(စားပွဲတွင်)
Vol. 2 Ch. 18
ဟန်ကျောက်က ပြုံးကာ မည်သည်ကိုမှ မပြောပေ။ ရှလင်မှာ အနည်းငယ် အကူအညီမဲ့နေ၏။ စီနီယာအစ်ကိုကြီးအနေနှင့် ရှမိသားစုကို ရွေးချယ်လျှင်တောင် သူမနှင့် သူမ၏ဒုတိယအစ်ကိုနှင့် အဖွဲ့နှစ်ခု ရှိပါသေးသည်။ သူမအစ်ကိုက ပိုမိုပေးနိုင်၏။ ထို့ကြောင့် ရင်းနှီးမှုအချို့ကို အသုံးချရန် လိုအပ်ပါသည်။
…
မကြာခင် လူအုပ်စုဟာ ယုန်ဟယ်သို့ ဝင်ရောက်လာကြသည်။ မြင်းရထားဟာ တိမ်မြင့်အိမ်တော်၏ အနောက်ဘက်ရှိ နေရာလွတ်တွင် ရပ်တန့်သွား၏။ နေရာလပ်တိုင်းဟာ အဖြူရောင် မျဉ်းတစ်ခုနှင့် စည်းခြားထားသည်။
စားသောက်ဆိုင်အနီးတွင် သွားလာနေသည့် လူများ ရှိပြီး ပတ်ဝန်းကျင်ရှိ ဆိုင်များမှာ ဟန်ကျောက်အတွက် ပိုမိုကာပင် တောက်ပနေပါသည်။ အလှပြင်ပစ္စည်းဆိုင်၊ ဆေးပင်ဆိုင်၊ အဝတ်ဆိုင်၊ အပေါင်ဆိုင်၊ ထိမ်းမြားခြင်းပစ္စည်းဆိုင်၊ ရွှေဆိုင်နှင့် အခြားဆိုင်မျိုးစုံတို့ ရှိပါသည်။
‘ဟမ်း.. ရွှေဆိုင်’
ဟန်ကျောက်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။
“အခုအချိန် မင်းသာ သိုင်းသခင်အဆင့်ဖြစ်ရင် ရွှေဆိုင်တစ်ခုကို ဓါးပြတိုက်ဖို့ ငါလုံးဝအကြံပေးတယ်”
“ဂျူနီယာမောင်လေးဟန်.. ဘာဖြစ်လို့လဲ”
ဟန်ကျောက်၏ ငိုင်တိုင်သွားပုံကို တွေ့ရပြီးနောက် ရှလင်က မေးသည်။
“အာ.. ဘာမှမဖြစ်ပါဘူး”
ဟန်ကျောက်က သတိလည်လာပြီးနောက် အကြည့်ကို ပြန်လည်ရုတ်သိမ်းသည်။ ပိုက်ဆံရရန် စနစ်ဟာ အရှက်မဲ့စွာ ပြောလာခဲ့၏။ ယနေ့တွင် သူ့ကို ရွှေဆိုင်အား ဓါးပြတိုက်ခိုင်းပါက မနက်ဖြန်တွင် ပိုက်ဆံအတွက် နိုင်ငံကို ပုန်ကန်ခိုင်းနိုင်ပါသည်။
“ဒါက ကျွန်မမိသားစုရဲ့ ရွှေဆိုင်ပဲ”
စုယွင်က ထူးမခြားနားစွာ ပြောသည်။
“အဲ့ဆိုင်ဘေးက အဝတ်ဆိုင်ကတော့ ရှမိသားစုပိုင်တာ” ဟန်ကျောက်က စုယွင်ကို ကြည့်ကာ တည်ငြိမ်စွာသာ နေ၏။ သုံးယောက်သားဟာ တိမ်မြင့်အိမ်တော်၏ ပထမထပ်ရှိ ခန်းမသို့ ဝင်ရောက်သည်။
ကျန်းထန်ဝမ်၏ ပုံမှာ မအီမသာ ရှိနေပြီး လူလတ်ပိုင်းလူကြီးတစ်ယောက်ကို စကားပြောနေသည်။ ကြည့်ရတာ ဆိုင်တာဝန်ခံ ဖြစ်ပုံပါ။
တတိယထပ်ရှိ သီးသန့်ခန်းမှာ လူပြည့်နေ၍ ကြိုတင်စာရင်းပေးခြင်း အဆင်မပြေပါ။ သို့ပေမယ့် ဒုတိယထပ်မှာ ခန်းမတစ်ခု ဖြစ်ပေမယ့် စားပွဲတစ်ခုစီအကြားတွင် အကာတစ်ခု ရှိပါသည််။ သို့ရာတွင် ကျောက်ယွမ်ထု၏ ရှေ့တွင် မျက်နှာပျက်ရသည်ဟု ကျန်းထန်ဝမ် ခံစားရ၏။ ထို့ကြောင့် ဆိုင်တာဝန်ခံကို မေးခွန်းထုတ်နေခြင်း ဖြစ်သည်။
စီးပွားရေးသမားမှာ ပုံမှန်အားဖြင့် မည်သူ့ကိုမှ ထိပါးခြင်းမရှိပါ။ ဆိုင်အလုပ်သမားဆိုလျှင် ပိုဆိုး၏။ ထို့ကြောင့် ဆိုင်တာဝန်ခံဟာ စကားကောင်းအချို့ကိုသာ ပြန်လည်ပြောဆိုနိုင်သည်။
“ဂျူနီယာညီကျန်း.. ထိုင်ခုံရှိရင် အဆင်ပြေပါတယ်။ သီးသန့်ခန်းဖြစ်စရာ မလိုပါဘူး”
ကျန်းယွမ်ထုက အကြံပေးသည်။ ကျန်းထန်ဝမ်၏ အထက်စီးဆန်သည့် ပုံစံကို သူသဘောမကျပေ။
“ကောင်းပါပြီ။ အစ်ကိုကြီးမျက်နှာနဲ့ ဒီနေ့ကိစ္စကို ထားလိုက်တော့မယ်။ ကျွန်တော့ကို ခင်ဗျားတို့ရဲ့ အကောင်းဆုံး လင်ဟွားဝိုင်နှစ်အိုးပေး။ မရှိဘူးလို့တော့ မပြောနဲ့နော်”
ကျောက်ယွမ်ထု၏ ဝင်ပြောလာပုံကို တွေ့ရပြီးနောက် ကျန်းဝမ်ထန်လည်း ဖြေလျော့ပေးလိုက်၏။
“ရပါတယ်။ ရပါတယ်.. သခင်လေးကျန်း… ကျေးဇူးပြုပြီး ခဏလောက် ထိုင်ပါဦး။ မကြာခင် အစားအသောက်နဲ့ ဝိုင်နဲ့ လာပို့ပါမယ်”
ဆိုင်တာဝန်ခံမှာ အပြုံးနှင့် ပြည့်နေ၏။ သူက ဘေးသို့ အော်လိုက်သည်။
“စားပွဲထိုး… ဒီကဆရာတွေကို အပေါ်ကို ခေါ်သ်ွားပေးလိုက်ဦး”
“လာပါပြီဗျ.. ဆရာတို့.. ကျေးဇူးပြုပြီး”
စားပွဲထိုးက ကိုးဆယ်ဒီဂရီ ဦးညွှတ်သည်။ လူအုပ်ဟာ အပေါ်ထပ်သို့ တက်သွားပြီး ပြတင်းပေါက်နားတွင် ထိုင်ကြ၏။ ကျန်းထန်ဝမ်က ကျောက်ယွမ်ထု၏ဘေးတွင် ထိုင်ကာ အလွန်ရင်းနှီးသူများသဖွယ် စကားပြော၏။
ခဏအကြာ၌ အထက်တန်းကျသည့် ဝတ်စုံများနှင့် လူငယ်တစ်ယောက်ဟာ ခေါက်ယပ်တောင်ကို ကိုင်ကာ လှေကားမှ တက်လာခဲ့၏။ သူ၏နောက်တွင် တူညီစွာ ဝတ်စားထားသည့် လူငယ်အချို့ ရှိသည်။ ထိုလူငယ်ဟာ တစ်ယောက်ယောက်ကို ရှာနေသည့်အလား ဒုတိယထပ်ကို ကြည့်သည်။ ကျန်းယွမ်ထု၏ သိသာသည့် ထိပ်ပြောင်ဦးခေါင်းကို တွေ့ရပြီးနောက် အပြုံးတစ်ခုနှင့် လျှောက်သွား၏။
“စီနီယာကျောက်”
“ခင်ဗျားက..”
ကျောက်ယွမ်ထုက မှင်သက်သွားသည်။
မည်သူဖြစ်သည်ကို တွေ့ရပြီးနောက် ရှလင်၏ မျက်နှာက သဘာဝမကျစွာ ဖြစ်သွား၏။ တစ်ဖက်လူမှာ သူမ၏ ဒုတိယအစ်ကို ရှကျင်ဖြစ်သည်။ ရှကျင်၏ ရောက်ရှိလာမှုကို တိုက်ဆိုင်ခြင်းဖြစ်သည်ဟု သူမမထင်ပေ။
“ကျွန်တော်က ရှမိသားစုက ရှကျင်းပါ။ စီနီယာကျောက်ရဲ့ နာမည်ကို ကြားဖူးနေတာ ကြာပါပြီ။ တတိယထပ်မှာ သီးသန့်ခန်းတစ်ခုကို ကျွန်တော်မှာထားတယ်။ စီနီယာကျောက်က ကျွန်တော်ဂုဏ်ယူရအောင် အနည်းငယ်လောက် လိုက်သောက်ချင်လား မသိဘူး”
ရှကျင်က ပြုံးကာ ပြော၏။
“အစ်ကိုထန်ဝမ်လည်း ရှိတာကို။ စုယွင်.. နင်လည်း လိုက်ခဲ့လေ”
“ထားလိုက်ပါတော့.. ကျွန်တော်က ဂျူနီယာညီ၊ ညီမတွေနဲ့ စားမလို့”
ကျောက်ယွမ်ထုက တစ်ခါတည်း ငြင်းသည်။ ကျန်းထန်ဝမ်နှင့် စုယွင်တို့လည်း သဘောမတူပါ။
ရှကျင်၏ မျက်ခုံးများက မြင့်တက်သွားပြီး ရှလင်ကို ကြည့်သည်။ သူ၏ အပြုံးဟာ မပြောင်းလဲပဲ ရှိနေ၏။ “အဲ့လိုဆိုလဲ နောက်တစ်နေ့မှပေါ့။ ကျွန်တော်ဆက်ပြီးတော့ မနှောင့်ယှက်တော့ပါဘူး”
“ကောင်းပါပြီ”
ကျောက်ယွမ်ထုက ခေါင်းညှိတ်သည်။
ရှကျင်ဟာ နောက်သို့လှည့်ကာ အပေါ်ထပ်သို့ တက်ခဲ့၏။ သူ၏ မျက်နှာက ချက်ချင်းပင် မဲမှောင်သွားသည်။ သတင်းရရချင်း သူဟာ တိမ်မြင့်အိမ်တော်နှင့် လရစ်မူးအိမ်တော်တို့ကို လူလွှတ်ခဲ့သည်။ အထူးသဖြင့် တိမ်မြင့်အိမ်တော်၏ ကျန်ရှိသည့် သီးသန့်ခန်း လေးခုစလုံးကို ကြိုတင်စာရင်းပေးခဲ့၏။ အဘယ်ကြောင့်ဆိုသော် ရှလင်သာ စားပွဲလုပ်ပေးပါက တိမ်မြင့်အိမ်တော်သို့ သွားရောက်မှာ သေချာသောကြောင့် ဖြစ်သည်။
သို့ပေမယ့် ကျောက်ယွမ်ထုက သူ့ကို မျက်နှာသာမပေးပဲ နေမည်ဟု ထင်မထားခဲ့ပေ။ ကျောက်ယွမ်ထုသာ ရှလင်ကို ရွေးချယ်လိုက်ပါက နှစ်ယောက်လုံး၏ နောက်တွင် သွေးသန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူ နှစ်ယောက်စီ ဖြစ်သွားမှာပါ။ သူ၏ အားသာချက်တို့ ဆုံးရှုံးရမည် ဖြစ်၏။
ပါရမီနှင့် စီးပွားရေးစီမံမှုတွင် သူဟာ ရှလင်ထက် နိမ့်ကျ၏။ သို့ရာတွင် ယခုအချိန်၌ သူ၏ အကြီးမားဆုံး အားသာချက်မှာ ပိုက်ဆံရှိခြင်း ဖြစ်သည်။ ရှလင်တတ်နိုင်သည်ထက် ၅၀%ပိုမိုကာ(သို့) နှစ်ဆပိုကာပင် ပေးနိုင်သည်။ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားများ၏ အကြီးမားဆုံး ဆန္ဒမှာ အတွင်းပိုင်းခွန်အားကို ဖမ်းဆုပ်နိုင်ရန် ဖြစ်သည်။ အရင်းအမြစ်က များလေကောင်းလေ ဖြစ်၏။
…
ထိုကိစ္စငယ်လေး အပြီးတွင် စားပွဲထိုးက စားပွဲပေါ်သို့ ဟင်းရံများကို လျှင်မြန်စွာ လာချသည်။
သိုးသားကင်၊ ဘဲကင်၊ အသားလုံးနှပ်..
အသားဟင်းဆယ်မျိုးကျော်နှင့် အရွက်များမှာ ပိုမိုကာပင် စုံလင်သေးသည်။ ဟန်ကျောက်အတွက် ပြီးခဲ့သည့်ဘဝတွင် မစားဖူးသည့် ဟင်းပွဲများစွာကို တွေ့နိုင်၏။
“ဒီနေ့ အလောတလျှင် လာခဲ့ရတော့ အစ်ကိုကြီးကို အားနာစရာဖြစ်ပြီ။ နောက်နေ့ကျရင် ကျွန်တော်သေချာပေါက် ကြိုတင်ပြင်ဆင်ထားမှာပါ။ ကျွန်တော့ကိုယ်ကျွန်တော် အပြစ်ပေးတဲ့အနေနဲ့ ဒီတစ်ခွက်ကို သောက်ပါမယ်”
ကျန်းထန်ဝမ်က ဝိုင်တစ်ခွက်ကို ငှဲ့ကာ တစ်ခါတည်း သောက်လိုက်သည်။ ထို့နောက် ကျောက်ယွမ်ထုအတွက် ဖြည့်ပေး၏။
“ဂျူနီယာညီကျန်း… အဲ့လောက်ကြီး လေးနက်မနေပါနဲ့”
ကျန်းယွမ်ထုဟာ ယခုကဲ့သို့ စိတ်အားထက်သန်မှုမျိုးကို အသားမကျစွာ ရှိနေ၏။
“လူတိုင်းပဲ.. လာကြ.. ခွက်မြှောက်ပြီး အစ်ကိုကြီးကို ဂုဏ်ပြုလိုက်ရအောင်”
ကျန်းထန်ဝမ်၏ မျက်နှာမှာ အပြုံးဖြင့် ပြည့်နှက်နေ၏။ လူတိုင်းက ခွက်ကိုမြှောက်ကာ ဂုဏ်ပြုကြသည်။ သုံးခွက်တိုင်အောင် သောက်ပြီးနောက် စားပွဲထိုးက စွပ်ပြုတ်အိုကြီး တစ်ခုနှင့် အသားနှပ်တစ်ပန်းကန်ကို လာချသည်။
“အရွယ်မရောက်သေးတဲ့ နတ်ဆိုးကျားတစ်ကောင်ရဲ့ အသားနဲ့ လုပ်ထားတဲ့ ဟင်းတစ်ပွဲဖြစ်တယ်။ စားလိုက်ရင် သွေးချီကို မြင့်တက်လာစေတယ်။ မင်းရဲ့လက်ရှိခွန်အားနဲ့ ပိုက်ဆံမဖြည့်ဘူးဆို နတ်ဆိုးကျားတစ်ကောင်နဲ့တွေ့ရင် ပထမဆုံးလုပ်ရမှာက ဆံပင်ကိုသေသပ်အောင်ပြင်ပြီး ကြည့်ကောင်းမယ့် အနေအထားနဲ့ လှဲနေလိုက်တာပဲ။ အဲ့ဒါမှ အလောင်းလှမှာ”
“စနစ်ကတော့ ပိုက်ဆံ.. ပိုက်ဆံပဲ”
ဟန်ကျောက်၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။
ကျန်းထန်ဝမ်က ရှင်းပြ၏။
“ဒါက သမင်ဦးချိုစွပ်ပြုတ်။ သွေးချီကို မြင့်တက်စေဖို့ ကြီးကြီးမားမား အားဖြည့်ပေးတယ်။ အစ်ကိုကြီး… များများသောက်ပါ။ ပြီးတော့.. ဒီပန်းကန်က ကျားသားကင်ပါ။ နတ်ဆိုးဖြစ်လာတော့မယ့် နှစ်၁၀၀ကျားတစ်ကောင်ရဲ့ အသားလို့ ပြောတယ်။ ရေခဲနဲ့ အထူးအေးခဲပြီး သိုလှောင်ထားတာ။ ဒီလောက်လေးတောင် ငွေ၂၀လျန်ပေးရတယ်။ ပုံမှန်ဆို ကျွန်တော်တောင် မစားရက်ဘူး”
စုယွင်နှင့် ရှလင်ကလွဲ၍ ကျန်လူအားလုံးတို့မှာ အသက်ကို ရှူသွင်းမိကြသည်။ အသားအနည်းငယ်ကို ငွေ၂၀လျန် ပေးရသည်လား။
ကျောက်ယွမ်ထုက ကျားသားတစ်တုံးကို ယူကာ ဟန်ကျောက်ပန်းကန်ထဲသို့ ထည့်ပေးသည်။ ဟန်ကျောက်က စား၏။ ထို့နောက် အဘယ်ကြောင့် အလွန်ဈေးကြီးရသနည်းဟု နားလည်သွားသည်။
အသားတစ်တုံးနှင့် စွပ်ပြုတ်တစ်ငုံကို သောက်လိုက်အပြီးတွင် သူ့ခန္ဓာကိုယ် တစ်ခုလုံးရှိ သွေးချီတို့မြင့်တက်လာခဲ့သည်။ ခန္ဓာကိုယ်အတွင်းရှိ အစစ်အမှန်ချီပင် အနည်းငယ် လှုပ်ရှားလာ၏။ ဒီအသားကိုသာ နေ့စဉ်နေ့တိုင်း စားသံးနိုင်ပါက သက်ရှည်ကျန်းကို ကျင့်ကြံသည့် အမြန်နှုန်းမှာ သေချာပေါက် နှစ်ဆမြန်လာမှာပါ။
ဤသည်က စိတ်ကူးရုံသာ တတ်နိုင်ပါသည်။ ဟန်ကျောက်ဟာ နောက်ထပ် ဝိုင်နှစ်ခွက်ကို သောက်ပြီးနောက် အသောက်ရပ်လိုက်သည်။ အရမ်းသောက်ခြင်းက သူ၏ ကျင့်ကြံမှုကို သက်ရောက်နိုင်၏။ ထိုပုံကို တွေ့ရပြီးနောက် ကျန်းထန်ဝမ်က သူ့အတွက် စိတ်ဝိညာဉ်ဆန် တစ်ပန်းကန်ကို မှာပေးသည်။ စိတ်ဝိညာဉ်ဆန်မှာ အစိမ်းရောင် ရှိပြီး ဖယောင်းဆေးရွက်နှင့် ဆန်ကို စိမ်ထားခြင်း ဖြစ်သည်။ နှပ်ကာ အခြောက်ခံပြီးနောက် ဆန်၏အနံ့ဟာ ဖယောင်းရွက်နံ့နှင့် ရောထွေးသွားပြီး အရသာလည်း ထူးကဲလာ၏။
ဟန်ကျောက်ဟာ အသားလုံးစွပ်ပြုတ်ကို သောက်ကြည့်သည်။ ကျောက်ယွမ်ထုမှာလည်း စိတ်ဝင်စားမိ၏။ သို့ပေမယ့် ကျန်းထန်ဝမ်နှင့် ရှုပ်နေလေသည််။
စားပွဲဟာ လျှင်မြန်စွာ အဆုံးသတ်သွားသည်။ ထိုအချိန်၌ ရှကျင်ဟာ လူအချို့နှင့် ဆင်းလာခဲ့၏။ ကျောက်ယွမ်ထုတို့၏ စားသောက်ပြီးတော့မည့် ပုံကို တွေ့ရပြီးနောက် လရစ်မူးအိမ်တော်ဆီသို့ ထပ်မံဖိတ်သည်။ ကျောက်ယွမ်ထုက ငြင်းလိုက်ပြန်၏။
ရှကျင်ဟာ အနည်းငယ် နေရခက်စွာ ခံစားရပြီး ရှလင်ကို ကြည့်သည််။
“ဒုတိယအစ်ကို.. စီနီယာအစ်ကိုကြီးက ထပ်ပြီး မသောက်ချင်တော့ဘူး။ ကျွန်မတို့တွေ နောက်တစ်ခါမှ ဖိတ်တာပေါ့။ ဒီညပဲရှိတာမှမဟုတ်တာ”
ရှလင်က ပြော၏။
ရှင်ကျင်ဟာ မျက်မှောင်ကြုတ်သွားသည်။ ကျောက်ယွမ်ထုဟာ ရှလင်ဆီသို့ ဝင်ရောက်ရန် ပြင်ထားသည့်ပုံပါ။ ထိုသို့ဆိုပါက သူနှင့် မိတ်ဆွေမဖြစ်နိုင်ပေ။ ရန်သူများ ဖြစ်လာမည် ဖြစ်၏။
ထိုပုံကို တွေ့ရပြီးနောက် ရှကျင်၏ ဘေးရှိ ဖန်းဟုန်ယွင်က မျက်နှာသာပြန်ရအောင် ကူညီချင်၏။ ရှလင်၏ဘေးတွင် ခေါင်းမဖော်ပဲ စားနေဆဲရှိသည့် ဟန်ကျောက်မှ လွဲ၍ လူတိုင်း၏ စားသောက်မှု ရပ်တန့်နေပုံကို သတိထားမိပြီးနောက် အထင်သေးစွာ ပြောသည်။
“မင်းစားတာ ဘာလို့ ဒီလောက်အသံကျယ်တာလဲ။ မင်းကို မင်းမိသားစုက အပြုအမူတွေ မသင်ထားဘူးလား”
ထိုစကားကို ကြားရပြီးနောက် ဟန်ကျောက်က ရပ်တန့်သွားပြီး သူ့ကို ကြည့်သည်။
“မင်းငါ့ကို ပြောနေတာလား”