← Chapters

တရားခံကို ရှာဖွေ တွေ့ရှိခြင်း

Vol. 102 Ch. 1415

တရားခံကို ရှာဖွေ တွေ့ရှိခြင်း

Vol. 102 Ch. 1415

“လျှို့ဝှက် မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန်လား…”

အချို့ ကျင့်ကြံသူများမှာ သူတို့၏ သေတ္တာများကို အလွန် စိတ်လှုပ်ရှားစွာ စစ်ဆေးလိုက်ကြသော်လည်း မည်သည့် လျှို့ဝှက်မြေကြီး အဆင့် ထုတ်ကုန်ကိုမှ မတွေ့ရလေရာ အလွန်ပင် စိတ်ပျက် သွားခဲ့ကြသည်။

"နင် အဲဒါကို ဘယ်ကရတာလဲ…"

ထျန်းလင်းယုက ဒေါသတကြီး မေးလိုက်၏။ သူမဟ သေတ္တာထဲတွင် လျှို့ဝှက်မြေကြီး အဆင့် ဆေးလုံး မရှိခဲ့ပါချေ။ သို့သော်လည်း… လျှို့ဝှက် အမတေ ကျောက်တုံးများ အပါအဝင် သူမ၏ ကျင့်ကြံခြင်းနှင့် ကိုက်ညီသည့် လျှို့ဝှက်မြေကြီး အဆင့် ရင်းမြစ် တစ်ချို့ကိုတော့ ရရှိခဲ့ပေသည်။

ယန်ချောင်ယွီက မျက်လုံးများ မှိတ်လိုက်ပြီ ဖြစ်သော်လည်း သူမက ဝိညာဉ် ဆက်သွယ်မှုမှတစ်ဆင့် ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

"ငါ့ သေတ္တာထဲမှာလည်း လျှို့ဝှက် အမတေ ကျောက်တုံးနဲ့ လေဓာတ် အထူးပြု ရင်းမြစ်တွေပဲ ပါတယ်… ဒါက သူ ကိုယ်တိုင် ငါ့ကို ကျင့်ကြံဖို့ ပေးထားတာ"

"..."

ထျန်းလင်းယု အံ့အားသင့် သွားခဲ့၏။ သို့သော်လည်း သူမ တုံ့ပြန်ခြင်း မပြုနိုင်မီမှာပင် ထျန်းရှန်းယန်က အလွန်စိတ်လှုပ်ရှားနေသော်လည်း တစ်ချိန်တည်း၌ သံသယ ရှိနေသည့် လေသံဖြင့် ထအော်လိုက်၏။

"ငါ့သေတ္တာထဲမှာတော့ လျှို့ဝှက်မြေကြီး အဆင့် သတ္တုဓာတ်နဲ့ သက်ဆိုင်တဲ့ လျှို့ဝှက် ရင်းမြစ်တွေ ပါနေတယ်… အဂ္ဂိရတ် အာဏာရှင်ဝေ့ က ဒီလို ပစ္စည်းတွေကို ဘယ်လိုတောင် ပေါ့ပေါ့ပါးပါး ပေးဝေနိုင်ရတာလဲ… ဒါတွေက ရိုးတောင် ရိုးသားရဲ့လား…"

"နင် ဆင်းရဲပြီး အရည်အချင်းမရှိတိုင်း တခြားသူတွေလည်း ဒီလိုပဲလို့ မဆိုလိုဘူး…"

ယန်ချောင်ယွီက ချက်ချင်းပင် ပြန်ပက်လိုက်၏။ နောက်ဆုံး၌ ထျန်းမူယန်မှာ ငြိမ်မနေနိုင်တော့ပဲ စကား ဝင်ရောက် ပြောဆိုရတော့၏။

"တော်တော့… ဝေ့ဝူယင်က သူ ပိုင်ထားတဲ့ ပစ္စည်းကို ပေးချင်သလို ပေးမှာပဲ… သူ့ရဲ့ လက်ဆောင်တွေကို ခံစားခွင့်ရတာ ငါတို့ရဲ့ ကံကောင်းခြင်းပဲ…အဲဒါကို မဖြုန်းတီးနဲ့…"

ထိုကဲ့သို့ ဆူညံပွက်လောရိုက်မှုများ ဖြစ်ပေါ် နေခဲ့သည်က အင်ပါယာ မျိုးနွယ် တစ်ခုတည်း မဟုတ်ပါချေ။

မြေကြီးရှန့်ထိုများ နှင့် လျှို့ဝှက် အာဏာရှင် အဆင့်များ အပါအဝင် မရေမတွက်နိုင်သည့် ပရိသတ်များ အားလုံး အကြား၌ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

ဝေ့ဝူယင် ပံ့ပိုးထားသည့် ရင်းမြစ်များမှာ အလွန်ပင် များပြားလွန်းလှသည်။ ၎င်းက သူတို့ အတွက် သုံးပတ်ကြာ ကျင့်ကြံရန် လုံလောက်သည်ထက်ပင် ပိုလျှံနေသေးသည်။

အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၊ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ နှင့် မီးတောက်ခြောက်ခု ကြယ်တာရာ နယ်မြေတို့မှ အပ အခြား ကြယ်တာရာ နယ်မြေများမှ လျှို့ဝှက် အာဏာရှင်များအတွက် လျှို့ဝှက်အဆင့် အရင်းအမြစ်များ ရရှိရန်မှ အလွန် ခက်ခဲလှသည်။ ပုံမှန်အားဖြင့် ပြိုင်ဆိုင်မှု ပြင်းထန်သော ပတ်ဝန်းကျင်ကြောင့်ပင် ရင်းမြစ် တစ်ခု ရရှိဖို့ အလွန် ခက်ခဲလှကာ အသက်နှင့် ရင်း၍ တိုက်ပွဲ ဝင်ရသည်များပင် ရှိသည်။

လင်းမင်က သူ့ သေတ္တာကို ကြည့်ရင်း စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်၏။

"ဒီအထဲမှာ ရှိတဲ့ ပစ္စည်းတွေချည်း သက်သက်နဲ့တင် ပုံမှန် တန်ခိုးရှင် အင်အားစုရဲ့ ရွေးချယ်ခံရသူတစ်ဦး တစ်နှစ်စာ ရရှိမယ့် အကျိုးခံစားခွင့်တွေကိုတောင် ယှဉ်နိုင်တယ်… ဒါက တကယ်ပဲ တတိယမြောက် ကံကောင်းခြင်းပဲ"

လင်းရှန်းရှဲ့ က အာရုံတစ်ဝက်ကို သူမ၏ လက်စွပ်ထဲ ရောက်ရှိနေသည့် အရည်အသွေး အထွတ်အထိပ် အဆင့် အာရုဏ်ဦး ဝိညာဉ်ပင်လယ် ဆေးရည် အပေါ် စူးစိုက်ရင်း ခေါင်းညိတ်သည်။ ထိုအရာက မိခင်ဖြစ်သူ ပေးပို့လိုက်သည်မှာ ထင်ရှားသည်။

"အာရုဏ်ဦး မြူခိုးတွေနဲ့ ဆေးရည် နမူနာ ၄၀,၀၀၀ နီးပါး အပြင်… သုံးပတ် နားချိန်တွေမှာ အရည်အသွေးမြင့် ရိက္ခာတွေကိုပါ ပေးဝေနေတယ်… ဝေ့ဝူယင်က လုံးဝ လက်မနှေးဘူးပဲ"

မိန်းကလေးက စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်၏။ လင်းမင်၏ မျက်လုံးများက စူးစမ်းလိုစိတ် အပြည့်ဖြင့် တလက်လက် တောက်ပနေသည်။

"သူက ဒေဝါလီခံမှာ မကြောက်ဘူးလား"

လူငယ် မေးခွန်းထုတ်လိုက်သည့် တစ်ချိန်တည်းတွင်ပင် ထာဝရ အစည်းအရုံး၏ ဟင်းလင်းပြင် သင်္ဘောထက်၌…

ထာဝရနတ်ဘုရားမှာ လက်ထဲရှိ စက္ကူဖြူဖြူ တစ်စကို စုတ်ပြဲလု နီးပါး အထိ လက်သီးများကို တင်းကြပ်စွာ ဆုပ်ထားခဲ့၏။ သူက အံသွားများကို ကြိတ်ထားလေရာ တကျွီကျွီ အသံများပင် မြည်နေခဲ့၏။ ထိုအခိုက်၌ သူ၏ နှလုံးသား တစ်ခုလုံးမှာ ပြင်းထန်သော ဒေါသများဖြင့် ပြည့်နှက် နေခဲ့ကြောင်း ထင်ရှားပေသည်။

အကယ်၍ အကြည့်များသာ လူသတ်နိုင်လျှင် ကောင်းကင်များပင်လျှင် ခြောက်ကပ်ကာ သေဆုံးသွား ပေလိမ့်မည်။

စန်းလော့ယန်မှာ စန်းယွန်းလီ နှင့်အတူ ထိုယာဉ်ထက်တွင် ရှိနေခဲ၏။ သူက လက်ထဲတွင် ကျောက်စိမ်းသေတ္တာကို ကိုင်ထားရင်း အလွန်ခါးသည်းစွာ ပြုံးနေခဲ့သည်။

မကြာသေးမှီကပင် အဆင့် တက်လှမ်းခဲ့သည့် အဂ္ဂိရတ် ရှန့်ထို တစ်ဦးအနေဖြင့် ထာဝရ အစည်းအရုံး ဘဏ္ဍာတိုက် ဖောက်ထွင်းခံရသော အဖြစ်အပျက်ကို သိရှိခဲ့ပြီး ဖြစ်သည်။

"…"

စန်းယွန်းလီမှာလည်း ပံ့ပိုးပေးထားသော အရင်းအမြစ်များကြောင့် တုန်လှုပ် နေခဲ့၏။ သို့သော်လည်း… အတွင်းရှိ အရာများကြောင့် မဟုတ်ဘဲ ဖြန့်ဖြူးမှု ပမာဏကြောင့်ပင် ဖြစ်သည်။

ဧကရီ ကြေညာခဲ့သည့် အတိုင်း ရွေးချယ်ခံ စံနှုန်း လိုအပ်ချက်များကို ကျင့်ကြံခြင်း အဆင့်နှင့် နှိုင်းယှဉ်၍ မှန်းဆကြည့်လျှင်… ဤကုဋေပေါင်းများစွာသော အရင်းအမြစ်များအား ပံ့ပိုးပေးထားခြင်းမှာ ကောင်းကင် ဓာတ်တော်၏ တန်ဖိုးကိုပင် ကျော်လွန်သွားနိုင်ဖွယ် ရှိသည်။

“ဘာဖြစ်လို့လဲ…”

မိန်းကလေးမှာ မွေးစားဖခင်၏ ထူးဆန်းသော အမူအရာကို သတိထားမိသွားကာ မေးလိုက်၏။ စန်းလော့ယန်၏ အမူအရာက ရယ်ရမည်လား သို့မဟုတ် ငိုရမည်လား မသိတော့သည့်ပုံ ရသည်။

နောက်ဆုံး၌ လူအိုကြီးက ခါးသည်းစွာ ရယ်မောလိုက်ရင်း ခေါင်းခါလိုက်လေ၏။ ထို့နောက် သူက သေတ္တာထဲမှ အရင်းအမြစ်များကို ထုတ်ယူလိုက်သည်။ ထိုအထဲတွင် လျှို့ဝှက်မြေကြီး အဆင့် အမတေ ကျောက်တုံး တစ်တုံးနှင့် သစ်သားဓာတ်နှင့် သက်ဆိုင်သော ရင်းမြစ်များ ပါဝင်သည်။

အခြားသူများ မသိနိုင်သော်လည်း… အဆိုပါ အမတေ ကျောက်တုံးပေါ်တွင် အသုံးပြုထားသော သန့်စင်ခြင်း နည်းလမ်းမှာ အဖွဲ့အစည်း တစ်ခု အတွက်တော့ ထူးခြားလှသည်။

၎င်းမှာ ထာဝရ အစည်းအရုံးမှ တစ်ပါး အခြား မည်သည့် အဖွဲ့အစည်း ဖြစ်နိုင်မည်နည်း။

"လျှို့ဝှက် မြေကြီး အမတေ ကျောက်တုံး တစ်ခုလား…”

စန်းယွန်းလီ အံ့သြသွားခဲ့၏။ ထိုအခိုက်တွင်ပင် စန်းလော့ယန်က နောက်ဆုံးပစ္စည်းကို ထုတ်ယူလိုက်သည်။ ၎င်းက ရွှေရောင်၊ ငွေရောင် စာလုံးများဖြင့် လှပစွာ ရေးသားထားသော စက္ကူဖြူဖြူ တစ်ရွက်ပင် ဖြစ်လေသည်။

စန်းယွန်းလီက စာရွက်ကို တစ်ချက် လှမ်းကြည့်ကာ ဖတ်လိုက်၏။

"ခင်ဗျားတို့ရဲ့ ပံ့ပိုးမှုအတွက် ကျေးဇူးတင်ပါတယ်… ပုံ- အဂ္ဂိရတ် အာဏာရှင် ဝေ့”

"ဒါက ဘာကို ဆိုလိုတာလဲ"

စန်းယွန်းလီက နားမလည်နိုင်စွာဖြင့် မေးလိုက်၏။ စန်းလော့ယန် ဘာမှ ပြန်မဖြေပဲ သက်ပြင်း တစ်ချက်သာ ချလိုက်သည်။

ဘုန်း…

ရုတ်တရက် ထာဝရ အစည်းအရုံး တည်ရှိနေရာ ပတ်ဝန်းကျင်ရှိ အာကာသ ဟင်းလင်းပြင်မှာ ပွက်ပွက်ဆူလာကာ ကြောက်မက်ဖွယ် လှိုင်းများ ထွက်ပေါ်လာခဲ့သည်။

စန်းလော့ယန် နောက်ထပ်တစ်ကြိမ် သက်ပြင်းတစ်ချက် ချလိုက်ပြန်၏။

ဘုန်း… ဘုန်း…

ချက်ချင်း ဆိုသလိုပင် အာရုဏ်ဦး ဖီဆန် ကြယ်တာရာ နယ်မြေ အတွင်းရှိ… ထာဝရ အစည်းအရုံး၏ ဟင်းလင်းပြင် သင်္ဘော တစ်ခုလုံးမှာ အာကာသ ငလျင်လှုပ်ရှားမှု လှိုင်းများကို ခံစား လိုက်ရတော့သည်။

"ဘာဖြစ်နေတာလဲ…"

"ငါတို့ တိုက်ခိုက် ခံနေရတာလား…"

"ဒီနေရာကို မလာခဲ့သင့်ဘူးဆိုတာ ငါ အစောကြီးတည်းက သိတယ်…"

ထာဝရ အစည်းအရုံးဝင်များမှာ ထိတ်လန့် တုန်လှုပ်စွာ အော်ဟစ်လိုက်ကြ၏။ သူတို့ အားလုံး၏ နှလုံးသားများမှာ အဆုံးမဲ့ ချောက်ချားခြင်းများနှင့် ပြည့်နှက် နေခဲ့လေသည်။ ၎င်းက ထာဝရ အစည်းအရုံး အပေါ် ဝေ့ဝူယင်၏ ပြစ်မှတ်ထား တိုက်ခိုက်မှု တစ်ခုဟု သူတို့က ထင်မှတ်နေခြင်း ဖြစ်သည်။

ထို့အပြင် ထာဝရနတ်ဘုရား၏ အစောပိုင်း အမိန့်များကြောင့် သူတို့မှာ အဂ္ဂိရတ် ကုန်စည် ပြပွဲ၏ အကျိုးကျေးဇူးများကိုလည်း မခံစားနိုင်ခဲ့ကြပေ။

အာရုဏ်ဦး မြူခိုး ဖြစ်စေ၊ အာရုဏ်ဦး ဝိညာဉ်ပင်လယ် ဆေးရည် ဖြစ်စေ၊ ထုပ်ပိုးထားသည့် အရင်းအမြစ်များနှင့် အစားအစာများ ဖြစ်စေ… ထာဝရနတ်ဘုရားက မတို့မထိဖို့ တားမြစ်ခဲ့သည်။

ကံကောင်းထောက်မစွာပင်…

ဟူး… ဟူး…

ငွေရောင်အလင်းတန်းများမှာ ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာကာ ချက်ချင်းပင် ထိုဧရိယာ တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ လောကကြီးက ချက်ချင်းပင် တည်ငြိမ်သွားကာ အာကာသ ငလျင်မှာလည်း ပြေလျော့သွားခဲ့၏။

ထာဝရ အစည်းအရုံး အဖွဲ့ဝင်များမှာ သူတို့၏ ခန္ဓာကိုယ်များကို နူးညံ့သော အနွေးဓာတ် တစ်ခုက လွှမ်းခြုံသွားသလို ခံစားလိုက်ရသည်။ ၎င်းက သူတို့ကို ကာကွယ်ပေးနေကာ မှိန်ဖျော့ဖျော့ အလင်းရောင် တစ်ခုကို ထုတ်လွှတ် နေခဲ့၏။

စန်းယွန်းလီမှာ သူမ၏ ကိုယ်ခန္ဓာကိုယ်ကို ဝန်းရံနေသည့် အလင်းရောင် အကာအကွယ်အလွှာကို စစ်ဆေးရင်း အံ့သြသွားခဲ့သည်။ ထို့နောက် သူမက မွေးစားဖခင်ထံ လှည့်ကြည့်ကာ မေးလိုက်လေ၏။

“ဘာတွေ ဖြစ်နေတာလဲ အဖေ…"

လောကီ ပြန်လည် မွေးဖွားသူ တစ်ယောက် အနေဖြင့်ပင် ၎င်းက မှန်းဆဖို့ ခက်ခဲသည့် အခြေအနေ တစ်ခု ဖြစ်ပေသည်။ အထူးသဖြင့် သူမ၏ အတိတ်ဘဝတွင် ယခုလို အဖြစ်အပျက်များ ဖြစ်ပျက် သွားခဲ့ခြင်း မရှိလေရာ ယုံကြည်ဖို့ပင် ခက်ခဲလွန်းလှပေသည်။

***

All Chapters