← Chapters

ရတနာသင်္ဘော ... ။

Vol. 26 Ch. 301

ရတနာသင်္ဘော ... ။

Vol. 26 Ch. 301

“ ဝှစ် ... ။ ”

လင်းယုန်နီပေါ်မှ အမျိုးသမီးတစ်ဦး ခုန်ဆင်းလာကာ နင်စစ်ဟွာနှင့် စကားစမြည် ပြောကြားနေသည်။

အမျိုးသမီးက ဆံပင်ရှည်ရှည်များကို ဖဲကြိုးဖြင့် ချည်နှောင်ထားသော်လည်း ရှုတ်ပွ နေသေး၏။

အသားအရေသည် နူးညံ့ပါးလွှာသည်။ သံချေးတက်နေသော ဓားရှည်တစ်လက်ကို ခါးတွင် ထောင့်ဖြတ်ထိုးထည့်ထားပြီး ဓားအိမ်၌ မီးခိုးရောင်ပိုးကြိုးများ ရစ်ပတ်ထား၏။

သူမ၏ ယုန်နှစ်ကောင်သည် ဖွံထွားခြင်းသည်သာ မရှိသော် အမျိုးသား တစ်ယောက်နှင့် မခြားချေ။ သာမန် ဆန်လွန်းချေပြီ။

“ တာအိုမိတ်ဆွေ ... ဒါက ရှစ်ဖန်းခန်းမရဲ့ မဟာအကြီးအကဲပါ။ ”

ဤသည်မှာ ဘုန်းကြီးဟုန်ကျိပြောသော ကြီးမြတ်လှသော ကောင်းကင်မှ နတ်သမီးကဲ့သို့ အလွန်လှပသည့် သူဌေးဖြစ်ချေ၏။

“ ငါ့နာမည်က ဟွာရှင်းဖန်ပါ၊ တွေ့ရတာဝမ်းသာပါတယ် သခင်လေး။ ”

အမျိုးသမီးသည် ရှေ့သို့တိုးပြီး မိတ်ဆက် စကားပြောသည်။ အသွင်အပြင်အရ သာမန်ဖြစ် သော်လည်း သူမမျက်လုံးများသည် ရေကန်ကဲ့သို့ နက်ရှိုင်းလှ၏။

“ သွားရအောင် ... ။ ”

“ ဝှစ် ... ။ ”

စုရီက စကား အပိုမဆိုတော့ချေ။ ထို့နောက်တွင် နှစ်ယောက်သား လင်းယုန်နီ ကျောပေါ် ခုန်တက်ပြီး ထွက်ခွာလာခဲ့၏။

“ ဖရူး ... ။ ”

လင်းယုန်နီ၏ အနီရောင် အတောင်ပံ တစ်စုံသည် ပေပေါင်းများစွာ ရှည်လျားလှကာ တစ်ကြိမ်ခတ်လိုက်တိုင်း တုန်ဟည်းသံများ ထွက်ပေါ်လာစေ၏။ တိမ်ပင်လယ်အတွင်း အဟုန်ပြင်းစွာ ပျံသန်းနေသည်။

ကြီးမားပြီး နူးညံ့သော အမွေးအတောင်များကြောင့် ထိုင်ရသည်မှာ သက်တောင့်သက်သာရှိ၏။

ဘူးသီးခြောက်အတွင်းမှ ဝိုင်ကို သောက်လျက် တိတ်ဆိတ်နေသော စုရီအပေါ် အမျိုးသမီးက စစ်ဆေးကြည့်နေခဲ့သည်။

အခြားလူများအတွက်မူ ထိုသို့အကြည့်ခံရပါက မသက်မသက် ဖြစ်စေ နိုင်၏။ စုရီအတွက်မူ သာမန်ပေပင်။

စုရွှမ်ကြွယ် ဘဝတွင် တန်ခိုးကြီးသော အမျိုးသမီးများစွာ၏ စမ်းသပ်မှုများစွာကိုပင် မတုန်မလှုပ် ဖြတ်ကျော်နိုင်သူဖြစ်၏။

“ သခင်လေး ... ဝိညာဉ်ပင်လယ်ကို ကျွမ်းကျင်သူတွေ အများကြီးသွားနေကြတယ်၊ အများစုကတော့ မူလတာအိုနယ်ပယ်အဆင့် ကျွမ်းကျင်သူတွေပဲ ... ။ ”

အဆုံးတွင် ဟွာရှင်းဖန်မှ စကားစမြည်ပြောရန် ကြိုးစားလာတော့သည်။ စုရီမှ ခေါင်းညိတ်၏။

“ ဆက်​ပြောပါ ... ။ ”

“ ကျားတစ်ကောင်က ဝက်ကိုမြင်ရင် ဆာလောင်မှုကို ခံနိုင်ရည်ရှိနိုင်မှာ မဟုတ်ဘူး စားဖို့အတွက် သေချာပေါက်လာလိမ့်မယ် ဒါပေမယ့် အဲဒီဝက်က နဂါးဖြစ်နေရင် ဘာဆက်ဖြစ်မယ် ထင်လဲ။ ”

စုရီမှ ဝိုင်တစ်ငုံသောက်လျက်၊

“ ဒါဟာ ရက်စက်တဲ့ လှည့်ဖျားမှုတစ်ခုပါပဲ။”

-ဟု ပြန်ဖြေလိုက်သည်။

“ မှန်တယ် ... ငါ့ရဲ့ အမြင်အရတော့ ဒီခရီးစဉ်မှာ ဝက်တစ်ကောင် အသွင်အပြင်မျိုးနဲ့ အသင့်လျော်ဆုံးက မင်းပဲ သခင်လေး။ ”

စုရီက အမျိုးသမီးထံ ပြန်မော့ကြည့်ပြီး၊

“ ဝက်ယောင်ဆောင်ပြီး ကျားသား စားစေချင်နေတာလား။ ”

-ဟု မေးမြန်းလိုက်၏။

“ ဟား ဟား ဟား ... ။ ”

ဟွာရှင်းဖန်မှ ရယ်မောလျက်၊

“ ဒါက ဥပမာတစ်ခု ပေးတာပါ ... ကျေးဇူးပြုပြီး ငါ့ကို စိတ်မဆိုးပါနဲ့သခင်လေး။ ”

သူမ ရယ်မောလိုက်သောအခါတွင် ပါးချိုင့်လေးများနှင့် ကြည်လင်ဖြူဖွေးနေသော သွားစွယ်နှစ်ချောင်း ပေါ်လွင်လာ၏။ အနည်းငယ် ကြည့်ကောင်းချေပြီ။

“ တကယ်တော့ သခင်လေး၊ မင်းဟာ မဟာကျိုးရဲ့ ပြိုင်ဘက်ကင်း ဓားသမားဖြစ်ပြီး မဟာဝေရဲ့ နံပါတ်တစ်ဓားသမား ချိုးဟမ့်ခုန်ကို အနိုင်ယူခဲ့တယ် ... ဒီသတင်းဟာ မဟာချင်မှာ သေချာပေါက် ပျံနှံ့နေလိမ့်မယ် ... ။ ”

ဟွာချင်းဖန်မှ ဆက်၍ရှင်းပြလာသည်။

“ ... ဒီလိုအခြေအနေမျိုးမှာ ... မင်းရဲ့အမည်အမှန်နဲ့ လမ်းတလျှောက် ဒုက္ခတွေ အများကြီး ဖြစ်လာမှာ ကြောက်မိတယ် ...

... လူတိုင်းက မင်းကို ရန်သူကြီးအဖြစ် မှတ်ယူကြပြီး ပစ်မှတ်ထားလိမ့်မယ် ဒါကြောင့် မင်းရဲ့ အထောက်အထားကို ပြောင်းလဲပြီး နိမ့်ကျတဲ့ ပရိုဖိုင်ကို သိမ်းထားရင် လုံးဝ ကွဲပြားသွားပါလိမ့်မယ်။ ”

စကားပြောနေစဉ် ဟွာရှင်းဖန်၏ မျက်လုံးများ တောက်ပလျက် စိတ်လှုပ်ရှား လာတော့၏။

“ ပြောချင်တာက ပထမတစ်ချက်အနေနဲ့ ငါတို့ကိုကြောက်ပြီး တချို့အခွင့်အရေးတွေကို လွတ်သွားနိုင်တယ် ...

... ဒုတိယအနေနဲ့ မသိနားမလည်တဲ့ ဇာတ်ကောင်အချို့ ငါတို့ကို ရန်စလာပြီဆိုရင် ဒါဟာ မင်းရဲ့အိမ်တံခါးဝကို ရောက်လာတဲ့ ညနေစာပဲ မဟုတ်လား။ ”

စုရီမှ မျက်ခုံးပင့်လိုက်သည်။

“ ကြည့်ရတာ ... မင်းကိုလုယက်မဲ့ တစ်စုံတစ်ယောက်ကို မျှော်လင့်နေတာလို့ ငါဘာလို့ ခံစားနေရတာလဲ။ ”

“ ဟား ဟား ဟား ... ထက်မြက်တယ် ဒီအချိန်မှာ ငါတို့ရဲ့ပြိုင်ဘက်တွေက ခန္ဓာကိုယ် သိမ်းပိုက်နိုင်စွမ်းရှိတဲ့ လူအနည်းငယ်လောက်ပဲ ရှိပါတယ် ... သူတို့မှာ စည်းစိမ်ဥစ္စာတွေ ဘယ်လောက်တောင် ရှိနိုင်မလဲ။ ”

စုရီမှတ်ချက်ကို လျစ်လျူရှုလျက် ဟွာချင်းဖန်၏ မျက်ဝန်းများ လောဘရောင် တောက်ပလာသည်။

“ ဒီနည်းလမ်းနဲ့ အခွင့်အရေးတွေ ရှာမတွေ့ခဲ့ရင်တောင် အနည်းဆုံးတော့ ငါတို့ လက်ဗလာနဲ့ ပြန်စရာ မလိုတော့ပါဘူး ဟုတ်တယ် မဟုတ်လား။ ”

စုရီက ဟွာချင်းဖန်ကို စေ့စေ့ငှငှကြည့်ကာ၊

“ နောက်ဆုံးတော့ ဘုန်းကြီးဟုန်ကျိ ... မင်းကိုဘာလို့ အရမ်းကြောက်နေတာလဲဆိုတာ ငါနားလည်ပါပြီ။ ”

-ဟု ပြောကြားလိုက်သည်။

ဤမျှ သာမန်ဆန်သော အမျိုးသမီး တစ်ဦးသည် ရတနာအတွက် သူမထံလာရောက် လုယက်မည့် အခြားသူများအပေါ် စောင့်မျှော် နေလိမ့်မည်ဟု မည်သူထင်မည်နည်း။

“ ဘာလို့လဲ ... ။ ”

“ ဉာဏ်များလွန်းတယ်။ ”

စုရီက ချက်ချင်း ပြန်ဖြေသည်။ ယခင်ဘဝအရင်းနှီးဆုံး သူငယ်ချင်းဖြစ်သော ဘုရင်တစ်ပါးကို ပြန်သတိရလာ၏။

ထိုလူသည် စကားပြော ပြေပြစ်ပြီး ပေါင်းရသင်းရ လွယ်ကူသည်။ ဖြောင့်မတ်ပြီး အကြမ်းဖက်မှုများကို ဖယ်ရှားရန် နတ်ဆိုးများ အပေါ်သတ်ဖြတ်ခဲ့၏။

သူ့နှလုံးသားသည် ကမ္ဘာကြီးတစ်ခုကဲ့သို့ ကျယ်ပြောက သာမန်လူများကိုပင် ကူညီပေး တတ်သည်။ ဖြောင့်မတ်သော သူရဲကောင်း အဖြစ် ချီးကျူးခြင်းခံရ၏။

သို့သော် မြေခွေးအိုကြီးများအတွက်မူ ယုတ်ညံ့ပြီးအရှက်မဲ့ကာ စက်ဆုပ် ရွံရှာဖွယ် လူညစ်တစ်ယောက်ပေပင်။

“ မင်းရဲ့အပြစ်တွေက များလွန်းနေပြီ ပိုင်ဆိုင်မှုအကုန် ငါ့လှူပါ မဟုတ်ရင် မင်းအပေါ် ဘေးဥပဒ် ကျရောက်လာလိမ့်မယ်။ ”

ဤသည်မှာ သူ့သားကောင်များထံမှ လုယက်ယူငင်ချိန်တိုင်းတွင် အသုံးပြုနေသည့် စကားများပေပင်။

ထို့ကြောင့် ဟွာရှင်းဖန်၏ ပုံစံသည် ၎င်းနှင့်အနည်းငယ်ဆင်တူ၏။ သူ့အဖြေကြောင့် ဟွာရှင်းဖန်မှ ချက်ချင်း ပြုံးလိုက်ပြီး၊

“ ကျေးဇူးတင်ပါတယ် သခင်လေး။ ”

-ဟု တုန့်ပြန်လာသည်။

သူမသည်လည်း အလွန် အရေထူချေပြီ။ ဘုန်းကြီးဟုန်ကျိမှ အရမ်းသတိထားနေသည်မှာ မထူးဆန်းတော့ချေ။

“ ဒါဆို ... ငါ့အကြံဥာဏ်ကို ဘယ်လိုထင်လဲ သခင်လေး။ ”

ဟွာရှင်းဖန်မှ ထပ်မေးသည်။

“ အကျိုးအမြတ်ကို ဘယ်လိုခွဲမလဲ။ ”

စုရီက တိုက်ရိုက်မေး၏။ ယင်းကြောင့် ဟွာရှင်းဖန်ခမျာ အံ့အားသင့် သွားလေသည်။ ထို့နောက် ပြုံးလိုက်၏။

“ သခင်လေး ... မင်းငါ့ကို စိတ်မပျက်စေဘူးပဲ။ ”

စုရီပြသခဲ့သည့် မာနနှင့် အကျင့်စရိုက်ကြောင့် ဤလုယက်မှုမျိုးအပေါ် ငြင်းဆန်လိမ့်မည်ဟု ထင်မိခဲ့သည်။

“ သတင်းအချက်အလက်နဲ့ ... ထောက်လှမ်းရေးအတွက် ငါတာဝန်ယူမယ် လုယက်ဖို့ သခင်လေး တာဝန်ယူပါ၊ ရှစ်ဆယ် ... နှစ်ဆယ် ... ဘယ်လိုလဲ။ ”

“ အမွေတွေနဲ့ ... အခွင့်အလမ်းတွေ အတွက်ဆိုရင် ... ဒီအချိုးကို ငါသဘောတူတယ် လုယူမှုအတွက်တော့ ကိုးဆယ် ... တစ်ဆယ်ပဲ၊ မင်းသိပါတယ် စစ်မှန်တဲ့ တိုက်ပွဲတွေမှာ ခွန်အားက အရေးကြီးတယ်။ ”

စုရီ အချိုးကို ပြင်လိုက်သည်။ ဟွရှင်းဖန်တစ်ယောက် အနည်းငယ် တုန့်ဆိုင်း ပြီးနောက် အဆုံးတွင်၊

“ ကောင်းပြီ၊ ဒါပထမဆုံးအကြိမ်မို့ သဘောတူလိုက်မယ် ... ငါ့ရဲ့ရိုးသားမှုကိုပြမယ် ဒီလိုပဲ ခွဲ​ဝေ​ကြရအောင်။ ”

ခွဲဝေမှုအချိုး ပြေလည်သွားသဖြင့် စိတ်လက်ပေါ့ပါးသွားပြီး သူမ အင်္ကျီလက်အိုးမှ ဝိုင်တစ်ပုလင်းထုတ်ယူကာ ခေါင်းမော့ သောက်ချလိုက်၏။

“ ကလု ... ကလု ... ကလု ... ။ ”

ဝိုင်ငတ်နေသလိုပေပင်။ ထိုအသွင်သည် မည်သည့် ယောက်ျားများထက်မဆို ပို၍ ရဲဝံ့ပြီး အထိန်းအကွပ်မဲ့ချေ၏။

ဤကဲ့သို့သော စိတ်ထားမျိုးကို စုရီမှ အရမ်းသဘောကျသည်။ ကံမကောင်းစွာ​ဖြင့် သူမ၏ ရုပ်ရည်သည် အနည်းငယ် သာမန်ဆန် နေခဲ့၏။

နောက်နှစ်ရက်ခန့် အကြာတွင် မဟာချင်နိုင်ငံ အရှေ့ဘက်ရှိ အင်မော်တယ် မြို့နှင့် မိုင်အနည်းငယ်ကွာဝေးတွင် လင်းယုန်နီ ဆင်းသက်လာသည်။

“ သွားတော့ ... ။ ”

“ ဖရူး ... ။ ”

ဟွာရှင်းဖန်က လက်ဖြင့်ပုတ်ပြီး ပြောကြားလိုက်ရာ အတောင်ပံများ ဖြန့်လျက် လင်းယုန်နီက သွေးနီအလင်းတန်းသဖွယ် ပျံတက်သွားတော့၏။

“ သခင်လေး ... ဒါအရှေ့ပင်လယ် ကမ်းရိုးတမ်းမြို့ပဲ အင်မော်တယ်မြို့တော်လို့ ခေါ်ပါတယ် မဟာချင် အရှေ့ဘက်ဒေသမှာ အချမ်းသာဆုံး ...

... ဒီကနေ မိုင်သုံးရာကျော် ဆက်သွားလိုက်ရင် ဝိညာဉ်ပင်လယ်ဗဟို ဒေသကို ရောက်လိမ့်မယ်။ ”

ဟွာရှစ်ဖန်းက အဝေးရှိ မြို့ကြီးတစ်မြို့ကောက်ကြောင်းကို ညွှန်ပြပြီး၊

“ ငါတို့ မြို့ထဲကို ... အရင်သွားပြီး အချက်အလက်တွေ စုဆောင်းရအောင် ပြီးမှ ထွက်ခွာကြမယ်။ ”

-ဟု အကြံပြုလိုက်၏။

“ ကောင်း​ပြီ ... ။ ”

စုရီမှ ဤသို့သော အသေးအဖွဲကိစ္စများကို ဂရုစိုက်ရန် ပျင်းလွန်းသ​ဖြင့် ပေါ့ပေါ့ပါးပါး ပြန်၍ ပြော​ကြားခဲ့သည်။

အဝေးမှကြည့်လျှင် ကောင်းကင်နှင့် မြေကြီးကြား ဆန့်ထွက်နေသည့် နဂါးကြီးကဲ့သို့ မြို့ကြီးကို မြင်နိုင်သည်။

မြို့တော်ရှိ အ​ငွေ့အသက်များသည် ဆူညံပွက်လောရိုက်နေကာ ကောင်းကင်ပေါ် ထိုးတက်နေ၏။

“ ဟမ့် ... ။ ”

ထိုစဉ် စုရီမှ ရုတ်တရက် ရပ်လိုက်ပြီး ကောင်းကင်ပေါ် မော့ကြည့်လိုက်တော့သည်။ မီတာငါးဆယ်ရှည်သော သင်္ဘောကြီးတစ်စင်း တိမ်ပင်လယ်အတွင်းမှ ထွက်ပေါ်လာ၏။

သင်္ဘောပေါ်တွင် မျှော်စင်များ၊ နန်းတော်များ၊ မဏ္ဍပ်များနှင့် ရေကန်များကို နတ်အာရုံဖြင့် ခံစားမိသည်။

အချို့သော လူအများကို ယောင်ဝါးဝါးပင် မြင်နိုင်၏။ ဤကဲ့သို့သော ရတနာသင်္ဘောသည် ​သေမျိုးလောက၏ အာရုံစူးစိုက်မှုကို ချက်ချင်း ဆွဲဆောင်နိုင်ပေမည်။

စုရီသည်ပင် ပြန်လည်မွေးဖွားပြီးနောက် ဤသို့သော မှော်ရတနာမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးမိ​ခြင်းဖြစ်သဖြင့် အနည်းငယ် စိတ်ဝင်စား လာခဲ့သည်။

ဤသင်္ဘောကို ထိန်းချုပ် မောင်းနှင်နေသူသည် မူလတာအိုနယ်ပယ်တွင် ရှိနေရ​ပေမည်။ မဟုတ်သော် တိမ်ပင်လယ် အတွင်း သွာလာရန် မဖြစ်နိုင်ချေ။

အထူးသဖြင့် မူလတာအိုအဆင့် ကျွမ်းကျင်သူတစ်ဦးကို မောင်းနှင်စေနိုင်သော ဤအင်အားစုသည် ကြောက်မက်ဖွယ်ရာ အုတ်မြစ်မျိုး ရှိနိုင်ပေမည်။

***

All Chapters