← Chapters

(ကျောက်ယွမ်ထုအဆင့်တက်ခြင်း)

Vol. 2 Ch. 17

(ကျောက်ယွမ်ထုအဆင့်တက်ခြင်း)

Vol. 2 Ch. 17

သိုင်းကျောင်းသို့ ဝင်လိုက်သည်နှင့် လူအနည်းငယ်သာ လေ့ကျင့်နေကြကြောင်းကို ဟန်ကျောက်တွေ့ရသည်။ ကျန်လူများမှာ အရှေ့ခြံဝန်း၏ အလယ်တွင် စုရုံးနေ၏။ လူအုပ်ဟာ ကျောက်ယွမ်ထုကို ဝိုင်းအုံနေလေသည်။ ကုလားထိုင်ပေါ်တွင် လှဲကာ အချိန်အများစုတို့တွင် အစေ့ဝါးနေတတ်သည့် လုယီပင်လျှင် မျက်နှာပေါ်၌ အပြုံးတို့နှင့် ပြည့်နှက်နေ၏။

“ဘာများဖြစ်လို့ပါလိမ့်”

ဟန်ကျောက်က တပည့်တစ်ယောက်ကို မေးသည်။

“စီနီယာအစ်ကိုကြီး သွေးသန့်စင်ခြင်း အဆင့်ကို အဆင့်တက်သွာားတာ… တစ်ဝက်တစ်ပြတ် သိုင်းသခင်တစ်ယောက် ဖြစ်လာခဲ့ပြီလေ”

တစ်ဖက်လူက စိတ်လှုပ်ရှားစွာ ပြော၏။ အားကျခြင်း၊ တောင့်တခြင်းနှင့် မနာလိုခြင်းတို့ဟာ မျက်နှာပေါ်၌ ပြည့်နှက်နေ၏။

“ဒါက တကယ့်ကို ဝမ်းသာစရာ ကိစ္စပဲ”

ဟန်ကျောက်၏ မျက်လုံးများက လင်းလက်သွား၏။ တစ်ယောက်ယောက်က သူတို့ကို စားကောင်းသောက်ကောင်းများ ဖိတ်ကျွေးတော့ပေမည်။

အရင်တုန်းက လုယီဟာ သွေးသန့်စင်ခြင်း အဆင့် တစ်ဝက်တစ်ပြတ် သိုင်းသခင်များကို ဘယ်တုန်းကမှ မပျိုးထောင်ခဲ့ဖူးတာ မဟုတ်ပေ။ သို့ပေမယ့် အသက်ကြီးလာသည်နှင့် အမျှ သူ၏ ခွန်အားဟာ ယုတ်လျော့လာခဲ့၏။ သူလက်ခံသည့် တပည့်များ၏ ပါရမီမှာလည်း အနည်းငယ် နိမ့်ပါးလာခဲ့သည်။

ထိုကိစ္စ၏ အဓိကအချက်မှာ သူ၏ ပိုမိုဖော်ရွေသည့် သင်တန်းအပ်ခကြောင့် ဖြစ်၏။ နောက်ခံမရှိသည့် သာမန်လူများဟာ လုယီကို ကျေးဇူးတင်ကြပေလိမ့်မည်။ သို့ပေမယ့် အချို့ လူချမ်းသာ သားသမီးများအတွက်မူ လုယီ၏ လူတိုင်းကို လက်ခံကာ အလွန်ဈေးပေါစွာ တောင်းခံမှုကြောင့် လာရောက်လိုခြင်း မရှိကြပေ။

ပထမအနေနှင့် အဆင့်အတန်းနိမ့်သည့် လူများနှင့် ရောထွေးကာ နေရမည်ဖြစ်သည်။ ဒုတိယအနေနှင့် တောင်ခွဲဆေဘာ အတတ်ကို လေ့ကျင့်သည့် မည်သည့်တစ်ဝက်တစ်ပြတ် သိုင်းသခင်အဆင့်မှ ပေါ်မလာခဲ့ပေ။ ဤသည်က လုယီ၏ သင်ကြားနိုင်မှုကို သံသယ ဝင်လာစေ၏။

ဥပမာအားဖြင့် မြို့ထဲရှိ ထိပ်တန်းသိုင်းကျောင်း သုံးခုစလုံးတွင် မြို့တွင်းပိုင်းမှ မိသားစုကြီးများရှိ တိုက်ရိုက်မျိုးဆက်များ လာရောက်သင်ကြားကြသည်။ သူတို့လိုချင်သည်မှာ တန်ကြေးမြင့်သည့် နေရာတစ်ခု ဖြစ်၏။

“ဟန်ကျောက်”

ဟန်ကျောက်၏ ပြုံးနေပုံကို တွေ့ရပြီးနောက် ကျောက်ယွမ်ထုက လူအုပ်ထဲမှ ထွက်လာကာ သူ့ဆီသို့ လျှောက်လာခဲ့သည်။

“စီနီယာအစ်ကိုကြီး.. ဂုဏ်ယူပါတယ်”

ဟန်ကျောက်က လက်သီးနှစ်ဖက်ကို ဆုပ်သည်။

“ဟီးဟီး.. ငါလည်း ရုတ်တရက် အဆင့်တက်မယ်လို့ ထင်မထားခဲ့ဘူး။ ကံကောင်းသွားတာ”

ကျောက်ယွမ်ထုက ခေါင်းကိုကုပ်ကာ အရူးတစ်ယောက်သဖွယ် ပြုံးသည်။ သူဟာ ဒီနှစ်တွင် အသက်၂၄နှစ်သို့ ရောက်နေပြီး ဖြစ်ကာ ၂၅နှစ်သို့ ရောက်ရှိရန် တစ်နှစ်တောင် မလိုတော့ပေ။ နောက်ဆုံးတွင် အကန့်အသတ်သို့ မရောက်ခင်၌ အဆင့်တက်နိုင်ခဲ့၏။

“ဒီနေ့တော့ မီးဖိုချောင်မှာ သွားစားစရာ မလိုဘူးမလား။ တစ်ဝက်တစ်ပြတ် သိုင်းသခင်ဖြစ်လာပြီဆိုတော့ ကျွန်တော်တို့ကို လိုက်ကျွေးရမယ်”

ဟန်ကျောက်က ပြုံးသည်။

သေခြင်းရှင်ခြင်းရန်သူများ မဟုတ်ပါက ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်များဟာ တိုက်ခိုက်ခြင်း မပြုကြပေ။ ပြဿနာဖြစ်ပွားပါက အောက်ရှိ တပည့်များသာ လှုပ်ရှားမှုပြုကြ၏။ ထို့ကြောင့် တစ်ဝက်တစ်ပြတ် သိုင်းသခင်အဆင့်ဟာ မြို့ထဲတွင် ထိပ်တန်းအဆင့် တိုက်ခိုက်ရေးအင်အားတစ်ခု ဖြစ်သည်။

“ကျွေးရမှာပေါ့”

ကျောက်ယွမ်ထုက သူ၏ ယပ်တောင်ကဲ့သို့ လက်ဝါးကိုဆန့်ကာ ဟန်ကျောက်၏ ပုခုံးကို ပိုတ်သည်။

သူတို့နှစ်ယောက်၏ မည်မျှ နီးကပ်ပုံကို တွေ့ရပြီးနောက် အချို့တပည့်များဟာ ကျောက်ယွမ်ထုနှင့် စောစီးစွာ မိတ်ဖွဲ့မှု မပြုခဲ့သည့်အတွက် နောာင်တရကုန်ကြသည်။

ပြီးခဲ့တုန်းက ကျောက်ယွမ်ထုမှာ စီနီယာအစ်ကိုကြီးဖြစ်ပြီး လူသစ်များကို လုယီအား ကူညီကာသင်ကြားပေးခဲ့ပေမယ့် သူဟာ အသက်၂၅နှစ်သို့ ရောက်လုပြီး ဖြစ်ကာ အဆင့်ချိုးဖျက်ရန် မျှော်လင့်ချက် နည်းပါးလှသည်။ ထို့ကြောင့် မိသားစုအခြေအနေ ကောင်းမွန်သည့် တပည့်များက အလေးအနက် မထားကြပေ။ ရန်စမှု မပြုသလို တမင် လိုက်ရောခြင်းလည်း မရှိပေ။ ဘာပဲဖြစ်ဖြစ် သူတို့ဟာ အဆင့်အတန်း တူသူများ ဖြစ်၏။ ကျောက်ယွမ်ထုအစား အတွင်းဘက်ခြံဝန်းမှ လူလေးယောက်ကိုသာ ရွေးချယ်ပေလိမ့်မည်။

ယခု အဆင့်မြင့်တက်မှုက ထိုအမြင်တို့ကို ပြောင်းလဲသွားစေ၏။ ယခုအချိန်၌ ကျောက်ယွမ်ထုဟာ ကျောက်နက်မြို့တွင် ကျော်ကြားသူတစ်ဦး ဖြစ်လာခဲ့ပါပြီ။

“ယွမ်ထု.. မင်းက အသက်၂၅နှစ်ကို ရောက်လုနီးပါးမှ အဆင့်တက်နိုင်ခဲ့တာ။ သွေးချီအထွတ်အထိပ်ကို ရောက်ဖို့ ၁၅နှစ်အတွင်း ကြိုးစားရမယ်။ အဲ့ဒါမှ အတွင်းပိုင်းခွန်အားကို ဖမ်းဆုပ်နိုင်မယ့် အခွင့်အရေးရှိမယ်။ မောက်မာပြီး ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေတာမျိုး မဖြစ်စေနဲ့”

လုယီမှာ ဝမ်းသာနေပေမယ့် ကျောက်ယွမ်ထုပေါ်သို့ ရေအေးများ လောင်းချဆဲ ဖြစ်သည်။ သူ့တပည့်၏ အကျင့်စရိုက်ကို သိရာ တည့်တိုးသာ ပြော၏။

“ဟုတ်ကဲ့ပါဆရာ… ကျွန်တော် ကြိုးစားပါ့မယ်” ကျောက်ယွမ်ထုက လေးနက်စွာ ခေါင်းညှိတ်သည်။ သူဟာ အမြဲတမ်း ဆရာ၏ အကြံပေးချက်များကို နားထောင်ခဲ့၏။

“ပြီးရင် မင်းအတွက် နေရာကောင်းတစ်ခု ရှာဖို့လိုမယ်” လုယီက ထပ်ပေါင်းပြောကြားသည်။ အတွင်းပိုင်းခွန်အားကို ဖမ်းဆုပ်နိုင်ရန်မှာ များပြားလှသည့် အရင်းအမြစ်များကို လိုအပ်၏။ ကျောက်ယွမ်ထုကဲ့သို့ နောက်ခံမရှိသည့် လူမျိုးအတွက် အဖွဲ့ကြီးတစ်ခုကို မှီခိုအားထားရန် လိုအပ်ပါသည်။

“ကျေးဇူးတင်ပါတယ်ဆရာ”

လုယီက စကားဆုံးပြီးနောက် ဟန်ကျောက်ကို လှည့်ကာကြည့်သည်။

“ဒီအတောအတွင်း မင်းရော ဘယ်လိုရှိလဲ”

“ဆရာလု.. ဒီအတောအတွင်း ကျွန်တော် ပိုက်ဆံလိုနေလို့ အလုပ်အချို့လုပ်နေတာပါ”

“အိုကေ.. မင်းရဲ့ ကျင့်ကြံမှုအမြန်နှုန်း ကျဆင်းမသွားရင် ဘာမှမဖြစ်ဘူး။ ငါပုံမှန် စစ်ဆေးမယ်”

လုယီက ခေါင်းညှိတ်သည်။

“ဟုတ်ကဲ့ပါ ဆရာလု”

ဟန်ကျောက်က လေးစားစွာ ပြော၏။ လုယီက ခေါင်းညှိတ်ကာ သိုင်းကျောင်းမှ ထွက်ခွာသွားသည်။

“သွားရအောင်ဟန်ကျောက်.. အောင်ပွဲခံကြမယ်” ကျောက်ယွမ်ထုက ဟန်ကျောက်ကို ဆွဲခေါ်သွားသည်။ သူနှင့် ဆက်ဆံရေးကောင်းသည့် တပည့်အချို့တို့ကိုလည်း ခေါ်သွား၏။

ထိုအချိန်၌ ရှလင်က ဆွဲဆောင်မှုရှိစွာ ပြောသည်။

“စီနီယာအစ်ကိုကြီး.. ဟန်ကျောက်.. ကျွန်မလည်း လိုက်လို့ရမလား”

ကျောက်ယွမ်ထုက ခဏတာ မှင်သက်နေပြီးနောက် ပြော၏။

“ရတာပေါ့”

“ဟုတ်တယ်။ စီနီယာအစ်မရှ ကျွန်တော်တို့နဲ့ လိုက်ခဲ့ရင် အကောင်းဆုံးပဲ”

ရှလင်၏ စကားကို ကြားရပြီးနောက် အခြား လူငယ်များက ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ရှိနေကြသည်။ သူတို့၏ လှပသည့် စီနီယာအစ်မနှင့် အတူ စားသောက်ရခြင်းမှာ ပိုမိုပျော်ဖို့ကောင်းမှာ ဖြစ်၏။

ရှလင်က ဟန်ကျောက်ကို ကြည့်သည်။

“ကြိုဆိုပါတယ်”

ဟန်ကျောက်က ခေါင်းညှိတ်သည်။ ဘာပဲဖြစ်ဖြစ် ဤသည်မှာ ရှူးဂါးမာမီ ဖြစ်၏။ ကျောက်ယွမ်ထုလည်း သဘောတူလေသည်။

“အဲ့လိုဆိုရင်.. နောက်ထပ် လူနှစ်ယောက်လောက် ထပ်ပေါင်းလာလည်း စိတ်မရှိပါဘူးနော်”

စုယွင်နှင့် ကျန်းထန်ဝမ်တို့လည်း လျှောက်လာကြသည်။ ကျောက်ယွမ်ထုမှာ အရင်ကနှင့် ခြားနားနေပါပြီ။ သွေးသန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ဟာ သိမ်းသွင်းယူရလောက်အောင် အလွန်အဖိုးတန်၏။

အထူးသဖြင့် ကျန်းထန်ဝမ်မှာ ဆက်ခံသူ မဟုတ်ပေ။ မိသားစုအတွက် သွေးသန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ကို ဖိတ်ခေါ်လာနိုင်ပါက သူ၏ အနေအထားလည်း ပိုမိုမြင့်တက်လာမှာပါ။

“အတူတူသွားကြတာပေါ့”

ကျောက်ယွမ်ထုက ခေါင်းကိုကုပ်သည်။ ပြောလိုက်ပြီးနောက် အခန်းသို့ပြန်ကာ ပိုက်ဆံသွားယူတော့မှာပါ။

“စီနီယာအစ်ကိုကြီးကို ဘယ်လိုလုပ်ပြီး ပေးခိုင်းလို့ဖြစ်မလဲ။ ဒီစားပွဲကို ကျွန်တော်ရှင်းမယ်”

ကျန်းထန်ဝမ်က အသာပြော၏။

“ယုန်ဟယ်က တိမ်မြင့်အိမ်တော်ကို သွားရေအောင်။ ကျွန်တော်လည်း လူလွှတ်ပြီး အခန်းတစ်ခု မှာထားတာနဲ့ အတော်ပဲ”

ထိုစကားကို ကြားရပြီးနောက် တပည့်အားလုံးတို့ဟာ အားကျစွာ ကြည့်ကြ၏။ သူတို့၏ နောက်ခံများက မဆိုးလှပေ။ သို့ပေမယ့် ထမင်းတစ်နပ်အတွက် တိမ်မြင့်အိမ်တော်ကို သွားရောက်ရန်မှာ အလွန် လွန်ကျူးသွားပါပြီ။

“ဘယ်ကောင်းမလဲ”

ကျောက်ယွမ်ထုက ခေါင်းကိုယမ်းသည်။

“စိတ်မပူပါနဲ့ စီနီယာအစ်ကိုကြီး.. မကြာခင်… ဂုဏ်ပြုပွဲတွေ စီမံပေးမယ့် လူတွေတောင် ရောက်လာမှာ။ ဒါတွေကို ကြိုပြီး အသားကျအောင် သွားကြတာပေါ့။ ကျွန်တော့ကို မျက်နှာသာပေးပါဦး..”

ကျန်းထန်ဝမ်က ပြုံးသည်။

“ဒါက..”

ကျောက်ယွမ်ထုက ခေါင်းကိုကုပ်သည်။ သူ့အနေနှင့် သိပ်မကောင်းလောက်ဘူးဟု ခံစားရဆဲပင်။ ဟန်ကျောက်ကို အလိုလို လှည့်ကြည့်မိ၏။

ထိုပုံကို မြင်တော့ ဟန်ကျောက်က ပြုံးသည်။

“စီနီယာအစ်ကိုကြီး.. စီနီယာအစ်ကိုကျန်းက စေတနာထားတာကို.. ဘာလို့ အားနားနေမှာလဲ”

“ကောင်းပါပြီ”

ကျောက်ယွမ်ထုက နောက်ဆုံးတွင် သဘောတူ၏။

ကျန်းထန်ဝမ်က ဟန်ကျောက်ကို အံ့ဩစွာ ကြည့်သည််။ စီနီယာအစ်ကိုကြီးကို ဟန်ကျောက်နှင့် ယခုမျှအထိ ဆက်ဆံရေး ကောင်းမွန်မည်ဟု ထင်မထားခဲ့ပေ။

လူအုပ်စုဟာ သိုင်းကျောင်းမှ လျှောက်ထွက်လာခဲ့၏။ အပြင်ဘက်တွင် ရထားလုံးသုံးခုတို့ စောင့်နေပြီး ဖြစ်၏။ ကျန်းထန်ဝမ်က ကျောက်ယွမ်ထုကို အလွန်ရင်းနှီးစွာ ဆွဲခေါ်ပြီး ရှေ့ဆုံးရှိ မြင်းရထားဆီသို့ လျှောက်သွားသည်။ သူနှင့်အတူ စီးစေလို၏။

ကျန်ရှိသည့် တပည့်များက စုယွင်၏ တည်ကြည်သည့် မျက်နှာပေးကို ကြည့်ကာ ဒုတိယလှည်းအတွင်းသို့ အသီးသီး ဝင်ရောက်ကြသည်။ ဟန်ကျောက်လည်း နောက်မှလိုက်၏။

“ဂျူနီယာမောင်လေးဟန်.. အဲ့မှာလူကြပ်နေပြီ။ အစ်မတို့နဲ့ လိုက်စီးလေ”

ရှလင်က ရုတ်တရက် ပြောသည်။

“ဟုတ်”

ဟန်ကျောက်က ခေါင်းညှိတ်ကာ တတိယ ရထားလုံးအတွင်းသို့ ဝင်၏။ လမ်းတစ်လျှောက်တွင် ရှလင်၏ ပုံက တစ်ခုခု ပြောချင်နေပုံပါ။ သို့ပေမယ့် တုံ့ဆိုင်းနေ၏။

ဟန်ကျောက်လည်း သူမပြောချင်သည်ကို အကြမ်းဖျင်း ခန့်မှန်းမိပါသည်။ သို့ပေမယ့် စတင်ပြောခြင်း မပြုပေ။

တိမ်မြင့်အိမ်တော်သို့ ရောက်တော့မည် အပြုတွင်.. နောက်ဆုံးတွင် ရှလင်ဟာ ဒီအတိုင်းမနေနိုင်တော့ပေ။ “ဂျူနီယာမောင်လေးဟန်.. စီနီယာအစ်ကိုကြီးကို ရှမိသားစု ဆန်ဆိုင်မှာ နာမည်စာရင်း သွင်းစေချင်တယ်။ ရှမိသားစုရဲ့ အရံအဖွဲ့ဝင်တစ်ယောက် ဖြစ်လာရင် အကောင်းဆုံးပဲ။ အစ်မအတွက် ပြောပေးလို့ ရမလားမသိဘူး။ စိတ်မပူပါနဲ့.. ခံစားခွင့်တွေက သေချာပေါက် မနိမ့်ပါဘူး”

“ဒါက..”

ဟန်ကျောက်က စဉ်းစားပြီးနောက် ပြောသည်။

“ဒီကိစ္စကို ကျွန်တော့ဘက်က ပြောပြပေးတာပဲ တတ်နိုင်မယ်။ အစ်ကိုကြီးက လက်ခံတာ လက်မခံတာကတော့ အာမမခံနိုင်ဘူး”

“ရှလင်.. ဒီကိစ္စကို ဂျူနီယာဟန်ကိုပြောတာ ဘာအသုံးဝင်မှာလဲ။ စီနီယာအစ်ကိုကြီးကိုသာပြောလိုက်။ ငါတို့ တစ်ကျောင်းတည်းသားတွေပဲ။ တူညီတဲ့ ခံစားခွင့်တွေနဲ့ဆို သေချာပေါက် ရှမိသားစုကို သူရွေးမှာပဲ”

စုယွင်က မနေနိုင်ပဲ ပြော၏။

ဟန်ကျောက်မှာ ကျောက်ယွမ်ထုနှင့် ဆက်ဆံရေး ကောင််းလျှင်တောင် သူ့လို အရေအပြားသန့်စင်ခြင်းအဆင့်လေးက ဘယ်လိုလုပ်ပြီး ကျောက်ယွမ်ထုအတွက် ဆုံးဖြတ်ချက် ချနိုင်မည်နည်း။

ရှလင်၏ အခြေအနေကြောင့်သာ မဟုတ်ပါက ကျောက်ယွမ်ထုကို စုမိသားစုသို့ ဝင်ရောက်ရန် သူမဖိတ်ခေါ်မှာပါ။ သူမသာ အပြိုင်ဈေးပေးပါက အနည်းဆုံးတော့ ရှလင်နှင့် ကျန်းထန်ဝမ်တို့ ယှဉ်နိုင်မည်မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် သူမဟာ တစ်ဦးတည်းသော သမီးဖြစ်၏။

All Chapters