အာရုဏ်ဦး နေကြယ် မျိုးစေ့ (၂)
Vol. 102 Ch. 1422
"..."
ပရိသတ်များမှာ ထျန်းရှောင်ချွမ်းထံမှ နောက်ထပ် ရှင်းပြချက်များကို စောင့်ဆိုင်း နေကြ၏။ သူတို့သည်ပင် ထိုမျှလောက် သိလျှင် အာရုဏ်ဦး အာဏာရှင် ဧကရာဇ်မှာ ပိုမို၍ သိပေလိမ့်မည်။ အာရုဏ်ဦး နေကြယ် မျိုးစေ့ ဆေးလုံးနှင့် ပတ်သက်၍ သူ့ထံတွင် ခိုင်လုံသည့် အကြောင်းပြချက် တစ်ခု ရှိလိမ့်မည်ဟု သူတို့ မျှော်လင့်မိသည်။
ထင်မှတ်ထားသည့် အတိုင်းပင် ထျန်းရှောင်ချွမ်းက ချိုသာစွာ ပြုံးရင်း ဆက်လက်၍ ရှင်းပြလိုက်လေ၏။
"အာရုဏ်ဦး ကြယ်မျိုးစေ့က ရည်ရွယ်ချက် တစ်ခုတည်း အတွက် တီထွင် ဖော်စပ်ထားတဲ့ ဆေးလုံးတစ်လုံး ဖြစ်ပါတယ်... အဲဒီ ရည်ရွယ်ချက်က လောကနဲ့ လုံးဝ သဟဇာတဖြစ်တဲ့ နေကြယ်တစ်ခုကို ဖန်တီးဖို့ ပါပဲ”
“...”
ထျန်းရှောင်ချွမ်း၏ ကြေညာချက်က အသေးငယ်ဆုံးသော တုံ့ပြန်မှုများကိုသာ ဖြစ်ပေါ်စေခဲ့၏။ အချို့ကဆိုလျှင် စိတ်မဝင်စားသလို ချောင်းဟန့်သံများကိုပင် ထုတ်လွှတ်ခဲ့သည်။ ထျန်းရှောင်ချွမ်း စိတ်ထဲမှ မဲ့ပြုံး ပြုံးလိုက်မိ၏။ “အသိပညာ ချို့တဲ့သည့် ရေတွင်းထဲမှ သနားစရာ ဖားသတ္တဝါတွေ" ဟူ၍ပင် သူမ ခေါင်းစဉ် တပ်လိုက်မိသည်။ သို့သော်လည်း.. အပြင်ပန်းတွင်တော့ ဧကရီမှာ အနူးညံ့ဆုံးနှင့် အလှပဆုံး အပြုံးများကို ဆက်လက် ဆင်မြန်းထားဆဲ ဖြစ်သည်။ သူမက တည်ငြိမ်စွာပင် ဆက်ပြောလိုက်၏။
"ဒီထုတ်ကုန်က မူလ ဒြပ်စင် အမတေနဲ့ စွမ်းအင်တွေကို အခြေခံ အဖြစ် ထည့်သွင်းပြီး ကြိုတင် ဖော်စပ်ထားတဲ့ ကြယ်မျိုးစေ့တစ်ခုပါ... သူ့ကို သောက်သုံးပြီးရင် ထျန်းတျန်ထဲမှာ သန္ဓေသားလိုမျိုး ထပ်ဆောင်း အရင်းအမြစ်တွေနဲ့ ကြီးထွားအောင် လုပ်နိုင်ပါတယ်... အနိမ့်ဆုံး လိုအပ်ချက် အဆင့်ကို ရောက်တဲ့အခါ နေကြယ်ပု အရွယ်အစားရှိတဲ့ နေကြယ်တစ်လုံး ဖြစ်လာပြီး အဲဒီအခါမှာသာ အပြင်ဘက်ကို ထုတ်လွှတ်နိုင်ပါတယ်"
"အပြင်ဘက်ကို ထုတ်လွှတ်ပြီးတဲ့ အခါမှာလည်း ဆက်လက် ကြီးထွားဖို့ အတွက် အဲဒီဆေးလုံးကို သန့်စင်ခဲ့တဲ့ ကျင့်ကြံသူရဲ့ မွေးရာပါ စွမ်းအင်တွေ၊ ကြယ်တာရာစွမ်းအင်တွေ၊ ဒါမှမဟုတ်လည်း ကြယ်စွမ်းအားတွေကို ထည့်သွင်းရပါမယ်... ဒါမှပဲ ဆေးလုံးရဲ့ အရည်အသွေးပေါ် မူတည်ပြီး ဧရာမအရွယ် နေကြယ်တစ်လုံး ဖြစ်လာစေမှာပါ"
ထျန်းရှောင်ချွမ်းမှာ ဆေးလုံး၏ အကျိုးသက်ရောက်မှုများကို စတင်ကာ ရှင်းပြ နေခဲ့သော်လည်း ပရိသတ် အများစုမှာ အဆိုပါ နေကြယ်၏ အရေးပါမှုကို ကောင်းစွာ နားမလည်နိုင်ကြချေ။ အထူးသဖြင့် ချီပျစ်ခဲခြင်း အဆင့်များနှင့် ကြယ်တာရာ အမြုတေ အဆင့်များမှာ နေကြယ် တစ်စင်း၏ အရေးပါမှုများကို နားလည်ရန် ငယ်ရွယ်လွန်းလှပေသေးသည်။
သို့သော် သေမျိုး ကန့်သတ်ချက်ကို ကျော်လွန်ခဲ့ပြီးသူများ၏ တုံ့ပြန်မှုများကတော့ အခြေခံအားဖြင့် ကွဲပြား ခြားနားသည်။ အသိအမြင်ကျယ်သူများ အတွက် ဆိုလျှင် ပို၍ပင် ထူးခြားခဲ့သည်။
"မဖြစ်နိုင်ဘူး…"
သူတော်စင် ခုနစ်ပါး မျှော်စင်၏ အဆုံးမဲ့ ကြယ် ပဲ့တင်ထပ်ခြင်း ဆေးလုံးနှင့် ကြယ်ကြွေ စစ်ပွဲ သမိုင်း၊ အမှောင် ကြယ်တာရာခေတ်နှင့် ၎င်းတို့၏ မူလဇစ်မြစ်ကို ကိုးကွယ်သည့် အဂ္ဂိရတ် အာဏာရှင် တစ်ယောက်မှာ တစ်ကိုယ်လုံး တုန်ရီနေ၏။ သူ၏ မျက်လုံးများက မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်နေကာ ပါးစပ်မှာလည်း အဟောင်းသား ဖြစ်နေခဲ့သည်။ လူအိုကြီး၏ တုံ့ပြန်ပုံက ဘေးနားရှိ အဖော်များကို ထိတ်လန့် တုန်လှုပ်ကာ စိတ်ရှုပ်ထွေးသွားစေခဲ့သည်။
"ခင်ဗျား အဆင်ပြေရဲ့လား…"
သူတို့က မေးမြန်းခဲ့ကြ၏။ သို့သော်လည်း သေမျိုး အဂ္ဂိရတ် အာဏာရှင်မှာ ရှုပ်ထွေးသော အတွေးများထဲတွင် ပျောက်ဆုံးနေလေရာ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပေ။
ထျန်းရှောင်ချွမ်းက ရပ်တန့်ခြင်း မပြုပဲ ဆက်လက်၍ ရှင်းပြလိုက်၏။
"ဒီထုတ်ကုန်ကနေ ဖြစ်ပေါ်လာတဲ့ နေကြယ်ဟာ လောကကြီးနဲ့ သဘာဝ အတိုင်း သဟဇာတ ဖြစ်သွားမှာ ဖြစ်တာကြောင့် စံနှုန်းတွေအရ အစစ်အမှန် 'သဘာဝ' နေကြယ် အဖြစ် သတ်မှတ်နိုင်မှာပါ… ဒါဟာ နေကြယ် ခြေချခြင်းကို တိုက်ရိုက် ဦးတည်စေနိုင်ပေမယ့် အရင်းအမြစ်တွေတော့ အကုန်အကျခံရမှာပါ…"
"..."
ထာဝရ ဘုရား၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။
စန်းလော့ယန်၏ ရင်ခုန်သံများက မြန်လာခဲ့သည်။
စန်းယွန်းလီ၏ မျက်လုံးများကတော့ ပေါက်ထွက်လုနီးပါး ပြူးကျယ် သွားခဲ့သည်။ သူမမှာ ကောင်းချီးခံ တစ်ယောက် အတွက် ကောင်းကင် တာအို ရည်ရွယ်ထားသည့် ကံကောင်းခြင်း တစ်ခုကို ပိုင်ဆိုင်ခဲ့ကာ လောကချည်နှောင် ကြယ်တာရာ နယ်မြေနှင့် ပတ်သက်သည့် အသိပညာများကို ရရှိခဲ့သည်။ ထိုကြောင့်ပင် ဝေ့ဝူယင်၏ ထုတ်ကုန် မည်မျှ အဖိုးတန်ကြောင်း သူမ သိပေသည်။
စန်းယွန်းလီမှာ လွန်ခဲ့သည့် ၁၂ နှစ်တာ ကာလအတွင်း သဘာဝ နေကြယ်အား အစားထိုးနိုင်မည့် ပစ္စည်းတစ်ခုကို ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။ သဘာဝ နေကြယ်များမှာ မျိုးသုဉ်းလုနီးပါး ဖြစ်နေခဲ့ပြီး အမှောင် ကြယ်ခေတ်တုန်းက မရေမတွက်နိုင်သည့် သေဆုံးမှုများကို ဖြစ်ပေါ်စေခဲ့သည်။
သဘာဝ နေကြယ်အား အစားထိုးခြင်းနှင့် ပတ်သက်၍ သူမ ရရှိခဲ့သည့် တစ်ခုတည်းသော သဲလွန်စမှာ နက္ခတ္တကြယ် ဖြစ်သည်။ ၎င်းမှာ ကြယ်တာရာ အမတေများကို အဆုံးစွန်စွာ စုစည်း၍ သန့်စင်ထားသည့် ဒြပ်ထု တစ်ခု ဖြစ်ကာ နေကြယ်၏ အဓိက အစိတ်အပိုင်းများ ပေါင်းစပ်ထား၏။
စန်းယွန်းလီ နက္ခတ္တကြယ်ကိုပင် ရယူဖို့ ဆန္ဒရှိခဲ့သည်။ ၎င်းမှာ လောကချည်နှောင် ကြယ်တာရာ နယ်မြေ အဖြစ် လုပ်ဆောင်နိုင်ရုံသာမက ၎င်းကို အခြေခံအဖြစ် အသုံးပြု၍ ကြယ်တာရာ ဆင်းတုကိုပင် ဖော်ထုတ်နိုင်သည်။
အမွေအနှစ်ထဲ၌ ဖော်ပြထားသည့်အတိုင်း ဆိုလျှင် ကြယ်တာရာ ဆင်းတုမှာ သေမျိုး တာအို၏ အကန့်အသတ် အတွင်း အကြွင်းမဲ့သော အုပ်စိုးမှု ရရှိစေမည်ဖြစ်ပြီး သေမျိုးပျက်သုဉ်းခြင်း ကဲ့သို့ ထူးဆန်းသော စွမ်းအားများကိုပင် ဖြစ်ပေါ်စေနိုင်သည်ဟု ဆိုသည်။
"လောကချည်နှောင် ကြယ်တာရာ နယ်မြေ ဓာတ်ကူပစ္စည်း…”
လင်းရှန်းရှဲ့က တုန်ယင်စွာဖြင့် ရေရွတ်လိုက်၏။ ကြယ်သခင် တစ်ဦးအနေဖြင့် သူမမှာ ဆရာဖြစ်သူ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့၏ အမွေအနှစ်များကို ရရှိခဲ့ပြီး ဖြစ်သည်။ ထိုအထဲ၌ သဘာဝ ဂုဏ်သတ္တိများ အပါအဝင် ဒြပ်စင်နှလုံးသား ရည်ရွယ်ချက်တို့ဖြင့် ပေါင်းစပ်ထားသော ဆင်တူယိုးမှား နေကြယ် တစ်စင်းလည်း ပါဝင်ပေသည်။ ထိုနေကြယ်မှာ နေကြယ်ပု တစ်ခုထက် အဆပေါင်း များစွာ သေးငယ်ပြီး လောကချည်နှောင် ကြယ်တာရာ နယ်မြေ ကို ထူထောင်ရန် လမ်းလွှဲတစ်ခု ဖြစ်ပေသည်။
ဆန်းကြယ် ဧကရာဇ်မှာ အချိန်အား၊ လူအား များစွာ ရင်းနှီး မြှုပ်နှံကာ သူမအတွက် ထိုအစားထိုး ပစ္စည်းကို ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။ လောကချည်နှောင် ကြယ်တာရာ နယ်မြေမှာ ကျန်းကျိရီ ၏ လုပ်ကြံမှုမှ သူမ လွတ်မြောက်ခဲ့သည့် အကြောင်းရင်း ဖြစ်ကာ ဆိုးရွားစွာ ဒဏ်ရာရခဲ့ရခြင်း၏ ရင်းမြစ်လည်း ဖြစ်သည်။
အဘယ်ကြောင့်နည်း။
သူမမှာ လောကချည်နှောင် ကြယ်တာရာ နယ်မြေကို ပိုင်ဆိုင်ထားသည့်တိုင် ၎င်းမှာ တည်ငြိမ်ခြင်း မရှိလေရာ စွမ်းအားကို အပြည့်အဝ အသုံးမပြုနိုင်သောကြောင့်ပင် ဖြစ်လေသည်။
ကြယ်ကြွေ စစ်ပွဲကြောင့် သဘာဝ နေကြယ် အားလုံးနီးပါး မျိုးသုဉ်းခဲ့ရပြီး ထိုနေရာတွင် အဆင့်ကိုး ဆေးလုံး တစ်ခုကို အသုံးပြု၍ ပြုပြင်မွမ်းမံခဲ့ရခြင်းမှာ လင်းရှန်းရှဲ့၏ ဘဝတွင် အကြီးမားဆုံး နောင်တပင် ဖြစ်သည်။ သို့မဟုတ်ပါက… သူမမှာ သေမျိုးအဆင့်၏ အထွတ်အထိပ်ကို ရောက်ရန်အတွက် သဘာဝအကျဆုံး လမ်းကြောင်းအတိုင်း စစ်မှန်စွာ လျှောက်လှမ်းနိုင်ပေလိမ့်မည်။
လင်းမင်မှာ လက်ရှိ အချိန်အထိ လောကချည်နှောင် ကြယ်တာရာ နယ်မြေကို ရှာဖွေနေဆဲ ဖြစ်သည်။ သင့်လျော်သော သဘာဝ နေကြယ် တစ်ခုကို အချိန်မှီ ရှာမတွေ့နိုင်ပါက အစားထိုးတစ်ခုအား ပြင်ဆင်ရန် ဆုံးဖြတ်ထားသည်။ လင်းမင်မှာ ဒြပ်စင်နှလုံးသား ရည်ရွယ်ချက်ကို ပိုင်ဆိုင်ထားကာ လျှို့ဝှက်တာအိုကို ခြေချပြီး နောက်ပိုင်းတွင် ဖြစ်ပေါ်လာမည့် ပြဿနာများကို ကုစားနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။
"မင်း အဲ့ဒီ ဆေးလုံးကို ရအောင်ယူရမယ်… ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ်"
လင်းမင်၏ ဦးခေါင်းထဲမှ အသံက သူ့ကို ပြင်းပြင်းထန်ထန် သတိပေးလိုက်၏။
အခြားတစ်ဖက်၌…
သေမျိုး အဂ္ဂိရတ် အာဏာရှင် အားလုံးနီးပါး၏ အမူအရာများမှာလည်း ထိတ်လန့် တုန်လှုပ်ခြင်း၊ အံ့အားသင့်ခြင်းများဖြင့် ပြည့်နှက် နေခဲ့ပြီ ဖြစ်သည်။ အထူးသဖြင့် သက်တမ်းရင့် ကျင့်ကြံသူကြီးများမှာ ထိတ်လန့် ချောက်ချားမှုက စိတ်ဝိညာဉ်ကိုပင် စွဲကပ်သည် အထိ တုန်လှုပ် နေခဲ့ကြသည်။
"လူကြီးမင်းတို့… ကြယ်ကြွေ စစ်ပွဲတွေ ဘာကြောင့် ဖြစ်ပွားခဲ့ရ သလဲ… ထရီလျံ ထောင်နဲ့ချီတဲ့ သေဆုံးမှုတွေ ဘာကြောင့် ဖြစ်ပေါ်လာရသလဲ"
ပရိသတ်များ၏ တုန့်ပြန်ပုံများကို ကြည့်ရင်း ထျန်းရှောင်ချွမ်းက သမိုင်းပညာရှင် တစ်ယောက် အလား အတိတ်ကို ပြန်လည်၍ မေးခွန်းထုတ် လိုက်၏။ သူမ၏ စကားလုံးများက လူများကို အတိတ်ကာလထံ ပြန်လည် ခေါ်ဆောင်သွားခဲ့လေရာ အားလုံး၏ စိတ်လှုပ်ရှားမှုများမှာ တိုးပွားလာခဲ့သည်။
အဆိုပါ မေးခွန်းအား အဖြေပေးသူကလည်း ထျန်းရှောင်ချွမ်းပင်။
"ရှင်တို့ အားလုံးလည်း အဖြေကို သိကြပြီးသား ဖြစ်မယ်လို့ ထင်ပါဝာယ်… 'သဘာဝ' နေကြယ် တွေကြောင့်ပါပဲ… မှန်ပါတယ်… အစားထိုးလို့ မရနိုင်လောက်အောင် အံ့အားသင့် စရာ အာနိသင်တွေ ရှိတဲ့ သဘာဝ နေကြယ်တွေ ကြောင့်ပါ”
"ဒီထုတ်ကုန်ဟာ ကျွန်မတို့ရဲ့ ကြယ်ကွင်းပြင် တွေထဲမှာ ပျောက်ဆုံးသွားခဲ့တဲ့ သဘာဝ နေကြယ်တွေကို ပြန်လည် ဖြည့်ဆည်း ပေးနိုင်မှာပါ…”
"အဂ္ဂိရတ် အာဏာရှင်ဝေ့က အချိန် ကာလ ကြာမြင့်စွာ မေ့လျော့ခံ နေခဲ့ရတဲ့ ကျွန်တို့ရဲ့ ကြယ်ကွင်းပြင်တွေ ယခင် ဂုဏ်ကျက်သရေကို ပြန်လည် ရရှိလာဖို့ မျှော်လင့်ချက်နဲ့ ဒီထုတ်ကုန်ကို ဖန်တီးခဲ့တာပါ…"
"..."
ထျန်းရှောင်ချွမ်း၏ ရှင်းပြမှု အဆုံးသတ်၌ လူများမှာ ဤနေကြယ်က မတူညီ ကြောင်း စတင် နားလည်လာခဲ့ကြသည်။ ထိုအခါမှသာ သူတို့မှာ စိတ်လှုပ်ရှားမှုများနှင့် စတင်ကာ တက်ကြွ လာခဲ့ကြသည်။ ဆွေးနွေးမှုများ ပေါ်ပေါက်လာကာ အသိပညာများကလည်း ကူးစက် ရောဂါပိုး တစ်ခုလို ပျံ့နှံ့သွားခဲ့သည်။
"ဒါပေမယ့် ဆေးလုံးကို အသုံးပြုနိုင်တဲ့ ရည်ရွယ်ချက်ကတော့ ဒီလောက်တင် မကပါဘူး…”
ထျန်းရှောင်ချွမ်းက လှပစွာ ပြုံးလိုက်၏။
"အာရုဏ်ဦး နေကြယ်မျိုးစေ့ဟာ နေကြယ် တစ်ခုကို ပုံဖော်ရာမှာ ကူညီနိုင်ရုံသာမကပဲ ကြယ်စွမ်းအား ဂုဏ်သတ္တိတွေကို ကြယ်တာရာ စွမ်းအား ထဲကို ထည့်သွင်း ပေးနိုင်ပါသေးတယ်… ဒါက ရှင်တို့ ပိုင်ဆိုင်ထားတဲ့ စွမ်းအား အပေါ် ဘယ်လို အကျိုးပြုမယ် ဆိုတာ လျှော့မတွက်သင့်ပါဘူး…”
“ဒါ့အပြင် နေကြယ်ရဲ့ ပြီးပြည့်စုံတဲ့ ပုံစံဟာ ဆေးလုံး သန့်စင်တဲ့သူနဲ့ အလိုအလျောက် ချိတ်ဆက်သွားမှာဖြစ်ပြီး လောကချည်နှောင် ကြယ်တာရာ နယ်မြေ အတွက် အခြေခံအဖြစ် အသုံးပြုနိုင်မှာပါ… ဒါပေမယ့် သတိပြုရမှာက ဒီလိုလုပ်ခြင်းအားဖြင့် ကြယ်တာရာ အမြုတေ ကပ်ဘေးရဲ့ သေစေနိုင်စွမ်းကို ပိုမို ပြင်းထန်စေပါလိမ့်မယ်…”
"လောကချည်နှောင် ကြယ်တာရာ နယ်မြေ ဟုတ်လား…"
***