← Chapters

(လုပ်ငန်းဟောင်းသို့ ပြန်ဝင်ခြင်း)

Vol. 2 Ch. 22

(လုပ်ငန်းဟောင်းသို့ ပြန်ဝင်ခြင်း)

Vol. 2 Ch. 22

“ဂျူနီယာမောင်လေးဟန်”

စောစီးစွာ ထွက်ခွာသွားပြီးဖြစ်သည့် ရှလင်ဟာ အတွင်းဘက်ခြံဝန်းဆီသို့ ရုတ်တရက် ပြေးဝင်လာခဲ့သည်။ အနည်းငယ် မောဟိုက်နေ၏။

ယနေ့တွင် သူမဟာ အနက်ရောင် လေ့ကျင့်ရေး အင်္ကျီလက်တိုကို ဝတ်ဆင်ထားသည်။ ချောမွေ့သည့် လက်များဟာ လှစ်ဟနေ၏။ သို့ပေမယ့် သူမ၏ ကြွက်သားများဟာ အရမ်းကြီး လွန်ကျူးခြင်းမရှိပဲ အလွန် အသားပြည့်ပုံ ပေါ်၏။

ဖြစ်နိုင်တာက ပြေးလွှားလွန်းသဖြင့် ရင်ဘတ်ကို စည်းနှောင်ထားသည့် အဝတ်မှာ ပြေလျော့သွားလား မသိပေ။ ပုံမှန်နှင့် မတူစွာ သူမ၏ ပြားနေလေ့ရှိသည့် ရင်ဘတ်ဟာ ခြားနားနေ၏။ ပြည့်ဖောင်းမှုက နေရာယူနေသည်။ မည်မည်ရရ မဟုတ်သည့် လေ့ကျင့်ရေးဝတ်စုံဟာ ဆက်စီဆန်သည့် ခံစားချက်ကို ပေးစွမ်းနေ၏။

“ဘာပဲဖြစ်ဖြစ် ဒါမျိုးလေးကို ကာကွယ်ရမှာ ယောကျားသားတွေရဲ့ တာဝန်ပဲ။ ပြီးတော့ သူမက ချမ်းသာတဲ့ အမျိုးသမီးလေးပဲ။ ကောင်းကောင်းဖမ်းဆုပ်ထားရင် နှစ်ပေါင်း၂၀ ကြိုးစားအားထုတ်မှုလောက်ကို တစ်ခါတည်းပိုင်ဆိုင်နိုင်မှာ”

ဟန်ကျောက်က ဘေးဘီကိုကြည့်ကာ ကျန်းထန်ဝမ်၏ ပြူးကျယ်နေသည့် မျက်လုံးများကို တွေ့လိုက်ရသည်။ သူဟာ ရှလင်ဆီသို့ အမြန်လျှောက်သွားလိုက်ပြီး ကျန်းထန်ဝမ်၏ မြင်ကွင်းကို ကာလိုက်၏။

“ဂျူနီယာမောင်လေးဟန်.. ကျေးဇူး”

ဟန်ကျောက်က ဘာမှမပြောရသေးခင် ရှလင်က သူ့လက်ကိုဆွဲကာ စိတ်လှုပ်ရှားစွာ ကြည့်သည်။

“ဘာဖြစ်လို့လဲ စီနီယာအစ်မရှ”

ဟန်ကျောက်၏ မျက်နှာဟာ နားမလည်စွာ ရှိနေ၏။ တစ်ချိန်တည်းတွင် သူ၏လက်ကို အသာကျုံ့လိုက်သည်။

“စီနီယာအစ်ကိုကြီးက ရှမိသားစုမှာ အမည်ခံ အကြီးအကဲဖြစ်လာဖို့ သဘောတူလိုက်ပြီ”

ရှင်လင်၏ မျက်နှာက နီးမြန်းနေ၏။

“အဲ့ဒါက အစ်ကိုကြီးရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါ။ ကျွန်တော့ကြောင့် မဟုတ်ပါဘူး”

ဟန်ကျောက်က အမှတ်ယူမနေပါ။ သို့ပေမယ့် ရှမိသားစုဆီသို့ ကျောက်မိသားစုကို ဖိတ်ခေါ်ခဲ့သူမှာ ရှလင်ဖြစ်ရာ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ခံစားနေရသည့် ဖိအားတို့ဟာ များစွာ လျော့ကျသွားခဲ့သည်။ ပိုက်ဆံပိုရှာနိုင်ကာ သူ့ကိုလည်း ပိုပေးနိုင်၏။ ကိစ္စကောင်းဖြစ်သည်။

ရှလင်က လက်သီးများကို တင်းကြပ်စွာ ဆုပ်သည်။ “ဘာပဲဖြစ်ဖြစ် ကျေးဇူးပါ။ ညကျရင် အစ်ကိုကြီးကို ဖိတ်ပြီး စားပွဲလုပ်ပေးမလို့။ ပြီးရင် အတူတူသွားရအောင်”

“ဒါက..”

ဟန်ကျောက်ဟာ ခဏတာ တုံ့ဆိုင်းနေပြီးနောက် ခေါင်းညှိတ်၏။

“ကောင်းပါပြီ”

ရှလင်၏ လိုက်ကျွေးမှုကို ငြင်းဆန်ပါက ဖြုန်းတီးရာ ကျပေလိမ့်မည်။

“စုယွင်၊ စီနီယာအစ်ကိုကျန်း.. ရှင်တို့ရော…”

ရှလင်က ဘေးရှိ လူနှစ်ယောက်ကို ကြည့်သည်။

“ဒီည ငါချိန်းထားတာတစ်ခု ရှိလို့။ အရင်ဆုံး ပြန်နှင့်မယ်”

ကျန်းထန်ဝမ်ဟာ အနည်းငယ် တင်းမာသည့် ပုံဆံဖြင့် လက်သီးနှစ်ဖက်ကို ဆုပ်သည်။ ဟန်ကျောက်ကို ဖြတ်သန်းသွားချိန်၌ မျက်လုံးများက ကျဉ်းမြောင်းသွာား၏။

“ငါအရင်ဆုံး အိမ်ပြန်ပြီး အဝတ်လဲလိုက်ဦးမယ်”

စုယွင်က ခေါင်းညှိတ်သည်။ ထို့နောက် ရှလင်၏ ရင်ဘတ်ကို လက်ညှိုးထိုးကာ ပြော၏။

“နင်လည်း အိမ်ပြန်ပြီး အဝတ်လဲတာ ပိုကောင်းလိမ့်မယ်”

“ငါလား”

ရှလင်ဟာ ခေါင်းငုံ့ကြည့်၏။ ချက်ချင်းပင် အံ့ဩစွာ အသံပြုပြီး ရင်ဘတ်ကို လက်ဖြင့်အုပ်လေသည်။

“ကျွန်တော် နောက်ဖေးမှာ ရေသွားသောက်လိုက်ဦးမယ်” ဟန်ကျောက်က နောက်သို့လှည့်ကာ ထွက်ခွာသွား၏။

“ဘာလုပ်တာလဲ”

ရှလင်၏ အော်သံနှင့်အတူ စုယွင်၏ ကျီစယ်သံက နောက်ကျောမှ ထွက်ပေါ်လာ၏။

“ဝိုး.. ဒီလောက်ကြီးတဲ့ ပစ္စည်းကို နင်ဘယ်လို ဖွက်ထားရဲတာလဲ။ ငါထိကြည့်ပါရစေ”

ဟန်ကျောက်ဟာ ခြေလှမ်းများကိုသာ အမြန်နှင်ခဲ့၏။

…

နှစ်ဝက်ကြာပြီးနောက်..

ဟန်ကျောက်ဟာသ ခြံဝန်းထဲတွင် ရပ်နေပြီး ဆေဘာကို အသာဝှေ့ယမ်းလိုက်၏။

“ကလန်”

ရှေ့ရှိ လူနှစ်ယောက်၏ လက်မောင်းများလောက် ထူထဲသည့် သစ်သားတိုင်ဟာ ထက်ပိုင်းပြတ်သွားသည်။ အလယ်ရှိ ဖြတ်ပိုင်းရာမှာ မှန်တစ်ချပ်ကဲ့သို့ ချောမွတ်၏။

“ဓါးနှင့်ဆေဘာအမွှာ ပါရမီ တိုးတက်လာသည်။ ဆေဘာတာအို ပါရမီဟာ ငါးဆ တိုးမြင့်သည်။ ဓါးတာအိုပါရမီဟာ သုံးဆတိုးမြင့်သည်”

ဟန်ကျောက်၏ ရှေ့တွင် စာလုံးငယ်များနှင့် မျက်နှာပြင်တစ်ခု ပေါ်လာ၏။ သူ၏ ဆေဘာတာအို ပါရမီဟာ တိုးတက်လာပြန်သည်။ လွန်ခဲ့သည့် ဆယ်ရက်က သူဟာ အရိုးသန့်စင်ခြင်း အဆင့်သို့ အောင်မြင်စွာ ချိုးဖျက်သွားခဲ့၏။

“သိုင်းပညာများ- အရိုးကျုံ့ပညာ(အကြီးစားကျွမ်းကျင်မှု ၉၇%(အဆင့်မြှင့်တင်နိုင်)၊ အထူးသက်ရောက်မှု- အရိုးကျုံ့ရုပ်ဖျက်ခြင်း)၊ တောင်ခွဲဆေဘာအတတ်(ဒုတိယအဆင့်၏ စတင်ခြင်းအဆင့် ၅%(အဆင့်မြှင့်တင်နိုင်)၊ အထူးသက်ရောက်မှု- စွမ်းအားပေါက်ကွဲခြင်း အဆင့်၂)၊ သက်ရှည်ကျမ်း(ဒုတိယအဆင့်၏ အသေးစားကျွမ်းကျင်မှု ၉၆%(အဆင့်မြှင့်တင်နိုင်)၊ အထူးသက်ရောက်မှု- ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း အဆင့်၃)”

လုယီဟာ သူ့ကို တောင်ခွဲဆေဘာအတတ်၏ ဒုတိယပုံစံကို အထူးသင်ကြားမှု မပြုရသေးပေ။ သို့ရာတွင် ဟန်ကျောက်ဟာ လုယီနှင့် ရှလင်၊ အခြားလူများကို ကြည့်ကာ လုံးဝ မှတ်မိနေပြီး ဖြစ်သည်။ သူလိုအပ်နေသည်ကား ဆေဘာအတတ်၏ သက်ဆိုင်ရာ စကားလုံးအစဉ်သာ ဖြစ်သည်။

ထိုအကြောင်းကြောင့် ဟန်ကျောက်ဟာ ဒုတိယအကွက်၏ ကျွမ်းကျင်မှုကို ဆက်လက်မြှင့်တင်နိုင်ခြင်း မရှိပေ။ သို့ပေမယ့် သူ၏ ဆေဘာဓါးစွမ်းအားကို သက်ရောက်ခြင်း မရှိပါ။

နှစ်လကြာပြီးမှ လုယီကို ပြောမည့်ကိစ္စမှာလည်း.. သူဟာ ဒီအချိန်အားလုံးတို့တွင် သက်ရှည်ကျမ်းကို ကျင့်ကြံမည်ဖြစ်၍ ကျင့်ကြံမှုကို သက်ရောက်မည် မဟုတ်ပါ။ အခြေခံဆရာသခင် ပါရမီကြောင့် မူလက နှေးကွေးသွားခဲ့သည့် အမြန်နှုန်းဟာ နှစ်ဆဖြစ်လာခဲ့သည်။ သက်ရှည်ကျမ်း၏ တိုးတက်နှုန်းမှာ တစ်လလျှင် ၂%လောက် ဖြစ်လာ၏။ ဤသည်မှာ သူ၏ ပါရမီတိုးတက်လာမှုနှင့် ငွေသုံးမှုနှုန်းကြောင့် ဖြစ်သည်။

ဖန်းဟုန်ယွင်က သူ့ကို ပေးခဲ့သည့် ငွေ၁၅လျန်တွင် ၁၀လျန်ကို ချက်ချင်း ပြန်ပေးခဲ့ရသည်။ ဘာပဲဖြစ်ဖြစ် ဓါးမြှောင်နှင့် သားရေချပ်ဝတ်တို့မှာ အကြွေးတင်နေ၏။ အရမ်းကြီး ကြာနေလို့ မကောင်းပေ။

ရှမိသားစု၏ ဆန်ဆိုင်တွင်.. ရှလင်က သူ့ကိုပေးသည့် ငွေမှာ တစ်လလျှင် ၂လျန် ဖြစ်လာခဲ့သည်။ ဤသည်က အလွန် အသုံးဝင်၏။ ငွေ၂လျန်မှာ သာမန် အရိုးသန့်စင်ခြင်း သိုင်းသမားတစ်ယောက် နာမည်စာရင်းပေးပြီးပါက ရရှိနိုင်သည့် ပုံမှန်ပမာဏဖြစ်သည်။ ဒီအချိန်၌ ရှလင်ဟာ ကျောက်ယွမ်ထုကို ဖိတ်ခေါ်နိုင်ခဲ့၍ မိသားစုရှိ သူမ၏ အခြေအနေဟာ များစွာ တိုးတက်လာခဲ့သည်။

ဟန်ကျောက်၏ လက်ထဲတွင် ငွေ၇လျန်အောက်သာ ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် သူဟာ သိုင်းပညာများ တိုးတက်လာသည်နှင့်အမျှ အသားစားလည်း ပိုများလာသောကြောင့် ဖြစ်၏။

“ကြည့်ရတာ ငါ့ရဲ့ အလုပ်ဟောင်းကို ပြန်လုပ်ရတော့မှာပဲ။ ကံဆိုးမယ့် ရာဇဝတ်သား တစ်ယောက်ကို ကျပန်းကောက်တာပေါ့”

ဟန်ကျောက်ဟာ ကြေးစားလူဆိုးထိန်း လုပ်ငန်းမှာ ငွေဝင်လမ်းကြောင်းကောင်းတစ်ခု ဖြစ်နေဆဲ ရှိသည်ဟု ခံစားရ၏။ ထိုအကြောင်းပြချက်ကြောင့် အရိုးကျုံ့ခြင်း အတတ်ကို အထူးအချိန်ပေးကာ လေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်၌ သူ၏အသွင်အပြင်ကို ပြောင်းလဲရန် ခက်ခဲခြင်းမရှိပါ။ စုန့်ချွေတစ်ယောက် ပြန်လာခဲ့လေပြီ။

သူ၏ လက်ရှိခွန်အားဖြစ်သည့် အရိုးသန့်စင်ခြင်း အဆင့်နှင့် ဒုတိယအဆင့် သက်ရှည်ကျမ်းတို့ ပေါင်းလိုက်ပါက သွေးသန့်စင်ခြင်း အဆင့် သိုင်းသမားတစ်ယောက်ကို ရင်ဆိုင်နိုင်ပြီလား မသိပေ။ သို့ရာတွင် တူညီသည့် အဆင့်ရှိ သိုင်းသမားနှင့် တွေ့လျှင်တော့ မည်သူကိုမှ ကြောက်စရာမလိုပါ။ သူ့ထက်ကြမ်းသူ မရှိလောက်အောင် ရှားလှ၏။

ယခုအချိန်၌ တစ်ခုတည်းသော ပြဿနာမှာ စုန့်ချွေအတွက် ကိုယ်ပိုင် ဆေဘာရှည်တစ်ချောင်းကို ထုလုပ်ရန် ဖြစ်သည်။ မဟုတ်ပါက စုန့်ချွေ ကျော်ကြားလာပါက လုယီပေးထားသည့် ငွေရေခဲဆေဘာမှာ အမြင်ထင်းလာတော့မှာပါ။

တောင်ခွဲဆေဘာအတတ်မှာတော့…

နောက်ထပ် ဆေဘာအတတ်တစ်ခုကို ရလာလျှင်တော့ စတင်လေ့ကျင့်နိုင်သည့် အခြေအနေသို့ ရောက်နေပါပြီ။ အရိုးသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိပြီးနောက် သူ့အတွက် အရိုးကျုံ့ခြင်းအတတ်ကို အကြီးစားကျွမ်းကျင်မှုအဆင့်အထိ လေ့ကျင့်ရန် အချိန်ကိုးရက်သာ ကြာပါတော့သည်။

ထိုကဲ့သို့ တွေးမိပြီးနောက် ဟန်ကျောက်ဟာ အိမ်မှ ထွက်ခွာပြီး အိမ်နီးနားရှိ ကလေးတစ်ယောက်ကို ရှာသည်။ ကြေးပြားငါးပြားကို ပေးကာ သိုင်းကျောင်းဆီသို့ စကားပါးခိုင်းလိုက်၏။

ကျန်ရှိသည့် အချိန်များတွင် သူဟာ သိုင်းကျောာင်းဆီသို့ မသွားပဲနေမှာပါ။ အကြောင်းပြချက်မှာ အဆင့်တက်တော့မည် ဖြစ်သောကြောင့် ပိုက်ဆံရှာရမည်ဟူ၍ ဖြစ်၏။

ကျောက်ယွမ်ထုဟာ ရှမိသားစုသို့ ဝင်ရောက်ပြီးနောက် သိုင်းကျောင်းသို့ ပြန်လာချိန် ကြီးစွာ တိုတောင်းလာခဲ့သည်။ လူသစ်များကို လုယီအစား သင်ကြားပေးသူမှာ လီဖေးဖြစ်လာခဲ့၏။ ကျောက်ယွမ်ထု မရှိရာ ဟန်ကျောက်မှာ နေ့စဉ်နေ့တိုင်း နေ့လည်စာသွားစားရန် မျက်နှာပူပါသည်။ လုယီက ခွင့်ပြုလျှင်တောင် နေရခက်လှ၏။ ယခု ဒီနှစ်လကို အသုံးပြုကာ ပိုက်ဆံရှာရပေမည်။

လေနက်တောင်တွင်..

တောင်ခြေ၌ ဟန်ကျောက်ဟာ မျက်နှာဖုံးနှင့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ကာ လက်ထဲတါင် အနက်ရောင်သေတ္တာတစ်ခုကို ကိုင်ဆောင်ထားသည်။ ကြေးစားလူဆိုးထိန်း ဌာနရှိသည့် ဂူအတွင်းသို့ လျှောက်ဝင်သွား၏။ သူ၏ရှေ့တွင် နက်ရှိုင်းသည့် လမ်းတစ်ခု ရှိလေသည်။ တစ်ဖက်တစ်ချက်ရှိ နံရံများတွင် မီးအိမ်များ ချိတ်ဆွဲထားပြီး အဝါရောင် အလင်းဖြဖြက လမ်းကို အလင်းပေးနေ၏။

ဟန်ကျောက်ဟာ လမ်းတစ်လျှောက် လျှောက်လှမ်းခဲ့ပြီးနောက် နောက်ဆုံးတွင် ကျယ်ဝန်းသည့် မြေအောက်ခန်းမတစ်ခုဆီသို့ ရောက်ရှိသွားသည်။ ထိုအချိန်၌ ကြမ်းကြုတ်သည့်အသွင်နှင့် ကြီးမားထွားကြိုင်းသည့် လူကြီးတစ်ယောက်ဟာ ကောင်တာရှေ့တွင် ရပ်နေ၏။ သူဟာ ၁.၂မီတာနီးပါး ရှည်သည့် ဆေဘာဓါးကို ညာဘက်ပုခုံးပေါ်တွင် တင်ထားသည်။ ဘယ်ဘက်လက်ထဲတွင် သွေးများနှင့် ဦးခေါင်းတစ်ခုကို ကိုင်ထား၏။ ထိုလူကြီးဟာ ဦးခေါင်းကို ကောင်တာပေါ်သို့ အသာပစ်တင်လိုက်ပြီး တာဝန်ကို ကောင်တာနောက်ရှိ အမှုထမ်းအား ပေးသည်။

“ပေါက်..”

ကောင်တာပေါ်မှ သွေးများ စီးကာ မြေပြင်ပေါ်သို့ ကျ၏။ သွေးညှီနံ့က ပျံ့လွင့်လာလေသည်။ သို့ပေမယ့် အမှုထမ်း၏ မျက်နှာမှာ အလွန်လေးစားစွာ ရှိနေပြီး မည်သည့် သဘောမကျသည့် ပုံစံကိုမှ မပြပေ။

လူသန်ကြီးဟာ မည်သည်ကိုမှ ဖုံးကွယ်မထားပဲ သူ၏ အစစ်အမှန် အသွင်အပြင်ကို ပြသထား၏။ ရှင်းလင်းစွာပင် သူ၏ ခွန်အားအပေါ် အလွန်ယုံကြည်ချက် ရှိပါသည်။

“အရှင်လဲ့.. ဒါက ခင်ဗျားရဲ့ ပိုက်ဆံပါ။ ကျေးဇူးပြုပြီး လက်ခံပေးပါ”

အမှုထမ်းက အတည်ပြုပြီးနောက် ငွေ၂၀လျန်တို့ကို လက်နှစ်ဖက်ဖြင့် ပေးသည်။

“အိုကေ”

လဲ့ဟူက ငွေကိုယူကာ ထွက်ခွာရန် နောက်သို့လှည့်၏။ မလှမ်းမကမ်းရှိ ဟန်ကျောက်ကို တွေ့ရပြီးနောက် မှင်သက်သွားသည်။

All Chapters