← Chapters

(ကျန်းထန်ဝမ်၏စိတ်ကူး)

Vol. 2 Ch. 29

(ကျန်းထန်ဝမ်၏စိတ်ကူး)

Vol. 2 Ch. 29

ဟန်ကျောက် ထွက်လာပြီး မကြာခင် လမ်းပေါ်၌ သူ့ဘက်သို့ လျှောက်လှမ်းလာနေသည့် လူသုံးယောက်တို့ကို တွေ့ရ၏။ သူတို့ကတော့ ရှလင်၊ စုယွင်နှင့် ကျန်းထန်ဝမ်တို့ ဖြစ်ကြသည်။

“ကြည့်ရတာ နေ့လည်စာစားဖို့ ထွက်လာတာထင်တယ်”

“ဂျူနီယာမောင်လေးဟန်”

ရှလင်က သူ့ကို တွေ့လျှင်တွေ့ချင်း လက်ဝှေ့ယမ်းသည်။ ဟန်ကျောက်က လျှောက်သွားကာ သူမကို ကျောက်ယွမ်ထု သိုင်းကျောင်းမှာရှိလားဟု မေးမှာပါ။

“စီနီယာအစ်မရှ”

သူက ပြုံးကာ ရှလင်ကို နှုတ်ဆက်သည်။ ထို့နောက် စုယွင်နှင့် ကျန်းထန်ဝမ်တို့ကို ကြည့်၏။

“စီနီယာအစ်မစု… စီနီယာအစ်ကိုကျန်း”

စုယွင်က ခေါင်းညှိတ်သည်။ သို့ပေမယ့် ကျန်းထန်ဝမ်က လစ်လျူရှုထား၏။ ကျောက်ယွမ်ထု ကိစ္စကြောင့် ဟန်ကျောက်ကို မုန်းတီးနေပါသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က ဟန်ကျောက်ဟာ မြို့သို့ ပြန်လာပြီးနောက် အထူး လိုက်လံစုံစမ်းခဲ့သည်။ မြို့ထဲတွင် ကျန်းမိသားစုဟူ၍ တစ်ခုသာ ရှိကြောင်းကို တွေ့ရ၏။ ထို့ကြောင့် နဂါးပျံအဖွဲ့၏ နောက်ကွယ်ရှိ မိသားစုကို သိလာခဲဲ့သည်။ လုံခြုံမှုရှိစေရန် အတွက် သူဟာ ကျန်းမိသားစုကို ဖျက်စီးနိုင်ချိန်အထိ စောင့်မည်ဖြစ်၏။ မဟုတ်ပါက အန္တရာယ်များလွန်းပါသည်။

“ဂျူနီယာမောင်လေးဟန်.. ဒီအတောအတွင်း ဘာလို့ သိုင်းကျောင်းကို မလာတာလဲ။ ဆရာလုက မေးနေတယ်” ရှလင်က သံသယဖြင့် မေးသည်။

ဟန်ကျောက်က အကူအညီမဲ့စွာ လက်နှစ်ဖက်ကို ဆန့်သည်။

“ရွေးချယ်စရာ မရှိဘူးလေ။ ပိုက်ဆံရှာဖို့ နည်းလမ်းရှာနေတာ။ မဟုတ်ရင် ကျင့်ကြံနှုန်းကို ထိန်းနိုင်မှာ မဟုတ်ဘူး”

ရှလင်ဟာ အနည်းငယ် နေရခက်သွား၏။ တုံးအသည့် မေးခွန်းတစ်ခုကို မေးမိသည်ဟု သူမကိုယ်သူမ ခံစားရသည်။

“၂ရက်အတွင်းမှာ သိုင်းကျောင်းကို ကျွန်တော် ပြန်လာမှာ။ ဒါနဲ့… အစ်ကိုကြီးရော ကျောင်းမှာရှိလား”

ဟန်ကျောက်က စကားလမ်းကြောင်း လွှဲကာပြောသည်။ ရှလင်က ဖြေ၏။

“အစ်ကိုကြီးက ကျွန်မတို့ ရှမိသားစုရဲ့ ကုန်တန်းနဲ့အတူ ယွီဖုန်းမြို့ကို သွားတယ်။ ရက်အနည်းငယ်ကြာမှ ပြန်လာလောက်မှာ။ အရေးကြီးတာ တစ်ခုခုရှိလို့လား”

“မရှိပါဘူး။ သူပြန်လာမှပဲ ကျွန်တော် သွားရှာလိုက်မယ်” ဟန်ကျောက်က ပြုံးသည်။

“ကောင်းပါပြီ”

ရှလင်က ခေါင်းညှိတ်ကာ ပြောသည်။

“ဂျူနီယာမောင်လေးဟန်.. ငါတို့ နေ့လည်စာသွားစားမလို့။ နင်လိုက်ခဲ့မလား”

“မလိုက်တော့ပါဘူး။ ကျွန်တော် သိုးသားစွပ်ပြုတ် ငါးပန်ကန်တောင် သောက်လာခဲ့တာ။ ဟိုကဆိုင်မှာလေ”

ဟန်ကျောက်က နောက်ရှိ စားသောက်ဆိုင်ငယ်ကို လက်ညှိုးညွှန်ပြသည်။

ကျန်းထန်ဝမ်က ရယ်၏။ သူက ယပ်တောင်ကိုဖွင့်ကာ ယုံကြည်ချက်ရှိစွာ ခပ်သည်။

“ဂျူနီယာညီမရှ… ဂျူနီယာဟန်က ပိုက်ဆံရှာဖို့ နည်းလမ်းတစ်ခု စဉ်းစားနေတာလို့တောင် ပြောပြီးနေပြီလေ။ သူ့ကို ငါတို့စားမယ့် စားသောက်ဆိုင်ကြီးကို ခေါ်ချင်သေးလို့လား။ အတင်းကြီး မလုပ်ပါနဲ့”

“ရှလင်.. ဂျူနီယာဟန်က စားပြီးကတည်းက ငါတို့ပဲ သွားကြတာပေါ့”

စုယွင်က ပြော၏။ သူမအနေနှင့် ဟန်ကျောက်အပေါ် အမြင်ကောင်းမရှိပေမယ့် ကျန်းထန်ဝမ်၏ ယခုကဲ့သို့ ပစ်မှတ်ထားခြင်းအပေါ် ကြည့်မနေနိုင်ပေ။ ဤသည်က လူကြီးလူကောင်း မပီသလှပါ။

“ဘာမှမဖြစ်ဘူး။ ဂျူနီယာမောင်လေးဟန်.. သွားကြရအောင်.. ငါကျွေးမယ်”

ရှလင်က သူမ၏ ပြားနေသည့် ရင်ဘတ်ကို ပုတ်သည်။

“နောက်တစ်ကြိမ်မှပေါ့”

ဟန်ကျောက်က လိုက်မနေတော့ပါ။ ကျန်းထန်ဝမ်သာ မရှိပါက နောက်တစ်ပွဲလောက် လိုက်စားပါသေးသည်။ သို့ပေမယ့် ဒီကောင်၏ မဟုတ်တရုတ် စကားများကြောင့် ညအချိန်တွင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု အဖိုးအခအား လိုက်တောင်းမိမှာ စိုးရ၏။

“သိုးသားစွပ်ပြုတ်က တကယ်ပဲ အရသာရှိလို့လား”

ရှလင်က စကားပြောင်းသွား၏။

“ကျွန်တော့အတွက်တော့ အရသာရှိတယ်။ ဒါပေမယ့် အစ်မအတွက်တော့..”

ဟန်ကျောက်က သူမအနေနှင့် အစပ်အဟပ်တည့်ချင်မှ တည့်မှာဟု ပြောချင်ပေမယ့် နောက်ဆုံးအကြိမ်တုန်းက လမ်းဘေးမုန့်ဆိုင်တွင် သူမဟာ သူ့ထက်စားခဲ့သည်ကို သတိရသွားသည်။

“သွားရအောင်.. ငါတို့တွေ ဒီနေ့ နေ့လည်စာအတွက် သိုးသားစွပ်ပြုတ် သောက်ကြမယ်”

ရှလင်က လက်သီးများကို ဆုပ်ကာ ပြောသည်။

ကျန်းထန်ဝမ်နှင့် စုယွင်တို့ဟာ မျက်မှောင်ကြုတ်သွားသည်။

“နင်တို့က မသွားဘူးလား”

ရှလင်က စုယွင်ကို ကြည့်သည်။ စုယွင်က ခေါင်းကိုယမ်း၏။

“ဒါဆိုလည်း ငါ့ဘာသာပဲ သွားတော့မယ်။ တိုက်ဆိုင်စွာပဲ ဒီအတောအတွင်း ငါလည်း ပိုက်ဆံသိပ်မရှိ ဖြစ်နေတာ” ရှလင်က အပြုံးတစ်ခုဖြင့် ပြောသည်။ သူမ၏ ပါးနှစ်ဖက်၌ ပါးချိုင့်လေးများ ပေါ်လာ၏။ ပြောလိုက်ပြီးနောက် သူမဟာ ဟန်ကျောက်၏ အင်္ကျီလက်ကို ဆွဲရင်း ထွက်ခဲ့၏။

“ဂျူနီယာမောင်လေးဟန်.. ငါနဲ့အတူ နောက်တစ်ပန်းကန်လောက် လိုက်စားဦး”

“ကျွေးမယ်ဆိုရင်တော့ စားတာပေါ့”

ဟန်ကျောက်က ပြော၏။

“ပြဿနာမရှိဘူး”

ရှလင်ဟာ စားသောက်ဆိုင်ငယ်ဆီသို့ လျှောက်မြန်စွာ လျှောက်သွားသည်။ ဟန်ကျောက်ဟာ မျက်မှောင်ကြုတ်သွား၏။ အစောကတည်းကသာ သိပါက နောက်ကျမှ စားပါသည်။ ထိုသို့ဆိုပါက အလကား စားလို့သောက်လို့ရ၏။

“ဟန့်”

ကျန်းထန်ဝမ်၏ ပုံစံက အနည်းငယ် အရုပ်ဆိုးသွားသည်။ ကျောက်ယွမ်ထုကို ခေါ်ယူရန် ကျရှုံးခဲ့ကတည်းက သူဟာ ရှလင်အပေါ် အာရုံစိုက်နေခဲ့၏။ ရှလင်ကိုသာ လက်ထပ်နိုင်ပါက သူ၏ အနာဂတ်အတွက် အကျိုးရှိမှာပါ။ သူမသာ မိသားစုစီးပွားရေးကို အမွေဆက်ခံနိုင်ပါက ရှမိသားစု၏ စီးပွားရေး တစ်ဝက်ကို သူထိန်းချုပ်နိုင်မှာပါ။ သူမ ကျရှုံးလျှင်တောင် ဒီအခွင့်အရေးကို အသုံးပြုပြီး ကျောက်ယွမ်ထုကို လုယူနိုင်၏။

ထို့အပြင် ရှလင်မှာ တော်တော်လေး ချစ်ဖို့ကောင်းပါသည်။ သို့ရာတွင် သူမကို အလွန် ဦးနှောက်မဲ့မည်ဟု ထင်မထားခဲ့ပေ။ သူ့ဘက်က စိတ်ကောင်းကို ပြသပြီး ဖြစ်ပေမယ့် သူမဟာ ဟန်ဆောင်နေဆဲ ရှိသည်။ ဒီမိန်းမဟာ ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ဉာဏ်တိမ်ရသနည်း။

ဟန်ကျောက်ဟာ သူ့ထက် အနည်းငယ် ပိုမိုချောမောတာက လွဲ၍ အခြား နှိုင်းယှဉ်နိုင်တာ ဘာမှမရှိပေ။ ဒီကောင်ဟာ ကျောက်ယွမ်ထုနှင့် ဆက်ဆံရေး ကောင်းမွန်ပြီး ဆေဘာအတတ်တွင် အနည်းငယ် ပါရမီပိုကောင်းကာ လုယီ၏ မျက်လုံးများကို ဖမ်းစားနိုင်ခဲ့၍သာ မဟုတ်ပါက သူ့အနေနှင့် သတ်ဖြတ်ရန် နည်းလမ်းပေါင်း တစ်သောင်းကျော် ရှိပါသည်။

…

“ဟူး.. နောက်ဆုံးတော့ သူ့ကို ပထုတ်လိုက်နိုင်ပြီ”

ရှလင်ဟာ စားသောက်ဆိုင်ငယ် အတွင်းသို့ ပြေးဝင်ပြီးနောက် သက်ပြင်းချ၏။ ကြည့်ရတာ သူမဟာ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းခြင်းမဟုတ်ပဲ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနေသည့် ပုံပါ။

“ကြည့်ရတာ နင်ကျန်းထန်ဝမ်ကို သိပ်ပြီး သဘောမကျဘူးလား”

ဟန်ကျောက်က အပြုံးတစ်ခုနှင့် ပြောသည်။

“နင်လည်း အတူတူပဲ မဟုတ်ဘူးလား”

“ကျွန်တော် မငြင်းပါဘူး”

“နောက်ဆုံးအကြိမ် ကတည်းက သူငါ့ကို လိုက်ပြီးကပ်နေတာ။ ငါလည်း သူနဲ့ တစ်ခါတည်း မျက်နှာပျက်အောင် လုပ်လို့မကောင်းဘူး။ ရွေးချယ်စရာမရှိ ဖြစ်နေတယ်”

ရှလင်ဟာ အနည်းငယ် အကူအညီ မဲ့နေ၏။

“နောက်ဆုံးအကြိမ်”

ဟန်ကျောက်ဟာ မှင်သက်သွားသည်။

“ဟိုတစ်ခါကလေ..”

ရှလင်၏ သေးငယ်ဖြူဖွေးသည့် နားရွက်လေးများဟာ နီရဲလာ၏။

“အိုး”

ဟန်ကျောက်ဟာ ရုတ်တရက် တစ်ခုခုကို နားလည်သွားပြီး ရှလင်၏ ရင်ဘတ်ကို ခေါင်းငုံ့ကြည့်သည်။

“သူငါ့ကို နေ့တိုင်း စိုက်ကြည့်နေတာ။ ကြက်သီးတွေတောင် ထတယ်။ ဒီအတောအတွင်း အဝတ်တွေကို ပိုပတ်ထားရတယ်။ နင်လည်း သိုင်းကျောင်းကို မလာတော့ ငါသူနဲ့ မကြာခဏ ယှဉ်ပြီး လေ့ကျင့်ရတယ်လေ။ ကံကောင်းစွာပဲ စုယွင်က ကူကာပေးထားလို့။ ရွံဖို့ကောင်းလိုက်တာ”

ရှလင်၏ မျက်လုံးများဟာ ဒေါသတို့ ယှက်သန်းနေ၏။ ထက်မြသည့် သွားလေးများ ပေါ်လာခဲ့သည်။

“ငါသူ့ကို ပြန်ပြောမှာ နင်မကြောက်ဘူးလား”

ဟန်ကျောက်က ပြုံးသည်။

“မကြောက်ပါဘူး။ ငါက လူတွေကို အကဲခတ်ရာမှာ တော်တယ်”

ရှလင်က မျက်တောင်ပုတ်သည်။

“စုယွင်ကိုတောင် ငါမပြောဖူးဘူး။ တော်ကြာ သူမ ပါးစပ်က လှစ်ခနဲ ထွက်သွားမှာစိုးလို့။ ဒါပေမယ့် ဂျူနီယာမောင်လေးဟန်က သေချာပေါက် သစ္စာဖောက်မှာ မဟုတ်ပါဘူး”

“အမှန်ပဲ”

ဟန်ကျောက်က ခေါင်းညှိတ်သည်။

“နောက်ဆုံးအကြိမ်တုန်းက..”

ရှလင်က ရုတ်တရက် ရှေ့သို့ ကိုင်းညွှတ်ကာ သူမ၏ အသံဟာ တိုးညှင်းသွား၏။

“နင်ဖန်းဟုန်ယွင်ရဲ့ ခြေထောက်တွေကို ချိုးခဲ့တာမလား”

ဟန်ကျောက်ဟာ အံ့ဩသွား၏။ ထို့နောက် မပြောင်းလဲသည့် မျက်နှာနှင့် ပြောသည်။

“စီနီယာအစ်မရှ.. လူကောင်းကို မစွပ်စွဲပါနဲ့”

ရှလင်က သူမ၏ မျက်လုံးထောင့်များဖြင့် ဟန်ကျောက်ကို ကြည့်သည်။ နှုတ်ခမ်းထောင့်များက ကွေးညွှတ်လာပြီး ပြော၏။

“နင်ဝန်မခံဘူးဆိုတာကို ငါသိသားပဲ”

“ဘာပဲဖြစ်ဖြစ် ငါလည်း သူ့ကို အကြိမ်အနည်းငယ်လောက် ရိုက်ချင်‌နေတာ”

ရှလင်က လက်သီးများကို ဝှေ့ယမ်းကာ ကြမ်းတမ်းစွာ ပြောသည်။ ပြောရင်းနှင့် မီးဖိုချောင်ဘက်သို့ ကြည့်လိုက်၏။

“ဆိုင်ရှင်.. ကျွန်မကို သိုးသားစွပ်ပြုတ် ခေါက်ပန်းကန်ပေးပါ”

“ကောင်းပါပြီဗျ”

ဆိုင်ရှင်က ပြန်ကြား၏။

ဟန်ကျောက်က ရှလင်၏ ပုခုံးကို ပုတ်သည်။

“ဘာလဲ”

ရှလင်က သူ့ကိုကြည့်၏။

“ကျွန်တော် အများကြီး မစားနိုင်ဘူး”

“အိုး.. ငါမေ့သွားတာ.. နင့်အတွက်မှာဖို့ကို”

ရှလင်က ပြုံးသည်။ ထို့နောက် ထပ်မံလှမ်းပြောလိုက်၏။

“ဆိုင်ရှင်.. နောက်တစ်ပန်းကန် ထပ်ပေါင်းမယ်နော်။ ခုနစ်ပန်းကန်”

ဟန်ကျောက်ဟာ အနည်းငယ် ပြောစရာစကား မဲ့သွား၏။ ရှလင်ကို အထက်အောက် စုန်ဆန်ကြည့်သည်။

“ဘာလို့ ငါ့ကို အဲ့လိုလာကြည့်နေတာလဲ”

ရှလင်က နှုတ်ခမ်းဆူကာ ပြော၏။

“ဘာမှမဟုတ်ပါဘူး”

ဟန်ကျောက်က ခေါင်းကိုယမ်းသည်။

All Chapters