(လေလံပွဲသို့)
Vol. 2 Ch. 27
ခြောက်ရက်ကြာပြီးနောက်..
အဖြူရောင်ဝတ်စုံနှင့် မြေခွေးမျက်နှာဖုံးကို ဝတ်ဆင်ထားသည့် ဟန်ကျောက်ဟာ စုန့်ချွေအဖြစ်နှင့် ကိုးသွယ်မြို့ရှိ ချန်မိသားစုဆီသို့ ရောက်ရှိလာ၏။
မိသားစုဟု ဆိုပေမယ့် မြို့ငယ်တစ်ခု ဖြစ်လေသည်။ အတွင်းထဲရှိ စည်ကားသိုက်မြိုက်မှုမှာ ကျောက်နက်မြို့၏ မြို့တွင်းပိုင်းထက် နိမ့်ကျခြင်း မရှိပေ။ သို့ပေမယ့် အကျယ်အဝန်းက သေးငယ်၏။
ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်နှင့် အင်အားစုတစ်ခု အနေနှင့် ချန်မိသားစုတွင် ထိုကဲ့သို့သော လုပ်နိုင်စွမ်း ရှိပါသည်။ ကိုးသွယ်မြို့တွင် မည်သူမှ ပြဿနာလုပ်ရဲခြင်း မရှိပါ။ မဟုတ်ပါက သူတို့ဟာ ချန်မိသားစုကို မလေးစားသည်ပင်။
ထိုနေ့တွင် ဟန်ကျောက်ဟာ ကိုးသွယ်တောင်မှ ထွက်ခွာပြီးနောက် ကျောက်နက်မြို့ဆီသို့ တည့်မတ်စွာ ပြန်ခဲ့၏။ ပြီးခဲ့သည့် ကိစ္စများကို ကျုခန်ရှန်းက မည်ကဲ့သို့ ရှင်းခဲ့သည်အား မသိပေမယ့် တစ်ဖက်လူဟာ လင်းယုန်ပျိုးထောင်ခြင်း စံအိမ်ဆီသို့ လုံခြုံစွာ ပြန်ရောက်ခဲ့သည်။ သိသာစွာပင် ဓါးပြသုံးယောက်တို့အား သူသတ်ခဲ့ခြင်းကို နဂါးပျံအဖွဲ့ မသိပေ။
“ဈေးကောင်းရဖို့ မျှော်လင့်တယ်”
ဟန်ကျောက်ဟာ အစက လေလံပွဲကို ချန်မိသားစုတွင် ကျင်းပမည်ဟု ထင်ထားခဲ့တာပါ။ သို့ပေမယ့် ပတ်ဝန်းကျင်ကို မေးမြန်းပြီးနောက် မြို့လယ်ရှိ ကျင်းယွဲ့စားသောက်ဆိုင်၏ ဒုတိယထပ်ရှိ ခန်းမအတွင်းတွင် ကျင်းပမှာ ဖြစ်သည်ဟု သိရ၏။ ဤသည်က ပိုမို အဆင်ပြေကာ သင့်တော်မှုရှိပါသည်။
ကျင်းယွဲ့စားသောက်ဆိုင်သို့ ဟန်ကျောက် ရောက်ရှိပြီးနောက် ခါးတွင် ဓါးနှင့်ဆေဘာတို့ကို ချိတ်ဆွဲထားသည့် သိုင်းသမားများကို တွေ့လိုက်ရသည်။ သူတို့အားလုံးဟာ အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ရင်ဘတ်များတွင် ချန်ဟူသည့် စကားလုံး ရေးထိုးထား၏။ အားလုံးမှာ ချန်မိသားစုမှ ဖြစ်လေသည်။
ဟန်ကျောက်၏ လျှောက်လာပုံကို တွေ့ရပြီးနောက် ချန်မိသားစု၏ တပည့်တစ်ယောက်က လျှောက်လာပြီး လက်သီးနှစ်ဖက်ကို ဆုပ်သည်။
“ချန်မိသားစုရဲ့ လေလံပွဲမှာ ပါဝင်ဖို့ ဒီကိုလာတာလား မသိဘူး”
“ဟုတ်တယ်”
ဟန်ကျောက်၏ လေသံက တည်ငြိမ်၏။
“ကျေးဇူးပြုပြီး ဖိတ်ကြားမှု တံဆိပ်ပြားပြပေးပါ။ ဒါမှမဟုတ်ရင် ငွေ၁၀လျန်ကို အာမခံအနေနဲ့ ထားခဲ့ပြီးမှ ဝင်လို့ရပါမယ်”
ချန်မိသားစု၏ တပည့်က ရှင်းပြ၏။ ဟန်ကျောက်က တံဆိပ်ပြားကို ထုတ်သည်။ ချန်မိသားစု၏ တပည့်က ၎င်းကို စစ်ဆေးကြည့်၏။ အတည်ပြုပြီးနောက် ဟန်ကျောက်ကို ပြန်ပေးကာ လမ်းဖယ်ပေးသည်။
“လေလံပွဲက ဒုတိယထပ်မှာ ကျင်းပမှာပါ။ ကျေးဇူးပြုပြီးကြွပါဗျ”
ဟန်ကျောက်က ရပ်တန့်သွားပြီး မေးသည်။
“သိုင်းကျမ်းတစ်ခုကို ငါလေလံတင်ချင်လို့။ ဘယ်သူ့ကို ရှာရမလဲ”
“ဒုတိယထပ်မှာ ကြီးကြပ်သူရှိပါတယ်။ သူ့ကို ရှာလို့ရပါတယ်”
“ဟုတ်ကဲ့။ ကျေးဇူး”
ဟန်ကျောက်က ခေါင်းညှိတ်သည်။ တံခါးမှ ဝင်ကာ ဒုတိယထပ်ဆီသို့ လှေကားအတိုင်း တက်သွား၏။
ဒုတိယထပ်ရှိ ခန်းမအတွင်းတွင် ထိုင်ခုံ ၇၀၊ ၈၀လောက် ရှိပါသည်။ တစ်ခုချင်းစီတိုင်းဟာ ၂မီတာလောက်စီ ခြား၏။ ခုံတစ်ဝက်လောက်တွင် လူပြည့်နေပြီး ဖြစ်သည်။ ထိုလူများထဲတွင် သိုင်းသမားများနှင့် အဆင့်မြင့် အဝတ်အစားများနှင့် အထက်တန်းလွှာများ ပါဝင်၏။ သိုင်းသမားများစွာဟာလည်း မျက်နှာဖုံးများနှင့် အသွင်အပြင်ကို ဖုံးကွယ်ထားကြသည်။ အချို့ဟာ အနက်ရောင် ဝတ်စုံကိုပင် ဝတ်ဆင်ထား၏။ ယောကျားလား၊ မိန်းမလားပင် မသိနိုင်ပေ။
ခန်းမ၏ အရှေ့ဘက်တွင် သစ်သားစားပွဲတစ်ခု ရှိလေသည်။ ကြွက်သားများနှင့် လူလတ်ပိုင်း လူကြီးတစ်ယောက်ဟာ ထိုင်ခုံပေါ်တွင် ထိုင်နေပြီး သူ၏နောက်တွင် သူ၏နောက်တွင် ဓါးများကို ခါးတွင် ချိတ်ဆွဲထားသည့် သိုင်းသမားလေးယောက်တို့ ရှိကြသည်။
ဟန်ကျောက်က လျှောက်သွားလိုက်ပြီး ထင်းရှူးလေပြေ ဓါးသိုင်းကို ထုတ်ကာ လေလံပွဲတွင် ထည့်သွင်းရန် ပြောသည်။
“ထင်းရှူးလေပြေဓါးသိုင်းလား”
လူလတ်ပိုင်းလူကြီးဟာ ထိုဓါးသိုင်းကို ကြားဖူးပုံ ပေါ်၏။ ဟန်ကျောက်ကို အထက်အောက်ကြည့်ပြီးနောက် မတ်တပ်ရပ်ကာ လက်သီးနှစ်ဖက်ကို ဆုပ်ပြီး ပြောသည်။ “ခင်ဗျားက ခုန့်ချွေလား မသိဘူး”
“ဟုတ်ပါတယ်”
ဟန်ကျောက်က ခေါင်းညှိတ်သည်။ သူဟာ ဝရမ်းသမားများကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခဲ့၏။ ထို့ကြောင့် ကြေးစားလူဆိုးထိန်း လောကတွင် နာမည်ကျော်ကြားလာခဲ့သည်။
“ကျွန်တောက် ချန်ယန်ပါ။ ချန်မိသားစု လေလံအိမ်ရဲ့ မန်နေဂျာပါ”
ချန်ယန်က နံပါတ်တစ်ခု ရေးထားသည့် တံဆိပ်ပြားကို ဟန်ကျောက်အား ပေး၏။
“လေလံပွဲပြီးရင် ကျေးဇူးပြုပြီး ဒီတံဆိပ်ပြားနဲ့ ပိုက်ဆံကို လာထုတ်ပေးပါ။ အဲ့ဒီအပြင် ဒီဓါးရဲ့ စတင်ဈေးက ငွေ၈၀လျန်အဖြစ် သတ်မှတ်ပါတယ်။ ကော်မရှင်ခကတော့ ပစ္စည်းရောင်းမထွက်လည်း ၅%ပေးရပါမယ်။ အဆင်ပြေလား မသိဘူး”
“အိုကေ”
ဟန်ကျောက်က တံဆိပ်ပြားကို ယူသည်။ ဒီထင်းရှူးလေပြေ ဓါးသိုင်း၏ စတင်ဈေးက မြင့်မားခြင်းမရှိပေ။ ချန်ယန်ကို လက်သီးဆုပ်ကာ နှုတ်ဆက်ပြီးနောက် သူဟာ အနောက်ဘက် ခုံတန်းဆီသို့ ပြန်သွားကာ ထိုင်၏။
နာရီဝက်ကြာ စောင့်စားပြီးနောက် လေလံပွဲ စတင်သည်။ လူများဟာ ဒုတိယထပ်သို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြ၏။ သို့ပေမယ့် ထိုင်ခုံများမှာ ပြည့်နှက်ခြင်း မရှိသေးပေ။ ဆယ်ခုံကျော်စာလောက် လွတ်နေသေး၏။
ချန်ယန်က မတ်တပ်ရပ်ကာ လူတိုင်းဆီသို့ လက်သီးနှစ်ဖက်ကို ဆုပ်သည်။
“နှစ်ကုန် လေလံပွဲကို လူတွေ ဒီလောက်အများကြီး လာအားပေးမယ်လို့ ကျွန်တော်ထင်မထားခဲ့ဘူး။ အားလုံးကို ရောက်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
“မန်နေဂျာချန်က အားနာနေပြန်ပါပြီ။ ချန်မိသားစုပဲကို လာရမှာပေါ့ဗျ”
အောက်ရှိသိုင်းသမားများက ချက်ချင်းပင် တုံပြန်ကြ၏။ ချန်ယန်က လောကွတ်ချော်မှုကို ရပ်တန့်ကာ ပြောသည်။
“စကားတွေ အများကြီး မပြောတော့ဘူး။ လေလံပွဲကို အခုပဲ စတင်ပါမယ်။ ပထမဆုံး ပစ္စည်းကတော့ အရိုးသန့်စင်ခြင်း အဆင့်အထိ လေ့ကျင့်နိုင်တဲ့ လှံသိုင်းပညာတစ်ခုပါ။ ဝိညာဉ်လိုက်လှံအတတ်လို့ ခေါ်ပါတယ်။ စတင်ဈေးက ငွေ၃၀လျန်ပါ”
လက်နက်သိုင်းပညာဟာ ရှင်းလင်းစွာပင် လက်သီး၊ ခြေထောက် သိုင်းပညာများထက် ပိုမိုသန်မာသည်။ ရေပန်းအစားဆုံးမှာ ဆေဘာ၊ ဓါး၊ လှံ၊ တုတ်တို့ ဖြစ်ကြ၏။ သို့ရာတွင် လက်နက်သိုင်းပညာ လေ့ကျင့်ကြသည့် သိုင်းသမားများဟာ အနည်းနှင့်အများ မိသားစုနောက်ခံအချို့ ရှိကြပါသည်။ ထို့ကြောင့် မည်သူကမှ အရိုးသန့်စင်ခြင်း အဆင့်အထိသာ ကျင့်ကြံနိုင်သည့် လှံသိုင်းပညာကို အရမ်းကြီး စိတ်အားထက်သန်နေမည် မဟုတ်ပေ။ သို့ရာတွင် လေလံဆွဲသူများ ရှိနေဆဲ ဖြစ်၏။
“၃၅ချန်”
တစ္ဆေမျက်နှာဖုံးနှင့် လူတစ်ယောက်က ဈေးပေး၏။
“၄၀လျန်”
ဟန်ကျောက်၏ဘေးရှိ အဖိုးကြီးက လိုက်သည်။ သို့ရာတွင် ထိုနှစ်ယောက်အပြင် မည်သူကမှ လေလံဆွဲခြင်း မပြုကြပါ။ နောက်ဆုံးတွင် တစ္ဆေမျက်နှာဖုံးနှင့် လူဟာ လှံအတတ်ကို ငွေ၅၀လျန်နှင့် ရရှိသွား၏။
ထို့နောက် ချန်ယန်ဟာ နောက်ထပ် အရိုးသန့်စင်ခြင်းအဆင့်သို့ ကျင့်ကြံနိုင်သည့် သိုင်းပညာနှစ်ခုတို့ကို လေလံတင်သည်။ လေလံဆွဲသူဟာ နည်းပါးနေသေး၏။
“နောက်တစ်ခုကတော့.. သွေးသန့်စင်ခြင်း အဆင့်အထိ ကျင့်ကြံနိုင်တဲ့ ထင်းရှူးလေပြေဓါးသိုင်းပါ။ အတွင်းပိုင်း ခွန်အားကို ဖမ်းဆုပ်နိုင်မယ့် နက်နဲတဲ့ ပုံကြမ်းမပါပေမယ့် သွေးချီလှည့်ပတ်မှုနည်းလမ်း ပါရှိပါတယ်။ စတင်ဈေးက ငွေ၈၀လျန်ပါ” လူတိုင်း၏ စိတ်မပါပုံကို တွေ့ရပြီးနောက် ချန်ယန်က ပိုမိုကောင်းမွန်သည့် သိုင်းကျမ်းကို ထုတ်သည်။ “ထင်းရူးလေပြေဓါးသိုင်းလား… ဒါက ကျိုးဟန်ရဲ့ နာမည်ကြီး ဓါးသိုင်းမလား”
“သူသွေးသန့်စင်ခြင်းအဆင့်ကို ရောက်သွားပြီး ပိုက်ဆံလိုနေလို့ ဒီသိုင်းကျမ်းကို ရောင်းတာလား”
“ချီးကိုရောင်း.. အသတ်ခံရတာဖြစ်မယ်”
ချန်ယန်၏ စကားဆုံးပြီးနောက် အခန်းထဲတွင် အသံများစွာ ထွက်ပေါ်လာ၏။ ကျိုးဟန်ဟာ သွေးသန့်စင်ခြင်းအဆင့်အောက်ရှိ သိုင်းသမားများအကြားတွင် တော်တော်လေး ကျော်ကြားသည်။ ကောင်းသော ကျော်ကြားခြင်းမျိုးတော့ မဟုတ်ပေ။
“၉၀လျန်” “၁၀၀လျန်” “၁၁၀လျန်”
လူတိုင်းဟာ အသီးသီး လေလံဆွဲကြ၏။
“၂၀၀လျန်”
ထိုအချိန်၌ ခုံအရှေ့ပိုင်းရှိ အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ယောက်က လျန်၉၀ တိုးပေးလိုက်၏။ မြင်ကွင်းက ချက်ချင်းပင် တိတ်ဆိတ်သွားသည်။
ထင်းရှူးလေပြေ ဓါးသိုင်းမှာ ကျော်ကြားပေမယ့် ငွေ၁၅၀လျန်လောက်သာ တန်ပါသည်။ ယခု ဈေးနှုန်းမှာ အလွန်မြင့်မားနေပြီ ဖြစ်၏။ မည်သူမှ ထပ်မံမလိုက်တော့ပေ။
ဟန်ကျောက်မှာတော့ အလွန်ပျော်နေ၏။ လူချမ်းသာများ ပေါများသည်ဟုသာ ဆိုရပေမည်။ ဓါးသိုင်းအပြီးတွင် ချန်မိသားစုမှ တပည့်များက အနီရောင်အဝတ်ဖြင့် ဖုံးထားသည့် လင်ဗန်းတစ်ခုကို သယ်လာ၏။ ချန်ယန်က အဝတ်နီကို လှန်လိုက်ပြီး ခရမ်းရောင် စာအုပ်တစ်အုပ်ကို မိတ်ဆက်သည်။
“လူတိုင်းပဲ… ဒီလျှို့ဝှက်ကျမ်းကို ဓါးစုဆောင်းခြင်း အတတ်လို့ ခေါ်တယ်။ ဘယ်အဆင့်မှာမဆို လေ့ကျင့်လို့ရတဲ့ ဓါးသိုင်းတစ်ခုပါ။ ပါရမီ ဘယ်လောက်ပဲ နိမ့်ပါးနိမ့်ပါး သင်ယူနိုင်တယ်။ အဲ့ဒီအပြင် စွမ်းအားကလည်း အံ့ဩဖို့ကောင်းတယ်။ ပြီးခဲ့တုန်းက အရိုးသန့်စင်ခြင်း အဆင့် သိုင်းသမားတစ်ယောက်က ဒီဓါးသိုင်းကို သုံးပြီး သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားကို တစ်ချက်တည်းနဲ့ ဒဏ်ရာအပြင်းအထန် ရသွားစေခဲ့တယ်”
“ဘာ… အရိုးသန့်စင်ခြင်းအဆင့်က သွေးသန့်စင်ခြင်း အဆင့်ကို ဒဏ်ရာအပြင်းအထန် ရစေတာလား”
“မဖြစ်နိုင်တာ.. နောက်ဆုံးအကြိမ် မင်းရောင်းခဲ့တဲ့ ကျင့်စဉ်တုန်းကလည်း ဒီလိုပဲ လျှောက်ပြီး ပြောတာပဲ။ ပြီးတော့ ဘာဖြစ်လဲ… မဟုတ်သုတ်ခ”
“ဘာကိစ္စ အရင်ဆုံး အားနည်းချက်ကို မပြောတာလဲ” ချန်ယန်က စကားဆုံးပြီးနောက် အောက်တွင် ဆူညံပွက်လောရိုက်သွား၏။ သို့ပေမယ့် အားလုံးမှာ လူသစ်များသာ ဖြစ်ကြသည်။ လူဟောင်းများမှာမူ မယုံကြည်စွာ ရှိနေကြ၏။
ချန်မိသားစု၏ လေလံပွဲတွင် နှစ်စဉ်နှစ်တိုင်း ယခုကဲ့သို့ ကျင့်စဉ်နည်းငယ် ပါဝင်လာတတ်သည်။ အများစုမှာ မဟုတ်တာများ ဖြစ်ကြ၏။
“ဒါက မဆိုးလှတဲ့ စွမ်းအားပြင်း ဓါးသိုင်းတစ်ခုပဲ။ ကန့်သတ်ချက်တွေ များပေမယ့် မင်းအတွက်တော့ ဘာမှမဟုတ်ဘူး။ အရေးကြီးတဲ့ အချိန်မှာ ဝှက်ဖဲအဖြစ် သုံးလို့ရတယ်”
အသုံးဝင်သည့် အချက်ပေးမှုက ပေါ်လာ၏။ ဟန်ကျောက်ကို စိတ်ဝင်စားသွားစေသည်။
ချန်ယန်က ဆက်လက် အချိန်ဆွဲမနေတော့ပဲ ဆက်လက်ထပ်ပေါင်းကာ ပြောသည်။
“ကိုယ့်ထက် အဆင့်မြင့်သူကို အနိုင်ယူနိုင်တဲ့ ဒီဓါးသိုင်းမှာ ကန့်သတ်ချက်အချို့တော့ ရှိတာပေါ့။ အဲ့ဒါကတော့ ဓါးမထုတ်ခင်မှာ လူတစ်ယောက်က ချီအဆီအနှစ်နဲ့ စိတ်ဝိညာဉ်ကို သုံးပြီး ဓါးကို ပျိုးထောင်ရတာပဲ။ အချိန်ပိုကြာကြာ ပျိုးထောင်လေလေ သွေးချီများများ သုံးရလေပဲ။ အဲ့ဒီအခါ ဓါးထုတ်တဲ့ စွမ်းအားလည်း ပိုကြီးမားလေပဲ။ လူတိုင်းက ဝှက်ဖဲအဖြစ် သိမ်းထားချင်ရင်တော့ ဒီဓါးစုဆောင်းခြင်း အတတ်ကို လက်လွှတ်လို့ မဖြစ်ဘူးနော်။ စတင်ဈေးက ငွေလျန်၈၀ပါ”