ရှုပ်ထွေးသော တိုက်ပွဲ
Vol. 017 Ch. 1602
အင်အားစုနှစ်ခုကြားမှ တန်ခိုးရှင်များသည် သူတို့၏ မိတ်ဆွေအများအပြား အသတ်ဖြတ်ခံရကာ ပျောက်ကွယ်သွားသည်ကို ကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာထက်တွင် နက်မှောင်သည့် အကြည့်တို့ ပေါ်ပေါက်လာသည်။
တခဏအတွင်း နေရာတစ်ခုလုံးကို ကြောက်မက်ဖွယ် ပြင်းထန်သည့် ဖိအားများ ပြည့်နှက်သွားသည်။
အင်ပါယာရှင်းကျောင်းတော်သည် ကျီဝေးဘုံတွင် ရှေးအကျဆုံး အင်အားစုဖြစ်သည်။ ကြယ်သခင်ကျီဝေးသည် တစ်ချိန်က ကျီဝေးဘုံ၏ အုပ်စိုးသူ ဖြစ်ဖူးခဲ့ပေသည်။
ကျီဝေးဘုံမှ အခြားသော ထိပ်သီးအင်အားစုများသည် အထင်ကြီးလောက်ဖွယ် မူလအစများ ရှိကြသည်။ ထိပ်သီး၌ ရပ်တည်နိုင်သော မည်သည့် အင်အားစုမဆို ရိုးရှင်းခြင်း မရှိကြပေ။ မဟုတ်လျှင် သူတို့က ထိုအဆင့်သို့ မည်သည့်အခါမှ ရောက်လာကြလိမ့်မည် မဟုတ်ချေ။
ဤအင်အားစုများမှာ အဓိကအင်အားစုနှစ်ခုဖြစ်သော ‘သောမျိုးနွယ်စု’ နှင့် ဝရိန်ခုနစ်ပါး ကလန်တို့ ဖြစ်ကြသည်။
ပြောကြသည်မှာ သောမျိုးနွယ်စုသည် တိုက်ပွဲနတ်ဘုရားမှ ဆင်းသက်လာခြင်း ဖြစ်သည်ဟူ၍ ဖြစ်သည်။ တိုက်ပွဲနတ်ဘုရား ရှုံးနိမ့်သွားပြီးနောက် သူ၏ သွေးဆက်သည် လောကတစ်ခွင်တွင် ပျံ့နှံ့သွားခဲ့သည်။ သောမျိုးနွယ်စု၏ အကြီးအကဲသည် သူ့တွင် ထိုသွေးဆက်ရှိသည်ကို သတိပြုမိသောကြောင့် သူက သောမျိုးနွယ်စုကို တည်ထောင်ခဲ့သည်။ သူတို့သည် ကျီဝေးဘုံ၏ အစွမ်းထက်ဆုံး တိုက်ခိုက်သူများဟု ပြော၍ ရပေသည်။
ဝရိန်ခုနစ်ပါး ကလန်သည် သူတို့၏ ထိုက်တန်မှုကို သတ်ဖြတ်ခြင်းဖြင့် သက်သေပြခဲ့သည်။ အင်အားစုနှစ်ခုသည် သတ်ဖြတ်ခြင်းလမ်းစဥ်၌ အကောင်းဆုံးဖြစ်ကြောင်း အသိအမှတ်ပြုပြပေသည်။ အသင်္ချေဘုံ၏ သတ်ဖြတ်ခြင်းလောကနှင့် ကျီဝေးဘုံ၏ ဝရိန်ခုနစ်ပါး တို့ ဖြစ်သည်။
သို့သော် ဤအင်အားစုနှစ်ခုက အလွန် ကွဲပြားစွာ ကျင့်ကြံကြပေသည်။ သောမျိုးနွယ်စုသည်လည်း သူတို့၏ ထိုက်တန်မှုကို သတ်ဖြတ်ခြင်းဖြင့် သက်သေပြခဲ့သော်လည်း သတ်ဖြတ်ခြင်းလောကမှ တန်ခိုးရှင်များသည် သူတို့၏ စိတ်ကို လေ့ကျင့်ရန် သတ်ဖြတ်ခြင်းဖြင့် လုပ်ဆောင်ခဲ့ပြီး သတ်ဖြတ်ခြင်းဝင်္ကပါကို ဖော်ထုတ်ခဲ့သည်။ ဝရိန်ခုနစ်ပါး ကလန်မှ သတ်ဖြတ်ခြင်းနတ်ဘုရား၏ ဝရိန်ခုနစ်ပါးလမ်းစဉ်ကို ကျင့်ကြံပေသည်။ သူတို့သည် သတ်ဖြတ်ခြင်းချီနှင့် သတ်ဖြတ်ခြင်းစွမ်းအားအပေါ်၌ အဓိကအာရုံစိုက်ကြသည်။ ထို့ကြောင့် သူတို့သည် မတူညီသည့် လမ်းကြောင်းများကို လျှောက်ခဲ့ကြသော်လည်း တူညီမှုများ ရှိကြပေသည်။
သတ်ဖြတ်ခြင်းနတ်ဘုရား၏ တိုက်ခိုက်မှု ခုနစ်မျိုးကို ဖော်ထုတ်နိုင်သည်။ ထိုတိုက်ခိုက်မှု ခုနစ်မျိုး ပြီးသည့်နောက် ပြိုင်ဘက်က မသေခဲ့လျှင် သေရမည့်သူက သူကိုယ်တိုင်သာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ဝရိန်ခုနစ်ပါး ကလန်မှ တပည့်များသည် သတ်ဖြတ်ခြင်းကိုသာ ကျင့်ကြံကြပေသည်။ သူတို့သည် ပြိုင်ဘက်က သေဆုံးမှသာ ရှင်သန်နိုင်ပေလိမ့်မည်။ သူတို့သည် ပြိုင်ဘက်ကို တိုက်ခိုက်မှု ခုနစ်ခုအတွင်း သတ်ဖြတ်နိုင်ရပေမည်။
ဤအင်အားစုသုံးခုသည် ကျီဝေးဘုံ၏ ထိပ်သီးအင်အားစုအဖြစ် ရပ်တည်နေကြသည်။ သူတို့သည် အချင်းချင်း အလွန် ရင်းနှီးကြပေသည်။ မဟုတ်လျှင် ဝရိန်ခုနစ်ပါး ကလန်နှင့် သောမျိုးနွယ်တို့သည် အင်ပါယာရှင်းကျောင်းတော်က လူများ၏ နောက်မှ လိုက်ပါလာကြလိမ့်မည် မဟုတ်ပေ။ သူတို့သည် သိသာစွာပင် သူတို့၏ စွမ်းရည်ကို အများကြီးယုံကြည်ကြပေသည်။
ယခု အင်ပါယာရှင်းကျောင်းတော်သည် သူတို့၏ ပြိုင်ဘက်ဖြစ်သည်။
“မြေအောက် အကြွင်းအကျန်နယ်မြေမှာ ဘာရှိတာလဲ။” ဝရိန်ခုနစ်ပါး ကလန်မှ ပြေပြစ်သော မျက်နှာနှင့် လူငယ်က မေးလိုက်သည်။ သူ၏ အသံထဲတွင် သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်တို့ ပျော်ဝင်နေသည်။ သူသည် သူ့မျိုးဆက်အတွင်း ဝရိန်ခုနစ်ပါး မှ တစ်ယောက် ဖြစ်သည်။ သို့သော် သူသည် သူတို့အကြား၌ နံပါတ်ခုနစ် အဆင့်သာ ရှိပြီး သိပ်မကျော်ကြားလှပေ။
ဝရိန်ခုနစ်ပါး အနက် အခြားသော ဝရိန်ခြောက်ပါးမှာ ရန်ဟောင်အဆင့်များ ဖြစ်ကြသည်။ ထိုသည်မှာ ဝရိန်ခုနစ်ပါး ထဲမှ တစ်ယောက်ဖြစ်လာရန် မည်မျှ လိုအပ်ချက် မြင့်မားသည်ကို ဖော်ပြနေသည်။
သူတို့၏ တပည့်များသည် သတ်ဖြတ်ရန် စိတ်ဆန္ဒကို လေ့ကျင့်ဖို့ရာ ပြင်ပလောက၌ လေ့ကျင့်မှု အများအပြား သွားရောက်ရသည်။ ဝရိန်ခုနစ်ပါး မှ တစ်ယောက်ချင်းစီသည် သူတို့၏ အဆင့်အတန်း မြင့်တက်ရန် သွေးပင်လယ်နှင့် အရိုးတောင်ပေါ်တွင် မူတည်ပေသည်။
“မင်း အထဲ ဝင်သွားကြည့်ရင် တွေ့လိမ့်မယ်” အင်ပါယာရှင်းကျောင်းတော်မှ တစ်ယောက်က သတ္တမဝရိန် ကို ဝေ့ကြည့်ကာ ပြောလိုက်သည်။ စကားပြောလိုက်သည့် ထိုလူငယ်က အင်ပါယာရှင်းကျောင်းတော် နန်းတော်သခင်၏ တိုက်ရိုက်တပည့်ဖြစ်သော ပေချန် ဖြစ်သည်။ သူသည် ရှန့်ထိုအဆင့် အထွတ်အထိပ် ရောက်ရှိနေပြီ ဖြစ်၏။ သူက အင်ပါယာရှင်းကျောင်းတော်အတွင်း အလွန်ကျော်ကြားပြီး ကျီဝေးဘုံအတွင်း၌လည်း အတူတူပင် ဖြစ်သည်။
ဤနေရာ၌ ရှိနေသူများ၌ သူတစ်ယောက်သာ ကျော်ကြားသူ မဟုတ်ပေ။ သတ္တမဝရိန် နှင့် သောမျိုးနွယ်မှ သောကျောက်သည်လည်း ကျီဝေးဘုံ လူငယ်မျိုးဆက်များတွင် အကျော်ကြားဆုံးသူများ ဖြစ်ကြသည်။ သူတို့သည် သက်ဆိုင်ရာ အင်အားစုအဖွဲ့မှ လူငယ်ခေါင်းဆောင် ဖြစ်သည်။ သူတို့အားလုံးက အလွန် အစွမ်းထက်ကြပေသည်။
သောမျိုးနွယ်စု နှင့် ဝရိန်ခုနစ်ပါး ကလန်မှ တန်ခိုးရှင်များသည် အင်ပါယာရှင်းကျောင်းတော်မှ လူများကို ကြည့်လိုက်ကြသည်။ ဝင်္ကပါက ထိုနေရာတွင် ရှိနေဆဲ ဖြစ်သည်။ သူတို့က ဖောက်ထွက်ရန် ကြိုးစားပါက ကျိန်းသေ အထိနာမည့်သူက သူတို့ပင် ဖြစ်သည်။
“သွားကြည့်ကြည့်” သောကျောက်က ပြောလိုက်သည်။ ရုတ်တရက် သူ၏ လူများက မြေအောက်နန်းတော်ဆီ ပြေးဝင်သွားကြသည်။ သူတို့သည် လက်သီးကို ဆုပ်ကာ လေထဲသို့ ပစ်သွင်းလိုက်ပြီး သူတို့၏ လက်များက နန်းတော်အပြင်ပိုင်းကို ရိုက်ခတ်သွားသည်။ ထိုနေရာမှ အက်ကွဲကြောင်းများ ပေါ်ပေါက်လာသည်။
ဘုန်း...
ကျယ်လောင်သည့် ဆူညံသံ ထွက်ပေါ်လာပြီး မြေအောက်နန်းတော်က ပြင်းထန်စွာ တုန်ခါသွားသည်။ နန်းတော်သည် အက်ကွဲနေပြီး ဖြစ်သော်လည်း ပြိုကျမည့် အရိပ်အယောင် မရှိပေ။ ဤနန်းတော်သည် ပျက်စီးခြင်းနယ်မြေအကြား မြှပ်နှံခံထားရပြီး အလွန် ကြံ့ခိုင်ပေသည်။
ကြည့်သည်မှာ သူတို့က ဤနည်းလမ်းဖြင့် လုပ်ဆောင်၍ မရနိုင်ပေ။ သူတို့ ဝင်သွားချင်လျှင် အတင်းဖိအားပေး ဝင်မှ ရပေလိမ့်မည်။ ကံမကောင်းစွာနှင့် သူတို့၏ လမ်းကို အင်ပါယာရှင်းကျောင်းတော်မှ တန်ခိုးရှင်များက ပိတ်ဆို့တားဆီးထားပေသည်။
“ငါတို့ အတူသွားရင် သုံးဖွဲ့လုံး တိုက်ခိုက်ကြလိမ့်မယ်။” သောကျောက်က အဝေးသို့ ကြည့်ကာ ပြောလိုက်သည်။ “အင်ပါယာရှင်းကျောင်းတော်က ဒီအပျက်အစီးမြေကို လုယူချင်နေရင် ငါတို့က ဝရိန်ခုနစ်ပါး ကလန်နဲ့ အပေးအယူလုပ်ပြီး ယာယီမဟာမိတ် ဖွဲ့သင့်တယ်။”
အင်ပါယာရှင်းကျောင်းတော်မှ လူများက အေးစက်စွာ ကြည့်လိုက်ကြသည်။ သူတို့က သွားခွင့်ပြုခဲ့လျှင် ထိုသူတို့က ပူးပေါင်းကည သူတို့အား ဆန့်ကျင်တိုက်ခိုက်ပေလိမ့်မည်။
“မင်းတို့က အင်အားစုနှစ်ခု ရှိတယ်ဆိုတော့ တစ်ခုပဲ ဝင်ခွင့်ပြုနိုင်မယ်။ မင်းတို့ ဘယ်သူဝင်မလဲ ကိုယ့်ဘာသာဆုံးဖြတ်ကြ။” ပေချန်၏ ဘေးမှ အကြီးအကဲက ပြောလိုက်သည်။ သူက အလွန် ပရိယာယ်ကြွယ်လှသည်။ သူ့ထံမှ စကားတစ်ခွန်းက အခြေအနေတစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်သည်။
ထိုသည်မှာ သောမျိုးနွယ်စုနှင့် ဝရိန်ခုနစ်ပါး ကလန်ကြားတွင် တစ်ခုကိုသာ ဝင်ခွင့်ပြုမည် ဖြစ်သည့်အတွက် သူတို့က အချင်းချင်း တိုက်ခိုက်ကြရလိမ့်မည် ဖြစ်သည်။
“ငါတို့ အချင်းချင်း တိုက်ခိုက်ကြရင် ငါတို့ရဲ့ စွမ်းအားကို ဖြုန်းတီးလိုက်သလိုပဲ။ အင်ပါယာရှင်းကျောင်းတော်က ငါတို့ကို လွှတ်ပေးမယ့် အကြောင်းရင်းက ပိုတောင် နည်းသွားဦးမှာ မဟုတ်လား။” သောကျောက်၏ မျက်လုံးထဲတွင် နတ်အလင်းတို့ တောက်ပလာသည်။ သူသည် ရွှေရောင်အလင်းများ တောက်ပနေသည့် မျက်လုံးတို့ဖြင့် ဝရိန်ခုနစ်ပါး ကို ကြည့်ကာ ပြောလိုက်သည်။ “စကားပြောပြီး အချိန်ဖြုန်းနေစရာမလိုဘူး။ ဖောက်ထွက်ရအောင်”
သတ္တမဝရိန် က ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ။” သူ့တွင် မည်သည့် အကြံဉာဏ်မှ မရှိပေ။ သူတို့ရှေ့မှ အခြေအနေက ရိုးရှင်းပေသည်။ သူတို့ အင်အားစုနှစ်ခုသည် အရေအတွက်အရ အရေးသာနေသော်လည်း ခင်းကျင်းထားသည့် ကြယ်ဝင်္ကပါကြောင့် သူတို့၏ ပြိုင်ဘက်က အရေးသာနေပေသည်။ ထိုသည်မှာ နှစ်ဖက်လုံးတွင် ညီမျှသည့် အခြေအနေ ဖြစ်နေကြောင်း ယူဆနိုင်သည်။ သူတို့က ရှေ့မတိုးသာနောက်မဆုတ်သာသည့် အခြေအနေမှ ရုန်းထွက်ချင်လျှင် အချင်းချင်း ပူးပေါင်းပြီး အင်ပါယာရှင်းကျောင်းတော်ကို ဆန့်ကျင်ရန် လိုအပ်ပေသည်။
ဟူး...
ပြင်းထန်သည့် အရှိန်အဝါ ထွက်ပေါ်လာသည်။ သောကျောက်၏ အပေါ်တွင် တိုက်ခိုက်ခြင်းနတ်အလင်းများ တောက်ပလာသည်။ သူ၏ တစ်ကိုယ်လုံးက တောက်ပလင်းလက်နေပေသည်။ သူ၏ အရိုးများမှ အက်ကွဲသံများ ထွက်ပေါ်လာသည်။ သူ့ ဝတ်စုံက စုတ်ပြဲသွားသည်။
ရှင်းလင်းပြတ်သားသည့် ကျိုးပဲ့သံများက အဆက်မပြတ် ထွက်ပေါ်လာပြီး သူ့ဝတ်စုံကလည်း အပိုင်းပိုင်းစုတ်ပြဲသွားခဲ့၏။ သောကျောက်သည် တဖြည်းဖြည်း ကြီးထွားလာကာ တိုက်ပွဲနတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွား၏။ သူ၏ ဗလာကျင်းနေသော ရင်ဘတ်တွင် နက်နဲသည့် စွမ်းအားတို့ ပါဝင်နေသည်။ သူ့ထံ၌ သူ၏ အသွေးအသာများထဲ ပျော်ဝင်နေသည့် ရန်ဟောင်အငွေ့အသက်အနည်းငယ် ရှိနေသည်။
သူ၏ လက်မောင်းက တုန်ခါနေပြီး အက်ကွဲသံများ ထွက်ပေါ်လာသည်။ သူ့နောက်တွင် သောမျိုးနွယ်စုမှ တန်ခိုးရှင်များသည် သူ့ဆီသို့ လက်နှင့် ရိုက်ခတ်တွန်းပို့လိုက်သည်။ တခဏအတွင်း သူ၏ လက်မောင်းက စီးဆင်းနေသည့် နတ်အလင်းများနှင့် ဖုံးလွှမ်းသွားပြီး သူ၏ တိုက်ခိုက်ရေးစွမ်းအားများကို ပို၍ အားကောင်းလာစေရန် လုပ်ဆောင်ပေးသည်။ သူက ပို၍ပင် ကြီးမားလာခဲ့သည်။
ဝရိန်ခုနစ်ပါး ကလန်မှ တန်ခိုးရှင်များသည်လည်း အစွမ်းထက် သတ်ဖြတ်ခြင်း ချီစွမ်းအားများကို ထုတ်လွှတ်လိုက်ကြသည်။ ၎င်းသည် နားစည်ကွဲလောက်အောင် ကျယ်လောင်သည် အသံနှင့်အတူ နေရာတစ်ခုလုံးကို ဖြတ်သန်းသွားသည်။ သတ်ဖြတ်ခြင်းချီမျှင် တစ်ခုချင်းစီသည် ဓားကဲ့သို့ပင် လူတစ်ယောက်ကို သတ်ဖြတ်နိုင်လောက်အောင် ထက်ရှနေသည်။
ထောင်ချီသည့် သတ်ဖြတ်ခြင်းချီမျှင်များက လေထုကို ဖြတ်ကာ ပျံ့နှံ့လာပြီး အဆုံးမဲ့ သတ်ဖြတ်ခြင်းနတ်ဘုရား စစ်တပ်ကြီး ချီတက်လာသကဲ့သို့ ထင်မှတ်ရသည်။
ဝရိန်ခုနစ်ပါး မှ တန်ခိုးရှင်များက ရှေ့သို့ လှမ်းသွားကြသည်။ သတ္တမဝရိန် ၏ မျက်လုံးများထဲတွင် ကြောက်မက်ဖွယ် အကြည့်တို့ ဖြစ်ပေါ်လာသည်။ အတွေးတစ်ချက်နှင့် အဆုံးမဲ့သတ်ဖြတ်ခြင်းချီစွမ်းအားများက အင်ပါယာရှင်းကျောင်းတော်မှ တန်ခိုးရှင်များဆီသို့ ကျဆင်းလာခဲ့သည်။
အင်ပါယာရှင်းကျောင်းတော်မှ တန်ခိုးရှင်များသည် သူတို့၏ ကြယ်ဝင်္ကပါကို တစ်ဖန် အသက်သွင်းလိုက်သည်။ တခဏအတွင်း အဆုံးမဲ့ ကြယ်စွမ်းအားများ ပေါက်ကွဲလာသည်။ အလင်းတန်းများက ကန့်လန့်ဖြတ်ကာ ထွက်ပေါ်လာသည်။ ၎င်းသည် ဤနေရာအတွင်းမှ စွမ်းအားအားလုံးကို လှုပ်ရှားလာစေခဲ့သည်။ သတ်ဖြတ်ခြင်းချီများ ရောက်ရှိလာသည့်အခါ အစိတ်စိတ် ပိုင်းဖြတ်ကာ ဖျက်ဆီးခံလိုက်ရပေလိမ့်မည်။
သတ္တမဝရိန် က ရှေ့သို့ နောက်တစ်လှမ်း ထပ်လှမ်းလိုက်သည်။ ယခု သူသည် ဝင်္ကပါအထက် လေထဲတွင် မတ်တပ်ရပ်နေခဲ့သည်။ သူ့လက်ထဲတွင် လှံရှည်တစ်ခုကို ကိုင်ထားခဲ့သည်။ ထိုသည်မှာ သတ်ဖြတ်ခြင်း လှံရှည်ဖြစ်သည်။
ဘန်း...
သူက နောက်ထပ်ခြေတစ်လှမ်း ထပ်လှမ်းလိုက်သည်။ သတ်ဖြတ်ခြင်းချီစွမ်းအားများက ပမာဏများပြားစွာ စုဝေးလာသည်။ သတ်ဖြတ်ခြင်းလမ်းစဥ်သည် သူနှင့်အတူ လိုက်ပါကာ ရှေ့သို့ တိုးလာသည့် ဝရိန်ခုနစ်ပါး မှ တန်ခိုးရှင်ခုနစ်ယောက်ထံမှ အော်မြည်လာသည်။ သူတို့ခုနစ်ယောက်သည် သတ်ဖြတ်ခြင်းနတ်ဘုရားများအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
သူတို့အောက်မှ ပေချန်၏ လက်ထဲတွင် နှင်တံ တစ်ခု ပေါ်ပေါက်လာသည်။ ၎င်းမှ အဆုံးမဲ့ စွမ်းအားများ ထွက်ပေါ်လာ၏။ ကောင်းကင်မှ ကြယ်များ၏ အလင်းက ၎င်းတွင် စုစည်းလာသည်။
ထို့နောက် သတ္တမဝရိန် သည် တိုက်ခိုက်မှုတွင် သတ်ဖြတ်ခြင်းချီများအားလုံး စုစည်း၍ ဝင်္ကပါကို ဖောက်ထွက်ရန် ကြိုးစားခဲ့သည်။ သူ၏ လှံက ကျဆင်းလာသည်။ အဆုံးမဲ့ကြယ်အလင်းများက ဖျက်ဆီးခံလိုက်ရသည်။ ပေချန်က သူ၏ နှင်တံ ကို မြှောက်လိုက်သည်။ ချက်ချင်းပင် ပို၍ ကြောက်မက်ဖွယ် ကောင်းသော ကြယ်အလင်းများ ပေါ်ပေါက်လာပြီး ကြယ်ပတ်လမ်းများ ဖြစ်တည်လာ၏။ ထိုပတ်လမ်းအတွင်း ကြယ်အစစ်များ ပေါ်ပေါက်လာကာ သတ္တမဝရိန် ကို အတွင်း၌ ပိတ်ဆို့ထားလိုက်သည်။
“ပျက်စီးစမ်း” ပေချန်သည် သူလက်ထဲမှ နှင်တံ ကို မြှောက်ကာ ညွှန်ပြလိုက်သည်။ ၎င်းမှ အဆုံးမဲ့ သတ်ဖြတ်ခြင်း ကြယ်အလင်းများ ထွက်ပေါ်လာ၏။ အလင်းတန်းတစ်ခုချင်းစီတွင် အချိန်နှင့် လေဟာနယ်ကို ပိုင်းဖြတ်နိုင်သည့် စွမ်းအားတို့ ပါဝင်နေသည်။ ၎င်းသည် နေရာတစ်ခုလုံးကို အစိတ်စိတ်အမွှာမွှာ ကွဲကြေပျက်စီး သွားစေလောက်အောင် အားကောင်းပေသည်။
သတ္တမဝရိန် ထံမှ သတ်ဖြတ်ခြင်းချီစွမ်းအားများ ပေါက်ကွဲထွက်လာပြီး တိုးဝင်လာနေသည့် ကြယ်အလင်းများနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။ သူက ဝင်္ကပါအတွင်း ခြေချလိုက်ပြီး သတ်ဖြတ်ခြင်းနတ်ဘုရား၏ ဝရိန်ခုနစ်ပါးနည်းစနစ် ကို အသုံးပြုလိုက်သည်။ သတ်ဖြတ်ခြင်းနတ်ဘုရားနှင့် တူသော ပုံရိပ်များ ပေါ်ပေါက်လာသည်။ ယင်းတို့သည် ကြယ်ဝင်္ကပါကို ဖြတ်သန်းထိုးဖောက်သွားသည်။
တစ်ချိန်တည်းမှာပင် သောကျောက်သည် လေထဲသို့ မြင့်တက်လာ၏။ သူသည်လည်း စစ်နတ်ဘုရားအသွင်သို့ ပြောင်းလဲလိုက်သည်။ သူက လေထဲသို့ ထိုးတက်သွားခဲ့၏။ သူသည် သူ့ခေါင်းထက်ရှိ ကြယ်များ ပြည့်နေသော နေရာသည် သူ၏ လမ်းကြောင်းကို တားဆီး ထားသည်အား မြင်တွေ့လိုက်ရသည်။ သူက ၎င်းတို့ကို ဖြတ်ကာ အပေါ်သို့ ဆက်လက်ထိုးတက်သွားသည်။
ဟူး...
ကျယ်လောင်သည့် အသံနှင့်အတူ ပေချန်၏ အနီးတွင် မရေတွက်နိုင်သည့် ကြယ်များ လှည့်ပတ်လာသည်။ အတွေးတစ်ချက်နှင့် ပိုမိုများပြားသော ကြယ်များ ပေါ်ပေါက်လာ၏။ ထိုအချိန်တွင် ကြယ်များအားလုံးသည် ယင်းတို့ထံ ပြေးဝင်လာသည့် သောကျောက်၏ တိုက်ခိုက်မှုကို တားဆီးလိုက်သည်။
သူတို့ တိုက်ခိုက်နေစဥ်မှာပင် သောမျိုးနွယ်စုနှင့် ဝရိန်ခုနစ်ပါး ကလန်မှ တန်ခိုးရှင်များသည်လည်း ဝင်္ကပါဆီသို့ တစ်ဟုန်ထိုးပြေးသွားကာ ပြိုင်ဘက်၏ ဖိအားပေးမှုမှ လွတ်မြောက်ရန် ကြိုးစားနေကြသည်။
ရုတ်ချည်းပင် ပြင်းထန်သည့် တိုက်ခိုက်မှုတစ်ခုက နေရာတစ်ခုလုံးကို တုန်ခါသွားစေရန် ပြုလုပ်လိုက်သည်။
ပေချန်က နောက်သို့ ခြေလှမ်းများစွာ ဆုတ်ခွာလိုက်ရသည်။ သောမျိုးနွယ်စုမှ သောကျောက်သည် ကျော်ကြားသည့်အတိုင်း အားကောင်းလှသည်။ သူသည် တိုက်ပွဲနတ်ဘုရား၏ သွေးများစီးဆင်းနေသော သောမျိုးနွယ်စုဝင်တစ်ယောက်ဖြစ်ကာ အားအကောင်းဆုံးဖြစ်သည်ဟု ပြောကြသည်။ သူ့တွင် ခံစစ်နှင့် တိုက်စစ်အတွက် အသုံးဝင်သည့် ရန်ဟောင်ပစ္စည်းတစ်ခု ရှိပြီး ထိုသည်မှာ သောမျိုးနွယ်စုက သူ့ကို ဆက်ခံသူအဖြစ် မှတ်ယူထားကြောင်း ယူဆနိုင်ပေသည်။
မြေပြင်က အက်ကွဲသွားသည်။ မြေအောက်နန်းတော်အနီး နေရာတစ်ခုလုံးက တုန်ခါနေ၏။ နန်းတော်သည်တော့ သက်ရောက်ခံရခြင်း မရှိပေ။
အဝေးမှ ပုံရိပ်နှစ်ခုက ရပ်ကာ တိုက်ပွဲကို စောင့်ကြည့်နေကြသည်။ သူတို့မှာ ရီဖူရှင်းနှင့် ယူချင်းတို့ ဖြစ်ကြသည်။
“ရှန့်ထိုအဆင့် အထွတ်အထိပ် လူတွေကြားက တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပြီ။” ရီဖူရှင်းက ရှေ့ဆက်သွားရန် အလျင်မလိုပေ။ သူက ဘေးမှ ယူချင်းကို ကြည့်ကာ မေးလိုက်၏။ “မင်းမှာ ရန်ဟောင်အဆင့် ပစ္စည်းတစ်ခုခုများ ရှိလား။”
သူ့တွင် မရှိခဲ့လျှင် သူတို့အတွက် ပြဿနာအချို့ ဖြစ်လာပေလိမ့်မည်။ တိုက်ခိုက်နေသည့် လူများသည် သူတို့အကြား၌ အလွန် အစွမ်းထက်သူများ ဖြစ်ကြသည်။
ယူချင်းက ခေါင်းညိတ်လိုက်သည်။ “ရှိတယ်။” နတ်ဆိုးနဂါးသည် သူ နတ်နဂါးကလန်မှ မထွက်ခွာခင်၌ တစ်ခု ပေးထားခဲ့ပေသည်။
ထို့ပြင် ၎င်းက သာမန်ရတနာတစ်ခု မဟုတ်ပေ။
ယူချင်းက ရီဖူရှင်းကို ကြည့်လိုက်သည်။ “ဘယ်တော့လဲ” ထိုစကားလုံးသည် အလွန် ရိုးရှင်းလှပြီး 'ငါတို့ ဘယ်အချိန် လှုပ်ရှားမှာလဲ' ဟု အဓိပ္ပါယ်ရပေသည်။
ရီဖူရှင်းက ဆွံ့အသွားခဲ့သည်။ အစွမ်းထက် ပုဂ္ဂိုလ်များအကြား ဤမျှ ပြင်းထန်သည့် တိုက်ပွဲဖြစ်ပေါ်နေသည်ကို တွေ့မြင်ရလျှင်ပင် ယူချင်းက ဝင်စွက်ဖက်ချင်နေဆဲ ဖြစ်သည်။ သူသည် သူတို့ကို အနိုင်ရလိမ့်မည်ဟု ခံစားမိပေသည်။
ထိုသို့ တိုက်ပွဲမျိုးသည် သာမန်ရှန့်ထိုများအတွက် တုန်လှုပ်စရာပင် ဖြစ်သည်။
သူတို့သည် မဝေးသည့် နေရာ၌ ရှိနေသည်။ သူတို့၏ စိတ်စွမ်းအားများက နေရာတစ်ခုလုံးကို ဖုံးလွှမ်းထားပြီး သူတို့၏ ပြိုင်ဘက်သည်လည်း သူတို့ ဤနေရာ၌ ရှိနေသည်ကို ကျိန်းသေ သိရှိပေလိမ့်မည်။ သို့သော် သူတို့က ရီဖူရှင်းတို့ကို လျစ်လျူရှုထားလေသည်။
ကျီဝေးဘုံမှ ထိပ်သီးအင်အားစုသုံးခုက တိုက်ခိုက်နေကြသည်။ တန်ခိုးရှင်နှစ်ယောက်လောက်က သူတို့၏ တိုက်ပွဲရလဒ်ကို မည်သို့ သက်ရောက်စေ နိုင်လိမ့်မည်နည်းယ
သူတို့ရှေ့၌ လမ်းက တစ်ခုတည်းသာ ရှိသည်။ ထို့ကြောင့် သူတို့က လျစ်လျူရှုထားခြင်း ဖြစ်သည်။
တိုက်ပွဲကြီးက ဆက်လက်ဖြစ်ပွားနေသည်။ အင်ပါယာရှင်းကျောင်းတော်မီ တန်ခိုးရှင်များသည် နောက်ဆုံး၌ ဝင်္ကပါ ထိန်းချုပ်မှု လွတ်သွားခဲ့၏။ သောမျိုးနွယ်စုနှင့် ဝရိန်ခုနစ်ပါး ကလန်မှ တန်ခိုးရှင်များသည် မြေအောက်နန်းတော်အထက် မြေပေါ်သို့ ခြေချလိုက်ကြသည်။
မြေအောက်နန်းတော်သည် အလွန် ကြီးမားလှပြီး ရှေ့တွင် ကြီးမားသည့် စင်္ကြန်တစ်ခု ရှိသည်။ စင်္ကြန်၏ ဘေးတစ်ဖက်တစ်ချက်တွင် အရိုးစုပေါင်းများစွာ ရှိသည်။ ထိုအရိုးစုများတွင် မည်သည့် စွမ်းအားမှ မရှိတော့ဘဲ အကုန်ထုတ်ယူခံလိုက်ရပုံပေါ်သည်။ လက်နက်များလည်း မည်သည့်လက်နက်မှ မကျန်ရစ်တော့ပေ။
သို့သော် စင်္ကြန်အဆုံးရှိ နန်းတော်အတွင်းပိုင်းမှ ကြောက်မက်ဖွယ် အရှိန်အဝါတို့ ထွက်ပေါ်နေပေသည်။
***