← Chapters

(အဖြူရောင်ပါရမီ- အခြေခံဆရာသခင်)

Vol. 2 Ch. 16

(အဖြူရောင်ပါရမီ- အခြေခံဆရာသခင်)

Vol. 2 Ch. 16

ခန္ဓာကိုယ်ရှိ ပြောင်းလဲမှုများကို အသားကျစေပြီးနောက် ဟန်ကျောက်ဟာ ဆက်လက် အစမ်းရှင်သန်မှု ပြုရန် ပြင်ဆင်၏။ ဒီတစ်ကြိမ်တွင် သူဟာ သေချာပေါက် ပိုမိုမြန်ဆန်စွာ အဆင့်တက်မှာပါ။ သို့ရာတွင် ချက်ချင်းကြီး ဝင်ရောက်မှု မပြုပေ။ အဲ့ဒီအစား အိပ်ယာမှ ထကာ နံရံဘေးရှိ စားပွဲရှေ့တွင် ရပ်၏။ ၎င်းအပေါ်တွင် အထိမ်းအမှတ်ပြား တစ်ခုနှင့် အမွှေးတိုင်တို့ကို တင်ထားသည်။

နောက်ဆုံးတွင် သူဟာ တစ်ဖက်လူအပေါ် ထပ်မံ အခွင့်အရေး ယူဖို့စဉ်းစားထားသည်။ ထို့ကြောင့် ဟန်လင်း၏ အထိမ်းအမှတ်ပြားလေးကို လုပ်ခဲ့၏။

ဟန်ကျောက်ဟာ အမွှေးတိုင်သုံးခုကို မီးညှိကာ စိုက်လိုက်သည်။ လက်ဝါးနှစ်ဖက်ကို ဆုပ်ကာ နက်ရှိုင်းသော ယုံကြည်မှုနှင့် ကိုးကွယ်သူသဖွယ် အလေးအနက် ရေရွတ်၏။

“ဟန်ကျောက်ရဲ့ ဖခင်ကြီး.. ကျွန်တော့ကို ပါရမီတစ်ခုလောက် ချီးမြှင့်ပေးပါ။ ကျွန်တော် လောဘမကြီးပါဘူး။ အစိမ်းရောင်မရရင်တောင် အဖြူရောင်လောက်ဆို ရပါပြီ”

ဆုတောင်းမှုပြုပြီးနောက် ဟန်ကျောက်ဟာ ရေရွတ်လိုက်၏။

“အနစ်”

“အချက်ပေး အပိုင်းအစ ၂၀တို့ကို စုဆောင်းထားသည်။ ဝင်ရောက်ခွင့်ကို စုစည်းမည်လား”

“တစ်ကြိမ်ပေါင်းစပ်ခြင်း- အချက်ပေးအပိုင်းအစ ၂၀နှင့် ရွှေ၃လျန်တို့ကို အသုံးပြုပါ။ သင်သည် အခြေခံ ဝင်ရောက်ခွင့်(အစမ်းရှင်သန်ခြင်း)ကို သေချာပေါက် ရရှိမည်”

“ဈေးနှုန်းက မတိုးသေးဘူးပဲ”

“ပေါင်းစပ်မယ်။ ဝင်ရောက်မှုစတင်မယ်”

“အသက်၁၆နှစ်တွင် သင်သည် တောင်ဖြိုလက်သီး သိုင်းကျောင်းသို့ ဝင်ရောက်ကာ တောင်ခွဲဆေဘာအတတ်ကို သင်ကြားခဲ့သည်။ သုံးလကြာပြီးနောက် အရေအပြား သန့်စင်ခြင်း အဆင့်သို့ ရောက်ရှိ၏”

“၁၉နှစ်တွင် သင်၏ တောင်ခွဲဆေဘာအတတ်ဟာ ဒုတိယအဆင့်သို့ ရောက်ရှိပြီး သင်သည် အရိုးသန့်စင်ခြင်း အဆင့်သို့ မြင့်တက်သွားသည်။ လုယီဟာ သင့်ကို ပျိုးထောင်ရန် စတင်အာရုံစိုက်လာ၏”

“မြို့ထဲရှိ အင်အားစုများစွာတို့က သင့်ကို ဖိတ်ခဲ့ကြ

သည်။ သင်ဟာ ကြေးစားလူဆိုးထိန်းအဖြစ် တိတ်တဆိတ် လုပ်နေဆဲ ရှိ၏”

“၂၁နှစ်တွင် သင်၏ တောင်ခွဲဆေဘာအတတ်ဟာ အရိုးသန့်စင်ခြင်း အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ နှစ်ဝက်ကြာပြီးနောက် သင်၏ သက်ရှဉ်ကျမ်းဟာ တတိယအဆင့်ကို မြင့်တက်ခဲ့၏။ သင်၏ ခွန်အားဟာ ပထမအဆင့် သွေးချီမြင့်တက်မှု အဆင့်ရှိသူနှင့် နှိုင်းယှဉ်နိုင်လာ၏”

“လုယီဟာ အဖိုးတန် ဆေးပင်အချို့ကို သင့်အတွက် ရှာဖွေခဲ့သည်။ တစ်ချိန်တည်းတွင် တောင်ခွဲဆေဘာအတတ်၏ အခြေခံတည်ဆောက်ပုံကို ဖွင့်လှစ်ကာ သင့်ကို တောင်ခွဲခွန်အားနှင့် ကြိုတင် ရင်းနှီးလာစေ၏”

“အသက်၂၂နှစ်တွင် သင်သည် သွေးသန့်စင်ခြင်း အဆင့်သို့ အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့ပြီး ပထမအဆင့် သွေးချီမြင့်တက်မှုအဆင့်သို့‌ ရောက်ရှိခဲ့သည်။ ထို့နောက် သိုင်းပြိုင်ပွဲတွင် လူတိုင်းကို အံ့ဩစေခဲ့၏။ သက်ရှည်ကျမ်း ပေါ်သွားခြင်း မရှိစေရန် နောက်ဆုံးတွင် သင်ဟာ လက်သီးအရှင်သခင် သိုင်းကျောင်းမှ ဒုတိယအဆင့် သွေးချီမြင့်တက်မှု အဆင့်မှ ကျွမ်းကျင်သူတစ်ယောက်ထံတွင် အရှုံးပေးခဲ့သည်။ သို့ရာတွင် သင်၏ခွန်အားဟာ အံ့ဩစရာ ကောင်းနေပြီး ဖြစ်သည်။ သင့်ကို ခေါ်ဆောင်နိုင်ရန်အတွက် အဖွဲ့ကြီးများမှ ရက်ရောလှသည့် အခြေအနေများကို ကမ်းလှမ်းလာ၏”

“ရှလင်ဟာ သင်၏အကူအညီနှင့် မိသားစု စီးပွားရေးကို အောင်မြင်စွာ ဆက်ခံခဲ့သည်။ သူမဟာ သင့်ကို နှစ်စဉ်နှစ်တိုင်း များပြားလှသည့် အရင်းအမြစ်များ ထောက်ပံ့၏”

“ကျောက်နက်မြို့၏ မြို့ဝန်က သင့်ကို ဧည့်ခံရန် ပွဲတစ်ခုကို ကိုယ်တိုင် စီမံပေးသည်။ သင့်ကို မြို့စောင့်တပ်ဖွဲ့သို့ သွင်းချင်ကာ ၂နှစ််အတွင်းတွင် ကောင်းကင်စီရင်စု သိုင်းကျောင်းသို့ ဝင်ရောက်နိုင်ရန် ထောက်ခံပေးမည်ဟု အာမခံ၏”

“တာဝန်တစ်ခု အတွင်းတွင် သင်နှင့် မြို့စောင့်စစ်သည်များဟာ သွေးသန့်စင်ခြင်းအဆင့် လူသတ်သမားတစ်ယောက်နှင့် ကြုံတွေ့ခဲ့သည်။ သင်ဟာ တစ်ဖက်လူကို ဓါးတ်စချက်နှင့် ထက်ဝက်ပိုင်းပစ်ခဲ့၏။ လူတိုင်းက သင်၏ တိုက်ခိုက်မှုကို ကောင်းကင်ဓါးချက်ဟူ၍ ခေါ်ကြပြီး သင့်ကို ကောင်းကင်ဆေဘာဟု တင်စားကြသည်။ သင်သည် တစ်ဖက်လူဆီမှ နတ်ဆိုးကျားခွန်အားဟု ခေါ်သည့် ဓါးသိုင်းတစ်ခုကို တွေ့ခဲ့၏။ သို့ပေမယ့် ကံဆိုးစွာပင် အတွင်းပိုင်းခွန်အားကို ဖမ်းဆုပ်နိုင်မည့် အခြေခံတည်ဆောက်ပုံ လိုအပ်နေပါသည်”

“အသက်၂၃နှစ်တွင် သင်၏ ကျင့်ကြံမှု အမြန်နှုန်းတို့ ပိုမို၊ ပိုမိုကာ နှေးကွေးလာသည်ဟု ခံစားရသည်။ မြို့တွင်းရှိ မြှောက်ပင်မှုများ၊ ဝိုင်များနှင့် လိင်မှုရေးရာတို့ဟာ သင့်ကို သက်တောင့်သက်သာရှိသည့် ဘဝ၌ ခဏတာ နစ်မွန်းနေစေသည်”

“လုယီက သင့်ကို အခြေချကာ သမီးဖြစ်သူ လုယင်ရွှမ်းနှင့် လက်ထပ်ရန် အကြံပေးသည်။ လုယင်ရွှမ်းမှာ ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်တစ်ယောက် ဖြစ်နေပြီး ဖြစ်ကာ ဒီလက်ထပ်ပွဲကို ငြင်းဆန်ခြင်း မပြုခဲ့ပေ။ သို့ပေမယ့် သုံးနှစ်အတွင်း သင်ဟာ သိုင်းသခင်အဆင့်သို့ တက်လှမ်းနိုင်မှသာလျှင် လက်ထပ်မည်ဟု ကတိပေး၏။ သင့်သည် လူမှုဆက်ဆံရေး ကိစ္စအားလုံးအား ငြင်းဆန်ကာ ကျင့်ကြံမှုအပေါ်တွင် အာရုံစိုက်သည်”

“အသက်၂၆နှစ်တွင် သုံးနှစ်တာ ကြိုးကြိုးစားစား လေ့ကျင့်ပြီးနောက် အတွင်းပိုင်းခွန်အားကို တစ်ခါတည်း ဖမ်းဆုပ်နိုင်ကာ သိုင်းသခင်တစ်ယောက် ဖြစ်လာခဲ့သည်။ လုယင်ရွှမ်းက သူမ၏ကတိအတိုင်း သင်နှင့် လက်ထပ်ရန်ပြုသည်။ လက်ထပ်ပြီးပါက မိသားစု တစ်ခုလုံးကိုလည်း ကောင်းကင်စီရင်စုသို့ ရွှေ့ပြောင်းရန် သဘောတူ၏”

“လက်ထပ်သည့် နေ့တွင် စီရင်စု၏ မြို့တော်ရှိ သိုင်းကျောင်းမှ တစ်ယောက်ယောက်က သင့်ကို လာရောက်ဂုဏ်ပြုခဲ့သည်။ ထိုညတွင် ဝတ်စုံနက်နှင့် လူတစ်ယောက်ဟာ သင့်ကို ဝိညာဉ်အဆီအနှစ်လုံးအား ဘယ်မှာလဲဟု စစ်ဆေးမေးမြန်း၏။ သင်နှင့် လုယင်ရွှမ်းတို့ဟာ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြပေမယ့် ရှုံးနိမ့်ကာ နှစ်ယောက်လုံး သေဆုံးခဲ့ရသည်”

“ဝိညာဉ်အဆီအနှစ်လုံးလား”

နောက်ဆုံး အချက်အလက်ကို တွေ့ရပြီးနောက် ဟန်ကျောက်ဟာ ဟန်လင်းပြန်ယူလာခဲ့သည့် အနက်ရောင်အလုံးကို တွေးမိလိုက်သည။ ထိုပစ္စည်းဟာ အချက်ပေးအပိုင်းအစအတွက် စွမ်းအင် အရင်းအမြစ် ဖြစ်၏။ ထိုစွမ်းအင် မရှိပါက သူဟာ မည်မျှပင် ပိုက်ဆံရှိစေကာမူ အစမ်းရှင်သန်မှု ပြုနိုင်မည် မဟုတ်ပေ။

ယခုအချိန်၌ ဟန်ကျောက်ဟာ လုံလောက်သည့် သန်မာမှုတို့ ရှိမနေသေးပါ။ အချက်ပေးအပိုင်းအစ ပေါ်လာသည့် အမြန်နှုန်းကို လိုက်မမှီနိုင်သေးပေ။ သို့ပေမယ့် သူ၏ ခွန်အားတို့ တိုးတက်လာသည်နှင့်အမျှ နောင်တွင် လုံလောက်သည့် ယင်စွမ်းအင်တို့ မရှိမှာ စိုးရပါသည်။

အစမ်းရှင်သန်မှုမှ အချက်အလက်အရ ဝိညာဉ်အဆီအနှစ်လုံးမှာ စီရင်စုမြို့တော်နှင့် သက်ဆိုင်နေ၏။ ဒီအချိန်အတွင်း ဆက်သွယ်မိဦးမည် မဟုတ်ပေ။ ထို့ကြောင့် တွေးကြောက်နေမည့်အစား ကြိုးစား လေ့ကျင့်ခြင်းက ကောင်း၏။ သူသာ လုံလောက်အောင် သန်မာပါက ပြဿနာအားလုံးတို့ကို အလွယ်တကူ ဖြေရှင်းနိုင်မှာပါ။ ၂၆နှစ်သို့ ရောက်ရှိရန် ၉နှစ်တာ အချိန်ရသေး၏။

တောင်ခွဲဆေဘာအတတ်ဟာ အဆုံးတိုင်အောင် လေ့ကျင့်ရန် အမှန်တကယ်ကို ခက်ခဲလှသည်။ သူ၏ ဆေဘာတာအို ပါရမီ လေးဆနှင့် ကျင့်ကြံမှု အမြန်နှုန်းဟာ အရည်အသွေးပိုင်းဆိုင်ရာ တိုးတက်ရလောက်အောင် မစွမ်းသာခဲ့ပါ။ သို့ပေမယ့် ရှေ့ရှိ အစမ်းရှင်သန်မှုများထက်တော့ များစွာ ပိုမိုမြန်ဆန်လာ၏။

အစမ်းရှင်သန်မှု အတွင်းတွင် သူ့တွင် စနစ်မရှိပေ။ ထို့ကြောင့် သူ၏ ဇွဲလုံလကိုသာ အားကိုးနိုင်၏။ ကံကောင်းစွာပင် အစစ်အမှန်ချီကာ စွမ်းအားကြီးမားလှသည်။ သူ၏ အပြင်ပိုင်း ကျင့်ကြံမှုအမြန်နှုန်းကို ပိုမို၊ ပိုမိုကာ မြန်ဆန်လာစေ၏။

“မစ္စတာလုက တော်တော် ဖြောင့်မတ်တဲ့လူပဲ။ ငါသူ့ကို ငြိစွန်းစေလို့ မဖြစ်ဘူး”

ဟန်ကျောက်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။ ထို့နောက် စနစ်မျက်နှာပြင်ကို ကြည့်လိုက်၏။

“အစမ်းရှင်သန်မှု ပြီးဆုံးသည်။ အောက်ပါများထဲမှ တစ်ခုကို ရွေးချယ်နိုင်သည်”

“၁။ ပါရမီကို ရရှိခြင်း(ရွေးချယ်နိုင်)”

“၂။ စွမ်းရည်မှတ်ကို ရရှိခြင်း”

“၃။ ဘဝအတွေ့အကြုံကို ရရှိခြင်း”

“လက်ရှိလက်ကျန်ငွေ- ရွှေ၂လျန်”

ဟန်ကျောက်၏ မျက်လုံးများက လင်းလက်သွားသည်။ ရှေ့တွင် ပေါ်လာသည့် အချက်များကို ကြည့်ကာ နံပါတ်၁ကို ရွေးချယ်နိုင်ကြောင်းအား တွေ့ရ၏။

“တစ်”

“ပါရမီကို လက်ခံရရှိသည်- အခြေခံဆရာသခင်”

“အခြေခံဆရာသခင်- အဖြူရောင်ပါရမီ- အခြေခံ သိုင်းပညာများ၏ ကျင့်ကြံမှု အမြန်နှုန်းမှာ နှစ်ဆဖြစ်သွားသည်။ အကန့်အသတ်သို့ ရောက်ရှိနိုင်မည့် ဖြစ်နိုင်ချေမှာ ကြီးစွာ မြင့်မားလာ၏။ (ကျင့်ကြံမှုဖြင့် အစိမ်းရောင်ပါရမီ အဖြစ်သို့ မြင့်တက်စေနိုင်သည််။ အမြင့်ဆုံး ရောက်နိုင်သည့် အဆင့်မှာ အပြာရောင်ဖြစ်သည်”

“ငါတကယ်ပဲ ကံကောင်းနေတာလား.. ဒါမှမဟုတ်.. လင်းဟန်ရဲ့ ဝိညာဉ်က ကောင်းကင်ကနေ ငါ့ကို ကာကွယ်နေတာလား”

ဟန်ကျောက်ဟာ ပျော်သွား၏။ အစိမ်းရောင်ပါရမီ မဟုတ်ပေမယ့် ဒီအဖြူရောင်မှာလည်း အသုံးဝင်လှသည်။ အဘယ်ကြောင့်ဆိုသော် သက်ရှည်ကျမ်းမှာ အခြေခံ ကျင့်ကြံခြင်းနည်းလမ်း ဖြစ်သောကြောင့် ဖြစ်၏။ တောင်ခွဲဆေဘာအတတ်ပါ ထည့်တွက်လို့ရမလား မသိပေ။ ဘာပဲဖြစ်ဖြစ် အကျိုးအမြတ်က ကြီးမားလှပါသည်။

..

နောက်တစ်နေ့တွင်..

နံနက်ခင်း၌ ဟန်ကျောက်ဟာ စောစီးစွာ နိုးထလာပြီး စားသောက်မှုပြုကာ သက်ရှည်ကျမ်းကို ကျင့်ကြံ၏။ မနေ့က အခြေခံဆရာသခင်ကို ရရှိပြီးနောက် သူဟာ နေ့လည်မှ ညအထိ လေ့ကျင့်ခဲ့သည်။

အစက ကျင့်ကြံမှု အမြန်နှုန်းကို အနည်းငယ် နှေးကွေးနေသည်ဟု ခံစားရ၏။ သို့ပေမယ့် နောက်ဆုံးတွင်ချက်ချင်းပင် နှစ်ဆဖြစ်သွားသည်။ ထိုခံစားချက်က စွဲမက်ဖွယ် ကောင်းလှ၏။ နေ့စဉ်နေ့တိုင်း အိမ်တွင်နေကာ သက်ရှည်ကျမ်းကို တတိယအဆင့်သို့ ရောက်ရှိစေပြီးမှ အပြင်ထွက်ရန် အမှန်တကယ် မျှော်လင့်မိ၏။

ဤသည်က စိတ်ကူးယဉ်ခြင်းသာ ဖြစ်သည်။

တောင်ခွဲဆေဘာအတတ်ဟာ လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိပြီးနောက် သူဟာ သိုင်းကျောင်းသို့ နေ့စဉ်နေ့တိုင်း သွားရောက်ရန် မလိုအပ်တော့ပေ။ သို့ရာတွင် ဒီအတောအတွင်းတွင် သူဟာ ပန်းခြွေပျားကို လိုက်နေရ၍ သိုင်းကျောင်းသို့ နောက်ကျမှရောက်ကာ စောစီးစွာ ပြန်ခဲ့လေ့ရှိသည်။ ဤသည်က မကောင်းလှပေ။

သက်ရှည်ကျမ်းကို ထိုင်ကျင့်လို့ရပေမယ့် တောင်ခွဲဆေဘာအတတ်မှာ ပတ်ဝန်းကျင်ကောင်း တစ်ခုကို လိုအပ်နေပါသည်။ သိုင်းကျောင်းတွင် လုယီ၏ ညွှန်ပြမှု၊ ကျောက်ယွမ်ထုနှင့် တိုက်ခိုက်မှု ပြုခြင်းတို့ကိုလည်း ရရှိ၏။

အရိုးသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိပြီး ဖြစ်သည့် ပန်းခြွေပျားကို သူ့အနေနှင့် လိုက်လံရဲခြင်းမှာ ပြီးပြည့်စုံစွာ ပြင်ဆင်ထားမှုကြောင့် ဖြစ်ရုံမက ကျောက်ယွမ်ထုနှင့် အကြိမ်‌ပေါင်းများစွာ လေ့ကျင့်ထားမှုကြောင့် အရိုးသန့်စင်ခြင်း အဆင့်များ၏ သဘောသဘာဝကို နားလည်ထား၍ ဖြစ်သည်ဟု ဆိုလျှင် ပိုမှန်လိမ့်မည်။

နာရီအနည်းငယ်ကြာ လေ့ကျင့်ပြီးနောက် ဟန်ကျောက်တစ်ယောက် အိပ်ယာထသည်။ အကြိမ်ပေါင်းများစွာ လေ့ကျင့်ပြီး၍ သူ၏ စိတ်ထဲတွင် အကြမ်းဖျင်း အစီအစဉ်တစ်ခု ရလာပြီး ဖြစ်သည်။

ဟန်ကျောက်ဟာ ခြံဝန်းဆီသို့ လျှောက်သွားလိုက်ပြီး နေ၏ အရပ်မျက်နှာကို ကြည့်သည်။ အချိန်ကို အကြမ်းဖျင်း တွက်ချက်ကြည့်ပြီးနောက် ခြံနံရံဆီသို့ လျှင်မြန်စွာ ပျံသန်းသွား၏။ နံရံကပ် သစ်သားစင်၏ ထိပ်သို့ နင်းကာ အရှိန်နှင့် နံရံပေါ်သို့ ခုန်လိုက်သည်။

နေ့လည်စာစားချိန်သို့ ရောက်ဖို့နီးနေပါပြီ။ နေ့စဉ်နေ့တိုင်း သူဟာ နေ့လည်စာကို မှီခိုပြီး အစားကောင်းကို စားရခဲ့၏။ နောက်ကျလျှင်လည်း ကျောက်ယွမ်ထုက ချန်ထားပေးလေ့ ရှိပေမယ့် လုစားရခြင်းက ပိုမိုအရသာရှိသည်။

ထိုကဲ့သို့ တွေးမိပြီးနောက် ဟန်ကျောက်ဟာ ရဲကျင်းဒေသဆီသို့ အမြန် ပြေးထွက်ခဲ့၏။

All Chapters