← Chapters

ရှေ့ဖြစ်ဟောသူ၏မူလခန္ဓာကိုယ်

Vol. 129 Ch. 1776

ရှေ့ဖြစ်ဟောသူ၏မူလခန္ဓာကိုယ်

Vol. 129 Ch. 1776

ဝမ်လင်း၏မူလခန္ဓာကိုယ်သည် ကြယ်များကြား တရကြမ်း ဖြတ်သန်းကာ သူ့ကိုယ်ပွားထက် ပိုမြန်သောနှုန်းဖြင့် ရွှေ့လျားနေ၏။ သူက ပျံသန်းခြင်း မရှိပေ။ လောကနှင့် ပေါင်းစပ်ကာ လောကကို ထိုးခွင်း၍ ရှေ့သို့ ဆက်လှမ်းနေခြင်း ဖြစ်သည်။

ဝမ်လင်းက သူ့ညာလက်ဖြင့် ရှေ့ရှိ ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ ရှေ့သို့ လှမ်းသည်။ သူ၏ ရှေ့ရှိ ဟင်းလင်းပြင်မှာ ဆုတ်ဖြဲခြင်းခံရလေ၏။

ထို့နောက် သူသည် အက်ကြောင်းထဲသို့ ချက်ခြင်း ဝင်ရောက်သည်။ သူ ပြန်ပေါ်လာသည့်အခါ သူသည် ဆင့်ခေါ်ခြင်းမြစ်ကြယ်အဖွဲ့အစည်းထံမှ ထွက်ခွာလာခဲ့ပြီးပင်။

သည်နည်းလမ်းကို သုံးကာ ဝမ်လင်း၏အမြန်နှုန်းသည် သူ စွမ်းနိုင်သလောက်၏ အထွတ်အထိပ်သို့ ရောက်လာသည်။

သည်လှိုဏ်ဂူလောကတစ်ခုလုံး၌ ဝမ်လင်းသည်သာ ထိုသို့ လှုပ်ရှားရဲပေသည်။ ဟင်းလင်းပြင်အက်ကြောင်းများအတွင်း၌ အဖျက်အစီးအားတို့က ရုန်းကန် တည်ရှိ၏။ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များမှာ ထိုသို့ဖိအားများကို မခံနိုင်ကြပေ။

ရှေးဟောင်းနတ်ဆိုးနှင့် ရှေးဟောင်းမိစ္ဆာများသည်ပင် သည်လိုအဖျက်အစီးမုန်တိုင်းများကို ခုခံနိုင်ဖို့ ခက်ပေမည်။ ရှေးဟောင်းနတ်ဘုရားတစ်ပါးသည်ပင် သည်လိုအဖျက်အစီးအားကို အကြိမ်အနည်းငယ်သာ ရှင်သန်နိုင်မည် ဖြစ်ပြီး အချိန်ကြာကြာ တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ထက် အဆများစွာ ပိုသန်မာသော ရှေးတောက်ခန္ဓာကိုယ်သာ ထိုသို့ လုပ်နိုင်ပေလိမ့်မည်။ ရှေးတောက်သွေးမျိုးဆက် ပိုင်ဆိုင်ထားသော ဝမ်လင်းသည်သာ ဟင်းလင်းပြင်အက်ကြောင်းများအတွင်းရှိ အဖျက်အစီးမုန်တိုင်းကို မမှုဘဲ တည်ငြိမ်စွာ ဝင်ရောက်နိုင်ပေမည်။

အဖျက်အစီးမုန်တိုင်းက သူ့အပေါ်သို့ ကျရောက်လာသော်လည်း သူ့အား ထိခိုက်နိုင်စွမ်း မရှိလေပေ။

တောက်ပသောလေဟာနယ်၌ ဧရာမအက်ကြောင်းတစ်ခု ပေါ်လာ၏။ ဝမ်လင်း၏အစွမ်းထက် ခန္ဓာကိုယ်က ထိုအက်ကြောင်းအတွင်းမှ လှမ်းလျှောက်ထွက်လာသည်။ သည်အခိုက်တွင် ဝမ်လင်း၏အစွမ်းထက် ရှေးဟောင်းတောက်နတ်ဘုရားအာရုံသည် ဧရိယာတစ်ခုလုံးကို ခြုံလွှမ်းသည်။

သိပ်မကြာခင်တွင် ဝမ်လင်းက အကွာအဝေးတစ်ခုထံ ဦးတည်လေ၏။

ဝမ်လင်းသည် အက်ကြောင်းများကို ဖြတ်သန်းသွားနေစဉ် ဆင့်ခေါ်ခြင်းမြစ်၌ ရှေ့ဖြစ်ဟောသူကိုယ်ပွားအားလုံး၏ စိတ်ဝိညာဉ်များသည် ရောက်ရှိလာခဲ့ပြီး ဖြစ်၏။ နောက်ဆုံးစိတ်ဝိညာဉ်က ဝမ်လင်းကိုယ်ပွားထံ ဝင်ရောက်သည့်အခါ သူ၏ကိုယ်ပွားသည် ရုတ်တရက် မျက်လုံးဖွင့်လာသည်။

သူ၏မျက်လုံးထဲ၌ ရုန်းကန်နာကျင်မှုတို့ ပြည့်နေသည်။ ရှေ့ဖြစ်ဟောသူ၏ စိတ်ဝိညာဉ်က သူ့စိတ်နှင့်ခန္ဓာကိုယ်ကို သိမ်းပိုက်သွားခဲ့လေပြီ။ ပြန်လည်မွေးဖွားခြင်းသမူဟ မန္တာန်ကြောင့် သည်ပိုင်စိုးမှုကို မည်သူကမျှ ကြားဝင် မနှောက်ယှက်နိုင်ပေ။

ဝမ်လင်းကိုယ်ပွားကို အပြာရောင်အလင်းက ခြုံလွှမ်းထား၏။ တာအိုသခင်အိပ်မက်ပြာက တည်ငြိမ်စွာ ရပ်ကာ ဝမ်လင်းကိုယ်ပွားကို ကြည့်နေသည်။ ချင်းလင်နှင့်အရှင်ဟုန်ရှန်တို့ကလည်း ဝမ်လင်းကို ကြည့်နေကြ၏။ တာအိုသခင်အိပ်မက်ပြာနှင့် မတူသည်မှာ သူတို့က စိုးရိမ်ပူပန်နေခြင်းပင်။

“ဝမ်လင်း…မင်းက ဒီအဘိုးအိုထက် ပိုမြန်နိုင်မလား…”  ဝမ်လင်းကိုယ်ပွား၏ မျက်လုံးထဲရှိ ရုန်းကန်မှုက ပို၍ ပြင်းထန်လာ၏။ သူ၏ခန္ဓာကိုယ်မှာ တုန်ယင်၊ သွေးကြောများ ဖောင်းကြွလာသည်။ သူ့ပါးစပ်ထံမှ ရှေးကျသောစကားများ ထွက်ပေါ်လာကာ ယင်းစကားတို့ကား အင်မတန်ထူးဆန်း၏။

ဝမ်လင်းကိုယ်ပွားက ထိုသို့ ပြောလိုက်စဉ်တွင် သူ့ညာမျက်လုံးသည် ပုံပျက်ယွင်းကာ အရိပ်တစ်ခုက အစားထိုး ဝင်ရောက်သည်။ သူက တာအိုသခင်အိပ်မက်ပြာနှင့် ကျန်နှစ်ယောက်ကို လှည့်ကြည့်ကာ အထင်သေးဟန်အပြုံးတစ်ခုကို ထုတ်ဖော်သည်။

“မင်းတို့သုံးယောက်က အားမနည်းပါဘူး။ မင်းတို့က ငါ ထွက်သွားတာကို ရပ်တန့်ချင်မှတော့ ငါ့ရဲ့ ကိုးဆယ့်ကိုးကြိမ်မြောက် နိုးထခြင်းကို မင်းတို့ မျက်မြင်တွေ့ခွင့် ပေးလိုက်မယ်…”  ဝမ်လင်းကိုယ်ပွား၏ ဘယ်မျက်လုံးမှာ တုန်ယင်လျက် တစ္ဆေအလင်းတစ်ခု ပေးစွမ်းလာသည်။ သူက ထိုင်ချကာ မျက်လုံးမှိတ်လိုက်လေ၏။

ဝမ်လင်း၏မူလခန္ဓာကိုယ်က သူ့ကိုယ်ပွား တွေ့ကြုံသမျှကို ခံစားမိသည်။ ဝမ်လင်းကိုယ်ပွား သိမ်းပိုက်ခံနေရစဉ် တောက်ပသောလေဟာနယ်ရှိ သူ့မူလခန္ဓာကိုယ်ရှေ့တွင် ဂြိုဟ်တစ်ခု ပေါ်လာသည်။

၎င်းမှာ လုံးဝပျက်စီးနေသော ဂြိုဟ်တစ်ခု ဖြစ်၏။ မည်သည့်သက်ရှိမှလည်း ၎င်းပေါ်၌ ရှိမနေပေ။ ဂြိုဟ်တစ်ခုလုံးနီးပါး သဲကန္တာရများနှင့် ပြည့်ဖုံးနေသည်။

မြစ်များ သွေ့ခြောက်လျက် လမ်းများမှာလည်း သဲများ ဖုံးလွှမ်းထားသည်။ သည်ဂြိုဟ်ပေါ်ရှိ ပင်လယ်မှာလည်း အနက်ရောင်ရှိကာ ၎င်းအတွင်းရှိ ပုတ်သိုးနေသည့်ခန္ဓာကိုယ်များက သည်ပင်လယ်ကို အလွန်ညစ်ပတ်နေစေသည်။

ထိုဂြိုဟ်ကို အနက်ရောင်မြူလွှာတစ်ခု ခြုံလွှမ်းထား၏။ မြူထဲ၌ အဆိပ်များစွာ ပါဝင်သည်။ ထိုအဆိပ်ကို ရှုရှိုက်မိသည်နှင့် ကျင့်ကြံသူများသည်ပင် မျက်မှောင်ကြုတ်သွားမိနိုင်သည်။

ထိုဂြိုဟ်ပေါ်တွင် မည်သည့်စိတ်ဝိညာဉ်စွမ်းအင်မှ ရှိမနေပေ။ ထို့ကြောင့် မည်သည့်ကျင့်ကြံသူကမျှလည်း ဒီနေရာသို့ မလာကြပေ။ ထိုသို့ မလာခြင်းသည် အဆိပ်ကြောင့် မဟုတ်၊ ပုတ်သိုးနေသောအလောင်းများထံမှ ထွက်ပေါ်နေသော အနံ့ဆိုးများကြောင့်ပင်။

သည်စွန့်ပစ်ဂြိုဟ်က အလွန်ဆိုးရွားကာ အနံ့ဆိုးများနှင့်လည်း ပြည့်နှက်၏။ သည်နေရာရှိ အရာအားလုံးမှာ ဝမ်လင်း ပြန်လည်မွေးဖွားခြင်းစက်ဝန်းများထဲ၌ တွေ့မြင်ခဲ့သော ဂြိုဟ်နှင့် ကွာခြားနေသော်လည်း အော်ရာကမူ လုံးဝ တူညီနေသည်။

ထိုအော်ရာမှာ သည်ဂြိုဟ်၏စိတ်ဝိညာဉ် ဖြစ်၏။ အတိတ်တုန်းက သည်စိတ်ဝိညာဉ်က မွေးဖွားခဲ့ရုံသာ ရှိသေးသော်လည်း ခုချိန်တွင်မူ သည်ဂြိုဟ်၏စိတ်ဝိညာဉ်သည် သေခါနီးနေပေပြီ။ သို့သော် ဝမ်လင်းက ၎င်းကို သိရှိပေသည်။

ဝမ်လင်းက သည်ဂြိုဟ်ကို တွေ့မြင်သည့်အခါ လေထုကို  တရကြမ်း ထွင်းဖောက်ကာ ဒီဂြိုဟ်ပေါ်ရှိ ကုန်းမြေတစ်ခုပေါ်သို့ ခြေချလိုက်သည်။

ဝမ်လင်း ရောက်လာသည်နှင့် ဂြိုဟ်ပတ်လည်ရှိမြူထုသည် အဝေးသို့ လွင့်ထွက်ရသည်။

ဝမ်လင်းသည် သည်ဂြိုဟ်သို့ ဝင်ရောက်လာပြီးနောက် သူသည် တုံ့နှေးမနေဘဲ အနက်ရောင်ပင်လယ်ထက်၌ ပေါ်လာ၏။

အနံ့ဆိုးက လှိုက်တက်နေ၏။ သို့သော် ဝမ်လင်းက စိတ်ထဲမထည့်ပေ။ သူက အောက်ဘက်ရှိ ပင်လယ်နက်ထံသို့ တရကြမ်း တိုးဝင်လာသည်။

ကျယ်လောင်စွာ ပေါက်ကွဲသံနှင့်အတူ ဝမ်လင်း တိုးဝင်လာသည့်အခါ ဧရာမဝဲကတော့တစ်ခုသည် ပင်လယ်နက်ထံ၌ ပေါ်လာ၏။ ထိုဝဲကတော့က ပင်လယ်ကြမ်းပြင်ထိ ချဲ့ကားသွား၏။ ယင်းဝဲကတော့က ကြီးမားလာကာ အောက်ဘက်ရှိ နုန်းများကို လှစ်ဟပေါ်လာစေတော့သည်။

ထိုနုန်းသည် မရေမတွက်နိုင်သောနှစ်ပေါင်းများစွာ သိပ်သည်းလာခဲ့ခြင်း ဖြစ်သလို မည်သည့်အခါမျှလည်း လှစ်ဟပေါ်လာခြင်း မရှိခဲ့ပေ။ သည်အခိုက်၌ ထိုနုန်းသည် ဘေးတစ်ဖက်သို့ တွန်းထုတ်ခံရကာ အစစ်အမှန်ပင်လယ်ကြမ်းပြင် ပေါ်လာလေ၏။

ထိုပင်လယ်ကြမ်းပြင်သည် ပြန့်ပြူးခြင်းမရှိဘဲ တောင်အငယ်စားများနှင့် ပြည့်ဖုံးနေသည်။

“ဒီနေရာပဲ…”  ဝမ်လင်း၏မျက်လုံးက တောက်ပလာ၏။ သူက ရှေ့သို့ လှမ်းဝင်လာသည်။ သူက အနံ့ဆိုးကို လစ်လျူရှုကာ တန်းတန်းမတ်မတ် ဆင်းသက်လာသည်။

ထိုပင်လယ်ကြမ်းပြင်၌ လွန်ခဲ့သောနှစ်ပေါင်းများစွာ ကတည်းက ဖြစ်ပေါ်ခဲ့သော လှိုဏ်ဂူတစ်လုံး ရှိ၏။ ထိုလှိုဏ်ဂူမှာ အညိုရောင်မြေမှုန့်များနှင့် ဖုံးနေ၏။ သည်မြေမှုန့်များအတွင်း၌ နစ်မြုပ်နေသည်မှာ သံလိုက်အိမ်မြှောင်တဝက်ပင်။

လေပြေညင်းက လှိုဏ်ဂူကို ဖြတ်၍ တိုက်ခတ်ကာ နှစ်ပေါင်းမရေမတွက်နိုင်စွာ ဖုံးနေသော သည်မြေမှုန့်များကို ဘေးတစ်ဖက်သို့ တွန်းထုတ်သွားသဖြင့် မြုပ်နေသော သံလိုက်အိမ်မြှောင်၏ ထောင့်တစ်ဖက် လှစ်ဟပေါ်လာ၏။

တစ်ချိန်တည်းမှာ အစွမ်းထက်လက်ဝါးချက်က ထိုထောင့်ကို ဖမ်းဆုပ်ကာ မြေမှုန့်များကြားမှ ဆွဲထုတ်ပစ်လိုက်သည်။

ဝမ်လင်းက သူ့လက်ထဲရှိ ထိုသံလိုက်အိမ်မြှောင်တစ်ဝက်ပေါ်သို့ ကျရောက်သွားပြီး သူ၏မျက်လုံးတို့မှာ တောက်ပသည်။

“ငါတို့နှစ်ယောက် ဘယ်သူပိုမြန်မလဲ…”

ဆင့်ခေါ်ခြင်းမြစ်အတွင်း၌ ဝမ်လင်း၏ကိုယ်ပွားက မျက်လုံးမှိတ်လိုက်သည့်နောက် သူ့မျက်နှာသည် မြန်ဆန်စွာ ပြောင်းလဲလာသည်။ သူက ဝမ်လင်းနှင့် မတူတော့ဘဲ ရှေ့ဖြစ်ဟောသူနှင့် တူလာ၏။

သည်လို ခန္ဓာကိုယ်ကို သိမ်းပိုက်ခြင်းက ဝါးမြိုခြင်းနှင့် ဆင်တူ၏။ သို့သော် သူ အသုံးပြုနေကျ တိုက်ရိုက်ဝါးမြိုခြင်းနှင့် ကွာခြားပေသည်။ သည်ဝါးမြိုမှုက ကြမ်းကြုတ်၍ အန္တရာယ်များသည့်အတွက် မည်သည့်အမှားမှ မဖြစ်ပေါ်အောင် ရှေ့ဖြစ်ဟောသူက အတွင်းဘက်ကနေ ဝါးမြိုခြင်း ဖြစ်၏။

သူက မျက်လုံးမှိတ်ထားသော်လည်း သူ့ခန္ဓာကိုယ်သည် မြန်ဆန်စွာ ပေါင်းစပ်နေ၏။ ထိုပေါင်းစပ်မှုက ရှေ့ဖြစ်ဟောသူ၏ အိပ်မောကျခြင်း ဖြစ်ကာ အနှီပေါင်းစပ်မှု ပြည့်စုံသွားသည်နှင့် သူ နိုးထလာပေမည်။

ဤသည်မှာ သူ့ကိုးဆယ့်ကိုးကြိမ်မြောက် နိုးထခြင်းပင်။ သူ နိုးထလာပြီးနောက် သူက သူထံမှ ကွဲထွက်သွားခဲ့သော တခြားမြူအစုအဝေးကို လိုက်ရှာနိုင်မည် ဖြစ်သည်။ သူက ၎င်းနှင့် ပေါင်းစပ်လိုက်ပါက သူသည် ကံကြမ္မာကို ပြန်ထိန်းချုပ်နိုင်တော့မည် ဖြစ်၏။

သည်တစ်ကြိမ်၌ သူက သာမန်ထက်ထူးကဲလှသော ကောင်းကင်ဘုံတာအို ဖြစ်လာမည်။ သူက ကိုယ်ပိုင်အသိစိတ် ရှိလာမည် ဖြစ်ကာ တခြားသူများထက် များစွာ သာလွန်သွားပေမည်။

သူက မန္တာန်များကိုလည်း သိထားပြီး သူ့ဟာသူ ကြီးထွားတိုးတက်လာနိုင်မည် ဖြစ်၏။ သူသာ သည်တစ်ကြိမ် ကံကြမ္မာကို ပြန်ထိန်းချုပ်နိုင်လိုက်ပါက သည်လှိုဏ်ဂူလောက၌ မွေးဖွားသော မရေမတွက်နိုင်သော သက်ရှိများမှာ သူ့ထိန်းချုပ်မှုအောက် ရောက်သွားမည်သာ။

သူ အလိုရှိသ၍ သူက ကောင်းကင်ဘုံတာအိုမှ ဖြစ်ပေါ်လာသော အရာအားလုံးကိုပါ ဝါးမြိုပစ်နိုင်မည် ဖြစ်၏။ သည်တစ်ကြိမ်၌ ဒီလှိုဏ်ဂူလောကတွင် မမွေးဖွားခဲ့သောသူများသာ သူ့ ထိန်းချုပ်မှုကနေ လွတ်နိုင်တော့မည်ပင်။ ထိုသူများမှာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ၏ စိတ်ဝိညာဉ်သုံးခု၊ အစိတ်အပိုင်းခုနစ်ခုနှင့် အင်မောတယ်ကောင်းကင်ဘုံနယ်မြေမှလူများ ဖြစ်သည်။

အချိန်တိုအတွင်း ပေါင်းစပ်မှုက တဝက်ကျော် ပြီးပြည့်စုံလာ၏။ အသက်အနည်းငယ် ရှုသွင်းပြီးနောက် ပေါင်းစပ်မှုသည် လုံးဝ ပြည့်စုံကာ ရှေ့ဖြစ်ဟောသူကား မျက်လုံးဖွင့်လာ၏။

သူ မျက်လုံးဖွင့်လာသည့်အခိုက်တွင် သူက အပြုံးတစ်ခုကို လှစ်ဟဖော်သည်။ သူက ခေါင်းမော့ကာ ရယ်မောလိုက်သည်။

“ကိုးဆယ့်ကိုးကြိမ်မြောက်နိုးထခြင်း။ ဒီအဘိုးအိုဟာ နောက်ဆုံးမှာတော့ ငါ့ရဲ့ နောက်ဆုံးအကြိမ် နိုးထခြင်းကို ပြီးမြောက်ခဲ့ပြီ။ ကောင်းကင်ဘုံတာအို၊ ဒီအဘိုးအိုဟာ ကောင်းကင်ဘုံတာအိုပဲ…”  ရှေ့ဖြစ်ဟောသူက ထရပ်ကာ သူ့ဆံပင်ဖြူတို့မှာ လွင့်ဝဲနေ၏။ သူ့ထံမှ ရှေးအော်ရာတစ်ခု ပျံ့လွင့်လျက် မြူလွှာတစ်ခုက သူ့အား ဝန်းရံထားသည်။

ဝမ်လင်းသည် ပြန်လည်မွေးဖွားခြင်းစက်ဝန်းများထဲ၌ သည်မြူထုကို မြင်ခဲ့ဖူးပြီး ၎င်းမြူမှာ ကောင်းကင်ဘုံတာအို၏အပိုင် ပုံစံအသွင်တစ်ခုပင်။

“ဝမ်လင်း…မင်းရဲ့ကိုယ်ပွား သိမ်းပိုက်ခြင်း ခံလိုက်ရပြီ။ မင်းရဲ့ မူလခန္ဓာကိုယ် မသေတော့ရော ဘာဖြစ်သေးသလဲ။ ဒီအဘိုးအိုက အခု မင်းနဲ့ ရင်ဆိုင်ဖို့ အချိန်မရှိသေးဘူး…”  ရှေ့ဖြစ်ဟောသူ၏အမူအရာက ကြမ်းကြုတ်နေ၏။ သူက တာအိုသခင်အိပ်မက်ပြာနှင့် သူ့လူများကို ကြည့်ပင်မကြည့်ဘဲ ထွက်ခွာရန် ဟန်ပြင်သည်။

သို့ပေမည့် ထိုအခိုက်တွင် အပြာရောင်အလင်းတန်းတစ်ခုက သူ့ရှေ့၌ လင်းလက်၏။ တာအိုသခင်အိပ်မက်ပြာက သူ့ရှေ့တွင် ပေါ်လာကာ သူ ရှေ့ဆက်တိုးမည်ကို ဟန့်တားသည်။

“ငါ ဝမ်လင်းကို ကတိပေးထားခဲ့တယ်။ မင်းကို ဒီနေရာကနေ ထွက်ခွာခွင့် မပြုနိုင်ဘူး…”

ချင်းလင်နှင့်အရှင်ဟုန်ရှန်တို့ကလည်း အနားရောက်လာကြ၏။

ရှေ့ဖြစ်ဟောသူ၏မျက်လုံးတို့မှာ တလက်လက် ဖြစ်ပေါ်ကာ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းသည်။ သူက ပါးစပ်ဟကာ ရှိုက်သွင်းလိုက်လေ၏။ လောကသည် ပြောင်းပြန်ဖြစ်သွားသည့်အလား သည်ကြယ်အဖွဲ့အစည်း၌ အတိုင်းအဆမဲ့မြူများ ပြည့်နှက်လာပြီး သူတို့၏အမြင်ကို ပိတ်ဆို့သွားလေသည်။

သို့သော် ထိုမြူများ ပေါ်လာသည်နှင့် ပုံရိပ်ယောင်ပါးစပ်တစ်ခုက သူတို့သုံးယောက်ကို ဝါးမြိုရန် ဟန်ပြင်စဉ် အပြာရောင်အလင်း ထိန်လင်း၏။ အလွန်အစွမ်းထက်သော အော်ရာက ထိုအလင်းထံမှ ထွက်ပေါ်ကာ သည်ပါးစပ်နှင့် ထိပ်တိုက်တွေ့သည်။

တစ်ချိန်တည်းမှာ အကွာအဝေးတစ်ခုထံမှ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် အေးစက်စက်အသံတစ်သံသည် ထွက်ပေါ်လာ၏။

“ရှေ့ဖြစ်ဟောသူ…သင့်ရဲ့ မူလခန္ဓာကိုယ်ကို ငါ ဒီနေရာထိ ခေါ်လာခဲ့တယ်…”

All Chapters