← Chapters

သုံးကျိပ်သုံးဦး မွေးဖွားခြင်း

Vol. 102 Ch. 1419

သုံးကျိပ်သုံးဦး မွေးဖွားခြင်း

Vol. 102 Ch. 1419

""ကျွန်မ တင်ဆက်ပေးချင်တဲ့ အထူး အစီအစဉ်ကတော့..."

ထျန်းရှောင်ချွမ်းက သူမ၏ လက်များကို လှပစွာ ဝှေ့ယမ်းလိုက်ရင်း စင်မြင့်ထောင့်များထံ ဆွဲဆောင်မှုရှိသော အပြုံးဖြင့် ညွှန်ပြလိုက်သည်။ ထိုအခါ သုံးဆယ့်သုံးခုသော သက်တံ့ရောင် အလင်းလေပွေများ ပေါ်ထွက်လာကို တွေ့လိုက်၏။

ဟူး… ဟူး…

ပြင်းထန်သော စွမ်းအင် အငွေ့အသက်များမှာ အပြင်ဘက်သို့ တဟုန်ထိုး ထွက်ပေါ်လာကာ ကြည့်ရှုသူများထံ စွမ်းအင် လေမုန်တိုင်းတစ်ခုဖြင့် ရိုက်ခတ်နေသကဲ့သို့ ထင်ရသည်။

"ဒါက ဖီဆန် ဖန်တီးခြင်း အစည်းအရုံးရဲ့ အာရုဏ်ဦး တပ်ဖွဲ့ပါပဲ…”

ထျန်းရှောင်ချွမ်းက ပြုံးရွှင်စွာဖြင့် ကြေညာလိုက်၏။ သို့သော်လည်း... သေချာ သတိထားကြည့်မည် ဆိုပါက သူမ၏ အသံထဲတွင် ဖုံးကွယ်ရန် ခက်ခဲသည့် စိတ်လှုပ်ရှားမှုနှင့် လှိုက်ဖိုမှုများစွာ စွဲကပ်နေကြောင်း သတိထားမိလိမ့်မည် ဖြစ်လေသည်။

"ဒီသုံးဆယ့် သုံးယောက်က အာရုဏ်ဦး အာဏာရှင် အင်ပါယာ ကိုယ်တိုင် ရွေးချယ်ပြီး ဂရုတစိုက် လေ့ကျင့်ပေးထားတဲ့ အဂ္ဂိရတ် ဧကရာဇ် တွေပါ… အာရုဏ်ဦး အဂ္ဂိရတ်မျိုးဆက်ရဲ့ အမွေအနှစ်ကို ရယူပိုင်ဆိုင်ခွင့် ရရှိထားတဲ့ လူတွေ ဆိုရင်လည်း မမှားပါဘူး"

ထျန်းရှောင်ချွမ်းက စကားကို ခဏမျှ ရပ်ကာ ပရိသတ်များကို စူးစမ်းကြည့်လိုက်သည်။

ထိုအခိုက်၌... စိတ်ရှုပ်ထွေးမှု၊ ထိတ်လန့် တုန်လှုပ်မှု၊ မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည့် အကြည့်များမှာ သူမ၏ ခန္ဓာကိုယ်ပေါ်သို့ စုပြုံ ကျရောက်နေခဲ့ကာ အရေအတွက်အားဖြင့် ထရီပေါင်း များစွာတိုင် ရှိပေသည်။

ထိုလူများထံမှ မေးခွန်းများကို သူမ ခံစားနိုင်ပေသည်။

ဟူး… ဟူး…

စက္ကန့်နှင့် အမျှ စင်မြင့်ထက်ရှိ လေပွေများမှာ ပိုမို ရှင်းလင်းလာခဲ့ကာ တစ်ခုချင်းစီ၏ အတွင်းဘက်၌ ရှိနေသည့် အရာများကို ထုတ်ဖော်ပြသခဲ့သည်။

သူတို့က အမျိုးသား နှစ်ဆယ်ဦးနှင့် အမျိုးသမီး ဆယ့်သုံးဦး… စုစုပေါင်း သုံးဆယ့်သုံးဦး ဖြစ်သည်။ သူတို့က အရည်အသွေးမြင့် မှော်သန့်စင် ဆေးအိုးများ နားတွင် မလှုပ်မယှက် ရပ်နေကြကာ လက်ဟန်ချိပ်စည်းများကို ဖော်ထုတ် ထားကြသည်။ သူတို့၏ နံဘေးတွင်တော့ အဂ္ဂိရတ်စားပွဲ တစ်ခု ရှိကာ အနှစ်သာရ ထုတ်ယူပြီးသော ရင်းမြစ်များကို တင်ထားခဲ့၏။

"သူတို့က ဆေးဖော်စပ် နေတာလား…"

"နေဦး… အဲ့ဒီပစ္စည်းတွေက ကြယ်တာရာ အထွတ်အထိပ် အဆင့် ရင်းမြစ်တွေ မဟုတ်ဘူးလား…”

“ရေတံခွန်နှင်းပန်း… မဟာ ဝက်သစ်ခြပ မျိုးစေ့…နောက်ပြီး မြေကြီး အထွတ်အထိပ် အဆင့် ကြယ်တာရာ ရင်းမြစ်… ဒါတွေက"

ချက်ချင်းပင် သိလိုစိတ် ပြင်းပြသော မေးခွန်းများ၊ မှန်းဆမှု၊ ဖြေဆိုမှုတို့နှင့် အတူ ဧဒင်ကမ္ဘာ အတွင်းရှိ လေထုကို ပိုမို၍ အသက်ဝင် လာခဲ့သည်။

လင်းရှန်းရှဲ့၏ စိတ်ခံစားချက်များမှာ စောစောပိုင်းက မှောင်မိုက်နေခဲ့သော်လည်း အဂ္ဂိရတ် ဧကရာဇ်များနှင့် အံ့မခန်း လေပွေများကို မြင်ပြီးနောက်… သူမ၏ စိတ်ဝင်စားမှုက အမြင့်ဆုံးအထိ ပြန်လည် တက်လှမ်း လာခဲ့သည်။ သူမက ပိုမိုနီးကပ်စွာ ကြည့်ရှုနိုင်ရန် အနီးကပ် ချိပ်ဆက်မှုကို အသုံးပြုကာ ခန္ဓာကိုယ်ကို ရှေ့သို့ ကိုင်းညွှတ်လိုက်သည်။

"ဟိုတစ်ယောက်က အဂ္ဂိရတ် ဧကရာဇ် ယီယွမ် မဟုတ်ဘူးလား… လီချီ ရောပဲ… ဝမ်ယင်ယင် လည်း ပါတယ်”

လင်းမင် တစ်ယောက် အံ့ဩသွားခဲ့၏။ ထိုပုဂ္ဂိုလ်များမှာ ဟိုးယခင် ထာဝရ ကြယ်တာရာ နယ်မြေ (တစ်နည်းအားဖြင့် သုံးလွှာ ကြယ်တာရာ နယ်မြေ)၌ အခြေစိုက်ခဲ့သည့် အဂ္ဂိရတ် အစည်းအရုံး၏ အဂ္ဂိရတ် ဧကရာဇ်များ ဖြစ်ကြပေသည်။ သူတို့ အားလုံးကို ဤနေရာတွင် တစ်စုတစ်စည်းတည်း ပြန်လည် တွေ့ရခြင်းက အံ့ဩစရာ ကောင်းလှသည်။

"လီချီနဲ့ ယီယွမ်… သူတို့ နှစ်ယောက်စလုံးက ချင်ကူးယဉ်နဲ့ ဝေ့ဝူယင် တို့ရဲ့ အဂ္ဂိရတ် တိုက်ပွဲမှာတုန်းက ဒိုင်တွေ လုပ်ခဲ့ကြတာလေ…"

'အာဏာရှင် ဧကရာဇ် ဝေ့' ဆိုသည့် ခေါင်းစဉ် တစ်ခု ပထမဆုံး ပေါ်လာခဲ့သည့် နေ့ကို ထာဝရ ကြယ်တာရာ နယ်မြေသားများ ထင်ရှားစွာ မှတ်မိနေဆဲ ဖြစ်သည်။ ထိုနေ့တွင် ဝေ့ဝူယင်မှာ ထာဝရ နတ်မိမယ်လေးကို လွှမ်းမိုးကာ သူ့ကိုယ်သူ ခေတ်တစ်ခေတ်၏ ပုံဖော်သူအဖြစ် ခိုင်ခိုင်မာမာ တည်ဆောက်ခဲ့သည်။ ရာစုနှစ်ဝက်ကျော် ကြာခဲ့ပြီဖြစ်သော်လည်း ထိုနေ့မှာ ယနေ့ထက်ထိ တိုင်အောင် သူတို့၏ နှလုံးသားများထဲတွင် ထင်ရှားစွာ စွဲထင်နေဆဲ ဖြစ်သည်။

လင်းရှန်းရှဲ့ ၏ မျက်လုံးများက စိတ်ခံစားမှု အမှတ်တရများနှင့်အတူ ပြန်လည်၍ နူးညံ့လာခဲ့၏။ ရာစုနှစ်ဝက် မပြည့်သေးသော ကာလအတွင်းမှာပင် ဝေ့ဝူယင်မှာ အနန္တ ကုန်းမြေတိုက်ကြီးလို မထင်မရှား နေရာ တစ်ခုမှ နေ၍ မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်းတွင်ပင် ကိုယ်ပိုင် ကြယ်တာရာ နယ်မြေ တစ်ခု ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။

အဖြစ်အပျက်များကို ပြန်လည်၍ တွေးတောရပါက အချိန်ကာလ များစွာ ကုန်လွန်သွားပြီဟု ထင်ရသော်လည်း ၎င်းက ကျင့်ကြံသူများအတွက်တော့ မျက်တောင် တစ်ခပ်စာမျှသာ ဖြစ်သည်။ သို့သော်လည်း ထိုကာလ အတွင်းမှာပင် ဝေ့ဝူယင်က မခန့်မှန်း နိုင်လောက်သည့် အပြောင်းအလဲ များစွာကို ဖန်တီးခဲ့သည်။

လင်းရှန်းရှဲ့ တစ်ယောက် ‘သူမနှင့် ဝေ့ဝူယင်တို့ စေ့စပ်ထားကြောင်း’ ကောလာဟလ ဖြန့်ခဲ့သည့် အချိန်ကို ပြန်လည် တွေးတော လိုက်မိလေရာ သူမ၏ မျက်နှာက ရှက်ရွံ့မှုကြောင့် နီမြန်းလာခဲ့သည်။

ထို့နောက်တွင်တော့ ဝေ့ဝူယင်က သူမကို တရားခံအဖြစ် ဖော်ထုတ်ခဲ့ကာ သူ့ ကိုယ်လုပ်တော် ဖြစ်ချင်ပါက ချက်ချင်း သဘောတူမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

သို့သော်လည်း ထိုအချိန်တုန်းက သူမထံတွင် ထည့်သွင်းစဉ်းစားစရာ ဂုဏ်သိက္ခာများစွာ ရှိခဲ့ပြီး ချက်ချင်းပင် ငြင်းဆိုခဲ့သည်။ သို့သော်လည်း… ယခု အခါတွင်တော့ သူ့ ကိုယ်လုပ်တော် ဖြစ်လိုလျှင်ပင် ထိုနေရာအတွက် တုနှိုင်းမဲ့ အလှပဂေးများနှင့် တိုက်ခိုက်ရတော့မည် ဖြစ်သည်။ သူမ အနည်းငယ် စိတ်ဓာတ်ကျ သွားသလိုပင် ခံစားလိုက်ရ၏။

ထာဝရ နယ်မြေသားများ အပြင်… မဟာ စက်ဝန်း ကြယ်ကွင်းပြင်သားများမှာလည်း စင်မြင့်ထက်၌ ရှိနေသည့် အချို့သော သူများကို မှတ်မိကြပေသည်။

"အဲ့ဒါ ဝမ်ယင်ယင် မဟုတ်ဘူးလား… အဆက်မပြတ် ကျရှုံးမှုတွေနဲ့ အရင်းအမြစ်တွေ ဖြုန်းတီးမှု တွေကြောင့် အင်ပါယာမျိုးနွယ်ကနေ နှင်ထုတ်ခံခဲ့ရတဲ့ အဂ္ဂိရတ် ဝိညာဉ် ပိုင်ရှင်လေ…”

“ဟိုတစ်ယောက်ကတော့ ကျန်းဟူ မလား… နှစ်ပေါင်း နှစ်ရာအတွင်းမှာ မသန့်ရှင်းတဲ့ အဆင့်ရှစ် ထုတ်ကုန် တစ်သောင်း ပြုလုပ်ခဲ့မိလို့ ရှက်စရာ ကောင်းလောက်အောင် နှင်ထုတ်ခံလိုက်ရတဲ့ ကျန်းမျိုးနွယ်ရဲ့ အဂ္ဂိရတ် ဧကရာဇ် မလား… သူက ဒီမှာ အခြား အဂ္ဂိရတ်ပညာရှင်တွေနဲ့ ဘာလုပ်နေတာလဲ"

စန်းယွန်းလီက စန်းလော့ယန် ကို မေးလိုက်၏။ သူမမှာ အဂ္ဂိရတ် လမ်းစဉ်တွင် သေမျိုး အဂ္ဂိရတ် အာဏာရှင်များလောက် အသိပညာ မကြွယ်ဝသော်လည်း ထိုနယ်ပယ်ရှိ အဂ္ဂိရတ် ပညာရှင်များ အကြောင်းကိုတော့ များစွာ သိရှိ ထားပေသည်။

ထိုအထဲမှ အဂ္ဂိရတ် ဧကရာဇ် အများစုမှာ ချို့ယွင်းချက်များကြောင့် ကိုယ်စားပြုရာ အင်အားစုများမှ စွန့်ပစ်ခံခဲ့ရသော သူများ ဖြစ်သည်။ ပျက်စီး ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည့် ထာဝရ ကြယ်တာရာ နယ်မြေမှ တစ်ချို့လည်း ပါဝင်ပေသည်။

စန်းလော့ယန်၏ မျက်နှာက လေးနက်သည့် အငွေ့အသက်များနှင့် ပြည့်နှက် နေခဲ့၏။

"သူတို့အားလုံးက အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကို လုပ်နေကြတာ… ဒါပေမဲ့ နောက်ဆုံး ပေါင်းစပ်ခြင်း အဆင့်မှာ အချိန် စီးဆင်းနှုန်းကို ရပ်တန့်လုနီးပါးအထိ နှေးကွေးထားတယ်…"

"ဘယ်လို…"

စန်းယွန်းလီ အံ့အားသင့်သွားခဲ့၏။

အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန် ဖော်စပ်ခြင်း၏ နောက်ဆုံးအဆင့်တွင် ရှိနေသည့် အဂ္ဂိရတ် ဧကရာဇ် သုံးဆယ့်သုံးဦး…

ထိုအရာက…။

စန်းယွန်းလီ အပါအဝင် အခြားလူများ ထိုထက် ပိုမို၍ တုံ့ပြန်ခြင်း မပြုနိုင်ခင်မှာ ထျန်းရှောင်ချွမ်းက ဆွဲဆောင်မှုရှိသည့် အပြုံးတစ်ခုနှင့် လူတိုင်း၏ အာရုံများကို ပြန်လည် ဆွဲယူလိုက်သည်။

"ပထမဆုံး တစ်ယောက်ကတော့ အဂ္ဂိရတ် ဧကရာဇ် လီချီ ပါ… သူက…"

သူမက အဂ္ဂိရတ် ဧကရာဇ် တစ်ဦးချင်းစီ၏ အသေးစိတ် အချက်အလက်များကို စတင် မိတ်ဆက်ပေးခဲ့ကာ ပရိသတ်များထံမှ ထွက်ပေါ်လာသည့် မရေမတွက်နိုင်သော မေးခွန်းများကိုလည်း ဖြေကြားပေးခဲ့သည်။

"သူတို့အားလုံးကို လက်ရှိမှာ အာကာသနဲ့ အချိန်ရဲ့ လေပွေဇုန် တစ်ခုထဲမှာ ရှိနေတာ ဖြစ်ပါတယ်… နည်းစနစ်ကို အနည်းငယ် ချိန်ညှိခြင်း အားဖြင့် ကျွန်မတို့က ဇုန်ထဲမှာ ရှိတဲ့ အချိန်ကို ပုံမှန် စီးဆင်းမှုနှုန်းရဲ့ အပုံ တစ်ထောင်ပုံ တစ်ပုံအထိ နှေးကွေးအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်… ဆိုလိုတာက ကျွန်မတို့ အတွက် စက္ကန့်တစ်ထောင်ဟာ သူတို့အတွက်တော့ စက္ကန့်တစ်စက္ကန့်ပါပဲ…"

သူမ ရှင်းပြနေချိန်တွင်… လေပွေထဲတွင် ရှိသည့် လူများက တကယ်ကို အလွန် နှေးကွေးစွာ လှုပ်ရှားနေကြကြောင်း မျက်စိလျင်သူများမှာ သတိထားမိလာကြသည်။ ပထမတုန်းက ထိုအရာမှာ အဂ္ဂိရတ် ဖော်စပ်ခြင်း၏ သိမ်မွေ့သည့် လုပ်ငန်းစဉ် တစ်ခုကို လုပ်ဆောင်နေခဲ့ခြင်းဟု သူတို့ ယူဆ နေခဲ့ကြခြင်း ဖြစ်သည်။

"အာရုဏ်ဦး လေပွေဇုန် ဆေးတောင့် ကနေ ဖန်တီးလိုက်တဲ့ ဇုန်မှာ ကန့်သတ်ချက်တွေတော့ ရှိပါတယ်… ပထမဆုံးအနေနဲ့ ဒါက ထာဝရ တည်ရှိနိုင်မှာ မဟုတ်ပါဘူး… ဆေးတောင့်က အဆင့်တစ်ကနေ အဆင့်ကိုး အထိ အများဆုံး ဆယ်ရက်အထိပဲ ကြာမြင့်နိုင်ပြီး အချိန်စေ့တာနဲ့ အလိုအလျောက် ပျက်ပြယ် သွားပါလိမ့်မယ်… ဒါပေမယ့် အဆင့်တူ ဆေးတောင့်တွေကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် အချိန် စီးဆင်းမှုကို ပိုမို တိုးမြှင့်နိုင်ပါတယ်"

ထျန်းရှောင်ချွမ်းက ရှင်းပြလိုက်၏။

"ဥပမာ ပြောရရင် အဆင့်ကိုး ဆေးတောင့် ရှစ်လုံးကို အတူတူသုံးရင် ရက်ရှစ်ဆယ်ကို ရက်ရှစ်ရာအဖြစ် ပြောင်းလဲနိုင်ပါတယ်… ဒါဟာ နှစ်နှစ်ကျော်ကျော်လောက် ရှိပါတယ်… ဒါ့အပြင် အသက်ရှည်မှု ကုန်ဆုံးနှုန်းကလည်း အတွင်းမှာ ကြုံတွေ့ရတဲ့အချိန်နဲ့ ကိုက်ညီပါတယ်… သင့်ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်တွေလည်း အသက်ကြီးလာပါလိမ့်မယ်။"

"ဒါပေမယ့် တစ်ခု သတိပေးချင်တာက လေပွေထဲကို ဆက်တိုက် ဝင်ထွက်မနေသင့်ပါဘူး… ဘာလို့လဲဆိုတော့ ကမောက်ကမဖြစ်မှုက ရှင်တို့ရဲ့ အချိန်နဲ့ အာကာသ အသိစိတ်ကို ဆုံးရှုံးစေနိုင်ပြီး လက်တွေ့ကျကျ မြင်နိုင်တဲ့အရာတွေရဲ့ နှုန်းထား ကွဲပြားသွားစေနိုင်လို့ပါ… ဒါကြောင့် အသိစိတ်ကို ထိန်းညှိဖို့အတွက် တစ်ကြိမ်နဲ့ တစ်ကြိမ် ခြောက်လခြားပြီး ဆက်တိုက် ဝင်ထွက်တာမျိုး မလုပ်ရင် ပိုကောင်းပါတယ်…”

"ဒါကို အချိန်နှေးအောင်လည်း သုံးနိုင်ပါတယ်… ဒါပေမဲ့ အဲဒါက ဇုန်ကို ဖော်ထုတ်ခဲ့တဲ့ ဝိညာဉ် အော်ရာ ပိုင်ရှင် အတွက်ပဲ သက်ဆိုင်ပါတယ်… အခြားသူတွေ အတွက်တော့ အာနိသင်က သိသိသာသာ လျော့နည်းပါလိမ့်မယ်"

ထျန်းရှောင်ချွမ်းက ဆက်လက် ရှင်းပြလိုက်ပြီး တစ်ခါသုံးရုံဖြင့်ပင် ထာဝရ လေ့ကျင့်ရေး အခန်း ဖြစ်လိမ့်မည်ဟု နားလည်မှု လွဲမှားမှုများကို ပြေလျော့စေခဲ့သည်။

လူကြီး မျိုးဆက်၏ အကြီးအကဲ အချို့က သက်ပြင်းချလိုက်ကြ၏။ ဤထုတ်ကုန်တွင်သာ ကန့်သတ်ချက်များ မရှိပါက မကြာခင်မှာပင် မဟာ စက်ဝန်းကြယ်ကွင်းပြင်၏ အနာဂတ်မှာ လူငယ် မျိုးဆက်များ၏ ခြေဖဝါးအောက်သို့ ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။

လူများထဲ၌ ထျန်းကုယန်လည်း အပါအဝင် ဖြစ်သည်။ သူက ထိုထုတ်ကုန်ကို ထျန်းရီဝူနှင့် ညီမဝမ်းကွဲ ထျန်းရှောင်လော့တို့ ရရှိသွားမှာကို သေမတတ် ကြောက်ရွံ့ နေခဲ့ခြင်း ဖြစ်သည်။ ဆေးတောင့် တစ်ခုတည်းဖြင့်သာ ထာဝရ နှစ်ပေါင်းများစွာကို ရရှိခဲ့မည် ဆိုပါက … မကြာခင် ရောက်ရှိလာမည့် အင်ပါယာ ပြိုင်ပွဲကနေ သူ ရိုးရှင်းစွာ ထွက်ခွာသွားရနိုင်သည်။

"သူတို့တွေကို ပြသရတဲ့ ရည်ရွယ်ချက်ကတော့ ဆေးတောင့်ရဲ့ အာနိသင်တွေကို လက်တွေ့ ပြသဖို့အတွက်ပါပဲ"

ထျန်းရှောင်ချွမ်းက သုံးဆယ့်သုံးခုသော လေပွေများကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။ သူမ၏ မျက်လုံးများက တောက်ပစွာ လင်းလက်နေခဲ့၏။

"ကဲ… အခုဆိုရင် ကျင့်ကြံခြင်း လောကရဲ့ အာရုံ အစူးစိုက်ရဆုံး လုပ်ငန်း တစ်ခုဖြစ်တဲ့ အဂ္ဂိရတ် ဆေးဖော်စပ်ခြင်းကိုတောင် အချိန်ဇုန် အတွင်း ဘယ်လို သဟဇာတ ဖြစ်စွာ လုပ်ဆောင်နိုင်တယ် ဆိုတာကို ပြသသွားမှာ ဖြစ်ပါတယ်”

ထို့နောက် သူမက လက်ဖျောက်တစ်ချက် တီးလိုက်လေတော့၏။

ဖျောက်…

***

All Chapters