← Chapters

မျှော်လင့်နေကြသည့် အရာ

Vol. 102 Ch. 1423

မျှော်လင့်နေကြသည့် အရာ

Vol. 102 Ch. 1423

"အဲ့ဒါက ဘာလဲ…"

ချက်ချင်းဆိုသလိုပင် ပရိသတ်များထံမှ စိတ်ရှုပ်ထွေးနေသည့် အသံများ ပေါ်ပေါက် လာခဲ့သည်။ သေမျိုး ကန့်သတ်ချက်များအား ကျော်လွန်ခဲ့ပြီးသူများပင် ထိုအကြောင်းကို သိပ်မသိကြချေ။

ရှေးယခင် ကာလများတုန်းကတော့ လောကချည်နှောင် ကြယ်တာရာ နယ်မြေ ဖြစ်နိုင်ခြေ အကြောင်းကို ကျင့်ကြံသူများ သိရှိခဲ့ကြသေးသည်။ သို့သော်လည်း ကြယ်ကြွေစစ်ပွဲနှင့် အမှောင် ကြယ်တာရာခေတ်တို့ကြောင့် သဘာဝ နေကြယ် အရင်းအမြစ်များ ပြင်းထန်စွာ ကုန်ခမ်းခဲ့ရခြင်းအပြင် ဒြပ်စင်နှလုံးသား ရည်ရွယ်ချက်ကို မွေးဖွားနိုင်ခဲ့သူမှာလည်း အနည်းငယ်သာ ရှိလေရာ လောကချည်နှောင် ကြယ်တာရာ နယ်မြေကို တည်ဆောက်နိုင်သူ မရှိသလောက် ဖြစ်ခဲ့ရသည်။

နေကြယ်တုများကို အစားထိုး အသုံးပြုဖို့ မရေမတွက်နိုင်အောင် ကြိုးစားမှုများ ရှိခဲ့ကြသော်လည်း သဟဇာတ မဖြစ်မှုကြောင့် မည်သူမှ မအောင်မြင်ခဲ့ကြချေ။ ထိုကဲ့သို့ လုပ်ရန် ကြိုးပမ်းခဲ့ကြသူများမှာလည်း သေမျိုးပျက်သုဉ်းခြင်း မှတစ်ဆင့် ရက်စက်စွာ ကွပ်မျက်ခံခဲ့ရသည်။

ဤသို့နှင့်… ဆယ်စုနှစ် ထောင်ပေါင်းများစွာ ကြာမြင့် ပြီးနောက် လူများမှာ ၎င်းကို ရိုးရှင်းစွာ မေ့လျော့သွားခဲ့ကြသည်။ ထို့ကြောင့်ပင် ရှေးဟောင်း အမွေအနှစ်ကို ပိုင်ဆိုင် မထားပါက ပရိသတ်က လောကချည်နှောင် ကြယ်တာရာ နယ်မြေက ဘာလဲ ဆိုတာကိုပင် သိဖို့ ခဲယဉ်းပေသည်။

"ဒီဆေးလုံးရဲ့ အာနိသင်က တခြားနှစ်ခုထက် ပိုကြီးမားတယ်…"

ထျန်းမူယန်က မှင်သက်စွာပင် မှတ်ချက် ချလိုက်၏။

"ငါသာ ဒီမျိုးဆက်မှာ မွေးခဲ့ရင်…"

ထျန်းလင်းယုက မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။ လူငယ် မျိုးဆက်မှ မင်းသားနှင့် မင်းသမီးလေးများ၏ မသိနားမလည် မျက်နှာ အမူအရာများကို ကြည့်ရင်း မနာလိုမှုလှိုင်းများက သူမ၏ နှလုံးသားအတွင်း လှိုင်းထ လာခဲ့သည်။ သို့သော်လည်း ဒုတိယ မင်းသား ထျန်းကုရန်ကို မြင်သော အခိုက်တွင်တော့ သူမ ပြန်လည်၍ သနားလာမိပြန်၏။

ထျန်းရီဝူ အတွက်တော့ အချိုပေါ် သကာလောင်းပင်။ သူမ သိထားသလောက် ဆိုလျှင် လူငယ်မှာ ကြယ်တာရာ သခင် တစ်ပါးပင် ဖြစ်မလာသေးချေ။ ထို့ကြောင့်ပင် အနာဂတ် ကျင့်ကြံခြင်း အခြေခံ အတွက် အကောင်းဆုံး အခြေအနေများကို သူ ရရှိ ခံစားနိုင်တော့မည် ဖြစ်သည်။ သူက ဤမျိုးဆက်မှာ မွေးဖွားလာခဲ့တာ ကံကောင်းပေသည်။

“...”

ဧဒင်ကမ္ဘာ တစ်ခုလုံးမှာ တိတ်ဆိတ် နေခဲ့၏။ ထိုတိတ်ဆိတ်မှုက သက်ကြီးပိုင်း မျိုးဆက်၏ ဝမ်းနည်းမှုနှင့် သက်ငယ်ပိုင်း မျိုးဆက်၏ မသိနားမလည်ခြင်းတို့ ပေါင်းစပ်နေသော အရာပင်ဖြစ်သည်။

ထျန်းရှောင်ချွမ်းက တိတ်တဆိတ် ပြုံးလိုက်၏။ ထုတ်ကုန် အသစ်၏ အရေးပါမှုကို သိရှိလာပါက လောကကြီး တစ်ခုလုံး မည်မျှ အုတ်အုတ်ကြွက်ကြွက် ဖြစ်သွားမည်ကို သူမ မြင်ယောင် နေမိပေသည်။

"ဒီထုတ်ကုန်နဲ့ အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲရဲ့ နောက်ထပ် ကံကောင်းခြင်းအတွက် ပြိုင်ပွဲတိုလေး တစ်ခု ရှိပါလိမ့်မယ်… လောကာပင်လယ် အဆင့် နဲ့ လောကီမျက်လုံး အဆင့်ကြားမှာ ရှိတဲ့ ကျင့်ကြံသူတွေ အားလုံး ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကို ပြင်ဆင်ထားကြပါ”

ပဉ္စမအကြိမ်ကြိမ် ကောင်းချီးကား စတင်တော့မည် ဖြစ်လေသည်။

"အိုး…"

ကြယ်တာရာ သခင်များမှအပ ကျန်ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူများ အားလုံး စိတ်ဝင်စားမှု၊ စိတ်လှုပ်ရှားမှုတို့ဖြင့် လှုပ်လှုပ်ရွရွ ဖြစ်သွားကြ လေသည်။

မကြာခင်မှာပင်… လူငယ် ပါရမီရှင်များနှင့် ရွေးချယ်ခံများမှာ စတင် ပြင်ဆင်နေခဲ့ပြီ ဖြစ်ကာ သူတို့၏ အကြီးအကဲများက လေးနက်စွာဖြင့် ညွှန်ကြားချက်များ ပေးနေခဲ့ကြသည်။

သူတို့ မျှော်လင့်ထားသည့် အရာမှာ နောက်ဆုံးတွင် ရောက်ရှိ လာခဲ့ပြီ ဖြစ်သည်။

ကြီးကျယ် ခမ်းနားသော အကျိုး ကျေးဇူးများ အတွက် လူငယ် မျိုးဆက်များ ကြားမှ ပြိုင်ပွဲတစ်ခု…

အဂ္ဂိရတ် ကုန်စည်ပြပွဲ အများစုတွင် လူငယ် မျိုးဆက်များအတွက် ပြိုင်ပွဲများ ရှိတတ် ကြသည်။ ထိုပြိုင်ပွဲများတွင် လူငယ်များမှာ သူတို့၏ ပါရမီကို ပြသကာ အိမ်ရှင် အဖြစ် လက်ခံကျင်းပသည့် အဂ္ဂိရတ် ပညာရှင်ထံမှ ရင်းနှီးမြှုပ်နှံမှုများကို ရရှိဖို့ ကြိုးစားကြသည်။ နာမည်ကျော် အဂ္ဂိရတ်သူရဲကောင်း အများအပြားကို ထိုကာလများတွင် ရှာဖွေတွေ့ရှိ ရလေ့ ရှိသည်။

အာရုဏ်ဦး အဂ္ဂိရတ် သူရဲကောင်း ဝူယုသည် အာဏာရှင် အင်ပါယာဝေ့၏ လူသိအများဆုံး အဂ္ဂိရတ် သူရဲကောင်း ဖြစ်ပေသည်။ ထိုပုဂ္ဂိုလ် ပိုင်ဆိုင်ထားသည့် ခွန်အားကို ထောက်ချင့်ရပါက ဝေ့ဝူယင်၏ အဂ္ဂိရတ် သူရဲကောင်း တစ်ယောက် ဖြစ်ရန် စံနှုန်းမှာ လုံးဝကို အံ့မခန်း ဖြစ်ပေသည်။

ဝေ့ဝူယင်ထံတွင် နဂါးခေါင်းဆောင်း မြေကြီးရှန့်ထို အပါအဝင် အခြား မြေကြီးရှန့်ထို များလည်း ရှိသေးသည်။ သို့သော်လည်း လူအများစုက ထိုမြေကြီး ရှန့်ထိုများမှာ ဝေ့ဝူယင်၏ နောက်ခံ အင်အားစုမှ ပြုစုပျိုးထောင် ပေးထားသည့် ပုဂ္ဂိုလ်များ ဖြစ်လိမ့်မည်ဟု ယူဆ ထားကြသည်။ သူတို့က အစစ်အမှန် မွေးဖွားခြင်းထက်ပင် လျှို့ဝှက်ဆန်းကြယ်မှုနှင့် ခွန်အား အရာတို့၌ သာလွန်သည်။ ထို့ကြောင့်ပင် သူတို့ကို ဝေ့ဝူယင် ကိုယ်တိုင် ပြုစုပျိုးထောင်ထားသူများ အဖြစ် ထည့်သွင်း ရေတွက်ခြင်း မပြုခဲ့ကြချေ။

"မင်းတို့ အားလုံး ဒီဆေးလုံးကို ရအောင်ယူရမယ်…”

ထျန်းလင်းယုမှာ လူငယ်မျိုးဆက်မှ မင်းသားနှင့် မင်းသမီးလေးများကို ပြင်းပြင်းထန်ထန် သတိပေးလိုက်၏။ သူမ၏ အင်အားပြည့်ဝကာ ပြင်းထန်သော အသံကြောင့် အားလုံးမှာ ထိတ်လန့် တုန်လှုပ်သွားကြကာ နှလုံးသားများထဲတွင် ဖိအားနှင့် ကြောက်ရွံ့မှုတို့ကို ခံစားလိုက်ရလေသည်။

ထျန်းမူယန်မှာ ထိုအရာကို သတိထားမိရာ ဘေးနားမှ မချိပြုံးပြုံးသည်။ ထျန်းလင်းယု၏ စေတနာက သိသာ ထင်ရှားသော်လည်း ထိုကဲ့သို့ အလွန်အမင်း စိုးရိမ်ပူပန်မှုက လူငယ်များ၏ စိတ်ခံစားချက်ကို ပျက်စီးစေနိုင်သည်။ အဆိုပါ အမိန့်ကြောင့် လူငယ်လေးများ ခံစားနေရသည့် ဖိစီးမှုက ပိုမို၍သာ တိုးလာနိုင်ပေသည်။

ထိုအခြေအနေကို ပြောင်းလဲရန် အတွက် ထျန်းမူယန်က ဝင်ရောက် စကားပြောဖို့ ဆုံးဖြတ်လိုက်၏။

"ဝေ့ဝူယင်ရဲ့ ဒီတတိယမြောက် ထုတ်ကုန်က ပထမ ထုတ်ကုန်နှစ်ခုထက် အများကြီး ပိုအရေးပါတယ်… ဘာလို့လဲဆိုတော့ ဒါက မင်းတို့ကို ကြယ်တာရာ အမြုတေ အဆင့် ရဲ့ အစစ်အမှန် အထွတ်အထိပ်ကို ရောက်ရှိစေနိုင်လို့ပဲ… ပထမ ထုတ်ကုန်နှစ်ခုကတော့ ငါတို့ ကမ္ဘာရဲ့ လက်ရှိ အခြေအနေအရ ဒီလိုလုပ်နိုင်မှာ မဟုတ်ပါဘူး…"

အစစ်အမှန် အထွတ်အထိပ်…

လူငယ်လေးများ၏ မျက်ခုံးများက ပင့်တက် သွားခဲ့သည်။

"ဘာအဓိပ္ပာယ်လဲ ဦးရီးတော်…"

ဖြူစင် သန့်ရှင်းသည့် ဝတ်ရုံ ဝတ်ဆင် ထားသည့် အရပ်မြင့်မြင့် မင်းသားငယ် တစ်ပါးက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

သူက ထျန်းပိုင်ယန် ဖြစ်ကာ ထျန်းကုယန် နှင့် မိခင် တစ်ယောက်တည်းမှ မွေးဖွားလာသည့် ဆဋ္ဌမမင်းသား ဖြစ်သည်။ သူက လက်ရှိ၌ ကြယ်တာရာ အမြုတေ အဆင့်ခုနစ်၊ လောကသခင် အဆင့် တစ်ယောက်လည်း ဖြစ်သည်။ လူငယ် ထုတ်လွှတ်နေသည့် အော်ရာမှာ အလွန်ပင် သိပ်သည်း ပြင်းထန်လှကာ သာမန် ကြယ်တာရာ သခင်များထက်ပင် အဆပေါင်း များစွာ ကျော်လွန် နေပေသည်။

ထျန်းမူယန် က ဆဋ္ဌမမင်းသားကို တစ်ချက် ကြည့်လိုက်၏။ သတ္တမမင်းသား ထျန်းရီဝူ၊ ဆဋ္ဌမမင်းသား ထျန်းပိုင်ယန်နှင့် ပဉ္စမမင်းသား ထျန်းကျန်းဟန်တို့မှာ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ အတွက် အရည်အချင်းပြည့်မီသော တရားဝင် မင်းသားသုံးပါး ဖြစ်ကြပြီး သူတို့ တစ်ဦးစီတွင် ပြိုင်ဘက်ကင်းသော ဆွဲဆောင်မှုမျိုးစီ ရှိကြသည်။

ထျန်းရီဝူမှာ နတ်သက်ကြွေလာ တန်ခိုးရှင် တစ်နှင့် တူကာ၊ ထျန်းပိုင်ယန်ကတော့ အကြွင်းမဲ့ အုပ်စိုးသူ တစ်ဦးကို သတိရစေသည်။ ထျန်းကျန်းဟန်ကတော့ ကျင့်ကြံခြင်း လမ်းကြောင်းတစ်လျှောက်တွင် ဓားကို မီးအိမ်တစ်ခု သဖွယ် ကိုင်စွဲထားသော ဓားသမား တစ်ဦး ကဲ့သို့ ခံစားရစေသည်။

ကျင့်ကြံခြင်း အခြေခံ အရ ဆိုလျှင် သူတို့ထဲမှ မည်သူမျှ ပျမ်းမျှ အဆင့်တွင် တည်နေခြင်း မရှိချေ။ အထူးသဖြင့် ကမ္ဘာကြီးကို အကြိမ်ကြိမ် ကိုင်လှုပ်ခဲ့သည့် ထျန်းရီဝူပင်…။

လူငယ်က အင်ပါယာ အဖွဲ့၏ ထောင့်စွန်း တစ်နေရာတွင် ရှိနေသည့် ပုဂ္ဂိုလ်ကို လှမ်းကြည့်လိုက်၏။ သူက မုတ်ဆိတ် ပရပျစ်နှင့် သက်လတ်ပိုင်း တစ်ယောက် ဖြစ်ကာ မီးခိုးရောင် ဓားသမား ဝတ်စုံကို ဝတ်ဆင်ထားသည်။ ရုပ်ရည်သွင်ပြင်အားဖြင့် သူက ထျန်းမူယန်ထက်ပင် ပိုမို ကြီးမြင့်သယောင် ထင်ရသည့်တိုင် တကယ်တမ်းတွင် အများကြီး ပိုငယ်ပေသည်။ တိတိကျကျ ပြောရလျှင်… သူက အသက် လေးရာလောက်သာ ရှိပေသေးသည်။ သူက ခါးထက်တွင် မဟူရာ ဓားတစ်စင်းကို ချိတ်ဆွဲထားကာ လက်ထဲတွင်တော့ ချိုမြိန်သည့် ရနံ့များ သင်းနေသော ဝိုင်တစ်ကယားကို ကိုင်ဆောင်ထားသည်။

ထျန်းကျန်းဟန်မှာ ထျန်းမူယန်၏ အကြည့်ကို ခံစားမိလေရာ ချက်ချင်းပင် ပြန်လှည့်ကြည့် လိုက်၏။ ထို့နောက် သူက ပြုံးလိုက်ရင်း လေးစားစွာ ဦးညွှတ် ပြလိုက်သည်။ သူ၏ အရိုးများထဲ၌ မည်သည့် မောက်မာမှုနှင့် မာန်မာနမှ မရှိသည့်ဟန် ရလေသည်။

***

All Chapters