆိုမနေနဲ့!"

ရွှေရွှမ်းကျစ် ဟစ်အော်လိုက်ပြီးကတည်းက စစ်သည်နှစ်ယောက် လမ်းကြားမှ ထွက်လာခဲ့သည်။ သူတို့သည် နတ်ယန္တရားစခန်းက အကြီးအကဲများ ဖြစ်ပါသည်။

ရှောင်ဝမ်စွင်း မျက်ခုံးပင့်လိုက်သည်။

"နတ်ယန္တရားစခန်းက အမြောက်တွေ မရှိရင် မင်းတို့နှစ်ယောက် ငါတို့နှစ်ယောက်ကို မယှဉ်နိုင်ဘူး "

စစ်သည်နှစ်ယောက်က ရယ်မောကာ ရှေ့သို့ လျှောက်သွားကြသည်။ လက်ဝဲအရာရှိ မာဝေ့မင်က ဆို၏။

"ရှောင်ဝမ်စွင်း... မင်း အရှိန်အဟုန်နဲ့ တိုးတက်နေဆို... ဘယ်လောက်မြန်နိုင်လဲ စစ်မှန်တဲ့ ဘုရင်ရဲ့ ထူးခြားတဲ့ အရည်အချင်းတွေ ဘယ်လောက် သင်ယူပြီးပြီလဲ"

ကျင်းဟုန်ရိ စိတ်လှုပ်ရှားစွာနဲ့ :"ရှောင်... ဒီဗိုလ်ချုပ်ကြီးနှစ်ယောက်နဲ့ ဆက်ဆံပြီးရင် နတ်ယန္တရားစခန်းက ငါတို့သူငယ်ချင်းကောင်းတွေ ဖြစ်လာလိမ့်မယ်... ငါတို့ တကယ့်သူငယ်ချင်းကောင်းတွေ မဟုတ်ရင်တောင် ဘယ်သူကမှ အတင်းအဖျင်း မပြောရဲ​တော့ဘူး!"

ရွှေရွှမ်းကျစ်သည် ချင်စူး၊ ဖန့်ဖောင်ကို ခေါ်ကာ ရှောင်နဲ့ ကျင်းကိုကျော်ဖြတ်၍ ရှေ့သို့ ဆက်လက် ချီတက်ခဲ့သည်။ ချန်အိမ်ရှေ့ တံခါးအပြင်တွင် ရထားတစ်စီး ရပ်ထားသည်။ ၎င်းသည် ဝန်ကြီးချုပ် ကျန်းဖူကျန့်ရဲ့ ရထားလုံးဖြစ်သည်။

ရွှေရွှမ်းကျစ် ဤရထားလုံးရှေ့တွင် စကားမပြောရဲပေ။ သူသည် မည်သူတစ်ဦးတစ်ယောက်၏ ရှေ့တွင် လွတ်လွတ်လပ်လပ် ပြောဆိုနိုင်သော်လည်း ဝန်ကြီးချုပ် ကျန်းဖူကျန့်အား ဆန့်ကျင်ပြောဆိုဝံ့ခြင်း မရှိပေ။

စစ်မှန်သော ဘုရင်လက်အောက်ရှိ အတွင်းရေး ဝန်ကြီးချုပ်ဟာ အနောက်နွားရှင်းကျိုးတွင် အမြင့်ဆုံးအာဏာရှင် ဖြစ်သည်။ သူသည် မဟာယာန ဖြစ်သော်ငြားလည်း ထိုကဲ့သို့ တန်ခိုးကြီးသူနှင့် ရင်ဆိုင်ရသောအခါ အနည်းငယ် ကြောက်ရွံ့နေသေးသည်။

ဦးညွှတ်ပြီး ငြိမ်သက်စွာ စောင့်နေ၏။ ထိုစဥ် ယခင်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ယန်ရှန့်ကျစ်က ရထားလုံးရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့ရာ ကျန်းဖူကျန့်က တံခါးကိုဖွင့်ပြီး သူ့ကို ဖိတ်ခေါ်လိုက်လေသည်။

ယန်ရှန့်ကျစ်လည်း ရထားလုံးပေါ် ဖြည်းညှင်းစွာ တက်ပြီး ဦးညွှတ်လိုက်သည်။ ရွှေရွှမ်းကျစ် သက်ပြင်းချကာ ချန်အိမ်တံခါးဆီသို့ ဆက်လျှောက်သွားခဲ့သည်။ ချင်စူးက တံခါးကို တွန်းလိုက်ပေမယ့် ထင်ထားသလို မပိတ်ထားဘဲ ချက်ချင်းပွင့်သွား၏။

သူတို့သုံးယောက် ချန်အိမ်ထဲကို ဝင်သွားတော့ အိမ်ရှေ့ခြံက အကျယ်ကြီးမဟုတ်ဘဲ ဧည့်ခန်း၊ ဘေးခန်းနှစ်ခန်းနဲ့ မီးဖိုချောင်ပဲ ရှိတာကို တွေ့လိုက်ရသည်။ လက်ထောက်ဝန်ကြီး၊ တတိယအဆင့် အရာရှိတစ်ဦးအတွက် ဤအိမ်ကြီးသည် အနည်းငယ် သေးငယ်သည်။

ဧည့်ခန်းထဲတွင်တော့ ချန်ထန်သည် စားပွဲပေါ်တွင် လက်ဖက်ရည်ခွက်များ ချထားကာ လက်ဖက်ရည်သောက်နေ၏။ စားပွဲပေါ်၌ ဓားတစ်ချောင်း ရှိပြီး ရိုးရိုးရှင်းရှင်းနှင့် တန်ဆာဆင်ထားခြင်းမရှိသော ဓားဖြစ်ကာ ဓားအိမ်ထဲကတောင် မထုတ်ထားချေ။

ရွှေရွှမ်းကျစ်: "မင်းတို့ အပြင်မှာနေခဲ့"

နှစ်ယောက်သား ရပ်လိုက်ကြပြီး ဧည့်ခန်းအပြင်ဘက်တွင် ရပ်ကာ တိတ်ဆိတ်စွာ စောင့်နေကြသည်။ ရွှေရွှမ်းကျစ်က လမ်းလျှောက်ဝင်လာကာ စားပွဲဘေးက ထိုင်ခုံဝိုင်းတစ်ခုကို ဆွဲထုတ်၍ ထိုင်ချလိုက်သည်။

ချန်ထန် သူ့အတွက် လက်ဖက်ရည် ငှဲ့ပေးလိုက်သည်။ ရွှေရွှမ်းကျစ် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး ခွက်ထဲကရေကို ကြည့်ကာ ပြုံးလေ၏။

"လူကြီးမင်းချန်ကို နေရာထိုင်ခင်းရဲ့ ဘုရင်လို့ ခေါ်တယ်.... စာမေးပွဲမှာ ပြိုင်ဘက်အားလုံးကို နေရာချပေးတယ် လက်ရှိ အစိုးရအဖွဲ့ဝင်ဝန်ကြီး ဖေ့ကျုံးကို လူကြီးမင်းရဲ့ပြိုင်ဘက်ကို အဖြစ် ဖိတ်ချင်ပေမယ့် လူကြီးမင်းဖေ့က မင်းရဲ့ပြိုင်ဘက် မဟုတ်ဘူး... ဒီနေ့ သူက မင်းရဲ့ပြိုင်ဘက်မဟုတ်ဘူးလို့ ငါ မဖိတ်ခဲ့ဘူး"

ချန်ထန်ရဲ့ အမူအရာက ယခင်အတိုင်းပင် လေးနက်နေဆဲ။

"လူကြီးမင်းဖေ့ရဲ့ ကျင့်ကြံမှုက အကြီးကြီး တိုးတက်နေပါပြီ... သူက အထက်တန်းစား မိသားစုကလာတာ ချန်ကျန့်ကျမ်းထဲက ကျင့်စဥ်ကို ထူးခြားတဲ့ စွမ်းရည်တွေနဲ့ လေ့ကျင့်ထားတယ်... နောက်ပိုင်း သူလေ့ကျင့်လေလေ၊ မြင့်မားလာလေလေပဲ...ကျုပ်က ဘယ်လိုလုပ် အရည်အချင်းမှာလဲ... အများဆုံး သူ့ကို သရေသာအောင်ပဲ တိုက်နိုင်မှာ"

"မင်းငါ့ကို သရေကျအောင် တိုက်နိုင်ရင် ငါလှည့်ပြီး ထွက်သွားမှာပါ"

ချန်ထန်: "ခင်ဗျားက မဟာယာနနယ်ပယ်ကို ရောက်နေပြီ... သရေကျအောင် တိုက်ဖို့ ကျုပ်အတွက်က ခက်လိမ့်မယ်"

"စမ်းကြည့်ရအောင်?" ရွှေရွှမ်းကျစ် ပြုံးလိုက်သည်။

ချန်ထန်: "ဒါဆိုလည်း စမ်းကြည့်ရအောင်"

သူသည် ရုတ်တရက် သူ့ဓားကို ဆွဲထုတ်လိုက်ရာ ဓားသွားမှ ဓားအလင်းတန်းများ လွင့်ထွက်သွားပြီး ချန်မိသားစု၏ ခြံရှေ့ရှိ ဧည့်ခန်းတစ်ခုလုံး လင်းထိန်သွားသည်။ ဓားအလင်းသည် ဧည့်ခန်း၏ နံရံလေးဘက်သို့ ဖြတ်သွားကာ ရှီးကျင်းမြို့၏ အတွင်းပိုင်းကို လင်းထိန်စေခဲ့သည်။

မအိပ်ရသေးသော မြို့ပြင်ရှိ လူများသည် တောက်ပသော အလင်းရောင်ကြောင့် သူတို့၏ အရိပ်များသည် အလွန်ရှည်လျားပြီး အဆောက်အဦးများ၏ အရိပ်များကို ဆွဲဆန့်ကာ အဝေးသို့ လွှင့်ပစ်လိုက်ကြသည်။

ဤတောက်ပသော ဓားအလင်းရောင်သည် ရွှေရွှမ်းကျစ်၏ မျက်လုံးများထဲတွင် ထင်ဟပ်နေ၏။ ၎င်းသည် မရေမတွက်နိုင်သော ချီဓားဖြင့် ဖွဲ့စည်းထားသည့် အနတ္တလေဟာပြင်ဘုံ တစ်ခုဖြစ်ပြီး အခြားသူများကို အလွယ်တကူ ပြသနိုင်ခြင်းမရှိပေ။

ဒီနေ့ ဓားဆွဲထုတ်ပြီးတာနဲ့ ကောင်းကင်က ဓားချီဟာ သူ့ကိုပြသဖို့ အလင်းစီးကြောင်းအဖြစ် ပြောင်းလဲလိုက်သည်။

ရွှေရွှမ်းကျစ် နောက်ကွယ်တွင်လည်း အနတ္တလေဟာပြင်ဘုံ ပေါ်ထွက်လာသည်။ ဝိညာဉ်နှင့် ဇာတိပကတိတို့ ပေါင်းစပ်သွားပြီးနောက် အနတ္တလေဟာပြင်ဘုံသည် ဇာတိခန္ဓာနှင့်လည်း ပေါင်းစပ်ကာ အရာခပ်သိမ်း၏ စည်းလုံးညီညွတ်မှုကို ရရှိစေသည်။ ဇာတိသည် ဝိညာဉ်၊ ဘုံဖြစ်ပြီး ထို​နယ်ပယ်ထဲက စွမ်းအားကို မိမိအတွက် အသုံးချနိုင်သည်။

ဤသည်ကား မဟာယာနဘုံ၊ အမတဘုံ ဖြစ်​ပေသည်။

ချန်ထန် မအောင်မြင်သေးတဲ့ နယ်ပယ်ပါပဲ။

ရွှေရွှမ်းကျစ် သူ့ညာလက်ကို မြှောက်လိုက်ပြီး ဓားအလင်းကို လက်နှစ်ချောင်းဖြင့် ထိုးလိုက်သည်။ နှစ်ယောက်သား စားပွဲမှာ မလှုပ်မယှက် ထိုင်နေကြ၏။

ချန်ထန် ဓားကို ဖယ်လိုက်ပြီး ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။ ဓားမီးကို စားပွဲပေါ်ရှိ အခွံထဲသို့ ထည့်လိုက်သည်နှင့် ရေစီးကြောင်းလို ဖြတ်သန်းသွားပေသည်။

ရွှေရွှမ်းကျစ်ကလည်း သူ့လက်ချောင်းများကို ပြန်ဆုတ်ကာ လက်သီးကို တင်းတင်းဆုပ်ထားလိုက်သည်။ လက်ဖက်ရည်ခွက်ကို အခြားလက်ဖြင့် မြှောက်ကာ ခွက်ထဲတွင် လက်ဖက်ရည်ကို မော့သောက်လိုက်သည်။

ထို့​နောက် လက်ဖက်ရည်ခွက်ကို ချထကာ အပြင် ထွက်သွားခဲ့သည်။ ချင်စူးနဲ့ ဖန့်ဖောင်ခမျာ သူဘာကိုဆိုလိုသလဲ နားမလည်သဖြင့် အမြန် လိုက်သွားခဲ့သည်။ ချင်စူးက တိုးတိုးလေး မေးလေ၏။

"အစ်ကို မင်း သွားတိုက်ခဲ့လား"

ဖန့်ဖောင် : "အစ်ကို သူမင်းကို သရေကျအောင် တိုက်နိုင်လား"

ရွှေရွှမ်းကျစ် ခေါင်းကို ညင်ညင်သာသာ ယမ်းလိုက်သည်။ သူ့ညာလက်က တုန်ခါသွားပြီး ညာလက်ရဲ့ လက်ညိုးနဲ့ လက်ခလယ်ကြားက ကွာဟနေတဲ့ နေရာမှ သွေးစီးကြောင်းတစ်ခု စီးကျလာသည်။

"ဒါက ဓားဆွဲထုတ်တာ မဟုတ်ဘူး... သူက ဓားကို ပူဇော်နေတာကြာပြီ ငါ့ကို နာကျင်စေမယ့် ဒီဓားမီးကို အစောကတည်းက သွေးထားတာ"

ချန်အိမ်မှ ထွက်လာခဲ့သည်။

ဖန့်ဖောင် တုံ့ဆိုင်းသွားပြီး ရပ်လိုက်သည်။

"ချန်ရှီကို သွားသတ်လိုက်မယ်!"

ရွှေရွှမ်းကျစ် ခေါင်းယမ်းလိုက်သည်။

"မသွားနဲ့ သူလည်း ဒဏ်ရာရထားပေမယ့် မင်းကိုသတ်ဖို့ ခွန်အားရှိသေးတယ်"

ဖန့်ဖောင် မျက်မှောင်ကြုတ်ကာ ရုတ်တရက် ချာကနဲ လှည့်ပြီး ချန်အိမ်ထဲသို့ ပြေးဝင်သွားခဲ့သည်။

"ရွှင်း--"

တောက်ပသော ဓားအလင်းသည် ကောင်းကင်ကို ထိုးဖောက် ဝင်ရောက်သွားပေ၏။ ခဏကြာတော့ အလင်းရောင်က တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ချင်စူး ခဏစောင့်​ကြည့်ပြီးနောက် သူ့မျက်နှာက ဖြူဖျော့လာ​တော့သည်။

ဖန့်ဖောင် ချန်အိမ်ထဲမှ ထွက်မလာ​တော့ပေ။

"ပြန်သွားရအောင်..."

ရွှေရွှမ်းကျစ်သည် လေကို ပြင်းပြင်းထန်ထန် ရှူရှိုက်ရင်း ပြောလိုက်သည်။

"မင်း ဝင်သွားလည်း အသုံးမဝင်ဘူး သူ့မှာ ဘာအစွမ်းအစရှိလဲတော့ ငါလည်း မသိဘူး၊ ဒါပေမယ့် သူ့ဓားကတော့ နည်းနည်း ထိတ်လန့်စရာပဲ... သူ့ရဲ့ နောက်ဆက်တွဲ နည်းလမ်းက အခုနကထက် ပိုအားကောင်းလာတယ်... မိုးခြိမ်းသံလိုပဲ... ဒီထိပ်တန်းနေရာက..."

သူသည် ရှဲ့ရှိုးအိမ်တော်ဆီသို့ လမ်းလျှောက်​ပြန်သွားပြီး တိုးတိုးလေး ပြောသည်။

"သခင်လေး သူ့ဘာသာသူ တိုက်ရတော့မှာပဲ"

ချင်စူး သူ့နောက်ကို အမြန်လိုက်သွားခဲ့သည်။

နောက်တစ်နေ့တွင် ချန်ရှီ ကျင့်ကြံနေရာက နိုးလာပြီး သေးငယ်သော ကောင်းကင်ပြင်ထဲမှ ပျံသန်းလာခဲ့သည်။ ချန်အိမ်တွင် အရာအားလုံးသည် ထုံးစံအတိုင်းပါပဲ။ အိမ်အကူများနှင့် ကျွန်များက ချန်ထန်ကို ပို၍ လေးစားကြသည်ကလွဲ၍ ဘာမှမပြောင်းလဲခဲ့ပေ။

မနက်စာ စားပြီးနောက် ချန်ထန်က သူ့ကို ဝတ်ပြုရာဌာနကို လိုက်ပို့ပေးသည်။

"တစ်ဆယ်လေး စာမေးပွဲမှာ ကောင်းကောင်းဖြေခဲ့နော်!"

အဘွားရှား နဲ့ တခြားသူတွေက တံခါးအပြင်ဘက်မှ လှမ်းပြောကြသည်။ ချန်ရှီ တစ်ချက် ခေါင်းညိတ်ပြပြီး ချာကနဲ ပြန်လှည်ကြည့်လိုက်ရာ ချန်ထန်၊ အဘွားရှာနဲ့ မိန်းမစိုးဖုန်းတို့က ပျော်ရွှင်စွာ စကားစမြည် ပြောနေတာကိုသာ မြင်လိုက်ရသည်။

"သူတို့ ငါ့ကို တစ်ခုခု ဖုံးကွယ်ထားတယ်!"

All Chapters