← Chapters

တားမြစ်ဇုန် လေးပါး ... ။

Vol. 26 Ch. 309

တားမြစ်ဇုန် လေးပါး ... ။

Vol. 26 Ch. 309

ဝိညာဉ်ပင်လယ်သည် ရှေးခေတ် တာအိုဂိုဏ်းများ၏ အမွေအနှစ်များစွာကို မြှုပ်နှံထားသည့် အရပ်အဖြစ် သတင်းကြီး လေသည်။

ထို့ကြောင့် လက်ရှိအချိန်အထိ စူးစမ်းရှာဖွေရန် မရေမတွက်နိုင်သော ကျွမ်းကျင်သူများ ဝင်ရောက်ခဲ့သည်။

ကံကောင်းသူ အချို့သည် ရှေးဟောင်း အမွေများရရှိပြီး ကျော်ကြားသောကျမ်းကျင်သူ ဖြစ်လာကြ၏။ သို့သော် လူနည်းစုပေပင်။ အများစုမှာ ကံမကောင်းကြချေ။

ရလဒ်အနေဖြင့် ရှန်ရှင်းနှင့်အထက် ကျွမ်းကျင်သူများသည်သာ စွန့်စားဝံ့တော့သည်။ ဧရိယာတစ်ခုလုံးတွင် ပုံမှန်မဟုတ်သော အရာများနှင့် ပြည့်နှက်နေသော်လည်း တားမြစ်ဇုန်မှာ လေးရပ်သာရှိ၏။

၎င်းတို့မှာ သွေးလွှမ်းနေသော အရိုးဖြူဘုံကျောင်း၊ ပြန်လမ်းမဲ့ကျွန်း၊ ဝိညာဉ် သင်္ချိုင်းတောင်ကုန်းနှင့် ကြယ်လှေဖြစ်သည်။

အရိုးဖြူဘုံကျောင်းသည် သူ့ပတ်ဝန်းကျင်တစ်ခုလုံးကို သွေးမြူများဖြင့် ဖုံးလွှမ်းနေစေ၏။ ဤဘုံကျောင်းကို မြင်သော် တတ်နိုင်သမျှ အမြန်ဆုံး ရှောင်ရှားရပေမည်။

မဟုတ်ပါက သွေးအမှုန်အမွှားများ ဖုံးလွှမ်းလျက် သွေးသားများ လောင်ကျွမ်းကာ အရိုးစုအဖြစ် ကျန်ရစ်စေမည်။

ပြန်လမ်းမဲ့ ကျွန်းသည် ညမိုးချုပ်ချိန်၌ အစိမ်းရောင် မီးတောက်များ လေထဲလွင့်မျော နေချေ၏။

ကျွန်းနှင့် ဆယ်မိုင်အတွင်း ချဉ်းကပ်ဝံ့သူတိုင်း ကျင့်ကြံမှုအဆင့် မည်မျှ ရှိစေကာမူ ချက်ခြင်း ပြာမှုန်အဖြစ်သို့ ပြောင်းလဲသွားပေမည်။

စိတ်ဝိညာဉ်ပင် လွတ်မြောက်နိုင်မည် မဟုတ်ချေ။ ထိုအစိမ်းရောင် မီးတောက်များမှ စုပ်ယူခြင်းခံရပေမည်။

ဝိညာဉ်သင်္ချိုင်းတောင်ကုန်းသည် ပင်လယ်အထက်တွင် လွင့်မျောနေသော တောင်ကြီးတစ်လုံးဖြစ်သည်။ တစ်နှစ်ပတ်လုံး မြူများ ထူးထပ်စွာ ဖုံးလွှမ်းနေ၏။

ဤတောင်ပေါ် ခြေချဝံ့သော သက်ရှိမှန်သမျှသည် အငွေ့ပျံသွားသကဲ့သို့ ပျောက်ကွယ်သွားသည်။ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ပြန်ပေါ်လာခြင်း မရှိချေ။

တခါတရံတွင် တောင်ကုန်းပေါ်ရှိ အခိုးအငွေ့များ လွင့်ပါးသွားချိန်၌ ထူးခြားသော အသွင်အပြင်များကို မြင်ရစေသည်။

ယင်းသည် အနက်ရောင် စပါးအုံးမြွေများကဲ့သို့ သံကြိုးလေးချောင်းနှင့် ချည်ထားသော အလောင်းလေးလောင်း ဖြစ်သည်။

ပထမအလောင်းမှာ ကျောတွင် အတောင်ပံများပါရှိပြီး လက်ခြောက်ချောင်း ခေါင်းသုံးလုံးပါရှိသည့် လူသားအသွင် သတ္တဝါတစ်ကောင်ဖြစ်သည်။

ဒုတိယမှာ ပေတစ်ရာရှည်လျားသော ရွှေအကြေးခွံများဖြင့် ဖုံးအုပ်ထားသည့် မြွေအမြီး ပါရှိသည့် သားရဲတစ်ကောင်ဖြစ်သည်။

ကျန်​နှစ်ကောင်မှာ သွေးစွန်းနေသော သင်္ကန်းဝတ် ခေါင်းမဲ့ ဗုဒ္ဓဘာသာဝင် ဘုန်းကြီး တစ်ပါးနှင့် ရင်ဘတ်ပွင့်ကာ ခေါင်းပေါ်တွင် ကြာပန်းသရဖူ ဆောင်ထားသော တာအို ဘုန်းတော်ကြီးတစ်ပါးတို့ဖြစ်သည်။

၎င်းသူတို့သည် သေဆုံးသွားသော်မှ ကြောက်စရာကောင်းသော အဖျက်စွမ်းအင်များ ထုတ်လွှတ်နေသေး၏။

တစ်ချိန်က မူလတာအိုနယ်ပယ် ကျွမ်းကျင်သူအချို့သည် ထိုတောင်ကုန်းကြီးသို့ ချဉ်းကပ်ရန် ကြိုးစားဖူး၏။

သို့သော် အလောင်းလေးကောင်မှ ထွက်လာသောရောင်ဝါဖြင့်ပင် သွေးမြူအဖြစ်သို့ ပြောင်းလဲကုန်သည်။

ကြယ်လှေသည် သုံးမီတာခန့်ရှိသော အနက်ရောင် လှေငယ်လေးတစ်စင်း မျှသာ ပေပင်။ ၎င်းပေါ်လာချိန်တိုင်း ကြယ်ရောင်များ တောက်ပလျက် ဆန်းကြယ်ချေပြီ။

အနားသို့ တစ်စုံတစ်ယောက် ချဉ်းကပ်သွားသော် လှေသည် ကြယ်ရောင်များ တောက်ပလျက် ကြီးမားလှသော ဓားအလင်း အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။

ဟွာရှင်းဖန်တစ်ယောက် သူ့အနား ရောက်ရှိလာပြီး အထက်ပါ အကြောင်းအရာများ အပေါ် ဝေမျှပေးလာ၏။ စုရီက တိတ်ဆိတ်သွားသည်။

ဤဝိညာဉ်ပင်လယ်သည် မရိုးရှင်းချေ။ အချက်အလက် နည်းလွန်းသောကြောင့် မူလကို ခန့်မှန်းရန် သူ့အတွက်ပင် ခက်ခဲစေသည်။

အရိုးဖြူဘုံကျောင်းကြီးသည် နတ်ဆိုးလက်နက် ဖြစ်ဖွယ်ရှိပြီး၊ ပြန်လမ်းမဲ့ ကျွန်းရှိ အစိမ်းရောင်မီးတောက်များမှာ တစ္ဆေကျင့်ကြံသူများ ဖြစ်နိုင်၏။

ဝိညာဉ်သင်္ချိုင်းတောင်ကုန်းရှိ သံကြိုးဖြင့် ချည်ထားသော အလောင်း လေးလောင်းအနက်၊ အတောင်ပံတစ်စုံ၊ လက်ခြောက်ဖက် ခေါင်းသုံးလုံးနှင့် လူသားမှာ ငွေတောင်ပံ မှင်စာမျိုးနွယ်စုဝင် ဖြစ်နိုင်သည်။

ရွှေအကြေးခွံနှင့် မြွေအမြီးပါရှိသော သတ္တဝါသည် ရွှေနဂါးမျိုးရိုး ဖြစ်၏။ သို့သော် ဤသည်မှာ ထင်ကြေးများ သက်သက်သာ ပေပင်။ သူ့မျက်စိဖြင့် မြင်ခွင့်မရဘဲ ပြောရန်ခက်သည်။

ဆန့်ကျင်ဘက်အနေနှင့် သူ့ကို စိတ်ဝင်စားစေသည်မှာ ကြယ်လှေဖြစ်၏။ ၎င်းသည် ရတနာတစ်ခု ဖြစ်သော် အလွန်ထူးခြားပေလိမ့်မည်။

သူတို့နှစ်ဦးသား စကားစမြည် ပြောကြားနေစဉ် သင်္ဘောသည် ဝိညာဉ်ပင်လယ် ဆီသို့ ဝင်ရောက်နေပြီ ဖြစ်သည်။

“ ဂျိန်း ... ။ ”

လမ်းတစ်လျှောက် ကောင်းကင်၌ မိုးကြိုးတိမ်များ ပို၍ထူထပ်လာပြီး ပင်လယ် ရေမျက်နှာပြင်မှာ ပို၍လှိုင်းထန်နေ၏။

ရံဖန်ရံခါတွင် သွေးနီရောင် လျှပ်စီးကြောင်းများ ထိုတိမ်မည်းများအတွင်းမှ ကျဆင်းလာတတ်သည်။

“ ဖျစ် ဖျစ် ဖျစ် ... ။ ”

ထိုအချိန်တွင် ကောင်းကင်နှင့် ပင်လယ်တစ်ခုလုံး အနီအရောင်ပြောင်းကုန်ပြီး ကြောက်မက်ဖွယ် ကောင်းလှ၏။

ချင်သွမ့်ရှနှင့် သူ့အဖော်များသည် ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်လာခြင်း မဟုတ်ကြောင်း ထင်ရှားသည်။

၎င်းတို့၏ လမ်းညွှန်မှုဖြင့် သင်္ဘောသည် လမ်းတစ်လျှောက် ထိုသဘာဝဘေးအန္တရာယ် များစွာကို ရှောင်ရှားနိုင်ခဲ့၏။

နာရီဝက်ကုန်လွန်ပြီးနောက်၊

“ ပြေး ... ပြေး ... ။ ”

-ဟူသော ရုတ်​တရက်​ပင်​ ​ကြောက်​လန့်​တကြား ​အော်​သံကို ကြားလာ​ရသည်။ သို့သော် တစ်စုံတစ်ရာမျှ ထွက်မလာခဲ့ဘဲ အသံသည် ရပ်တန့် ပျောက်ကွယ်သွား၏။

ချင်သွမ့်ရှနှင့် အဖွဲ့မှာ စိတ်ရှုပ်ထွေးစွာဖြင့် ထိုအရပ်ထံ စူးစိုက်ကြည့်လိုက်သည်။ ရှေ့တွင် အန္တရာယ် တစ်ခုခု ရှိနေသည်လော။ စုရီနှင့် ဟွာရှင်းဖန်တို့သည်လည်း အခန်းထဲမှ ထွက်ကြည့်လိုက်သည်။

အဝေးတွင် မည်းမှောင်နေသော မိုးကြိုးတိမ်တိုက်များဖြင့် ဖုံးလွှမ်းနေခဲ့သည့် ကောင်းကင်ကြီးကိုသာ မြင်နေရသည်။ တခြား မည်သည့်အရာမျှ မတွေ့ချေ။

“ သခင်လေး၊ ဝိညာဉ်ပင်လယ်က ဒီလိုပါပဲ မထင်မှတ်ဘဲ ထူးထူးဆန်းဆန်းတွေ မကြာခဏ ဖြစ်တတ်ပါတယ် ...

... မူလတာအို နယ်ပယ် အဆင့် ကျွမ်းကျင်သူတွေတောင် ဒီဧရိယာနဲ့ မရင်းနှီးရင် အသက်ရှင်ဖို့ အခွင့်အလမ်းမရှိ သလောက်ပဲ ...

... ဒါပေမယ့် ဒီတခေါက် ... ငါတို့က အဲဒီလူတွေနဲ့ ခရီးထွက်နေမှတော့ စိတ်ပူစရာ မရှိတော့ပါဘူး အန္တရာယ်ရှိလာရင်တောင် သူတို့ ထိန်းထားဖို့ အစွမ်းကုန် ကြိုးစားလိမ့်မယ်။ ”

ဟွာရှင်းဖန်က အဝေးရှိ မိုကြိုးတိမ်တိုက်များထံ ကြည့်ကာ ပြောကြား လာသည်။ သို့သော် ရုတ်တရက် စုရီမှ တစ်စုံတစ်ရာကို သတိထားမိလာပြီး၊

“ အဲဒါဘာလဲ ... ။ ”

-ဟု အဝေးသို့ ညွှန်ပြလိုက်တော့သည်။

ပင်လယ်ရေမျက်ပြင်အထက် လေထုအလယ်တွင် အစိမ်းရောင်အလင်းများ လွင့်မျောနေ၏။ ကြာပန်းပေါင်းများစွာ လွင့်မျောနေသလို ပေပင်။

“ ဟမ့် ... ဒါ ... ဒါက တစ္ဆေမိစ္ဆာ ပျားကြာပန်းတွေပဲ မြန်မြန် ... သင်္ဘောကို တခြားလမ်းဆီပြောင်း ... ။ ”

တစ်ချိန်တည်းမှာပင် ချင်သွမ့်ရှလည်း သတိထားမိကာ ကျယ်လောင်သော အသံဖြင့် အော်ဟစ်လိုက်တော့သည်။

“ ဝူး ... ။ ”

သင်္ဘောကြီး တစ်စင်းလုံး အလင်းရောင်များစွာတောက်ပလျက် လေးညှို့မှ ပစ်လွတ်လာသော မြှားတစ်စင်းအလား ရုတ်တရက် အရှိန်မြင့်တက်လာ၏။

သို့သော် အဝေးရှိ ကြာခင်းကြီးထံမှ ရောင်စုံအလင်းတန်းများ ဖြာထွက်လာခဲ့ပြီး သင်္ဘောထံသို့ ပျံသန်းလာချေပြီ။

အရှိန်သည် လျှပ်စီးလက်သလိုပေပင်။ ဤသည်မှာ ထူးဆန်းပြီး ရုပ်ဆိုးလှသော အသွင် အပြင်ဖြင့် ပျားကောင်များ ဖြစ်ချေပြီ။

၎င်းတို့အားလုံးသည် နတ်ဆိုးရောင်ဝါများ ထုတ်လွှတ်လျက် လက်သီးဆုပ် အရွယ်မျှသာ ရှိ၏။ သူတို့၏ မျက်နှာများသည် နီမြန်းပြီး မျက်လုံးစိမ်းများ ပိုင်ဆိုင်ထားသည်။

ဖြူဖွေးသော အစွယ်များ ပြသလျက် အော်ဟစ်သံများ ကျယ်လောင်စွာ ထုတ်လွှတ် လာကြ၏။

ရာနှင့်ချီသော အရေအတွက်ကြောင့် သက်တံမုန်တိုင်းကြီးကဲ့သို့ ကောင်းကင်အပြည့် လွှမ်းခြုံသွားလေသည်။

“ လူတိုင်း အသင့်ပြင် ... ။ ”

မိနစ်အနည်းငယ်အတွင်း သင်္ဘောနှင့် ပေတစ်ရာအကွာသို့ ရောက်ရှိလာသောကြောင့် ချင်သွမ့်ရှမှ သတိပေးလိုက်သည်။

ကုချင်းတု၊ချောင်ကျန်း၊နင်ရှင်းခုန်၊ ယွီချောင်ခုန်နှင့် အခြားသူများသည် ၎င်းတို့၏ လက်နက်များကို ချက်ချင်းထုတ်ယူကာ တိုက်ခိုက်လိုက်ကြ၏။

“ ဝုန်း ... ။ ”

“ ဝီ ... ဝီ ... ဝီ ... ။ ”

ဓားများ၊ ပုဆိန်များ ပျံတက်သွားပြီး ပေတစ်ရာအကွာမှ ပျားငယ်များကို ပေါက်ကွဲ သွားစေ၏။ သို့သော် အရေအတွက်သည် များပြားလွန်းသောကြောင့် အချိန်တိုအတွင်း သတ်ပစ်ရန် မဖြစ်နိုင်ချေ။

“ သင်္ဘောပေါ်က မိတ်ဆွေတို့ အတူတိုက်ရအောင်။ ”

ချင်သွမ့်ရှမှ အော်​ဟစ်၏။ ဤနည်းဖြင့် မှောင်မိုက်အုံ့မှိုင်းနေသော ပင်လယ်ပြင်ကြီးတွင် ကြီးစွာသောတိုက်ပွဲကြီး ချက်ချင်း ဖြစ်ပေါ် လာခဲ့သည်။

စုရီမှ သူ့လက်ကို နောက်ပို့လျက် သင်္ဘောလက်ရန်း အနားတွင်ရပ်ကာ အဝေးမှ တိုက်ပွဲထံလှမ်းကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

“ တစ်ခုခုတော့ လွဲနေပြီ။ ”

“ သခင်လေး ... မင်းဘာတွေ့ထားလဲ။ ”

“ ဝူး ... ။ ”

ထိုအခိုက်တွင် ပျားတစ်ကောင်သည် သင်္ဘော၏ ကာကွယ်ရေးအလွှာကို ဖြတ်ကာ စုရီထံ တိုးဝင်လာ၏။

ခန္ဓာကိုယ်သည် သိပ်သည်းလွန်းသည့် ရောင်ဝါများထုတ်လွှတ်လျက် သွေးဆာနေသော မျက်ဝန်းတစ်စုံဖြင့် ရူးသွပ်နေချေပြီ။

“ ဝှစ် ... ။ ”

စုရီက လေဟာနယ်ကို ဖမ်းဆုပ်လိုက်၏။ မမြင်နိုင်သော စွမ်းအားတစ်ခုက ပျားကောင်ကို ချက်ချင်း ဖမ်းမိသွားသည်။

“ ကျွီး ... ။ ”

တုန်လှုပ် ချောက်ချားဖွယ်ရာ အော်သံများထွက်ပေါ်လာပြီး ရုန်းကန်တော့၏။

“ ဒါတစ္ဆေမျက်နှာ ပျားမိစ္ဆာပဲ ... သိပ်ပြီးအစွမ်းထက်လှတာတော့ မဟုတ်ဘူး ... အသန်မာဆုံးမှ အဆင့်(၉)သားရဲနဲ့ ယှဥ်နိုင်ရုံပါ၊ ကြမ်းကြုတ်တဲ့ စိတ်ထားရှိပြီး အုပ်စုလိုက် တိုက်ပွဲဝင်တတ်တယ် ... ဒါပေမယ့် ...

... အသက်နဲ့ သေခြင်းဆိုင်ရာ ... အကျပ်အတည်းမျိုး မကြုံတွေ့ရသရွေ့တော့ ဒီလိုသားရဲမျိုးက တစ်ဖက်ကို စတင်တိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူး ... ရှားတယ်၊ ကြည့်ရတာ ... ။ ”

“ ကြည့်ရတာ ဘာဖြစ်လဲ ... ။ ”

ဟွာရှင်းဖန်မှ စိတ်ဝင်စားလာ၏။

“ တစ်စုံတစ်ယောက်က ... ဝိညာဉ်ထိန်းချုပ်ခြင်း နည်းစနစ်နဲ့ လျှို့ဝှက်စွာ ထိန်းချုပ်ခြယ်လှယ်နေတာ ဖြစ်နိုင်တယ်။ ”

စကားပြောနေစဉ် စုရီက တစ္ဆေမျက်နှာပျားမိစ္ဆာ၏ အစွယ်နှစ်ချောင်းကို ဆွဲနှုတ်လိုက်၏။

“ ကျွီး ... ။ ”

အစွယ်နှစ်ချောင်းသည် နှင်းဖြူ လခြမ်းသဖွယ်ဖြစ်ပြီး ထက်ရှလျက် ဝိညာဉ်ရေး ရောင်ဝါများ စိမ့်ထွက်နေ၏။

ဤအရာသည် ပဉ္စမတန်း ဝိညာဉ်ရေးပစ္စည်းဖြစ်၏။ သေးငယ်သော်လည်း အလွန်တန်ဖိုးရှိသည်။

အစွယ်များ ဆုံးရှုံးပြီးနောက် တစ္ဆေမျက်နှာပျားမိစ္ဆာသည် အသက်ဓါတ်များ ပျောက်ကွယ်လျက် ချက်ချင်း သေဆုံးသွား တော့သည်။

“ သခင်လေး ငါတို့ကို ... တစ်စုံတစ်ယောက်က တိုက်ခိုက်နေတာလို့ မင်းပြောချင်နေတာလား။ ”

ဟွာရှင်းဖန်မှ မျက်ခုံးပင့်လျက် အဖြစ်အပျက်များကို နားလည်သွားတော့သည်။ စုရီမှ ပြန်မဖြေချေ။ အဝေးရှိ တိုက်ပွဲထံ တိတ်ဆိတ်စွာ ကြည့်နေခဲ့တော့၏။

***

All Chapters