(သတ်ဖြတ်ခြင်း)
Vol. 2 Ch. 26
“ရှပ်၊ ရှပ်..”
ဟန်ကျောက်က အားထည့်လိုက်သော် မြင်းမျက်နှာနှင့်လူဟာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားရသည်။
“ဟားဟား… ကျန်းဟုန်… မနေ့ညက အိပ်ယာထဲမှာ အားပြတ်အောင် သုံးလိုက်တာလား”
“လူရိုက်ဖို့တောင် အားမရှိဘူး။ မနက်စာရော စားခဲ့ရဲ့လား”
“သွားသေလိုက်”
မြင်းမျက်နှာနှင့် လူဟာ ဒေါသထွက်သွား၏။ ဆေဘာဓါးကို မြှောက်ကာ ဟန်ကျောက်ကို ခုတ်ချလိုက်သည်။
ဟန်ကျောက်ဟာ ထူးမခြားနားစွာ ရှိနေ၏။ ဘယ်ခြေထောက်နှင့် နောက်သို့ တစ်လှမ်းဆုတ်ကာ ဘေးသို့လှည့်ပြီး ဆေဘာဓါးချက်ကို ရှောင်လိုက်သည်။
“ဆွစ်”
တစ်ချိန်တည်းတွင် သူ၏လက်ထဲရှိ ဆေဘာဓါးရှည်ဟာ ဓါးအိမ်မှ ထွက်လာခဲ့၏။ ဆေဘာဟာ လေထဲတွင် မျဉ်းကွေးတစ်ခုကို ပုံဖော်လာသည်။
“ကလန်”
ဓါးအိမ်ဟာ မြေပြင်ပေါ်သို့ ကျမသွားခင်တွင် ဟန်ကျောက်ဟာ ဆေဘာကို ပြန်လည်သိမ်းပြီး ဖြစ်၏။ ထို့နောက် ခါးတွင် ပြန်ချိတ်လိုက်သည်။
“ဒုတ်”
မြင်းမျက်နှာနှင့်လူ၏ ညာဘက်လက်နှင့် ဆေဘာဓါးဟာ မြေပြင်ပေါ်သို့ တစ်ပြိုင်နက် ကျဆင်းသွားသည်။
“အားးး… ငါ့လကျ”
မြင်းမျက်နှာနှင့်လူဟာ မြေကြီးတုန်မတတ် အော်၏။
“ဘုတ်”
တောက်ပသည့် ဆေဘာဓါးအလင်းက လက်သွားပြီး အော်သံဟာ ရပ်တန့်သွား၏။ မြင်းမျက်နှာနှင့်လူ၏ ဦးခေါင်းဟာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ခန္ဓာကိုယ်ဟာ မြေပြင်ပေါ်တွင် ရပ်နေဆဲ ရှိပြီး သွေးများ ပန်းထွက်လာခဲ့၏။
“ခွေးသား.. မင်းလုပ်ရဲတယ်”
ရုတ်တရက် ပြောင်းလဲမှုက ကျန်လူနှစ်ယောက်ကို ထိတ်ဖြာသွားစေ၏။
“သေချင်နေတာ”
ခေါင်းဆောင်လေးက သူ၏ ဆေဘာဓါးကို ဆွဲကာ ဟန်ကျောက်ဆီသို့ ပြေးတက်သွားသည်။
“ကလန်”
ဆေဘာနှစ်ချောင်းဟာ ထိမိကြ၏။ ဆေဘာဟာ ပြင်းထန်စွာ တုန်ခါလာပြီး ကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ခရက်”
ခေါင်းဆောင်လေးဟာ ကြီးမသည့် ခွန်အားတစ်ခု ဓါးမှ သူ၏လက်ဆီသို့ ဖြတ်သန်းလာသည်ဟု ခံစားရ၏။ ညာဘက်လက်ဖျံရိုးဟာ ချက်ချင်းပင် ကျိုးသွားသည်။
“အားးးး… မင်းက အရိုးသန့်စင်ခြင်းအဆင့် သိုင်းသမားလား”
သူ၏ မျက်နှာဟာ မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေ၏။ မျက်လုံးများဟာ ကြောက်ရွံ့စွာ ပြူးကျယ်နေပြီး သရဲမြင်ရသည့် ပုံပါ။
သူဟာ အရိုးသန့်စင်ခြင်း အဆင့်သို့ ဝင်ရောက်ခဲ့တာ တစ်နှစ်တောာင် မပြည့်သေးပေမယ့် ဓါးတစ်ချက်နှင့် လက်ကျိုးသွားဖို့က မဖြစ်နိုင်ပေ။ ဤသည်က အလွန် ကြောက်ဖို့ကောင်းလှ၏။
“ပြေး… ပြေး”
ခေါင်းဆောင်လေးဟာ ထွက်ပြေးတော့၏။ ထိုအချိန်၌ အပိုခြေထောက်များနှင့် မမွေးပေးခဲ့သည့် သူ၏အမေကို အပြစ်တင်မိသည်။
အခြားတစ်ယောက်၏ မျက်နှာမှာလည်း ချက်ချင်းပင် အေးခဲသွား၏။ သူဟာ လက်ထဲရှိ ဆေဘာကို လွှင့်ပစ်ပြီး ဆန့်ကျင်ဘက်ဆီသို့ အားကုန် ပြေးတော့သည်။
ဟန်ကျောက်၏ ပုံစံက အေးစက်သွား၏။ သူ၏ မျက်လုံးများထဲ၌ ရက်စက်မှုတို့ ဖြတ်သန်းသွားသည်။ “ဆွစ်”
သူဟာ လက်ထဲရှိ ဆေဘာဓါးဖြင့် နံပါတ်လေးခေါင်းဆောင်အား ပေါက်လိုက်ပြီး လူက ဘယ်ဘက်သို့ ထွက်ပြေးသူအား လိုက်လေသည်။
“မလာနဲ့”
ပြေးနေသည့် ဓါးပြဟာ အနောက်ဘက်မှ ခြေသံတို့ကို ကြားရ၏။ သူဟာ အလွန် ကြောက်လန့်သွားပြီး အော်လေသည်။ နောက်သို့လှည့်ကာ ထုံးမှုန့်နှစ်ဆုပ်ကို ယူပြီး ဟန်ကျောက်၏ မျက်နှာကို ပတ်လိုက်၏။
ဟန်ကျောက်ဟာ ဘယ်ခြေထောက်ကို ရုတ်တရက် မြေကြီးနှင့် ဆောင့်လိုက်သည်။ အလွန်ပင်းထန်သည့် ခွန်အားနှင့် ကိုယ်ကို တစ်ပတ်လှည့်လိုက်ပြီး အမှုန့်များကို ရှောင်ကာ လက်သီးချက်တစ်ခုကို တစ်ဖက်လူ၏ မျက်နှာဆီသို့ ပစ်သွင်းလိုက်သည်။ အရိုးကွဲသည့် အသံတစ်ခုနှင့်အတူ ထိုလူ၏ ဦးခေါင်းဟာ ဖရဲသီးတစ်လုံးကဲ့သို့ ပေါက်ကွဲထွက်သွား၏။ သွေးနှင့် ဦးနှောက်တို့ဟာ မြေပြင်အနှံ့ ပြန့်ကြဲကုန်ကြသည်။
“ဘုတ်’
ထိုလူ၏ ခန္ဓာကိုယ်ဟာ နောက်သို့ လဲကျသွား၏။ ဟန်ကျောက်က ညာဘက်လက်သီးကို ပြင််းထန်စွာ ခါလိုက်သည်။ ထိုင်လိုက်ပြီးနောက် တစ်ဖက်လူ၏ အဝတ်နှင့် သွေးများကို သုတ်၏။ ထို့နောက် မတ်တပ်ရပ်ကာ ညာဘက်ဆီသို့ လျှောက်သွားသည််။
ခေါင်းဆောင်လေးဟာ မြေပြင်ပေါ်တွင် လဲကျနေ၏။ သူ၏ခန္ဓာကိုယ်ဟာ တသိမ့်သိမ့်တုန်နေသည်။ ဓါးရှည်ဟာ သူ၏ ဂုတ်ပိုးမှ စိုက်ဝင်နေပြီး လည်ပင်းမှ ပြန်ထွက်၏။
“ဒါက.. ဒါက..”
မြေပြင်ပေါ်တွင် ဒူးထောက်နေသည့် ကျုခန်ရှန်း၏ မျက်လုံးများက ပြူးကျယ်နေ၏။ မတ်တပ်ရပ်နိုင်ခြင်းတောင် မရှိသေးခင်တွင် ဟန်ကျောက်ဟာ ဓါးပြသုံးယောက်တို့ကို လျှပ်စီးကဲ့သို့ မြန်ဆန်စွာ သတ်ဖြတ်ပြီးဖြစ်သည်။ ခေါင်းဆောင်လေးမှာ အရိုးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက် ဖြစ်၏။ သို့ပေမယ့် ပြန်လည်တိုက်ခိုက်ခြင်းတောင် မပြုနိုင်ခဲ့ပေ။
ဟန်ကျောက်ဟာ ဆေဘာကို ဆွဲထုတ်ကာ သွေးများကိုသုတ်သည်။ ထို့နောက် ပြန်သိမ်းလိုက်၏။ သူ၏ မျက်လုံးများထဲရှိ ကြမ်းကြုတ်မှုတို့ လုံးဝ ပျောက်ကွယ်သွားသည်။
သူဟာ ရောက်လာစဉ်ကတည်းက မတရားမှုကို ခံစားရပြီးဖြစ်၏။ သို့ပေမယ့် ဝင်မပါချင်ခဲ့ပေ။ သို့ရာတွင် တစ်ဖက်လူဟာ ကိုယ်ထိလက်ရောက် ထိပါးလာ၏။ ဆေဘာဓါးကို ဆွဲထုတ်ခြင်းကသာ ငြိမ်းချမ်းမှုကို ဖော်ဆောင်နိုင်ပါသည််။
“ဒီဓါးပြတွေကို သတ်လိုက်တာက နဂါးပျံအဖွဲ့ကို ရန်စတာပဲ။ ကြည့်ရတာ ဒီအဖွဲ့ကို ဖျက်ဆီးဖို့ နည်းလမ်းရှာရမယ်။ ကျန်းမိသားစုကိုလည်း ထားလို့မရဘူး။ မဟုတ်ရင် အန္တရာယ်များလွန်းတယ်”
ဒီတစ်ကြိမ် ထင်းရှူးလေပြဓါးသိုင်းကို ရောင်းချပြီးပါက သူဟာ မြို့တွင်းမှ အလွယ်တကူ ထွက်မည်မဟုတ်ပေ။ သက်ရှည်ကျမ်းကို အဆင့်သုံးအထိ ရောက်အောင် လေ့ကျင့်မည်ဖြစ်၏။
“ဟားဟားဟား.. သေတာကောင်းတယ်။ သေတာကောင်းတယ်”
ကျုခန်ရှန်းက ရုတ်တရက် အရူးတစ်ယောက်သဖွယ် ရယ်၏။ သို့ရာတွင် ဟန်ကျောက်၏ အလောင်းများကို ကျွမ်းကျင်စွာ ရှာဖွေနေပုံအား တွေ့ရပြီးနောက် သူ၏ရယ်မောမှုဟာ ရုတ်တရက် ရပ်တန့်သွားသည်။
“ညီလေးဟန်.. မင်းက သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားလား”
ကျုခန်ရှန်းဟာ သတိလည်လာခဲ့၏။
“မဟုတ်ပါဘူး။ ကျွန်တော်က မနေ့ကမှ အရိုးသန့်စင်ခြင်းအဆင့် အဆင့်ကို တက်သွားတာ”
ဟန်ကျောက်က ခေါင်းကိုယမ်းကာ ထပ်ပေါင်းသည်။
“ဒီဗိုင်းစွမ်းအားနဲ့ မွေးလာရုံပဲ”
“ကောင်းတယ်။ အရမ်းကောင်းတယ်”
ကျုခန်ရှန်းက ရုတ်တရက် သူ့ရှေ့တွင် ဒူးထောက်သည်။ မျက်ရည်များက ကျဆင်းလာ၏။
“ညီလေးဟန်.. မင်းငါ့ကို ကူညီရမယ်။ ငါတောင်းဆိုပါတယ်။ ငါ့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို မင်းကိုပေးမယ်။ ဆေဘာတစ်ချောင်းလည်း ထုလုပ်ပေးမယ်။ ငါ့ဘဝတစ်လျှောက်လုံး သင်ယူခဲ့တာတွေ ထည့်ပေါင်းပြီး မင်းအတွက် ဆေဘာဓါးကောင်းတစ်လက်ကို လုပ်ပေးမယ်”
ဟန်ကျောက်၏ နှလုံးသားဟာ အခုန်မြန်သွား၏။ လေးနက်စွာ ပြောသည်။
“ကျွန်တော်က ဘာလုပ်ပေးရမှာလဲ”
“နဂါးပျံအဖွဲ့ရဲ့ခေါင်းဆောင် ချီရှင်းကို သတ်ပေးပါ”
ကျုခန်ရှန်း၏ မျက်နှာဟာ မုန်းတီးမှုတို့ဖြင့် ပြည့်နှက်နေ၏။
“အကြောင်းပြချက်ကရော”
“လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်က ငါ့မိသားစု တစ်ခုလုံးကို သူသတ်ခဲ့တယ်။ အဲ့တုန်းက နဂါးပျံအဖွဲ့ကို ဆန့်ကျင်ရာမှာ ငါက ဦးဆောင်ခဲ့တာပဲ။ နောက်ဆုံးတော့…”
“အခုအချိန်မှာ ကျွန်တော်က ချီရှင်းရဲ့ ပြိုင်ဘက် မဟုတ်သေးဘူး။ ပြီးတော့ ကျန်းမိသားစုကိုလည်း ရင်မဆိုင်နိုင်ဘူး”
ဟန်ကျောက်က အသံနိမ့်စွာ ပြောသည်။
“ရတယ်။ ငါမင်းကို စောင့်နိုင်တယ်။ မင်းက အခုမှ ၁၈နှစ်ပဲ ရှိသေးတာမလား။ သိုင်းပညာလေ့ကျင့်တာလည်း တစ်နှစ်ခွဲကျော်ပဲ ရှိသေးတာမလား။ မင်း သွေးသန့်စင်ခြင်းအဆင့်ကို ချိုးဖျက်ပြီးတဲ့အထိ ငါစောင့်နိုင်တယ်။ ရှစ်နှစ်၊ ဆယ်နှစ်လောက်ကွာ.. ငါစောင့်နိုင်တယ်” ကျုခန်ရှန်းက အမြန်ပြောသည်။
ဟန်ကျောက်သာ တစ်ခါတည်း လက်ခံပါက သူ့အနေနှင့် သံသယတို့ ဝင်မိမှာဖြစ်၏။ သို့ပေမယ့် ယခု ဟန်ကျောက်၏ အသွင်က ကတိကို ဖြည့်တင်းပေးရန် ပြင်ဆင်နေသည့် ပုံပါ။
ထို့အပြင် ပိုက်ဆံယူထားသဖြင့် တာဝန်သို့ လိုက်ပေးသည့်အပြင် ယခု တစ်ဖက်လူ၏ ကူညီ လှုပ်ရှားပေးမှုအရ စကားတည်သူ ဖြစ်ကြောင်းကို တွေ့မြင်နိုင်ပါသည်။ မဟုတ်ပါက နဂါးပျံအဖွဲ့ကို ထိပါးမနေပဲ ရပ်ကြည့်နေနိုင်၏။
ဒီအချိန်၌ ကျုခန်ရှန်းဟာ နွံနစ်နေချိန် အသက်ကွယ်မြက်တစ်ပင်ကို ဖမ်းဆွဲထားသည့်အလား ရှိနေပါတော့သည်။
“ထပါ”
ဟန်ကျောက်က တည်ငြိမ်စွာ ပြောသည်။
“ညီလေးဟန်.. ငါ့ကိုယုံပါ။ ငါ..”
“သုံးနှစ်”
“ငါမင်းကိုကူညီပြီး… မင်းဘာပြောလိုက်တာ”
ကျုခန်ရှန်းဟာ မှင်သက်သွား၏။
“သုံးနှစ်အတွင်းမှာ ချီရှင်းကို ကျွန်တော် ကူသတ်ပေးမယ်”
ဟန်ကျောက်က ထပ်ပေါင်းပြော၏။ သူဟာ ၂နှစ်အတွင်းတွင် အဆင့်တက်မှာ ဖြစ်ပေမယ့် ပိုမို တွက်ဆထားခြင်းက ကောင်းပါသည်။
ကျုခန်ရှန်း၏ မျက်လုံးများက ပြူးကျယ်နေပြီး ဟန်ကျောက်ကို စိုက်ကာကြည့်သည်။ တစ်ဖက်လူ၏ မျက်နှာပေါ်၌ မည်သည့် လိမ်လည်မှု၊ ကြွားဝါမှုကိုမှ သူမမြင်ရပေ။ အချိန်အတော်ကြာပြီးနောက် မတ်တပ်ရပ်၏။
“ငါမင်းကိုယုံတယ်။ အရင်ဆုံး မင်းအတွက် ဆေဘာတစ်ချောင်းကို ငါထုပေးမယ်။ ချီရှင်းရဲ့ ဦးခေါင်းကို ငါ့ဆီကို ယူလာပြီးရင် အဲ့ထဲကို ငါ့ရဲ့အသက်ကို လောင်းထည့်ပြီး ရတနာဆေဘာတစ်ချောင်းကို မင်းအတွက် ထုလုပ်ပေးမယ်”
“ကောင်းပြီ”
ဟန်ကျောက်က ခေါင်းညှိတ်သည်။ ယခုကဲ့သို့သော အမုန်းတရားနှင့် လူအား ဟန်ကျောက်အနေနှင့် နှစ်သိမ့်ပေးနိုင်ခြင်းပင် မရှိပေ။ ကျုခန်ရှန်းအတွက် လိုအပ်နေသည်ကား အလဲအလှယ်ကို လုပ်ပေးရန်သာ ဖြစ်၏။
ထိုအချိန်၌ ကျုခန်ရှန်းက ကောင်းကင်ကို မော့ကြည့်ကာ အက်ကွဲသည့် အသံဖြင့် ပြော၏။
“ယွီအာ.. ဖေးယု… ငါ့ကို နောက်သုံးနှစ်ပဲစောင့်။ ငါနင်တို့ကို အဖော်လာလုပ်ပေးမယ်”
ထိုစကားကို ပြောပြီးနောက် မျက်ရည်များကို သုတ်၏။
“ညီလေးဟန်.. ဒီနေရာကနေ အမြန်ဆုံးသွားပါ။ ဒီကကိစ္စကို အစ်ကိုရှင်းလိုက်မယ်။ ဒါက မင်းနဲ့ဘာမှ မဆိုင်ဘူး။ မင်းက ငါ့ကို တောင်ခြေအထိပဲ အဖော်လိုက်ပေးပြီး ပြန်သွားခဲ့တယ်”
“ကျွန်တော် နားလည်ပြီ”
ဟန်ကျောက်၏ ပုံစံက တည်ငြိမ်၏။ နောက်သို့လှည့်ကာ ထွက်ခွာသွားသည်။