← Chapters

(လင်းယုန်ပျိုးထောင်ခြင်းစံအိမ်မှ တာဝန်)

Vol. 2 Ch. 24

(လင်းယုန်ပျိုးထောင်ခြင်းစံအိမ်မှ တာဝန်)

Vol. 2 Ch. 24

ဘာပဲဖြစ်ဖြစ် လင်းယုန်ပျိုးထောာင်ခြင်း စံအိမ်မှ ပိုက်ဆံယူထားရာ အလကားနေလို့ မရပေ။

“ထိန်းချုပ်မှုအောက်က လွတ်လို့မဖြစ်ဘူး”

ထိုကဲ့သို့ တွေးမိပြီးနောက် ဟန်ကျောက်ဟာ အရင်ဆုံး အစမ်းရှင်သန်မှု ပြုရန် ပြင်ဆင်သည်။

“အချက်ပေးအပိုင်းအစ ၃၀တို့ကို ရရှိထားသည်။ ဝင်ရောက်ခွင့်တစ်ကြိမ်ကို ပေါင်းစည်းမည်လား”

“တစ်ကြိမ်ပေါင်းစပ်ခြင်း- အချက်ပေးအပိုင်းအစ ၂၀….”

“ပေါင်းစပ်ပြီးသည်။ အစမ်းရှင်သန်မှု စတင်သည်”

“အသက်၁၈နှစ်တွင် သင်သည် အရိုးသန့်စင်ခြင်း အဆင့်သို့ မြင့်တက်ခဲ့သည်။ လင်းယုန်ပျိုးထောင်ခြင်း စံအိမ်မှ တာဝန်အရ သင်သည် နဂါးပျံအဖွဲ့နှင့် ထိတွေ့ခဲ့၏”

“လင်းယုန်ပျိုးထောင်ခြင်း စံအိမ်ဆီသို့ ပြန်ရောက်ပြီးနောက် သင်သည် စံအိမ်၏ ဒုခေါင်းဆောင် ကျုခန်ရှန်းအား သင့်အတွက် ဆေဘာတစ်ချောင်းကို ထုလုပ်ပေးရန် အပ်နှင်းသည်။ တစ်ဖက်လူဟာ သင့်အတွက် ဆေဘာဓါးကောင်းတစ်လက် ထုလုပ်ပေးရန် အရာအားလုံးကို လုပ်ပေးနိုင်သည်ဟု ဆို၏။ နဂါးပျံအဖွဲ့၏ ခေါင်းဆောင် ချီရှင်းကို သတ်ပေးရန် မျှော်လင့်လေသည်။ သင်သည် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်နှင့် ရန်သူမဖြစ်ချင်ပေ။ ထို့ကြောင့် သဘောမတူခဲ့ပါ”

“ထို့နောက် လေလံပွဲတွင် တက်ရောက်ဆင်နွှဲသည်”

“တစ်ပတ်ကြာပြီးနောက် သင်သည် လုယီကို အဆင့်တက်ခဲ့ပြီဟု အသိပေးခဲ့၏။ တစ်ဖက်လူဟာ အလွန် ပျော်သွားပြီး သင့်အတွက် လျှို့ဝှက်ချက်အဖြစ် ထားပေးရန် သဘောထူခဲ့သည်။ နှစ်ဝက်ကြာပြီးနောက် အရိုးသန့်စင်ခြင်း အဆင့်သို့ သင်ချိုးဖျက်သွားသည့် သတင်းဟာ ပြန့်နှံ့သွားသည်”

“အသက်၂၂နှစ်တွင် သင်၏ သက်ရှည်ကျမ်းသည် တတိယအဆင့်သို့ မြင့်တက်သွားသည်။ သင်သည် လင်းယုန်ပျိုးထောင်ခြင်းစံအိမ်ဆီသို့ သွားရောက်ကာ ပိုမိုကောင်းမွန်သည့် ဆေဘာတစ်ချောင်းကို ဝယ်ယူခဲ့သည်။ ကျုခန်ရှန်းက ထပ်မံတောင်းဆိုမှု ပြုရာ သင်က လက်ခံခဲ့သည်”

“နှစ်လကြာအောင် ထောက်လှမ်းပြီးနောက် သင်သည် ချီရှင်းကို အလစ်အငိုက် တိုက်ခိုက်ခဲ့သည်။ အောင်မြင်စွာ သတ်ဖြတ်ပြီးနောက် ဦးခေါင်းကို ကျုခန်ရှန်းဆီသို့ ယူဆောင်ခဲ့၏”

“သုံးလကြာပြီးနောက် ကျုခန်ရှန်းက သင့်ကို ဆေဘာလာယူရန် သတင်းပို့သည်။ သင်ရောက်ရှိသွားပြီးနောက် တစ်ဖက်လူဟာ မီးပုံအတွင်းသို့ ခုန်ချသွားပြီး ကိုယ့်ကိုယ်ကိုယ် စတေးကာ ဆေဘာဓါးကို ထုတ်လုပ်ပေးသည်။ သင်ဟာ အလွန်အံ့ဩသွားခဲ့၏။ သွေးရောင် ဆေဘာတစ်ချောင်း ဖြစ်တည်လာခဲ့သည်။ ညင်သာစွာ ဝှေ့ယမ်းရုံနှင့် ဖိနှိပ်မှုတစ်ခုကို သင်ခံစားရသည်”

“တစ်လကြာပြီးနောက် သင်သည် မြို့မှထွက်ကာ ချန်မိသားစု၏ လေလံအိမ်သို့ တက်ရောက်ရန် သွားသည်။ လမ်းတစ်ဝက်တွင် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်၏ တိုက်ခိုက်ခြင်းကို ခံရ၏။ ဓါးသုံးချက်နှင့် သင်ဟာ တစ်ဖက်လူကို နောက်ဆုတ်သွားစေခဲ့သည်”

“သင်သည် အန္တရာယ်ကို ခံစားရပြီး ကျောက်နက်မြို့ဆီသို့ ပြန်ခဲ့သည်။ လမ်းတွင် သွေးသန်စင်ခြင်းအဆင့် သိုင်းသမားသုံးယောက်တို့ သင့်ကို ဝင်ရောက်တိုက်ခိုက်ကြ၏။ သင်သည် တစ်ယောက်ကို သတ်ဖြတ်ကာ နှစ်ယောက်ကို ဒဏ်ရာအပြင်းအထန် ရစေခဲ့သည်။ နောက်ဆုံးတွင် သင်လည်း အားအင်ခမ်းခြောက်ကာ သေဆုံးခဲ့၏”

“နဂါးပျံအဖွဲ့ရဲ့ အန္တရာယ်က နက်လှချည်လား”

“ဘယ်လိုရန်ငြှိုးမျိုးကြောင့် ဒုစံအိမ်သခင်က ကိုယ့်ကိုယ်ကိုယ် စတေးပြီး ဆေဘာဓါးကို လုပ်ပေးခဲ့တာပါလိမ့်” ဟန်ကျောက်ဟာ အစမ်းရှင်သန်မှုမှ အချက်အလက်များကို ကြည့်ရှုပြီးနောက် အတွေးနက်သွား၏။

“အစမ်းရှင်သန်မှု ပြီးဆုံးသည်။ သင်သည် အောက်ပါများထဲမှ တစ်ခုကို ရွေးချယ်နိုင်သည်”

“၁။ ပါရမီကို ရရှိသည်(ရွေးချယ်လို့မရပါ)”

“၂။ စွမ်းရည်မှတ်ကို ရရှိသည်”

“၃။ ဘဝအတွေ့အကြုံကို ရရှိသည်”

“လက်ရှိကျန်ငွေ- ရွှေ၁လျန်”

‘သွေးသန့်စင်ခြင်းအဆင့် သုံးယောက်ကို စုစည်းနိုင်တာ.. မြို့တွင်းပိုင်းက မိသားစုကြီးတစ်ခုခု(သို့) မြို့အပြင်ဘက်က ချန်မိသားစုလို ထိပ်တန်းအဖွဲ့တစ်ခုပဲ ဖြစ်မယ်… ငါပါဝင်သင့်လား’

ဟန်ကျောက်ဟာ တွန့်ဆုတ်သွား၏။

“ထားလိုက်ပါတော့.. သေသေချာချာ ဆက်ပြီး စုံစမ်းဦးမယ်”

ရန်သူဘက်တွင် ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင် မရှိပါက သူလုပ်နိုင်မှာပါ။ ဘာပဲဖြစ်ဖြစ် အသက်၂၁နှစ်တွင် သူဟာ သွေးသန့်စင်ခြင်း အဆင့်ကို သေချာပေါက် ရောက်ရှိမှာဖြစ်၏။

“ပါရမီက မရဘူးလား”

နံပါတ်တစ်၏ မရနိုင်သည့်ပုံကို တွေ့ရပြီးနောက် ဟန်ကျောက်ဟာ နဖူးကို လက်ဝါးဖြင့်ရိုက်သည်။

“ဟူး… ငါသူ့အတွက် အမွှေးတိုင်ထွန်းပေးဖို့ မေ့ပြန်ပြီ”

“နှစ်”

“စွမ်းရည်မှတ် +၂”

“သိုင်းပညာများ- သက်ရှည်ကျမ်း(ဒုတိယအဆင့် အသေးစားကျွမ်းကျင်မှု ၉၉%(အဆင့်မြှင့်တင်နိုင်)၊ အထူးသက်ရောက်မှု- ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း အဆင့်၃)”

စနစ်မျက်နှာပြင်ပေါ်ရှိ သက်ရှည်ကျမ်း၏ ကျွမ်းကျင်မှုအဆင့်ကို ကြည့်ကာ ဟန်ကျောက်ဟာ ရေရွတ်လိုက်သည်။

“သက်ရှည်ကျမ်းကို အဆင့်မြှင့်တင်မယ်”

စွမ်းရည်မှတ် ၂မှတ်တို့ဟာ သုညသို့ ပြောင်းလဲသွားပြီး သိုင်းပညာကော်လံဟာ ပြောင်းလဲသွားခဲ့၏။

“သိုင်းပညာများ- သက်ရှည်ကျမ်း(ဒုတိယအဆင့်၏ ပြီးပြည့်စုံခြင်းအဆင့် ၈၂%(အဆင့်မြှင့်တင်နိုင်)၊ အထူးသက်ရောက်မှု- ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း အဆင့်၄၊ သက်တမ်း ၁၀နှစ်)”

“ဒုတိယအဆင့် ပြီးပြည့်စုံခြင်း အဆင့်လား… အဆင့်မချိုးဖျက်ဘူးလား…”

ဟန်ကျောက်ဟာ မှင်သက်သွား၏။ စွမ်းရည်မှတ်နှစ်ခုက တတိယအဆင့်ကို မြင့်တက်နိုင်ခြင်း မရှိပဲ နေမည်ဟု သူထင်မထားခဲ့ပေ။

“ဟန်.. ဘာဖြစ်တာလဲ.. ဟစ်”

သူ၏ အချက်အလက် ပြောင်းလဲမှုတို့ကို မကြည့်ရသေးခင်တွင် ရုတ်တရက် ခန္ဓာကိုယ်တစ်ခုလုံး၌ ဆုတ်ဖြဲခံရသည့် နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ တစ်ယောက်ယောက်က သူ၏ကြွက်သားများကို ဓါးဖြင့်မွှမ်းနေသည်ဟု ခံစားရ၏။ အရေအပြား၊ အသားနှင့် အရိုး တစ်လက်မချင်းစီတိုင်းတွင် ပြင်းထန်သည့် နာကျင်မှုကို ခံစားရသည်။ သူဟာ အိပ်ယာပေါ်သို့ လဲကျသွားပြီး နာကျင်မှုကြောင့် တသိမ့်သိမ့်တုန်နေ၏။

“အားးး”

ဟန်ကျောက်ဟာ သွားများကို တင်းကြပ်စွာစေ့ကာ အံကိုကြိတ်ထားသည်။

“နာလိုက်တာ..”

“အရမ်းနာလိုက်တာ”

နောက်ဆုံးအကြိမ် ဆင့်တက်တုန်းကလည်း နာကျင်ပေမယ့် အချိန်အတိုင်းအတာက တိုတောင်းလွန်းခဲ့သည်။ ဒီတစ်ကြိမ်တွင်တော့ ဟန်ကျောက်ကို အမှန်တကယ် နာကျင်မှုဖြင့် ညည်းတွားမိစေ၏။ သို့ပေမယ့် သူ့အနေနှင့် တောင့်ခံရန်သာ တတ်နိုင်ပါသည်။ ဘယ်လောက်ကြာသွားလဲ မသိပေ။

ဟန်ကျောက်ဟာ ချွေးများ စိုရွှဲနေပြီး ခန္ဓာကိုယ်ပေါ်ရှိ နာကျင်မှုတို့ဟာ လှိုင်းတစ်ခုသဖွယ် လွင့်ပါးသွားကြသည်။ မောဟိုက်စွာဖြင့် အိပ်ယာပေါ်တွင် ထိုင်လိုက်၏။ ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။

“ဒါက အခွင့်ထူးခံ ဖြစ်ရတဲ့ တန်ကြေးလား။ ဒီခံစားချက်က တကယ့်ကိုပဲ..”

“အံ့ဩဖို့ကောင်းလိုက်တာ”

ဟန်ကျောက်ဟာ စွမ်းအင်ပြည့်ဝစွာ ခံစားရ၏။ သူဟာ စိုရွှဲနေသည့် အင်္ကျီကို ချွတ်လိုက်သည်။ ခန္ဓာကိုယ်အထက်ပိုင်းရှိ ကြွက်သားများ ပေါ်လာ၏။ အစက မသိသာပေမယ့် ယခုအချိန်၌ ကောင်းမွန်အချိုးကျစွာ ရှိလာခဲ့သည်။ စစ်ပက်၏ အမြှောင်းများမှာ ပိုမိုရှင်းလင်းလာ၏။ ရင်ဘတ်ကြွက်သားဟာ ရှလင်၏ အဝတ်ဖြင့် ဖိထားသည်ထက်ပင် ကြီးလာခဲ့သည််။

“ခန္ဓာကိုယ်ကြံ့ခိုင်မှု အဆင့်၄၊ သက်တမ်း ၁၀နှစ်”

ဟန်ကျောက်ဟာ မျက်နှာပြင်၏နောက်ရှိ အထူးသက်ရောက်မှုကို ကြည့်သည်။ သူ၏ သက်တမ်းဟာ ဆယ်နှစ် တိုးလာခဲ့၏။ သက်ရှည်ကျမ်း အဆင့်တစ်တွင် အထူးသက်ရောက်မှုမှာ ခန္ဓာကိုယ်ကြံ့ခိုင်မှု အဆင့်တစ်သာ ဖြစ်သည်။ အဆင့်နှစ်တွင်တော့ အဆင့်သုံးခုတောင် မြင့်တက်လာခဲ့၏။ တတိယအဆင့်တွင် ထိုအထူးသက်ရောက်မှုဟာ ဆက်လက်တိုးတက်လာမည့်ပုံပါ။

“ဒါက တကယ်ပဲ ကျန်းမာကြံ့ခိုင်ရေး ကျင့်စဉ်လား”

ဟန်ကျောက်ဟာ အံ့ဩနေမိ၏။ အစစ်အမှန်ချီကျင့်ကြံခြင်း နည်းလမ်းမှာ အလွန် ပုံမှန်မဆန်လှပေ။

ထိုကဲ့သို့ တွေးမိပြီးနောက် ဟန်ကျောက်ဟာ သစ်သားခေါင်းအုံးကို ယူပြီး ထောင့်တစ်ခုကို ဖဲ့လိုက်၏။ ဒီတစ်ကြိမ်တွင် အစစ်အမှန်ချီကို အသုံးပြုခြင်း မရှိခဲ့ပါ။ သန့်စင်သည့် ခန္ဓာကိုယ်ခွန်အားဖြင့်သာ ဖျစ်ညှစ်လိုက်ခြင်း ဖြစ်၏။

“ချပ်စ်”

ခေါင်းအုံးပေါ်၌ လက်ဝါးရာက ပေါ်လာခဲ့၏။ အနည်းငယ် အားပိုထည့်လိုက်သည်နှင့် ပူ‌ေဖာင်းကဲ့သို့ ပျက်စီးသွားမှာပါ။

“ငါ့ရဲ့ခွန်အားက တိုးလာပြန်ပြီ”

“အခုလောက်ဆို… ထိပ်တန်းအဆင့် အရိုးသန့်စင်ခြင်းအဆင့် သိုင်းသမားတွေထက် အနည်းငယ် ပိုသန်မာလာလောက်ပြီ။ သွေးသန့်စင်ခြင်း အဆင့်ကတော့ ဘယ်လောက်အထိ သန်မာလဲ မသိဘူး။ အပြင်ပိုင််းနဲ့ အတွင်းပိုင်း ကျင့်ကြံမှုနှစ်ခု ပေါင်းလိုက်ရင် အနိုင်ယူနိုင်မလား”

လက်ရှိအချိန်၌ ဟန်ကျောက်ဟာ သွေးသန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ကို တိုက်ခိုက်ရန် စဉ်းစားခြင်း ပြုမည်မဟုတ်ပါ။

ကျောက်ယွမ်ထုမှာ အဆင့်တက်ကတည်းက အခြေခံအားဖြင့် သိုင်းကျောင်းတွင် မရှိတာများသည်။ ဟန်ကျောက်အနေနှင့် နှိုင်းယှဉ်စရာမရှိ ဖြစ်နေ၏။

လုယီမှာတော့ သူကဲ့သို့ အရေအပြားသန့်စင်ခြင်း အဆင့်တစ်ယောက်နှင့် ယှဉ်တိုက်ခိုက်ပေးမည် မဟုတ်ပါ။ သို့ရာတွင် အရိုးသန့်စင်ခြင်း အဆင့်နှင့် သွေးသန့်စင်ခြင်း အဆင့်တို့အကြားရှိ ခံစားခွင့် ခြားနားမှုကို ကြည့်ခြင်းအားဖြင့် တစ်ခုကို ပြောနိုင်၏။ ခွန်အားခြားနားမှုမှာလည်း အလွန် ကြီးမားလောက်မှာပါ။

“ဒီနှုန်းတိုင်းဆို ကိုးလ၊ ဆယ်လလောက်အတွင်းမှာ သက်ရှဉ်ကျမ်းရဲ့ ဒုတိယအဆင့် ပြီးပြည့်စုံနိုင်ပြီ”

ဟန်ကျောက်ဟာ အိပ်ယာပေါ်မှ ဆင်းကာ ခန္ဓာကိုယ်ပေါ်ရှိ ပြောင်းလဲမှုများကို နေသားကျအောင်လုပ်သည်။ ချွေးများက မသက်မသာဖြစ်စေရာ ရေချိုးရန် ပြင်ဆင်၏။

ရေစည်ကို ဖွင့်လိုက်ပြီးနောက် အတွင်းထဲတွင် မည်သည့်ရေမှ မရှိကြောင်းကို တွေ့လိုက်ရသည်။ သူဟာ ဘေးတွင် မှီထောင်ထားသည့်် ဝါးတံတွင် ရေပုံးနှစ်ခုတို့ကို ချိတ်ကာ မြစ်ဆီသို့ ထွက်ခဲ့၏။ တွေးတောမှုအချို့ လုပ်ပြီးနောက် သူဟာ စင်ပေါ်ရှိ ပဝါကိုယူပြီး ပုခုံးပေါ်သို့ တင်၏။ ရေသွားခပ်လေသည်။

“ဝန်ကိုသယ်ကာ မြင်းကိုနှင်ရင်း နေရောင်ကို ကြိုဆိုလို့…”

ကျေးငှက်များက ကောင်းကင်တွင် ပျံသန်းရင်း အသံပြုကြ၏။ ညနေ နေရောင်အောက်တွင် ဟန်ကျောက်ဟာ သီချင်းကို ညည်းရင်း ရေခပ်ကာ အိမ်ပြန်ခဲ့သည်။

…

နောက်တစ်နေ့တွင်..

ဟန်ကျောက်ဟာ မနက်စောစော၌ နိုးလာပြီး မြို့မှ ထွက်ခွာ၏။ ဆိုးတာက သူ့တွင် မြင်းဝယ်ရန် ပိုက်ဆံမရှိပေ။ ကျွေးမွေးဖို့ဆို ပိုဆိုး၏။ မဟုတ်ပါက သူ့အနေနှင့် မိုင်ဆယ်ချီသည့် နေရာများကို အလွန်လျှင်မြန်စွာ သွားလာနိုင်မှာပါ။

သို့ရာတွင် သူ၏ လက်ရှိ သက်လုံနှင့် ဆယ်မိုင်ကျော်လောက်ကို နာရီဝက်အတွင်း အစအဆုံး ပြေးနိုင်၏။ နွားသိုး၊ မြင်းတို့နှင့် နှိုင်းယှဉ်နိုင်ပါသည်။

မကြာခင် ဟန်ကျောက်ဟာ လင်းယုန်ပျိုးထောင်ခြင်း စံအိမ်ဆီသို့ ရောက်လာခဲ့သည်။ ဒီနေရာဟာ ကိုးသွယ်တောင်မှ ၅ကီလိုမီတာ အတွင်းတွင် ရှိ၏။ ပန်းပဲစံအိမ် အဖွဲ့မှာ ကိုးသွယ်တောင်၏ တောင်ခြေတွင် ရှိပါသည်။

ရှေ့ရှိ လေးငါးမီတာလောက် မြင့်မားကာ လေးလံသည့် တံတိုင်းကြည့်ကာ ဟန်ကျောက်ဟာ အနည်းငယ် ပြောစရာစကား မဲ့သွားသည်။ ကျောက်နက်မြို့၏ အပြင်ဘက်တွင် အဖွဲ့တည်ထောင်ထားနိုင်သည့် အဖွဲ့အစည်းများမှာ ရိုးရှင်းခြင်း မရှိပေ။ သူတို့ဟာ ခွန်အား(သို့) နောက်ခံတို့ ကြီးမားကြ၏။

All Chapters