အမတနတ်သမီး ရောက်ရှိလာပြီ
Vol. 20 Ch. 299
ရှီးကျင်း အပြင်ဘက်က လူတိုင်းသည် ကောင်းကင်က အမတတံတားကောင်းချီးမြေကို ကြည့်လိုက်ကြသည်။ အမတတံတားကောင်းချီးမြေထဲက မြင်ကွင်းသည် သာမာန်အားဖြင့် အနည်းငယ် အပြောင်းအလဲ ရှိနေပုံပါပဲ။
ဤကောင်းချီးမြေသည် အမတ တစ်စိတ်တစ်ပိုင်းတို့၏ နယ်မြေဖြစ်သည်။ အမတနယ်ပယ်ကို ခြေတစ်လှမ်း ဝင်ထားသူက သေဆုံးပြီးနောက် ၎င်းကို ရတနာအဖြစ် ပြန်လည်သန့်စင်ခဲ့သည်။ နေ ၊ လ ၊ တောင် နဲ့ မြစ်တွေက မတည်ငြိမ်ချေ။
သို့သော် ယခု ကောင်းချီးမြေထဲရှိ နေ၊ လ၊ တောင်များနှင့် မြစ်များ ပို၍ပို၍ ပြောင်းလဲလာသောကြောင့် ဤကောင်းချီမြေတွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း လူအများက တဖြည်းဖြည်း ရိပ်မိလာကြသည်။
"စစ်စခန်းငါးခုရဲ့ တပ်မှူးတွေက လိမ်လည်နေတာလား"
လူအုပ်ကြီးထဲ ဆွေးနွေးမှုများကို တဖြည်းဖြည်း ကြားလာရသည်။
ချန်ထန်လည်း အမတတံတားကောင်းချီးမြေကို စိုက်ကြည့်ရင်း မိန်းမစိုးဖုန်းဘက် လှည့်ပြောလိုက်၏။
"လူကြီးမင်းဖုန်း... ကောင်းချီးမြေက အရမ်းပြောင်းလဲသွားပြီ ထိန်းမနိုင်သိမ်းမရ ဖြစ်နေပုံရတယ် တပ်ငါးခုရဲ့ ဘယ်ညာ တပ်မှူးတွေက ကျုပ်သားအပေါ် လုပ်ကြံဖို့ ကောင်းချီးမြေကို အသက်သွင်းချင်ပေမယ့် သူတို့ရဲ့ အနတ္တပြန်ခြင်းဘုံပဲ ရှိသေးတာ..ဒါကို အကောင်အထည်ဖော်ဖို့ အရမ်းခက်တယ်!"
မိန်းမစိုးဖုန်းလည်း ကောင်းကင်ကို မျှော်ကြည့်ရင်း သူ့မျက်နှာက တဖြည်းဖြည်း လေးနက်လာကာ ရုတ်တရက် သူ့ဘီးတပ်ကုလားထိုင်ကို တွန်းဖယ်လိုက်ပြီး မတ်တပ်ထရပ်တော့သည်။
"တစ်ခုခုက ဖြစ်သွားပြီ... အမတတံတားကောင်းချီးမြေရဲ့ မရဏအစိတ်အပိုင်းက တစ်ခုခုနဲ့ တိုက်မိပြီး မရဏကမ္ဘာဘက်ကို စောင်းနေတယ်!"
ချန်ထန်က ဦးဆောင်ပြီး ကောင်းချီးမြေဆီ ပြေးသွားတော့သည်။ မိန်းမစိုးဖုန်းကလည်း အနောက်မှ အနီးကပ်လိုက်လာကာ အော်ပြောလေသည်။
"ရှဖောင့်ဟဲ့... ရှရှိုးယင်း! အမတတံတားကောင်းချီးမြေက ထိန်းချုပ်မှု မရှိတော့ဘဲ မရဏကမ္ဘာဘက်ကို တိမ်းကျနေပြီ...အမြန်ရပ်လိုက်!"
တစ်ချိန်တည်းမှာပင် ရှီးကျင်းမြို့၌ အဓိက မိသားစုများ၏ ဘိုးဘေးများသည် အမတတံတားကောင်းချီးမြေ၏ ပုံမှန်မဟုတ်သော လှုပ်ရှားမှုများကြောင့် နိုးကြားလာခဲ့သည်။
သူတို့၏ စိတ်ဝိညာဉ်များသည် ယင်နဲ့ယန် ကမ္ဘာများကို လွှမ်းခြုံကာ မရဏကမ္ဘာမှ အမတတံတားကောင်းချီးမြေကို ချက်ချင်း ကြည့်လိုက်ကြသည်။ မရဏကမ္ဘာရှိ အမတတံတားကောင်းချီးမြေသည် ချီးရှာဘုရားကျောင်းနှင့် ထပ်နေတာ တွေ့လိုက်ရသည်။
ချီးရှာ ဘုရားကျောင်းနှင့် အမတတံတားကောင်းချီးမြေသည် မူလက နှစ်ခုကြားတွင် ကြီးမားသော အကွာအဝေး ရှိသေးသည်။ သို့သော် ရှဖောင့်ဟဲ့နဲ့ ရှရှိုးယင်းတို့သည် ချန်ရှီကိုဆန့်ကျင်ပြီး နေ၊ လ၊ တောင်များနှင့် မြစ်များကို ပြောင်းလဲပစ်ရန် ကြံစည်ခဲ့သော်ငြား ယင်နှင့်ယန်အချိုးကို မမျှတစေဘဲ ကောင်းချီမြေက မြေအောက်ကမ္ဘာထဲသို့ ကျသွားခဲ့သည်။
တပ်ငါးခုမှ တပ်မှူးနှစ်ဦးသည် ကောင်းချီးမြေ၏ လှုပ်ရှားမှုများကိုသာ အာရုံစိုက်နေခဲ့ပြီး မရဏကမ္ဘာ၏ အပြောင်းအလဲများကို ဂရုမစိုက်မိခဲ့သောကြောင့် ယခု ဘုံကျောင်းနှင့် ကောင်းချီးမြေက ထပ်သွားတဲ့အခါ ဘာလုပ်ရမှန်း မသိတော့ပေ။
"အမတတံတား ကောင်းချီးမြေထဲမှာ ချီးရှာဘုံကျောင်းက ကျောက်စိမ်းဖြူလှေကားကို တွေ့လိုက်တယ်... ကောင်းချီးမြေက နတ်တစ္ဆေဘုံနဲ့ တိုက်မိပြီဆိုတော့ တစ္ဆေနတ်သမီးကိုပါ ဒီလောကထဲ ခေါ်ဆောင်လာမိမှာ ကြောက်ရတယ်!"
"ဒီနတ်သမီးက ယင်နဲ့ယန်ကမ္ဘာကို လွှမ်းခြုံထားတဲ့ အမတတံတားကြီးတစ်လျှောက် သက်ရှိကမ္ဘာကို ပြန်လာလိမ့်မယ်... သူမက ပြန်ရှင်ချင်နေတာ!"
မိသားစုကြီးများ၏ ဘိုးဘေးများသည် ၎င်းတို့၏ ဦးရေပြားများ ယားယံလာသလိုပင် ခံစားလာခဲ့ရသည်။ အနှစ်နှစ်ရာကျော် နေထိုင်လာသော်လည်း ရှေးဟောင်းပစ္စည်းကြီးတွေ မဟုတ်ပေ။
တကယ့် ရှေးဟောင်းပစ္စည်းက ကျောက်စိမ်းဖြူလမ်းရဲ့ နောက်ကွယ်က အဖြူရောင် နတ်သမီးပါပဲ။ အဖြူရောင်နတ်သမီးနှင့် နှိုင်းယှဉ်ပါက ၎င်းတို့ကို မွေးကင်းစ ကလေးငယ်များ အဖြစ်သာ မှတ်ယူနိုင်သည်။
ကျောက်စိမ်းဖြူလမ်းသည် သမိုင်းမတင်မီ အကြွင်းအကျန် တစ်ခုဖြစ်ကြောင်း ကောလာဟလများ ထွက်ပေါ်နေခဲ့ပြီး ၎င်းဟာ လမ်း၏အဆုံးတွင် အဖြူရောင်နတ်သမီးကို မြှုပ်နှံထားသည်။
သူမဟာ ကမ္ဘာပေါ်တွင် ဆက်တည်ရှိနေနိုင်အောင် တစ္ဆေနတ်သမီးအသွင်သို့ ပြောင်းလဲကာ သူမ၏ကိုယ်ပိုင် နတ်တစ္ဆေဘုံ၌ ဖမ်းမိသူများကို တံဆိပ်ခတ်ထားနိုင်ဖို့ လျှို့ဝှက်နည်းလမ်းကို အသုံးပြုခဲ့သည်။
သို့သော် သူမသည် ဤပုံစံကို ထိန်းသိမ်းရန် သူမ၏ ယန်စွမ်းအင်ကို ဖြည့်တင်းရန် လိုအပ်သောကြောင့် ကျောက်စိမ်းဖြူလမ်းပေါ်သို့ တက်ရန်နှင့် သူမ၏ နတ်တစ္ဆေသို့ ဝင်ရောက်ရန် လူတချို့ကို သွေးဆောင်ရသည်။
ဝင်လာသူတိုင်းသည် သူမဆီက ယန်စွမ်းအင်အားလုံးကို စုပ်ယူခံရပြီး ခြောက်သွားသော အလောင်းကောင်အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။ မိသားစုကြီးများ၏ ဘိုးဘေးများသည် ဤဒဏ္ဍာရီများကို နားထောင်ရင်း ကြီးပြင်းလာကြသူတွေပင်။
ဒဏ္ဍာရီများသည် သဘာဝအတိုင်း အမှန်အမှားလည်း ရှိပေ၏။ သူတို့သည် မိသားစုကို ထိန်းချုပ်ပြီးနောက် လျှို့ဝှက်ချက်များကို ပိုမိုသိလာခဲ့သည်။ စစ်မှန်သော ဘုရင်ခေတ်အတွင်း ကျောက်စိမ်းဖြူလမ်းကို စူးစမ်းလေ့လာခဲ့ကြောင်း၊ ထိုလမ်း၏အဆုံးတွင် နတ်တစ္ဆေဘုံပင်လျှင် ရှီးကျင်းတွင် လူအများကြီးကို သေဆုံးစေမည့် အံ့သြဖွယ်ကောင်းသော ရောဂါဖြစ်ပွားမှုများစွာ ရှိခဲ့ကြောင်း တွေ့ခဲ့ရသည်။
နောက်ပိုင်းတွင် ကျောက်စိမ်းဖြူလမ်းပေါ်တွင် လဖမ်းဆီးခန်းမကို တည်ဆောက်ခဲ့ပြီး လမ်းအဆုံးက အဖြူရောင်ဝတ် နတ်သမီးလည်း ပျောက်ကွယ်သွားခဲ့သည်။ သို့သော် လဖမ်းနန်းတော်တွင် နေထိုင်သော ဧည့်သည်တစ်ရာ သို့မဟုတ် တစ်ယောက် နှစ်ယောက်တောင် ပျောက်ကွယ်သွားလိမ့်မည်ဟု ဆိုကြသည်။ ဒါဟာ တကယ့် ပျောက်ဆုံးသွားတာ ဖြစ်ပြီး သက်ရှိတွေကို ဘယ်သူကမှ မမြင်နိုင်သလို အလောင်းကိုလည်း မတွေ့နိုင်သလို ဝိညာဉ်တွေကိုလည်း ပြန်ခေါ်လို့မရတော့ချေ။
လဖမ်းနန်းတော်တွင် နေထိုင်ကြသော ဧည့်သည်များကလည်း ညဘက် အိပ်ရာက နိုးလာသောအခါ ရှီးကျင်းမှာမဟုတ်၊ အနောက်နွားရှင်းကျိုးမှာ မဟုတ်၊ သက်ရှိကမ္ဘာ သို့မဟုတ် မြေအောက်ကမ္ဘာလည်း မဟုတ်တဲ့ တစ်နေရာကို ရောက်နေကြကြောင်း ပြောဆိုကြသည်များလည်း ရှိပါသည်။
ဇာတ်ကြောင်းပြောသူက ဤအံ့သြဖွယ်အတွေ့အကြုံကို ကွက်ကွက်ကွင်းကွင်း ဖော်ပြခဲ့ပြီး သူသည် ခမ်းနားထည်ဝါသော အပျက်အစီးတစ်ခုတွင် ရှိနေပုံရ၏။ ကျိုးပဲ့နေသော ကောင်းကင်၊ အက်ကွဲနေသော မြေကြီးနှင့် မရေမတွက်နိုင်သော ကျိုးပဲ့နေသော အမတ လက်နက်များ၊ အမတ အလောင်းပုံများထဲသို့ ထည့်သွင်းခံထားရသလိုပင်။
သို့သော် ဇာတ်ကြောင်းပြောသူက ထိုလဖမ်း နန်းတော်တွင် အိပ်မက်မက်နေတာသာ ဖြစ်နိုင်ကြောင်း မိသားစုကြီး ဆယ့်သုံးစုမှလူများက ခံစားခဲ့ကြသဖြင့် အရေးမလုပ်ခဲ့။
သို့သော် ထိုနန်းတော်တွင် နေထိုင်ကြသော ဧည့်သည်တော် အများအပြားမှာ တူညီသော အိပ်မက်၊ ခမ်းနားထည်ဝါသော အပျက်အစီးများ အကြောင်း ပြောလာကြသည်။ သူတို့၏ ဇာတ်လမ်းက အများစုမှာ အတူတူပင်ဖြစ်ပြီး အိပ်စက်နေရင်း ထိုထူးဆန်းသော ကမ္ဘာထဲသို့ ရောက်သွားခဲ့သဖြင့် လူများကို အံ့ဩသွားစေခဲ့သည်။
ဝတ်ရုံဖြူနတ်သမီးသည် ရှေးခေတ်ကတည်းက တားမြစ်ခံခဲ့ရပြီး ၎င်းတို့ကဲ့သို့ သတ္တဝါများပင် သူမအား နှိုးဆော်ရန် မသွားရဲကြပေ။ သက်ရှိလောကထဲကို မဝင်နိုင်သရွေ့ ကံဆိုးတဲ့ လူတွေကို စားသုံးတာက အရေးမကြီးပါ။
မိသားစုကြီးများ၏ ဘိုးဘေးများသည် ဤမြင်ကွင်းကို မြင်လိုက်သောအခါတွင် သူတို့မျက်နှာများမှာ အစိမ်းရောင် ပြောင်းသွားပြီး ရှဖောင့်ဟဲ့ နဲ့ ရှရှိုးယင်း လူယုတ်မာနှစ်ဦးတို့ကို ကျိန်ဆဲနေခဲ့သည်။ အမတတံတားသည် ယင်နဲ့ယန်ကို ဆက်သွယ်ထားလို့ အမတတစ္ဆေများသည် အခြားကမ္ဘာမှ တံတားကိုဖြတ်ကူးကာ သက်ရှိလောကထဲသို့ ဝင်ရောက်နိုင်သည်။
မာမိသားစု၏ ဘိုးဘေး မာယွီက မတ်တပ်ထရပ်ပြီး။
"ရှီးကျင်းက တာအိုဝါဒီတို့ နတ်တစ္ဆေ ဒီလောကထဲ ဝင်မလာအောင် အတူတူ လုပ်ဆောင်ကြစို့!"
ဤတစ်ကြိမ်တွင် ဖန်တီးခံရှောင်ဝူကို ဆက်ဆံရန်အတွက် မိသားစု ဆယ့်သုံးစု၏ ဘိုးဘေးအများစု အတူတူ စုလာခဲ့ကြသည်။ ဖန်တီးခံရှောင်ဝူ လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ ထွက်ခွာသွားခဲ့ပြီး သူတို့ကတော့ ထွက်ခွာရန် အချိန်မရှိခဲ့ပေ။ အခုတော့ ချက်ချင်းဆိုသလို တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ထရပ်ကြပြီး သူတို့၏ဝိညာဉ်များသည် မရဏကမ္ဘာထဲသို့ ဝင်ရောက်ကာ အမတတံတားကောင်းချီးမြေထဲ ပြေးသွားခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် တပ်မှူးနှစ်ဦး ရှဖောင့်ဟဲ့နဲ့ ရှရှိုးယင်းတို့လည်း တစ်ခုခုမှားယွင်းနေကြောင်း သိလာသည်။ အမတတံတားကောင်းချီးမြေက ချီးရှာဘုံကျောင်းနှင့် ထပ်နေကြောင်း သတိပြုမိကြပြီးသည်နှင့် ချက်ချင်း ရပ်တန့်ကာ နေရာနှစ်ခုကို ခွဲထုတ်ဖို့ ကြိုးစားခဲ့ကြသည်။
သို့သော်လည်း ကျောက်စိမ်းဖြူလမ်းသည် ရှည်လျားသော ကျောက်စိမ်းတံတားကြီး အဖြစ် ပြောင်းလဲသွားကာ အမတတံတားကောင်းချီးမြေ အတွင်းသို့ နက်နက်ရှိုင်းရှိုင်း ဖောက်ဝင်လာလေရာ ခွဲမထုတ်နိုင်ပေ။
အဝတ်ဖြူနတ်သမီး၏ ရုပ်လွှာသည်လည်း ပေါ်လာပြီး သူမ အငွေ့အသက်သည် အမတတံတား ကောင်းချီးမြေကို ချက်ချင်း ထိန်းမနိုင်သိမ်းမရ ဖြစ်လာစေကာ မြေအောက်ကမ္ဘာသို့ တိမ်းစောင်းနေခြင်းအား အရှိန်မြှင့်သွားခဲ့သည်။
နှစ်ယောက်သား ဆုံးဖြတ်ချက်ချပြီး အမတတံတား ကောင်းချီးမြေထဲက ဖြေဆိုသူများကို ကယ်တင်ရန် တပ်ငါးခုမှ စစ်သားများနှင့် ဓမ္မဝတ်ပြုရေး ဝန်ကြီးဌာနမှ အရာရှိများကို အမိန့်ပေးခဲ့သည်။
သို့သော် ဤအခိုက်အတန့်တွင်၊ စစ်တပ်ငါးခုမှ အရာရှိများနှင့် စစ်သည်များသည် အဖြူရောင်ဝတ် နတ်သမီး၏ အသက်ရှုသံကြောင့် ပေါက်ကွဲတော့မလို ဖိအားများ ခံစားလာခဲ့ရသည်။
ကောင်းကင်မှာ သွေးငွေ့တွေ ပေါ်ထွက်လာ၏။
အဖြူရောင်ဝတ်နတ်သမီးဟာ သွေးအခိုးအငွေ့တွေပေါ် တက်လာပြီး အမတတံတားဆီသို့ လျှောက်လာခဲ့သည်။ တံတား၏ တစ်ဖက်ခြမ်းသည် သက်ရှိလောကကို ဦးတည်နေသည်ါ
ရှညီအစ်ကိုသည် အနတ္တလေဟာပြင်ဘုံကို အသက်သွင်းကာ အဖြူရောင်ဝတ် နတ်သမီးကို အပေါ်မှ အောက်အထိ တိုက်ခိုက်ခဲ့ကြသည်။
သူတို့နှစ်ဦးစလုံးသည် အနတ္တပြန်ခြင်းဘုံ အထွတ်အထိပ်ကို ရောက်နေပြီ။ သူတို့သည် ဤလောကတွင် ဆယ်နှစ်ကျော် နေခဲ့ရပြီးပြီမလို့ ဤဘဝတွင် မဟာယာနနယ်ပယ် ဝင်ရောက်ရန် မျှော်လင့်ချက် မရှိတေည့ပေ။ ဒါပေမယ့် သူတို့ရဲ့ ခွန်အားက ထူးခြားပါ၏။ မြေအောက်ကမ္ဘာတွင် အဘွားရှား၊ ချင်းယန်၊ ကောင်းကင်မြေခွေးကို တိုက်ခိုက်ခဲ့ကြဖူးသည်။ ညတစ်ဝက်လောက် ပြင်းထန်တဲ့ တိုက်ပွဲ အပြီးမှာတော့ သူတို့ မသေဘဲ ဆုတ်ခွာ နိုင်ခဲ့သည်။
ဤအခိုက်အတန့်တွင် ၎င်းတို့နှစ်ဦးသည် မင်ဧကရာဇ်လောကကျင့်စဥ်ကို အသက်သွင်းလိုက်သည်။ အနတ္တလေဟာပြင်ဘုံက သူတို့ရဲ့ နတ်ဝိညာဉ်များကို ကောင်းချီးပေးခဲ့ပြီး အမတတံတားရှိ ကောင်းကင်နှင့်မြေကြီး၏ တန်ခိုးများသည်လည်း ၎င်းတို့ဆီသို့ တိုးဝင်လာခဲ့သည်။
နှစ်ယောက်သား သူတို့ရဲ့ မှော်အစွမ်းတွေကို အားပြင်းပြင်း ထုတ်သုံးထားကြသည်။ မင်ဧကရာဇ်လောကကျင့်စဥ်သည် လူ့လောက၏ နိယာမများကို ထူထောင်ပြီး ကမ္ဘာ့အခြေခံမူများကို ဆုံးဖြတ်နိုင်၏။
နှစ်ယောက်သား လက်ဖဝါးကို ထုတ်လိုက်သည်နှင့် စွမ်းအင်တွေဟာ နေရာတိုင်းတွင် ရှိနေသလို စကားလုံးတိုင်းက တောက်ပနေသည်။ နေနဲ့လက ပုံသဏ္ဌာန်ဖြစ်တည်လာကာ ဒြပ်စင်ငါးပါး ပေါ်လာပြီး တောင်များက ကောင်းကင်သို့ ထိုးတက်သွားသည်။
ဒီမြင်ကွင်းက ကမ္ဘာမြေကို ဖြိုခွင်းခဲ့သဖြင့် အဖြူရောင်ဝတ်နတ်သမီးက ကျောက်စိမ်းတံတားပေါ်ကနေ ဆင်းသွားပြီး သူမလက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်ရင်ပဲ ကောင်းကင်ပေါ်ရှိ စွမ်းအင်အားလုံးကို ချိုးဖျက်ပစ်လေ၏။ ရှဖောင့်ဟဲ့နဲ့ ရှရှိုးယင်းတို့သည် ပါးစပ်မှ သွေးများ အန်ကာ နောက်သို့ ပြေးသွားကြသည်။
လူနှစ်ယောက်၏ အနတ္တလေဟာပြင်ဘုံက ကွဲသွားကာ နှစ်ယောက်သား လှိမ့်ပြီး လွင့်သွားကြသည်။ အမတတံတားပေါ်မှ လွင့်ထွက်၍ ရှီးကျင်း အထက်ကောင်းကင်တွင် ပေါ်လာပြီး လဲကျသွားသည်။
ရှီးကျင်းက သခင်များစွာသည်လည်း အမတတံတားကောင်းချီးမြေဆီ အပြေးအလွှား သွားနေကြပါပြီ။ အရှေ့မှ ပြေးလာသူများမှာ ချန်ထန်နဲ့ ဖုန်းထျန်းဟွမ့် ဖြစ်သည်။
တခြားသခင်များက ၎င်းတို့နောက်တွင် ရှိနေကြပြီး လူများကို ကယ်တင်ရန် အမတတံတားကောင်းချီးမြေထဲ အပြေးအလွှား သွားဖို့ ကြိုးပမ်းခဲ့ကြသော်လည်း တပ်မှူးနှစ်ဦး၏ ဒဏ်ရာကို မြင်လိုက်ရသောအခါ မထိန်းနိုင်ဘဲ တုန်လှုပ်ခြောက်ခြားသွားကြသည်။
ချန်ထန်နဲ့ ဖုန်းထျန်းဟွမ့်တို့က ဦးဆောင်ပြီး ပြေးသွားကြသည်။ ကြီးမားသော အမတတံတားကောင်းချီမြေက မြေအောက်ကမ္ဘာထဲသို့ တိမ်းစောင်းသွားနေပြီ။ နတ်သမီးက ဒီမင်္ဂလာရှိတဲ့မြေကို မြေအောက်ကမ္ဘာထဲကို တွန်းပို့နေ၏။
ထောင်ပေါင်းများစွာသော တစ္ဆေဘီလူးကြီးများသည် မြေအောက်ကမ္ဘာမှ ပျံသန်းလာပြီး အဖြူရောင်ဝတ် နတ်သမီးကို တိုက်ခိုက်ခဲ့ကြသည်။
"ဒါက မိသားစုကြီး ဆယ့်သုံးစုက ဘိုးဘေးတွေ!"
ဖန်တီးခံရှောင်ဝူကြောင့် ဘိုးဘေးတစ်စု ဒဏ်ရာသွားရခဲ့ပြီး ၎င်းတို့၏ဒဏ်ရာများ မသက်သာသေးသော်လည်း အဖြူရောင်ဝတ် နတ်သမီး ပြေးထွက်သွားပါက ကြီးစွာသော ဘေးဒုက္ခကြီး ဖြစ်လာမည်ကို ၎င်းတို့လည်း သိထားသောကြောင့် ချက်ချင်း အမြန်ပြေးသွားကြသည်။
ဒါဇင်နဲ့ချီတဲ့ နတ်ဝိညာဥ်တွေဟာ အဖြူရောင်ဝတ်နတ်သမီးကို ဝိုင်းရံထားကြသည်။ တိုက်ပွဲဝင်နေတဲ့ မြင်ကွင်းက မြေကြီးပြိုကျလာသလိုပါပဲ။ သူတို့ရဲ့ အနတ္တလေဟာပြင်ဘုံကို အလွန်သေးငယ်တဲ့ အရွယ်အစားဖြစ်အောင် ပြုပြင်လိုက်တဲ့အခါ အကန့်အသတ်မရှိ စွမ်းအားတွေရှိတဲ့ သူတို့ရဲ့ ဦးခေါင်းနောက်မှာ ထီးဆောင်းထားသလို ပြောင်းလဲသွားပါ၏။
သို့သော် တစ်ကြိမ်သာ တွေ့ဆုံပြီးနောက် ရွှီမိသားစု၏ ဘိုးဘေးကြီး ရွှီကျန့်တုံး ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး သူ၏ခြေတစ်ထောင်ရှိသော နတ်ဝိညာဥ်က ကွဲလုနီးပါး ဖြစ်သွားသည်။ သူ့ခေါင်းနောက်ကွယ်က အနတ္တလေဟာပြင်ဘုံ ထီးရိပ်မှာလည်း ကျိုးလုနီးပါး ဖြစ်နေပါပြီ။
အမတတံတားကြီးသည် ဤတိုက်ခိုက်မှု၏ စွမ်းအားကြောင့် ပြင်းထန်စွာ တုန်လှုပ်သွားကာ တခဏချင်းတွင် တောင်များနှင့် မြစ်များက ပင်လယ်ရေအဖြစ် ပြောင်းလဲသွားသည်။ ကောင်းကင်ရှိ ကြယ်များ၊ နေနှင့် လတို့သည် မျက်စိတစ်မှိတ်အတွင်း ရက်ပေါင်းရာနှင့်ချီ ကုန်သွားသကဲ့သို့ လျင်မြန်စွာ အစားထိုးသွားကြသည်။
ချန်ထန်နဲ့ ဖုန်းထျန်းဟွမ့်လည်း မယုံနိုင်လောက်စရာ စွမ်းအားတစ်ခုကို တွေ့လိုက်ရသောအခါ နှစ်ယောက်လုံး ထိတ်လန့်သွားကြသည်။
ဒါက အမတ စွမ်းအားပဲ!
ဒီအမျိုးသမီးဟာ ဒဏ္ဍာရီထဲက အမတ သရဲတစ္ဆေနဲ့ ကွဲပြားသွားပြီ။ အမတသရဲတစ္ဆေသည် ဘယ်သောအခါမှ ဤမျှ ပြင်းထန်နိုင်မည် မဟုတ်ပေ။
ကျောက်စိမ်းဖြူလမ်းရဲ့ အဆုံးမှာ အဖြူရောင်ဝတ်ထားတဲ့ လူဝင်စားနတ်သမီးက တကယ်ပဲ အမတ ဖြစ်မလား။
နှစ်ယောက်သား အဖြူရောင်ဝတ်ရုံ အမျိုးသမီးမှ ထုတ်လွှတ်သော ကြောက်စရာကောင်းသည့် ရောင်ဝါကို ချက်ချင်း ခံစားလိုက်ရသည်။ မရေမတွက်နိုင်သော ဓားများဖြင့် ခုတ်သတ်ခံရသကဲ့သို့ ပြင်းထန်သော မသက်မသာခံစားမှုကို သူတို့နှစ်ဦးပင် ခံစားခဲ့ရသည်။ အနတ္တလေဟာပြင်ဘုံကို ထုတ်လွှတ်မှသာ အနည်းငယ် သက်သာသွားကြသည်။
နှစ်ယောက်သား ကြည့်လိုက်တော့ အဝတ်ဖြူ အမျိုးသမီးသည် အမတံတားဆီသို့ လမ်းလျှောက်လာရင်း မိသားစု ၁၃ စုမှ အသက်ကြီးသူများကို ဆန့်ကျင်တိုက်ခိုက်နေတာ တွေ့လိုက်ရသည်။ သူမ၏ အသွင်အပြင်သည် မျက်လုံးများကို ဖမ်းစားကာ နှလုံးသားများကို တုန်လှုပ်စေခဲ့သည်။
နတ်သမီးက အညစ်အကြေး ကင်းစင်သည်။
သူမရဲ့ အသွင်အပြင်ဟာ အညစ်အကြေး ကင်းစင်ရုံသာမက တာအိုနှလုံးသားမှာလည်း ဤကဲ့သို့ဖြစ်နေကာ ကျင့်ကြံမှုကလည်း အတိုင်းသား ရှိနေခဲ့သည်။
သူမ၏ တာအိုနှလုံးသားတွင်ပင် အညစ်အကြေးများက ကင်းစင်နေသဖြင့် ပြီးပြည့်စုံသော လူတစ်ယောက်လို ဖြစ်နေပုံရသည်။
သခင်လေးကို ပြီးပြည့်စုံသော ယောက်ျားဟု မကြာခဏ ခေါ်လေ့ရှိသော်လည်း ဤနတ်သမီးလေး၏ ရှေ့တွင် သူ့ခန္ဓာကိုယ်သည် ဖုန်များဖုံးလွှမ်းနေပြီး ကြောက်မက်ဖွယ်ရာ ညစ်ပတ်နေသည်။
ဖုန်းထျန်းဟွမ့် : "လူကြီးမင်းချန်... ချန်ရှီကို သွားရှာပြီး တခြားလူတွေကို ကယ်တင်!"
နှစ်ယောက်သား ချက်ချင်း ပြေးဆင်းသွားကြသည်။ တစ်ချိန်တည်းမှာပင် စခန်းငါးခုမှ စစ်သားအများအပြားသည် ဖြေဆိုသူများကို ခေါ်ဆောင်ကာ ဤနေရာမှ ထွက်ပြေးရန် ကြိုးပမ်းနေကြသည်။
ခဏအတောအတွင်းမှာပဲ အဖြူရောင်ဝတ်နတ်သမီးက နောက်ထပ် ဘိုးဘေးခြောက်ယောက်ကို ဒဏ်ရာအပြင်းအထန် ရသွားအောင် ရိုက်ထုတ်လိုက်လေပြီ။ မိန်းမစိုးဖုန်းက တပ်သားငါးဦးနှင့် ပညာတော်သင်များကို ကယ်တင်ရန် ချက်ချင်း လုပ်ဆောင်ခဲ့သည်။ မလုပ်ရင် ဒီလူတွေက နောက်ဆက်တွဲ ဆိုးကျိုးကို ခံနိုင်ရည် ရှိမှာ မဟုတ်ချေ။
ဒါကိုမြင်တော့ ချန်ထန်တစ်ယောက်တည်း ချက်ချင်းဆင်းပြီး အမတတံတားဆီ ဦးတည်သွားနေခဲ့သည်။ နတ်သမီးသည် အမတတံတားဆီသို့ လျှောက်သွားရင်း မိသားစုဘိုးဘေးများ၏ တိုက်ခိုက်မှုကို ခုခံတိုက်ခိုက်နေခဲ့သည်။
"လူကြီးမင်းချန် မသွားနဲ့!"
ရုတ်တရက် မိန်းမစိုးဖုန်းရဲ့ စိုးရိမ်သောက ရောက်နေသော အသံထွက်လာသည်။
"ကြည့်! အရမ်းနောက်ကျနေပြီ"
ချန်ထန် အပေါ်ကို ကြည့်လိုက်တော့ အနောက်နွားရှင်းကျိုး၏ ကံကို နှိမ်နင်းပေးသော ရှီးကျင်းရှိ ဝမ်ဟွာ၊ ဝူယင်း၊ ဟွာကိုက်၊ ဝမ်ယွမ်း စသည့် ရတနာခန်းမကိုးခုကို မြင်လိုက်ရသည်။ ဤအရာများသည် စစ်မှန်သော ဘုရင်ခေတ်မှ ကြွင်းကျန်ခဲ့သော ရတနာကိုးပါး၊ ဘေးဥပဒ်အဆင့် (ကျိုင်းအဆင့် ၊ အယ့်အဆင့်) အရာများကို နှိမ်နှင်းရန် အသုံးပြုသည့် ရတနာများဖြစ်သည်။
ဤအခိုက်အတန့်တွင် ဤရတနာကိုးပါး၏ စွမ်းအားသည် အဆမတန်တိုးလာကာ ပေါက်ကွဲတော့မည်။
ဖန်တီးခံရှောင်ဝူ ရှီးကျင်းတွင် သောင်းကျန်းလာသောအခါ သူသည် နတ်တစ္ဆေဘုံ အပြောင်းအလဲ ၃ ခုကို တည်ထောင်ခဲ့ပြီး အဓိက မိသားစုများ၏ ဒါဇင်ပေါင်းများစွာသော ဘိုးဘေးများကို တစ်ယောက်တည်း စိန်ခေါ်ကာ ရတနာခန်းမ ကိုးခုကို ထိတ်လန့်စေသော်လည်း ရတနာခန်းမ ကိုးခုသည် ဖန်တီးခံရှောင်ဝူကို နှိမ်နင်းရန် မထွက်ခဲ့သေးပေ။
ယခု ၀တ်ရုံဖြူနတ်သမီး မွေးဖွားလာပြီး နောက်ဆုံးတွင် ရတနာကိုးပါးကို ဆွဲငင်ကာ ကမ္ဘာသို့ ခြေချတော့မည် ဖြစ်သည်။ ချန်ထန်သည် သူ့သွားများကို အံကြိတ်ကာ မိန်းမစိုးဖုန်းရဲ့ အကြံကို လျစ်လျူရှုကာ အမတတံတားဆီသို့ ပြေးသွားခဲ့သည်။
ဝမ်ဟွာ၊ ဝူယင်းနဲ့ အခြားသော ခန်းမ ကိုးခုဟာ ဝုန်းကနဲ ပေါက်ကွဲပြီး တောက်ပသော အလင်းရောင်သည် အမတတံတား၏ သာယာလှပသော နယ်မြေထဲသို့ ကျရောက်သွားသည်။ အလင်းရောင်က ချန်ထန်ရဲ့ရှေ့က အရာအားလုံးကို အလင်းထဲမှာပဲ ပျောက်ကွယ်သွားစေခဲ့သည်။
ပြင်းထန်သော ထိတ်လန့် တုန်လှုပ်မှုတစ်ခုကို ဟန့်တားရန် အားလုံး အစွမ်းကုန် အားသုံးလိုက်ကြသည်။ အရာအားလုံး ငြိမ်သက်သွားသောအခါ ရှီးကျင်း၏ ကောင်းကင်ယံ၌ ကြီးမားသော အပေါက်ကြီး တစ်ပေါက်ကို မြင်လိုက်ရပြီး ထိုအပေါက်၏ အခြားတစ်ဖက်မှာမူ မီးခိုးရောင်မရဏကမ္ဘာ ဖြစ်သည်။
အမတတံတား ကောင်းချီးမြေသည် အလင်းစီးကြောင်းကို ဆွဲငင်ကာ မရဏကမ္ဘာ၏ နက်နဲရာသို့ ရိုက်ချိုးလိုက်သည်။
မိသားစု ၁၃ စုမှ ဘိုးဘေး အသီးသီးသည် ၎င်းတို့၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် အသည်းအသန် ကြိုးစားလိုက်ရ၏။ ထိုအခိုက်အတန့်လေးတွင် အဖြူရောင်ဝတ်နတ်သမီးကြောင့် တစ်ယောက်ပြီးတစ်ယောက် ဒဏ်ရာရသွားကြသည်။
ဖန်တီးခံရှောင်ဝူ ကျန်ရစ်ခဲ့သော ဒဏ်ရာများက မသက်သာသေးပါ။ ယခုတော့ ဒဏ်ရာအသစ်များပါ ထပ်ရသွားပါပြီ။
ချန်ထန် မြေအောက်ကမ္ဘာထဲသို့ ပြေးဝင်သွားခဲ့သည်။ ဤအခိုက်အတန့်တွင် ခွေးနက်ကြီးတစ်ကောင်သည် လေနှင့် တိမ်များပေါ်မှ ဟောက်သံဖြင့် ပြေးလာပြီး အာကာသအက်ကြောင်းထဲကတစ်ဆင့် မရဏကမ္ဘာထဲသို့ ပြေးဝင်သွားခဲ့သည်။
ချန်ထန် အံ့အားသင့်သွားသည်။
"ဟေးကော်! မြန်မြန်ပြန်သွား! မရဏကမ္ဘာက အန္တရာယ်ရှိတယ်..."
သူ မျက်လုံးပြူးပြီး မယုံကြည်နိုင်စွာ ပြေးလာသော သားရဲတစ်ကောင်ကို ကြည့်လိုက်သည်။
"မရဏကမ္ဘာက ဒီလောက်အန္တရာယ်ရှိပုံ မပေါ်ဘူးပဲ..." သူ့စိတ်ထဲမှာသာ ပြောလိုက်သည်။
ထိုအချိန်တွင် လူအများသည်လည်း မရဏကမ္ဘာထဲသို့ ပြေးဝင်လာကြသည်။ သူတို့ကတော့ ရှီးကျင်းက အရာရှိများစွာပဲ ဖြစ်ကြသည်။ အားလုံး လှည့်ကြည့်လိုက်တော့ အမတတံတားကောင်းချီးမြေက ပျောက်သွားပြီ။
ရှီးကျင်းက လူတစ်ယောက်က အသံကျယ်ကြီးဖြင့် အော်မေးလေ၏။
"သခင်လေး ထွက်လာပြီလား"
"သခင်လေး ဘေးကင်းရဲ့လား"
သခင်လေး: "ကျုပ် ဒီမှာ ရှိပါတယ်... အားလုံး စိတ်မပူပါနဲ့"
အကြီးတန်းအရာရှိများသည် ၎င်းတို့၏ ကလေးများကို အမတတံတားကောင်းချီးမြေထဲက လွတ်သွားခြင်းရှိမရှိ ကျယ်လောင်စွာ အော်မေးကြသည်။ တချို့က တုံ့ပြန်မှု ရပြီး တချို့က တုံ့ပြန်မှု မရှိကြ။
လွတ်သွားတဲ့ လူအားလုံးကို စုပြီး ရေတွက်ဖို့ ချက်ချင်း အမိန့်ပေးလိုက်သည်။ နံပါတ်ကိုရေတွက်ဖို့ နာရီဝက်လောက် ကြာသွားသည်။
"လူကြီးမင်း... အထဲမှာ ဖြေဆိုသူ ကိုယ်စားလှယ်လောင်း ၆၄၄ ယောက် ရှိသေးတယ်!"
သာသနာရေးဝန်ကြီး ယန်ကုကျစ် မျက်မှောင်ကြုတ်လိုက်သည်။ ကိုယ်စားလှယ်လောင်း တစ်ဝက်နီးပါးသည် အထဲတွင် ပိတ်မိနေခဲ့သည်။
“ပိတ်မိနေတဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာ ထင်ရှားတဲ့လူ ရှိလား”
"ကောင်းကင်ဆရာ စံအိမ်က ကော်တောက်ကျစ်၊ ထိုက်ဟွာချင်းနန်းတော်က ယွိလင်ကျစ်၊ ထိုက်ရှန့်ဟောက်ယွမ်နန်းတော်က ကျင်းလူ၊ ကျန်းမိသားစုက ကျန်းယိုး... အားလုံးထဲမှာ ပိတ်မိနေတယ်... လူကြီးမင်းချန်ရဲ့ မိသားစုထဲက ချန်ရှီလည်း ထွက်မလာပါဘူး..."
ယန်ကုကျစ်လည်း မျက်မှောင်ကြုတ်ကာ ပြင်းထန်စွာ ဒဏ်ရာရနေသော တပ်မှူး ရှဖောင့်ဟဲ့နဲ့ ရှရှိုးယင်းကို ကြည့်ကာ လက်သီးများကို ဆုပ်ထားသည်။
"ဒီလူယုတ်မာနှစ်ယောက်!"
သူသည် စစ်သူကြီးနှစ်ဦးကို လုပ်ကြံချင်သော်လည်း နောက်ဆုံးတွင်မူ ညီညွတ်ရေးမထိခိုက်စေရန် ထိန်းထားလိုက်ရသည်။ မိသားစု ဆယ့်သုံးစုမှာ တစ်သွေးတစ်သားတည်း ဖြစ်နေရဦးမည်။
ယန်ကုကျစ် :"ရှန့်လင်ယွမ်က အရာရှိတွေကို ချက်ချင်းလာပြီး ကိုယ်စားလှယ်လောင်းတွေရဲ့ ဝိညာဉ်တွေကို မရဏကမ္ဘာမှာ ရှာခိုင်း! ဘာပဲဖြစ်ဖြစ် ငါတို့ သူတို့ကို ကယ်တင်ရမယ်!"
မရဏကမ္ဘာတွင် ချန်ထန်သည် အိုးမည်း၏ ဦးခေါင်းပေါ်တွင် ရပ်နေ၏။ ဟေးကော်က ၎င်း၏ပုံစံအမှန်ကို ထုတ်ဖော်နေပြီ ဖြစ်သည်။ ချန်ထန် အပေါ်ကို လှမ်းကြည့်သောအခါ အမတတံတားကောင်းချီးမြေ၏ ခြေရာကို သူ မမြင်နိုင်တော့ပေ။
မရဏကမ္ဘာကြီးသည် ကျယ်ပြောပြီး အကန့်အသတ် မရှိသောကြောင့် တစ်ခဏအတွင်း သူဘယ်ကိုကြည့်ရမှန်း မသိ။ ထိုစဥ် အဘွားရှားရဲ့ အသံကို ကြားလိုက်ရသည်။
"ထန်လေး... ငါ တစ်ဆယ်လေးရဲ့ ဝိညာဉ်ကို ခေါ်ဖို့ကြိုးစားမယ်... သူ့ဝိညာဉ်က အခုထိ လုံခြုံနေသေးတယ်! အရမ်းစိတ်မပူပါနဲ့!"
ချန်ထန် လှမ်းကြည့်လိုက်တော့ အဘွားရှားဟာ အပြာရောင် ကျောက်ခင်းလမ်းမှာ ရပ်နေပြီး မရဏကမ္ဘာမှာ ပေါ်လာတာ တွေ့လိုက်ရ၏။ သူမက အနည်းငယ် စိတ်ရှုပ်နေသလိုပင်။
"အခု သူရောက်နေတဲ့နေရာက နည်းနည်းတော့ ထူးဆန်းနေတယ်....."
ချန်ရှီသည် အမတတံတားဘေးရှိ ကျောက်တုံးပေါ်တွင် ထိုင်ကာ သူ့မေးစေ့ကို လက်ဖြင့် ထောက်ထားကာ လေနှင့် မိုးခြိမ်းသံအသွင်ပြောင်းကာ နှစ်မြှုပ်နေလေသည်။ သူသည် တံတား၏ အခြားတစ်ဖက်ကို မျက်နှာမူလိုက်စဥ် အဖြူရောင်ဝတ်ထားသော နတ်သမီးလေး သူ့မျက်လုံးထဲသို့ ဝင်လာသည်။
နတ်သမီးသည် ဆယ့်သုံးမြောက်မိသားစု ဘိုးဘေးကို ဆန့်ကျင်တိုက်ခိုက်ခဲ့ပြီး သူမ၏ရုပ်သွင်သည် သူ့စိတ်ထဲတွင် စွဲထင်သွားခဲ့သည်။ လျှို့ဝှက်ဆန်းကြယ်သော တာအိုကျင့်စဥ် နည်းမျိုးစုံဖြင့် လူတို့ကို မေ့ပျောက်စေသော စစ်မှန်သောဘုရင်၏ ဂူဗိမာန်စာကြည့်တိုက်ရှိ အမတစာအုပ်များကို တဖြည်းဖြည်း ပြန်စစ်ဆေး အတည်ပြုခဲ့သည်။
ရုတ်တရက် လေနှင့်မိုးခြိမ်းခြင်း အသွင်ပြောင်းခြင်း၊ ရေနှင့်မီးအသွင်ပြောင်းခြင်း၊ တောင်နှင့် ရွှံ့နွံအသွင်ပြောင်းခြင်းတို့သည် ပေါင်းစပ်သွားတဲ့အခါ ချန်ရှီ လန့်နိုးလာကာ သူ့ခန္ဓာကိုယ်ကလည်း တုန်ခါသွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။
"နားလည်ပြီ! ငါနားလည်သွားပြီ!"
သူ ရွှင်မြူးပြီး ခုန်ထလိုက်သည်။
ထိုအချိန်တွင် သူ့ဘေးနားရှိ အမတတံတားပေါ်မှ အမျိုးသမီးတစ်ဦးသည် သွေးများဖြင့် လှိမ့်ဆင်းလာကာ သူမ၏ဦးခေါင်းသည် သူ့ခြေဖဝါးအောက်ရှိ ကျောက်တုံးကြီးနှင့် ထိမှန်ကာ ဆူညံသံများပင် ထွက်ပေါ်လာခဲ့သည်။