(ကျန်းထန်ဝမ်၏ ဖိတ်ခေါ်မှု)
Vol. 2 Ch. 20
“အဆင့်တက်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဟုတ်ပြီ မတွေးလိုက်နဲ့။ ဒါက အစပဲ ရှိသေးတယ်။ မနက်ဖြန်ကစပြီး နေ့စဉ်နေ့တိုင်း နေ့လည်စာစားပြီးတိုင်း ငါ့အခန်းကို လာခဲ့။ ငါမင်းကို တောင်ဖြိုလက်သီးသိုင်းရဲ့ နက်နဲတဲ့ နားလည်သဘောပေါက်မှုဆိုင်ရာ အတတ်ကို သီးသန့်သင်ပေးမယ်”
“ဟုတ်ကဲ့ပါဆရာ”
အရပ် ၁.၉မီတာ မြင့်မားသည့် ကျောက်ယွမ်ထုဟာ ကလေးတစ်ယောက်သဖွယ် ခေါင်းကိုငုံ့ကာ လုယီ၏ရှေ့တွင် ရပ်နေ၏။
“ဘာလို့ စောစော ပြန်မနားသေးတာလဲ။ အရက်စော်နံတယ်”
“ဟုတ်ကဲ့”
ကျောက်ယွမ်ထုဟာ လွတ်ငြိမ်းချမ်းသာခွင့် ရသည့်အလား ခံစားရ၏။ နဖူးမှ ချွေးများကို အင်္ကျီလက်နှင့် သုတ်ပြီးနောက် လုယီကို လေးစားစွာ ဦးညွှတ်ပြီး ခြံဝန်းအရှေ့ပိုင်းဆီသို့ လျှင်မြန်စွာ ပြေးသွား၏။
“တကယ့်ကိုပဲ…”
လုယီက ခေါင်းကိုယမ်းကာ ရယ်၏။ ခွန်အားသန့်စင်ခြင်းအဆင့် ဆရာသခင်တစ်ယောက် အနေနှင့် သူဟာ စားကောင်းသောက်ဖွယ် မျိုးစုံတို့ကို စားဖူးပါသည်။ သို့ပေမယ့် ဒီတပည့်ကို စနောက်ရတာ စိတ််ဝင်စားဖို့ ကောင်းလှ၏။
ဥပမာအားဖြင့် ဟန်ကျောက်ဆိုလျှင် အလွန် ပါးနပ်လွန်းလေသည်။ လုံးဝ စနောက်လို့ မကောင်းပေ။ အကြီးဆုံးတပည့်က ပိုမို ပျော်ဖို့ကောင်း၏။
…
နောက်တစ်နေ့နံနက်တွင်…
ဟန်ကျောက်ဟာ လမ်းဘေးဆိုင်၌ ပေါက်စီဆယ်လုံးလောက်ကို စားသောက်ပြီးနောက် သိုင်းကျောင်းဆီသို့ လေ့ကျင့်ရန် ထွက်ခဲ့သည်။ မနေ့က လုယီက သတိပေးထားရာ ဂရုစိုက်ရန် လိုအပ်၏။
သိုင်းကျောင်းရှိသည့် နေရာမှ လမ်းပေါ်သို့ လျှောက်လျှင်ရောက်ချင်း သူဟာ တင့်တယ်အထက်တန်းကျသည့် ရထားလုံးအချို့တို့ အဝတွင် ရပ်ထားကြောင်းကို တွေံလိုက်ရသည်။ ၎င်းတို့အပေါ်တွင် မိသားစု အမှတ်တံဆိပ်များ ပါရှိ၏။ သိသာစွာပင် မြို့တွင်းပိုင်းရှိ မိသားစုကြီးများမှ ဖြစ်ပေသည်။
ဟန်ကျောက်ဟာ သိုင်းကျောင်းအတွင်းသို့ လျှောက်ဝင်သွားပြီးနောက် ကျောက်ယွမ်ထု၏ ပတ်ဝန်းကျင်တွင် ဦးညွှတ်လိုက်၊ လောကွတ်ချော်လိုက်နှင့် ပြုနေကြသည့် လူလတ်ပိုင်း လူကြီးအချို့ကို တွေ့လိုက်ရသည်။ မနက်ခင်း လက်ဖက်ရည်သောက်ရန် အတင်းဖိတ်နေကြခြင်း ဖြစ်၏။ ကျောက်ယွမ်ထုမှာ အခက်အခဲ ဖြစ်နေသည့် ပုံပါ။
သို့ပေမယ့် လုယီက ပြောလာပြီးနောက် လိုက်သွားရ၏။ ဟန်ကျောက်ကို ဖြတ်သန်းသွားချိန်၌ သူဟာ ခါးသက်စွာ ပြုံးလေသည်။ ရှင်းလင်းစွာပင် ယခုကဲ့သို့ ဘဝကို အသားမကျစွာ ရှိနေ၏။
“ဒါက လူတစ်ယောက်ရဲ့ အလားအလာကို ဘယ်တော့မှ အထင်မသေးနဲဲ့ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ပဲ”
ဟန်ကျောက်တစ်ယောက် ကိုယ့်ကိုယ်ကိုယ် တွေးသည်။
“အချိန်တစ်လက်မဟာ ရွှေတစ်လက်မ ဖြစ်တယ်။ ရွှေတစ်လက်မနဲ့ အချိန်တစ်လက်မကို ဝယ်လို့ရတယ်”
ဟန်ကျောက်ဟာ ပေါ်လာသည့် အချက်ပေးစာသားကို လစ်လျူရှုထား၏။ သို့ရာတွင် နှလုံးသားထဲ၌ သက်ပြင်းချသည်။
အရိုးသန့်စင်ခြင်း အဆင့်နှင့် သွေးသန့်စင်ခြင်း အဆင့်မှာ အမှန်တကယ်ကို ကမ္ဘာခြားလှ၏။ တစ်ခုက အလယ်ကျကာ အခြားတစ်ခုမှာတော့ ထိပ်တန်းနှင့် နီးကပ်နေပြီ ဖြစ်၏။
ဟန်ကျောက်ဟာ လုယီကို ဦးညွှတ်ပြီးနောက် ခြံဝန်းအတွင်းသို့ လျှောက်ဝင်သွားသည်။ အလယ်လမ်းမဆီသို့ ရောက်ရှိပြီးနောက် အပြင်ဘက်ခြံဝန်း၏ ထော့င်ရှိ ပုံရိပ်တစ်ခုကို သတိထားမိ၏။ တစ်ဖက်လူဟာ အပေါ်ပိုင်းဗလာနှင့် ထွားကြွားသည့် ကြွက်သားများကို လှစ်ထားလေသည်။ လက်သီးများနှင့် သံအိုးထဲရှိ အပူပေးထားသည့် သဲတို့ကို ထိုးနေ၏။
“မင်္ဂလာနံနက်ခင်းပါ စီနီယာအစ်ကိုလီ”
ဟန်ကျောက်ဟာ ခဏတာ မှင်သက်နေပြီးနောက် လီဖေးကို နှုတ်ဆက်၏။ ရှင်းလင်းစွာပင် လီဖေးဟာ တောင်ခွဲဆေဘာအတတ်ကို ကျင့်ကြံခြင်းအား လက်လျှော့ကာ တောင်ဖြိုလက်သီးသိုင်းကို ပြောင်းလဲကျင့်ကြံနေသည့် ပုံပါ။ ကျောက်ယွမ်ထု၏ အဆင့်တက်မှုက သူ့ကို ကြီးစွာ သက်ရောက်စေသည် ထင်၏။
သူဟာ အသက်၂၅နှစ် ပြည့်လုနီးပါး ရှိနေပါပြီ။ တောင်ဖြိုလက်သီးသိုင်းနှင့် တောင်ခွဲဆေဘာသိုင်းတို့ဟာ သဟဇာတဖြစ်ကြ၏။ လက်သီးသိုင်းမှာတော့ များစွာ ပိုမိုလွယ်ကူလေသည်။ ထို့ကြောင့် ကျင့်စဉ်ပြောင်းလဲပါက သွေးသန့်စင်ခြင်း အဆင့်သို့ ချိုးဖျက်ရန် အခွင့်အရေး ရှိနေပါသေးသည်။
ဘာပဲဖြစ်ဖြစ် အစကတည်းက သူ၏ ပါရမီက မဆိုးလှပေ။ မြို့တွင်းပိုင်းရှိ မိသားစုကြီးတစ်ခုမှ လာကာ ခြုံငုံကြည့်ပါက ကျောက်ယွမ်ထုထက်ပင် အခြေအနေများစွာ သာလွန်၏။
လီဖေးက လက်ကိုမြှောက်ကာ မျက်နှာပေါ်ရှိ ချွေးများကို သုတ်သည်။ ဟန်ကျောက်ကို ပြုံး၏။
“မင်္ဂလာပါက ဂျူနီယာညီဟန်”
ထိုစကားကို ပြောပြီးနောက် သူဟာ ပြန်လည်လေ့ကျင့်၏။
ဟန်ကျောက်ဟာ ခြံဝန်းထဲသို့ ဝင်ရောက်ခဲ့သည်။ အတွင်းဘက်ခြံဝန်းတွင် ရှလင်၊ စုယွင်နှင့် ကျန်းထန်ဝမ်တို့ အားလုံး ရှိကြ၏။ ဟန်ကျောက်၏ လျှောက်ဝင်လာမှုကို တွေ့ရပြီးနောက် ကျန်းထန်ဝမ်က ရှားပါးစွာ ပြုံးပြီး ရှေ့တက်လာခဲ့သည်။
“ဂျူနီယာညီဟန်.. ဒီနေ့ကစပြီး ငါနဲ့အတူ လေ့ကျင့်လေ”
စိတ်အားထက်သန်သည့် လေသံက ဟန်ကျောက်ကို မနှစ်မြို့စွာ ခံစားစေ၏။ ပြီးခဲ့တုန်းက ကျင့်ကြံစဉ်တွင် ရှလင်နှင့် လီဖေးတို့ဟာ သူနှင့်အတူ လာရောက် ယှဉ်တွဲလေ့ကျင့်ပေးကြသည်။ စုယွင်နှင့်လည်း ရံဖန်ရံခါ လေ့ကျင့်၏။ ကျန််းထန်ဝမ်သာလျှင် အမြဲတမ်း မာနကြီးစွာ ရှိနေပါသည််။ လုယီ၏ စေခိုင်းမှုသာ မရှိပါက ဟန်ကျောက်ကို မရှိသကဲ့သို့သာ ထားမှာပါ။ ယခုတော့ ရုတ်တရက် လာရောနေ၏။ ကြည့်ရတာ တစ်ခုခု လိုချင်တာရှိသည့် ပုံပါ။
“ဒါဆိုရင် အစ်ကိုကျန်းကို ကျွန်တော် အလုပ်ရှုပ်စေပြီ” ဟန်ကျောက် လက်နှစ်ဖက်ကို ဆုပ်သည်။
“ရပါတယ်။ ရပါတယ်”
ကျန်းထန်ဝမ်က ဟန်ကျောက်ကို ဘေးသို့ ဆွဲခေါ်သွား၏။
“ဂျူနီယာညီဟန်… ငါကြားတာတော့ ရှမိသားစုရဲ့ ဆန်ဆိုင်မှာ တစ်လကို ငွေ၁လျန်နဲ့ အလုပ်လုပ်တယ်ဆို”
“ဟုတ်ပါတယ်။ စီနီယာအစ်မရှက တကယ့်ကို ရက်ရောတယ်”
ဟန်ကျောက်က ခေါင်းညှိတ်သည်။ တစ်ဖက်လူ၏ ပြောစကားကို ခန့်မှန်းမိပြီး ဖြစ်၏။ ကျန်းထန်ဝမ်က လက်လေးချောင်းကို ထောင်ကာ ဟန်ကျောက်ရှေ့တွင် ဝှေ့ယမ်းပြသည်။
“အစ်ကိုမင်းကို တစ်လကို ငွေ၄လျန်ပေးမယ်။ ကျန်းမိသားစုအောက်ကို ဝင်ရင်ရော ဘယ်လိုလဲ”
“ကျွန်တော်က အရေအပြားသန့်စင်မှုအဆင့် သိုင်းသမားလေးကို… ဒီလောက်ပိုက်ဆံအများကြီးယူပြီး ကျွန်တော် စိတ်ဖြောင့်နိုင်မှာ မဟုတ်ဘူး။ စီနီယာအစ်ကိုကျန်းရဲ့ ကြင်နာမှုကိုတော့ ကျွန်တော် ကျေးဇူးတင်ပါတယ်”
ဟန်ကျောက်က ငြင်း၏။
ကျန်းထန်ဝမ်က သူ့ကို ကျန်းမိသားစုနှင့် တစ်ခါတည်း စာချုပ်တစ်ခု ချုပ်စေလိုခြင်း ဖြစ်သည်။ ဤသည်က အမည်ခံစာရင်းပေးသည်နှင့် မတူပေ။ မိသားစုတစ်ခုတည်းနှင့် စာချုပ်ချုပ်ခြင်းမျိုး ဖြစ်၏။ ကိုယ့်ကိုယ်ကိုယ် ရောင်းလိုက်သည်နှင့် တူညီပါသည်။
“စိတ်မပူပါနဲ့။ မင်းကို ဒီအတိုင်းတော့ အခုလို ခံစားခွင့်တွေ မပေးပါဘူး။ အစ်ကိုကြီးကို ငါ့ရဲ့ကျန်းမိသားစုကို ဝင်ဖို့ မင်းကူပြောပေးနိုင်မှ ရမှာ။ အဲ့လိုဆို နောင်မှာ အန္တရာယ်ရှိတဲ့ ကိစ္စတွေ ပေါ်လာတဲ့အခါကျရင်လည်း မင်းကို ဝင်ပါစရာမလိုအောင် ငါလုပ်ပေးမယ်လို့ ကတိပေးတယ်”
ကျန်းထန်ဝမ်က လက်ကိုဝှေ့ကာ ပြောသည်။ သူက ကျောက်ဟန်ကို အကျိုးအမြတ်သာ လိုချင်ပြီး သေမှာကြောက်နေခြင်း ဖြစ်သည်ဟု တွေးကာ ယခုကဲ့သို့ လေနှင့် ကတိပေးလိုက်ခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် နောင်တွင် ကံကောင်းပြီး ဒီကောင်သာ အရိုးသန့်စင်ခြင်း အဆင့်သို့ မြင့်တက်နိုင်ပါက ငွေ၄လျန်ကို မရှုံးဘူးဟု ယဆနိုင်၏။
“အရင်းရှင်တွေတောင် ဒီလောက် နှလုံးသားမမဲဘူး။ ငွေ၁၀လျန်အောက်မှာ ဘာမှစဉ်းစားမနေနဲ့။ အဲ့ထက်ကျော်ရင်တော့ စဉ်းစားပေါ့”
“ကျွန်တော့အထင်တော့ ရှမိသားစုရဲ့ ဆန်ဆိုင်က အရမ်းကောင်းပြီး လွတ်လည်းလွတ်လပ်တယ်။ အစ်ကိုကြီးက ဘယ်မိသားစုကို ရွေးချယ်မလဲ ဆိုတာကတော့ ဒါက ကျွန်တော် ထိန်းချုပ်နိုင်တဲ့အရာ မဟုတ်ဘူး။ အစ်ကိုကျန်း.. ဒီကိစ္စကို ဘာလို့ အစ်ကိုကြီးကို ကိုယ့်ဘာသာ မပြောတာလဲ”
ဟန်ကျောက်က ငြင်းဆန်ပြန်၏။ ထိုစကားနှင့်အတူ လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်ပြီး ရှလင်နှင့် လေ့ကျင့်ရန် ထွက်ခဲ့၏။
ဟန်ကျောက်၏ တစ်ကြိမ်ပြီးတစ်ကြိမ် ငြင်းဆန်မှုကို တွ့ရပြီးနောက် ကျန်းထန်ဝမ်၏ ပုံဆန်က အနည်းငယ် ပုံပျက်လာခဲ့သည်။ ဒေါသတကြီး ပေါက်ကွဲချင်ပေမယ့် ပြန်ထိန်းထားလိုက်၏။ ဒီကောင်မှာ အစ်ကိုကြီး၏ နောက်လိုက်လေးသာ ဖြစ်လေသည်။ နာမည်စာရင်း ပေးရုံနှင့် ငွေ၄လျန်ကို ရလိုသည်လား။ အခွင့်အရေးပေးသည်ကို ကျေးဇူးတင်ရကောင်းမှန်း မသိသည်ပင်။
“ဂျူနီယာမောင်လေးဟန်..”
ဟန်ကျောက်၏ လျှောက်လာမှုကို တွေ့ရပြီးနောက် ရှလင်၏ ပန်းရောင်နှုတ်ခမ်းအသွယ်က အနည်းငယ် ပွင့်ဟလာ၏။ တစ်ခုခု ပြောချင်ပေမယ့် တုံ့ဆိုင်းနေေလသည်။
သူမဟာ အနည်းငယ် ခံစားသွားရပြီး တစ်ဖက်လူကို ကူညီခဲ့တာ မမှားဟု ခံစားရ၏။ ဘာပဲဖြစ်ဖြစ် ကျန်းထန်ဝမ်ပေးသည့် ခံစားခွင့်တို့မှာ အလွန်ရက်ရောပါသည်။ ဟန်ကျောက်သာ သဘောတူလိုက်ပါက အစ်ကိုကြီး၏ ဆုံးဖြတ်ချက်ကို သက်ရောက်စေဖို့ အလွန်နီးစပ်၏။
ထို့အပြင် ကျန်းမိသားစုမှာ မြို့တွင်းပိုင်းရှိ မိသားစုကြီးတစ်ခု ဖြစ်လေသည်။ ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင် မရှိပေမယ့် အရိုးသန့်စင်ခြင်းအဆင့် တစ်ဝက်တစ်ပြတ်သိုင်းသခင် ငါးယောက်ရှိပါသည်။ သူတို့ဟာ ရှမိသားစုထက် များစွာ ပိုမိုသန်မာကြ၏။
ကျန်းထန်ဝမ်မှာ တိုက်ရိုက်မျိုးဆက် မဟုတ်ပေမယ့် ကျန်းမိသားစုအတွက် သွေးသန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်အား ဖိတ်ခေါ်မှုမှာ သေချာပေါက် သူမထက် ပိုမိုကြေးမြင့်စွာ ပေးမှာပါ။
“စီနီယာအစ်မရှ.. နောင်မှာလည်း အတူတူလေ့ကျင့်ဖို့ လာရှာမယ်နော်။ ကျေးဇူးပြုပြီး ညွှန်ကြားပေးပါဦး”
ဟန်ကျောက်က ရှလင်၏ရှေ့တွင် ရပ်သည်။
“အင်းပါ”
ရှလင်က လေးလံစွာ ခေါင်းညှိတ်၏။
ထိုပုံကို တွေ့ရပြီးနောက် စုယွင်လည်း အနည်းငယ် ခေါင်းညှိတ်၏။ ဒီကောင်က မာနရှိကာ ဖြောင့်မတ်လေသည်။ သို့ရာတွင် ကျန်းထန်ဝမ်ကို မျက်နှာပျက်စေခြင်းက အနာဂတ်တွင် သေချာပေါက် လွယ်ကူမည်မဟုတ်ပါ။ ကျန်းမိသားစုမှာ သူမ၏ စုမိသားစုထက်ပင် အနည်းငယ် ပိုမိုသန်မာ၏။
…
“စားဖို့အချိန်ရောက်ပြီ… စားဖို့အချိန်ရောက်ပြီ”
နေ့လည်စာစားချိန်တွင် ဟန်ကျောက်ဟာ မီးဖိုချောင်သို့ ပေါ့ပါးသည့် ခြေလှမ်းများဖြင့် ပြေးခဲ့၏။ ပြောရမှာ နားထောင်မကောင်းပေမယ့် ဒီနေ့နေ့လည်တွင် ကျောက်ယွမ်ထုမရှိရာ သူ့အနေနှင့် ပိုမိုစားသောက်နိုင်ပါပြီ။
“အပြီကြိတ်ပြီ”
ဟန်ကျောက်ဟာ မီးဖိုတံခါးကို တွန်းဖွင့်လိုက်၏။ လုယီဟာ ကြက်ပေါင်ကို ကိုင်ထားလေသည်။ ဟန်ကျောက်၏ သွက်လက်ပေါ့ပါးသည့် အသွင်ကို တွေ့ရပြီးနောက် အသားဝါးနေခြင်းဟာ ရပ်တန့်သွား၏။
ဟန်ကျောက် “…”
လုယီ “…”
“ယခုအချိန်တွင် စကားလမ်းကြောင်းလွှဲခြင်းက နေရခက်မှုကို အများကြီး ပြေလျော့စေနိုင်၏”
ဟန်ကျောက်၏ ပုံစံက လေးနက်သွားပြီး လုယီကို ဦးညွှတ်၏။
“ဆရာလု.. ဒီနေ့ အပြင်မှာသွားမစားဘူးလားဗျ”