← Chapters

အဆောင်စာလုံးနဲ့ မှော်စွမ်းအင် ပေါင်းစပ်မှု

Vol. 20 Ch. 296

အဆောင်စာလုံးနဲ့ မှော်စွမ်းအင် ပေါင်းစပ်မှု

Vol. 20 Ch. 296

ဒုတိယအကြိမ် စာပေ စာမေးပွဲကို မူလခန်းမတွင် ဆက်လက် ကျင်းပခဲ့သည်။ စစ်ဆေးမှုများသည် ဖုရှိနဲ့ ပိအန်တို့ပဲ ဖြစ်ပြီး စစ်ဆေးမှုကလည်း ယခင်အတိုင်းပင်။ စားပွဲဆယ့်ငါးလုံးနှင့် ကူရှင်ဆယ့်ငါးခုရှိသည်။ စစ်ဆေးခံသူတွေကတော့ ချန်ရှီ၊ သခင်လေးနဲ့ ကျန်းယိုးတို့ပဲ ဖြစ်ပါသည်။

ဤစာစီစာကုံး၏ ခေါင်းစဉ်များမှာ အရပ်ဘက်နှင့် စစ်ဘက်ရေးရာ ပေါင်းစပ်မှု၊ ကြီးမြတ်သော ပေါင်းစည်းရေးတို့ ပါဝင်သည်။

ချန်ရှီသည် အဆောင်စာလုံးနဲ့ မှော်စွမ်းအင် ပေါင်းစပ်မှုကို ရွေးချယ်ခဲ့ပြီး ရေးချလိုက်သည်။ စာရေးကလည်း ခဏလောက် စဉ်းစားပြီးနောက် သူ့အတွက် စာစီစာကုံးရေးဖို့ စုတ်တံကို ကောက်လိုက်သည်။

ကျန်းယိုးက အကြောင်းအရာကို ရွေးပြီးနောက် သူ့ဘေးက စာရေးကို ပေးလိုက်သည်။

"ဒါနဲ့ မင်းတို့ ကြားပြီးလား... မနေ့ညက ရှီးကျင်းမြို့ထဲမှာ ကြီးကြီးမားမားကြီး ဖြစ်ပျက်ခဲ့တာတဲ့... ငါ့ဦးလေးတောင် ထိတ်လန့်သွားပြီး ကန်းယန်လမ်းကို လူကိုယ်တိုင် သွားခဲ့သေးတယ်"

သခင်လေးရဲ့ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ခါသွားသော်လည်း ထိုနေရာတွင် မလှုပ်မယှက် ထိုင်နေလေသည်။

ချန်ရှီရဲ့ နှလုံးသားက အနည်းငယ် လှုပ်ရှားသွားသည်။ ကန်းယန်လမ်းသည် ချန်အိမ်ရှေ့က လမ်းမပဲ ဖြစ်ပေ၏။

ချန်ရှီ: "မနေ့ညက ဘာဖြစ်တာလဲ?"

ကျန်းယိုးက ပြုံးပြုံးလေးနဲ့ စကားစပြောတော့သည်။

"လူတချို့က လမ်းထဲမှာ မြေခွေးနဲ့ သိုးတွေ အော်သံ ကြားတယ်တဲ့... မြို့ထဲမှာ ပေါက်ကွဲသံကြီးလည်း ကြားရတယ် အလင်းတစ်ခုဆို ရှီးကျင်းကို ချက်ချင်း လင်းထိန်သွားစေတာတဲ့... ​​အရမ်းအံ့သြဖို့ ကောင်းတယ် ပြောကြတယ် မနက်တရားရုံးမှာ အကြီးတန်း အရာရှိတချို့ နေမကောင်းဖြစ်ပြီး တရားရုံးကို မလာဘူးဆိုတဲ့ ကောလာဟလတွေ အများကြီးတောင် ထွက်နေသေးတယ်...."

သခင်လေး: "ဘာကောလဟာလတွေလဲ"

"မနေ့ညက မြို့တွင်းမှာ ကြီးကြီးမားမား တစ်ခုခုလုပ်ဖို့ ကြိုးစားနေတဲ့ လူတစ်ယောက် ရှိတယ်လိူ့ ကြားတယ် ဒါပေမယ့် ကံမကောင်းတာက သူက တခြားသူတွေလောက် မကျွမ်းကျင်ဘူးလေ... တစ်ယောက်ယောက်ကလည်း အရမ်းတုံးသလိုလိုနဲ့ သူ့ရဲ့ ခွန်အားကို မနေ့ညအထိ ဖုံးကွယ်ထားခဲ့တယ်... ညကမှ လူတော်တော်များများကို ကြောက်လန့်စေခဲ့တာတဲ့"

သခင်လေးရဲ့ မျက်လုံးများ တုန်လှုပ်သွားသည်။

ကျန်းယိုးသည် ကျန်းမိသားစု၏ အဓိက ကလေးဖြစ်သည်။ သူ ဒီလူကို အနိုင်ယူဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် ထူးဆန်းတာက ကျန်းယိုးက သူ့အနားမှာ အမြဲရှိနေ၏။ ယဉ်ကျေးသော်လည်း အထက်တန်းစားမိသားစုမှ အခြားကလေးများကဲ့သို့ သူ့အပေါ် သစ္စာစောင့်သိမှု တစ်ခါမှ မပြခဲ့ပါ။

ကျန်းယိုး ပြောတာကတော့ တစ်ညလုံး လေ့ကျင့်ပြီးတာနဲ့ သူနိုးလာပြီးတဲ့အခါ ဖူကျန့်နန်းဆောင်ထဲမှာ ပြောနေတာတွေကို ကြားလိုက်ရတာနဲ့ သိပ်မကွာချေ။

သခင်လေး: "မနေ့ညက ဖူကျန့်နန်းဆောင်က ဘာလုပ်ခဲ့လဲ မသိဘူး... ဒီအကြောင်းကိုသာ ငါသိရင် ငါသူတို့ကို တားမှာ... ဒီတစ်ခါတော့ ငါကိုယ်တိုင် အရည်အချင်းနဲ့ စာမေးပွဲအောင်တော့မှာပါ... ဒီလို စက်ဆုပ်စရာ နည်းလမ်းတွေကို သုံးစရာမလိုဘူး"

သူ့အသံက အနည်းငယ် ဒေါသထွက်နေပြီး ချန်ရှီကို ရှင်းပြနေပုံရသည်။

သူ့လက်အောက်ငယ်သားတွေက သူ့ကို ယုံကြည်မှု မရှိကြဘဲ ချန်အိမ်ကို ညဘက်မှာ သွားတိုက်ခိုက်ခဲ့ပြီး ရှုံးနိမ့်ခဲ့ရသည်။ ဖန့်ဖောင်ပင် ချန်အိမ်တွင် သေဆုံးသွားခဲ့သည်။ ထိုညတွင် သူလုပ်ခဲ့သောအရာမှာ မိုးခြိမ်းသံနှင့် မိုးရွာချပြီး လူများက သူ့ကို လှောင်ပြောင်ရယ်မောကာ ရှက်ရွံ့စေခဲ့သည်။

ချန်ရှီ သူ့ကို စိုက်ကြည့်နေလိုက်သည်။ ဒီသခင်လေးနဲ့ ကျန်းယိုး ပြောတာကို သူဘာမှမသိပါ။ မနက်အိပ်ရာထတဲ့အခါ သူ့အိမ်က သန့်ရှင်းပြီး လမ်းတွေက အရင်တုန်းကလို သန့်ရှင်းနေတုန်းပါပဲ။

သူက ဒေါသတကြီး ရေးနေတဲ့ သူ့ရှေ့က စာရေးလေးကို ကြည့်ပြီး ကျယ်လောင်စွာ မေးလိုက်သည်။

"စာရေးဆရာ... ဒီအကြောင်းအရာကို ကျွန်တော် ကိုယ်တိုင် ရေးလို့ရမလား "

စာမေးပွဲမှူးများက အနည်းငယ် စိတ်ဓာတ်ကျနေပုံရသည်-

"ဆူဆူညံညံ မလုပ်နဲ့!"

ချန်ရှီ ဒေါသထွက်သွားသည်။ အဆောင်စာလုံးနဲ့ မှော်စွမ်းအင် ပေါင်းစပ်မှုကို ရွေးချယ်ရခြင်းရဲ့ ရည်ရွယ်ချက်မှာ စာရေးဆရာအတွက် အခက်အခဲအချို့ ဖန်တီးရန်ဖြစ်သည်။

သူသည် မှော်ပညာနှင့် မှော်စာလုံးများကို လေ့လာခဲ့ပြီး မိသားစုနောက်ခံ ရှိသောကြောင့် အခြားသူများထက် မြင့်မားခဲ့သည်။ ထို့အပြင် အဆောင်စာလုံးနဲ့ မှော်စွမ်းအင် ပေါင်းစပ်မှုက မှော်နှင့် မှော်ပညာများသည် အခြားသူများအတွက် အလွန်ခက်ခဲပါသည်။ ဒီနယ်ပယ်မှာ အောင်မြင်မှုတွေ ရချင်တယ်ဆိုရင်တော့ အရည်အချင်းတွေအပြင် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ဖို့ လိုပါ၏။

စာရေးဆရာကို သူ့ဘာသာသူ အရှုံးပေးပြီး မိမိကို ရေးစေချင်မိသည်။ မဟုတ်ရင် ဒီစာမေးပွဲက ဘာပျော်စရာရှိ​တော့မှာလဲ။

သို့သော်လည်း သူ့ရှေ့က စာရေးဆရာက သူ့အောင်မြင်မှုအပေါ် အလွန်ယုံကြည်မှု ရှိပုံရသည်။ သူသည် ဘုရားသခင်၏ အကူအညီကို ရထားသကဲ့သို့ ရေးခဲ့ပြီး မကြာမီ စိတ်အားထက်သန်စွာဖြင့် စာမေးပွဲစာရွက်ကို အပြီးသတ်ရေးသားခဲ့သည်။ အခြောက်ခံဖို့ စာရွက်လေးအောက်မှာ စမ်းသပ်စာရွက်ကို ဖိထားခဲ့သေး၏။

ချန်ရှီ စကားလုံး တစ်လုံးချင်းကို ဖတ်ပြပြီး မတုန်မလှုပ် ဖြစ်သွားသည်။ သူ့အတွက် ရေးထားတဲ့ စာရေးဆရာကို လှမ်းကြည့်မိ၏။ စာရေးသည် အသက်သုံးဆယ် အသက်လေးဆယ်အောက် ရှိပေမည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများသည် တရားဝင် အဝတ်အစားမဟုတ်ဘဲ သာသနာရေးဝန်ကြီး ဌာနက စာရေးဖို့ တာဝန်ယူထားသူသာ ဖြစ်ရမည်။

"ဒီကညီအစ်ကို... မင်းရဲ့ အဆောင်စာလုံးနဲ့ မှော်စွမ်းအင် ပေါင်းစပ်မှုက ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရခဲ့သလိုပဲနော်....မင်းကို သခင်လို့ခေါ်နိုင်တယ်! ငါ မှော်ဆရာတွေ အများကြီးတွေ့ဖူးပါတယ် ဒါပေမယ့် မင်းလို သာလွန်အောင် လုပ်နိုင်တဲ့သူက နည်းနည်းလေးပဲ ရှိတာလေ... မင်းဘာလို့ စာရေးလုပ်နေတာလဲ "

စာရေးက မှုန်ကုပ်ကုပ်နဲ့ တိုးတိုးလေး ရွတ်လာသည်။

“မွေးနောက်ခံ မကောင်းဘူး”

ချန်ရှီ ခေတ္တ တိတ်ဆိတ်သွားသည်။

"မင်းရဲ့ ကျင့်ကြံမှုက ဘယ်​လောက်လဲ"

စာရေးက မော့ကြည့်လိုက်ပြီး စာမေးပွဲမှူးကို တိတ်တဆိတ် လှမ်းကြည့်ရင်း အသံကို လျှော့ချလိုက်သည်။

"ငါက အနတ္တသန့်စင်တဲ့ နယ်ပယ်ထဲ ရောက်နေပြီ... တိုးတက်ဖို့ ခက်တယ်"

ထိုအခိုက် ထျန်ယွဲ့အာနဲ့ အခြားသူများပြောခဲ့ဖူးတဲ့ စကားကို သွားသတိရမိသည်။

"အနတ္တသန့်စင်ခြင်းနယ်ပယ်က မင်း လုပ်နိုင်တဲ့ ကန့်သတ်ချက်ပဲ... ရှေ့ဆက်သွားချင်ရင် မင်းကို မြှင့်တင်ပေးဖို့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးဦး လိုအပ်တယ်... ဒါပေမဲ့ မင်းရဲ့ တတ်မြောက်မှုကနေကြည့်ရင် အဆောင်စာလုံးနဲ့ မှော်စွမ်းအင် ပေါင်းစပ်ထားတဲ့ အသွင်ကူးပြောင်းမှုကို အောင်မြင်ပြီးရင် မှော်ပညာက နှလုံးသားကနေ မွေးဖွားလာလိမ့်မယ်... အခု ရှီးကျင်း တစ်ခုလုံးကို ကြည့်လိုက်ရင် ဒီအဆင့်ကို ဘယ်သူ အောင်မြင်ထားလဲ?"

ဒီလို ဆရာသမားက စာရေးသာ ဖြစ်လာသည်။ အထူးသဖြင့် ထိုတန်ခိုးကြီးသူအတွက် လိမ်လည် လှည့်ဖြား​ပေးရခြင်းက ကြီးမားတဲ့ ကဲ့ရဲ့စရာကိစ္စပင်။

စာရေးက စကားမပြောရဲ။

ချန်ရှီ ပြုံးလိုက်သည်။

"ဒါပေမဲ့ မင်း အမှားနည်းနည်း လုပ်ထားသေးတယ်"

စုတ်တံကိုင်ထားသော စာရေးသည် အံ့သြစွာ မျှော်ကြည့်ကာ ချန်ရှီကို စိုက်ကြည့်လိုက်သည်။

ချန်ရှီ: "အ​ဆောင်စာလုံးနဲ့ မှော်စွမ်းအင် ပေါင်းစပ်မှုကို မင်းနားလည်ထားတာက မှော်ပညာနဲ့ ပိုတူတဲ့ နည်းလမ်းရဲ့ ဦးတည်ရာကို ဇောင်းပေးတယ်... ပြီးတော့ မင်း အဆောင်ဆွဲ ပညာကို ကျွမ်းကျင်ရင် သက်ဆိုင်ရာ ကျွမ်းကျင်မှုကိုလည်း နားလည်နိုင်တယ်။ မင်း ဒီကဏ္ဍမှာ ချို့တဲ့နေတယ်... ဒါက မင်းရဲ့နားလည်မှုက ချို့ယွင်းချက် ရှိတယ်ဆိုတာ ပြသလိုက်တာပဲ..."

လက်ရေးမူကို လက်ညှိုးထိုးပြပြီး

"မင်းက မှော်စာလုံးက သဘာဝက လာတယ်လို့ ပြောတယ်နော်... မင်းရည်ညွှန်းတဲ့ နည်းဥပဒေက မှော်စွမ်းအင်၊ အဆောင်စာလုံး အတတ်ပညာတွေ မဟုတ်ဘူး... အဆောင်စာလုံး စွမ်းအင်ကို ရှာနေတာ"

စာရေးဆရာက ဘေးကိုကြည့်ကာ သေချာစဉ်းစားကြည့်နေသည်။ ခဏကြာတော့ သူက တစ်ချက် တုန်လှုပ်သွားကာ ဦးညွှတ်လိုက်သည်။

"ဘာကြောင့်လဲ မေးလို့ရမလား"

ချန်ရှီသည် ယခုနောက်ပိုင်း အဆောင်စာလုံးကနေ နတ်တစ္ဆေဘုံကို နားလည်နိုင်အောင် လေ့ကျင့်ရင်း ရှောင်ဝူ၏ စကားများထဲမှ သင်ယူနေခဲ့သည်။ များများစားစား မရရှိခဲ့ပေမယ့် အဆောင်စာလုံး ကျွမ်းကျင်မှုကို သူနားလည်နေဆဲပါ။ ဒီကာလမှာ သူရခဲ့တာတွေကို ချက်ချင်းပြောပြလိုက်သည်။

"ဒီရက်ပိုင်းမှာ ထိုက်ရှန့်ပါးကွာ့ ခန္ဓာကာကွယ် အဆောင်လက်ဖွဲ့ကို လေ့လာပြီး မှော်စွမ်းအင် ဖြစ်လာအောင် လေ့ကျင့်ကြည့်နေတာ.... ပြီးတော့ မှော်စွမ်းအင်ကိုလည်း ပါးကွာ့ ခန္ဓာကိုယ်ကာကွယ်ရေး လျှို့ဝှက်ချက်ကို ပြန်ရအောင် စမ်းသပ်နေတာ အောင်မြင်သေးသေးလေး ရခဲ့တယ်..."

ချန်ရှီ သူ့ညာဖက်လက်ကို မြှောက်လိုက်တဲ့အခါ သူ့သွေးတွေနဲ့ ချီက လှုပ်ရှားသွားလေသည်။ ရုတ်တရက် သူ့ပတ်ဝန်းကျင်မှာ တောက်ပတဲ့ စာလုံးတွေ ပေါ်လာ၏။ မကြာမီ ပါးကွာ့သည် သုံးဖက်မြင်ဖြစ်လာပြီး အမျိုးမျိုးသော အဆောင်စာလုံးက မှန်းဆမရလောက်အောင် ပြောင်းလဲသွားသည်။ ၎င်းတို့သည် ကောင်းကင်၊ မြေကြီး၊ လေ၊ မီး၊ မိုးကြိုးနှင့် ရေကန်များနှင့် အခြားသော ကောင်းကင်နှင့် မြေကြီးပုံများအဖြစ် ပြောင်းလဲပြီးနောက် နောက်တစ်ခါ ဆင့်ကဲပြောင်းလဲသွားသည်။

ချန်ရှီသည် ညာလက်ဖြင့် စာလုံး အကွက်တစ်ခုကို ဖိလိုက်ရာ သူ့ပတ်ဝန်းကျင်ရှိ ပါးကွာ့စာလုံး ရှစ်ခုလုံးသည် မှော်စွမ်းအင် အဖြစ် ပြောင်းလဲသွားပေသည်။

"ဒါက မှော်စွမ်းအင်"

စုတ်တံကိုင်ထားသော စာရေးက ညင်သာစွာ ခေါင်းညိတ်ပြသည်။

ချန်ရှီ လျှို့ဝှက်ချက်များကို ထုတ်ပြလိုက်ရာ မကြာမီတွင် သူသည် ပါးကွာ့ခန္ဓာကာကွယ် စွမ်းအင်ရဲ့ အခြေခံမှော်ပညာ ရှစ်ခုကို စွမ်းဆောင်ပြခဲ့သည်။

"အဆောင်စာလုံးကနေ မှော်စွမ်းအင်ကို ပုံဖော်ရင် ငါ့ကို သခင်လို့ ခေါ်လို့ရတယ်....ပါးကွာ့စာလုံး ရှစ်လုံးကနေ ၆၄ လုံးအထိ ငါ ကိုယ့်ကိုကိုယ် မီးဖိုတစ်ခုအဖြစ် သုံးပြီး အဆောင်စာလုံး ၆၄ ခုကို ဖုံးအုပ်ထားနိုင်တယ်"

သူ စိတ်လှုပ်ရှားပြီး မတ်တပ်ပါ ထရပ်လိုက်သည်။ စာမေးပွဲခန်းထဲမှာ လေ့ကျင့်ပြီး ရှင်းပြနေချိန်မှာတော့ ခြောက်ဆယ့်လေးလုံးမြောက် အဆောင်စာလုံးကို ပါးကွာ့အစီအရင်ထဲမှ ထုတ်ယူလိုက်လေသည်။

စာရေးက အကြိမ်ကြိမ် ခေါင်းညိတ်သည်။

ထိုစဥ် သခင်လေးနဲ့ ကျန်းယိုးကလည်း ဘေးသို့ စောင်းလှည့်၍ ကြည့်လာကြသည်။ စာမေးပွဲ စစ်ဆေးသူများသည် ချန်ရှီကို ကြည့်ရင်း အံ့အားသင့်နေကြရာ မရပ်တန့်ခိုင်းနိုင်ကြပေ။ သူတို့ပါ ချန်ရှီရဲ့ အဆောင်စာလုံးနဲ့ မှော်စွမ်းအင် ပေါင်းစပ်မှုကြောင့် သိသိသာသာ ဆွဲဆောင်ခံခဲ့ရ​လေသည်။

ထိုအချိန်တွင် ချန်ရှီသည် သူ့ကိုယ်သူ မီးဖိုတစ်ခုအဖြစ် အသုံးပြု​နေခဲ့ပြီး သူ့ခန္ဓာကိုယ်အတွင်းရှိ သွေးနှင့် ချီတို့သည် စာလုံးများဖြင့် ပြောင်းလဲသွားသည်။ သူသည် ကောင်းကင်နှင့်မြေကြီး၏ လုပ်ငန်းစဉ်ကို ကောက်ချက်ချပြီး သဘာဝတရား၏ နိယာမကို တစ်နည်းနည်းဖြင့် ချေးငှားပြသခဲ့သည်။

"ကောင်းကင်မြေကြီးက ငါရဲ့သဏ္ဌာန်တူ ဖြစ်တယ်... ငါ့​ကိုယ်ခန္ဓာက ပါးကွာ့အစီအရင် မီးဖိုဖြစ်တယ်... ငါ ရွှေအမြုတေ၊ အခြေတည်ဝိညာဥ်၊ နတ်အသွင်ပြောင်းနယ်ပယ်၊ အလောင်းသုံးကောင်ဘုံကို ပေါင်းစပ်ပြီး ဝိညာဉ်ကို အနတ္တသန့်စင်နယ်ပယ် ဖြစ်လာအောင် လုပ်နိုင်တယ်..."

ချန်ရှီ ရပ်တန့်သွားတဲ့အခါ သူ့ပတ်ဝန်းကျင်ရှိ စာလုံး အမျိုးမျိုးသည်လည်း ပြောင်းလဲသွားခဲ့သည်။ သူသည် ၎င်းတို့ကို သူ့ခန္ဓာကိုယ်ထဲရှိ ပါးကွာ့မီးဖိုထဲသို့ ထည့်ကာ မီးဖိုထဲတွင် သန့်စင်​နေခဲ့သည်။

"ဒါက မဟာပါးကွာ့ ခန္ဓာကိုယ်ကို ကာကွယ်တဲ့ လျှို့ဝှက် ကျွမ်းကျင်မှုလို့ ငါထင်တယ်!"

စာရေးက အံ့အားသင့်သွားသဖြင့် စိတ်လှုပ်ရှားစွာ မတ်တတ်ထရပ်လိုက်သည်။

"မှန်တယ်...ဒါက အဆောင်စာလုံး နဲ့ မှော်စွမ်းအင် ပေါင်းစပ်မှုပဲ!"

သူ သိသိသာသာ စိတ်လှုပ်ရှားသွားပြီး ချန်ရှီရှေ့၌ မြေပြင်ပေါ်အထိ ဦးညွှတ်ချပစ်လိုက်သည်။ ရုတ်တရတ် ဒါနဲ့တင် မလုံလောက်ဘူးလို့ ခံစားရတာကြောင့် ဦးညွှတ်ရင်း ဆိုလိုက်သည်။

“ကျောင်းသားက ဆရာ့ဆီကနေ သင်ယူခဲ့ပါပြီ”

ချန်ရှီဟာ တခြားသူတွေလိုပဲ မိသားစုကြီး တစ်ခုထဲက လူရှုပ်လေးတစ်ယောက်လို့ ထင်တဲ့အတွက် သူ့အတွက် စာမေးပွဲဖြေဖို့ ချရေးပေးခဲ့သည်။

မထင်မှတ်ဘဲ သူ့ထက်သာလွန်သော ပါရမီရှင် ချန်ရှီက သူ့ကို မတ်တတ်ရပ်ဖို့အထိ စွမ်းဆောင်ပြခဲ့သည်။ စာရေးသည် သူ့ကိုယ်သူ ထိန်းချုပ်ရန် စိတ်လှုပ်ရှားနေသေးပြီး။

"ငါ့ရဲ့စွမ်းရည်ကို လွန်လွန်ကဲကဲတွေ တွက်ထားမိတယ်... ဒါပေမယ့် ငါ့ထက်မြင့်တဲ့လူရဲ့ လမ်းညွှန်မှုကို ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး!"

ကျန်းယိုးနဲ့ သခင်​လေးတို့ကတော့ မျက်ခုံးပင့်ကာ ဘာမှမပြောဘဲသာ နေလိုက်သည်။

သူတို့အရင်တုန်းက ဒီလိုမျိုးတွေ ကြားဖူးပြီးသား။ ဒီစာရေးလေးဆီကနေ ချန်ရှီဟာ သူ့နေရာကို အရှိန်အဟုန်နဲ့ တည်ဆောက်နိုင်ဖို့ လူတွေရဲ့ နှလုံးသားကို ဝယ်သလို ဝယ်နေခဲ့တာ သေချာပါ၏။ ဒီလိုကိစ္စမျိုးကြောင့်နဲ့တော့ ကျန်းယိုး၊ သခင်လေးတို့ နှစ်ယောက်လုံးက မအံ့ဩကြပေ။ သူတို့ ဒါကို လုပ်ခဲ့ကြပြီးသား။

အထူးသဖြင့် အဲဒီလိုကိစ္စကို ပြီးပြည့်စုံအောင် အသုံးချခဲ့တဲ့သူက သခင်လေးပါပဲ။

ချန်ရှီသည် သူ့ရှေ့မှောက်တွင် အလွန်ကျွမ်းကျင်သော ဤစာရေးအား ဆွဲဆောင်ရန် သူ့အရည်အချင်းကို အမှန်တကယ် အသုံးပြုကာ အဆောင်လက်ဖွဲ့ ရေးဆွဲသော စာလုံးမှ မှော်စွမ်းအင် ကျွမ်းကျင်မှုကို ပြောင်းပြန်လှန်ပြီး သူတို့ရှေ့တွင် ပြသခဲ့သည်။

ဒီလိုအရည်အချင်းမျိုးက သူတို့နှစ်ယောက်ရဲ့ နှလုံးသားထဲမှာ အနည်းငယ်တော့ လေးလံသွားစေပါ၏။

ထိုအချိန်တွင် စာမေးပွဲဖြေရန် နာရီဝက်သာ ရှိသေးသည်။

ရုတ်တရက် စာရေး၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ခါသွားပြီး သူ၏ အရပ်သုံးမီတာရှည်သော နတ်ဝိညာဥ်က အလိုအလျောက် ထွက်ပေါ်လာခဲ့သည်။ နတ်ဝိညာဥ်နှင့် ဆက်နွှယ်နေသော သူ့ခန္ဓာကိုယ်ထဲတွင် အရှိန်အဟုန် ကောင်းသော ရောင်ဝါများနှင့် အလင်းတန်းများရှိနေသည်။

နတ်ဝိညာဥ်က သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားပြီး တခဏချင်းတွင် သူ့ခန္ဓာကိုယ်သည် သုံးမီတာအထိ မြင့်လာသည်။ မျက်နှာကျက်ကို မထိမိစေရန် ခန်းမထဲတွင် ခေါင်းငုံ့ထားရသည်။

စာရေးခမျာ အံ့အားသင့်သွားပြီး ပေါင်းစပ်မှုကို လျင်မြန်စွာ ရုတ်သိမ်းရင်း ချန်ရှီဘက်သို့ ဂါဝရပြုလိုက်သည်။

"ကျောင်းသား ချန်ချီ... ဆရာ့ရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်..."

ချန်ရှီသည် ပါးကွာ့ခန္ဓာကာကွယ် လျှို့ဝှက်ချက်ကို ရှင်းပြသောအခါ သူ့စိတ်ထဲ ဉာဏ်ပွင့်လာပြီး ခန္ဓာကိုယ်ကို သန့်စင်သည့်နည်းလမ်းကို သဘောပေါက်လာသောကြောင့် စာမေးပွဲခန်းအတွင်းရှိပင် ခန္ဓာပေါင်းစပ်နယ်ပယ်သို့ ဖြတ်ကျော်သွားခဲ့သည်။

သူသည် ဤဘဝတွင် နောက်ထပ် နယ်ပယ်တစ်ခုသို့ တက်လှမ်းရန် မျှော်လင့်ချက် မရှိတော့ဘူးဟု ထင်ထားသော်လည်း အခြားသူအတွက် စာမေးပွဲဖြေပေးနေတုန်း ဒီလို အံ့သြဖွယ်ကောင်းသော တွေ့ဆုံမှုမျိုးကို ရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ထို့ကြောင့် ချန်ရှီကို မြင့်မြတ်သောလူဟု မခေါ်တော့ဘဲ သူ့ကို ဆရာသမားဟုသာ တိုက်ရိုက် ခေါ်ခဲ့သည်။

ချန်ရှီ သူ့ရဲ့ အသိပညာကို အရမ်းချီးကျူးနေမိသည်။

"အစ်ကိုချန် မင်း ယဉ်ကျေးဖို့ မလိုပါဘူး... မင်းရဲ့ အသိပညာကို ငါလည်း အရမ်းလေးစားပါတယ် "

သခင်လေးက မျက်မှောင်ကြုတ်ပြီး သူ့ရှေ့က အဖြေစာရွက်ကို ကြည့်ပြီး ဘေးကို လှည့်လိုက်တဲ့အခါ သူ့အတွက် စာမေးပွဲဖြေတဲ့ စာရေးလေးရဲ့ မျှော်လင့်နေတဲ့ မျက်လုံးတွေနဲ့ တွေ့သွားသည်။

စည်းလုံးညီညွတ်မှု သီအိုရီကို ရွေးချယ်ခဲ့သည်။ သူစာရေးတာ အရမ်းကောင်းပါ၏။ ချို့ယွင်းချက် တစ်ခုခုကို ရှာမတွေ့သလို အကြံဉာဏ်လည်း မပေးနိုင်ဘူးလေ။

ကျန်းယိုးကတော့ ပြုံးပြီး သူ့စာရေးလေးရဲ့ မျက်လုံးတွေကို လျစ်လျူရှုကာ အကြံဉာဏ်ပေးဖို့လည်း မကြိုးစားခဲ့ချေ။ သူ့အရည်အချင်းက လုံလောက်မှု မရှိပေ။ အကြံဉာဏ် အတင်းအကျပ် ထုတ်ပေးလိုက်ရင် သူ့ကိုယ်သူပဲ ရုပ်ဆိုးစေလိမ့်မည်။

"ဟုတ်တယ် မင်းအတွက် စာမေးပွဲဖြေဖို့ တစ်ယောက်ယောက်ကို တောင်းဖို့ ဆုံးဖြတ်ချက်က တော်တော်ကို ဉာဏ်ကောင်းတယ်... ချန်ရှီက သူ့ရဲ့ စွမ်းဆောင်ရည်ကို ကန့်သတ်ထားတယ် အဲဒါကြောင့် သူ အမှတ်ပြည့်အောင် လုပ်နိုင်တယ်... အဲဒါက ငါ့ကို ရုပ်ဆိုးစေမှာတော့ မဟုတ်ဘူးလေ..."

တစ်နာရီလောက်ကြာတော့ စာမေးပွဲမှူး ရောက်လာပြီး စာရွက်တွေကို ကောက်ယူသွားကြသည်။ ချန်ရှီသည် စာစီစာကုံးကို ကိုယ်တိုင်မရေးခဲ့သော်ငြားလည်း အလွန် ကျေနပ်နေပါသည်။

အချိန်အတော်ကြာ ဒုက္ခရောက်နေတဲ့ စာရေးတစ်ယောက်ကို အကြံဉာဏ်ပေးဖို့က လွယ်လိုက်လေခြင်းပင်။ မှော်ပညာရဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို နားလည်ပြီး မွေးရာပါနယ်ပယ်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပေမဲ့ ချန်ချီ အတွက်ကတော့ သူ့ဘဝကို ပြောင်းလဲသွားစေခဲ့သည်။

ချန်ရှီသည် ဝတ်ပြုရေး ဝန်ကြီးဌာနမှ ထွက်လာသောအခါ ချန်ထန်၊ အဘွားရှား နဲ့ တခြားသူတွေက ရှေ့ကိုရောက်လာပြီး စာမေးပွဲမှာ သူဘယ်လိုဖြေခဲ့လဲ သူ့ကိုမေးတော့မည်။ ထိုအချိန်တွင် ဝတ်ပြုရေး ဝန်ကြီးဌာနမှ အရာရှိတစ်ဦးသည် ချန်ရှီထံသို့ အလျင်အမြန် ရောက်လာပြီး ဦးညွှတ်ချလျက်။

"ကျောင်းသားချန်ချီ... ဆရာ့ကို ကျေးဇူးတင်ပါတယ် အခုကစပြီး ဆရာ့မှာ ညွှန်ကြားချက်တွေရှိရင် ပြောပါ... ချန်ချီ ချက်ချင်း လုပ်ပါ့မယ်!"

ချန်ရှီ သူ့ကို အမြန်ထောက်ကူလိုက်သည်။

"လူကြီးမင်းချန်... စာမေးပွဲခန်းထဲမှာ မင်း ငါ့ကို ကျေးဇူးတင်နေပြီးသားလေ... ဘာလို့ ထပ်ကျေးဇူးတင်ရ​ပြန်တာလဲ မြန်မြန်ထပါဗျာ...."

"အခုလေးတင် စာမေးပွဲခန်းထဲမှာက ဆရာ့ရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်တာပါ... အခုက နယ်ပယ်ကို ဖြတ်ကျော်ဖို့ ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်တာပါ!"

ချန်ထန်သည် ဝတ်ပြုဝန်ကြီးဌာနမှ အရာရှိငယ် ချန်ချီက ချန်ရှီကို လေးစားပြီး သူ့ကိုယ်သူ ကျောင်းသားအဖြစ် ခေါ်ဝေါ် ဆက်ဆံနေတာ တွေ့ရတော့ အလွန်အံ့အားသင့်သွားသည်။

ထူးဆန်းလိုက်တာ။

ဝန်ကြီးဌာနမှ အရာရှိငယ်များ၏ ကျင့်ကြံမှု အဆင့်မှာ မြင့်မားလွန်းလှသည်။ သူကအခု ခန္ဓာပေါင်းစပ်နယ်ပယ်က ကြီးမြတ်သော သခင်ဖြစ်နေပြီ ဖြစ်သည်။

ရှီးကျင်းတွင် တရားဝင်ရာထူး မရှိသော အခွန်ဌာနကဲ့သို့သော အသေးစား အရာရှိများစွာ ရှိသည်။ အများစုမှာ နဝမအဆင့် အရာရှိများသာဖြစ်ပြီး ကျင့်ကြံမှုက အနတ္တသန့်စင်နယ်ပယ်မှာသာ။ သို့သော် တရားဝင်ရာထူးမရှိသော ဤစာရေးတစ်ဦးသည် ခန္ဓာပေါင်းစည်းနယ်ပယ် ရောက်သွားပြီ။

ထိုအချိန်တွင် ဝတ်ပြုဝန်ကြီးဌာန၏ လက်ဝဲဒုဝန်ကြီးက ထွက်လာသည်။

“ချန်ချီ မင်း စာမေးပွဲမှာ ဥပဒေနဲ့ စည်းကမ်းကို နှောင့်ယှက်လို့ ထုံးတမ်းစဉ်လာ ဝန်ကြီးဌာနက ထုတ်ပယ်လိုက်ပြီ... နေ့ခင်းဘက် ယမန်ကို လာခဲ့”

ချန်ချီ၏ မျက်နှာ ဖြူဖျော့ပြီး အနည်းငယ် ပျာယာခတ်ကာ မူးဝေသွားသည်။ သူ ကြည့်လိုက်တော့ လက်ဝဲဒုဝန်ကြီးက ထွက်သွားပြီးပြီ။

သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် လုပ်ရင်း ထိတ်လန့်တုန်လှုပ်နေဆဲ။ သူ ရှီးကျင်း၌ ဆယ်နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ သူ့မိသားစုနှင့် ရွာသားများက သူသည် ရှီးကျင်းက အရာရှိတစ်ဦးဖြစ်ကြောင်း သိကြသည်။ သူ့တရားဝင်ရာထူးသည် ဘယ်လောက် မြင့်မားသလဲ ရှင်းရှင်းလင်းလင်း မသိရသော်လည်း ထူးထူးခြားခြား အရာရှိတစ်ဦး ဖြစ်ရမည်ဟု သူ့မိသားစုဝင်တွေက သူ့ကိုပြောတဲ့အခါ ဂုဏ်ယူမိသလို ခံစားရ၏။

ဒီတစ်ခါ ထုတ်ပယ်ခံရလို့ သူပြန်သွားရင် ဒီမာနကို ဆုံးရှုံးလိုက်ရလိမ့်မည်။

သူပြန်သွားပြီးရင် ဘာလုပ်ရမလဲ။

နောက်ကြောင်း ပြန်လှည့်ပြီး ရွာကို အနိုင်ကျင့်ဖို့ လုပ်မိရင်း သစ္စာဖောက်အဖြစ် ဝိညာဥ်တစ်သောင်းအလံထဲ အပို့ခံရပြီး ခေါင်းဆောင်တောင် ဖြစ်လာ​တော့မှာ သေချာသည်။

စာသင်ဖို့ ပြန်သွားပြီး ကိုယ်ပိုင်ကျောင်းဆရာ လုပ်ရမလား။ တခြားသူတွေက သူ့ရဲ့နောက်ကျောကို လက်ညိုးထိုးပြီး ရှီးကျင်းမှာ ရာဇ၀တ်မှုတစ်ခုကို ကျူးလွန်လို့ ကျေးလက်တောထဲကို ကျသွားတယ်လို့ ပြောလိမ့်မည်။

ကပ္ပိယဆရာဖြစ်ဖို့ ပြန်လာမှာလား။ အသက်မွေးဝမ်းကြောင်းပြုနိုင်သည်။

ချန်ရှီက အပြုံးလေးနဲ့ ပြောလာသည်။

"လူကြီးမင်းချန်... အမြဲတမ်း ထွက်လမ်းဆိုတာ ရှိပါတယ်။ တောင်နီခန်းမမှာ နည်းပြ၊ အမွှေးတိုင်ဆရာ ဒါမှမဟုတ် ခန်းမသခင်ဖြစ်ဖို့အတွက် ဘာလို့ မသွားတာလဲ... လစဉ်လစာက မင်းရဲ့ လစာထက် ပိုပါတယ် ငါဆို တောင်နီခန်းမမှာ နည်းပြလုပ်တယ်... ဒီလူတွေအားလုံးက ဧည့်သည်တွေ..."

သူ ပြောတဲ့ လူတွေက အဘွားရှား၊ ချင်းယန်တို့ပါပဲ။

မိန်းမစိုးဖုန်းက ဘီးတပ်ကုလားထိုင်မှာ ထိုင်လျက် ပြုံးပြလာသည်။

"မင်း ငါ့အရှေ့စက်ရုံကို မိန်းမစိုးလုပ်လို့ရတယ်... မင်း စိတ်၀င်စားရင် ငါ့ကို မင်းမွေးစားအဖေလို့ ခေါ်နိုင်တယ်"

ချန်ချီ မျက်မှောင်ကြုတ်ပြီး တောင်နီခန်းမထဲဝင်ဖို့ပဲ ဆုံးဖြတ်လိုက်သည်။ မိန်းမစိုးဖုန်းလည်း အတော်လေး စိတ်မကောင်းဖြစ်သွားကာ။

"အရှေ့စက်ရုံမှာ မင်းလို အရည်အချင်း ရှိတဲ့သူတွေ လိုနေတာ... မိန်းမစိုးတစ်ယောက် ဖြစ်ရတာလည်း အရမ်းကောင်းပါတယ်.... တစ်ချက်ဖြတ်လိုက်ရုံနဲ့ စိတ်ပူစရာ ပြဿနာ ထောင်ပေါင်းများစွာကို သက်သာစေနိုင်တယ်"

ထိုအချိန်တွင် ကျန်းယိုးသည် ဌာနမှ ထွက်လာနေတုန်း မိန်းမစိုးဖုန်းကို တွေ့သဖြင့် နှုတ်ဆက်ရန် အလျင်အမြန် ပြေးလာခဲ့သည်။ ဖုန်းထျန်းဟွမ့်က သူ့ကို တအံ့တသြနဲ့ ငုံ့ကြည့်ရင်း ခေါင်းညိတ်ပြသည်။

"ကောင်းပြီ ကောင်းပြီ မင်းအဖေ အဆင်ပြေရဲ့လား"

"အဖေက ကျန်းမာရေး ကောင်းပါတယ်... ဦးလေးဖုန်းရဲ့ ခြေထောက်တွေ အကြောင်းတောင် မေးနေသေးတယ် ..."

နှုတ်ဆက်စကား ဖလှယ်ပြီးနောက် ကျန်းယိုး ထွက်သွားခဲ့သည်။ ဖုန်းထျန်းဟွမ့်ဟာ လူငယ်လေး ထွက်သွား​နေတာကို ကြည့်ပြီး ရေရွတ်နေ၏။

"ကျန်းမိသားစုမှာ နောက်ထပ် ချီလင်တစ်ကောင် ထွက်လာပြီ... ဒီကျန်းယိုးက ကျန်းမိသားစု ဘိုးဘေးတွေရဲ့ အဆက်အနွယ်... နောက်ထပ် ဘိုးဘေးအဖြစ် လေ့ကျင့်ပေးနေပြီ သူနဲ့တွေ့ရင် ကိုယ်ခံပညာ စာမေးပွဲမှာ သတိထားရမယ်... မင်းအဖေက အဲဒီလူနဲ့ တစ်ဆင့်တည်းပဲ..."

ချန်ရှီ အလွန်အံ့အားသင့်သွားပြီး ချန်ထန်ကို ကြည့်လိုက်သည်။

"ချန်ထန်...ခင်ဗျား မိသားစုဆယ့်သုံးစုထဲက ဘယ်ဘိုးဘေးတွေနဲ့ တစ်ဆင့်တည်းလဲ?"

ချန်ထန် မဖြေခင် မိန်းမစိုးဖုန်းက ပြုံးပြီး ဖြေလေ၏။

"ယန်မိသားစုရဲ့ လက်ရှိဘိုးဘေးက ယန်ဟန့်ချင်း... မဟာယာနနယ်ပယ်မှာ ဖြစ်ကောင်းဖြစ်နိုင်တယ် သူ မဟာယာန မဟုတ်ရင်တောင် မဝေး​တော့ဘူး... ငါတို့ ထပ်တိုက်ရင် ချန်ထန် မင်းသူ့ကို အနိုင်ယူနိုင်လား"

ချန်ထန်က ခေါင်းခါပြီး :"ကျုပ်က အောင်ပွဲခံဖို့ သတ္တိရှိပါ့မလား... အများဆုံး သရေပွဲပေါ့"

ချန်ရှီ : "ချန်ထန်... ခင်ဗျားနဲ့ ယန်ဟန့်ချင်း ရန်ဖြစ်တုန်းက တူညီတဲ့နယ်ပယ်မှာလား ဒါမှမဟုတ် သူက ခင်ဗျားထက်နိမ့်ကျတဲ့ နယ်ပယ်တစ်ခုလား "

"တူညီတဲ့ဘုံ...."

ချန်ရှီ သက်ပြင်းချကာ ပြုံးလိုက်သည်။

"ဒါဆို အဆင်ပြေတယ်"

ချန်ထန်ရဲ့ မျက်နှာ မည်းမှောင်လာပြီး။

"ဘယ်လိုလုပ် အဆင်ပြေနိုင်မှာလဲ နယ်ပယ်ကွာဟမှုက ကွာဟချက်ပဲ!"

ချန်ရှီက အပြုံးမပျက်ချေ။

"နယ်ပယ်မတူရင်တောင် ကျနော် ဒီစာမေးပွဲမှာ ပထမနေရာကို ရအောင်လုပ်မယ်!"

All Chapters