← Chapters

(ကိုးသွယ်တောင်သို့)

Vol. 2 Ch. 25

(ကိုးသွယ်တောင်သို့)

Vol. 2 Ch. 25

ဒီလောကတွင် သိုင်းသမားများသာ မရှိပါက လင်းယုန်ပျိုးထောင်ခြင်း စံအိမ် အနေနှင့် လူ၁၀၀ကျော်လောက်ကို အသုံးပြုကာ အရေအတွက် ဆယ်ဆ ပိုမိုများပြားသည့် ရန်သူများ၏ တိုက်ခိုက်မှုကို ခုခံနိုင်ပါသည်။

ယခုတွင်တော့ ဟန်ကျောက်အနေနှင့် အားတစ်ချက်သုံးကာသာ ဒီတံတိုင်း၏ အမြင့်ကို အလွယ်တကူ ကျော်တက်နိုင်၏။

ဟန်ကျောက်ဟာ လင်းယုန်ပျိုးထောင်ခြင်း စံအိမ်၏ တံဆိပ်ပြားကို ထုတ်သည်။ တံတိုင်းပေါ်ရှိ လူက အချက်ပေးလိုက်သည်။ အသက်လေးဆယ်လောက်ရှိသည့် လူလတ်ပိုင်း လူကြီးတစ်ယောက် လျှောက်ထွက်လာ၏။ သူ၏ခါးတွင် ဆေဘာတစ်ချောင်းရှိပြီး အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။

“ကျွန်တော်က ကျုခန်ရှန်းပါ။ မင်္ဂလာပါက ညီလေးဟန်” ထိုလူမှာတော့ လင်းယုန်ပျိုးထောင်ခြင်း စံအိမ်၏ ဒုခေါင်းဆောင်ဖြစ်၏။

“မင်္ဂလာပါက စံအိမ်သခင်ကျု”

ဟန်ကျောက်က လက်သီးနှစ်ဖက်ကို ဆုပ်သည်။ ထို့နောက် တစ်ခါတည်း မေး၏။

“စံအိမ်သခင်ကျု.. ဘာပြဿနာ ကြုံလို့လဲမသိဘူးဗျ။ ကျွန်တော်က ဘာလုပ်ပေးရမှာလဲ”

ကျုခန်ရှန်းက ဖြေ၏။

“ညီလေးဟန်ကို ဒီတစ်ကြိမ် ဖိတ်ခေါ်ရတာက ကိုးသွယ်တောင်ကို ဆက်ကြေးသွားပေးရာမှာ ကျွန်တော်နဲ့ အဖော်လိုက်ခိုင်းမလို့ပါ”

“ဘာဆက်ကြေးလဲဗျ”

ဟန်ကျောက်ဟာ မှင်သက်သွား၏။ ကိုးသွယ်တောင်တွင် နဂါးပျံအဖွဲ့သာ ရှိပါသည်။ ဖြစ်နိုင်တာက အစမ်းရှင်သန်မှုရှိ အဖြစ်အပျက်မှာ ဓါးပြအသိုက်ဆီသို့ ပိုက်ဆံပို့ခဲ့ခြင်းကြောင့်လား။

“လုံခြုံရေးအတွက် စံအိမ်ကနေ နဂါးပျံအဖွဲ့ကို နှစ်စဉ် ထောက်ပံ့ကြေး ပုံမှန်ပေးရပါတယ်။ လူတစ်ယောက်ကို တစ်နှစ်မှာ ငွေ၂လျန်ပါ”

ကျုခန်ရှန်းက အံကိုကြိတ်ကာ ပြောသည်။

ဟန်ကျောက်က ကြောင်တောင်စွာ မေး၏။

“အဲ့ဒါ ဘာလို့ အစိုးရကို မတိုင်တာလဲ။ ကောင်တီရဲ့ အုပ်ချုပ်သူက ဝူမိသားစုက ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ကို။ ဒီပိုက်ဆံကို ဝူမိသားစုကို ပေးလိုက်တာက ဓါးပြတွေကို ပေးတာထက် ပိုကောင်းတယ်မလား”

ကျုခန်ရှန်းက သက်ပြင်းချသည်။

“ဝူမိသားစုကိုလည်း ငါတို့ ပေးရတယ်။ တစ်နှစ်မှာ လူတစ်ယောက်ကို ငွေ၄လျန်။ ဒါပေမယ့် စစ်သည်တွေ မြို့ပြင်ထွက်လာတာနဲ့ နဂါးပျံအဖွဲ့က ပုန်းနေရော။ စစ်သည်တွေ ပြန်တဲ့အခါ ငါတို့ ခံရပြီပဲ”

“ဆိုးလှချည်လား”

ဟန်ကျောက်၏ ပုံစံက အနည်းငယ် ပြောင်းလဲသွား၏။

“လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်က ငါတို့တွေ နောက်ဆုံးအကြိမ် ခုခံခဲ့ကြသေးတယ်။ ကျန်းမိသားစုကို ပိုက်ဆံပေးတာ ရပ်တန့်ပြီး ငွေအားလုံးကို ချန်မိသားစုကို သွားပေးလိုက်တယ်။ နောက်ဆုံးမှာ ချန်မိသားစုက ဟန်ပြပဲ လှုပ်ရှားပြီး ပြီးသွားရော။ အခု ကျန်းမိသားစုက နဂါးပျံအဖွဲ့ရဲ့ နောက်မှာနေတာ။ ငါတို့တွေ လုံးဝ မတတ်နိုင်ဘူး”

ထိုအချိန်၌ ကျုခန်ရှန်း၏ ခန္ဓာကိုယ်ဟာ တုန်ခါနေ၏။

“ကျန်းမိသားစုလား။ မြို့တွင်းပိုင်းက ကျန်းမိသားစုလား”

ဟန်ကျောက်က မေးသည််။

“အဲ့ဒီကျန်းမိသားစုအပြင် ဘယ်ကျန်းမိသားစု ဖြစ်နိုင်ဦးမှာလဲ”

ကျုခန်ရှန်းက မုန်းတီးစွာ ပြောသည်။

“အဲ့ဒါဘာလို့ ဆက်ပြီးမခုခံတာလဲ”

“ငါတစ်ယောက်တည်း ဆိုရင်တော့ ငါ့အသက်သေပါစေ တိုက်ပါတယ်။ ဒါပေမယ့် နောက်မှာ မိသားစုဝင်အချို့လောက်တော့ လူတိုင်း ရှိကြတာပဲ။ စံအိမ်မှာက လူအရမ်းများနေလို့ အပြင်ဘက်မှာ နေတဲ့လူတွေ အများကြီးရှိတယ်”

ဟန်ကျောက်ဟာ နားလည်သွားသည်။ လင်းယုန်ပျိုးထောင်ခြင်း စံအိမ်ရှိ သန်မာသည့် လူတစ်ရာတို့ဟာ ခုခံနိုင်ခြင်း မရှိတာ အံ့ဩစရာ မရှိပေ။ အမှန်တကယ်ကို နည်းလမ်းမရှိ၍ ဖြစ်၏။

အရိုးသန့်စင်ခြင်း အဆင့် သိုင်းသမားတစ်ယောက်ဟာ ချပ်ဝတ်ကို ဝတ်ထားပါက တစ်ခါတည်း အဝိုင်းမခံရလျှင် လက်နက်နှင့် သာမန်လူ နှစ်ဆယ်လောက်ကို အနိုင်ယူနိုင်ပါသည်။ သာမန်လူများ အနေနှင့် ချပ်ဝတ်များ ဝတ်ဆင်ကာ ဒူးလေးမြားများကို အသုံးပြုပြီး အဝေးမှ တိုက်ခိုက်မှသာ ရပေလိမ့်မည်။ သို့ရာတွင် ဒူးလေးနှင့် ချပ်ဝတ်တို့မှာ သုံးရန်လွယ်ကူသည့် ပစ္စည်းများ မဟုတ်ပေ။

ဟန်ကျောက်ဟာ လင်းယုန်ပျိုးထောင်ခြင်း စံအိမ်မှ သူ့အတွက် သားရေချပ်ဝတ် တစ်စုံအား တောင်းလိုက်သည်။ ထို့နောက် အကာအကွယ်နှင့် သံပြားတို့ကို ထပ်ထည့်၏။

မြားအတတ်မှာ ကောင်းပါသည်။ သို့ပေမယ့် မြားပစ်လေ့ကျင့်ရန် အနည်းဆုံး သုံးနှစ်မှ ငါးနှစ်အထိ လိုအပ်၏။ သို့ပေမယ့် ဒီပန်းပဲဆရာများတွင် ကြောက်စရာကောင်းသည့် အလုပ်ချိန်ရှိပါသည်။ ငွေကို လက်ခံပြီးပါက ရက်ချိန်းအတိုင်း အတိအကျ ပစ္စည်းအပ်ရ၏။ နေ့စဉ်နေ့တိုင်း သူတို့ဟာ သံများကို မနားတမ်း ထုရိုက်နေရသည်။ ဘယ်လိုလုပ်ပြီး လေးအတတ်ကို ကျင့်ကြံရန် အချိန်နှင့် စွမ်းအင်တို့ ရှိမည်နည်း။

သိုင်းပညာ လေ့ကျင့်ဖို့ကတော့ အရင်းအမြစ်အပြင် ပါရမီနှင့် နားလည်သဘောပေါက်မှုတို့လည်း လိုအပ်ပါသည်။ နဂါးပျံအဖွဲ့ကို ရှင်းလင်းရန်အတွက် တစ်ဝက်တစ်ပြတ် သိုင်းသခင်အဆင့်ကို ရောက်ရှိနေရန် လိုအပ်ပါသည်။ ထို့အပြင် တစ်ယောက်တည်းနှင့် လုံလောက်မည်မဟုတ်ပေ။

နဂါးပျံအဖွဲ့၏ နောက်တွင် ကျန်းမိသားစုလည်း ရှိ၏။ ဒီလောကဟာ စကားလုံးအချို့နှင့် ရှင်းပြရန် အမှန်တကယ်ကို ခက်ခဲပါသည်။

ဟန်ကျောက်ဟာ နားထောင်ရင်းနှင့် လက်သီးများကို ဆုပ်မိ၏။ ဒီလောကတွင် သိုင်းပညာသာလျှင် တစ်ခုတည်းသော ရှင်သန်ရာလမ်းကြောင်းဖြစ်သည်။

“သူက မင်းရဲ့အလုပ်ရှင်ပဲ။ သာမန်လူတွေကို ဖိနှိပ်တဲ့ မကောင်းဆိုးရွားအဖွဲ့ကို အနိုင်ယူပစ်လိုက်။ ချမ်းသာလူတွေဆီက လုပြီး ဆင်းရဲသူတွေကို ကူညီ။ ကောင်းကင်အစား တရားမျှတမှုကို ဆောင်ကျဉ်းပေးလိုက််”

“အခု.. ငါကျန်းမိသားစုကို ရင်မဆိုင်နိုင်သေးဘူး”

ဟန်ကျောက်ဟာ သက်ပြင်းချ၏။ ယခုအချိန်၌ သူ့အနေနှင့် အမှန်တကယ်ကို ကျန်းမိသားအား ထိပါးရန် မတတ်နိုင်ပေ။

ဘာပဲဖြစ်ဖြစ် ကျန်းမိသားစုတွင် သွေးသန့်စင်ခြင်းအဆင့် သိုင်းးသမား ငါးယောက်ရှိ၏။ အနည်းဆုံး တစ်နှစ်၊ နှစ်နှစ်လောက် စောင့်ရပေဦးမည်။ ထိုအချိန်၌ သူဟာ ကောင်းကင်အစား တရားမျှတမှုကို အမှန်တကယ် ဆောင်ကျဉ်းပေးနိုင်ပါပြီ။

“ဒီတစ်ကြိမ်မှာ နဂါးပျံအဖွဲ့က ပိုက်ဆံပိုတောင်းချင်နေတယ်။ ဒါ့ကြောင့် မင်းကို အတူလိုက်ခိုင်းပြီး ညှိနှိုင်းတာမှာ ကူညီစေချင်တာ။ မင်းက ဆရာလုရဲ့ တပည့်ပဲ။ ဒါ့ကြောင့် သူတို့တွေ မျက်နှာသာ ပေးလောက်မှာပါ”

ကျုခန်ရှန်းက အနည်းငယ် မရေရာစွာ ပြောသည်။

ဟန်ကျောက်ဟာ မှင်သက်သွား၏။

“ခင်ဗျားလည်း တောင်ဖြိုလက်သီးကျောင်းမှာ သိုင်းပညာ သင်ယူဖူးတာလား”

“ဟုတ်တယ်။ အဲ့မှာ ၂နှစ်လောက် သင်ခဲ့သေးတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းကပေါ့။ ဒါပေမယ့် ငါသိုင်းပညာ စတင်သင်ကြားချိန်က နှောင်းလွန်းနေပြီ။ ဒါ့ကြောင့် အရေအပြားသန့်စင်ခြင်း အဆင့်အထိပဲ ရောက်တယ်။ အဲ့ဒီအချိန်တုန်းက သိုင်းကျောင်းနာမည်က တောင်ဖြိုလက်သီးသိုင်းကျောင်းလို့ မခေါ်ဘူး။ တောင်ခွဲဆေဘာသိုင်းကျောင်းလို့ ခေါ်တယ်”

ကျုခန်ရှန်းက ရှင်းပြသည်။

“ကံဆိုးစွာပဲ မြို့ထဲမှာ သိုင်းကျောင်းဖွင့်ထားတဲ့ သိုင်းသခင်တွေက သိုင်းပညာပဲ သင်ကြားပေးပြီး အင်အားစုတွေအကြား တိုက်ပွဲမှာ တိုက်ရိုက်ဝင််ပါလေ့ မရှိဘူး”

ကျုခန်ရှန်းက နောင်တရစွာ ပြောသည််။

“ဒါဆိုရင်လဲ သွားကြမယ်လေ”

ဟန်ကျောက်က မည်သည်ကိုမှ မပြောတော့ပေ။

“သွားကြစို့”

မကြာခင် နှစ်ယောက်သားဟာ ကိုးသွယ်တောင်၏ တောင်ခြေသို့ ရောက်လာခဲ့သည်။ တောင်တက်သည့် လမ်းတစ်ဝက်ရှိ ထူထဲသည့် တောင်အုပ်တွင် အနက်ရောင်ဝတ်စုံနှင့် လူသုံးယောက်တို့ဟာ တောလမ်းဘေးတွင် ရပ်နေကြကြောင်းအား တွေ့ရ၏။ သုံးယောက်သားဟာ ကြီးမားသည့် ဆေဘာများကို ပုခုံးပေါ်တွင် တင်ထားကြပြီး စိတ်မရှည်ဖြစ်နေကြသည့် ပုံပါ။

“စံအိမ်သခင်ကျု… ခင်ဗျားက တကယ့်ကို နှေးတာပဲ။ ကျုပ်တို့ ညီအစ်ကိုတွေကို စောင့်ရအောင်လုပ်တယ်” တစ်ယောက်က ရှေ့သို့တက်ကာ ပြောသည်။

ကျုခန်ရှန်း၏ အနားသို့ ရောက်လာပြီးနောက် ထိုလူက ဘေးရှိ ဟန်ကျောက်ကို ကြည့်သည်။ ဝတ်စုံကို တွေ့ရပြီးနောက် ရုတ်တရက် နှာခေါင်းရှုံ့၏။

“စံအိမ်သခင်ကျု.. တောင်ဖြိုလက်သီးသိုင်းကျောင်းက ကလေးတစ်ယောက်ကို ခေါ်လာရုံနဲ့ အကူအညီဖြစ်မယ်လို့ ထင်နေတာလား”

ကျုခန်ရှန်း၏ မျက်နှာက အေးခဲသွား၏။ အစက ဟန်ကျောက်ကို ခေါ်လာခဲ့ခြင်းမှာ ဈေးညှိရာတွင် အကူအညီဖြစ်စေရန် ဖြစ်သည်။ နဂါးပျံအဖွဲ့က အနည်းနှင့်အများ မျက်နှာသာအချို့ ပေးမှာဖြစ်၏။ သို့ပေမယ့် တစ်ဖက်လူက တစ်ချက်ကြည့်သည်နှင့် သူ့အကြံကို ရိပ်စားမိပြီး ဖြစ်မည်ဟု ထင်မထားခဲ့ပေ။

မြင်းမျက်နှာနှင့် ထိုလူက လက်ကိုဆန့်ကာ ကျုခန်ရှန်း၏ ပုခုံးကို ပုတ်သည်။

“လုံလောက်တဲ့ပိုက်ဆံ ယူလာခဲ့လား။ လူတိုင်းအတွက် အပိုငွေ၁လျန် ထပ်ပေါင်းတယ်။ အစက ငွေ၂လျန် ပိုတောင်းမလို့။ ကံကောင်းစွာပဲ ကျုပ်တို့ ခေါင်းဆောင်က စိတ်ကောင်းထားပြီး ငွေ၁လျန်ပဲ တောင်းခိုင်းလိုက်တယ်။ ပျော်သွားပြီလား”

“တကယ့်ကို ညင်သာတာပဲ… ဘာလို့ တစ်ခါတည်း လုမသွားတာလဲ”

ဟန်ကျောက်၏ နဖူးကြွက်သားများဟာ အနည်းငယ် တွန့်ကွေးသွား၏။ ကျုခန်ရှန်း၏ ပုံစံက အနည်းငယ် အရုပ်ဆိုးသွားသည်။ မြင်းမျက်နှာနှင့် လူကို ဦးညွှတ်ကာ ပြော၏။

“ဆာ. ကျေးဇူးပြုပြီး မလုပ်ပါနဲ့ဗျာ။ ကျွန်တော်တို့စံအိမ်က လူတွေက တစ်နှစ်ကို ငွေ၁၀လျန်လောက်ပဲ ဝင်ငွေရှိတာပါ။ သူတို့ရဲ့ သွေးတွေချွေးတွေကို ရင်းပြီး ပိုက်ဆံရှာရတာ။ ငွေ၁လျန်ပိုပေးရရင် သူတို့ကလေးတွေ အစာမဝပဲ နေလိမ့်မယ်”

“တော်စမ်းပါ။ တစ်ပြားမှ မလျှော့ပေးနိုင်ဘူး။ မပေးရင်လည်း နောင်မှာ မင်းတို့ မိသားစုဝင်တွေ အပြင်ထွက်တဲ့အခါ ဂရုစိုက်ခိုင်းထားပေါ့”

မြင်းမျက်နှာနှင့် လူက ကြိမ်းမောင်းကာ ကျုခန်ရှန်း၏ ပုခုံးပေါ်သို့ ဆေဘာကို တင်သည်။ ကျုချန်ရှန်းက ဒူးထောက်ချလိုက်၏။ ထိုလူ၏နောက်ရှိ ကျောက်ပေါက်မာနှင့် လူကို တောင်းပန်လေသည်။

“ခေါင်းဆောင်လေး.. ကျေးဇူးပြုပြီး ကျွန်တော်တို့ကို စဉ်းစားပေးပါဦး။ စံအိမ်ကလူတွေ…”

မြင်းမျက်နှာ(မျက်နှာရှည်ရှည်)နှင့်လူက သူ၏ဓါးကို ရွယ်ကာ ကျုခန်ရှန်းကို ကြားဖြတ်သည်။

“ကြည့်ရတာ မင်းတို့တွေ နာချင််နေတာပဲ”

“ဟုတ်တယ်။ ငါတို့ငတ်တာထက်စာရင် မင်းတို့ငတတာက ပိုမကောင်းဘူးလား”

“ငါတို့ နဂါးပျံအဖွဲ့ကို ပရဟိတအဖွဲ့များ မှတ်နေလား”

“ငါတို့က ဓါးပြတွေပဲ။ ဓါးပြဆိုတာ ဘာလဲ မင်းသိလား”

“ဓါးပြတိုက်တယ်ကွ”

“ဟားဟားဟား”

ခေါင်းဆောင်လေးနှင့် အခြားဓါးပြက ရယ်၏။ မြင်းမျက်နှာနှင့်လူက လှောင်ပြောင်သည့် မျက်နှာနှင့် ကျုခန်ရှန်း၏ မျက်နှာကို ထိုးသည်။

“ဘန်း”

လက်သီးချက်ဟာ ကျုခန်ရှန်းပေါ်သို့ မကျပေ။ ဟန်ကျောက်က ဆေဘာဓါးရိုးကို ကိုင်ကာ ထိုလက်သီးကို ဓါးရိုးနှင့် တားလိုက်ခြင်းဖြစ်၏။

“မင်း”

မြင်းမျက်နှာနှင့်လူဟာ အံ့ဩသွားသည။ သူ၏လက်သီးချက်ဟာ နံရံကို ထိုးရသည်နှင့် တူ၏။ ဓါးရိုးဟာ သူ၏ခွန်အားအောက်တွင် ရွေ့လျားသွားခြင်း လုံးဝမရှိပေ။ ဒီလူငယ်ဟာ အလွန်သန်မာ၏။

All Chapters