← Chapters

ငါ့အစ်ကိုရှိတယ် ... ။

Vol. 26 Ch. 305

ငါ့အစ်ကိုရှိတယ် ... ။

Vol. 26 Ch. 305

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားကာ အပ်ကျသံကိုပင် ကြားရစေမည်။ ရှန့်လောယွီ၏ စကားသည် အနည်းငယ် အဆင်မပြေလှချေ။

သူမသည် မျိုးဆက်သစ် လူငယ်များတွင် ဒဏ္ဍာရီလာ ပါရမီရှင်တစ်ပါးမျှ ဖြစ်သော်လည်း ဂျူနီယာတစ်ယောက် ဖြစ်နေဆဲပေပင်။

ဖူယွင်လန်မှ ရှန့်လောယွီကို အေးစက်စွာ ပြန်စိုက်ကြည့်လိုက်ပြီး၊

“ ကောင်းကင်ရှဲ့ကျစ်ဓားရဲ့ အသိအမှတ်ပြုမှုကို ရရှိပြီးတည်းက မင်းမှာ ပိုပိုပြီး ယုံကြည်ချက် ရှိလာသလိုပဲ။ ”

-ဟု မှတ်ချက်ပေး၏။

သူ့စကားများသည် ဒေါသကို သယ်ဆောင်နေကာ ခံ့ညားပြီး တည်ငြိမ်သည်။ ရှန့်လောယွီမှ ချက်ချင်းထရပ်လျက် ခါးကို အနည်းငယ်ညွှတ်လိုက်၏။

“ ငါမထိန်းနိုင်လိုက်ဘူး ... မင်းရဲ့ ဂုဏ်သိက္ခာအပေါ် စော်ကားမိသလို ဖြစ်သွားရင် တောင်းပန်ပါတယ် ဆရာဦးလေး။ ”

သို့သော် ချက်ချင်း ခါးကို ပြန်ဆန့်လိုက်ကာ၊

“ ဒါပေမယ့်၊ ဆရာဦးလေးကို မေးချင်တဲ့ ကောလဟာလတစ်ခု ရှိတယ်။ ”

-ဟု ထပ်မံပြောကြားလိုက်၏။

ဖူယွင်လန်မှ မျက်မှောင်ကြုတ် သွားသော်လည်း သူ့ဒေါသကို ချိုးနှိပ်လိုက်ကာ ‘မေးပါ’- ဟုဆိုသည်။

“ ဆရာဦးလေးနဲ့ သိုင်းအဒေါ်က ... စုရီနဲ့တွေ့ဖို့ မဟာကျိုးကိုသွားတယ် ကြားတယ် ဒီသတင်းမှန်ပါသလား ... စုရီနဲ့ရော ဘယ်လို ဆက်ဆံရေးမျိုးရှိလဲ သိချင်ပါတယ်။ ”

ဤမေးခွန်းသည် မည်မျှ ရိုင်းစိုင်းကြောင်း မြင်သာနေ၏။ လူအုပ်ကြီးမှ အသက်ရှူသံပင် မထွက်ဝံ့ကြချေ။

ဖူယွင်လန်၏ မျက်ဝန်းများတွင် အံ့ဩမှု အရိပ်အမြွက်များ ထွက်ပေါ်လာသည်။ သူသည် ထိုခရီးစဉ်အပေါ် လျှို့ဝှက်ထားခဲ့သော်လည်း ရှန့်လောယွီမှ ပွင့်ပွင့်လင်းလင်း ထုတ်ဖော် မေးမြန်းလာလိမ့်မည် မထင်ထားချေ။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက်၊

“ အမှန်ပဲ ... စုရီက လန်စုအသက်ကို ကယ်ခဲ့တဲ့အတွက် ကျေးဇူးတင်စကားပြောဖို့ လူကိုယ်တိုင် သွားရောက်ခဲ့တာ။ ”

-ဟု ပြန်ဖြေလိုက်သည်။

“ ဆရာဦးလေး ... ဒီအဖြေကို ဘယ်လို အဓိပ္ပာယ်ဖွင့်ရမှာလဲ။ ”

“ ဟား ဟား ဟား ... မင်းက ငါ့ကိုဖိအားပေးဖို့ ဒီညပွဲကို အခွင့်အရေးအဖြစ် အသုံးချနေတာလား ဟမ့် ... ။ ”

ဤတစ်ကြိမ်တွင် ဖူယွင်လန်မှ အေးစက်စွာ ပြန်၍ ငေါက်ငမ်းလိုက်၏။ ထို့နောက် ချင်သွမ့်ရှ ထံသို့ မထီမဲ့မြင် လှည့်ကြည့်လိုက်သည်။ သူ တကယ်ပင် ဒေါသထွက်နေပြီ ဖြစ်၏။

“ တာအိုမိတ်ဆွေ ... ကျေးဇူးပြုပြီး စိတ်လျော့ပါ။ ”

သူ့အကြည့်ကြောင့် ချင်သွမ့်ရှမှ ပြုံးလျက် နှစ်သိမ့်စကားဆိုသည်။

“ ညီအစ်ကိုဖူ ... ၊ မင်း ငါတို့နဲ့ မပူးပေါင်းချင်တာကို နားလည်ပေးနိုင်ပါတယ် ဒါပေမယ့် မင်းကို အကြံတစ်ခုတော့ ပေးခွင့်ပြုပါ ...

... ဝိညာဉ်ပင်လယ်ခရီးမှာ မင်း ပါဝင် ပတ်သတ်ဖို့ မကြိုးစားတာ အကောင်းဆုံးပါပဲ မဟုတ်ရင် ငါတို့ယဉ်ကျေးနေမှာ မဟုတ်ဘူး။ ”

ဖူယွင်လန်၏ စွမ်းအားသည် ထိတ်လန့်စရာကောင်းပြီး ဒေါင်ဟွာဓားဂိုဏ်း၌ မြင့်မြတ်သောရာထူးကို သိမ်းပိုက်ထားနိုင်၏။ မလိုအပ်ဘဲ မစော်ကားချင်ချေ။

“ တန်ခိုးရှင် ဓားမျှော်စင်အတွက် ... လူတိုင်းမှာ တူညီတဲ့ အခွင့်အရေးတွေရှိတယ် ဒါဆို ငါဘာလို့ ယှဉ်ပြိုင်ခွင့် မရှိရမှာလဲ။ ”

ဖူယွင်လန်မှ ပို၍အေးစက်လာ၏။ ချင်သွမ့်ရှသည်ပင် မျက်ခုံးပင့်လျက် အမူအရာ အနည်းငယ် ပြောင်းသွားသည်။ ထိုစဉ် အမှောင် လမင်း ကျောင်းတိုက်၏ ကုချင်းတုမှ၊

“ ဖူယွင်လန်၊ ဝိညာဉ်ပင်လယ်ကို မင်းလိုက်ချင်ရင် ငါတို့ကြိုဆိုပါတယ် ဒါပေမယ့် မင်းစုရီနဲ့ ပေါင်းသင်းနေတယ်ဆိုတာ ငါတို့ကို မတွေ့မိပါစေနဲ့ ... မဟုတ်ရင် ဘယ်သူမှ သဘောကောင်းနေမှာ မဟုတ်ဘူး။ ”

-ဟု ပြတ်သားစွာ သတိပေးလိုက်၏။

“ ဒါဆို ငါတို့ကြည့်မယ် ... ။ ”

ဖူယွင်လန်မှ ကျိုးကြောင်းဆီလျော်မှု ကုန်ဆုံးတော့မည်ဖြစ်ရာ ဆက်နေရန် ဆန္ဒမရှိ တော့ဘဲ လန်စုနှင့်အတူ ထွက်ခွာသွားသည်။

“ ဘယ်သူထင်မှာလဲ ... မဟာချင်ရဲ့ အသန်မာဆုံးဘီလူးတွေကို ... ငါတို့သခင်လေး အတွက်နဲ့ စော်ကားပစ်လိုက်ပြီ ... ဒီလိုလူမျိုး အရမ်းရှားတယ်။ ”

ဟွာရှင်းဖန်မှ မှတ်ချက်ပေးလိုက်၏။

“ သွားကြရအောင် ... ဒီလိုပွဲမျိုးက ပျင်းစရာကောင်းပါတယ်။ ”

စုရီက ဝိုင်ခွက်ကို ပြန်ချကာ ပြောသည်။ ဧည့်သည်များသည် မဟာချင် အထက်တန်းစား ကျင့်ကြံသူများ ဖြစ်သော်လည်း သူ့မျက်လုံးထဲ မဝင်လှချေ။

မူလနန်းတော် ဖွင့်လှစ်ထားသူသည်သာ အနည်းငယ် စိတ်ဝင်စား၏။ ကြွက်တစ်အုပ်ဖြင့် သူ့ကို သတ်ချင်နေသည်လော။ သေချင်သော် မတားချေ။ သို့သော် ဟွာရှင်းဖန်မှ ချက်ချင်း သူ့ကို ဆွဲချလိုက်သည်။

“ သခင်လေး ... ငါတို့ထွက်သွားလို့ မရသေးဘူး မဟုတ်ရင် ငါတို့တွေ ရှားရှားပါးပါး အခွင့်အရေးတစ်ခုကို လွတ်သွားလိမ့်မယ်။ ”

“ မင်းဘာကို ဆိုလိုချင်တာလဲ။ ”

စုရီမှ နားမလည်ခဲ့ချေ။

“ လူတိုင်းက ချင်သွမ့်ရှနဲ့ ပူးပေါင်းပြီး ... မြေပုံကိုကြည့်ချင်နေကြတယ် ဒါဆို ငါတို့လည်း ဘာလို့ မလုပ်ရမှာလဲ။ ”

ထိုစကားကြောင့် စုရီမှ မျက်ခုံးပင့်လျက် ပြန်၍ထိုင်ချလိုက်တော့၏။

“ မင်းက တကယ်ကောက်ကျစ်တဲ့ လူပဲ။ ”

“ ဟား ဟား ဟား ... မင်းငါ့ကို အခုလို ချီးကျူးတဲ့အတွက် ဂုဏ်ယူပါတယ် သခင်လေး။ ”

ဟွာချင်းဖန်မှ ရယ်မောလျက် ထရပ်လိုက်ပြီး ချင်သွမ့်ရှထံ လှမ်းကြည့်ကာ၊

“ စီနီယာချင် ... ငါ့အစ်ကိုကြီးနဲ့ ငါ မင်းရဲ့မဟာမိတ်အဖွဲ့မှာ ပူးပေါင်းပြီး အဲဒီလူကို လိုက်ရှာဖို့ သဘောတူပါတယ်။ ”

-ဟု ပြောကြားလိုက်တော့သည်။

အကြည့်များအားလုံး သူမထံ ချက်ချင်း ကျရောက်လာ၏။ သို့သော် လူတိုင်း မျက်ခုံးပင့် သွားတော့သည်။ ဤအမျိုးသမီးကို သူတို့ မသိချေ။

“ မင်းဘယ်သူလဲ ... မင်းနဲ့ မင်းရဲ့ ဂုဏ်သိက္ခာရှိတဲ့ ဆရာနာမည်ကို ပြောပါ။ ”

ချင်သွမ့်ရှမှ မေးခွန်းလိုက်၏။ ယင်းက လူအုပ်ကြီးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။ ယနေ့ပွဲသည် အရည်အချင်း ပြည့်မီသော ဧည့်သည်များထံသာ ဖိတ်စာပေးအပ်ခဲ့၏။

ထို့ကြောင့် အိမ်ရှင်ချင်သွမ့်ရှသည် သဘာဝအတိုင်း လူတိုင်းကို သိပေမည်။ ဤသို့ မေးခွန်းထုတ်နေသည်မှာ အဓိပ္ပါယ်မရှိချေ။

ထိုအချိန်တွင် အစေခံအိုကြီး တစ်ယောက်သည် အနားသို့ အပြေးအလွှား ရောက်ရှိလာပြီး၊

“ သခင်၊ ဒီမိန်းကလေးရဲ့ ဖိတ်စာက လျှို့ဝှက်ကောင်းကင်ဂိုဏ်း ကြက်သွေးရောင် မီးလျှံဘုရင်ရဲ့ ဒုတိယတပည့်ကို ပေးအပ်ထားတဲ့ ဖိတ်စာပါ။ ”

-ဟု အတည်ပြုပေးလိုက်၏။

ချင်သွမ့်ရှမှ မျက်ဝန်းများ မှေးစင်းသွားလေသည်။ ခေါင်းညိတ်ပြလျက် သူ့နှလုံးသားတစ်ခုလုံး လှိုင်းထန်သွား၏။

ကြက်သွေးရောင်မီးလျှံဘုရင်သည် လျှို့ဝှက်ဆန်းကြယ် ကြောက်စရာကောင်းသည့် တည်ရှိမှုတစ်ခုဖြစ်၏။

သူမသည် မဟာရှမှ ဖြစ်မည်ဟု ထင်ကြေးပေးထားသည်။ သူမကျင့်ကြံမှုသည် ဝိညာဉ်တာအို နယ်ပယ်၌ ရှိနေနိုင်မည်။

၎င်းတွင် အမွေခံတပည့် သုံးဦးရှိ၏။ ပထမတပည့် ရှုရင်၊ ဒုတိယတပည့် လုယွင်နှင့် တတိယတပည့် ရန်ချုံးယန်တို့ဖြစ်သည်။

သုံးယောက်စလုံးသည် မူလတာအိုတွင် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများဖြစ်ပြီး မျိုးဆက်ဟောင်းများကိုပင် လွှမ်းမိုးသည်။

“ စီနီယာချင် ... ငါ့နာမည် ကျိုးဖန်ပဲ၊ သူကငါ့အကိုကြီး ကျိုးရီ ... ငါတို့နှစ်ယောက်လုံး မဟာရှကနေ လာတယ် ... ငါတို့ရဲ့မူလကို မင်း မသိနိုင်တာ သဘာဝကျပါတယ်။ ”

သူမနှင့် စုရီအတွက် အထောက်အထား အသစ်များကို ပေါ့ပေါ့တန်တန် ဖန်တီးလိုက်၏။ လေသံနှင့် စကားအသုံးအနှုန်းသည် လုံးဝ ရိုးရှင်းချေပြီ။

“ မဟာရှကနေ လာတာလား။ ”

သို့သော် မဟာရှအမည်သည် ထိတ်လန့်တကြား အော်ဟစ်သံပေါင်းများစွာ ထွက်ပေါ်လာစေ၏။

မဟာရှသည် မဟာချင်နှင့် ဝေးကွာပြီး ၎င်းသည် မိုးပြာတိုက်ကြီး၏ စစ်မှန်သော ဘုရင် ဖြစ်သည်။ မဟာချင်သမိုင်းတစ်လျှောက်တွင် မဟာရှမှ ကျင့်ကြံသူများလည်ပတ်ရန် အလွန်ရှားပါးချေ၏။

သို့သော် ကြက်သွေးရောင် မီးတောက် ဘုရင်သည် မဟာရှမှ ဖြစ်သဖြင့် ဤမောင်နှစ်မ ရောက်ရှိလာသည်မှာ သဘာဝပေပင်။

“ စုရီကို သတ်ပေးမှာလား။ ”

ချင်သွမ့်ရှမှ နွေးထွေးစွာ မေးလိုက်သည်။

“ သဘာဝပါပဲ။ ”

ဟွာရှင်းဖန်မှ ခေါင်းညိတ်၏။ စုရီသည်ပင် သူမထံ ကြည့်လိုက်မိသည်။ ကြက်သွေးရောင် မီးတောက်ဘုရင်၏ အမည်ကို ဟွာရှင်းဖန်သည် ပေါ့ပေါ့တန်တန် ယူသုံးဝံ့ချေ၏။

“ ဒါ ... ။ ”

ချင်သွမ့်ရှမှ တုံ့ဆိုင်းသွားသည်။ ဤမောင်နှစ်မကို သူ မသိချေ။ တစ်ဖက်တွင် ကြက်သွေးရောင် မီးတောက်ဘုရင်သည်သာ စေလွှတ်ရိုးမှန်‌သော် အစော်ကားဝံ့ချေ။ အကြပ်ရိုက်စရာပေပင်။

ယင်းကို နားလည်ပေးနိုင်သော အမှောင်လမင်း ကျောင်းတိုက်၏ ကုချင်းတုမှ ဟွာရှင်းဖန်ထံ သတိကြီးစွာ ကြည့်ပြီး၊

“ မိန်းကလေး၊ မင်း ကြက်သွေးရောင် မီတောက်ဘုရင် ကိုယ်စားလာတာမို့ ငါတို့ကို မင်းရဲ့ခွန်အားနဲ့ သက်သေအရင်ပြသင့်တယ် မထင်ဘူးလား။ ”

-ဟု အကြံပြုလိုက်၏။

အခြားသော လူများသည်လည်း သဘောတူဟန် ခေါင်းညိတ်လိုက်ကြလေသည်။ ဟွာရှင်းဖန်မှ မကျေမနပ် အသွင်မျိုး ပြသပြီး၊

“ ကောင်းပြီ ... တကယ်တော့ ငါ့တို့မောင်နှစ်မ နှစ်ယောက်လုံး မဟာချင်က မဟုတ်တဲ့အတွက် ... မင်းတို့တွေမယုံတာ နားလည်နိုင်ပါတယ်။ ”

သူမက ခဏမျှ စဉ်းစားနေပြီးနောက် ယုံကြည်မှုအပြည့်နှင့် လူအုပ်ကြီးထံ ဝေ့ကြည့် လိုက်ကာ၊

“ ဒီနေ့ ငါတို့ရဲ့ အရည်အချင်းကို ... ကိုယ်တိုင်စမ်းကြည့်ချင်တဲ့ ... ဘယ်သူမဆို ချက်ချင်းထွက်လာဖို့ ဖိတ်ခေါ်တယ်။ ”

-ဟု စိန်ခေါ်လိုက်တော့သည်။

သူမ၏ အသံသည် ခန်းမတစ်ခုလုံး ပဲ့တင်ထပ်သွား၏။ မောက်မာ ကြီးစိုးလွန်း ချေပြီ။

ဆိုလိုသည်မှာ သူမအမြင်သည် မည်သူမည်ဝါဖြစ်စေ ဂရုစိုက်ရန် ထိုက်တန်ပုံ မပြခြင်း မည်ချေ၏။ ရှန့်လောယွီမှ ကြည့်မရ ဖြစ်လာကာ အေးစက်စွာဖြင့်၊

“ မိန်းကလေး၊ မင်းက အတွင်းပိုင်း သန့်စင်ခြင်း အဆင့်မှာပဲ ရှိပေမယ့် မင်းပါးစပ်က တော်တော် စည်းကမ်းမဲ့တယ် ရှုံးခဲ့ရင် ရှက်စရာ အရမ်းကောင်းလိမ့်မယ်။ ”

ဟွာရှင်းဖန်မှ ပြုံးလျက် လှောင်ပြုံးဖြင့် ခေါင်းယမ်းပြလိုက်ကာ စုရီထံ လှည့်၍လက်ညှိုး ထိုးပြပြီး၊

“ မင်းနားလည်မှုလွဲနေပြီ ငါ့အစ်ကိုက မင်းတို့အားလုံးကို တာဝန်ယူနိုင်တယ် ရှန်ရှင်း အဆင့်မှာမို့ သူ့အပေါ် အထင်မသေးနဲ့ စုရီကို တစ်ယောက်တည်း ရင်ဆိုင်နိုင်ပါတယ်။ ”

-ဟု ပြောကြားလိုက်တော့သည်။

သူမစကားကို ကြားလိုက်ရသောအခါ စုရီအပါအဝင်ခန်းမတစ်ခုလုံး မျက်လုံးပြူးလျက် မယုံကြည်နိုင်မှု များစွာဖြင့် တိတ်ဆိတ်ကုန်၏။

***

All Chapters