ငါ့ရန်သူ မဟုတ်တာ ဘယ်နှစ်ယောက်ရှိလဲ။
Vol. 26 Ch. 303
နာရီဝက်ကုန်လွန်ပြီးနောက် ဟွာရှင်းဖန်တစ်ယောက် ဝမ်းသာအားရဖြင့် ပြန်လည်ရောက်ရှိလာသည်။
“ သခင်လေး၊ ငါတို့ အချိန်မှန် ရောက်လာတာပဲ ဒီည ကောင်းကင်ဝိညာဉ် စံအိမ်မှာ ပွဲကြီးတစ်ပွဲကျင်းပမယ် ...
... ဒီပွဲကို ကျင်းပမဲ့လူက ... ဒုတိယအကြီးအကဲ အထီးကျန်နဂါးချင်သွမ့်ရှပဲ အမှောင်လမင်းကျောင်းတိုက် ... ဒေါင်ဟွာ ဓားဂိုဏ်းနဲ့ ရှန့်လင်ဘုံကျောင်းတို့လည်း ... တက်ရောက်လိမ့်မယ်။ ”
သူမ စကားပြောနေစဉ် လက်ဖဝါးဖွင့်ကာ ရွှေတံဆိပ်တုံးရိုက်ထားသည့် ဖိတ်စာတစ်စောင် ထုတ်ပြလာ၏။
“ ဒီညပွဲအတွက် ဖိတ်စာရခဲ့တယ်။ ”
စုရီမှ တုန့်ပြန်ခြင်း မပြုချေ။
“ သခင်လေး၊ ငါတို့အတူတူ သွားရအောင် ဒီပွဲမှာ ဓားစံအိမ်ခြောက်လုံးလည်း တက်ရောက် လိမ့်မယ် ... ဒါက တန်ခိုးရှင်ဓားမျှော်စင်ရဲ့ အခက်အလက်အချို့ကို ရနိုင်တယ်။ ”
ဤနည်းဖြင့် ပြိုင်ဘက်များအပေါ် လေ့လာနိုင်မည်ဖြစ်ပြီး အခွင့်အရေးရပါက ဝိညာဉ်ပင်လယ်၌ ၎င်းတို့ကို အမဲလိုက်နိုင်မည်။
“ ကောင်းပြီ ... ငါ့မှာလုပ်စရာမရှိဘူး ... မဟာချင်ရဲ့ မျိုးဆက်သစ်တွေရဲ့ ကျက်သရေကို ကြည့်ရအောင်။ ”
“ သခင်လေး ပွဲမသွားခင် မင်းကိုယ်မင်း နည်းနည်း ဖုံးကွယ်ထားရမယ် မဟုတ်ရင် မင်းရဲ့ အထောက်အထားကို ရှာတွေ့ရင် မကောင်းဘူး နောက်ဆုံးတော့ ...
... ရှန့်လင်ဘုံကျောင်းနဲ့ အမှောင်လမင်းကျောင်းတိုက်က ... မင်းကို သတ်ချင်နေကြတယ်။ ”
စုရီမှ အနည်းငယ် မျက်မှောင်ကြုတ် စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ ‘ကောင်းပြီ’ -ဟု ပြောကြားလိုက်သည်။
“ ခရစ် ... ။ ”
ထို့နောက် အရိုးများ အက်ကွဲသံ ထွက်ပေါ်လာကာ ရှည်သော အရပ်သည် ပို၍ ရှည်ထွက်လာ၏။
ချောမောသောမျက်နှာသည် ချက်ချင်း မွဲခြောက်သွားကာ မျက်စိတစ်မှိတ်အတွင်းပင် သာမန်ကောင်လေးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
“ အံ့သြစရာ ရုပ်ဖျက်နည်းပဲ။ ”
“ မင်းလည်း အတူတူပါပဲ။ ”
စုရီမှ ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။ ယင်းကြောင့် ဟွာရှင်းဖန်က အံ့အားသင့်သွားပြီး အဆုံးတွင် ပြုံးလိုက်တော့၏။
“ မင်းနဲ့ ... ပိုလိုက်ဖက်မယ့် ... အဝတ်အစားကို ပြောင်းလိုက်ပါ သခင်လေး ... ဒါဆို အရင်းနှီးဆုံး လူတွေတောင် ... မင်းကို မှတ်မိမှာ မဟုတ်ဘူးလို့ အာမခံတယ်။ ”
စုရီက ပြုံးလေသည်။ ဤသည်မှာ နတ်ဆိုးဂိုဏ်း၏ ဝိညာဉ် အသွင်ပြောင်းနည်း တစ်ထောင် ဖြစ်၏။
ရုပ်ရည် အသွင်အပြင်သာမက ကျက်သရေရောင်ဝါကိုပင် ပြောင်းလဲစေမည်။ တစ်စုံတစ်ဦးသည် ဝိညာဉ်တာအိုနယ်ပယ်၌ မရှိသော် ဖြတ်၍ မြင်နိုင်မည် မဟုတ်ချေ။
***
နေဝင်ရီတရောအချိန်တွင် မီးအိမ်များ ထွန်းလင်းလျက် ကောင်းကင်ဝိညာဉ်စံအိမ်သည် အစေခံများဖြင့် သက်ဝင်နေ၏။
စုရီနှင့် ဟွာရှင်းဖန်သည် အဖြူရောင် ၀တ်စုံများ ဝတ်ဆင်ထားသော လူအုပ်အတွင်း ရောနှောရောက်ရှိနေသည်။
ထိုဧည့်သည်များ ကြားတွင် ကျင့်ကြံမှုအနိမ့်ဆုံးသည် ရှန်ရှင်းအဆင့်ဖြစ်ပြီး အမြင့်ဆုံးမှာ မူလတာအိုနယ်ပယ်ဖြစ်၏။
ပွဲမစသေးသဖြင့် ရောက်ရှိလာကြသည့် ဧည့်သည်များသည် လေးငါးယောက် အုပ်စုများ ဖွဲ့ပြီး အချင်းချင်း စကားစမြည် ပြောနေခဲ့ ကြသည်။
ရှေ့ဆုံးထိုင်ခုံတွင် လန်စုနှင့် ဖူယွီလန်တို့ ထိုင်နေသည်ကို စုရီမှ သတိထားမိလိုက်သည်။ သူမ၏ လှပပြီး ပြေပြစ်သောစိတ်ထားကြောင့် လူများစွာကို ဆွဲဆောင်နေ၏။
သူမဘေးရှိ ဖူယွင်လန်သည် အဖြူရောင်ရှပ်အင်္ကျီနှင့် ခါးပတ်ပြားကြီးကို တပ်ဆင်ထားသည်။ ဒေါင်ဟွာဓားဂိုဏ်း၏ မဟာအကြီးအကဲ အဆင့်အတန်းသည် အလွန်အရေးပါချေ၏။
ယနေ့ပွဲ၌ ပါဝင်သည့် လူငယ်တိုင်းသည် မြင့်မားသောနောက်ခံကို ပိုင်ဆိုင်ထားကြသည်။ ကောင်ကင်ယံ၌ တိုက်ခိုက်ရန် ပြင်ခဲ့သော လူရွယ်နှင့် အမျိုးသမီးလည်း ရှိနေ၏။
“ သခင်လေး၊ ငါတို့ထိုင်ခုံတွေ ဒီဘက်မှာ။ ”
ဟွာရှင်းဖန်သည် ကျောက်စိမ်း ရင်ပြင်ကြီးနှင့်ဝေးသော ထောင့်တစ်နေရာသို့ ခေါ်ဆောင်သွားသည်။ ထိုနေရာတွင် ထိုင်နေသူ များသည် အဆင့်အတန်းနိမ့်သော သာမန် ကျင့်ကြံသူအချို့ ဖြစ်ကြ၏။
“ ဒီနေရာမှာ ငါတို့အပေါ် အာရုံကို မဆွဲဆောင်နိုင်ဘဲ သက်တောင့်သက်သာ အရှိဆုံးလို့ ခံစားရတယ်။ ”
ဟွာရှင်းဖန်မှ ပြုံးကာ ရှင်းပြ၏။ စုရီက တုန့်ပြန်ခြင်းမပြုဘဲ ဝိုင်ပုလင်းကို ကောက်ယူပြီး ငှဲ့သောက်လိုက်သည်။ အာရုံစိုက်လျှင်ပင် ဂရုစိုက်မည် မဟုတ်ချေ။
“ ကြည့်စမ်း သခင်လေး ... ၊ အဲဒါ ရှန့်လင်ဘုံကျောင်း ကျမ်းစာတိုက် အကြီးအကဲ ချန်ကျန်းပဲ သူ့အသက်က (၃၀၀) ရှိနေပြီ။ ”
ဟွာရှင်းဖန်မှ ထိုင်ခုံတွင် ထိုင်ပြီးနောက် ကျောက်စိမ်းရင်ပြင် ရှေ့ရှိ ကျွမ်းကျင်သူများထံ လှမ်းကြည့်ကာ မိတ်ဆက်ပေးသည်။
ကျောက်စိမ်းရင်ပြင် ရှေ့ဆုံးတန်း၌ ဘုန်းကြီးသုံးပါး ထိုင်နေ၏။ ဦးဆောင်သူသည် ရှည်လျားပြီး ပါးလွှာသော ဖြူဖွေးနေသည့် မျက်ခုံးမွှေးများ ပိုင်ဆိုင်ထားသည်။
ပိန်ပိန်ပါးပါးဖြင့် မျက်နှာပေါ်တွင် အရေးအကြောင်းများ ပြည့်နှက်နေ၏။ မူလ နန်းတော်ကို ဖွင့်လှစ်ထားချေပြီ။
ရှန့်လင်ဘုံကျောင်း၏ တန်ခိုးအကြီးဆုံး ဆရာတော် (၃)ပါးအနက်မှ တစ်ပါး ဖြစ်သည်။ ‘ဘဝ-မရဏ တရားတော်’-ကို ကျင့်ကြံပြီး ရွှေခန္ဓာအဖြစ် သန့်စင်ထား၏။
“ ရုပ်ခန္ဓာ ကျင့်ကြံသူပဲ။ ”
စုရီမှ မှတ်ချက်ပေးသည်။ မူလနန်းတော် အဆင့် ကျွမ်းကျင်သူသည် ရုပ်ခန္ဓာသန့်စင်ရန် နှစ်ပေါင်း (၃၀၀)ခန့် အချိန်ပေးသည်လော။
မည်သို့ပင် ဆိုစေကာမူ ဤသည်မှာ အရေးမကြီးတော့ချေ။ ၎င်းတွင် သက်တမ်း အကန့်အသတ် ရှိနေသည်။
ဆန့်ကျင်ဘက်အနေဖြင့် ရှန့်လောယွီနှင့် လင်းယွီပိုင်တို့ကဲ့သို့သော လူငယ်များသည်သာ အလားအလာ ပိုကောင်း၏။ သို့သော် မတော်ဆမှု မရှိရန်လိုသည်။
“ သခင်လေး ... အခု မင်းဂရုစိုက်ရမယ်၊ ကျောက်စိမ်းမြို့တော်မှာ သတ်ခဲ့တဲ့ ဆရာတော် ကျင်းဟဲက ဒီဘုန်းကြီးရဲ့ အမွေခံတပည့်ပဲ။ ”
“ ဒါဆို ဘယ်သူ ငါ့ရန်သူ မဟုတ်တာရှိလဲ။ ”
စုရီမှ စိတ်ဝင်တစား ပြန်မေး၏။ ထိုမေးခွန်းကြောင့် ဟွာရှင်းဖန်က ပြုံးသည်။
“ စဉ်းစားကြည့်ရအောင် ဒီလူတွေထဲမှာ မင်းကိုရန်သူလို့ မှတ်ယူတဲ့လူ ... အနည်းငယ်ပဲ ရှိပါတယ် စိတ်မပူနဲ့ ... ။ ”
သို့သော် သူမစကားမဆုံးခင် သူမ အကြည့်သည် အခြားတစ်နေရာထံ ရွေ့သွားပြီး၊
“ သခင်လေး၊ သူက အမှောင်လမင်း ကျောင်းတိုက်ရဲ့ မဟာအကြီးအကဲ ကုချင်တုပဲ မင်းမြင်ခဲ့ရတဲ့ မှော်သင်္ဘောကို သူ မောင်းနှင် လာခဲ့တာပါ။ ”
ဤသည်မှာ သန်မာပြီး သိပ်သည်းသော ရောင်ဝါရှိသည့် အရပ်ရှည်ရှည်နှင့် လူလတ်ပိုင်း အရွယ် အမျိုးသားတစ်ယောက် ဖြစ်၏။
အသားအရေသည် ကြေးဝါရောင်ဖြစ်ပြီး မျက်ဆန်အတွင်း၌ မီးလျှံများ တောက်လောင် နေသည်။ ကြောက်စရာ ကောင်းသည့် မီးဓားတစ်လက် ဖြစ်နိုင်၏။
၎င်သည် ယွီတျန်းဟုန်၏ အစ်ကိုဖြစ်ကာ ဆေဘာဓားတာအို ကျင့်ကြံလေသည်။ အသက် (၁၃၀) တိုင်ပြီ ဖြစ်၏။ မဟာချင်မင်းဆက်၌ ဆေဘာဘုရင်အဖြစ် လူသိများသည်။
“ နောက်ကော ... ။ ”
ဟွာရှင်းဖန်မှ အကြည့်ရွေ့သွားသည်။ ထိုလူသည် အနက်ရောင်ဆံပင်၊ အနက်ရောင် မုတ်ဆိတ်မွေး၊ အနက်ရောင် အင်္ကျီဖြင့် ရှေ့ဆုံးတွင် ထိုင်နေ၏။
သူ့ပတ်ဝန်းကျင်ရှိ လူအများနှင့် စကားပြောလျက် ရယ်မောကာ ယဉ်ကျေးသော အမူအရာမျိုးပေပင်။
“ ယွီချောင်ခုန် ... ။ ”
ယွီမိသားစု၏ မူလနန်းတော် ဖွင့်လှစ်ထားနိုင်သည့် ဘိုးဘေးနှစ်ဦးအနက်မှ တစ်ဦးဖြစ်သည်။ ယွီမိသားစု ခေါင်းဆောင် ယွီယွမ်တု၏ ဦးလေးဖြစ်၏။
သူ့အဆင့်အတန်းသည် အလွန်မြင့်မားပြီး မြင့်မြတ်မြေသုံးပါး၏ မဟာအကြီးအကဲများနှင့် တန်းတူသတ်မှတ်ထားသည်။
“ ဟမ့် ... ။ ”
ထိုစဉ် ဟွာရှင်းဖန်တစ်ယောက် ရုတ်တရက်အာမေဋိတ်သံ ထွက်ပေါ်လာပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။
ထို့အရပ်တွင် ဖျင်ကြမ်းအင်္ကျီနှင့် လူလတ်ပိုင်းတစ်ဦး လျှောက်လှမ်းလာနေခဲ့၏။ ဆံပင်ရှည်ရှည်များ ရှုပ်ပွလျက် နောက်ကျော၌ ဓားနှစ်လက်လွယ်ထားသည်။
လမ်းလျှောက်ဟန်သည် နဂါးတစ်လှည့် ကျားတစ်လှည့် ရောင်ဝါများ ပေးစွမ်းနေချေ၏။ လူအများ၏ စိတ်နှလုံးကို ဖိနှိပ်ထားနိုင်သည်။
“ ဟား ဟား ဟား ... မဟာကျိုးက အမည်မဲ့နဂါးတွေရဲ့ ခေါင်းဆောင် နင်ရှင်းခုန် ... မင်းအခုလို ရောက်လာလိမ့်မယ်လို့ ငါတို့ မထင်ထားဘူး ရှေ့ဆုံးကိုလာပါ တာအိုနင်။ ”
ရှေ့ဆုံးတန်းတွင် ထိုင်နေသော ရှန့်လင်ဘုံကျောင်းမှ ဆရာတော်ချောင်ကျန်းက လှည့်ကြည့်ကာ ဖိတ်ခေါ်လိုက်သည်။
“ သခင်လေး ... ဒီလူက ကောင်းတဲ့နိမိတ်တော့ မဖြစ်နိုင်ဘူး ... ။ ”
ဟွာရှင်းဖန်က ရေရွတ်လိုက်သည်။ တစ်ဖက်လူသည် လွန်ခဲ့သော ဆယ့်ကိုးနှစ်၌ မူလတာအို နယ်ပယ်သို့ ရောက်ရှိထားသူ ဖြစ်၏။
ဤဆယ့်ကိုးနှစ်တာ ကာလအတွင်း တစ်ချိန်လုံးကျင့်ကြံကာ လောကရေးရာများကို ဂရုမစိုက်ခဲ့ချေ။ မူလနန်းတော်ကို ဖွင့်လှစ်ရန် ကြိုးစားနေသည်ဟု သတင်းပြေးနေ၏။
“ အငွေ့အသက်က နည်းနည်း ထူးဆန်းနေတယ် စိတ်ဝင်စားစရာပဲ ခန္ဓာကိုယ် လုယူထားသူတစ်ယောက်။ ”
စုရီမှ မှတ်ချက်ပေးသည်။ ထိုမှတ်ချက်ကြောင့် ဟွာရှင်းဖန်တစ်ယောက် အံ့သြသွားတော့၏။
“ သခင်လေး မင်းဘယ်လို သိတာလဲ ... သူနဲ့ရှစ်ဖုန်းလျူက ရေခဲစိမ်းနတ်ဆိုးတောင်ကို အတူတူသွားပြီး ... အပြန်မှာ တံခါးပိတ် ကျင့်ကြံသွားခဲ့တာပါ။ ”
“ စစ်မှန်တဲ့ ကျင့်ကြံခြင်း ဂိုဏ်းတွေမှာ ခန္ဓာကိုယ်လုယူသူတွေကို ဖော်ထုတ်ဖို့ လျှို့ဝှက် နည်းလမ်းတွေနဲ့ ရတနာတွေ ရှိတယ် မဟုတ်ရင် ရန်သူဂိုဏ်းထဲကို ခိုးဝင်တဲ့အခါ ...
... သူတို့ဘယ်လိုလုပ် သိတော့မှာလဲ ငါ့အတွက်ကတော့ ခန္ဓာကိုယ် လုယူသူတွေကို တစ်ကြိမ်ကြည့်ရုံနဲ့ ဖော်ထုတ်နိုင်တယ်။ ”
ထို့နောက်တွင် မဟာကျိုး၏ အသန်မာဆုံးသော ပုဂ္ဂိုလ်သည် အခြားကမ္ဘာမှ တစ်စုံတစ်ဦး ဖြစ်နေသဖြင့် စုရီမှ အနည်းငယ် အံ့သြနေမိသည်။
ရှစ်ဖုန်းလျူသည်လည်း ထိုသို့သော တစ်စုံတစ်ယောက်ဖြစ်ခဲ့သည်။ ၎င်းတို့နှစ်ဦးလုံး ရေခဲစိမ်း နတ်ဆိုးတောင်တန်း၌ ခန္ဓာကိုယ် လုယူခံလိုက်ရပုံ ပေပင်။
“ သခင်လေး၊ ဒီမှာ နောက်ထပ် ခန္ဓာကိုယ်သိမ်းပိုက် သူတွေများ ရှိနေသေးလား။ ”
ဟွာချင်းဖန်မှ မျက်ဝန်းများ တောက်ပလာ၏။ ဤသည်မှာ အဖိုးတန်သော အချက်အလက်များ ပေပင်။ မြောက်များစွာ တန်ကြေးရှိချေ၏။
***